Monday, February 24, 2020

ဂျူနီယာဝင်း - ကွန်ပြူတာနည်းပညာတော်လှန်ရေးသို့ ခြေလှမ်းများ (၈)

ဂျူနီယာဝင်း - ကွန်ပြူတာနည်းပညာတော်လှန်ရေးသို့ ခြေလှမ်းများ (၈)

(Statue of Alan Turing)


(အတွေးအမြင်မဂ္ဂဇင်း၊ ဖေဖော်ဝါရီ၊ ၂၀၂၀)

(မိုးမခ) ဖေဖော်ဝါရီ ၈၊ ၂၀၂၀


(2001 ခုနှစ်ထုတ် M. Mitchell Waldrop (အမ် မီချယ် ဝါလ့်ဒရော့) ရေးသားသော The Dream Machine ကို ဘာသာပြန်ထားပါတယ်။ J.C.R. Licklider နဲ့ သူ့ရဲ့ ပါစင်နယ်ကွန်ပြူတာ နည်းပညာတော်လှန်ရေး အကြောင်း ဆိုပါတော့ လို့စာအုပ်မှာ ကြော်ငြာထားပါတယ်။ ဒီစာအုပ်ကို စတင်ဘာသာပြန်စဉ်က “အိပ်မက်ထဲက စက်ပစ္စည်း“ လို့ မိတ်ဆက်ခဲ့ပါတယ်။ နောက်ပိုင်းတော့ သူ့စာအုပ်ထဲက ခေါင်းစဉ်တွေအတိုင်း ဆက်ဘာသာပြန်ခဲ့ပါတယ် ။ ဒါကြောင့် ဒီစာအုပ်အကြောင်းဟာ ခေါင်းစဉ်အမျိူးမျိူးနဲ့ သွားနေခဲ့တယ်ပေါ့။ စာအုပ်ထဲက ခေါင်းစဉ်တစ်ခုဖြစ်တဲ့ ကွန်ပြူတာ နည်းပညာ တော်လှန်ရေးသို့ ခြေလှမ်းများ ဆိုတဲ့ခေါင်းစဉ်နဲ့ အဲသည်ခေါင်းစဉ်နဲ့ပဲ ဆက်ရေးသွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါမှလည်း အခုဆောင်းပါးများဟာ ကွန်ပြူတာဆိုတဲ့ နည်းပညာတော်လှန်ရေး အကြောင်း ပိုပီး လူတွေ သတိထားမိလာမယ် လို့ယူဆမိပါတယ်။ စာအုပ်ထဲမှာ ကွန်ပြူတာ ဆိုတဲ့ဝေါဟာရတစ်ခု အသက်သွင်းဖို့ကြိုးစားခဲ့တဲ့ လူပုဂ္ဂိုလ်တွေ အများကြီးကို တွေ့ရပါတယ်။ တစ်ယောက်ဆီတိုင်းဟာ သူ့အရည်အချင်းနဲ့သူ ပီပြင်ကြပါတယ်။ ဒါကြောင့် ရှေ့က ဆောင်းပါးများ မသိမမှီလိုက်သောလည်း ဆောင်းပါးတစ်ခုချင်းဆီဟာ သူတို့တွေအကြောင်း သိသာထင်ရှားနေတာကြောင့် ဖတ်လို့ကောင်းတဲ့ စာအုပ်တစ်အုပ်ကို စာဖတ်သူများကို မိတ်ဆက်ပေးနေတာ ဖြစ်ပါတယ်။ ဘာသာပြန်သူရဲ့ ဖြည့်စွက်ချက်တွေကို ကွင်းစကွင်းပိတ်နဲ့ ဖော်ပြပေးထားပါတယ်။ )

အရင်လက Alan Turing (အယ်လန် ကျူရင်း) က လက်တွေ့ကျကျ ပုံဖော်တဲ့အနေနဲ့ တိတ်သား ခွေ တစ်ခုလို တံဆိပ်ခေါင်းအလိပ်ကြီးလိုမျိူး စဉ်းစားကြည့်တဲ့အကြောင်း အဆုံးသတ်ထားတယ်။ အဲသည် စတုန်းရန်းပုံ အပိုင်းလေးတစ်ခုစီမှာ အလွတ်တွေဖြစ်ချင်ဖြစ်မယ်၊ ဒါမှ မဟုတ် သင်္ကေတ တစ်ခုခု ပါချင်ပါလာမယ်။ အဲသည် သင်္ကေတ တွေဆိုတာမှာ ဘာဖြစ်ဖြစ် ဖြစ်နိုင်တယ် ဥပမာ - စာလုံးတစ်လုံး၊ ကိန်းတစ်ခု၊ စာကြောင်းတစ်ခု၊ အရောင်ဖြစ်ဖြစ်၊ ပုံလေးတွေ ဖြစ်ဖြစ်၊ ဘာဖြစ်ဖြစ်ပေါ့ … စတုရန်းကွက်ကလေးတစ်ခုမှာ ရှိသ လောက် လေး ပါလာမယ်။ အဲသည် အပိုင်းကလေးတွေကို လက်တွေ့ကျကျ မြင်နိုင်ဖို့ သူက scanner (စကင်နာ) ရဲ့အလုပ်လုပ်ပုံတွေနဲ့ ကြိုးစားပီး အဖြေရှာတော့မှာဖြစ်ပါတယ်။

နောက်တဆင့် …. ကျူရင်းက ဆက်ပြောတယ်။ သချာင်္ပညာရှင်ရဲ့လက်၊ မျက်စိ၊ ခဲတံ တွေကို စကင်နာ အလုပ်လုပ်တဲ့ပုံစံထဲ အစားထိုးမယ်တဲ့ ။ (scanner စကင်နာဆိုတာ စာဖတ်သူ တွေ မျက်စိထဲ တန်းမြင်ပါ့မလားလို့ ထပ်ရှင်းပေးပါ့မယ်။ စာရွက်စာတန်းတွေ ဓါတ်ပုံတွေကို စက်ထဲတင်ပီး မိတ္တူကူးသလို ဖတ်တယ် ရေးတယ်ဆိုတဲ့ အလုပ်၂ခုလုပ်ပေးတဲ့စက်ပါ။ တင်ရတဲ့ နေရာက မှန်နဲ့ လုပ်ထားတဲ့ စတုရန်းပုံ အကွက်ဖြစ်ပါတယ်။) စာရွက်တွေ တင်လိုက်တဲ့အခါ ရှေ့တိုးနောက်ငင်နဲ့ စက်က တန်းကြီးက ရွေ့ပီး ဖတ်ပါတယ်။ တခါဖတ်ရင် အဲသည် စတုရန်းပုံမျက်နှာပြင် အပြည့် တကြိမ်ကျ ဖတ်ပါတယ်။ ယနေ့ခေတ်မှီတဲ့ စက််တွေက ဖတ်တယ်၊ ရေးတယ် ဆိုတဲ့အလုပ်၂ခု လုပ်ပါတယ်။ (ဖတ်တယ်ဆိုတာ read ကို ပြောတာပါ ယနေ့ခေတ်ကွန်ပြူတာအသုံးပေါ့။ စီဒီတွေကို စက်ထဲထည့်ပီး ကြည့်တာကို ဖတ်တယ် လို့ ခေါ်ပါတယ်။ ရေးတယ် ဆိုတာကို write (ရိုက်) လို့ခေါ်တယ်။ စီဒီအလွတ်တစ်ခုကို ကွန်ပြူတာထဲထည့်ပီး အဲဒီစီဒီထဲ ကိုယ့်ရဲ့ အချက်အလက်တွေ၊ စာတွေ၊ ပုံတွေ ကို ကူူးတဲ့အလုပ်ကို ခေါ်တာပါ။ စကင်နာက အဲသည်အလုပ် ၂ခုစလုံးကိုလုပ်တယ် လို့ဆိုလိုပါတယ်။ ဒါလောက်နားလည်ပီဆိုရင် ဆက်ဘာသာပြန်ပါ့မယ်။) 

သည်တော့ ကျူရင်းက ခုနာက ပြောတဲ့ စကင်နာ အလုပ်လုပ်တဲ့နေရာမှာ “သချာင်္ပညာရှင်ရဲ့ စိတ်“ ကို အစားထိုးပါမယ်။ တမိနစ်တမိနစ် မှာ ဘာဖြစ်သလဲ လို့သူက စဉ်းစားပါတယ်။ ဟောသည် စက်ကမှတ်တမ်းတင်တဲ့အလုပ်ကို သူက စက်ရဲ့ လက်ရှိ ပုံစံလို့သူက ကြည့်ပါတယ်။ ဟောစက်ကြီးက တဲ့၊ သူ့ပေါ်ရောက်လာတဲ့ မျက်နှာပြင်ပေါ်က စတုရန်းပုံ မျက်နှာပြင် ပေါ်က အရာတွေကို တဲ့ သယ်ဆောင်ကာ ယူပါသတဲ့။ အဲဒါ သူက စက်နေရာကနေ စဉ်းစားပြတာ။ သည်နေရာမှာ “လက်ရှိပုံစံ”ဆိုတဲ့ မျက်နှာပြင်ပေါ် တကြိမ် တင်လာတဲ့ အရာ၊ မတူညီတဲ့အရာတစ်ခုစီမှာ သူက အခုလို အမှတ်အသားတစ်ခုစီ အမည်ပေးလိုက်တယ် ။ ဒါကို Symbol (သင်္ကေတ) လို့ ခေါ်တယ်။

နောက်ဆုံးမတော့ သချာင်္ပညာရှင်ရဲ့ ပညာကို အစားထိုးကြည့်လိုက်တဲ့အခါ နောက်တဆင့်တိုးပီး အတွက်အချက်ကို လုပ်မှာ ဖြစ်ပါတယ်။ တိတ်သားအခွေတစ်ခုကနေ ခုနက စဉ်းစားလိုက်တဲ့ သင်္ကေတတွေရယ်နဲ့ စက်ကြီးရဲ့ လုပ်ပုံရယ်ကို ပေါင်းစပ်မယ်။ ဒါကို စကားလုံးတွေနဲ့ ချရေးတဲ့အခါ “အကယ်၍ - 1 (အင်္ဂလိပ် အက္ခရာ ဝမ်း ဖြစ်ပါတယ်) ဆိုပီး ယခုလက်ရှိစတုန်းရန်းပုံ အကွက်မှာ သင်္ကေတ ပေါ်တယ်ဆိုပါတော့။ ဒါကို စက်ကြီးကနေ ဘယ်လို ဖော်ပြသလဲဆိုရင် CQT လို့ ပြတယ်ဆိုတယ်။ နောက်သင်္ကေတ တစ်ခုအဖြစ် 0 (ဇီးရိုး) အဖြစ်ပြောင်းပါတယ်။ ဒါကို စက်က PPL လို့ဖော်ပြပါတယ်။ သည်လိုနဲ့ စတုရန်း ကွက်က ဘယ်ဘက်တဖက်ဆီကို ဆက်သွားပါတယ်။ ထိုဥပဒေကတွေက ဖက်ရှင်တစ်ခုလို မှတ်သားပေးနေတာ ဖြစ်ပါတယ်။ ဒါပေမယ့် တဲ့… ကျူရင်းက အခုလို ရေးမှတ်တယ် … တိတ်သားတစ်ခုရဲ့ တူညီတဲ့ စတုရန်းကွက်ကလေးတွေက အချက်အလက်တစ်ခုတည်းကို ပေးမှာတော့ မဟုတ်ပါဘူးတဲ့။ (ဆိုလိုတာက စတုရန်းကွက်ပေါ် တင်လာတဲ့ အရာတွေဟာ တသတ်မှတ်ထဲ မရှိနိုင်ဘူး။ ရုပ်ပုံတွေ လည်းဖြစ်နိုင်တယ်။ စာတွေပဲလည်း ဖြစ်နိုင်တယ်။ စာတွေကလည်း အတူတူ မဖြစ်နိုင်ဘူး။ စာနဲ့ပုံနဲ့လည်း ကြုံသလို ပါလာနိုင်တယ်။ သည်တော့ အဲသည်အရာတွေကနေ သင်္ကေတ တွေ အများကြီး ရလာမယ်။) ဒါကြောင့် ယူနီဗာဆယ် စက် ကြီးတစ်ခု ကို ဖန်တီးရတော့မယ်။ ဒါပေမယ့် ဒီအချက်အလက်တွေကို တကယ်ပဲ မှတ်သားပေးပါပီတဲ့ ၊ စက်ကြီးက သချာင်္ပညာရှင် တွေ လိုချင်တဲ့အတိုင်း သင်္ကေတ စီးရီးတွေကို ပေးနိုင်ပါ့မလား။ လူနဲ့စက်နဲ့ က ဒီပြသနာတစ်ခုတည်းကို တွက်ချက်ကြဖို့ကို လက်တွေ့ဖြစ်လာပါ့မလား။

ယနေ့ခေတ်မှာ ကျူရင်းတီထွင်ခဲ့တဲ့ အဲသည်စက်ကြီးကို nonhuman computer (လူမဟုတ် တဲ့ ကွန်ပြူတာ ) လို့ သိထားကြပါတယ်။ သူ့ရဲ့အဲဒီ ဖတ်/ရေး စက်ကြီးမှာသုံးတဲ့ head (“ခေါင်း“) (ဒီနေရာမှာ ခေါင်းဆိုတာ ဦးခေါင်း ကိုပြောတာမဟုတ်ပါဘူး။ ကွန်ပြူတာတို့၊ စက်ပစ္စည်းတေ ွမှာဖြစ်ဖြစ်၊ အထူးသဖြင့် လည်နေတဲ့ ဓါတ်ပြားပေါ် တင်လိုက်တဲ့ အပ်ကဲ့သို့သော် ထိတ်ဖူးကလေးကို ပြောတာဖြစ်ပုံရပါတယ်။ စီဒီတို့ဘာတို့ကို ဖတ်တဲ့အခါ အသည်နည်းပညာအတိုင်း ဖတ်တယ်ပေါ့။) ဟာဆိုရင် ယနေ့ခေတ်ကွန်ပြူတာတွေမှာသုံးတဲ့ လုပ်ငန်းစဉ်အတိုင်းဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သူ့ရဲ့ ပရိုဂရမ်ဟာလည်း ကွန်ပြုတာ မှတ်ညဏ် ဆိုပီး ဖြစ်လာတယ်။ သူစိတ်ကူးထဲကလိုပဲ စက်ကြီးဟာဖြင့် “သံထည်“ ကြီးအဖြစ်နောက်ကျရင် ထွက်ပေါ်လာတယ်။ အဲသည်အကြမ်းထည်ကြီးဟာ အခုလက်ရှိမှာတော့ အဆင့်တစ်ခုတက်ဖို့ စတင်နေပါပီ။

