Wednesday, August 21, 2019

ဂျူနီယာဝင်း - ကွန်ပြူတာနည်းပညာတော်လှန်ရေးသို့ ဝီနာ ထုတ်ပြသော ခေါင်းစဉ်များ


ဂျူနီယာဝင်း - ကွန်ပြူတာနည်းပညာတော်လှန်ရေးသို့ ဝီနာ ထုတ်ပြသော ခေါင်းစဉ်များ

(အတွေးအမြင် သြဂုတ်လ ၂၀၁၉ )
(မိုးမခ) ဇူလိုင် ၃၁၊ ၂၀၁၉



(2001 ခုနှစ်ထုတ် M. Mitchell Waldrop (အမ် မီချယ် ဝါလ့်ဒရော့) ရေးသားသော The Dream Machine ကို ဘာသာပြန်ထားပါတယ်။ J.C.R. Licklider နဲ့ သူ့ရဲ့ ပါစင်နယ်ကွန်ပြူတာ နည်းပညာတော်လှန်ရေး အကြောင်း ဆိုပါတော့ လို့ စာအုပ်မှာ ကြော်ငြာထားပါတယ်။)

(မက်စက်ချူးဆက် အင်ဂျင်နီယာတက္ကသိ်ုလ်မှာ သြဇာသက်ရောက်လှတဲ့ ပုဂ္ဂိုလ်ကြီး Norbert Wiener ( နော်ဘတ် ဝီနာ ) က ကွန်ပြူတာခေတ်ကို သွားဖို့ ခြေလှမ်းတွေလှမ်းခဲ့တဲ့အထဲမှာ သူချပြခဲ့တဲ့ခေါင်းစဉ်တွေထဲက တစ်ခု အကြောင်း အခုဆက်ပါ့မယ်။ မက်စချူးဆက်တက္ကသိုလ်က Claude Shannon (ကလော့ ရှနွန်) အကြောငး်တွေ ပြန်ပါလာပါ့မယ်။ဘာသာပြန်သူရဲ့ ဖြည့်စွက်ချက်တွေကိုတော့ အခုလို ကွင်းစကွင်းပိတ်နဲ့ ဖော်ပြထားပါတယ်။)

သင်္ချာကိန်းဂဏာန်းတွေကနေ သုညနဲ့တစ်ပဲပါတဲ့ အခြေနှစ်ခု ဘိုင်နရီသင်္ချာ (Binary) စနစ်ဆီသို့

1 အခြေ (တစ်) တွေ နဲ့ 0 (သုည) တွေ ကြီးပဲပါတဲ့ ဘိုင်နရီစနစ် ကို ရွေးချယ်မူဟာ ၁၉၃၀ခုနှစ်တွေတုနး်ကတော့ လွယ်ကူတဲ့ ရွေးချယ်မူ မဟုတ်ပါဘူး။ လူတွေက လက်နှစ်ဖက်ကို မြှောက်ပီး တွက်ချက်နေခဲ့ကြတာပါ။ (ဆိုလိုတာက လက်ဆယ်ချောင်းနဲ့တွက်ချက်နေကြတာ ကိုပြောတာပါ ) အဲဒါကို အခြေတစ်ဆယ်နဲ့ တွက်ချက်မူလို့ ခေါ်ပါတယ်။ ရှနွန်က သူ့ရဲ့ လ ျှပ်စစ်ပတ်လမ်းတွေကို အဲဒါကနေပီး ဘိုင်နရီစနစ်နဲ့ စဉ်းစားပြလိုက်တာပါ။ ခလုပ်ကို ဖွင့်တယ် ပိတ်တယ် အဲဒါဟာ အခြေ သုညနဲ့ တစ်ပဲပါတဲ့ စနစ်။

၁၉၃၇ခုနှစ် နိုဝင်ဘာလ လောက်မှာ သင်္ချာအင်ဂျင်နီယာ လူငယ်လေးတစ်ယောက် George Stibitz (ဂျော့ စတီဘစ် ) ကိုနယူးယောက်က ဘဲလ် တယ်လီကုမဏီဓါတ်ခွဲခန်းကနေ အလုပ်တစ်ခု အပ်တယ်။ သူက တယ်လီဖုန်းစနစ်တစ်ခုကို လေ့လာသုံးသပ်တယ်၊ လုပ်ငန်းစဉ်တွေကို ချကြည့်တယ်။ သူစဉ်းစားတဲ့ပုံစံတွေက ကွန်ပြူတာစနစ်တစ်ခုအတွက် ခြေလှမ်းတစ်ခုကို လှမ်းဖို့ဖြစ်လာတယ်တဲ့။ သူက ရှနွန်ရဲ့ Circuit (ဆားကစ် - လ ျှပ်စီးပတ်လမ်း) တွေအကြောင်း နားမလည်ပါဘူး။ ဒါပေမယ့် ခလုပ်ဖွင့်-ပိတ်၊ မှန်-မှား၊ ဟုတ်-မဟုတ်၊ ဆိုတဲ့ သုညနဲ့ တစ် ပဲပါတဲ့ စနစ်ကိုတော့ ချက်ချင်းကြီးကို မြင်တယ်တဲ့။ သူက မီးခလုပ်ဖွင့်-ပိတ်တာအပြင် တခြားသော လုပ်ငနး်စဉ်တွေကို လုပ်ဖို့ အကြံတွေရလာလိုက်တာ သူ့အိမ်က မီးဖိုချောင်မှာတောင် လ ျှပ်စစ်ပတ်လမ်းတွေပါတဲ့ ဆားကစ် စနစ်တစ်ခုကို တပ်ဆင်လိုက်နိုင်တယ် ဆိုပဲ။

စတိဘစ် က လ ျှပ်စစ်ပတ်လမ်းတစ်ခုကို ရိုးရိုးရှင်းရှင်းလေး တည်ဆောက်လိုက်တယ်။ ပြီးတော့ ခလုပ်ကို အောက်ကို ဖိတယ်ဆိုတာကို ဝမ်း 1 ၊ လက်ကို ပြန်လွှတ်လိုက်တာကို ဇီးရိုး 0 လို့ ဘိုင်နရီစနစ်နဲ့ အလုပ်လုပ်တယ်။ ဆိုတော့ကာ 1 ဖွင့်တယ်၊ 0 ကပိတ်တယ်ပေါ့။ အဲဒါကို ရိုးရှင်းတယ်လို့ ခေါ်မလား မခေါ်ဘူးလား။ ဘာပဲဖြစ်ဖြစ်လေ အဲဒါနဲ့ အလုပ်ဖြစ်သွားတယ်။ တခါ 1+1 ဆိုတဲ့သဘောတရားအရ နှစ်ခါ နှိတ် လိုက်တယ်ဆိုတာက မီးခလုပ်က ဖွင့်ပီး ပြန်ပိတ်သွားပါတယ် (တဲ့)။ ဒါကြောင့် အဲဒါက 1+0 နဲ့သွားတူနေပါတယ် (တဲ့)။ ဒါက ရိုးရိုးဒစ်ဂျစ်တယ်နံပါတ် 2 နဲ့လည်း တူနေပါတယ် (တဲ့)။ ရှနွန်က သူ့သီအိုရီနဲ့ အောင်မြင်ခဲ့တာကို စတီဗစ်က ဒါကို ကွန်ပြူတာ (ဟာ့ဝဲလ်)hardware အတွက် ပုံစံသစ်တစ်ခု ဖော်ဆောင်လိုက်ပါတယ်။ (ဟာ့ဝဲလ် ဆိုတာကွန်ပြူတာ စက်ပိုင်းဆိုင်ရာ အကြမ်းစားနည်းပညာပေါ့လေ)

နောက်တနေ့မနက်မှာ သူ (စတီဘစ်) က သူလုပ်ထားတဲ့ ဆားကစ် (လျပ်စစ်ပတ်လမ်း)ကို ဘဲလ် ဓါတ်ခွဲခန်းမှာ သူ့အဖော်တွေကို ချပြခဲ့တယ်။ ပြောရရင်တော့ အပျော်လုပ်ပြလိုက်တာပေမယ့် အဲဒါက လူတိုင်း အံ့သြမင်သက်သွားပါတယ်။ စတီဗစ်အတွက်တော့ အဲဒါက ကစားစရာလေးလိုပါ။ ဒါပေမယ့် ဒါဟာ တကယ် ့ကို ထူးဆန်တဲ့ ကစားစရာဖြစ်သွားတယ်။ သည်တော့ ဒါကို သည်လိုပဲ ထားထားလို့ ဘယ်ဖြစ်ပါ့မလဲ။ စတီဘစ်က အဲသည ်ဘိုင်နရီစနစ်ကို ပေါင်းနှူတ်မြှောက်စားကို ပါ လုပ်ပြဖို့ ဘိုင်နရီဆားကစ်ကို ဆက်သွားပါတယ်။ သည်တော့ အခြေနှစ်နဲ့ စဉ်းစားထားတာထဲနဲ့ ဘိုင်နရီစနစ်က တကယ်ပဲ အလုပ်ဖြစ်လာပီလားဆိုတာက ဆက်လက်စောင့်ကြည့်ရမှာပါ။ ရိုးရိုး အခြေခံ ဆယ် စနစ်ကနေ ဘိုင်နရီ နှစ် စနစ်ဆီကို ပြောင်းပစ်ဖို့ ဆားကစ်တစ်ခုက လိုအပ်လာပါပီ။

သိ်ပ်မကြာခင်မှာ စတီဘစ် ဟာသူ့ရဲ့မူလပထမ တာဝန်ဆိုတာကို တောင် မေ့သွားတယ်။ ဘဲလ် ဓါတ်ခွဲခန်းကို ရောက်လာတဲ့ သူ့ရဲ့ဆားကစ်ဟာ ကလေးကစားစရာထက် ပိုတယ်ဆိုတာ သိသာလာတယ်။ ၁၉၃၈ အစောပိုင်းကာလမှာ သူ့ဆရာက သင်္ချာပုစ္ဆာတွေကို ဖြေရှင်းဖို့ calculator ကယ်ကူလေတာ လေးတစ်လုံး (ဂဏာန်းတွက်စက်) တည်ဆောက်ခိုင်းလိုက်တယ်။ အဲသည်မှာ Imaginary (အင်မဂျင်နရီ)ကိန်းဂဏာန်းတွေရော၊ Complex ကွန်ပလက်စ် ကိန်းဂဏာန်းတွေရော ပါ ပါနိုင်မလားတဲ့။ (အင်မဂျင်နရီ ဆိုတာ ကွန်ပလက်စ်ကိန်းတွေတွက်ချက်ရင် သုံးရတဲ့ ကိန်းတွေလို့ပဲ ဆိုကြပါစို့) (ကွန်ပလက်စ် နံပါတ်တွေဆိုတာ -1 ကို နှစ်ထပ်ကိန်းရှာတဲ့ ကိန်းတွေကို ပြောတာပါ။) အဲဒါက အမှန်ပြောရရင် AT&T (American Telephones & Telegraphs - အမေရိကန် ကြေးနန်းနဲ့တယ်လီဖုန်းဆက်သွယ်ရေး) က ဆွဲထားတဲ့ဒီဇိုင်းစနစ်ပုံစံမျိူးပေါ့။ သူတို့ကတော့ လိုင်းတွေဆွဲပီး အကွာအဝေး ရှာပြီး ဖြေရှင်းကြတာပါ။ ဘဲလ် ရဲ့ကွန်ပြူတာဒီဇိုင်းက တဲ့၊ မိန်းကလေးအဖွဲ့ဝင်တွေက ကွန်ပလက်စ် ကိန်းတွေကို ပေါငး်နှူတ်မြှောာက်စားတွေကို စားပွဲတင် ကယ်ကူလေတာလေးတွေနဲ့ တွက်ချက်ပေးကြမှာဖြစ်ပါတယ် တဲ့။ (သူက ကောင်မလေးတွေ လည်း သူတို့အလုပ်တွေမှာ ပါဝင်ကူညီလို့ရအောင် စဉ်းစားထားပေးတဲ့သဘောပါ။)

စတီဘစ်က Samuel B. Williams (ဆယ်မြူရယ် ဘီ ဝီလီယမ်) ဆိုတဲ့ အင်ဂျင်နီယာတစ်ယောက်နဲ့ အလုပ်တွဲလုပ်ပါတယ်။ သူတို့ရဲ့ရလဒ်က ၁၉၃၉ ခုနှစ် အောက်တိုဘာမှာ ထွက်လာပါတယ်။ Complex Computer ကွန်ပလက်စ်ကွန်ပြူတာ အတွက် ဒေါ်လာ ၂သောင်းတော့ အသက်အောင့်ပီး ပေးရပါတယ်တဲ့။ သူက ဆက်သွယ်ချက်ပေါင်း ၄၅၀၊ စက်ကရိယာ ၃မျိူးနဲ့ အစအဆုံး ပရင့်လုပ်ပီး အဖြေထုတ်ပေးမှာပါတဲ့။ ပြောရရင်တော့ ၁၉၃၉ ခုနှစ် စံနှူနး်တိုင်အောင် သိပ်အမြန်ကြီး အလုပ်မလုပ်နိုင်သေးပါဘူး။ ကိန်းဂဏာန်း ၈ လုံးတွဲ နှစ်တွဲကို မြှောက်တဲ့အဖြေတစ်ခုရဖို့ ၁ မိနစ်ကြာပါတယ်။ ဒါပေမယ့် အလုပ်ဖြစ်ပါတယ်နော်။ ၁၉၄၀ ခုနှစ် နွေရာသီမှာ ဘဲလ်ဓတ်ခွဲခန်းမှာ နောက်ဆုံးပေါ်ပညာနဲ့ အလုပ်လုပ်နေပီ (အဲဒါ စက်ကို ပြောတာပါ။) စက်တင်ဘာလမှာ ကွန်ပလက်စ် ကွန်ပြူတာကို လူထုရှေ့ ချပြဖို့ American Mathematical Society (အမေရိကန် သင်္ချာအဖွဲ့အစည်း) ကနေ အစည်းအဝေးစခေါ်ပါတယ်။ New Hampshire နယူးဟန်ရှရီ က Hanover ဟန်နိုဗာအရပ်မှာရှိတဲ့ Dartmouth College ဒါမောက်ကောလိပ်မှာ လုပ်ပါတယ်။

အဲဒါ ဘယ်လောက်ထိ သင်္ချာပညာရှင်တွေ တက်ရောက်ပြီး အထင်ကြီးခံရသလဲ ဆိုတာတော့ ပြောရခက်ပါတယ်။ ကွန်ပလက်စ် ကွန်ပြူတာ ကိုယ်တိုင်ကိုက ကမ္ဘာ့ကွန်ပြူတာ ကွန်ယက်ကို စတင် ခြေချပြတာလည်း ဖြစ်နေပါတယ်။ “ဝီလီယမ် က ကိန်းဂဏာန်းအမှတ်အသားတွေနဲ့ ကြေးနန်းအချက်ပြ အမှတ်အသားတွေပါတဲ့ ပုံစံကို ဒီဇိုင်းဆွဲပြထားတာဖြစ်တယ်။“ လို့ နယူးယောက်က ကြေးနနး်အချက်ပြဆိုင်ရာ ပြသနာတွေ ဖြေရှင်းဖို့ ဖွဲ့စည်းတဲ့ အဖွဲ့ တစ်ခုမှာ တက်ရောက်ခဲ့တဲ့ သူတွေက ပြောခဲ့ကြဖူးပါတယ်။ ပြောရရင် ဝေဖန်မူတွေ များခဲ့ဖူးတယ်ပေါ့။

အခု သည်တွေ့ဆုံပွဲမှာတော့ ကွန်ပလက်ကွန်ပြူတာက ဟစ် ဖြစ်ခဲ့ပါတယ်။ နော်ဘတ်ဝီနာ ကတောင် ဒါကို နည်းနည်း မြင်တတ်လာတယ်တဲ့။ သူက အဲသည် ကြေးနန်းလိုဟာပုံစံနဲ့ အချိန်ဖြုန်းလိုက်သေးတယ်တဲ့။ အဲသည်နောက်တော့ သူက ဒါကို 0 (သုည) ဆိုတဲ့ကိန်းတစ်ခုတည်းနဲ့ အဝေးထိန်းကရိယာကို လုပ်ဖို့ ကြိုးစားခဲ့ပါတယ်။ စတီဘစ်နဲ့ ဝီလီယမ် တို့ကတောင် ဒါကို မဖြစ်နိုင်ဘူးလို့ ဆန့်ကျင်ကြသေးတယ်။ ဝီနာကတော့ သူ့လုပ်ဖော်ကိုင်ဖက်တွေကို ဘိုင်နရီသင်္ချာသဘောတရား (သုညနဲ့တစ် ပဲပါတဲ့ သင်္ချာ) ဟာ အနာဂတ်ရဲ့တွက်ချက်မူ ဖြစ်လာမယ်လို့ သေချာပေါက် ပြောပြခဲ့တယ်။ အမှန်ပါပဲ သူက လျှပ်စစ်အင်ဂျင်နီယာ နည်းပညာဌာနက ပါမောက္ခ Vannwvar Bush (ဗန်နာဗာဘွတ်ချ်) ဆီကို အဲသည် ဆွေးနွေးပဲရလဒ်တွေကိုရော၊ ဆွေးနွေးတာတွေကိုပါ ပေးပို့ပီး သူ့ယုံကြည်မူကို ပြသဖို့ ကြိုးစားခဲ့ပါတယ်။

(နောက်လကျ နောက်ခေါင်းစဉ်တစ်ခု အကြောင်းဆက်ပါ့မယ်။)
ဂျူနီယာဝင်း

No comments: