Friday, July 24, 2020

ဂျူနီယာဝင်း - ကွန်ပြူတာနည်းပညာတော်လှန်ရေးသို့ ခြေလှမ်းများ - ၁၂

ဂျူနီယာဝင်း - ကွန်ပြူတာနည်းပညာတော်လှန်ရေးသို့ ခြေလှမ်းများ - ၁၂

(မိုးမခ) ဇူလိုင် ၁၃၊ ၂၀၂၀


(မန်ချီနဲ့ အက်ကက် )


(2001 ခုနှစ်ထုတ် M. Mitchell Waldrop (အမ်မီချယ် ဝါလ့်ဒရော့) ရေးသားသော The Dream Machine ကို ဘာသာပြန်ထားပါတယ်။ J.C.R. Licklider နဲ့ သူ့ရဲ့ ပါစင်နယ်ကွန်ပြူတာ နည်းပညာတော်လှန်ရေး အကြောင်း ဆိုပါတော့ လို့စာအုပ်မှာ ကြော်ငြာထားပါတယ်။ ဒီစာအုပ်ကို စတင်ဘာသာပြန်စဉ်က “အိပ်မက်ထဲက စက်ပစ္စည်း“ လို့ မိတ်ဆက်ခဲ့ပါတယ်။ နောက်ပိုင်းတော့ သူ့စာအုပ်ထဲက ခေါင်းစဉ်တွေအတိုင်း ဆက်ဘာသာပြန်ခဲ့ပါတယ် ။ ဒါကြောင့် ဒီစာအုပ်အကြောင်းဟာ ခေါင်းစဉ်အမျိူးမျိူးနဲ့ သွားနေခဲ့တယ်ပေါ့။ စာအုပ်ထဲက ခေါင်းစဉ်တစ်ခုဖြစ်တဲ့ ကွန်ပြူတာ နည်းပညာ တော်လှန်ရေးသို့ ခြေလှမ်းများ ဆိုတဲ့ခေါင်းစဉ်နဲ့ အဲသည်ခေါင်းစဉ်နဲ့ပဲ ဆက်ရေးသွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါမှလည်း အခုဆောင်းပါးများဟာ ကွန်ပြူတာဆိုတဲ့ နည်းပညာတော်လှန်ရေး အကြောင်း ပိုပီး လူတွေ သတိထားမိလာမယ် လို့ယူဆမိပါတယ်။ စာအုပ်ထဲမှာ ကွန်ပြူတာ ဆိုတဲ့ဝေါဟာရတစ်ခု အသက်သွင်းဖို့ကြိုးစားခဲ့တဲ့ လူပုဂ္ဂိုလ်တွေ အများကြီးကို တွေ့ရပါတယ်။ တစ်ယောက်ဆီတိုင်းဟာ သူ့အရည်အချင်းနဲ့သူ ပီပြင်ကြပါတယ်။ ဒါကြောင့် ရှေ့က ဆောင်းပါးများ မသိမမှီလိုက်သောလည်း ဆောင်းပါးတစ်ခုချင်းဆီဟာ သူတို့တွေအကြောင်း သိသာထင်ရှားနေတာကြောင့် ဖတ်လို့ကောင်းတဲ့ စာအုပ်တစ်အုပ်ကို စာဖတ်သူများကို မိတ်ဆက်ပေးနေတာ ဖြစ်ပါတယ်။ ဘာသာပြန်သူရဲ့ ဖြည့်စွက်ချက်တွေကို ကွင်းစကွင်းပိတ်နဲ့ ဖော်ပြပေးထားပါတယ်။ )

(ယခုသည်လမှာတော့The Last Transition အပိုင်းက နောက်ဆုံးအပိုင်း ကို ဘာသာပြန်ထားပါတယ်။ အဲသည်အပိုင်းက အိပ်မက်ထဲကစက်ပစ္စည်း အမည်အောက်မှာ ဘာသာပြန်တင်ဆက်ခဲ့ဖူးသေးတယ်။ အခု အဲသည် ခေါင်းစဉ်နဲ့ပဲ သူ့အခန်းကို ပြန်ပိတ်တယ် ဆိုပါတော့။ ဒါကို “နောက်ဆုံး အကူးအပြောင်းကာလ“ လို့ပဲ ခေါင်းစဉ်တပ်ပါ့မယ်။)

၁၉၄၅ ခုနှစ်ဂျွန်လမှာ Von Newman (ဗွန်နယူမင်း) က Moore (မိုးလ်) ကျောင်းတော်ဆီ သူ့လက်ရေးနဲ့ စာဖိုင်ကို Goldstine (ဂိုးစတင်း) ဆီ ပို့လိုက်တယ်။ သူ့အနေနဲ့တော့ ဒါတော်တော်လေး အရင်လိုနေတယ်။ ဂျွန်လတုန်းကပဲ ပလူတိုနီယမ်ဗုံး စမ်းသပ်ဖောက်ခွဲမူ လုပ်ခဲ့တယ်။ လွန်ခဲ့တဲ့ ၃ပတ်လောက်တင်ကပဲ ရှိသေးတယ်လို့ ဆိုတယ်။ အဲသည်စာထဲမှာ ကွက်လပ်တွေ အများကြီးပါတယ်။ နံမယ်၊ အညွှန်း၊ အချက်အလက်ဆိုင်ရာ တွေ သူဖြည့်ဖို့ စီစဉ်ထားတာနဲ့ သူ့မိတ်ဆွေလည်း ထည့်ချင်တာ ထည့်လို့ရအောင်လည်းပါပါတယ်။ Manchy (မက်ချီ) နဲ့ Eckert (အက်ကက်) ၂ယောက်ကို ရည်ရွယ်ပီးတော့ သူတို့နံမယ်တွေလည်း သူက Credit (ခရက်ဒစ်) (သူတို့၂ယောက်ကို သူက တင်ပေးထားတဲ့သဘော) ပေးထားပါတယ်တဲ့။

အကြမ်းကတော့ ပြီးသလောက်ရှိသောလည်းပဲ နောက် ၁၀ (ဆယ်)နှစ်လောက် ကွန်ပြူတာကြီး ရုပ်လုံးပေါ်ဖု့ ိ အလှမ်းဝေးနေသေးတယ်။ ပြောရရင် သစ်ပင်တွေအတွက် တောအုပ်ကြီးကို မြင်ဖို့ခက် သေးတယ်ပေါ့။ ဗွန်နယူမင်းက အခြေခံ ဥပဒေသတွေ ထုတ်ပေးတယ်။ ကွန်ပြူတာဒီဇိုင်းအတွက်။ သူ့ပေပါက တကယ်ကောင်းတယ်။ဂိုးစတင်းက ခပ်ရိုးရိုးပဲ အခုလို မှတ်ချက်ချလိုက်တယ် “ဒါကတော့ EDVAC စက်ကြီးရဲ့ပထမ ပုံကြမ်းရီပို့“ တဲ့။ ဗွန်နယူမင်းရဲ့ အမည်ရဲ့ အောက်မှာ သူ့အုပ်စုကို နံမယ်ပေးထားပါတယ်။ ဂိုးစတင်းရဲ့မိုးကျောင်းတော်ကြီးကို ပေးတဲ့ အမှတ်ပေါ့။ ကွန်ပြူတာ တွေဆီကို ရောက်ဖို့ ကြိုးစားခဲ့ကြတဲ့ အုပ်စုတွေ အများကြီးထဲကမှ ဂိုးစတင်းပေးတဲ့ အမှတ်ကိုရခဲ့တဲ့ အုပ်စုဆိုပါတော့။ ဒါပေမယ့်လည်းပေါ့လေ အချက်တစ်ခုဟာဖြင့် မိုးကျောင်းအုပ်စုကို ကွဲပြဲသ ွားအောင် လုပ်ဖို့ အညင်းပွားစရာဖြစ်လာပြန်တယ်။ (EDVAC - Electronic Discrete Variable Automatic Computer အကြောင်းရှေ့က အခန်းတွေမှာ ဖော်ပြရှင်းခဲ့ပီးပါပီ။ အသေးစိတ်ပြန်မရေးတော့ဘူးနော်။ အဓိက ကတော့ လ ျှပ်စစ်သုံး အောလတိုမစ်တစ် ကွန်ပြူတာပဲ ဆိုပါတော့။ ကွန်ပြူတာတော့ မဖြစ်သေးဘူး။ စက်ကြီးပေါ့။)

အနည်းဆုံးတော့ မာက်ချီနဲ့ အက်ကက်တို့ ရဲ့အလုပ်ကို ဗွန်နယူးမင်းရဲ့ ပေပါထဲမှာ ချီးမွမ်းခန်းဖွင့်ထားတာ တွေ့ရတယ်။ ဒါပေမယ့်လည်း သူတို့ (မက်ချိနဲ့ဟက်ကက်ကို ပြောတာဖြစ်ပုံရပါတယ်) တဖြေးတဖြေး နားလည်သဘောပေါက် လာတာကတော့ လတွေ ကြာလာရင်းနဲ့ အချိန်တွေ တရွေ့ရွေ့ ကုန်လာရင်းနဲ့ ကျေနပ်စရာကောင်းလာရာကနေ စိတ်ပျက်စရာ ဒေါသထွက်စရာတွေ အဖြစ်ပြောင်းသွားတယ် ဆိုတာပါပဲ။ သူတို့အလုပ်ကို စစ်အတွင်းလျိူ့ဝှက်တဲ့ ဥပဒေသများ ရဲ့အောက်မှာ ထိန်းချူပ်ခံထားရတယ်။ သို့သော်လည်း ကမ္ဘာကျော် ဗွန်နယူးမင်းရဲ့ အမည်အောက်ကနေ သွားနေရတာဖြစ်လို့ သူတို့ရဲ့ ပထမအကြမ်းထည် ဟာဖြင့် သူတို့အမည် အမှိူက်ထဲမရောက်အောင် တားဆည်းထားနိုင်ခဲ့ပါတယ်။ လူတွေကတော့ သည်အကြံဉာဏ်ဟာဖြင့် သူ့ (ဗွန်နယူမင်း ) လက်ရာတွေပဲလို့ပဲ မြင်နေကြပါတယ်။ အဆိုးဆုံးကတော့ patent (ပေးတင့် ဆိုတာ မှတ်ပုံတင်ခြင်းပါ ။) ဆိုတဲ့ အမည်တပ် မှတ်ပုံတင်တဲ့ကိစ္စရောက်လာတာ ဖြစ်ပါတယ်။ ( အဲသည်ပေပါ ကို ဘယ့်သူ့နံမယ်နဲ့ မှတ်ပုံတင်ကြမလဲ )

”ပထမအကြမ်းထည်“ ရဲ့ဒုတိယ အကျဉ်းချူပ် မှတ်တမ်း ဟာ “ ပရိုဂရမ်များ သိမ်းဆည်းခြင်း“လို့ ခေါင်းစဉ် တပ်ပါမယ်။ အဲသည် နေရာကနေစလို့ ကွန်ုပြူတာဆိုတဲ့ အဦးဆုံး ဖန်တီးရှင်အဖြစ်ဆုံး ဆိုတာ ဖြစ်လာပါပီ။ တကယ့်ကို ရုပ်ပိုင်းဆိုင်ရာ ရုပ်လုံးကို ဖော်ဆောင် ပါပီ။ ပြသနာတွေကို တကယ်ဖန်တီးကြ တော့မယ်။ ဒါကို စပြီး ကားလိပ်ဖွင့်မှာက Bush (ဘွတ်ချ်) ရဲ့ Differential analyzer (ဒစ်ဖရင်ရှယ်အနာလိုက်ဇာ) ဖြစ်ပါသတဲ့။ အဲသည်မှာ ကွန်ပြူတာကို အလုပ်လုပ်ပေးမယ့် ဂီယာတွေ ၊ ခလုပ်တွေ လာပါမယ်။ သည်တော့ ကားလိပ်နောက်က ဇာတ်ကောင်တွေက ဘာတွေလည်းဆိုတော့ အကြမ်းထည်ပိုင်းဆိုင်ရာ အကုန်ပါပါတယ်။ ဒါကို hardware လို့ ခေါ်တယ်။ အတွက်အချက်လုပ်ငန်းဆိုတာဟာ အခုခေတ် ကျွန်တော်တို့ နားလည်နေသော software (ဆော့ဝဲလ် ) ဆိုတာ ဖြစ်လာပါတယ်။ သူ့မှာ (0, 1) သုညနဲ့တစ်ပဲပါတဲ့ စီးရီးတွေ နဲ့ ခိုင်းစေပီး ကွန်ပြူတာမှတ်ဥာဏ်က စုဆောင်းပေးမှာ ဖြစ်ပါတယ်။

သီအိုရီစကားနဲ့ပြောမယ်ဆိုပါတော့။ အဲသည် အကြံဥာဏ်က Turing (ကျူရင်း) ရဲ့ စိတ်ကူးနဲ့ တည်ဆောက်ထားတဲ့ တိတ်သားတွေ အလုပ်လုပ်ပြပုံနဲ့ သွားတူနေတယ်ပေါ့။ ပြီးတော့ read/write ဖတ်/ရေး ဆိုတဲ့ heas (ခေါင်း - ထိတ်ဖူး) အလုပ်လုပ်တဲ့ ဒီဇိုင်းလည်း ဖြစ်နေတယ်။ အားလုံးကတော့ ပရိုဂရမ်များကို သိမ်းဆည်းခြင်း ဆိုတဲ့ ယူနီဗါဆယ် ကျတဲ့ ကျူရင်း ရေးဆွဲသော ပုံစံ state machine စက်ပစ္စည်းကြီးအတိုင်းပါပဲ။

