
ဒေါ်မြင့်မြင့် အတွေးအမြင် ဂျူနီယာဝင်းအန်တီမြင့်နှင့် တလတခါ စာမူတောင်းသည့်အခါတိုင်း ဖုန်းပြောရပါသည်။ သည်လိုနှင့် ကိုဗစ် ပထမလှိုင်း ကာလ စလို့ စကားလက်ဆုံကျလာပါသည်။ သည်တော့ ပိုရင်းနှီးလာပါသည်။ ခံစားချက်တွေ ဖလှယ်ကြတာ ပျော်စရာ ဖြစ်လာပါသည်။ ပြောစရာတွေကလည်း ရှိရှိနေပါသည်။ သည်လိုနှင့် အန်တီမြင့်နှင့်စကားစုံ ပြောဖြစ်ကြပါသည်။ စကားတွေ ပြောမဆုံးပါ။ အဲသည်လို ရင်းနှီးလာတာ သိပ်တော့မကြာသေး လပိုင်းလောက်သာ ရှိပါသေးသည်။...