အမျိူးသမီးအခွင့်အရေး လှူပ်ရှားမူ
ဂျူနီယာဝင်း
အတွေးအမြင် ၃၁၃ ၂၀၁၈ စက်တင်ဘာ
(၁၉၉၂ ဇန်နဝါရီထုုတ် American Mosaic January 1992 မှ Women’s Movement ကုုိဘာသာပြန်သည်။ ရေးသူကတော့ အမေရိကန်မိုုးဆက် ကအယ်ဒီတာတစ်ဦး လိုု့ပဲ ယူဆရပါသည်။ သူ့အတုုိင်းဘာသာပြန်ထားသောလည်း စာရေးသူမှ ဖြည့်စွက်ချက်များကိုု ကွင်းစကွင်းပိတ်ဖြင့် ဖော်ပြပေးထားသည်။)
လွန်ခဲ့တဲ့လ သြဂုုတ်လတုုန်းက (၁၉၉၂ခုုနှစ် သြဂုုတ်လကုုိ ဆုုိလုုိပါတယ်) အမေရိကန်ပြည်ထောင်စုု လွှတ်တော်ကနေ အရေးတကြီးသတင်းတစ်ခုုကုုိ ထုုတ်ပြန် ကြေငြာလုုိက်ပါတယ်။ မဲအများဆုုံးရရှိချက်အရ ရှေးတုုန်းက ဥပဒေအဟောင်းဖြစ်တဲ့ အမျိူးသမီးတွေ စစ်အတွင်းမှာ စစ်လေယာဉ်ပျံမမောင်းရ ဆုုိတာကုုိ ဖြုတ်ပစ်လုုိက်တာပါ။
ပြည်သူ့လွှတ်တော် ကုုိယ်စားပြုဌာနချူပ်ကနေ ထုုိကဲ့သုုိ့သော အဓိပယ်ဆန်ဆန် ဥပဒေတစ်ခုုကိုု လည်းပဲ ဂျွန်လတုုန်းက ပြဌာန်းလုုိက်ပါသေးတယ်။ (အဲဒီ ဥပဒေကဘာလည်း ဆုုိတာတော့ ဖော်ပြမထားပါဘူး။)
လွှတ်တော်က မဲပေးမူတွေအရ အမေရိကန်အမျိူးသမီးများဆုုိင်ရာ အလုုပ်အကုုိင်တွေနဲ့ ပတ်သက်လုုိ့ ပြောင်းလဲမူတွေ ဖြစ်လာပြီလုုိ့ ယူဆပါတယ်။ အမျိူးသမီးများ လှူပ်ရှားမူတွေ စတင်ဖြစ်ပွားခဲ့တဲ့ လွန်ခဲ့တဲ့ နှစ်အစိတ် (၁၉၆ရခုုနှစ် လောက်က ကိုုဆိုုလုုိပါတယ်။) တုုန်းကနေစလိုု့ ပြောင်းလဲမူတွေ ဖြစ်လာတာလိုု့ ဆိုုရပါမယ်။ ယနေ့ခေတ်မှာတော့ (၁၉၉၂ခုုနှစ်ကိုု ပြောတာပါ။) ဒီလိုု လှူပ်ရှားမူတွေကုုိ တော်တော်များများ ကျယ်ကျယ်ပြန့်ပြန့်ကုုိ လက်ခံလာတဲ့ အနေအထား ဖြစ်လာပါပီ။
အမေရိကန်ပြည်တောင်စုုမှာ အမျိူးသမီးများ လှူပ်ရှားမူတွေရဲ့ ရည်ရွယ်ချက်က ဘာတွေလဲ။ လှူပ်ရှားမူတွေအရ အမျိူးသမီးတွေဟာ အမျိူးသားတွေလိုု အခွင့်အရေး တူတူလုုိချင်ပါတယ်။ အမျိူးသား အမျိူးသမီး ခွဲခြားဆက်ဆံခံနေရတာ မတရားဘူး။
