Friday, July 7, 2017

ဂျူနီယာဝင်း – စာအုပ်အယ်ဒီတာ ကော်လင်းဆဲလ်၏ ဖြောင့်ချက်

( အတွေးအမြင် အုပ် ၃၀၀ ပြည့်၊ ဇူလိုင်) မိုးမခ၊ ဇွန် ၃၀၊ ၂၀၁၇ ပြင်သစ် စာရေးဆရာမ ဖရွန်ဆွာစ် ဆာဂန်က ပြောတယ်။ “ကျွန်မစာမရေးဖြစ်ခဲ့ရင် ကျွန်မဘ၀ဟာ ဆိုးဆိုးဝါးဝါး ဖြစ်သွားမှာသေချာတယ်။  ကမ္ဘာပေါ်မှာ ကျွန်မဆိုတဲ့သူ ပေါ်မလာ ဖြစ်လည်း စာတော့ ရအောင်ရေးမှာပဲ”။ တဲ့။ စာရေးဆရာ အီးဘီဝိုက် က “စာရေးတယ်ဆိုတာ ကံပါလာလို့သာဖြစ်တာ။ အဲဒါအမှန်တရားပဲ။” ကော်လင်းဆဲလ် ဆိုတဲ့စာအုပ်ထုတ်ဝေသူလည်းဟုတ်၊...

Monday, July 3, 2017

ဂျူနီယာဝင်း – ရင်းနှီးလာခဲ့ရတဲ့ သည်လမ်းကလေး

(အတွေးအမြင် ဇွန်လထုတ်) မိုးမခ၊ ဇွန် ၉၊ ၂၀၁၇   သည်လမ်းလေးကို သွားလာရဖန်များတော့ ရင်းနှီးလာရတဲ့ အရာတွေသိပ်များလာတယ်။ သည်လမ်းအချိုးအကွေ့တစ်ခုမှာ အမှိုက်သိမ်းကားကြီးတွေရပ်ထားတယ်။ ပြီးတော့ ရထားသံလမ်းဘေးကနေ ဖြတ်သွားရတယ်။ တခါတရံ ရထားကြီးဖြတ်သွားသံကို ကြားရမြင်ရတယ်ပေါ့။ ကားဆေးမလားလို့ လက်ပြလှမ်းတားနေကြတဲ့ သူတွေကို လမ်းတလျောက်တွေ့ရပြန်တယ်။ မီးပွိုင့်တစ်ခုကို ဖြတ်လာရတော့ ကားတွေဟာ အလုအယက်မောင်းနေတာမျိုးထက်...