သူ့ရဲ့ပထမဦးဆုံးရလဒ်ကို ပြောပါ့မယ်။ ပြောရရင်တော့ “ကိန်းဂဏန်းတစ်ခုဟာ တွက်ချက်လို့ရမယ်ဆိုရင် သူ့စက်ကြီးက ဒါကို သတ်မှတ်ထားတဲ့ အဆင့်တွေနဲ့ အလုပ်လုပ်ပြနိုင်မယ်။ ဒီအဆိုဟာ အပြန်အလှန်မှန်တယ်“ လို့သူကြွေးကျော်ထားတဲ့ အတိုင်းတော့ ဖြစ်မလာဘူး။ သချာင်္သမားတစ်ယောက်တွက်ချက်ပြနိုင် သ လောက်သူ့စက်က လုပ်ပြနိုင်မယ်ဆိုတဲ့ အတိုင်းအတာကို ကျူးရင်းက သတ်မှတ်ထားတယ်။ တွက်ချက်မူ အများအားဖြင့်အတွက်တော့ မှန်တယ်။ စက်ရဲ့ဒီဇိုင်းက အဆင်မပြေဘူးတဲ့။ ပြောရရင် အဖြေတစ်ခုရဖို့ ကျော်ဖြတ်ရတဲ့ အချိန်ဟာ အတော်ကြာတယ်။ သချာင်္သမားတစ်ယောက်က တွက်ပီးရင် သူလည်းပီးပီ .. အဲသလိုတော့ ပြောလို့ရတယ်။ သည့်ထက်အဆင့်တက်မယ်ဆိုတဲ့ ခြေလှမ်းလည်းလှမ်းလိုက်ရော ဟိုးအရင်က တွက်ချက်တဲ့စက်ကြီးတွေ လိုပဲ သူလည်း အဲသည်မှာ တစ်နေတော့တယ်။ သူ့ဒီဇိုင်းက ဘယ်လောက်ပဲ ကောင်းတယ်ပဲဆိုဆို၊ ကျူရင်းထက်တော့ ဘယ်စက်မှ မတော်ပါဘူးတဲ့။ ပြောရရင် ကွန်ပြူတာဆိုတဲ့ အခြေခံသဘောတရားဟာ အတူူတူပါပဲ။ အချိန်၊ မှတ်ညဏ်နဲ့ လက်ကိုင်ကွန်ပြူတာ အနိမ့်ဆုံး အဆင့်လောက်တော့ ရှိရမယ်။

ဒါပေမယ့် ကျူရင်းက ရှေ့ကို မျော်တွေးတယ်။ သိပ်ကို စွမ်းရည်မြင့်တဲ့ စက်တွေတောင်မှ မတွက်နိုင်ပါဘူးတဲ့။ ဒါကို သူက အဲသလိုပြောတယ်။ ဘယ်ကွန်ပြူတာမှ ဘာဖြစ်မယ်ဆိုတာ ကြိုမသိနိုင်ပါဘူးတဲ့။ ကွန်ပြူတာတစ်ခုစီတိုင်းမှာ ရှေ့ဘာဖြစ်မယ် မသိဘူး လို့သူက ဆိုတယ်။ တိတ်သားတစ်ခုကို စဉ်းစားကြည့်ပါ။ သူ့ကို စက်ထဲဖွင့်မယ်ဆိုရင် ၁ နာရီ ကြာမယ်။ သူဟာ တကယ်ပဲ ၁နာရီကောင်းကောင်း အလုပ်လုပ်မလား။ ဒါကို ကြိုမသိနိုင်ပါဘူး။ သည်တော့ နောက် တပတ်၊ တနှစ် ၊ ဆယ်နှစ်တောင် ဖတ်မယ်၊ ရေးမယ် ၊ ဘယ်လှည့် ညာလှည့်မယ်တဲ့။ အဲဒါ အာမ မခံနိုင်ဘူး။ ဒါဟာ တိတ်သားရဲ့ အခြေအနေ ပေါ် အများကြီးမူတည်တယ်။ သည်တော့ တချိန်လုံးပဲ ကွန်ပြူတာ စကားလုံး ဇီးရိုး ‘0’ နဲ့ ဝမ်း ‘1’ ဆိုပီး ချရေးနေရုံနဲ့ မဖြေရှင်းနိုင်ပါဘူးတဲ့။ သည်တော့ သည်ပြသနာကိုပဲ ဖြေရှင်းဖို့ ကြိုးစားနေရင်တော့ မျော်လင့်ချက်ကို မရှိဘူးလို့ ကျူရင်းက ပြောတယ်။

