Thursday, March 14, 2013

Junior WIn - e book - My Life will go on - go Amazon





My Life Will Go On – Junior Win အီးဘွတ် အမေဇုံမှာ တင်ပြီ


မိုးမခစာအုပ်စင်၊ မတ် ၁၅၊ ၂၀၁၃


စာဖတ်သူများသို့


JuniorWin၏ ဒုတိယမြောက်လက်ရာ အင်္ဂလိပ်လိုရေးသားထားသော ဒစ်ဂျစ်တယ်စာအုပ်ဖြစ်ပါသည်။ “တွေးမိသော အတွေးများ“ ကနေ “ဘ၀စာမျက်နှာများ” ကိုဖတ်ဖူးထားသော ကျွန်မ၏ စာဖတ်ပရိသတ်များကတော့ ဒီစာအုပ်ထဲ ဘာတွေပါသလဲ ဆိုတာ မှန်းလို့ရမည်ဖြစ်ပါသည်။


အထူးတလည်တော့ ဘာမှပြောစရာမရှိပါ။ ဘဘကြီး ဦးခင်မောင်လတ်နဲ့ မေမေကြီးဒေါ်ခင်မျိုးချစ်တို့သည်လည်း ကျွန်မ၏ ကြိုးစားပြီး ရေးသားတင်ပြထားသမျှကို တွေ့မြင်ကာ ၀မ်းမြောက်ဝမ်းသာဖြင့် ကြည်နူးနေမည်ဟု စိတ်ဖြင့် မှန်းလျက် ပျော်ရွှင်နေရပါသည်။


စာအုပ်အဖြစ် ရောက်ရှိဖို့ အစအဆုံး ကူညီလုပ်ဆောင်ပေးသာ မိုးမခမီဒီယာအဖွဲ့ ကိုလည်း ကျေးဇူးတင်ကြောင်း မှတ်တမ်းတင်လိုက်ပါရစေ။ (ဂျုနီယာဝင်း)


သည်နေရာမှာ ရယူပါ။


Tuesday, March 12, 2013

Article – Economic View and Traditional View – Junior Winစီးပွားရေးအမြင်နှင့် ရိုးရာအစဉ်အလာအမြင်. ဂျူနီယာဝင်း

စီးပွားရေးအမြင်နှင့် ရိုးရာအစဉ်အလာအမြင်
Article – Economic View and Traditional View – Junior Win
ဂျူနီယာဝင်း၊ မတ် ၁၃၊ ၂၀၁၃
ကျွန်မအဘွားကပြောပါသည်။
“ဘယ်နေ့ဘယ်ရက်မှာ မွေးတာလဲဆိုတာ မသိတဲ့ ဗမာလူမျိူးအဖြစ် ရပ်တည်ဖို့ဆိုတာ မဖြစ်နို်င်” … တဲ့။
ဒါကို သိမထားရင် ဘယ်ရက်က ဆံပင်ညှပ်ရမည်၊ ခေါင်းလျော်ရမည်ဆိုတာတောင် သိမှာမဟုတ်၊ မေမေကြီးက စာရေးဆရာ“ရွှေရိုး“၏ “မွေးနေ့သောကြာ၊  တနင်္လာ၊ ဆံညှပ်ကေသာ မပြုရ“ ဟူသော ရေးသားချက်ကိုပါ ဆွဲယူရှင်းပြခဲ့ပါသည်။ မြန်မာလူမျိူးများ၏ အယူအဆမှာ “မွေးနေ့ဆိုတာ ရက်သတ္တပတ်၏ ကိုယ်မွေးဖွားသောနေ့ကို ဆိုလိုပါသည်။
ကျွန်မတို့ အမွာမောင်နှမ (မောင်ရစ်နဲ့ ကျွန်မ) တို့က တနေ့တည်းဖွား ကြာသပတေးမွေးသူတွေ ဖြစ်သည်။ သည်တော့ ကြာသာပတေး၊ သောကြာနှင့် တနင်္လာနေ့တွေသည် ခေါင်းလျော်ဖို့ ဆံပင်ညှပ်ဖို့ ကံမကောင်းသော နေ့ရက်များဖြစ်ပါသည်။ ယင်းသည် ရှေးရိုးရာအစဉ်အလာအားဖြင့် ယုံကြည်လာသော ဗမာ့အလေ့အထတစ်ခု ဖြစ်ပါသည်။ ဒါကိုလိုက်နာလာတာ ကျွန်မတို့ကလေးဘဝကတည်းက ဖြစ်ပါသည်။ ကျွန်မ သတိထားမိခဲ့သည်မှာ တချိူ့သောဆံပင်ညှပ်ဆိုင်များသည် တနင်္လာနေ့နှင့် သောကြာနေ့များတွင် ဆိုင်များ ပိတ်ပါသည်။ လူအများစုသည် ထိုမိရိုးဖလာအစဉ်အလာများကို ဂရုတစိုက် လိုက်နာလိုကြပါသည်။
“ယနေ့ခေတ်”
တစ်နေ့မှာ ကျွန်မဆံပင်ညှပ်ဖို့ စိတ်ကူးရပါသည်။ ကျွန်မ၏ညီမတစ်ယောက်က တနင်္လာနေ့ သို့မဟုတ် သောကြာနေ့ကို ရွေးကာ ဆံပင်ညှပ်ခြင်းဖြင် ့ပို်က်ဆံချွေတာရာရောက်သည်ဟု အကြံပေးပါသည်။ ကျွန်မ  အစသူပြောတာ နားမလည်ပါ။  ကျွန်မတို့ ကာလကြာရှည်စွာ ယုံကြည်လာခဲ့တာက ထိုနေ့တွေသည် မြန်မာ့ရိုးရာအစဉ်အလာအရ ဆံပင်မညှပ်သင့်သော နေ့ရက်များ ဖြစ်ပါသည်။ သူကဆက်ပြောသည်မှာ ဆံပင်ညှပ်ဆိုင်အချိူ့သည် ထိုနေ့တွေမှာ ဆံပင်လာညှပ်သူများအား စျေးလျော့ပေးကြောင်း၊ အကြောင်းမှာ ထိုနေ့တွေမှာ ဆံပင်ညှပ်ဆိုင်လာသူ နည်းနေသောကြောင့်ဟု  ဆိုပါသည်။ သည်တော့ သူတို့က တနင်္လာနေ့နှင့် သောကြာနေ့တွေမှာ ဆံပင်ညှပ်ခ လျော့သည်ပေါ့။ ထို့ကြောင့် ထိုနေ့တွေမှာ အထူးသဖြင့် လာသူပိုများလာမည်။ ဒါစျေးလျော့ပေးလို့ပေါ့။ အံ့သြစရာပဲ။
“နိဂုံး“
ယခု ကျွန်မ သဘောပေါက်သွားသည်မှာ တခါတရံ တနင်္လာနေ့နှင့် သောကြာနေ့တွေမှာ ဆံပင်ညှပ်ဆိုင် တစ်ချိူ့ ကြိတ်ကြိတ်တိုးနေတာကို တွေ့ရခြင်း အကြောင်းရင်းဖြစ်ပါသည်။ သည်တော့ ပိုက်ဆံချွေတာသောအားဖြင့် ကျွန်မတို့၏ ဗမာ့ရိုးရာအစဉ်အလာတစ်ခုက ပျောက်ကွယ်သွားတော့မည်ဟု ခံစားမိပါသည်။ တစ်ချိူ့လူငယ်လူရွယ်များသည် တနင်္လာနေ့နှင့် သောကြာနေ့များကို ဆံပင်ညှပ်ခလျော့ယူသော ဆိုင်များရှိသောအသိကြောင် ့စီးပွားရေးရူထောင့်က ကြည့်ပါက ကံကောင်းသောနေ့များအဖြစ် မှတ်ယူထားကြတာကို တွေ့မြင်လို်က်ရပါသည်။ အထူးသဖြင့် ထိုနေ့တွေမှာ ဆံပင်ညှပ်ဆိုင်တွေကတော့ ဆံပင်လာညှပ်သူတွေ ကောင်းကောင်းရလို်က်တာပဲပေါ့။ သို့သော် ရှေးရိုးအစဉ်အလာ ရူထောင့်အမြင်ကကြည့်ရင်တော့ ကျွန်မတို့၏ရိုးရာအစဉ်အလာ ယုံကြည်မူကား တဖြည်းဖြည်း မှေးမှိန်လာပြီ ဖြစ်ပါတော့သည်။
(Junior Win ရေးသားသော Economic View and Traditional View ပို့စ်ကို Walking Through The Wonderland ဒစ်ဂျစ်တယ်စာအုပ်တွင် ဖော်ပြခဲ့သည်ကို ယခုကိုယ်တိုင်ဘာသာပြန်ဆိုထားသည်။ ယခုအခါ အတွေးအမြင် အမှတ်၂၅၂တွင် အင်္ဂလိပ်ဗမာ နှစ်ဘာသာဖြင့် ဖော်ပြခဲ့ပါသည်။)
(မှတ်ချက်။ ကိုယ်တိုင်ဆံပင်သွားညှပ်တုန်းက ဆံပင်ညှပ်ဆရာက မနက်ဖြန်ကျလာခဲ့ပါ။ ဆံပင်ကောက်မယ်၊ ဆံပင်ကို ကိုယ်ကြိုက်တဲ့အရောင် ဆိုးမယ်ဆိုရင် ၂၀ ရာခို်င်နှူန်း ဒစ်စ်ကောင့် ရှိသတဲ့။ ဘာလို့လဲ မေးမိတော့ တနင်္လနေ့ဖြစ်လို့ လို့ဆိုတာ သိရတယ်။ ကိုယ်တိုင်လက်တွေ့ကြုံခဲ့တုန်းက ရေးဖြစ်ခဲ့တာပါ။ သည်ဆောင်းပါးထဲက မရေးဖြစ််တဲ့အကြောင်းအရာများ ကျန်ခဲ့တယ်။ တနင်္လာဆိုတာ မြတ်စွာဘုရား တောထွက်တဲ့နေ့၊ ဆံတော်ချတဲ့့နေ့၊ သောကြာဆိုတာ မြတ်စွာဘုရား ဖွားမြင်တော်မူတဲ့ နေ့များဖြစ်ပါတယ်လို့ ကိုယ့်အဘိုးအဘွား၊ မိဘများက အမေးရှိလို့ အဖြေကြားနာဖူးပါတယ်။ ဒီနေ့သည်ရက်များကို ဗုဒ္ဓဘာသာဝင် မြန်မာလူမျိူးများက အလေးအနက်ထားပြီး ဆံပင်မညှပ်၊ ခေါငး်မရိတ်တဲ့နေ့များအဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်ပါတယ်ဆိုတဲ့အကြောင်း ဖြည့်ရေးလိုက်ပါတယ်။)

Monday, March 4, 2013

First learner’s Thesaurus PZ Publication


စာအုပ်အမည် - စာသင်သားများအတွက် သီဆောရပ်ရှေ့ပြေး
ဘာသာပြန် - ဂျူနီယာဝင်း
မူရင်းစာအုပ်အမည် - First learner’s Thesaurus PZ Publication
ဖေဖော်ဝါရီ ၂၀၁၃ ခုနှစ်
ထုတ်ဝေသူ - ရန်အောင်စာပေ
ပထမအကြိမ်
အုပ်ရေ - ၁၀၀၀
တန်ဖိုး - ၁၅၀၀ ကျပ်
စာမျက်နှာ -၁၇၀
အဖုံးဒီဇိုင်း - Eagle
မြန်မာပြည်မှာ မထွက်ဖူးသေးသော သီဆောရပ်မိတ်ဆက် စာအုပ်ဖြစ်သည်။ တချို့မှာ သီဆောရပ်ဆိုတာ ဘာမှန်းမသိသူများ တွေ့ဖူးသည်။ မူရင်းစာအုပ်မှာပင် Synonymသာ ပါသည်။ ဒါကို Antonym ထပ်မံ ဖြည့်စွက်ပေးထားတာကြောင့် ပို၍ပင် ပညာတိုးအောင် လုပ်ပေးထားပါသည်။ သီဆောရပ်ကို တီထွင်သူ ရော့ဂျေ၏ ပုံကို နောက်ဖုံးမှာတွေ့ကြရပြီး၊ သူ့အထုပတ္တိကိုအတွင်းမှာ ဒေါက်တာခင်မောင်ဝင်းက ရေးပေးထားသည်။ သီဆောရပ်စာအုပ် ဘယ်လို ဖတ်ရူလေ့လာရမည် ဆိုတာကို အတွင်းမှာ လမ်းညွှန်ချက်ပါသည်။ သည်စာအုပ်မူရင်းကလေးကို မိခင်ဖြစ်သူ တက္ကသိုလ်ရွှေရီဝင်းက စာအုပ်ဆိုင်က ၀ယ်လာပေးရာမှ ဘာသာပြန်ဖို့ စိတ်ကူးရလာပါသည်။
ဒါကို ၂၀၁၀ခုနှစ်ကနေ ၂၀၁၂ မေလအထိ The Light Of English တွင် လစဉ်ဖော်ပြခဲ့ကာ ယခု ရန်အောင်စာပေက ထွက်ရှိခဲ့ခြင်းဖြစ်ပါသည်။ အတွင်းပုံများသည် မူရင်းစာအုပ်အတိုင်း စီစဉ်ပေးထားပြီး အထူးကဏ္ဍအဖြစ် Index ပါရှိသည်။
သည်စာအုပ်လေးကိုဖတ်ရူရင်းပျော်ရွှင်ကြပါစေ။