
ခေတ်တစ်ခေတ်၏ သူရဲကောင်းများ
ဂျူနီယာဝင်း
(အတွေးအမြင် အမှတ်-292, 2016 Oct)
ပြင်သစ်စာရေးဆရာကြီး အလက်ဇန်ဒါဂျူးမား (Alexandre Dumas) (၁၈၀၂-၁၈၇၀) ရေးသားသော Three Musketeers (သူရဲကောင်းသုံးယောက်) သည် ၁၈၄၄ မှာ ထွက်ရှိခဲ့သည်။ ၀တ္တုသည် သမိုင်းရာဇ၀င်စွန့်စားခန်းဖြစ်သည်။ ဖတ်လို့အလွန်ကောင်းသည်။ ပြင်သစ်ဘုရင်လူဝီ-၁၃ (Louis XIII) (၁၆၁၀) လက်ထက်ကို နောက်ခံထားထားသော ၀တ္တုကြီးဖြစ်သည်။ လူဝီ-၁၃၏ ၀န်ကြီးချုပ် ရစ်ချလူးသည်...