(သည်ကြားထဲမှာ ကျူးရင်းက ကွန်ပြူတာတွေနဲ့ပတ်သက်လို့ စိတ်တိုင်းမကျတာတေ ွ ပြောတယ်။ ကွန်ပြူတာဟာ ဥနှောက်မရှိပေမယ့် အသုံးတော့တည့်သတဲ့။ ကွန်ပြူတာက ပရိုဂရမ်ဆွဲပေးတဲ့အတိုင်း လုပ်တယ် ဒါပဲ။ ကျူရင်း က သူ့ရဲ့ ဘာမှန်းမသိတဲ့အဆိုတွေကို ပြောတယ် ရှင်းတယ် သူ့သချာ်သမားတွေနဲ့ ချပြတယ်။ နောက်ဆုံးတော့ သူက “အဆိုတစ်ခုက မှန်ရင် သည်အဆိုကမှားတယ်၊ အကယ်၍ မှားနေရင် အဲဒါကမှန်တယ်” ဒါက အဆုံးမရှိလည်နေတဲ့ စက်ဝိုင်းလို ဖြစ်နေတယ်တဲ့။ ဘာမှအတိအကျကို ပြောလို့မရဘူးလို့ ကျူးရင်းက ကောက်ချက်ချပါတယ်တဲ့။ အခု အဲသည်နေရာက ဆက်ပါ့မယ်။)

၁၉၃၆ခုနှစ် ဧပြီလမှာ ကျူရင်းဟာ စာမျက်နှာ ၅၀ရှိတဲ့ စာရိုက်ပီးသားစာတမ်းတစ်ခုကို ရှေးစာလုံးဂျာမန်ဂေါသစ် အက္ခရာများနဲ့ ရူပ်ထွေးတဲ့ သင်္ကေတများနဲ့အတူ အပီးစီး ထွက်ပေါ်လာတယ်။ ကျူရင်းဟာ သူ့ရဲ့ စာတမ်းကို ပါမောက္ခ M.H.K Newman (အမ်အိတ်ချ်ကေ နယူးမင်း) နဲ့ သူ့ရဲ့လမ်းတလျောက်မှာလိုက်ပါလာကြတဲ့ ပါမောက္ခ တွေကို လက်ဆင့်ကမ်းတယ်။ နယူးမင်းဟာ အံ့သြမင်သက်သွားပါတယ်။ ဒါဟာ သူ့ဘဝမှာ ကျောင်းသားတစ်ယောက်ရဲ့ စိတ်ဝင်စားမူကို ကြည့်ပီး ပထမဦးဆုံးအကြိမ် ဖြစ်သွားတဲ့ ခံစားချက်ဆိုပါတော့တဲ့။ သူက ချက်ချင်းဆိုသလိုပဲ ကျူးရင်းရဲ့ ခြေလှမ်းတွေကို အသိအမှတ်ပြုတယ်၊ အားပေးတယ်။ ကျူးရင်းရဲ့ ပေပါကို Proceeding of the London Mathematical Society (လန်ဒန်သချာင်္အသင်း)ဆီကို ပို့ပီး သူ့တပည့်ကျော်ရဲ့ ပထမဦးဆုံး လုပ်ရပ်အတွက် ချီးမြှောက်ပေးခဲ့တယ်ပေါ့။

ကျူရင်းရဲ့ ဘီးလုံးကြီးကနေ စလို့ စိတ်ကူးယဉ်ခဲ့တဲ့ ကြောက်စရာ အတွေးဟာဖြင့် တကယ်ပဲ လူတွေကြားထဲ ရောက်လာခဲ့ပီ။ ၁၉၃၆ခုနှစ် မေလလည်လောက်မှာ ကျူရင်းရဲ့ စာတမ်းကို ပုံနှိတ်ဖို့ပြင်ဆင်နေကြတဲ့အချိန်မှာ အမေရိကန် ပရစ်စတန်တက္ကသိုလ် အာလွန်ဇိုဘုရားရှိခိုးကျောင်း ကနေ အဲသည်ကျူရင်းရခဲ့တဲ့ ရလဒ်အတိုင်းကို ဆောင်းပါးတစ်ပုဒ်ထွက်ပေါ်လာပါတယ်။ တကယ်ပါပဲ။ ဘုရားရှိခိုးကျောင်းကနေ စက်တွေမပါပဲနဲ့ စာချည်းသက်သက်ကို ပုံစံတမျိူးနဲ့ တိုက်ခိုက်လာတယ်ပေ့ါ။ ဒါပေမယ့် စက်ကြီးဘာကြီးတွေဆိုတာ အရေးမကြီးဘူးလေ။ သုတေသနဂျာနယ်တွေက မူရင်းရလဒ်တွေကို ပုံနှိတ်ပြခဲ့တယ်။ ပိုဆိုးတာက ဘုရားရှိုခိုးကျောင်းကနေ ကျူရင်းသက်သေပြချက်တွေရှေ့ကနေ အဆင့်ပေါင်းများစွာ ရှေ့ရောက်နေခဲ့တယ်။ အကယ်၍များ ကျူရင်းက သူစမလုပ်ခင်မှာ သုတေသနစာတမ်းတွေကို လေ့လာခဲ့မယ်ဆိုရင် သူဒါကို သိထားနှင့်မှာ ဖြစ်ပါတယ်။

ကံကောင်းချင်တော့လည်း ကျူရင်းက စိတ်အေးလက်အေး ရှိတယ်။ နယူမင်းကလည်း ကျူရင်းကြိုးစားထားသမျှကို အလကားမဖြစ်ချင်ဘူး။ သူက သုတေသနဂျာနယ်အယ်ဒီတာ တွေကို ဘယ်လိုပဲဖြစ်ဖြစ် ကျူရင်းစာတမ်းကို ဖော်ပြပေးဖို့ သူ့နံမယ်သုံးပီး တိုက်တွန်းတယ်။ အရေးကြီးတာက ကျူရင်းက အော်ရီဂျီနယ်ဖြစ်တယ်၊ သူ့ရလဒ်က အရေးကြီးတယ်။ ဒါ့အပြင် အာလွန်ဇိုဘုရားရှိခိုးကျောင်းကိုလည်း ကျူရင်းကို သူ့တပည့်အဖြစ် ပရစ်စတန်မှာ အခုလာမယ့် စာသင်နှစ်မှာ လက်ခံဖို့ ကမ်းလှမ်းတယ်။ ဘယ်သူ့ရဲ့ သြဇာသက်ရောက်မူမှမပါပဲ သူ့ကို အေးအေးဆေးဆေး လက်ခံဖို့ အခြေအနေ ပေးတယ်။ “သူ့ရဲ့ဘာသာရပ်ဆိုင်ရာ အလုပ်လုပ်ဖက်တွေ ရပီးတော့ တကိုယ်တည်း သမားအဖြစ်ကနေ ရုန်းထွက်လာနိုင်အောင် ပေါ့“ လို့ နယူးမင်းက ပြောတယ်။

အသက်၂၅နှစ်အ ရွယ် ကျူရင်း အတွက် အဲသည်လို ပံ့ပိုးမူတွေကြောင့်လည်း သူ့တကိုယ်တည်း ပိတ်ဆို့နေတဲ့ အကျဉ်းကျနေတဲ့ထဲက လွတ်မြောက်လာတယ်ဆိုရမယ်။ ဒါပေမယ့် ပရစ်စတန်ကို စက်တင်ဘာလ ကုန်ပိုင်းလောက်မှာ ရောက်ရောက်ချင်းတုန်းက စိတ်ဓါတ်ကျဆင်းရောဂါက မသေးဘူး။ ပြောရရင် သူရောက်လာတာက တကယ့်ကို နိဗာန်ဘုံပါပဲ။ အဲသည်အချိန်တုန်းက ပရစ်စတန်သချာင်္ဌာနဆိုတာ သိပ်ကြီးကျယ်တယ်ဆိုတာထက် အိုင်စတိုင်းတို့လို တကယ့်သချာင်္ပညာရှင်တွေ ကျက်စား ခဲ့ရာ နေရာတစ်ခုဖြစ်နေတယ်။ အိုင်စတိုင်းကိုယ်တိုင်ရဲ့ ခြေရာတွေ ရှာလို့ရနိုင်ပါသတဲ့။ သို့သော်လည်း ကျူရင်းက ကန်ဘရစ်တုန်းကလိုပဲ သူ့ကိုယ့်သူ တကိုယ်တော် အကျဉ်းစံဘဝကို မစွန့်လွတ်နိုင်သေးဘူး။ သူ့ရဲ့အဂ်လိပ်ဆန်ဆန် နောက်ခံနဲ့ အမေရိကရဲ့ပုံစံက အံဝင်ဖို့ ခက်ခဲနေသေးတယ်။ သို့သော်လည်း သူ့ရဲ့ ခိုင်မာတဲ့ စိတ်ဓါတ်တွေနဲ့ သူ ဘယ်လိုခရီးဆက်မှာလဲ ဆိုတာက တော့ ရှေ့ ကိုကြည့်ရမှာပါပဲ။ 

