Monday, July 20, 2015

Book Review - he Ruse and War-Time Storie


ဒေါ်ခင်မျိုးချစ်၊ ဦးခင်မောင်လတ် ၂၀၁၅ ရာပြည့် ထွက်လာတဲ့ စာအုပ်များ အညွှန်း
မိုးမခစာအုပ်စင်၊ ဇူလိုင် ၄၊ ၂၀၁၅

Khin Myo Chit – The Ruse and War-Time Stories
မြန်မာပြန်အမည် – လမ်းလွှဲခြင်းနှင့် စစ်အတွင်းအတွေ့အကြုံများ
ဘာသာပြန်သူ – ဒေါက်တာခင်မောင်ဝင်း၊ ဂျူနီယာဝင်း
ဒေါ်ခင်မျိုးချစ်နှစ်တစ်ရာပြည့်အမှတ်တရ
ဒေါင်းစာပေ
ပထမအကြိမ်  ၂၀၁၅ ဇွန်လ၊
တန်ဖိုး- ၂၀၀၀ကျပ် ။ အုပ်ရေ – ၅၀၀
သီရိဝံသစာပေ – ၁၁၃၊ ၃၃လမ်း ကျောက်တံတားမြို့နယ် ရန်ကုန်မြို့
ဖြန့်ချီရေး – ဒေါင်းစာပေ။ ၁၁၃ မြေညီထပ်၊ ၃၃လမ်း အလယ်၊ ကျောက်တံတား
စာမျက်နှာ – ၉၂၈
ဆောင်းပါးများ – အင်္ဂလိပ်နှင့်မြန်မာ 
ခင်မျိုးချစ် (အင်္ဂလိပ်လို) ၁၆ပုဒ်၊ ဒေါက်တာခင်မောင်ဝင်း(မြန်မာပြန်) – ၈ပုဒ်၊ ဂျူနီယာဝင်း(မြန်မာပြန်) ၈ပုဒ်။
ဒေါ်ခင်မျိုးချစ်ရေးသားခဲ့သော အင်္ဂလိပ်လိုဆောင်းပါးများ Quest for Peace (Working People ‘s Daily) ၁၉၆၃-၆၉  ကာလတုန်းက ရေးသားခဲ့သည်များထဲက ၁၆ပုဒ်ကို မြန်မာဘာသာပြန်ဖြင့်တွဲဖက် ထုတ်ဝေထားပါသည်။ ဒေါ်ခင်မျိုးချစ်၏ မူရင်းအင်္ဂလိပ်လိုလက်ရာ ကပထမဦးဆုံး စာအုပ်အဖြစ်ထွက်ရှိခြင်း ဖြစ်သည်။ စစ်အတွင်းကာလ ကြုံခဲ့ရသမျှကို မချွင်းမချန်ရေးသားချက်များ ဖြစ်သည်။ လူမူရေးဘ၀၊ နိုင်ငံရေးဘ၀နှင့် မိသားစုဘ၀များကို တွေ့ကြရသည်။ 
ဒေါက်တာခင်မောင်ဝင်းဘာသာပြန်ထားသည်များမှာ အများအားဖြင့် အတွေးအမြင်မဂ္ဂဇင်းမှဖြစ်ကာ မြန်မာသစ်မဂ္ဂဇင်းမှတစ်ပုဒ်ပါသည်။ ဂျူနီယာဝင်းဘာသာပြန်သည်များ အတွေးအမြင်တွင် ဖတ်ဖူးပြီးသူများအားလုံး ပါဝင်ထားပါသည်။ ယခုလိုစာအုပ်တစ်အုပ်ထဲ စုစုစည်းစည်းတွေ့မြင်ရသည်မှာ ၀မ်းသာစရာဖြစ်ပါသည်။ အတွင်းတွင် ဒေါ်ခင်မျူိးချစ်၏ အတ္ထုပ္ဗတ္တိအကျဉ်းနှင့် ၂၀၁၅ရာပြည့်အမှတ်တရအဖြစ် ဦးခင်မောင်လတ် ဒေါ်ခင်မျိုးချစ်တို့၏ ဓါတ်ပုံများ ဖော်ပြထားတာတွေ့ရပါသည်။ ၂၀၁၅မှာ ထွက်ရှိလာခဲ့သော စာအုပ်အဖြစ်တွေ့မြင်ရသည်မှာ တိုက်ဆိုင်မှူပါပဲ။ 
ထို့အပြင် ဦးခင်မောင်လတ်ရေးသားသော Everyday Expression in English ယခု၂၀၁၅တွင် ထွက်ရှိလာခြင်းသည်လည်း ဦးခင်မောင်လတ်၏ ရာပြည့် အမှတ်တရဟု ဆိုရပါလိမ့်မည်။


No comments: