Thursday, March 29, 2012

Book Review – Q&A Encyclopedia – Universe


 အမေးနှင့်အဖြေ စွယ်စုံကျမ်း - စကြ၀ဠာ
ဂျူနီယာဝင်း
မူရင်း - Q&A Encyclopedia၂၀၀၆
ရန်အောင်စာပေ
ပထမအကြိမ်
၂၀၁၂ ဧပြီလ
အုပ်ရေ - ၁၀၀၀
တန်ဖိုး - ၁၀၀၀ကျပ်
စာမျက်နှာ -၁၂၀ခန့်

ဒီအရင်ကထွက်ခဲ့သောအမေးနှင့်အဖြေစွယ်စုံကျမ်းစာစဉ်သိပ္ပံနှင့်နည်းပညာ၊လူ့ကိုယ်ခန္တာပြီးနောက်ဆက်လက်ထွက်ရှိသောစာအုပ်ဖြစ်သည်။နောက်ထပ်ထိုစီးရီးမှပင်ကမ္ဘာဂြိုလ်ထွက်တော့မည်ဟုကြေငြာထားပါသည်။ နောက်ထပ်အမျိုးအစား ၆မျိုးထွက်ဖို့ကျန်နေသေးသည်ဟုဆိုရမည်။

ယခုစာအုပ်မှာစကြ၀ဠာဟုဆိုသည့်အတိုင်းပင်ကမ္ဘာကြီးဖြစ်ပေါ်လာပုံဂြိုလ်များကြယ်တာရာများအကြောင်း  ကိုခေါင်းစဉ်ငယ်များ ပုံများနှင့်အမေးအဖြေပုံစံရှင်းပြချက်များပါသည်။ စာအုပ်အဖုံးတွင်ဂြိုလ်ကြီး၉လုံးပုံကိုတွေ့ရမည်။ အပေါ်ကပုံမှာအတန်းလိုက်သူတို၏အရောင်အတိုင်းစီပြထားသည်။ တကယ်အာကာသထဲကပုံကအောက်ကတွေ့ရသောပုံဖြစ်သည်။ ကြောဖုံးကပုံမှာတော့ကမ္ဘာကြီးဖြစ်လာဖို့စစချင်းမီးလုံးကြီးကနေ တဖြေးဖြေးချင်းနှစ်သန်းပေါင်းများစွာကြာမှ ယခုနေထိုင်နေကြသည့်ကမ္ဘာကြီးဖြစ်လာသည့်အဖြစ်ကို ပုံဖော်ပြထားသည်။ ထို့ပြင်စာအုပ်ဖတ်ရင်းနှင့်မှ အဖြေများရှာဖို့မေးခွန်းလေးများပေးထားသည်။

အဲသည်ထဲကတစ်ခုကတော့“လနဲ့ကမ္ဘာဘယ်သူကအသက်ပိုကြီးသလဲ“တဲ့။


Saturday, March 17, 2012

Book Advertisement – Maths



စာအုပ်အမည် - သချာင်္ညဏ်စမ်းနှင့်ဗဟုသုတ
ဒေါက်တာခင်မောင်ဝင်း

ရန်အောင်စာပေ
စာမျက်နှာ-၁၁၂
ပုစ္ဆာပေါင်း - ၇၁ ပုဒ်
တန်ဖိုး - ၁၅၀၀ ကျပ်
အုပ်ရေ ၁၀၀၀
၂၀၁၂ ဖေဖော်ဝါရီ ပထမအကြိမ်

သချာင်္ညဏ်စမ်း၇၁ပုဒ်ရယ်၊စဉ်းစားနည်းများနှင့်အဖြေများပါဝင်ထားသည်။
ပညာဗဟုသုတဆိုင်ရာမေးခွန်း၂၅ပုဒ်နဲ့အဖြေများလည်းပါသည်။
လက်တွေ့အသုံးမ၀င်သောလည်းအပျင်းပြေစဉ်းစားနိုင်သောပုစ္ဆာများဟုဆိုထားပါသည်။
ထိုထဲကဒေါ်လာတစ်ထောင်တန်ညဏ်စမ်းသည်သမိုင်းတွင်တကယ်ဖြစ်ခဲ့သည်တဲ့
။နောက်ဆုံးစာမျက်နှာများတွင်ယူကလစ်၊အိုင်စတိုင်း၊ဖရင်စစ်ဘေကွန်တို့ကဲ့သို့သော် နံမယ်ကျော်ပညာရှင်ကြီးများ၏ပုံများထည့်ပေးထားသည်။ အတွင်းကကာတွန်းပုံတချို့ကို မောင်ရစ်ကဆွဲပေးထားသည်။ အချို့ပုစ္ဆာအဖြေများကိုဂျူနီယာဝင်းကကူညီတွက်ပေးထားသည်ဟု အမှာစာမှာထည့်ရေးထားသဖြင့်အကယ်၍ အဖြေများမှားခဲ့သော်သိပ်ကြီးအပြစ်မတင်ကြပါရန် ကြိုတင်တောင်းပန်လိုက်ရပါသည်။

Friday, March 9, 2012

Book Advertisement –Machine



စာအုပ်အမည် - စက်များ၏သမိုင်း
စာရေးဆရာ - တက္ကသိုလ်ရွှေ့ရီဝင်း

Oxford Read and Discover Machines Then and Now ကိုဘာသာပြန်
စိတ်ကူးချိုချို
အခန်း -၁၀ခန်း
လေ့ကျင့်ခန်းများ၊အဖြေများနှင့်ပုံပြအဘိဓါန်ပါဝင်သည်။
ပထမအကြိမ်
၂၀၁၂ ဖေဖော်ဝါရီ
စာမျက်နှာ ၄၆
တန်ဖိုး ၁၀၀၀ကျပ်
အုပ်ရေ ၅၀၀
ပထမဦးဆုံးစက်များမှစတင်ကာဘီးများ၊ဆင်ခြေလျော်များ၊ကရိန်းများ၊ပျံသန်းနေသောစက်များအစရှိသဖြင့်စက်ကရိယာများအကြောင်းအပြင်ဆက်သွယ်ရေး၊အင်၈ျင်၊အချိန်၊ရေ၊လေစွမ်းအင်စသည်ဖြင့်ကလေးများအတွက်ရည်စူးကာရေးသားထားသောစာအုပ်လေးဖြစ်သည်။ထို့ပြင်လေ့ကျင့်ခန်းများကသင့်ကိုပျော်ရွှင်စေမည်။အဖြေများနှင့်တိုက်ကြည်လို့လည်းရပါသည်။ပုံပြအဘိဓါန်ကလည်းစိတ်ဝင်စားဖွယ်ဖြစ်သည်။တအုပ်လုံးကိုစာရွက်ချော်ဆေးရောင်စုံဖြစ်သောကြောင့်ကလေးများအကြိုက်ပင်ဖြစ်ပေလိမ့်မည်။