ဥပမာပြောရရင် - အမျိူးသမီး လှူပ်ရှားမူတွေက ဘာတွေပြောကြသလဲ ဆုုိတော့ အမျိူးသမီးတွေဟာ အမျိူးသားတွေလုုပ်တဲ့ အလုုပ်ကုုိပဲ လုုပ်ကြရမယ်ဆုုိရင် သူတုုိ့လုုိပဲ တူညီတဲ့ လခကုုိ ရသင့်ပါတယ်တဲ့။ ပြီးတော့ နုုိင်ငံရေးအရ ပြောဆုုိမူတွေကုုိလည်း ပြောရေးဆုုိခွင့် အခွင့်အရေးတွေ ရသင့်ပါတယ်တဲ့။ ပြီးတော့ ဘဏ်ကနေ ချေးငွေကိစ္စများနဲ့ ပတ်သက်တဲ့ အခွင့်အရေးကိုုလည်း အမျိူးသားတွေလုုိ တန်းတူညီမ ျှ ပေးသင့်ပါတယ်တဲ့။
တချိူ့သော ရည်ရွယ်ချက်တွေကတော့ လွန်ခဲ့တဲ့ နှစ် အစိတ်အတွင်းမှာကုုိ (၁၉၆ရခုုနှစ် ကနေ ၁၉၉၂ခုုနှစ်အတွင်းကုုိ ဆုုိလုုိပါတယ်။) အထမြောက်လာကြပါတယ်။ ဥပမာ - ယနေ့ (၁၉၉၂ခုုနှစ်ကုုိပြောတာပါ။) ဆုုိရင် အမေရိကန်ပြည်ထောင်စုုမှာ အမျိူးသမီးတွေဟာ ကျောင်းတုုိ့၊ လူမူရေးရာကိစ္စတွေမှာ အလုုပ်တွေ လုုပ်လာနုုိ်င်ကြပါပီ။ တချိူ့ဆုုိ နုုိင်ငံရေးထဲတောင် ဝင်လာကြပီ။
အမေရိကန်အမျိူးသမီးတွေဟာ လွန်ခဲ့တဲ့ နှစ်တစ်ရာကျော် ၁၈၅ဝကာလ အတွင်းမှာကတည်းက အမျိူးသမီးအခွင့်အရေး အတွက် တိုုက်ပွဲဝင်လာခဲ့ကြတာ ဖြစ်ပါတယ်။ သည်အုုပ်စုုတွေက တဖြေးဖြေး အဓိကမာန်တုုိင်သဖွယ် ဖြစ်လာကြပါတယ်။ သူတုုိ့က အမျိူးသမီးတွေဟာ မဲပေးခွင့်ရှိရမယ်လုုိ့ တောင်းဆုုိလာကြတယ်။ အဲသည်တုုိက်ပွဲဟာ နှစ် ပေါင်း ခုုနှစ်ဆယ် ကြာခဲ့ပါတယ်။ ၁၉၂ဝခုုနှစ် တုုိင်အောင် အမေရိကန်အမျိူးသမီးများ မဲပေးခွင့် ရပီဆုုိတဲ့ ဥပဒေမထွက်သေးပါဘူး။
အဲသည်နောက်ပုုိင်းမှာမှ အမျိူးသမီးအခွင့်အရေးကုုိ ထောက်ပံ့သူများဟာ သူတုုိ့ရဲ့ အရေးအကြီးဆုုံး ပန်းတုုိင် တနေ့ကျ သူ့အလိုုလိုု ရောက်ကုုိ ရောက်ရမယ်လိုု့ ခံစားလာမိကြတယ်။ သည်လုုိနဲ့ အမျိူးသမီး လှူပ်ရှားမူများဟာ အမေရိကမှာ နှစ် လေးဆယ် (၄၀) ကျော်ကြာ ညိမ်သက်နေခဲ့တယ်။