ဒီဇင်ဘာလမှာ သူဟာ ပရစ်စတန်မှာ စင်ပေါ်တက် စကားပြောခွင့်ရတယ်။ တက်ရောက်သူက နည်းနည်းပဲရှိတယ်။ သူ့လည်း ဘယ်သူမှ မှ မသိကြတာ။ ၁၉ ၃၇ ခုနှစ် ဇန်နဝါရီမှာ သူ့စာတမ်းက နောက်ဆုံးမှာတော့ ပုံနှိတ်ဖြစ်တယ်။ ဒါပေမယ့် လူ၂ယောက်လောက်ပဲ သူ့ပေပါကို အကျယ်ရေးသား တင်ပြဖို့ တောင်းဆိုတာ ခံရတယ်။ ပြောရရင်တော့ သချာင်္သမားအနည်းငယ်လောက် ပဲ သူ့စာတမ်းကို နားလည်သ ယောင်ယောင် သို့မဟုတ် သူလုပ်တာကို ဂရုစိုက်မိတာ ပဲ ရှိတယ်။

ကံကောင်းချင်တော့ ကျူရင်း ရဲ့ ဘယ်သူမှ ဘာမှန်းမသိတဲ့ စာတမ်းက ချီးမြောက်ခြင်းခံရတယ်ပေါ့။ ဘုရားရှိခိုးကျောင်းက သူ့စာတမ်းနဲ့ပတ်သတ်တဲ့ ကောက်နှူတ်ချက်ကို ပုံနှိတ်ပေးတယ်။ ကျူရင်းက တခြားသော ပြသနာတွေကို ဆက်လက် ရှာဖွေတယ်။ ၁၉ ၃၇ သြဂုတ်လမှာ ကျူရင်းဟာ ဘုရားရှိခိုးကျောင်းမှာပဲ နောက် ပညာသင်နှစ် ဆက်နေပီး ဒေါက်တာဘွဲ့ယူဖို့ ဆုံးဖြတ်ခဲ့တယ်။ သို့သော် သူ့မှာ အိမ်ကို လွမ်းတဲ့ ပြသနာရှိနေတယ်။ သူက အမေရိကကို သည်လောက်ကြီး သဘောမကျဘူး။ ၁၉ ၃၈ ခုနှစ်မှာ ကျူရင်းဟာ သူ့နေရပ်ဒေသမှာ စစ်ဖြစ်တော့မှာကို မြင်ရတော့မယ်။ သူဟာ ကူညီချင်တဲ့စိတ်တွေ ထိန်းမရသိမ်းမရ ဖြစ်ပေါ်လာတယ်။ နွေဦးရာသီမှာ သူ့သူငယ်ချင်းဆီ စာရေးတယ် “ဟစ်တလာက ငါမလာခင် အင်္ဂလန်ကို မဝင် ပါစေနဲ့လို့ ဆုတောင်းပါတယ်“ ။ ၁၉ ၃၈ခုနှစ် ဂျူလိုင်လမှာ ဒေါက်တာဘွဲ့လက်မှတ် အသစ်စက်စက်ကို ကိုင်ပီး ကျူရင်းဟာ အိမ်ပြန်လာတယ်။ ကန်းဘရစ်ကိုပေါ့။ အင်္ဂလန်ကို …. စစ်ကြီး ဆီကို။

ဂျူနီယာဝင်း

No comments: