Thursday, May 22, 2008

Give me a break!

ရန်ကုန်မြို့တွင်မေလ ၂ ရက်ညသန်းခေါင်ယံမှစ၍မေလ ၃ ရက်နေ့ နေ့လည် ၂နာရီခန့်

အထိတိုက်ခတ်ခဲ့သောတနာရီမိုင် ၁၉၂ မိုင်ခန့်ဟုခန့်မှန်းရသည့် အင်အားပြင်းထန်လှသည့်နာဂစ်မုန်တိုင်းကြီးကြောင့်

ဟိုင်းကြီးကျွန်း ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းတို့တွင်မုန်ုတိုင်းဒဏ်ခံခဲ့ရသည်။

ရန်ကုန်တိုင်းတွင်သစ်ပင်များအမြစ်မှကျွတ်ထွက်ကုန်ကာလူနေအိမ်အချို့အမိုးများ

ပျက်ဆီးခြင်း၊အိမ်အချို့ပြိုခြင်းတို့ရှိခဲ့သောလည်းလူများအန္တရယ်ကင်းခဲ့ပြီး

ဘုရားစေတီများအပျက်အဆီးမရှိခဲ့သည်ကိုအံ့သြဖွယ်တွေ့မြင်ခဲ့ရသည်။

ယင်းအဖြစ်ကြောင့်လျှစ်စစ်မီးများပျက်တောက်ခဲ့ကာတချို့ရပ်ကွက်များယခုတိုင်

မီးမလာသေးပါ။ထိုထိုသောအကြောင်းများကြောင့် ဂျူနီယာဝင်း ဘလော့မှာ

ဆက်လက်၍မတင်ဆက်နိုင်ဖြစ်ခဲ့ရခြင်းကိုနားလည်ပေးလိမ့်မည်ဟုထင်ပါသည်။

အောက်ပါပုံမှာဆရာကြီးဦးခင်မောင်လတ်နှင့်ဆရာမကြီးဒေါ်ခင်မျိုးချစ်တို့

၏နေအိမ်ကိုမုန်တိုင်းအပြီးမှာတွေ့မြင်ခဲ့ရပုံဖြစ်ပါသည်။

နာဂစ်မုန်ုတိုင်းကြီးကြောင့်ပျက်ဆီးဆုံးရူံးမူများ များစွာရှိခဲ့ခြင်းကြောင့်ဒဏ်ခံရ

ပြည်သူပြည်သားအပေါင်းအားထပ်တူထပ်မျှကြေကွဲဝမ်းနည်းစိတ်မကောင်း

ဖြစ်ခြင်းနှင့်အတူတတ်နိုင်သလောက်ဖြင့်မြန်မာပြည်သူအပေါင်းကအလှူများပေး

နေကြသည်ကိုတွေ့ကြရသဖြင့်ယင်းအဖြစ်သည်ကောင်းမူကုသိုလ်ပြုဖို့အခွင့်

အေ၇းရခဲ့ပေသည်ဟုအဆိုးထဲကအကောင်းကိုခံစားမိရပါသည်။

ရန်ုကုန်သူရန်ကုန်သားအပေါင်းမှာအမိုးဖာအိမ်ပြင်ခြံကာသစ်ပင်ခုတ်နှင့်

မိမိတို့ကိစ္စများကိုပြန်လည်နလံထူနေရသည့်ကြားမှမိမိတို့ထက်ဆိုးရွားစွာ

ခံနေကြရသောနေရာဒေသများဆီသို့ငွေကြေးအ၀တ်အစားဆေးဝါးများကို

မရရအောင်လှူဒါန်းနေကြရသည့်အဖြစ်ကားကြီးမြတ်လှပါ၏။

ဤအခွင့်အရေးကိုရယူလျက်ကောင်းကျိုးချမ်းသာကိုခံစားကြရမည်ဟုယုံကြည်

မိနေပါတော့သည်။

ဘလော့ကိုဂျွန်လမှသာဆက်လက်တင်ဆက်သွားနိုင်ပါတော့မည်ဖြစ်ပါကြောင်း။


No comments: