Tuesday, December 30, 2014

ကျွန်မ၏ တွေးမိသော အတွေးများ ဂျူနီယာဝင်း

ကျွန်မ၏ တွေးမိသော အတွေးများ (အမှတ် ၂၃ဝ၊ အတွေးအမြင်) ကျွန်မ စာစရေးခဲ့တာ ၁၉၉၆ ခုနှစ်မှာ ဖြစ်ပါတယ်။ အဲသည် ၁၉၉၆ သြဂုတ် ၂၈ ရက်မှာ ဘဘကြီး ကွယ်လွန်ခဲ့တယ်။ ဘဘကြီး ဟာ ကျွန်မရေးတဲ့စာဆိုလို့ အတွေးအမြင်မှာ စတင်ဖော်ပြခဲ့တဲ့ ဆောင်းပါးနှစ်ပုဒ်လောက်သာ သိသွားခဲ့ရတယ်။ ဘဘကြီးက မေမေကြီးထက် ပိုပြီး ကျွန်မစာရေးတာကို သိပ်ကို ဂုဏ်ယူအားပေးခဲ့တယ်လို့ ခံစားခဲ့ရဖူးတယ်။ အဲသည် ပါလာတဲ့ ဆောင်းပါးတစ်ပုဒ် နှစ်ပုဒ်လောက်ကို လာတဲ့သူတွေပြပြပြီး ပြောနေတာကို ကျွန်မဟာ ရှက်တောင်လာရတဲ့အထိ...

Sunday, December 28, 2014

ဘာသာပြန်ရခြင်းဒုက္ခ ဂျူနီယာဝင်း

ဘာသာပြန်ရခြင်းဒုက္ခ(အမှတ် ၂၃၁၊ အတွေးအမြင်) ကျွန်မသည် အင်္ဂလိပ်မှ မြန်မာဘာသာသို့ ဘာသာပြန်ဆိုရသည့် အလုပ်မျိုးကို တစ်ခါတစ်ရံတွင် အလုပ်သဘောအရ လုပ်ဖူးပါသည်။ သို့ရာတွင် ကိုယ်ဘာသာပြန်ရသည့် အကြောင်းအရာက ကိုယ်နှင့်ဘာမှမဆိုင်၊ ကိုယ်ကလည်း စိတ်မဝင်စားသည့် အခါမျိုးတွင် ငြင်းရပါသည်။ မေမေကြီး ဒေါ်ခင်မျိုးချစ် ရေးသားသော အင်္ဂလိပ်လိုစာများ၊ ဆောင်းပါးများကျတော့ ကျွန်မက စိတ်လည်းဝင်စားပြီး၊ ဘာသာပြန်ရတာ ပျော်စရာလည်း ကောင်းပါသည်။ ထိုအခါ ကျွန်မကို တစ်ခါတစ်ရံ ဘာသာပြန်ခိုင်းသူများကို...

Friday, December 26, 2014

ကျွန်မဘဝ၏ စာမျက်နှာများ ဂျူနီယာဝင်း

ကျွန်မဘဝ၏ စာမျက်နှာများ(အမှတ် ၂၃၂၊ အတွေးအမြင်)ကျွန်မဘဝ၏ စာမျက်နှာများကို တစ်ရွက်ချင်းလှန်ကာကြည့်ပါက အဖြစ်အပျက်များစွာသည် Truth is stranger than fiction. (တကယ့်အဖြစ်အပျက်များသည် စိတ်ကူးယဉ်ထက်တောင် ဆန်းကြယ်သည်) ဟူသကဲ့သို့ပင် ဖြစ်ရလေသည်။ ယခုတင်ပြထားသော စာမျက် နှာများကား ကျွန်မ M.Sc (Maths) ဘွဲ့ရခဲ့ပြီး လုပ်သားကောလိပ်နှင့် လှိုင်နယ်မြေတွင် အချိန်ပိုင်းနည်းပြ လုပ်ခဲ့ရသည်မှ စပါသည်။ အချိန်ပိုင်းဘဝဟူသည် တက္ကသိုလ်များဖွင့်ချိန်မှာ ကျူတိုရီရယ် အချိန်များတွင်...

Thursday, December 25, 2014

ပျောက်ကွယ်သွားပြီဖြစ်သော အနောက်နိုင်ငံကကျေးလက်ယဉ်ကျေးမှုများ ဂျူနီယာဝင်း

ပျောက်ကွယ်သွားပြီဖြစ်သော အနောက်နိုင်ငံကကျေးလက်ယဉ်ကျေးမှုများအမှတ် ၂၃၉၊ အတွေးအမြင်) စာရေးဆရာကြီး သောမတ်ဟောဒီ (Thomas Hardy) (၁၈၄ဝ-၁၉၂၈) ရေးသားသော ဝတ္ထုကြီးများကို ယနေ့ခေတ်မီသော စာဖတ် သူများက နှစ်သက်နေကြဆဲဖြစ်နေခြင်းမှာ ပျောက်ကွယ်သွားပြီဖြစ်သော အနောက်နိုင်ငံက ကျေးလက်ဘဝများကို မြင်တွေ့ကြရသောကြောင့် ဖြစ်သည်။ ခေတ်မီသော ကမ္ဘာဆီသို့ ခြေလှမ်းလှမ်းနေကြသော အဖြစ်အပျက်များစွာထဲက မီးရထားသံလမ်းများ ခေတ်ပြောင်းတော်လှန်ရေး သည် တစ်ခုအပါအဝင်ဖြစ်ကာ Hardyသည်...

Tuesday, December 23, 2014

နာဂစ်အမှတ်တရ ဂျူနီယာဝင်း

နာဂစ်အမှတ်တရ (အမှတ် ၂၄၂၊ အတွေးအမြင်) နာဂစ်ဟူသော စကားလုံးကို ကြုံဖူးသူတိုင်း သိကြပြီးဖြစ်၍ အထူးရှင်းစရာမလိုတော့ပြီ။ တစ်နာရီမိုင် ၁၅ဝ ကျော် တိုက်ခတ်ခဲ့သော ကြီးမားပြင်းထန်သည့် မုန်တိုင်းကြီး ၂ဝဝ၈ ခုနှစ် မေလ ၂-၃ ရက်မှာ ဖြစ်ပွားခဲ့တာကို သိကြပါသည်။ ဒီနာဂစ်ဟူသော အသံကိုဖြင့် မကြား လိုပါဟု ခံစားနေရသည့် ကြားမှပင် နာဂစ်အမှတ်တရဟု ဆိုလိုက်တော့ အမှတ်တရဆိုတာ ကောင်းသော အဓိပ္ပာယ်၊ အမှတ်ရဖွယ်အဖြစ်များ ဟုသာ ယူဆထားကြလေတော့ နားမလည်ဖြစ်သွားမည်လားဟု တွေးမိပါသည်။...

Friday, December 19, 2014

မမေ့နိုင်စရာများ ဂျူနီယာဝင်း

မမေ့နိုင်စရာများ(အမှတ် ၂၄၇၊ အတွေးအမြင်) ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ကို ကျွန်မတို့ လွယ်လွယ်နှင့် မမေ့နိုင်ပါ။ ကျွန်မ၏ အဘိုးအဘွားများက ထိုနေ့ဟာဖြင့် မျက်ရည် များနဲ့ ဝမ်းနည်းကြေကွဲစရာများ လွှမ်းမိုးနေသော နေ့ဟု အမြဲပြောကြတာကို ကျွန်မမှတ်မိနေပါသည်။ မြို့ထဲမှာ ဘယ်နေရာကိုပဲ ကြည့်လိုက် ကြည့်လိုက်၊ ဘတ်စကားပေါ်၊ ရထားပေါ်၊ ဈေးထဲ၊ ယောကျာ်းကြီးတွေ မျက်လုံးတွေ စိုစွတ်၊ အမျိုးသမီးတွေ ငိုရှိုက်နေလိုက်ကြတာများ သူတို့ အသည်းနှလုံးတွေ ကွဲကြေသွားကြသလို မြင်တွေ့ကြရတယ်။...

Wednesday, December 3, 2014

Book review - အထက်တန်းအဆင့် Composition - ဂျူနီယာဝင်း

အထက်တန်းအဆင့် Composition - ဂျူနီယာဝင်း စာအုပ်အမည် - အထက်တန်းအဆင့် Composition မူရင်း - Wren and Martin’s High School English Grammar and Composition ဘာသာပြန်သူ - ဂျူနီယာဝင်း ပထမအကြိမ် ၂၀၁၄ အောက်တိုဘာ အုပ်ရေ ၅၀၀ အခန်း ၁၆ ခန်း မျက်နှာဖုံးဒီဇိုင်း သင်းနွယ်စိုး မျက်နှာဖုံး ပန်းချီကား Portrait of Rodo Pissarro ‘Reading’ ထုတ်ဝေသူ ဦးလှတိုး တိုက် ၁၇...

Book Review - ဥရောပစာပေ ယဉ်ကျေးမူအနုပညာမိတ်ဆက် - ခင်မျိုးချစ်

ဥရောပစာပေ ယဉ်ကျေးမူအနုပညာမိတ်ဆက် - ခင်မျိုးချစ် စာအုပ်အမည် - ဥရောပစာပေ ယဉ်ကျေးမူအနုပညာမိတ်ဆက် ရေးသူ - ခင်မျိုးချစ် ကံ့ကော်ဝတ်ရည်စာပေ ဦးကျော်ဇင် အမှတ်၅၁ ရေကျော်လမ်း ပုဇွန်တောင် ပထမအကြိမ် ၁၉ ၇၆ သိဒိစာစဉ် ဒုတိယအကြိမ် ၂၀၀၂ ပဒေသာစာပေ တတိယအကြိမ် နိုဝင်ဘာ ၂၀၁၄ ကံ့ကော်ဝတ်ရည် ဖုံး ၀၉  ၂၅၀၀၁၂၃၄၈။ ၀၉  ၂၅၉ ၂၉ ၁၈၃၇။ ၀၉ ၇၃၀ ၄၁၁၃၇။ အမှတ် ၂၂ မဟာဇေယျလမ်း ပုဇွန်တောင် အီးမေး -...

Book Review - Selections from Colourful Burma by Khin Myo Chit ရောင်စုံလှစွာ ပြည်မြန်မာ - ဒေါက်တာခင်မောင်ဝင်း

Selections from Colourful Burma by Khin Myo Chit ရောင်စုံလှစွာ ပြည်မြန်မာ -  ဒေါက်တာခင်မောင်ဝင်း စာအုပ်အမည် - ရောင်စုံလှစွာ ပြည်မြန်မာ   ဘာသာပြန်သူ - ဒေါက်တာခင်မောင်ဝင်း မူရင်း - Selections from Colourful Burma by Khin Myo Chit ၂၀၀၇ အောက်တိုဘာ အုပ်ရေ ၁၀၀၀ တန်ဖိုး ၃၀၀၀ ကျပ် ပါရမီစာပေ ၂၃၀၊ ၂၉  လမ်း ပန်းဘဲတန်းမြို့နယ် ရန်ကုန် ဖုန်း...