Tuesday, September 30, 2008

Burma Scholar

ဦးဖေ

(၁၈၆၁ -  ၁၉၄၃)

(ဓါတ်ပုံ-ဒေါ်ခင်မျိုးချစ်၏အဘိုးနှင့်အဘွားပုံ- မြန်မာပညာရှိဦးဖေ နှင့်ဗန်းမော်ခင်လေးကြီး )

စာရေးဆရာမကြီးဒေါ်ခင်မျိုးချစ် ၏ အဘိုးအကြောင်း

ဦးဖေသည် ဂရုဏ ပျို့ကိုဘုရားဟော ပါဌိတော် ခုဒ္ဒကနိကာယ်၊ တိံသနိပါတ် ကုမ္ဘဇာတ်တော်

မှလာသည့်အတိုင်း ပျို့အဖြစ်ရေးသားစပ်ဆိုထားခြင်းဖြစ်လေသည်။သေအရက်၏မူလဘူတ

ဖြစ်ပေါ်လာပုံနှင့်သေအရက်ကြောင့်ပျက်စီးရာသောအဖြစ်တို့ကိုဟောတော်မူသည့်ဇာတ်တော်

ဖြစ်သည်။သေရည်အိုးတို့၏အဓိပ္ပါယ်ကိုဆောင်သဖြင့်ဤဇာတ်ကို ကုမ္ဘ ဇာတ်ဟုတွင်၍

သေအရက်သောက်မိမှားသော ၀ရုဏ ရသေ့ကြီးအကြောင်းဖော်ပြသဖြင့်ဦးဖေကသူ၏ပျို့ကို

ဝရုဏပျို့ဟုအမည်ပေးခဲ့လေသည်။

ဆုရပြီးစာမူကိုမြန်မာ့အလင်း သတင်းစာ ပုံနှိတ်တိုက်ကအဖိုး ၁၂ ပဲဖြင့်ပုံနှိတ်ထုတ်ဝေသည်။

သီရိစတုရင်္ဂဗလ ဘွဲ့ခံ မြန်မာပညာရှိ ဦးဖေ အားမန္တလေးမြို့ အောင်နန်းရိပ်သာရပ်တွင်

၁၂၂၃ ခုနှစ် ဒုတိယ ၀ါဆိုလပြည့်ကျော် ၂ ရက် အင်္ဂါနေ့ (၂၃-၇-၁၈၆၁) ၌ ဖွားမြင်သည်။

ပထမ ရွှေကျင်ဆရာတော်ဘုရား အထံတော်၌ ပညာသင်ကြားခဲ့၍ ရဟန်းဝတ်ဖြင့်

သုံးဝါရပြီးနောက် လူထွက်သည်။

သီပေါမင်း လက်ထက်တွင် ဦးဖေသည် ဗိုလ်မူးအဖြစ် ခန့်အပ်ခြင်း ခံရ၍

တတိယအင်္ဂလိပ်မြန်မာစစ်ပွဲတွင်ပါဝင်တိုက်ခိုက်ခဲ့သူဖြစ်လေသည်။

အင်္ဂလိပ်မင်းများလက်ထက်စာတော်ပြန် လွှတ်တော်ရုံးတွင်အလုပ်လုပ်စေ၏။

၁၂၆၃ ခုနှစ်တွင် ကျောက်စာဝန် မစ္စတာ တော်စိန်ခို ၏ လက်ထောက်အဖြစ်ဖြင့်

၁၅ နှစ်တိုင်တိုင်ကျောက်စာများကိုစုဆောင်းရှာဖွေလေ့လာခဲ့၏။ ၁၂၈၃ ခုနှစ်တွင်

အငြိမ်းစား ရိက္ခာတော် ရခဲ့လေသည်။

အငြိမ်းစားယူပြီးနောက် တောင်ခွင်သာသနာပိုင်ဆရာတော် ဘု၇ားကြီးထံတွင်

အတိုင်ပင်ခံ အကူအညီလုပ်ကိုင်ရင်း သီရိစတုရင်္ဂဗလ ဟူသောဘွဲ့တံဆိပ်

ချီမြှင့်ခံရ၏။ထို့ပြင်မန္တလေး ဥပစာကောလိပ်တွင်ပါဌိမြန်မာ ကထိကအဖြစ်

၁၂၉၁ ခုနှစ်အထိဆောင်ရွက်ခဲ့၏။

ဦးဖေ ရေးသားစီရင်ခဲ့သောကျမ်းပေါင်း များစွာတို့တွင်စေတီယင်္ဂဏ ဌာနေ ကို

ဆုံးဖြတ်ရတွင် ဥဒ္ဒေသ ၁၇ ဂါထာ၊ စေတီယင်္ဂဏ ၀ိနိစ္ဆယကျမ်း၊ စေတီယင်္ဂဏတ္ထ

ဝိဘာဝနီ ငီုကာပါဌ်၊ ၀ိသုံဂါမ ၀ိနိစ္ဆယကျမ်း၊ ကဗျတ္ထစန္ဒိကာ ကျမ်း၊ ရာဇ၀ံသ ဇာလိနီ

မည်သော ပုဂံရာဇ၀င် ကျမ်းသစ်၊ရွှေကူကြီးဘုရား ကျောက်စာဂါထာ ၁၀၀ နိသျ၊

အင်္လကာရတ္တ ၀ိဘာဝနီကျမ်း၊ ကဗျဝဏ္ဏနာ၊ မတတ်လိမ္မာ ဖြေစာတမ်း၊ နန္ဒစေတီယ

ကထာ၊ ဇိဏ္ဏကာဝါသ ပဌိသင်္ခါရဏာ စာတန်း၊ ၀ရုဏပျို့ အစရှိသည်တို့ဖြစ်သည်။

ဦးဖေသည် ၁၃၀၅ ခုနှစ် ၀ါခေါင်လကွယ်နေ့ (၂၉ - ၈ - ၄၃) တွင်စစ်ကိုင်းမြို့

ခေမာသင်္သက ချောင်၌ကွယ်လွန်သည်။

 

စာညွှန်း      ။ဒဂုံရွှေများ ၏ မြန်မာနိုင်ငံစာပေဆုများ

No comments: