Saturday, June 28, 2008

BookReview-Introduction Camus

ူရင်းစာအုပ် Introduction Camus (By Davis Zane Mairowitz and Alain Korkos)

ကို ဂျူနီယာဝင်း ဘာသာပြန် ”ကာမူးမိတ်ဆက်”စာအုပ် မုံရွေးစာအုပ်တိုက်မှ ၂၀၀၈ ခုနှစ်

ဂျွန်လမှာထွက်ရှိလာခဲ့ပါပြီ။

ကာမူး(Camus) ဆိုတာ ပြင်သစ်စာရေးဆရာကြီး အဲလ်ဘတ်ကာမူး (Albert Camus)

ဖြစ်ပါသည်။

ုပ်ပုံပန်းချီများတင်ပြမူများကစိတ်ဝင်စားဖွယ်စာဖတ်သူများကိုဆွဲခေါ်သွားပါလိမ့်မည်။

ဒီတော့ ထူးခြားဆန်းသစ်တဲ့ ဂျူနီယာဝင်း ရဲ့ ဘာသာပြန်လက်ရာ၊

စိတ်ဝင်စားစရာဖြစ်စေမည့် သတင်းထောက်ဘ၀၊စာရေးဆရာဘ၀၊ပြဇတ်ရေးဆရာဘ၀၊

အဖုံဖုံကိုနာဇီဟစ်တလာခေတ်တွေမှာ ကာမူး ဘယ်လိုဖြတ်သန်းခဲ့သလဲ။

ဒါအပြင် ကာမူး ၏ ထူးခြားသည့် ဒဿနိကအတွေးအခေါ်တွေက ဘာလဲ

ကာမူး ၏ယုံကြည်မူက ဘာလဲ ။

၁၉၅၇ ခုနှစ်တွင်အဲလ်ဘတ်ကာမူးသည်စာပေနိုဘယ်လ်ဆုကိုရခဲ့သည်။

ကာမူးမိတ်ဆက်တွင်စာရေးဆရာကြီးကာမူး၏ Abaurd ဟူသောစကားလုံးအပေါ်

အဓိပ္ပါယအမျိုးမျိုးဖွင့်ဆိုထားသည်ကိုတွေ့ကြရမည်။ကာမူးအတွက်ကမ္ဘာကြီးသည်

Abaurd (ယုတ္တိမရှိ)ဖြစ်သည်။ပျော်ရွှင်မူနှင့်စိတ်မကောင်းဖြစ်မူ၊အမှောင်နှင့်အလင်း၊

ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတည်းဟူသောလမ်းနှစ်သွယ်ကိုစာဖတ်သူများအားချပြ

ထားသည်။”ကျွန်ုပ်သည်မပျော်ရွှင်သောအချိန်ကာလကိုလက်ခံနိုင်သည်။

အကြောင်းမှာမကြာမီရောက်လာတော့မည့်ပျော်ရွှင်မူ တွေ့ကြုံခံစားရမည်ကို

ကျွနိုပ်သိသည်။””ကျွနိုပ်၏ဘ၀ကတော်တော်အရေးပါလှသည်ဟုထင်သည်။သို့သော်

ထိုအရာသည်ဘာမှအဓိပ္ပါယ်မရှိပါတကားဟုလည်းကျွနိုပ်ထင်နေပါသည်”

ဤသည်တို့ကားကာမူး၏ Abaurd အယူအဆများဖြစ်၏။ကာမူး၏ရင်ထဲက

ဘယ်တော့မှထွက်မသွားသောအရာကားသူ့မွေးရပ်မြေအယ်လ်ဂျီးရီးယားနှင့်

သူ့ငယ်စဉ်ကဆင်းရဲစွာနေထိုင်ခဲ့ရခြင်းဖြစ်၏။

ကာမူးမိတ်ဆက်။

ဥာဏ်ရည်ထက်မြက်သော လူသားတစ်ဦး၏ရုပ်ပုံလွှာ။

ဒုတိယကမ္ဘာစစ်မှာပြုပြင်ပြောင်းလဲရေးသမားအဖြစ်လှူပ်ရှားခဲ့သူ။ဘ၀ကိုချစ်မြတ်နိုး၍

ပျော်ရွှင်ခြင်းးကိုနှစ်သက်ကာတည်ရှိနေရခြင်းကိုကျေနပ်လျက်ရှိသော်လည်း

တချိန်တည်းမှာပင်တစ်နေ့မုချသေကြရမည်ကိုလည်းသိရှိခံစားလျက်ရှိသော

လူသားတစ်ဦးဖြစ်၍ကျွနိုပ်တို့အားဆွဲဆောင်လျက်ရှိသောအရာများသည်

ဘာမှအဓိပ္ပါယ်မရှိပါတကားဟုပါခံစားနေရသောလူသားတစ်ဦးအကြောင်း။

မုံရွေးစာပေတိုက်

အမှတ် (၁၄၀) ၄၅ လမ်း (ထက်)

ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့

ဖုံး - ၂၉၇၀၇၂

sayadaw' donations

ဂျွန်လ  ၉ ရက်နေ့ က သဲကုန်းဆရာတော် အရှင် ဥာဏိဿရ ၏

ပြောကြားချက်တချို့…

 

ဒီလိုအခြေအနေမျိုးမှာတတိုင်းပြည်လုံးမှာအဓိက ကဘာလိုအပ်လဲဆိုတော့

တခြားမျက်လုံးတွေနဲ့မကြည့်ပဲနဲ့ ကရုဏာ မျက်လုံး ၂ လုံးထဲနဲ့ဝိုင်းကြည့်ဖို့။

ဒါအရေးကြီးတဲ့ကိစ္စတခုပါပဲ။

ရွာတချို့က ခရစ်ယာန်ရွာတွေ၊ရွာတချို့ကမွတ်စလင်ရွာတွေ၊

အဲဒီရွာတွေလဲ ငါ ရောက်တယ်။

ငါနဲ့အတူတူခရစ်ယာန်အဖွဲ့တွေလှူမလို့ဆိုပြီးလိုက်လာကြတယ်။

ခရစ်ယာန်ကလည်းခရစ်ယာန်မျက်လုံးတွေနဲ့ကြည့်ပြီးတော့

ခရစ်ယာန်လောက်ပဲပေးမယ်ဆိုတာမျိုး၊မွတ်စလင်ကလည်း

မွတ်စလင်မျက်လုံးနဲ့ကြည့်ပြီးတော့မွတ်စလင်လောက်ပဲပေးမယ်

ဆိုတာမျိုး၊ဗုဒ္ဓဘာသာလည်းကိုယ့်ဗုဒ္ဓဘာသာပဲပေးမယ်ဆိုတာမျိုး၊

စောင့်ရှောက်မယ်ဆိုတာမျိုးတွေ ကျဉ်းမျောင်းတဲ့စိတ်ဓါတ်တွေကိုအကုန်

ဖယ်ထားပြီးတော့ နိုင်ငံရေးမျက်လုံးတွေ၊ဘာသာရေးမျက်လုံးတွေ၊

လူမျိုးရေး …အဲဒီရှူထောင့်တွေအကုန်လုံးရပ်ထားပြီးတော့

ဒုက္ခရောက်တာဟာ အားလုံး တညီတည်းပဲ၊ခရစ်ယာန်ကလည်းခရစ်ယာန်၊

ဟိန္ဒူ မွတ်စလင်ရော ။ဒီတော့ ဒုက္ဒဖြစ်တာခြင်းတူနေပြီ၊ ဒုက္ဒကိုဖြေရှင်းတဲ့

နည်းဟာ အားလုံးအတူတူပဲဖြစ်ပြီးတော့ common platform ပေါ့။

ဂရုဏာ စိတ်ဓါတ်တညီတည်းမွေးပြီးတော့ ဒုက္ဒရောက်သူတွေကို

ဒို့တတွေဝိုင်းဝန်းပြီးတော့ စောင့်ရှောက်မယ်လို့ အဲဒီစိတ်ဓါတ်မွေးလိုက်

လို့ရှိရင် အားလုံးဟာ harmony ဖြစ်လာမယ်။ အဲဒီပေါ်မှာလက်တွဲပြီးတော့

ဒီတိုင်းပြည်ရဲ့ပြဿနာတွေကို ပူးပေါင်းပြီးတော့ဖြေရှင်းသွားရင်

အဒီဥစ္စာသိပ်ကိုအဓိကကျတဲ့အချက်ဖြစ်ပါတယ်။

 

၂၅ ရက် ဂျွန်လ ၂၀၀၈ ခုနှစ်က သီတဂူဆရာတော် ဒေါက်တာအရှင်ဥာဏိဿရ

၏ "၀မ်းနည်းခြင်းနှင့် ၀မ်းသာခြင်း" ဆောင်းပါးထဲမှကောက်နှူတ်ချက်များ…

 

ဆရာတော်၏မှတ်တမ်း

 

၂၀၀၈ ခုနှစ်မေလ ၂ ရက်နှင့် ၃ ရက်နေ့ကမြန်မာနိုင်ငံဧရာဝတီတိုင်းအောက်ပိုင်း

နှင့်ရန်ကုန်တိုင်းအချို့ဒေသများတွင်တစ်နာရီလျှင်ကီလိုမီတာ ၂၀၀ ခန့်အထိ

ပြင်းထန်သောဆိုင်ကလုံးမုန်ုတိုင်း(cyclone)မုန်တိုင်းတိုက်ခတ်မူကြောင့်ရဟန်း

ရှင်လူပြည်သူ သန်းနှင့်ချီ၍ကျောင်းမဲ့၊ အိမ်မဲ့အဖြစ်သို့ရောက်ရှိခဲ့ရပြီး ရဟန်းရှင်လူပြည်သူ

တစ်သန်းသုံးသောင်းကျော်ပရမ်းပတာသေဆုံးခဲ့ရသည့်အဖြစ်ဆိုးကြီးကား

တစ်သက်မှာတစ်ခါကြုံခဲ့ရသည့်အလွန်ဝမ်းနည်းကြေကွဲဖွယ်အဖြစ်ဆိုးကြီး

တစ်ရပ်အဖြစ်မှတ်တမ်းတင်ခဲ့ရလေသည်။

 

ဆရာတော်၏ဆုတောင်း

 

ဤတစ်သက်မှာဤအဖြစ်မျိုးနောက်တစ်ဖန်မကြုံတွေ့ပါရစေနဲ့ဟုဆုတောင်း

မိပါသည်။ထို့ပြင်နောင်ဘ၀အဖြစ်ဆက်တိုင်းဆက်တိုင်းဤမှလောက်ဝမ်းနည်း

ကြေကွဲဖွယ်ကောင်းသောဘောဂဗျဿနဟူသောစီးပွားပျက်၊ဆွေမျိုးပျက်၊မိသားစုပျက်၊

ကျမ်းမာရေးပျက်၊ကိုယ်ကျင့်သီလပျက်၊ဘာသာရေးပျက်၊လူမူရေးပျက်စသည့်

ပျက်စီးခြင်းအမျိုးမျိုးတို့ကိုဘယ်ဘ၀မှာမှမမြင်မတွေ့ပါရစေနဲ့ဟုဆုတောင်း

မိပါသည်။ထို့ပြင်လည်းမည်သည့်လူသားတစ်စုံတစ်ယောက်မျှဤကဲ့သို့သော

ပျက်စီးခြင်းမျိုးစုံတို့ကိုမထိတွေ့မခံစားပါရစေနဲ့ဟုဆုတောင်းရပါသည်။

 

ဆရာတော်၏ခံစားချက်

 

မိမိကိုယ်တိုင် ဤကဲ့သို့သောပျက်စီးခြင်းမျိုးကိုမထိတွေ့မခံစားကြရစေကာမူ

မိမိနိုင်ငံသားရဟန်းရှင်လူအများတို့ဤမျှစပ်ခါးစူးရှသော ကိုယ်ဆင်းရဲ

စိတ်ဆင်းရဲတို့ကိုခံစားရသည့်အဖြစ်ကိုသိရှိမြင်တွေ့ရသည့်အခါမိမိ၏

နှလုံးသားမှာလည်းထိုဒုက္ခသည်များနှင့်မခြား အပ်သွားတစ်ရာဖြင့်

ထိုးဆွခံရဘိသည့်အလား ပြင်းစွာသောဝေဒနာကိုစူးစူးရှရှခံစားရပါသည်။

ပြင်းစွာသောနှလုံးသား၏တုန်လှူပ်ခြင်းကိုမည်သို့တိုင်းတာရမည် မသိပေ။

 

ဆရာတော်၏ အရေးပေါ်လုပ်ရပ်

 

ထို့ကြောင့်ထိုဒုက္ခသည်တို့၏ဒုက္ခကို ငါသည်မည်မျှလောက်မည်သည့်

နည်းဖြင့်စောင့်ရှောက်ကူညီရပါအံ့နည်း ဟုအလေးအနက်စဉ်းစားမိခဲ့သည်။

(ဒုက္ခာဘိဘူတာနံအနာထဘာဝဒဿန ပဒဌာနာကရုဏာ)။

ထို့ကြောင့် မေလ ၈ ရက်နေ့ညတွင် သီတဂူအဖွဲ့ကိုအေ၇းပေါ်အစည်း

အဝေးခေါ်သည်။

 

ဆရာတော် ချမှတ်ခဲ့သည်မူ

 

Compassponate Common Platform ကရုဏာလမ်းကြောင်းကိုတည်

ဆောက်ကြရန် ထိုလမ်းကြောင်းပေါ်မှာလက်တွဲလမ်းလျှောက်ကြရန်၊

ကရုဏာ၏သရုပ်ကိုပေါ်လွင်စေဖို့ Compassion in action ဒုက္ခရောက်

သူတို့ကိုစောင့်ရှောက်ဖို့လက်တွေ့လုပ်ရမည်ဟု မူစနစ်ကိုချမှတ်ခဲ့သည်။

ပါဠိဘာသာဖြင့်ပြောရလျှင် မနောကံကရုဏာမှ ကာယကံမြောက် ကရုဏာ

သရုပ်ဖော်အလုပ်ကိုလုပ်ကြရမည်ဖြစ်သည်။လုပ်နိုင်စွမ်းရှိသူတို့လုပ်ငန်း

ကျွမ်းကျင်လုပ်တတ်သူတို့မှာလုပ်ချင်စိတ်ရှိဖို့အရေးကြီးပါသည်။

လုပ်ချင်စိတ်ပင်ရှိသောလည်းလုပ်နိုင်စွမ်းမရှိလျှင်၊ မလုပ်တတ်လျှင်

ထိထိပေါက်ပေါက်အကျိုးမသက်ရောက်နိုင်ပေ။သို့ဖြစ်ခြင်းကြောင့်

သီတဂူအဖွဲ့နှင့် သီတဂူ၏တပည့်တို့ကိုဤသုံးချက်ဖြင့်လုပ်ငန်းခွင်

သို့ သို့မဟုတ် ဒုက္ခရောက်သူတို့၏နယ်မြေသို့တွန်းပို့လိုက်သည်။

 

ဆရာတော်၏ အရေးပေါ်ခြေလှမ်းများ

 

မေလ ၉ ရက်နေ့မှာဘိုကလေးမြို့နယ်ကွမ်းသီးချောင်းကျေးရွာ

သီတဂူ ဓမ္မ၀ိဟာရကျောင်းတိုက်တွင် သီတဂူ စောင့်ရှောက်ထောက်ပံ့

ရေးရှေ့တန်းစခန်းကိုဖွင့်လှစ်ခဲ့သည်။ပြည်တွင်းနှင့်ရပ်ရွာလူကြီးခေါင်းဆောင်

တစ်ယောက်စီတစ်ယောက်စီကိုဖိတ်ကြားလိုက်သည်။ဆန်များ၊အ၀တ်

အထည်များ၊စောင်၊ခြင်ထောင်များ၊အိုးခွက်ပန်းကန်များ၊အမျိုးအမည်ပေါင်း

တစ်ရာကျော်နှင့်အခြားအခြားအစားအစာ၊အသုံးအဆောင်များကိုလှူဒါန်း

ခဲ့သည်။သီတဂူနှင့်အာရှတော်ဝင်ဆရာဝန်၊ဆရာမများဖြင့်ဆေးရုံဆေးခန်း

လေးခုဖွင့်လှစ်ခဲ့သည်။(ကဒုံ၊အမာ၊စက်ဆန်း၊ကွမ်းသီးချောင်း)ကိုယ်တိုင်

အလှူခံရရှိခဲ့သည့်ဆေးဝါးဖြင့်ကုသပေးခဲ့သည်။ဘိုကလေးမြို့ပေါ်ရှိဒုက္ခ

သည်များမှီခိုရာဘုန်းတော်ကြီးကျောင်းဆယ်ကျောင်းသို့သုံးကြိမ်သွား

ရောက်၍ဒုက္ခသည်များအားဆန်၊အ၀တ်အထည်နှင့်အခြားစားစရာ၊၀တ္ထု

ငွေများလှူဒါန်းခဲ့သည်။

ပျက်စီးသွားသောဘုန်းတော်ကြီးကျောင်းများသို့သွုပ်ပြားအချပ်တစ်ရာစီ

နှင့်ကျောင်းပြင်ရန်ဝတ္ထုငွေကျပ်တစ်သိန်းစီလှူဒါန်းခဲ့သည်။အချို့ကျောင်း

များကိုငါးသိန်းစီ၊ဆယ်သိန်းစီလည်းပေးလှူခဲ့သည်။ကဒုံကနိနှင့်အမာ

ကျေးရွာများရှိနိုင်ငံတော်အစိုးရဆေးရုံနှစ်ရုံကိုပြင်ဆင်မွမ်းမံပေးခဲ့သည်။

ဆေးရုံသုံးပစ္စည်းနှင့်ဆေးဝါးများအပြည့်အစုံလှူဒါန်းပေးခဲ့သည်။

 

ဆရာတော်၏အလှူရေစက်

 

ဘိုကလေးမြို့နိုင်ငံတော်အစိုးရဆေးရုံကိုဒေါ်လာငါးသောင်းဖိုးခန့်တန်ဖိုးရှိ

သောပစ္စည်းများလှူဒါန်းရန်အဆင်သင့်ပြင်ဆင်ထားပြီးဖြစ်သည်။ဇွန်လ ၉ ရက်

တစ်လပြည့်မြောက်နေ့အထိသီတဂူသာသနာပြုအဖွဲ့ကလှူဒါန်းထောက်ပံ့ခဲ့သော

ပမာဏမှာမြို့နယ်ခြောက်မြို့နယ်၊ကျောင်းပေါင်း ၁၃၄၄ ကျောင်း၊တစ်ကျောင်း

လျှင်အနည်းဆုံးငွေကျပ်တစ်သိန်းစီဖြင့်စုစုပေါင်းငွေကျပ် ၁၃၄၄ ကျော်လှူပြီး

ဖြစ်သည်။တစ်ကျောင်းလျှင်သွပ်ပြားအချပ်တစ်ရာနှူန်းဖြင့်သွပ်အချပ်ရေ ၁၃၄၄၊

ကျေးရွာပေါင်း ၉၀၀ ကျော်တို့အားဆန်တစ်တင်းခွဲဝင်အိတ်ပေါင်းတစ်သောင်း

ကျော်လှူဒါန်းခဲ့ပြီးဖြစ်သည်။အ၀တ်အထည်နှင်ဒန်အိုးဒန်ခွက်နှင့်အခြားစားစရာ

များထရပ်ကားအစီးတိုက်ပေါင်း ၃၀၀ ကျော်ခဲ့ပြီဖြစ်ပါသည်။

 

ဆရာတော့် မေတ္တာ

 

သီတဂူဿသနာပြုအဖွဲ့သည်သာသနာရေး၊ပညာရေးနှင့်ကျန်းမာရေးကိစ္စ

များကိုဦးစားပေး၍ကူညီစောင့်ရှောက်ပေးနေပါသည်။ဝေးလံခေါင်သီသော

Remote area ရှိဆင်းရဲနွမ်းပါးသောဘုန်းတော်ကြီးသင်မူလတန်းကျောင်း

များ၊အစိုးရမူလတန်းကျောင်းများရွေးချယ်ထားပြီးဖြစ်သည်။မိမိတို့လုပ်နိုင်

စွမ်းရှိသလောက်လုပ်ခွင့်ရသလောက် ရဟန်းရှင်လူပြည်သူတို့၏အကျိုး

စီးပွားကိုလုပ်ဆောင်နေကြခြင်းဖြစ်ပါသည်။လိုအပ်သလောက်လေးနှင့်

လုပ်ချင်စိတ်ရှိသလောက်မလုပ်နိုင်သည့် မိမိတို့၏အနေအထားကိုဝမ်းနည်း

မိပါသည်။ဤလောကတ္တစရိယလုပ်ငန်းအားလုံးတို့သည်ပြည်တွင်းပြည်ပ

အလှူရှင်တို့၏မေတ္တာ၊ကရုဏာ နှလုံးသားမှသန့်ရှင်းစွာထွက်ပေါ်လာသည့်

လှူများဖြစ်ပါသည်။အလှူဒါနကိုမှီခို၍နေ၇သောဤလောကတ္တစရိယာလုပ်ငန်း

အနိမ့်အမြင့် အကျယ်အပြန့်ပမာဏ အမျိုးမျိုးရှိမည်ဖြစ်ပါသည်။မည်သို့ပင်

ဖြစ်စေ ရထားသည့်ဘ၀ကောင်းတစ်ခုမှာမွန်မြတ်သောလုပ်ငန်းတစ်ခုကို

ဤမျှလောက်လုပ်ကိုင်ခွင့်ရသည့်မိမိ၏ဘ၀ကိုဝမ်းမြောက်ကြည်နူးမိပါသည်။

 


Testing

I am just testing to post by gmail.

Friday, June 20, 2008

People' Donation

နာဂစ် မုန်တိုင်းကြီးကျရောက်ခဲ့ပြီးနောက်ဝယ်

ပြည်သူလူထုကြီးမှာကိုယ်တတ်နိုင်သလောက်လေးကို

ဒုက္ခသည်များအားပေးလှူခဲ့ကြပါသည်။

မအူပင် ကျိုက်လတ် ဖျာပုံ ဒုက္ခသည်စခန်းများသို့

ဂျူနီယာဝင်း နှင့်သူ့မိတ်ဆွေများသွားရောက်လှူဒါန်းခဲ့

ကြစဉ်က။

ဂျူနီယာဝင်း မှသူခံစားခဲ့ရသမျှကိုတင်ပြလိုက်ပါသည်။

ကိုယ့်ထက်အသက်ကြီးတဲ့ဦးကြီးတစ်ယောက်က

ကျွန်မကို - ကျေးဇူးတင်ပါတယ်ခင်ဗျာ၊ကျမ်းမာချမ်းသာကြပါစေကွယ်-

လို့ရိုရိုသေသေပြောပါတယ်။တကယ်တော့ကျွန်မတို့ဟာသူတို့နဲ့

ဘာမှမထူးခြားသူတွေပါပဲ။နာဂစ်မုန်တိုင်းကြီးဆိုတာဟာ

သဘာဝဘေးပါပဲ။ဘယ်သူမဆို ကျွန်မတို့တောင်မှ

ဒီဘေးဒဏ်ကိုမရှောင်ရှားနိုင်ပါဘူး။ခံရတဲ့သူတွေအချင်းချင်း

မို့လို့ကျေးဇူးတင်စကားကိုအခုလိုအပြောခံရတာ

တော်တော်လေးစိတ်မကောင်းဖြစ်မိရပါတယ်။”

”ဟောဒီကလေးကအသက်ငယ်ငယ်ပဲရှိဦးမယ်။သူကအိမ်ထောင်

ဦးစီးအခေါ်ခံနေရပြီ။သူ့ရဲ့မိဘ၊အဘိုးအဘွားတွေဘယ်ရောက်

သွားလို့လဲလို့မမေးရက်ပါဘူးရှင်။”

”သူတို့တတွေဟာကိုယ့်အားကိုယ်ကိုးနေကြသူတွေပါ။

အခုတော့ဘာမှသွေးသားမတော်စပ်တဲ့သူတွေရဲ့အကူအညီ

ကိုရယူနေကြရပါတယ်။တချိန်ကြရင်ကျွန်မတို့ကို

ပြန်ပြီးဂရုစိုက်ပေးကြမယ့်၊ကျွန်မတို့တတွေကိုပြန်ပြီး

မေတ္တာတွေပြန်ပေးကြမယ့်သူတွေလို့ဆိုရင်မမှားပါဘူးနော်”

ဧရာဝတီတိုင်းသူလေးတွေမှာသနပ်ခါးမပျက်ပါဘူး။ကလေးလေး

တွေမှာလဲသနပ်ခါးဘဲကျားနဲ့ပါ။သူတို့လေးတွေကိုမြင်ရတွေ့ရသူကို

စိတ်အေးချမ်းစေပါတယ်။သူတို့ကစကပ်မ၀တ်ဖူး။ထမီပဲဝတ်ပါသတဲ့။

အဲဒီလိုဒုက္ခတောထဲမှာအမှတ်မထင်တွေ့မြင်လိုက်ရတဲ့သူတို့လေးတွေရဲ့

ချစ်စရာကောင်းတဲ့အကျင့်စရိုက်ကလေးတွေဖြစ်ပါတယ်။”


”ကျွန်မတို့တတွေတတ်နိုင်သလောက်လေးနဲ့သူတို့လေးတွေကိုပေး

ဆပ်ခွင့်ရခဲ့တာပါပဲ။

ဟောဒီဒုက္ခတောထဲ၊ဟောဒီကပ်ဆိုးကြီးထဲကနေပြီး

စိတ်ချမ်းသာ၊ကိုယ်ကျမ်းမာနဲ့ရတနာသုံးပါးကိုဦးထိတ်ပန်ဆင်လျက်

မြတ်စွာဘုရားရဲ့အဆုံးအမတော်အတိုင်းလိုက်နာရင်း

အမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေ လို့ အမြဲတန်းဘုရားရှိခိုးတိုင်း

ဆုတောင်းပေးနေပါတယ်။”

Monday, June 16, 2008

Selected University Story

စီးပွားရေးတက္ကသုလ်

(၁၉၆၆-၁၉၇၁)

တက်ခဲ့စဉ်က

တက္ကသိုလ်ရွှေရီဝင်း

၂၀၀၄ခုနှစ်သည် စီးပွားရေးတက္ကသိုလ်၏ နှစ် ၄၀ မြောက် ပတ္တမြားရတုကို ကျရောက် မည်ဖြစ်ပါသည်။ စာရေးသူစီးပွားရေး တက္ကသိုလ်သို့ တက်ခဲ့ရသော ကျောင်းသားဘ၀ကို ပြန်လည်ကြည့်မိသော် နှစ်ပေါင်း ၃၆-၃၇နှစ်ကြာခဲ့ ပြီဖြစ်ပါသည်။

စာရေးသူတို့ စီးပွားရေး တက္ကသိုလ်သို့ ကျောင်းစတက်ခဲ့သည်မှာ ၁၉၆၆-၇၁ ခုနှစ် စာသင်နှစ် ဖြစ်ပါသည်။ ထိုစဉ်က ဆယ်တန်းအောင်သူတို့၏ အမှတ်ကို ILA (Intelligence Level Average)စနစ်ဖြင့်ခွဲပြီး တက္ကသိုလ် အသီးသီးသို့ ၀င်ခွင့်ပြုခဲ့ပါသည်။ ၀ိဇ္ဇာဘာသာ တွဲနှင့် သိပ္ပံဘာသာတွဲရှိ ဘာသာရပ် အသီးသီး၏ ရမှတ်ကိုညှိနှိုင်းပြီး တွက်ချက်သည့်စနစ် ဖြစ်ပါသည်။ ထို ILA ဖြင့် တက္ကသိုလ်ဝင်ခွင့်ပြုသည့်စနစ်မှာ အနည်းဆုံးနှစ်နှစ်၊ သုံးနှစ်သာ ရှည်သည်ဟု ထင်ပါသည်။ ထိုစနစ်အရ ၀ိဇ္ဇာဘာသာတွဲဖြင့် ဆယ်တန်းအောင်သူသည် ဆေးတက္ကသိုလ်၊ စီးပွားရေးတက္ကသိုလ်၊ စက်မှုတက္ကသိုလ်၊ ပညာရေးတက္ကသိုလ်တို့သို့ ၀င်ခွင့်ရပါသည်။ စာရေးသူမှာဝိဇ္ဇာဘာသာတွဲ ပထ၀ီဝင်၊ သမိုင်း၊ သင်္ချာ ဘာသာတွဲဖြင့် အောင်ပြီး စီးပွားရေးတက္ကသိုလ်ကို ၀င်ခွင့်ရသူဖြစ်ပါသည်။

ထိုစဉ်က စီးပွားရေးတက္ကသိုလ် ပထမနှစ်တွင် ဘောဂဗေဒ၊ ၀ါဏိဇ္ဇဗေဒ၊ စာရင်းအင်း ဘာသာတို့ကို အိကဘာသာရပ်အဖြစ်သင်ယူရပါသည်။ အင်္ဂလိပ်စာ၊ မြန်မာစာ၊ သင်္ချာနှင့် ပထ၀ီဘာသာကို ယူရပါသည်။ ပထ၀ီဘာသာကို စီးပွားရေးပထ၀ီဝင်ဟုခေါ်ပြီး၊ သိပ္ပံဘာသာ တွဲဖြင့် ၀င်ခွင့်ရလာသူတို့ ကြောက်ကြသောဘာသာရပ် ဖြစ်ပါသည်။ သူတို့က ကမ္ဘာ့မြေ မျက်နှာပြင်၊ ရာသီဥတုလည်းမသိ၊ ကွန်တိုလည်းမမြင်ဖူးကြတော့ စိတ်ညစ်ကြပါသည်။ စီးပွားရေးပထ၀ီဝင်ကို ဆရာမကြီးနော်ဖေ့ဝီလျံလေးနှင့် ဆရာဦးမြင့်မောင်တို့ သင်ကြပါ သည်။ အင်္ဂလိပ်ဘာသာကို ဒေါ်ခင်မ၊ ဒေါ်ခင်မမ၊ ဦးမောင်မောင်သန်းနှင့် ဒေါ်ခင်အေးပွင့်တို့ သင်ကြတာ မှတ်မိပါသည်။

ဒုတိယနှစ်ရောက်သောအခါ အိကဘာသာရပ် သုံးခုအနက် ကိုယ်ကြိုက်ရာ နှစ်ဘာ သာယူရပါသည်။ စာရေးသူက စာရင်းအင်း ဘာသာနှင့် ၀ါဏိဇ္ဇဗေဒဘာသာတွဲ ယူခဲ့ပါ သည်။ စာရေးသူတို့နှစ်က စာရင်းအင်း နှင့် ၀ါဏိဇ္ဇဗေဒဘာသာတွဲယူသူများပါသည်။ စာရင်းအင်း နှင့် ဘောဂဗေဒယူသူနည်းပါသည်။ အထောက်အကူပြု ဘာသာရပ်များအနေ ဖြင့် ဘောဂဗေဒ၊ အင်္ဂလိပ်စာ၊ သင်္ချာယူရပါသည်။ စာရင်းအင်းဘာသာရပ်ကို ဒေါက်တာ ခင်မောင်ညွန့်၊ ဒေါ်ခင်မမ၊ ဒေါ်ခင်လေးနွယ်၊ ဒေါ်ခင်စန်းမြင့်၊ ဒေါ်ထားထား၊ ဦးသန်းဖေ၊ ဦးသိန်းတို့နှင့် သင်ခဲ့ရပါသည်။ သင်္ချာဘာသာတွင် ဒေါက်တာချစ်ဆွေ၊ ဦးလှမြင့်၊ ဒေါက်တာခင်မောင်ဝင်း၊ဒေါက်တာသိမ်းမြင့်၊ ဒေါ်မြင့်မြင့်၊ ဒေါ်ကြင်ကြင်၊ ဒေါ်ခင်နေ၀င်းတို့ နှင့်သင်ရပါသည်။ မြန်မာစာကိုမူ ဒေါ်ခင်ချောချော၊ ဒေါ်ရီရီမြင့်၊ဦးသက်လွင်တို့ သင်ပါသည်။


ဦးသက်လွင်မှာ “မြကျွန်းညိုညို တက္ကသိုလ်” သီချင်းစပ်သူဖြစ်ပါသည်။ ဆရာသည် နောက်ပိုင်းတွင် တွင်မော်ကွန်းထိန်းအဖြစ်လည်းကောင်း၊ အဆင့်မြင့်ပညာ ဦးစီးဌာနတွင် လည်းကောင်း တာဝန်ထမ်းဆောင်ကြောင်း သိခဲ့ရပါသည်။ စာရေးသူမှာ ဒုတိယနှစ်ကို နှစ်နှစ်ဖြေပြီး အောင်ခဲ့ရပါသည်။ စာမေးပွဲကျရသည့် အကြောင်းမှာလည်း ကိုယ်လိုချင်သည့် ၀ါဏိဇ္ဇမေဂျာဘာသာဖြေရမည့်နေ့တွင် သားနှင့်သမီးအမြွှာကို မွေးဖွားဖို့ ဆေးရုံတက် ဖြစ်ပါသည်။ထို့ကြောင့် ဒုတိယနှစ်ကို နှစ်ကြိမ်ဖြေခဲ့ရခြင်း ဖြစ်ပါသည်။


စာရေးသူတို့ တတိယနှစ်ရောက်သောအခါ ဒုတိယနှစ်ကိကဘာသာနှစ်ခု ယူခဲ့ သည့်အနက် အမှတ်အများဆုံးရသောဘာသာကို ရွေးချယ်ခွင့်ရှိပါသည်။ စာရေးသူမှာ ၀ါဏိဇ္ဇဗေဒိကယူခဲ့ပါသည်။ ထိုဘာသာတွင် ဘာသာတွဲသုံးမျိုး ရွေးချယ်ခွင့်ရှိပါသည်။ တို့မှာAccounting and Auditing(AA), Banking and Finance (BF) နှင့် Industry and Trade (IT) ဖြစ်ပါသည်။

စာရေးသူက ဘာသာတွဲကို ယူခဲ့ပါသည်။ ဘောဂဗေဒဘာသာများကို အထောက် အကူပြု ဘာသာများအဖြစ် ယူရပါသည်။ Eco Analysis နှင့် Eco History တို့ဖြစ် ပါသည်။Eco Socialism ပါ။ ပထမနှစ်မှ တတိယနှစ်အထိသင်ခဲ့ရသဖြင့် ဘောဂဗေဒဌာန၏ ပါမောက္ခများ၊ ဌာနမှူးများအဖြစ် ဒေါက်တာမောင်ရှိန်၊ ဒေါက်တာဗိုလ်လေး၊ ဦးသာထိုတို့အ ပြင် ဒေါ်နှင်းခိုင်၊ဒေါ်မြင့်မြင့်သန်း၊ ဒေါ်တင်တင်စိန်၊ ဒေါ်စိုးမိုးအောင်၊ ဒေါ်ခင်ခင်သိန်း၊ ဒေါ်ညွန့်ညွန့်ရင်၊ ဒေါ်ခင်သိန်းရီ၊ ဒေါ်ရီမေကောင်း၊ ဒေါ်လှကြူ၊ ဒေါ်လှသန်း၊ ဦးသန်းဦး၊ ဦးခင်မောင်ရီ၊ ဦးခင်ညို တို့ကို သတိရမိပါသည်။ တတိယနှစ်တွင် ကျောင်းသားတိုင်း လက်တွေ့ဆင်းရပါသည်။ စာရေးသူတို့ သူငယ်ချင်းတစ်စုမှာ ကော်ပိုရေးရှင်း(၉)ရှိ စာရေးကိရိယာဂိုဒေါင်သွားပြီး လက်ကျန်စာရင်းများ စစ်ဆေးမှုပြုရပါသည်။ ကျောင်းသား ဘ၀နှင့် ရုံးကို ပထမဆုံး ၀င်ရောက်ရသည့် အတွေ့အကြုံ ဖြစ်ပါသည်။

စတုတ္ထနှစ်တွင် ဘောဂဗေဒဘာသာ မသင်ရတော့ဘဲ ၀ါဏိဇ္ဇဘာသာကြီးပဲ သင်ရပါ တော့သည်။ ၀ါဏိဇ္ဇဗေဒဘာသာများအပြင် Commercial Law, Commercial Audit နှင့် Computer ဘာသာတို့သင်ရပါသည်။ ဥပဒေဘာသာရပ်ကို ဆရာကြီး ဦးချိန်ဖိုးနှင့် ဦးမြင့်စိုးတို့ သင်ပါသည်။နံနက်စောစောတက်ရသော အတန်းများဖြစ်ပါသည်။ စာရေးသူ အောင်မြင်ခဲ့သော ၀ါဏိဇ္ဇဗေဒဘာသာဘွဲ့အတွက် သင်ယူစဉ်က ပါမောက္ခများအဖြစ် ဆရာ ကြီး ၀ီလျံပေါ၊ ဒေါက်တာခင်မောင်ကြည်၊ ဒေါက်တာခင်မောင်ကြွယ်တို့နှင့် ဆရာများအဖြစ် ဦးတင်ညွန့်၊ ဦးတင်ထွ်၊ ဒေါ်ကြည်ဝင်း၊ ဒေါ်ငွေတင်၊ ဒေါ်ရီရီမြင့်၊ ဒေါ်ခင်သန်းကြွယ်၊ ဒေါ်ခင် မေဖြူ၊ ဒေါ်ညွန့်ညွန့်ရီ၊ ဒေါ်ပိုပိုခင်၊ ဒေါ်ဝေေ၀မြိုင်၊ မစ္စစ်လှအောင်၊ ဦးသိန်းအောင်၊ ဦးအုန်း မောင်၊ဒေါ်တင်တင်၊ ဦးမျိုးမြင့်၊ဦးမြသိန်းတို့ကို တွေ့ဆုံခဲ့၊ ပညာသင်ယူခဲ့ကြပါသည်။

စတုတ္ထနှစ်တွင်Term Paper စာတစ်စောင်ရေးရပါသည်။ စာရေးသူက Punch Card System အကြောင်းရေး ရပါသည်။ကြီးကြပ်သူမှာ ဆရာမဒေါ်တင်တင်ဖြစ်ပါသည်။ ထိုစာ တမ်းအတွက် Punch Card System သုံးသောစာရင်းရုံးနှင့် ဆိပ်ကမ်းဌာနကို သွားရောက် လေ့လာခဲ့ပါသည်။ စတုတ္ထနှစ်စာမေးပွဲဖြေဆိုပြီးသောအခါ ဆရာမရှေ့တွင် ရှင်းပြပြီး ဆရာမ က သိလိုသည်များ ကိုမေးပါသည်။

စာရေးသူတို့ ၁၉၆၆-၆၇ခုနှစ် သစ်လွင်ကြိုဆိုသည့်နေ့သည် အမှတ်ရစရာ ဖြစ်ပါသည်။ ဘွဲ့နှင်းသဘင်ခမ်းမတွင် သစ်လွင်ကြိုဆိုပွဲကျင်းပပါသည်။ ထိုနေ့က ကျောင်းသားတိုင်းကို အချိန်စာရင်းတစ်ခုစီ အလကားဝေပါသည်။ ထိုအချိန်စာရင်းတွင် တစ်ပတ်စာ တနင်္လာနေ့ မှ စနေနေ့အထိ တက်ရန်အတန်းတွေ၊ ဘာသာရပ်တွေကို စနစ်တကျ ရေးဆွဲထားသော အချိန်စာရင်းဖြစ်ပါသည်။ သစ်လွင်ကျောင်းသားကျောင်းသူများအဖို့ ဘာတွေရေးထားမှန်း မသိကြသော်လည်း ဘွဲ့နှင်းသဘင်ခမ်းမထဲရောက် ပါမောက္ခချုပ်က ပါမောက္ခတွေ၊ ဌာန မှူးတွေနှင့် မိတ်ဆက်ပေးပြီးသောအခါ ဘာသာရပ်ဆိုင်ရာ ဆရာ၊ဆရာမတွေက ဘာသာရပ် တွေအကြောင်း၊ သင်တန်းတက်ရမည့် အခန်းတွေ၊ ဖြေရမည့် အခန်းတွေအကြောင်း ရှင်းလင်းပြလိုက်တော့ သိသွားကြပါသည်။

ကျောင်းစဖွင့်ဖွင့်ခြင်း၊ ခုံနံပါတ်များသည် ကျောင်းဝင်ခွင့်အလိုက်စီထားခြင်းဖြစ် တကယ့်ခုံနံပါတ်မထွက်သေးပါ။ ခုံနံပါတ်အလိုက် အတန်းခွဲများ တက်ရမည်ဖြစ်ရာ ခုံနံပါတ် မထွက်သေး ရှိသည့်အတန်းတိုင်းကို လိုက်တက်နိုင်ပါသည်။ ထို့ကြောင့်လည်း ဆရာ များ၏ အာဘော်များကို တစ်ယောက်တစ်မျိုး မြည်းစမ်းခွင့်ရသည်။ ထိုအခါ ပြဿနာ ဖြစ်ပါ တော့သည်။ စာသင်ကောင်းသောဆရာအတန်းတွင် ခန်းလုံးပြည့် ကော်ရစ်ဒါပါမကျန် Lecture လိုက်ကြသည်။ ပြတင်းပေါက် တံခါးဘောင်ပင် ချမ်းသာမပေးဘဲ ထိုင်တက်ကြပါ သည်။ ခုံနံပါတ်များထွက်လာသောအခါ ကိုယ့်ခုံနံပါတ်သည် ထိုစာသင်ကောင်းသော ဆရာ အခန်းတွင် မပါလျှင် မျက်နှာငယ်ငယ်နှင့် ကိုယ်ကျရာအခန်းကို ပြောင်းတက်ရပါသည်။ ပေပြီးတက်လည်း မရပေ။ ကျောင်းသားအချင်းချင်းလည်း သိနေကြသဖြင့် အခန်းရှင် ကျောင်းသားများက ငြူစူကြလေသည်။ လက်မှတ်ထိုးသည့် Roll Sheet မှာလည်း ကိုယ့် ခုံနံပါတ်မပါသဖြင့် လက်မှတ်မထိုးရပါ။ ထိုအခါတွင် ကိုယ်ကျရာအခန်း ပြောင်းတက် ကြရ ပါသည်။ နောက်ပိုင်းတွင် ကိုယ်တက်ရသော အခန်းရှိ ဆရာ၏အာဘော် ကိုသဘောတွေ့ သွားကြသည်ချည်းပင် ဖြစ်ပါသည်။ စာရေးသူတို့တက်ခဲ့ရသော နှစ်များက ဆရာ၊ ဆရာမ များသည် စာသင်ကောင်းကြပါသည်။

အတန်းတက်တိုင်း Roll Sheet တွင် အမြဲလက်မှတ်ထိုးရသည်။ အခန်းထဲရှိ ကျောင်း သားအခြေအနေကို သိသောဆရာက ကျောင်းပျက်သောသူများလာလျှင် Roll Sheet စာရွက်ကိုသိမ်းပြီး Roll Sheet ခေါ်သည်။ သူငယ်ချင်းအတွက် ကိုယ်စားလတ်မှတ်ထိုးရတာ အလွန်တာဝန်ကြီးပါသည်။ ထို့ကြောင့် ကျောင်းသားတိုင်း ကျောင်းတက်ချိန် မှန်မှန်တက် သည်။

ယခုခေတ်နှင့် မတူသော အချက်တစ်ချက်မှာ ဘာသာရပ်တစ်ခုနှင့် တစ်ခုအကြားတွင် ၁၀မိနစ် အချိန်ရပါသည်။ ထို ၁၀မိနစ်သည် အချိန်ပြောင်းရန် ဖြစ်ပါသည်။ ထိုစဉ်က စာသင်ချိန်တစ်ခုကုန်ခါနီးတွင် ဆရာလည်း စာသင်လို့မရ။ ကျောင်းသားလည်း Lecture လိုက်လို့ မရပါ။ အကြောင်းမှာ ကျောင်းသားတွေက စာအုပ်တွေ၊ လွယ်အိတ်တွေကိုင်ပြီး အတန်းပြောင်းဖို့ ဟန်ပြင်နေသလို၊ အပြင်မှအခန်းထဲဝင်ရန် စောင့်နေကြသော ကျောင်း သားတို့ အသံကြောင့် ဆရာလည်း စာသင်လို့မရပါ။ ခေါင်းလောင်းထိုးတာနှင့် ၀င်သူနှင့် ထွက်သူမှာ တိုးဝှေ့နေကြပြီး အခုခေတ် ကလေးတွေ နားလည်မည်မဟုတ်ပါ။ Lecture တစ်ခုပြီးလျှင် အတန်းပြောင်းကြရပါသည်။ စီးပွားရေး တကသိုလ် အောက်ဆုံးထပ် 101H ကနေ အလယ်ထပ်108 ၊ တစ်ခါ အပေါ်ဆုံးထပ် 205, Tutorial ဖြေလျှင် 113,213 တစ်ခါတစ်လေ ပထ၀ီဝင်ဘာသာနှင့် ဥပဒေဘာသာ အဆောက်အအုံကြားရှိ AE ခေါ်ဝိဇ္ဇာ တိုးချဲ့ဆောင်တွေဆီ သွားရပါသည်။ မိုးတွင်းဆိုလျှင် စီးပွားရေးတက္ကသိုလ် ဆင်ဝင်အောက် တွင် မကြာခဏ ချော်လဲကြပါသည်။ ထိုဆင်ဝင်အောက်ရှိ လှေကားနှင့် လမ်းမှာဘယ် လောက်ပဲ တိုက်တိုက် မိုးတွင်းမှာ ဆရာကြီးများ၊ ဆရာမကြီးများ အပါအ၀င် ကျောင်းသား ကျောင်းသူတွေ ချော်လဲကြတာ အဆန်းမဟုတ်သော မြင်ကွင်းဖြစ်ခဲ့ပါသည်။

စီးပွားရေးတက္ကသိုလ်ရှိ စာကြည့်တိုက်မှာလည်း အလွန်မှပင် တိတ်ဆိတ်လျက် ကျောင်းသားတို့လိုအပ်သော စာရွက်စာတမ်းများ သိုလှောင်ထားရာဌာနတစ်ခု ဖြစ်ပါသည်။ စာရေးသူတို့ကျောင်းတက်စဉ်က စာကြည့်တိုက်မှူးမှာ ဒေါ်လှိုင်လှိုင်ချို ဖြစ်ပါသည်။ စာ ကြည့်တိုက်ရှိ ၀န်ထမ်းများမှာ စေတနာအပြည့်နှင့် စိတ်ရှည်ကြသည်ကို မှတ်မိပါသည်။

ထိုစဉ်က ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများ ရင်းနှီးမှုရှိခဲ့ကြပါသည်။ ဟိုက်စကူးတုန်းက ဆရာနှင့် ကျောင်းသား ဆက်ဆံရေးမှာ မိဘနှင့် သားသမီး ဆက်ဆံရေး နှင့် တူပါသည်။ယခု တက္ကသိုလ်တွင်မူ တူဝရီး၊ ညီအစ်ကို မောင်နှမ ဆက်ဆံရေးနှင့် တူပါ သည်။ ပို့ချတန်းရှိ သင်ခန်းစာများ၊ Tutorial မှစာများ နားမလည်လျှင် သွားရောက် မေးမြန်းရန် မကြောက်ကြသလို၊ ကိုယ်ရေးကိုယ်တာ ကိစ္စများကိုလည်း ရင်ဖွင့်ဆွေးနွေး ကြပါသည်။ ကိုယ်မသိသောစာများကို ရင်းရင်းနှီးနှီးဆွေးနွေးကြသည်။ ထို့ကြောင့်လည်း ကျူရှင်ဆိုတာ မပေါ်ခဲ့ပါ။

စာရေးသူတို့သည် တစ်နှစ်ကို Term နှစ်ခုတက်ရပါသည်။ First Term တွင်စာမေးပွဲ တစ်ခါ စစ်သည်။ Second Term တွင်စာမေးပွဲကြီးစစ်သည်။ Mid-Term Test ဆိုတာ လည်း ရှိပါသေးသည်။ ဆရာ၊ ဆရာမများ အလွန်အလုပ်များမည်ဟု ယခုအခါစဉ်းစားမိပါ သည်။ ထိုစဉ်က ထိုကဲ့သို့ တစ်ခါမျှ မစဉ်းစားခဲ့မိပါ။ ဆရာ၊ဆရာမများထံမှ ညည်းညူသံ မကြားခဲ့လည်း ဖြစ်နိုင်ပါသည်။

Lectureချိန်ပျက်မှာကို ကျောင်းသားတိုင်းကြောက်ကြသည်။အဘယ့်ကြောင့်ဆိုသော် ပို့ချသောဆရာက သူအရေးကြီးသည် ထင်သောအချက်ကို သေသေချာချာ ရှင်းပြသည်။ ထိုအခါLecture လိုက်ရင်းမှတ်ထားရသည်။ ကိုယ့်အတန်းပျက် သူများဆီက Lecture ကို ကူးယူပါက ထိုကဲ့သို့ပြောဆိုချက်ကို မည်သည့်နည်းနှင့်မျှ ရလိုက်မည်မဟုတ်ပါ။ တချို့ အချက်က ကိုယ်ကအရေးကြီးသည် မှတ်ယူသော်လည်း တခြားကျောင်းသားက ကိုယ့်လို ယူဆချင်မှယူဆပေမည်။ထို့ကြောင့်အတန်းမှန်မှန်တက်ကြသည်။Tutorialမှန်မှန် ဖြေသည်။

အထက်ပါရေးသားချက်များကိုကြည့် စာရေးသူတို့ကျောင်းတက်စဉ်က လူတိုင်း စာ မေးပွဲအောင်ကြမည်ဟု ထင်စရာရှိပါသည်။ ထိုထင်မြင်ချက်သည် မှားပါသည်။ စာမေးပွဲကျ သူများရှိပါသည်။ စာမေးပွဲတစ်ခါကျလျှင် ကျောင်းပြန်တက်ပြီး နောက်တခါဖြေဆိုခွင့်ရှိပါ သည်။ စာမေးပွဲနှစ်နှစ်ဆက်တိုက်ကျလျှင် ပြင်ပကျောင်းသားအဖြစ် Supple နှစ်ခါဖြေခွင့်ရှိ ပါသည်။ ထိုကြောင့် စာရေးသူတို့ ကျောင်းတက်စဉ်က Supple ထိသော ကျောင်းပျော် ကျောင်းသား ကြီးများကို တွေ့ခဲ့ဖူးပါသည်။

ထိုစဉ်က အပျော်တမ်းဝင်ကြသော UTCသင်တန်းဆိုတာ ရှိပါသည်။ သူတို့ သင်တန်း တက်သောနေ့များတွင် ယူနီဖောင်းတွေနှင့် ကျောင်းတက်ကြပါသည်။ ထိုအခါမျိုးတွင် သူတို့ ၏ ဖိနပ်သံတွေ၊ ဦးထုပ်ပြုတ်ကျသံတွေကို ဆရာ၊ဆရာမတွေ၏ စာသင်သံများကြားတွင် ကြားနေရပါသည်။ တချို့တိုင်းရင်းသားများသည် ရိုးရာဝတ်စုံများကို ၀တ်ဆင်ပြီး ကျောင်း တက် တတ်ကြပါသည်။ ရောင်စုံဖြာပြီးလှနေသော စီးပွားရေးတကသိုလ်ဖြစ်ပါသည်။

ထိုစဉ်ကကျောင်းစာအပြင် အားကစား၊ အနုပညာသင်တန်းများ ရှိပါသည်။ ၀ါသနာပါ ရာကို လုပ်နိုင်ပါသည်။ အနုပညာ သင်တန်းတွင် အဆို ၊အက ၊အတီး ၊ပန်းချီစသဖြင့် သင်နိုင်ပါသည်။ အားကစားတွင် ရေကူး၊ ပြေးခုန်ပစ်၊ ဘောလုံး၊ ခြေလျင်နှင့်တောင်တက် စသဖြင့်ရှိပါသည်။ စာရေးသူတို့ကျောင်းတက်စဉ်က ဗိုလ်မှူးကြီးလှအောင်နှင့် ကျောင်းသား ကျောင်းသူအဖွဲ့ဝင်များ တောင်တက်တာမှတ်မိပါသည်။ ၀ါသနာပါသူတွေ ၀င်ရောက်ကြပါ သည်။ စာရေးသူကတော့ ဘာသင်တန်းမှမတက်ဖြစ်ဘဲ သူငယ်ချင်းတွေ အကသင်၊ အဆိုသင်သည့် Recreation Centre (RC)မှာ သွားရောက် အားပေးခဲ့တာ မှတ်မိပါသည်။

ဘွဲ့နှင်းသဘင်ခန်းမမှာ ပထမနှစ်တုန်းက စာမေးပွဲဖြေရသည်နှင့် ပြည်ထောင်စုနေ့ တစ်ရက်မှာ စီးပွားရေးမှ တိုင်းရင်းသားပေါင်းစုံ မုန့်ရောင်းပွဲတော် လုပ်ကြသည်ကိုလည်း မှတ်မှတ်ရရရှိရ ပါသည်။ ထိုနေ့က တိုင်းရင်းသားကျောင်းသားကျောင်းသူများသည် သူတို့၏ ရိုးရာအင်္ကျီများဝတ်ဆင်ပြီး ရိုးရာအစားအစာများကို ရောင်းချကြပါသည်။ အလွန်လှပသော မြင်ကွင်းဖြစ်ခဲ့ပါသည်။ တိုင်းရင်းသားဝတ်စုံ အပြည့်အစုံကာတ်ပုံတွေထဲမှာသာ မြင်ဖူးရာမှ ကိုယ့်သူငယ်ချင်းတွေကိုယ်တိုင် ၀တ်ဆင်ပြီးထားတာတွေ တွေ့မြင်ရခြင်းဖြစ်ပါသည်။ သူတို့ အချင်းချင်း သူတို့ဘာသာစကားများ ပြောကြ။ ရယ်မောကြနှင့် ကြည်နူးဝမ်းသာစရာ ဖြစ်ပါ သည်။

မှတ်မှတ်ရရ အဖြစ်အပျက်တစ်ခုမှာ ၁၉၇၀-၇၁ကြားတွင် ငလျင်လှုပ်သည့် အဖြစ် ဖြစ်ပါသည်။ ကျောင်းရောက်ပြီးမှ အဲဒီရက်၊ ဘယ်အချိန်မှာ ငလျင်လှုပ်မယ်ဆိုသည့် သတင်း ရောက်လာပါသည်။ ငလျင်လှုပ်တာကို ကြိုတင်သိဖို့ အလွန်ခက်သည်ဟု ထင်ပါသည်။ ထိုစဉ်က ဘယ်လိုက ဘယ်လိုကို သတင်းရသည်မသိပါ။ ကျောင်းသားကျောင်းသူများ၊ ဆရာဆရာမ အတော်များများ ကျောင်းပေါ်မှဆင်းပြီး မြက်ခင်းတွေ လမ်းတွေမှာနေကြတာ မှတ်မိပါသည်။ တချို့ ဆရာ၊ဆရာမတွေကတော့ အောက်မဆင်းဘဲကျောင်းပေါ်မှာ ကျန်ခဲ့ တာ လည်းရှိပါသည်။ ငလျင်လှုပ်ပြီးနောက် ကျောင်းပေါ် တပျော်တပါး ပြန်တက်ကြသည်ကို မှတ်မိပါသည်။ နောက်မှတ်မိသည် တစ်ခုမှာ အရှေ့တောင်အာရှ ကျွန်းဆွယ် အားကစားပွဲ (5th SEAGAMES) ဖြစ်ပါသည်။ စီးပွားရေးတက္ကသိုလ်မှ ကြည်ကြည်ဟန်က အားကစားအဖွဲ့ တစ်ဖွဲ့၏ အလံကိုင်ရတာဖြစ်ပါသည်။ စီးပွားရေးတက္ကသိုလ်မှ ဘယ်သူဘယ်ဝါ ကျွန်းဆွယ် မှာ ၀င်ပြိုင်သည်ကိုတော့ အမှတ်မရတော့ပါ။

အထက်ဖော်ပြပါ အကြောင်းအရာအားလုံးသည် စာရေးသူပညားဆည်းပူးခဲ့သော ငါးနှစ်တာအချိန်အတွင်း စီးပွားရေးတက္ကသိုလ်အကြောင်း လွမ်းဆွတ်စရာ၊ တမ်းတစရာ၊ ကြည်နူးစရာ အကြောင်းများဖြစ်ပါသည်။ ခရစ်နှစ် ၂၀၀၄ခုနှစ်တွင် ကျရောက်မည့် စီးပွားရေးတက္ကသိုလ်၏ နှစ်(၄၀) မြောက် ပတ္တမြားရတုနေ့အတွက် ကျေးဇူးကြီးမားလှသော ဆရာ၊ ဆရာမများ၏ ဂုဏ်ကျေးဇူးကို သတိရလျက် ရေးသားလိုက်ရခြင်း ဖြစ်ပါသည်။

Sunday, June 15, 2008

University Life Style

တခါတုံးက ရန်ကုန်တက္ကသိုလ် ၄ ရက် မေ လ မြင်ကွင်း

Saturday, June 14, 2008

Book Review

ပုံပြင်စာအုပ်များကိုမိတ်ဆက်ပေးမည်။

တက္ကသိုလ်ရွှေရီဝင်း ဘာသာပြန်ထားသော ပုံပြင်စာအုပ်လေး ၃ အုပ်

မုံရွေး စာပေတိုက်မှ ထွက်ရှိလာပါပြီ။

မိုးပြိုမှာစိုးတဲ့ ကြက်ကလေးပိစိ

ဧပြီလ ၂၀၀၈ ခုနှစ်တွင်၎င်း၊

ခွေးမလေး လက်စီ နှင့် ပူစီလေးများ

ဂျွန်လ ၂၀၀၈ ခုနှစ်တွင်၎င်း၊

ဂျင်ဂျာမုန့်ကလေး

ဂျွန်လ ၂၀၀၈ ခုနှစ်တွင်၎င်း

ထွက်ရှိခဲ့ခြင်းဖြစ်ပါသည်။

ငယ်ငယ်ကဖတ်ခဲ့ဖူးကြမည့်ပုံပြင်ကလေးတွေကိုခပ်တိုတို

ရုပ်ပုံလေးတွေက ချစ်စရာဖြင့် ကလေးတို့စိတ်ကြိုက်ဖြစ်မှာသေချာပါသည်။

မုံရွေးစာပေတိုက်

အမှတ် (၁၄၀) ၄၅ လမ်း (ထက်)

ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့

ဖုံး - ၂၉၇၀၇၂