(ပြန်ပြောစရာက ကျူးရင်းစဉ်းစားခဲ့တဲ့ Scanner စကင်နာ မှတ်ချက်တွေပါပါတယ်တဲ့။ scanner ဆိုတာ ကွန်ပြူတာနဲ့ ယနေ့ခတ်တွဲသုံးတဲ့ စက်ပစ္စည်းဖြစ်ပါတယ်။ အဲသည်တုန်းက စကင်နာ နေနေသာသာ ကွန်ပြူတာတောင် ဘယ်နေမှန်းမသိသေးပါဘူး။ ကျူရင်းက scanner အဓိပယ်ကို one that scans လို့ ဖော်ပါတယ်။ သူက စကင်အလုပ်ကိုလုပ်သောအရာ လို့ ဆိုလိုတာပါ။ အရာဝတ္တုများကို ဖတ်သောအရာလို့ ဆိုလိုတာပါ။ ရှေ့က ဆောင်းပါး ကွန်ပြူတာနည်းပညာတော်လှန်ရေး နံပါတ် ၈ မှာ သူစဉ်းစားပြထားတဲ့ စကင်နာဆိုတာကို state machine လို့ခေါ်ပါတယ်တဲ့။ CQT, PPL တွေဟာ state လုပ်ထားတာတွေ သာဖြစ်ပါတယ်တဲ့။ အဓိပယ်က “သူ့ဘာသာသူ သတ်မှတ်ထားချက်များ“ ဖြစ်ပါတယ်။ ဒါကြောင့် သတ်မှတ်ထားသော စက်စ္စည်း လိုု့ဆိုတာပါ။ တကယ့် ယနေ့ခတ် ရုတ်လုံးပေါ် စကင်နာ စက်ကြီး မဟုတ်ပါဘူး။ အဲသည် state ဆိုတဲ့အသုံးဟာ ကျူရင်း ရှေ့လျောက် ဖန်တီးမယ့် စက်ပစ္စည်းသဘောတရားနဲ့ ဆက်လက် အကျွမ်းဝင်နေတာကို ဖြတ်ပြောလိုက်ပါရစေ။)

အခု လက်တွေ့ကျတဲ့ စကားနဲ့ပြောမယ်။ ပရိုဂရမ်များကို သိမ်းဆည်းခြင်းဆိုတဲ့ လုပ်ငန်းစဉ်က အမှန်သာဆိုရင် တကယ့်ကို အဆင်ပြေ အသုံးတည့် မှာပါ။ သည်တော့ အချက်အလက်များ ကိုလ ျှပ်စစ်နည်းပညာနဲ့ သိမ်းဆည်း မယ်ဆိုပါက ကွန်ပြူတာထဲက ဝါယာကြိုးတွေ ဘာမှ မပြောင်းလဲပဲနဲ့ အလုပ်ဖြစ်မလား ဆိုတာ စဉ်းစားရမယ်။ (ဆိုလိုတာက တစ်ခုခု လုပ်မယ်ဆိုရင် ကြိုးတွေ ဟိုသည်ဆက်ရ ပြောင်းရ ဒါတွေမပါပဲ အလုပ်ဖြစ်မလား ဆိုတာကို စဉ်းစားတာ) အလွန့်အလွန်ကို လ ျှင်မြန်တဲ့ လ ျှပ်စစ်နည်းပညာနဲ့ တွက်ခက်ကြမယ် အရမ်းကို အရင်လိုတဲ့ လိုအပ်ချက်တွေနဲ့ မြန်မြန်ဆန်ဆန် အလုပ်လုပ်ကြမယ် ဆိုပါတော့။ အစတုန်းက မိုးလ် ကျောင်းထွက်တွေ ပါတဲ့အုပ်စု က အချက်အလက်တွေ ထောင်ချီပြီး တစက္ကန့်ကို ဒါမှမဟုတ်လည်း တမိနစ်ကို တွက်ဖို့ လူက ခိုင်းစေမယ် ဆိုပါရင် ဒါကို လုပ်ပေးမယ့် စက်ကြီးကို တည်ဆောက်ဖို့ဟာ စဉ်းစားလို့မပီးနိုင်ဘူးလို့ သူတို့ သိခဲ့ကြတယ်။ ဟော…. လ ျှပ်စစ်နဲ့ ကွန်ပြူတာကို စဉ်းစားလိုက်တော့…. လ ျှပ်စစ်ကွန်ပြူတာက တွက်ချက်မူမှာ အချက်အလက်တွေထည့်ပီး ခိုင်းလိုက်တာနဲ့ အလုပ်လုပ်ပါတော့တယ်။ ဒါကို သိမ်းဆည်းခြင်းလို့ ခေါ်မယ်။ သူက လ ျှပ်စစ် မှတ်ညဏ်ထဲ အချက်အလက်တွေရော ခိုင်းစေမူတွေရော အကုန်ကို သိမ်းဆည်းပေးပါတော့တယ်။

ဗွန်နယူးမင်းအတွက်တော့ ပရိုဂရမ်များသိမ်းဆည်းတဲ့အဓိပ္ပါယ် ဆိုတာ သိပ်ကိုရှင်းလင်းတဲ့ အချက်တစ်ခုဖြစ်ပီး သိသာထင်ရှားတဲ့ လုပ်ဆောင်မှုတစ်ခုဖြစ်ပါတယ်တဲ့။ ဒါဟာ ကွန်ပြူတာရဲ့ မှတ်ညဏ်အား ဘယ်လောက်ကောင်းတယ်ဆိုတာ ပြတယ်။ ကွန်ပြူတာဆိုတာ ဒါပဲလို့ ဆိုလိုတာဖြစ်ပီး အဆင့်မြင့် အဆင့်အတန်းမှီကွန်ပြူတာ ဆိုတာ အဲလို သိမ်းဆည်းနိုင်တဲ့ စွမ်းပကားရှိတယ် ကွန်ပြူတာဆိုတာ ဘာလဲဆိုတာ ပြတဲ့ အချက်ပဲတဲ့။ ဒါကို အက်ကက်နဲ့ မက်ချီတို့ကလည်း ညီတူညီမ ျှ ထောက်ခံပုံရပါတယ်။ သူတို့ကိုယ်တိုင်ကလည်း ၁၉၄၄ ခုနှစ် အစပိုင်းလတွေကတည်းက ဗွန်နယူမင်းက EDVAC စက်ကြီးနဲ့လာ မပတ်သက်ခင်ကတည်းက ဒါကို ပဲ ဆွေးနွေးလာတာဆိုတော့လေ။

တည့်တည့်ပဲ ဖြစ်ဖြစ် မဖြစ်ဖြစ် ပရိုကရမ်များသိမ်းဆည်းတဲ့ အကြံညဏ်က EDVAC နည်းပညာ ရှေ့ခြေလှမ်း ဖြစ်တဲ့ သော့ချက်ပါပဲ။ အက်ကက်နဲ့မက်ချီ တို့က မှတ်ပုံတင်ဖို့သိပ်ကို စိတ်အားထက်သန်နေခဲ့ကြပါတယ်။ သူတို့ က လွတ်လွတ်လပ်လပ် လုပ်ချင်တယ်။ ဗွန်နယူမင်းကတော့ အဖွဲ့တစ်ခုလုံးအတွက်ဆိုပီး ရိုးရိုးပဲ တွေးတယ်။ အဲသည်အတိုင်း ရီပို့လုပ်တယ်။ အချိန်တွေ ကြာလာတာနဲ့အမ ျှ နယူမင်းက အကြံညဏ်ဆိုတာကို ဝေမ ျှဖို့ စိတ်ထက်သန်တယ်။ နယူမင်းက စစခြင်းရခဲ့တယ်ဆိုတဲ့ နည်းပညာအပိုင်းကို ဆွေးနွေးခဲ့ကြတယ်ဆိုသောလည်း နံမယ်ကို ပေးဖို့မှာ အတိအကျပေးဖို့ မဖြစ်နိုင်ဖူးလို့ တွေးတယ်။ ရုပ်လုံးပေါ်လာတဲ့အခါ ဒါကြီးပေါ်လာတဲ့အထိ လုပ်ပေးတဲ့သူတွေ များတယ် ဒီတော့ တစ်ယောက်ယောက်နံမယ်တပ်ဖို့က မဖြစ်နိုင်ဘူး။