၁၉၆ဝခုုနှစ်တွေ လောက်မှာ အမျိူးသမီးကျောင်းသူ တော်တော်များများဟာ နိုုင်ငံရေးလှူပ်ရှားမူတွေမှာ တက်ကြွစွာ ပါဝင်လာကြပါတယ်။ သူတိုု့က ဗီယက်နမ်စစ်ပြီးဆုုံးဖုုိ့ လှူပ်ရှားမူတွေမှာ ပါလာတယ်။ လူမျိူးရေးတန်းတူညီမ ျှရေး ကိစ္စတွေအတွက် ပါဝင်လာကြပါတယ်။
အဲသည်အမျိူးသမီးတွေက အမျိူးသားတွေကုုိ မေးခွန်းတွေစမေးလာကြတယ်။ - အမျိူးသားတွေက ဘာဖြစ်လုုိ့ အမျိူးသမီးတွေကုုိ ရုုိးရုုိးသာမန် လူမူရေးကိစ္စတွေမှာတောင်မှ အာဏာ မပေးနုုိင်ရတာပါလဲ။ အမျိူးသမီး တော်တော်များများဟာ အဲသည်လုုိ ဘဝမှာ သတ်မှတ်ခံထားရတာတွေကုုိ စဉ်းစားလာကြတယ်၊ မကြေမနပ်တွေ ဖြစ်လာကြပါတယ်။
နယူးယောက်မှာ အမျိူးသမီးစာရေးဆရာ အနည်းငယ်လောက်နဲ့ တက်ကြွ လှူပ်ရှားသူအမျိူးသမီးတွေ စုုပြီး တွေ့ဆုုံမူတွေ လုုပ်လာကြပါတယ်။ အဲသည်အုုပ်စုုဝင် အမျိူးသမီးတော်တော်များများဟာ သူတိုု့ကုုိ အမျိူးသားတွေလောက် ညဏ်ရည်မရှိဖူးဆုုိတာ နားသွင်းခံထားရသူတွေ ဖြစ်ပါတယ်။ သူတုုိ့ကုုိယ်တုုိင်ဟာ လှူပ်ရှားမူတွေထဲ ပါဝင်နေတာတောင်မှ သူတုုိ့စိတ်ထဲမှာ စိမ့်ဝင်နေတာက အမျိူးသားတွေရဲ့ အလုုပ်တွေက အမျိူးသမီးအလုုပ်တွေထက် ပုုိပြီး အရေးကြီးပါသတဲ့။
အဲသည်လုုိ တွေ့ဆုုံမူတွေကနေ ရလာတဲ့ အရေးပါဆုုံး အတွေးအခေါ်တွေထဲက တစ်ခုုကတော့ “ကိုုယ်ရေးကုုိယ်တာဆုုိတာ နုုိင်ငံရေးပဲ“ ဆုုိတာဖြစ်ပါတယ်။ အဓိပယ်ကတော့ အမျိူးသမီးများရဲ့ ဘဝအဖြစ်အပျက်များဟာ သူတိုု့ကိုုယ်ရေးကိုုယ်တာ ကိစ္စတွေကြီးပဲမဟုုတ်ပါဘူး၊ ဒါတွေဟာ နိုုင်ငံရေးသဘောတရားတွေလည်း ဖြစ်ပါတယ် လုုိ့ဆုုိလုုိပါတယ်။
ဥပမာအားဖြင့် - အမျိူးသမီးတစ်ယောက်ကုုိ သူ့ယောကျား်က ရုုိက်နှက်တယ်ဆုုိတဲ့ ကိုုယ်ရေးကုုိယ်တာ အဖြစ်အပျက်မှာ သူမသည် အမျိူးသားတစ်ဦး၏ အနှိတ်စက်ခံ တန်ဆာခံ တစ်ခုုတည်း ဖြစ်တာမဟုုတ်၊ သူမသည် ခင်ပွန်းသည်က သူ၏ ဇနီးသည်ကိုု ရုုိက်နှက်နှိတ်စက်သော လူမူရေးဆုုိင်ရာကိစ္စတစ်ခုု၏ တန်ဆာခံဖြစ်နေတယ် လိုု့သတ်မှတ်ပါတယ်။
၁၉ရဝကာလတွေတုုန်းက အဲသည်အဖွဲ့အုုပ်စုုဝင်တစ်ဦးဖြစ်သူ ဗီဗီယန် ဂေါနစ် ဆုုိတဲ့အမျိူးသမီးက နယူးယောက်တုုိင်းမဂ္ဂဇင်းမှာ သူ့အကြောင်းတွေကုုိ ပြန်ပြောင်းအမှတ်ရပြီး ရေးသားခဲ့ပါတယ်။ “အဲသည်အကြောင်းတွေ ပြန်ပြောရတာ ကျွန်မရင်ထဲကုုိ လေဆာရောင်ခြည်နဲ့ အပစ်ခံနေရသလိုုပါပဲ။ အခုုတော့ သည်ဒဏ်ရာတွေဟာ ရောင်ခြည်နဲ့အတူ နွေးထွေးသွားပြီး တဖြေးဖြေး ကုုစားပေးလာနေပါတယ်။ “
သူမကပြောရာမှာ အဲသလုုိ အမျိူးသမီးတွေ တွေ့ဆုုံပွဲလေးတွေကနေ အချိန်အတော်ကြာ တိတ်ဆိတ်စွာခံစားနေခဲ့ကြရတဲ့ ဘဝအဖြစ်အပျက်တွေ ပွင့်ထွက်လာစေပါတယ်တဲ့။
၁၉ရဝခုုနှစ်တွေများတုုန်းက အမေရိကမှာ အမျိူးသမီးလှူပ်ရှားမူတွေ ပုုိပြီးကျယ်ပြန့်လာကာ တန်းတူအခွင့်အရေးရရှိဖုုိ့ ဆန္ဒပြလမ်းလျောက်ပွဲတွေ ကျင်းပလာတဲ့အထိ ဖြစ်လာပါတယ်။ သူတိုု့က ကုုမဏီတွေ၊ ကျောင်းတွေကုုိ ဥပဒေကြောင်းအရပဲ အမျိူးသမီးများကိုု ကောင်းကောင်းမွန်မွန် မျှမျှတတ ဆက်ဆံဖုုိ့ တွန်းအားပေးခဲ့ကြပါတယ်။ သူတိုု့က နုုိင်ငံရေးလှူပ်ရှားမူတွေကုုိလည်း ဦးဆောင်ကျင်းပလာကြပါတယ်။
“အမျိူးသမီးများဆုုိင်ရာ အမျိူးသားအဖွဲ့အစည်း“ ဟာ (သည်နေရာမှာ အမျိူးသားဆိုုတာ National ကုုိပြောတာပါ။) (National Organization for women) အခုုဆုုိရင် အကြီးမားဆုုံး အုုပ်စုုကြီး ဖြစ်လာပြီ။ ယနေ့ဆုုိရင် (၁၉၉၂ခုုနှစ်ကုုိ ပြောတာပါ) အဲဒီအသင်းအဖွဲ့ကြီး သက်တမ်းက ၂၆နှစ်ရှိပြီ ဖြစ်ပါတယ်။ ၁၉၆၆ခုုနှစ် ဂျွန်လ ၃၀ ရက်နေ့က စတင်ဖွဲ့စည်းလုုိက်တဲ့ ဒီအဖွဲ့ကြီးဟာ အခုု (၂၀၁၈ခုုနှစ်) ဆုုိရင် သက်တမ်း ၅၁ နှစ် ရှိပါပြီ။ စစချင်း အမျိူးသမီး အယောက် ၄၉ ဦးနဲ့ စခဲ့ရတာပါ။ ဥက္ကဌ ၁၂ ဦး နှစ်အလုုိက် တာဝန်ထမ်းဆောင်ခဲ့ရာမှာ ယခုုလက်ရှိ တုုိနီဗန်ပဲလ် လက်ထက်ဖြစ်ပါတယ်။
အမေရိကန်အမျိူးသမီးတွေ တော်တော်များများက နုုိ်င်ငံရေးလှူပ်ရှား တက်ကြွသူတွေ မဟုုတ်ပါဘူး။ ဒါပေမယ့် အမျိူးသမီးများ လှူပ်ရှားမူတွေကြောင့် သူတိုု့ရဲ့ဘဝတွေကုုိ ဦးဆောင်မူတွေ စလုုပ်ဖုုိ့ စိတ်ပါလာကြပါတယ်။
ဥပမာ - သူတုုိ့က အလုုပ်သမား လှူပ်ရှားမူတွေမှာ စတင်ပါဝင်လာကြတယ်။ အတိတ်မှာ ဖယ်ခံခဲ့ရတဲ့ အလုုပ်တွေမှာ အလုုပ်တွေ ရလာကြတယ်။ အမျိူးသမီးတွေဟာ ထရပ်ကားဒရုုိင်ဘာတွေ၊ ဆရာဝန်တွေ၊ ရှေ့နေတွေနဲ့ မီးသတ်သမားတွေ ဖြစ်လာပါတယ်။
၁၉၆ဝခုုနှစ် အမေရိကမှာ ကလေးရှိတဲ့ လက်ထပ်ပြီး အမျိူးသမီးများ အများစုုဟာ အိမ်အပြင်ထွက် အလုုပ်မလုုပ်ကြပါဘူး။ ယနေ့တော့ (၁၉၉၂ခုုနှစ်) ၃ပုုံ၂ပုုံက အလုုပ်ထွက်လုုပ်နေကြပါပြီ။ အမျိူးသမီးအများစုုက ပြောတာတော့ သူတိုု့ရဲ့အရေးကြီးဆုုံး ပန်းတုုိင်က ပျော်ရွင်ဖွယ် အိမ်ထောင်သည်ဘဝကုုိ ရရှိခြင်းပါတဲ့။ ဒါပေမယ့် အလုုပ်မှာ အောင်မြင်မူက ဒုုတိယ ပန်းတုုိင် အဖြစ်နောက်က လုုိက်လာပါပြီ။
လွန်ခဲ့တဲ့ ဆယ်နှစ်က (၁၉၈၂ခုုနှစ်ကုုိ ဆုုိလိုုပါတယ်) အမျိူးသမီးများဟာ ပျမ်းမ ျှအားဖြင့် အမျိူးသားများ ရတဲ့လခ ၏ ၅၉ ရာခုုိင်နှူန်း ပဲ ရပါတယ်။ ယနေ့တော့ (၁၉၉၂ခုုနှစ်) အမျိူးသမီးများလခဟာ အမျိူးသားများရတာ၏ ရဝရာခုုိင်နှူန်း ရပါပီ။ ကျွမ်းကျင်သူတွေကပြောရာမှာ အဓိကအချက်က ပညာရေးနဲ့ လေ့ကျင့်မူတွေကြောင့် တုုိးရလာတာ လုုိ့ဆုုိပါတယ်။ အမျိူးသမီး တော်တော်များများဟာ ယနေ့ (၁၉၉၂) ခေတ်မှာ လခများများရတဲ့ အလုုပ်အကိုုင်မျိူးကုုိ ရရှိဖုုိ့ ကြိုးစားနေကြပါတယ်။ ယနေ့ခေတ် အခြေအနေ (၂၀၁၇-၁၈) ကာလ တွေမှာတော့ အမျိူးသမီးတွေရဲ့ လခဟာ အမျိူးသားတွေကုုိ မှီလာရုုံမက တချိူ့သော နေရာဌာနတွေ မှာ အမျိူးသားတွေရဲ့ လခကုုိ ကျော်တက်လာနေတာတွေ တွေ့ကြရပါတယ်။ ဥပမာ တချိူ့ မဂ္ဂဇင်းဝန်ထမ်းတွေမှာ အမျိူးသမီးအယ်ဒီတာက အမျိူးသားအယ်ဒီတာ ထက် လခ ဒေါ်လာ၂သောင်း ပုုိရနေပါတယ်။
အခုုထိ(၁၉၉၂ကုုိ ပြောတာပါ။) တော့ အမျိူးသားနဲ့ အမျိူးသမီး လခရပုုံက မတူပါဘူး။ အကြောင်းပြချက်တွေ အမျိူးမျိူး ရှိပါတယ်။ အမျိူးသမီးတော်တော်များများက မိရုုိးဖလာအလုုပ်မျိူး ဥပမာ စာသင်တဲ့အလုုပ် သုုိ့မဟုုတ် သူနာပြုအလုုပ်တွေကုုိ လုုပ်နေကြဆဲ ဖြစ်ပါတယ်။ အဲသည်အလုုပ်တွေက အမျိူးသားတွေလုုပ်တဲ့ အလုုပ်တွေထက် စကတည်းက လခက နည်းပြီးသား ဖြစ်နေပါတယ်။
တချိန်တည်းမှာပဲ အမျိူးသမီးတွေက မိခင်တွေ ဖြစ်နေကြတယ်။ သူတိုု့ခင်မျာ အိမ်အလုုပ်နဲ့အပြင်အလုုပ်ကြားမှာ တော်တော်ကြီး ဗျာများနေကြရတယ်။ အဲသည်အလုုပ်နှစ်ခုုစလုုံး လုုပ်ဖုုိ့ိုဆုုိရင် တစ်ပတ်ကုုိ နာရီ၄၀ အောက်သာ သာမန်အားဖြင့် လုုပ်နုုိင်ကြမှာ ဖြစ်ပါတယ်။ သည်တော့ လခက နည်းသွားတာပေါ့။
အမျိူးသမီးများ လှူပ်ရှားမူတွေ လုုပ်လာကြတော့ အမျိူးသမီးတချိူ့က အတွေးတွေ ရလာတယ်။ ဟုုတ်တယ်လေ အမျိူးသမီးတွေလည်း အမျိူးသားတွေလုုိပဲ တန်းတူအခွင့်အရေး ရှိသင့်တာပေါ့။ ဘာဖြစ်လုုိ့ အမျိူးသမီးတွေကျတော့ အမျိူးသားတွေလုုိ တန်းတူ မဖြစ်ရတာလဲ။
တချိူ့ လှူပ်ရှားသူ(အမျိူးသမီးတွေကုုိယ်တုုိင်ကတောင်) သူတုုိ့တွေက “နိုုး“ လုုိ့တုုန့်ပြန်ကြပါတယ်။ ဘာကြောင့်လဲဆုုိတော့ အမျိူးသားတွေနဲ့မှ သူတုုိ့က တူမှမတူတာ။ သည်လုုိတုုိင်းတာတာ မှားတယ်ပေ့ါ။ သည်တော့ မိဘဘုုိးဘွား လက်ထပ်ကတည်းက လက်ခံထားတဲ့ အမျိူးသမီးအလုုပ်တွေ ကုုိပဲ လုုပ်ရင်လုုပ်၊ ဒါမှမဟုုတ် အန္တရယ်ကင်းကင်းနဲ့ ဘယ်သူမှ မထိခုုိက်တဲ့ အရာမျိူးတွေ ရှာလုုပ် ဒါပဲ။
ဥပမာ - တချိူ့ ကုုမဏီတွေက ပြောင်းလဲတဲ့အနေနဲ့ အမျိူးသမီးလုုပ်သားတွေ ခန့်ထားလာကြတယ်။ သူတုုိ့က ကလေးမွေးဖွားဖုုိ့ ခွင့်ရက်ရှည် ပေးမယ်ဆုုိတော့ အမျိူးသမီးတွေ အတွက် အဆင်ပြေမယ်။ တချိူ့က အချိန်ပုုိင်း လုုပ်ခွင့်ပေးတယ်။
ဒါပေမယ့် လှူပ်ရှားသူတွေက တုုိးတက်မူ ပြောင်းလဲမူကသိပ်ကိုု နှေးလွန်းတယ်လိုု့ ပြောကြတယ်။ အကြောင်းပြချက်တစ်ခုုက ကုုမဏီတော်တော်များများမှာ ထိပ်ပုုိင်းမှာ ခန့်ထားတဲ့ အမျိူးသမီးအရေအတွက်က နည်းသေးတယ်။ အဲဒါမလုုံလောက်ဘူး။ အရှိန်ပြင်းပြင်းနဲ့ တုုိးတက်ဖုုိ့လုုိတယ်။
တချိူ့အမျိူးသမီးတွေမှာ ကုုမဏီအကြီးကြီးတွေမှာ အရေးကြီးတဲ့အလုုပ်တွေ မထမ်းဆောင်ကြရဘူး။ သူတုုိ့ဟာ ထိပ်ဆုုံးအဆင့်ကုုိ ရောက်ဖုုိ့ ပိတ်ဆိုု့ခံထားရတယ်လုုိ့ ခံစားကြရတယ်။ အဲသည်လုုိ အပိတ်ဆုုိ့ခံထားရတာကိုု သူတုုိ့က “ဖန်မျက်နှာကျက်“ လုုိ့ခေါ်ကြတယ်။ ဆုုိလုုိတာက အမျိူးသမီးတွေဟာ ထိပ်က အဆင့်တွေကုုိ ဖန်သားကုုိ ဖြတ်ပြီး တွေ့မြင်ခွင့်ရကြပေမယ့် အဲသည်ကုုိ တက်လှမ်းရောက်ရှိဖုုိ့ အခွင့်မရှိကြဘူး။ (မြင်သာမြင်ရ မကြင်ရ ဆုုိတဲ့ မြန်မာစကားပုုံလုုိပေါ့။)
အမျိူးသမီးတော်တော်များများဟာ သူတိုု့ုုိကုုိယ်ပုုိင်လုုပ်ငန်းတွေမှာတောင် ဖန်မျက်နှာကျက်တွေနဲ့ အတားဆီးခံထားကြရတယ်လိုု့ ခံစားမိကြပါတယ်။ ယနေ့ခေတ် (၁၉၉၂ခုုနှစ်ကာလ) မှာဆုုိရင် စီးပွားရေးလုုပ်ငန်းအသေးစား တွေရ့ ဲ ၃ပုုံ၁ပုုံဟာ အမျိူးသမီးတွေ ပိုု်င်ကြပါတယ်။
နှစ်ပေါင်းများစွာ အမေရိကန်ပြည်ထောင်စုုမှာ အခြေခံဥပဒေဆုုိင်ရာ တန်းတူညီမျှ အခွင့်အရေး ရရှိဖုုိ့ ပြင်ဆင်မူ တွေလုုပ်ဖုုိ့ အမျိူးသမီးလှူပ်ရှားမူ တွေပါဝင်လာကြပါတယ်။ အဲသည်ပြင်ဆင်မူတွေအရ အမျိူးသမီးတွေဟာ ဥပဒေအရ တန်းတူညီမ ျှ အခွင့်အရေးတွေ ရရှိလာကြမှာ ဖြစ်ပါတယ်။
ပြင်ဆင်မူအတွက် ဒါကုုိ ဆန့်ကျင်ကြတဲ့ တန်ပြန်ထုုိးနှက်မူများကုုိ ဖြတ်ကျော်ရာမှာ အခက်အခဲတွေ ရင်ဆုုိင်ရလိုု့ အဲဒီလှူပ်ရှားမူတွေက ဘယ်တော့မှ မအောင်မြင်ပါဘူး။
အမေရိကန်နုုိင်ငံရေးဘဝမှာ အမျိူးသမီးတွေရဲ့ အခြေအနေက ရောထွေးနေပါတယ်။ မနှစ်က (၁၉၉၁ခုုနှစ်ကိုု ဆုုိလုုိပါတယ်) ဆုုိရင် အရင်နှစ်တွေကထက် အမျိူးသမီးအမတ်တွေ ပိုုများလာတယ်။ ဒါပေမယ့် ဥပဒေကြောင်းဆုုိင်ရာ အမျိူးသမီးအရေအတွက်က နှေးကွေးစွာပဲ တက်လာပါတယ်။
ဒေသဆုုိင်ရာ အဖွဲ့တွေမှာ အမျိူးသမီးအုုပ်ချူပ်သူ နေရာ၅၀ ရှိလာတယ်။ ဒါဟာ ၆ % ရာခုုိင်နှူနး်ပဲ ရှိပါသေးတယ်။ ပြည်သူ့ကုုိယ်စားလှယ်အဖြစ် အဖွဲ့ဝင်အရေအတွက်ဟာ အမျိူးသမီး ၃၁ ယောက်ပဲရှိပါတယ်။ ဒါဟာ ၇ ရာခုုိင်နှူနး်ပဲ ရှိပါတယ်။ လွှတ်တော်မှာ အမျိူးသမီး ၂ယောက်ပဲရှိတယ်။ ဒီအရေအတွက်ဟာ လွန်ခဲ့တဲ့ နှစ် ၂၀ တုုနး်ကအတုုိင်းပါပဲ။ (ဒါတွေက ၁၉၉၂ စစ်တမ်းအရ ဖြစ်ပါတယ်။)
လှူပ်ရှားသူတွေကပြောတာတော့ ဘယ်လောက် အောင်မြင်မူရတယ် ဆုုိတာကုုိ တုုိင်းတာဖုုိ့ ခက်ပါတယ်တဲ့။ တနေ့နေ့ကျရင်တော့… တဲ့၊ သူတုုိ့ကပြောပါတယ် ကျေနပ်လောက်အောင် တုုိးတက်လာမှာပါတဲ့။ အဲသည်နေ့မရောက်ခင်မှာတော့ တဲ့၊ သူတုုိ့က ဆက်ပြောပါတယ် လုုပ်စရာတွေ အများကြီး ကျန်နေသေးတယ် တဲ့။
သုုိ့သော်လည်း အခုုအခါမှာ အမေရိကန်ပြည်ထောင်စုုက လှူပ်ရှားသူတွေ တောင်းဆုုိတဲ့ အမျိူးသမီးအခွင့်အရေးတွေကုုိ စဉ်းစားလာ၊ လက်ခံလာကြပါတယ်။ သည်တော့ လှူပ်ရှားသူတွေက ဒါဟာ အောင်မြင်မူရဲ့လမ်းစပဲလုုိ့ ပြောလာကြပါတယ်။
ယနေ့ခေတ် (၁၉၉၂ခုုနှစ်) အမေရိကန်အမျိူးသမီးများဟာ သူတုုိ့ရဲ့ မိခင်များနဲ့ သူတုုိ့ရဲ့အဖွားများ နဲ့ မတူကွဲပြားတဲ့ ဘဝများကုုိ အလုုိရှိကြ၊ မျော်လင့်လျက် ရှိနေကြပါတယ်။ အဲသည်အတိတ်က အနှိမ်ခံ၊ လူရာသွင်းမခံရတဲ့ ဘဝမျိူး ပြန်မသွားချင်ကြတော့ ပါဘူး။
ဂျူနီယာဝင်း
No comments:
Post a Comment