Tuesday, August 4, 2015

ဂျူနီယာဝင်း – ဆည်များ၏နေရာ ၂






ဂျူနီယာဝင်း – ဆည်များ၏နေရာ ၂


(မိုးမခ) သြဂုတ် ၃၊ ၂၀၁၅


(Junior Win’s Where Dams Dare II ကိုကိုယ်တိုင် ဘာသာပြန်သည်။)


မြန်မာပြည်မှာ ဆည်ပေါင်း ၂၀၀ကျော် ရှိနေပြီး ဟိုက်ဒရိုပါဝါဟု ခေါ်တွင်သော ရေအားလျှပ်စစ် ဓါတ်အားဟာဖြင့် မဂ္ဂါဝက်ပေါင်း ၃သောင်း၉ ထောင် ထုတ်လုပ်လျက်ရှိနေပြီဟု၍ သိရှိနေရပါသည်။ ဆည်တွေရဲ့ အပြစ်တွေ၊ အနာအဆာတွေ၊ ဖြစ်ပေါ်လာနိုင်တဲ့ ပြသနာတွေကို သိပ္ဗံပညာရူထောင့်ကပဲဆိုဆို၊ ပတ်ဝန်းကျင်ထိမ်းသိမ်းမူ ပညာရပ်ဆိုင်ရာ ဗဟုသုတများနဲ့ပဲ ထောက်ပြပြ ဆည်များကလဲ တိုးလာဆဲ၊ ပြသနာတစ်စုံတရာ မဖြစ်သ၍ ဆိုတဲ့ တေးသွားကို ညီးလာကြတာ ဘယ်လောက်တောင် ကြာပီလဲ။ အခုတော့ ရေကြီး မိုးလျှံ ဆိုတဲ့ အချိန်ကာလကို ရောက်လာတဲ့အခါ ဆည်တွေရဲ့ အကျိုးဆက်တွေကြောင့် ဖြစ်ပေါ်လာတဲ့ တသက်နဲ့ တကိုယ် မကြုံစဖူး ရေဘေး ပြသနာတွေကြုံရတော့ ဒီဒုက္ခတွေကို ဆန်းစစ်မိပါတယ်။ လတ်တလော တန်ဆာခံ ပြည်သူပြည်သားတွေရဲ့ ဒုက္ခတွေကို မြင်ရကြားရတော့ သည်လိုဖြစ်လာရတဲ့ ပြသနာ အရင်းအမြစ်ကို ရှာဖွေတူးဆွမိသပေါ့။


၂၀၀၂ကနေ စတင်လှုပ်ရှားသက်ဝင်လာတဲ့ ဆည်လုပ်ငန်များဟာ ဂစ်ဂါဝပ် ၆ထောင်ကျော်ကနေ စခဲ့တာပါ။ ဆည်လုပ်ငန်းများရဲ့ တည်ဆောက်မူ ဟာ ၃နှစ်ကာလ ကနေ အနှစ် ၃၀ စီမံကိန်းအထိ ရှိပါသတဲ့။ အင်မတန် သဘောမနောကောင်း မြန်မာပြည်ဟာ ကိုယ့်တိုင်းပြည်က စုတ်ပြတ်သတ်ပြီး မီးရေမရလို့ အတိဒုက္ခရောက်နေသူများသာ တင်မက အိမ်နီးချင်းနိုင်ငံများဖြစ်တဲ့ တရုတ်၊ ယိုးဒယား၊ အင်ဒီယားတို့ အတွက်တောင် ရေအားလျှပ်စစ်များ ရှယ်ာယာလုပ်နေတာကို သာဓုခေါ်ရမှာ ဖြစ်ပါတယ်။ မဂါဝပ် ၁သောင်းခွဲကျော် ထိထုတ်လုပ်မယ် ဆိုတဲ့ စီမံကိန်းကိုလဲ ကြားသိ မှတ်တမ်းတင်ကြ ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မဂါဝပ် ၁၀၀၀ကျော်ရှိတဲ့ ရေအားလျှပ်စစ် စီမံကိန်းဆည်ကြီး ၁၂ ခုဟာမီဒီယာများရဲ့ မျက်စိ နား နှခေါင်းကို ပြာသွားစေတယ် ဆိုယုံမက နောက်ထပ် မဂ္ဂါဝပ် ၁၀၀ကနေ ၁၀၀၀ အင်အားရှိတဲ့ ဆည်အသေးလေး ၂၇ခုဟာလည်း အနည်းဆုံး ဆောက်လုပ်နေတယ်ဆိုတော့ကာ မြန်မာပြည်ဟာ ကမ္ဘာ့အလည်မှာ မျက်နှာပန်း လှပနေတာကိုလဲ ဂုဏ်ယူကြရမှာ ဖြစ်ပါတယ်။


တရုတ်အမျိုးသားစီပွားရေး လုပ်ငန်း များက မြန်မာပြည်ရဲ့ ရေအားလျှပ်စစ်လုပ်ငန်း အနည်းဆုံး ၆၃ ခုမှာ ပါဝင်ကပြနေတယ်လို့ ဆိုပါတယ်။ ရွှေလီမြစ်က ရေအားလျှပ်စစ်စီမံကိန်း- ၁ ဟာ သက်သေတစ်ခုပေါ့။






ပြည်နယ်နဲ့ တိုင်း ၁၂ခု ဖြစ်တဲ့ ကချင်မှာ ၃၉ ခု၊ ကယားမှာ ၇ခု၊ ကရင် ၂၁ ခု၊ ချင်း ၂၂ ခ၊ု စစ်ကိုင်း ၂၁ခု၊ တနသာရီ ၁၄၊ ပဲခူး ၁၄၊ မကွေး ၈၊ မန်းတလေး ၁၇၊ မွန် ၁၀၊ ရခိုင် ၁၄၊ ရှမ်း၈၃၊ စုစုပေါင်း ၂၆၇ခု၊ နဲ့ မဂ္ဂါဝပ် ၄သောင်းနီးပါးဟာ မြန်မာပြည်ရဲ့ ဆည်မြောင်းတာတမံစီမံကိန်းများကနေ ထွက်ပေါ်လာနေတကိုလဲ ပြည်သူအများ သိရှိမှတ်ယူကြ ရမှာ ဖြစ်ပါတယ်။






ငါတို့ရဲ့ အမှောင်ထဲက ဖယောင်းတိုင်များ ဘယ်တော့ငြိမ်းရတော့မလဲရယ်နဲ့ ဆင်းရဲသားတိုင်းပြည်သူပြည်သားများ လျှပ်စစ်မီး ကလှည့် မကြာခင်ရောက်လာတော့မယ်ရယ်လို့ စောင့်စားနေကြသူတွေအတွက် အားရှိအောင် တင်ပြလိုက်တာပါ။ မကြာမှီ လာမည် မျော် ဆိုသလို ရေအားကနေ ရလာမယ့် လျှပ်စစ်ကို မျော်လင့်နေရာကနေ ဟောဆို မိုးမင်းကြီးဆီက ရေအားက အရင်ရောက်လာပုံ ရပါတယ်။






ယူနန်စက်မူဇုံက တရုတ်မြန်မာ ရေအားလျှပ်စစ် စီမံကိန်းများဟာ ၁၉ ၉ ၀ လောက်ကတည်းက စတင်လာခဲ့တာမှာ စီမံကိန်း ၂၅ခု – ကွန်းလုံ၊ ကျိုင်းတုံ အစရှိသည်တို့အပြင် ပေါင်းလောင်းဆည် ၃ုခု၊ ဇော်ဂျီ ၂ခု၊ မေခ မြစ်တလျောက်က ရေအားလျှပ်စစ် ဆည်များ အဖြစ် တဖြေးဖြေး များပျား ကူးဆက်လာတာဟာ ကင်ဆာအမြစ်များ မြစ်များတလျောက် ဖြန့်ကျက်လာသလိုပါပဲ။ အဲသည်စီမံကိန်းတွေထဲက တော်တော်များများဟာ အခုဆိုရင် လုံးဝဥသုံ ပြီးစီးနေပြီ ဖြစ်ကာ ကျန်တာများဟာလဲ ဆောက်လုပ်ရေးများ၊ ငွေကြေးကိစ္စများနဲ့ ကြန့်ကြာနေတာလောက်သာ ရှိပါတယ်။






ကချင်ဒေသမှာဆိုရင် တရုတ်ရဲ့ ကုမ္မဏီများကနေ မေခ၊ မေလိခ၊ ဧရာဝတီမြစ်များတလျောက် ဆည်ကြီးများဆောက်လုပ်ဖို့ကိစ္စများမှာ ပါဝင်ပတ်သက်လျက်ရှိနေကြပါတယ်။ မဂါဝပ်ပေါင်း ၁သောင်းခွဲနီးပါးလောက်ထုတ်လုပ်တဲ့ အဲသည်စီမံကိန်းအတွက် နတ်လူသာဓုခေါ်ရမှာလား။ ၂၀၀၇ခုနှစ်မှာ တရုတ်ရေအားလျှပ်စစ် စီမံကိန်းက မြန်မာပြည်က အာဏာရှိသူများနဲ့ ဆည်၇ခု တည်ဆောက်ဖို့ လက်မှတ်ရေးထိုးထား တယ်လို့သိရပါတယ်။ ၂၀၀၆ ခုနှစ်မှာ မြန်မာ့ လျှပ်စစ်စီမံကိန်းနဲ့ယူနန်ရေအားလျှပ်စစ် ကုမဏီနဲ့ မေခမြစ်တလျောက် ဆောက်လုပ်မယ့် ဆည်ကြီးများအတွက် ဒီဇိုင်းအဆင်သင့်၊ အစီအစဉ်အဆင်သင့်၊ သုတေသန အဆင်သင့်နေပြီဖြစ်တယ် လို့ဆိုထားကာ ဒါတွေက တကယ်ပဲ ဖြစ်လာပြီလား ဖြစ်နေဆဲလားဆိုတာတွေကိုတော့ တိတိကျကျ မသိရပါဘူး။






ဆည်တစ်ခု သည် စီးဆင်းနေသော ရေကို ပိတ်ဆို့ကာ ဆောက်လုပ်ခြင်းဖြင့် ၄င်း၊ အားကောင်းစွာ စီးဆင်နေတဲ့ ရေအားကို နည်းသွားစေလိုသော အခြေအနေတစ်ခုကိုဖန်တီး၍၄င်း ဆောက်လုပ်ကြပါတယ်။ ထို့ပြင် ရေလှောင်ကန် တာတမံတစ်ခုကို တည်ဆောက်၍ ရေများကို သိုလှောင်လေ့ရှိကြသလို ထိုရေများကို အနည်းအများ လွှတ်ကာ အဆက်မပြတ် စီးစေခြင်းဖြင့် ရေအားလျှပ်စစ်ကို ထုတ်လုပ်ကြပါတယ်။ ထိုအခါ အပြည်ပြည်ဆိုင်ရာ လူသားများကာကွယ်မူ ဆိုင်ရာ ဥပဒေအရ ကြီးမားသော အန္တရယ်ဖြစ်စေလောက်သည့် ရေအားကို ထိမ်းချူပ်ကာ ပတ်ဝန်းကျင်လူနေမူ စနစ်များကို ထည့်သွင်းရေးဆွဲစဉ်းစား ကြရပါတယ်။ ဆည်များကို ဆောက်လုပ်ရာတွင် ရေလွှမ်းမိုးမူကို ထည့်သွင်းစဉ်းစားမူက အစိတ်အပိုင်းတစ်ခု အနေနှင့်တော့ ထည့်သွင်းလုပ်ဆောင်လေ့ ရှိကြပါတယ်။






ဆည်တွေပျက်စီးမူဆိုတာကတော့ဖြစ်ခဲ တောင့်ဖြစ်ခဲသော အခြေအနေဖြစ်ပါတယ်။ သို့သော် ဆည်ကြီးပျက်စီးပြီဆိုမှတော့ လူအသက်ပေါင်းများစွာ သက်ရှိသတ္တ၀ါပေါင်းများစွာ သေကြေပျက်စီးမည် ဖြစ်တာကြောင့် နေ့စဉ်နဲ့အမျှ ဘုရားတရားနဲ့နေမှသာ သက်သာမယ့်သဘော ရှိပါတယ်။






နှစ်စဉ် သဘာဝေ၇လျံမူကို ကာကွယ်ရာရောက်ဖို့၊ ပူပြင်းခြောက်သွေ့တဲ့ ရာသီမှာ ဆည်တွေကနေ ရေရဖို့ ဆိုတာကြောင့်၊ သည်ဆည်တမံများဟာ အကျိုးကျေးဇူးရှိပါတယ်လို့ ကောင်းကွက်တွေကြီး ဆိုပြီး ဆိုသောငြားလဲပဲ တကယ့်ကို မိုးများလို့ ရေကြီးပြီဆိုပါရင် ဆည်များရေလျံမူကြောင့်ပါ၊ အတိုးချလို့ အနီးအနားက မြို့ရွာများကား ရေဘေးဒဏ် ခံရုံသာ ရှိတော့မှာ ဖြစ်ပါတယ်။






ဆည်များက ပေးတဲ့ဒုက္ခတွေဖြစ်လာဖို့ ဖြစ်နိုင်တဲ့ အခြေအနေများကို နိုင်ငံတကာက သုံးသပ်ပြကြရာမှာ ဆည်တည်ဆောက်ကတည်းက ကွန်ပြူတာ အတွက်အချက်မှားယွင်းမူ၊ တည်ဆောက်ေ၇းပစ္စည်းများ ညံ့ဖျင်းမူ၊ တလတန်သည် – တနှစ်တန်သည် ပြုပြင်ထိန်းသိမ်းမူ အားနည်းမူများ အပြင် ရေမျက်နှာပြင် အနေအထား အနိမ့်အမြင့်၊ ပထ၀ီ အနေအထားနဲ့ ကမ္ဘာ့မြေလွှာရဲ့ ပြောင်းလဲမူများနဲ့ သဘာဝဘေးအန္တရယ်ကြီးများဖြစ်တဲ့ မီးတောင်ပေါက်ကွဲမူ၊ နှင်းများ အဆမတန်ကျမူ၊ သစ်ပင်များပျြိုလဲမူများ၊ မိုးရေကြီးမူ နဲ့ငလျင်လှူပ်မူများ ဖြစ်တယ်လို့ ဆိုပါတယ်။






ဒါ့အပြင် ကြိုတင်မခန့်မှန်းနိုင် မတွက်ချက်နိုင်တဲ့ မမြင်ရတဲ့ ပြသနာတွေလည်း ရှိနေဦးမှာ ဖြစ်ပါတယ်။ ဒါတွေအကုန်လုံးကို ထည့်သွင်း တွက်ချက်ထားပြီး ကာကွယ်ဖို့ဟာ အင်မတန်ခဲယဉ်းတဲ့ ကိစ္စများ ဖြစ်ပါတယ်လို့ စာရေးသူအနေနဲ့ သုံးသပ်မိပါတယ်။ ဒါကြောင့်လည်းပဲ မခန့်မှန်းနိုင်တဲ့ ပြသနာတွေကို သိပ်မစဉ်းစားတာပဲ ကောင်းပါတယ် ဆိုတော့ ဆည်တွေဟာ တိုးသထက်တိုးလာတာဟာ အဆန်းတော့မဟုတ်ပါဘူး။ သည်တော့ သူများတိုင်းပြည်က အခြေအနေတစ်ခုကိုပဲ ဆွဲယူပြီး ဆည်မဆောက်ခင်မှာ ဒါတွေဖြစ်တတ်တဲ့ သဘာဝတွေကို လေ့လာဖို့ လိုအပ်နေပြီလို့ယူ ဆမိပါတယ်။






အီဂျစ်က အာစ်ဝန် ဆည်






အီဂျစ်က အာစ်ဝန် ဆည်မြောင်းတာတံမံ ရေကာတာကြီးဟာ ဧရိယာ တော်တော်များများကို အကျိုး အများကြီးပြုခဲ့တာ မှန်သောလဲ ပြသနာတွေကတော့ ရှိနေပါတယ်။ ရေလှောင်ကန်ကနေ ရေလွှမ်းမိုးမူကြောင့် မြစ်တလျောက်က ဒေသများ လူများထောင်ချီပြီး ပြောင်းရွေ့နေရပါတယ်။ မြစ်တလျောက်က လယ်ယာများဟာလဲ သဘာဝအလျောက်ရတဲ့ ရေမရတာကြောင့် မြေသြဇာနည်းပါးလာကာ ထုတ်လုပ်မူအား လျော့ကျလာပါတယ်။ အကြောင်းကတော့ အာစ်ဝန် မြစ်ရေ သို့မဟုတ် ရေလွှမ်းမိုးတာကြောင့် သဘာဝအလျောက်ရရှိသော မြေဆီဓါတ်များ နိမ့်ကျလာသောကြောင့် ဖြစ်ပါတယ်။ ဆည်များသည် မြစ်ရေများ၏ ရေလွှမ်းမိုူးကို ထိမ်းချူပ်လိုက်သောကြောင့် ချိုင့်ဝှမ်းများ၊ မြစ်ဝကျွန်းပေါ်ဒေသများက မြေကြီးများဟာလဲ မြေသြဇာမကောင်းပဲ အထွက်နျူန်းများ လျော့ကျလာ ပါတယ်။ ရေကာတာ ခေါ် ဆည် များကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မူဟာ ကြီးထွားလျက်ရှိပါတယ်။ ဆည်များဟာ မြစ်ရေကိုပိတ်ဆို့ထားသောကြောင့် မြစ်ရေလျှံ မူနည်းပါးလာသောလဲ မြစ်ဝကျွန်းပေါ်အရပ်က ရေများလည်းတက်လာ ကြောင့် နေထိုင်မူစနစ်နှင့် ဆက်သွယ်မူအခြေအနေများသည် ရေကာတာများကြောင့် ပျောက်ကွယ်မူများ၊ နေရပြောင်းရွေ့ရမူများ ကြုံနေကြရတာပါပဲ။


တကမ္ဘာလုံးမှာ ဆည်တွေ အများစုမှာ သည်လို ပြသနာတွေကြောင့် ရေလွှမ်းမိုးမူ ပြသနာများဟာ ကြုံတွေ့နေကြရတာတွေကို ဖတ်ရူမှတ်သားမိရသလောက် ဆည်တွေကြောင့် သစ်ပင်အိမ်ယာအဆောက်အဦ လယ်ယာလုပ်ငန်းများ သက်ရှိသတ္တ၀ါများ ပျက်င်္စီးဆုံးရူးံမူ များကိုတွက်ချက်ပြထားတာတွေ စတဲ့ ဆည်သမိုင်းရာဇ၀င်ကို အခုတော့ သည်မှာခနနားလိုက် ပါရစေ။


နိဂုံး






အာစ်ဝန်ဆည်ကြီးအကြောင်း မှတ်သားဖူးတုန်းက အဲသည်လို အဖြစ်များကို ကိုယ်နဲ့မဆိုင်ဖူးလို့ တွေးပြီး ဆည်များ၏နေရာ ဆိုပြီး ဆောင်းပါးရေးခဲ့ဖူးပါတယ်။ အခုအဲသည် ဆောင်းပါးတပိုင်းတစကို ပြန်ဖတ်မိတော့ အဲဒါ ငါတို့ တိုင်းပြည်ကအကြောင်းလား လို့ ထင်ယောင်ထင်မှားဖြစ်မိပါရဲ့။ သူများတွေ သောက်နေရတဲ့ ဆေးခါးကြီးကို ငါတို့လဲ သောက်နေရပါပီလားလို့ အခုတော့ စာနာစိတ်နဲ့ တွေးမိပါတယ်။ ဆည်တွေနားက မြို့ရွာတွေကို စိုးရိမ်မိတယ်။ သူတို့ဖြစ်နေတဲ့ သောကတွေ စိုးရိမ်စိတ်တွေကို ကိုယ်ချင်းစာမိတယ်။


အဆက်မပြတ်ရွာနေတဲ့ မိုးကြောင့် သတင်းထဲမှာ စိုးရိမ်ရေမှတ်မကျော်သေးပါ မစိုးရိမ်ရပါ ဆည်ကြီးက ခိုင်ခန့်ပါတယ် တာတမံထဲကရေ လျံဖို့ လက်မဘယ်လာက် လိုသေးပါကြောင်း လို့ ကြားရတိုင်း ကြားရတိုင်း အဲသည်နားက ပြည်သူပြည်သားတွေရဲ့ တုန်လှူပ် ခြောက်ခြားနေတဲ့ စိတ်ကိုပိုပြီး ဂရုဏာထားမိကာ သည်ဆောင်းပါးကလေးတစ်ပုဒ်ကို စိတ်မကောင်းစွာဖြင့် ရေးလိုက်မိပါတယ်။ ရေဘေးသင့်ပြည်သူများ အမြန်ဆုံး ဘေးရန်ကင်း ကြပါစေ။










No comments: