Thursday, June 23, 2011

Book Advertisement – Wonderful Water

စာအုပ်အမည် -  ရေအကြောင်းသိကောင်းစရာ
ဘာသာပြန် - တက္ကသိုလ်ရွှေရီဝင်း
မူရင်းစာအုပ် - Wonderful Water by Cheryl Palin
၂၀၁၁ ဒီဇင်ဘာလ ပထမအကြိမ်
စာမျက်နှာ - ၄၆
၉၀၀ကျပ်
စိတ်ကူးချိုချို
အခန်း - ၁၀ ခန်းနှင့်ပြန်လှန်လေ့ကျင့်ခန်း၊အိမ်စာများနှင့်ပုံပြအဘိဓါန်
ဘာသာပြန်စာအုပ်တစ်အုပ်ဖြစ်သောလည်းမြန်မာကလေးများနှင့်ရင်းနှီးနေသောရေအကြောင်းများ
ဖြစ်ပါသည်။လူကြီးများလည်းဖတ်ကာဗဟုသုတရနိုင်သောစာအုပ်ကလေးတစ်အုပ်ပါ။စိတ်ဝင်စား
ဖွယ်အခန်းများကတော့ ရေကိုချွေတာသုံးစွဲခြင်း၊ရေ၏အန္တရယ်များ၊ရေ၏အသုံးဝင်ပုံများဖြစ်ပါလိမ့်
မည်။လူ့ကိုယ်ခန္တအတွင်းမှာရေဘယ်လောက်ပါသလဲ၊ရေမသောက်ပဲဘယ်လောက်ကြာကြာနေ
နိုင်သလဲ၊ေ၇ပန်းနဲ့ရေချိုးတာနဲ့ရေချိုးကြွေကန်နဲ့ရေချိုးတာဘယ်ဟာကရေပိုကုန်သလဲတဲ့။စသည်
ဖြင့်သိချင်စဖွယ်မေးခွန်းများကိုဖြေပြထားပါသည်။ဒါ့အပြင်ကလေးများအတွက်မေးခွန်းများက
လည်းစိတ်ဝင်စားဖွယ်။ပိုစတာတစ်ခုရေးဆွဲပြီးထိုပိုစတာထဲမှာရေကိုမည်သို့ချွေတာရမည့်အ
ကြောင်းရေးပါတဲ့။စသည်လိုမေးခွန်းများနဲ့ကလေးများစိတ်ကွန့်မြူးဖွယ်ဖြေစရာတွေးစရာများ
ပါပါသည်။ဆေးရောင်စုံဒီဇိုင်းဆန်းများနဲ့မို့ကလေးများသဘောကျလိ့်မ်မည်ဟုထင်ပါကြောင်း။

No comments: