
ဘဘဦးဝင်းတင်ဆီက စာအုပ်နဲ့ မေတ္တာစာ
ဂျူနီယာဝင်း၊ မေ ၂၀၊ ၂၀၁၄
“ဒါလားဟဲ့ လူငရဲ“ ဆိုတဲ့စာအုပ် မူရင်းကို ရှားရှားပါးပါး ရခဲ့စဉ်က
အိမ်မှာ ဘဘကြီး ဦးခင်မောင်လတ် အတွက် ၁၄နှစ်ပြည့် ဆွမ်းကျွေး တဲ့နေ့ကပါ။
ဘဘဦးဝင်းတင်ရဲ့ အဲသည်စာအုပ်က လူတိုင်းလိုချင် လူတိုင်းဖတ်ချင်နေတဲ့ကာလမှာ
ဘဘဦးဝင်းတင်က သူ့ကိုယ်ပိုင်ရတဲ့ စာအုပ် ၄အုပ် ထဲက ကျွန်မတို့ မိသားစုအတွက်
တစ်အုပ်ပေးခဲ့ ပါတယ်။ စာအုပ်ရတော့ ဘဘကိုလက်မှတ်ထိုးခိုင်းတော့...