ENIAC (Electronnic Numerical Integretor and Calculator - ကိန်းဂဏာန်များ တွက်ချက်တဲ့လ ျှပ်စစ်သုံး ဂဏာန်းတွက်စက် ဆိုပါတော့။ သူ့အကြောင်းလည်း ရှေ့ကအခန်များမှာ ရှင်းခဲပီးပါပီ။) စက်ကြီး လုံးဝဥသုံ အပြီးမသတ်သေးသ၍တော့ ဒီကိစ္စကို မစဉ်းစားဘူးလို့ အဖွဲ့တစ်ခုလုံးက ယူဆထားပါတယ်။ စက်ကြီးရဲ့ ပြသမူအပိုင်းကို ဗယ်လန်တိုင်းနေ့ ၁၉၄၆ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ မှာ ကျင်းပပြုလုပ်ခဲ့ကြတာ မှာ လူတွေ တကယ့်ကို အံ့သြမင်တက်ကုန်ကြပါသတဲ့။ အက်ကက်နဲ့ မက်ချီတို့က စက်ကြီးကို ကြော်ငြာပေးတဲ့အလုပ်ကို လုပ်ပြတယ်။ သူတို့က ထောင်ချီတဲ့ ကိန်းဂဏာန်းတွေကို သတင်းထောက်တွေ မျက်စိကြိမ်းသွားအောင်ကို အတိုးချ ပြသခဲ့ကြပါတယ်။ တကယ်လုံးဝဥသုံလ ျှပ်စစ်သုံး ကွန်ပြူတာကြီးပြသမူဟာ အားလုံးကို တုန်လှူတ်သွားစေတယ်။ သူက တကယ်ပဲ အလုပ်လုပ်ပြမယ်ဆိုပဲ။ အဲသည်နေ့ဟာ ကွန်ပြူတာ ဆိုတဲ့ အသုံး လူတွေ ပါးစပ်ဖျားပေါ် ရောက်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ဒီစက်ကြီးက ကွန်ပြူတာ တဲ့။ ဒါကို မက်ချီနဲ့ အက်ကက်တို့က ဒရာမာ ဆန်ဆန် စကားလုံးလှလှတွေသုံးပီး လူတွေကို ဆွဲဆောင်လိုက်နိုင်ပါတယ်။ လူလုပ်ကွန်ပြူတာ အီနက်စက်ကြီး။ (ENIAC)

လူတွေကြားပြသမူဟာ အံ့မခန်း ဖြစ်နေတယ်။ အဲဒီ လို အောင်မြင်မူကြီးက နံမယ်ကိစ္စ မှတ်ပုံတင်တဲ့ကိစ္စ ညင်းခုန်နေတဲ့ကိစ္စကိုတောင် ပျောက်သွားစေတယ်။ သိပ်မကြာခင်မှာ အီနက် စက်ကြီး စပါတယ်။ ပင်နီဆဗာနီးယား တက္ကသိုလ်က ဒီကွန်ပြူတာစက်ကြီး ဖြစ်လာဖို့ ပါဝင်ခဲ့သူ တွေအားလုံးကို လျောက်လွှာ တင်ကြဖို့ဆိုပီး ဥပဒေ အသစ်ထုတ်ပါတယ်။ အက်ကက်နဲ့ မန်ချီ တို့က အဲသည်လို ပါဝင်ဖို့ညင်းဆန်ခဲ့တယ်။ ၁၉ ၄၆ခုနှစ် မတ်လ ၃၁ ရက်နေ့မှာ သူတို့ဟာ (အက်ကက်နဲ့မန်ချီ) တို့က လျောက်လွှာတင်တဲ့ကိစ္စတွေ၊ ပါဝင်ပတ်သတ်မူတွေကနေ ထွက်သွားတယ်။ သူတို့ဘာသာသူတို့ အက်ကက်-မန်ချီကုမဏီတည်ထောင်လိုက်တယ်။ သူတို့က EDVAC ကွန်ပြူတာလုပ်ငန်းစဉ်ကြီး တစ်ခုလုံးကို သူတို့က စွန့်လွှတ်လိုက်ကြတယ်။ ဒီလုပ်ငန်းကလည်း ၁၉ ၅၂ထိအောင် အပြီးမသတ်နိုင်သေးပါဘူး။ ဒါပေမယ့် အက်ကက်နဲ့မန်ချီတို့ သူတို့တွေ မှတ်ပုံတင်ကိစ္စ တွေကို မတောင်းဆိုကြသေးခင် ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ နယူမင်းက ပရိုဂရမ်နဲ့ပတ်သက်တဲ့ အကြံညဏ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်တာကို သူ့နံမယ်နဲ့ မှတ်ပုံတင်ဖို့ ဖောင်ဖြည့်ခဲ့ပါတယ်။

ENIAC နဲ့ EDVAC လုပ်ငန်းစဉ် နှစ်ခုစလုံးအတွက် နောက်ဆုံး မှာ အပြည့်အဝ ငွေကြေးထောက်ပံ့ပေးခဲ့တဲ့ စစ်တပ်ရဲ့ အခန်းကဏ္ဍက ပါလာပါတယ်။ ဒီလိုနဲ့မှတ်ပုံတင်ကိစ္စဟာ ၁၉ ၄၇ခုနှစ် ဧပြီလ တိုင် နောက် ၁နှစ် ထပ်ကြာသွားတယ်။ နယူမင်းရဲ့ ပထမစာတမ်းအကြမ်းကတော့ လူထုကြားမှာ ရောက်သွားတယ်။ ပရိုဂရမ်များ သိမ်းဆည်းမူပိုင်းဆိုင်ရာမှာတော့ ဘယ်သူ့နံမယ်မှ မရှိပဲ ဒီအတိုင်း ထားဆဲဖြစ်ပါတယ်။ ကွန်ပြူတာကြီး မွေးဖွားလာပုံကတော့ သိတဲ့အတိုင်း ဘယ်သူ့ဘယ်ဝါရယ်လို့ မပြောနိုင်ပါဘူး။ ကွန်ပြူတာခေတ်ကို ဘယ်သူက အကြံညဏ်ကြီးကြီးပေးခဲ့တယ်ဆိုတာတော့ ပရိသတ်ကြီးပဲ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။

ကွန်ပြူတာဆော့ဝဲလ်နဲ့ စက်မူပိုင်းဆိုင်ရာကတော့ အင်ဂျင်နီယာများနဲ့ ပရိုဂရမ်သိမ်းဆည်းမူပိုင်းဆိုင်ရာ ပေါင်းဆည်းမူ ဖြစ်ပါတယ်။ ဒီနေရာမှာ ရေးတက္ကသိုလ်က သိပ္ပံပညာရှင် David Gelemter (ဒေးဗစ် ဂလာတာ) ကိုထည့်ပြောရပါလိမ့်မယ်။ သူက ဆော့ဝဲနဲ့ ဟာ့ဝဲကြားက ဆက်သွယ်မူကို ဂီတ ၊ တူရိယာနဲ့အသံတွေ ထည့်ပီး အသက်သွင်းပေးခဲ့တယ်ဆိုပဲ။ ကွန်ပြူတာဟာ တိုက်ဂျက်လေယာဉ်တွေမှာ ပါဝင်လာတယ်။ လုပ်ငန်းခွင်ထဲက ငွေကြေးရေးကိစ္စတွေဖြေရှင်းလာတယ်။ ဝတ္တုရှည်ကြီးတွေရဲ့ အခန်းတွေမှာ ပါဝင်လာတယ်။ ကဲ… ခင်ဗျားကြိုက်တာပြောဗျာ…. စန္နယားနဲ့ Bach (ဘက်ချ်) ရဲ့ တေးသွားတွေယူမလား ဒါမှမဟုတ် ဘလူး ဘယ်ရီ ့တေးသံတွေ ယူမလား သူက မိုက်ကရိုဆော့ စာရိုက်ဖို့ သူက ထည့်ပေးဦးမှာတဲ့။ Microsoft windows machine, Macintosh , Unix တွေကလည်း သိပ်အားမစိုက်ရပဲ အလုပ်လုပ်နိုင်နေပါပီ။ ကွန်ပြူတာရဲ့ ဖွင့်လိုက်တဲ့ စာမျက်နှာမှာ အရေအတွက်တွေ အများကြီး မှတ်စုထုတ်ပြ တယ် တီးမှူတ်သူမပါပဲနဲ့ ဂီတကို နားဆင်နိုင်ပါသတဲ့။

ဒါ့အပြင် ပါစင်နယ် ကွန်ပြူတာတွေကြောင့် မျက်နာပြင်အပြည့် ကိုယ့်အပိုင်စာတမ်းတွေ ရေးသားပြုစုရတာကိုက ခံစားချက်တွေ ဖြစ်လာပါတယ်။ ဆော့ဝဲ မပါပဲနဲ့တော့ ဟောသည် တောက်ပနေတဲ့ မျက်နှာပြင်က တောက်ပနေတာပဲ မြင်ကြရမှာပါပဲ။ ဆော့ဝဲထည့်လိုက်တော့မှသာ ကွန်ပြူတာဟာ အသက်ဝင်လာတာ ဖြစ်ပါတယ်။ လန်းလာတယ်ပေါ့။ အမ်အိုင်တီက ပညာရှင် Shelly Turkle (ရှယ်လီ တာကယ်) က အဲသည်လို ဆော့ဝဲနည်းပညာအသစ်နဲ့အသက်သွင်းပေးခဲ့ပါတယ်။ သူက “စိတ်ကူး အသစ်ဆို တာ တကယ်တော့ စိတ်ကူးပါပဲ။ အသစ်ဆိုတာ နောက်ကျ အသစ်မဟုတ်တဲ့ စိတ်ကူးပဲ ဖြစ်ပါတယ်။“ လို့ ပြောပါတယ်။

အင်တာနက်တွေ ၊ ဝက်တွေ နက်ဝေါ့တွေမှာ အဓိက လှူပ်ရှားပေးနေတာ ဆော့ဝဲပါ။ သူက အခြေခံပါပဲ။ ပြောရရင် ဆော့ဝဲဟာ ဟာ့ဝဲနဲ့ လွတ်လပ်ရာကို ရောက်နေပါပီ။ တယ်လီဖုန်းလိုင်းတွေ (ကွန်ယက်တွေ ) နက်ဝေါ့ တွေ အကြောင်း စဥင်္းစားကြည့်ပေါ့။ ဆော့ဝဲက သူ့ဘာသာသူ ရပ်တည်လို့ရတေနပီလို့ ဆိုရမှာပေါ့။ နေအိမ်ကွန်ပြူတာကနေပီးတော့ ဆက်သွယ်မယ်၊ အဖွဲ့ဖွဲ့မယ်၊ ရပ်တည်မယ်၊ ပြောမယ်၊ ဆိုမယ်ဒါတွေကို ကွန်ပြူတာ အချင်းချင်း အလုပ်လုပ်နေကြပါတယ်။

ဗွန်နယူးမင်းရဲ့ စာမျက်နှာ ၁၀၁ မျက်နှာရှိတဲ့ “ပထမအကြမ်း“ စာတမ်းဟာဖြင့် ပရိုဂရမ်များ သိမ်းဆည်းခြင်းဆိုတဲ့ ကွန်ပြူတာနည်းပညာတိုးတက်မူ အပြောင်းအလဲတစ်ခုကို နောက်ဆုံး အနေဲ့ အစပျိူးလာမူလို့ ကင်ပွန်းတပ် ကြရမှာဖြစ်ပါတယ်။ အဲဒီ အပြောင်းအလဲဟာ ယနေ့တိုင် ဆက်သွားနေဆဲဖြစ်တယ်။ ကွန်ပြူတာတွေ ဘယ်လိုဘယ်ပုံ အလုပ်လုပ်ပြပီး ဘယ်လို ရပ်တည်သလဲဆိုတာကို ပြသမယ့် အပြောင်းအလဲတစ်ခု။ ဗွန်နယူမင်းရဲ့ပေပါ မတိုင်ခင်က လူတွေက ကွန်ပြူတာဆိုတာ လ ျှပ်စစ်နည်းပညာနဲ့တည်ဆောက်ထားတဲ့ စက်ပစ္စည်းလို့ မြင်ကြတယ်။ အစစအရာရာဟာ တဖြေးဖြေး အသုံးတည့်လာတာတော့ အမှန်ပါ။ သေချာတာက တော့သူက နံပါတ်တွေနဲ့ အလုပ်လုပ်နေရတာပါ။ ဗွန်နယူမင်းရဲ့ပေပါ ပေါ်ထွက်လာပီးတဲ့နောက်မှာ လူတွေအမြင်ဟာ ဒီကွန်ပြူတာဟာဖြင့် တကယ်ပဲ တစ်ခုခုတော့ ထူးနေပီလို့ ဖြစ်လာကြတယ်။ အခြေခံ ကျတဲ့ စက်ပစ္စည်းလို့ မြင်လာတယ်။ တွက်ချက်သော စက်ပစ္စည်များဟာ ကွန်ပြူတာများ ဖြစ်လာပီး စက်ကရိယာများဟာ ဆော့ဝဲများ အလုပ်လုပ်ခြင်းလို့ သိလာကြပါတယ်။


(ယခု ဘာသာပြန်ထားသော Dream Machine (အိပ်မက်ထဲက စက်ပစ္စည်း) စာအုပ်မှ The Last Transition (နောက်ဆုံး အပြာင်းအလဲ) ဆိုတဲ့ အပိုင်း အဆုံးသတ်ဖြစ်ပါတယ်။ စာမျက်နှာ ၅၀ဝ (ငါးရာ) နီးပါ းရှိတဲ့ အဲသည်စာအုပ်ရဲ့ စာမျက်နှာ ၇၀နီးပါး (ခုနှစ်ဆယ်) ကို အခု သည်မှာ ဘာသာပြန်ထားတာပါ။ နောက်ပိုင်းအခန်းတွေ စိတ်ဝင်စားရင ်ဆက်ဘာသာပြန်ပါ့မယ်။)

ဂျူနီယာဝင်း

No comments: