Tuesday, August 30, 2011

Encyclopedia – Human Body – Translation –juniorwin


 စာအုပ်အမည် - အမေးအဖြေစွယ်စုံကျမ်း - လူ့ကိုယ်ခန္ဓာ
ရေးသူ - ဘာသာပြန် - ဂျူနီယာဝင်း
ရန်အောင်စာပေ
ပထမအကြိမ် ၂၀၁၁ သြဂုတ်လ
တန်ဖိုး -  ၁၀၀၀ ကျပ်
အုပ်ရေ - ၁၀၀၀
အခန်း- ၁၃ ခန်း
စာမျက်နှာ - ၁၂၀
Questions & AnswersnEncyclopedia 2006 – Human Body အမည်ရှိစာအုပ်ကိုအပိုင်းလိုက်ဘာသာပြန်
ဆိုမူမှာယခုစာအုပ်ကအပိုင်းတစ်ခုဖြစ်သည်။အရင်လကသိပ္ပံနှင့်နည်းပညာထွက်ရှိခဲ့သည်။ယခုစာအုပ်ကဒုတိ
ယအပိုင်းတစ်ခုဖြစ်သည်။အခန်းအပိုင်းဟူ၍၈ပိုင်းရှိရာယခုဆိုလျှင်၂ပိုင်းထွက်ရှိခဲ့ပြီဟုဆိုရမည်။
လူ့ကိုယ်ခန္ဓာတွင်အရေပြား၊ဆံပင်၊လက်သည်း၊အရိုးအဆက်၊ကြွက်သား၊နှလုံး၊သွေး၊အဆုတ်၊အာရုံကြော
များ၊ဦးနှောက်မှအစပြု၍မမွေးဖွားမီလူ့ကိုယ်ခန္ဓာကိုယ်၊မွေးဖွားပြီးလူ့ကိုယ်ခန္ဓာကိုယ်စသည်ဖြင့်တခန်းဆီ
ကိုအသေးစိတ်မေးခွန်းများဖြင့်ဖြေပြထားသည်များပါဝင်သည်။ဥပမာအရေပြားကဘယ်လောက်ပါးသလဲ၊
အရိုးအတွင်းမှာဘာရှိလဲ၊အရိုးကျိုးသွားရင်ဘာဖြစ်မလဲစသည်များအပြင်လက်သည်းနဲ့ခြေသည်းဘယ်သူက
အရှည်မြန်သလဲ၊လက်သည်းတွေဘာကြောင့်ရှိနေရသလဲစသည်ကဲ့သို့သိချင်စိတ်ကိုနှိုးဆွပေးသည့်မေး
ခွန်းများကိုစိတ်ကျေနပ်ဖွယ်ဖြေပေးထားပါသည်။
အမှန်တော့လူ့ကိုယ်ခန္ဓာအကြောင်း - Human Bodyဟူသောစာအုပ်မျိုးကိုတွေ့လျှင်ကိုင်ကြည့်ဖို့ပင်စိတ်
မ၀င်စားပါ။ကိုယ်နဲ့မဆိုင်ဟုပင်ယူဆထားမိပါသည်။သို့သော်လည်းဤစာအုပ်ထဲကထိုအခန်းကိုဘာသာပြန်ဖို့
ရန်အောင်စာပေကတိုက်တွန်းခဲ့သဖြင့်သာဘာသာပြန်ဖြစ်ခဲ့သည်ဟုဆိုရပါမည်ဖြစ်ပါသည်။တကယ်ဘာ
သာပြန်ဖတ်ရတော့မှတကယ်စိတ်ဝင်စားစရာများတွေ့လာရပါသည်။စာဖတ်သူများလည်းအဲသည်လိုပဲ
ဖြစ်မည်ထင်ပါသည်။


Wednesday, August 24, 2011

Book Advertisement – Puzzle – Dr.Khin Maung Win



စာအုပ်အမည် - ညဏ်စမ်း Puzzle
ရေးသူ ဘာသာပြန် - ဒေါက်တာခင်မောင်ဝင်း
ရန်အောင်စာပေ
၂၀၁၁ သြဂုတ်လ
အုပ်ရေ - ၁၀၀၀
တန်ဖိုး - ၁၀၀၀ ကျပ်
စာမျက်နှာ - ၉၆
အခန်းပေါင်း -မေးခွန်းပေါင်း၅၈

သင်္ချာညဏ်စမ်းများရော၊ဈေးတွက်များရော၊စိတ်ကူးနဲ့တွက်ချက်ကာစဉ်းစားတွေးခေါ်မူများပါသည့်စာအုပ်တစ်အုပ်ဖြစ်ပါသည်။အပျင်းပြေ၀တ္ထုဖတ်သလိုနဲ့မေးခွန်းများလည်းဖြေကြည့်ကာအဖြေများလည်းကိုက်သွားရမည်ဖြစ်ပါသည်။
ပုစ္ဆာတိုင်းတွင်စဉ်းစားနည်းဆိုပြီးဘယ်လိုစဉ်းစားရမည်လဲဆိုတာပါပါသည်။သည်တော့တွက်သည့်အခါအထောက်အကူဖြစ်ပေလိမ့်မည်။ထို့အပြင်ပုစ္ဆာများကိုဖတ်ကာကိုယ်တိုင်ပါဝင်စမ်းသပ်၍ရသောတွက်နည်းများလည်းပါပါသည်။ဥပမာရွေ့လျားဓါတ်လှေကားမှာလှေကားဘယ်နှစ်ထစ်ရှိသလဲဆိုတာကိုရွေ့နေရက်နဲ့ဘယ်လိုသိနိုင်မလဲဆိုတာမျူိး။
“သင်္ချာဆိုတာဒီလိုပါပဲ။လက်တွေ့သုံးလည်းရပါတယ်။လက်တွေ့မလုပ်ပဲစာရွက်ပေါ်မှာတွက်ကြည့်၊အတွေးနယ်ထဲမှာလဲနေရင်လည်းရပါတယ်။ကိုယ်ကြိုက်ရာလုပ်ကြည့်ပါ။စာရေးသူကတော့တွေးးသမားသက်သက်သာ”ဟုအငြိမ်းစားသင်္ချာပါမောက္ခဒေါက်တာခင်မောင်ဝင်းကအမှာစာမှာရေးထားပါသည်။
ကိုင်း…ကိုယ်ကအတွေးသမားလား၊လက်တွေ့သမားလားဆိုတာကိုယ်တိုင်ပါဝင်တွက်ကြည့်တော့မှသိနိုင်တော့မည်ပေါ့။

Wednesday, August 10, 2011

စာအုပ်အမည် - ရှိတ်စပီးယားပုံဝတ္ထုများ



ဘာသာပြန်သူ - ခင်မျိုးချစ်

ပထမအကြိမ် - ၁၉၆၁ ဒီဇင်ဘာလ
ဒုတိယအကြိမ် - ၁၉၆၂ ဇွန်လ
တတိယအကြိမ် - ၂၀၁၁ ဇူလိုင်လ
ရန်အောင်စာပေ
တန်ဖိုး -  ၂၅၀၀ ကျပ်
အုပ်ရေ - ၁၀၀၀
စာမျက်နှာ - ၂၆၀
ဒေါက်တာခင်မောင်ဝင်း၏အမှာစာ
ရှိတ်စပီးယား၏အတုပတ္တိ တို့အပြင်
ဒေါ်ခင်မျိုးချစ်၏အမှာစာများလည်းပါဝင်ထားသည်။
ရှိတ်စပီးယား၏ပုံဝတ္ထုပေါင်း၁၂ပုဒ်ကိုမြန်မာဘာသာဖြင့်လှပစွာပြန်ဆိုထားမူဖြစ်ပါသည်။
စာရေးဆရာမကြီးဒေါ်ခင်မျိုးချစ်က

“အခုနေရှိတ်စပီးယားပြန်ရှင်လာလို့သူ့ပြဇာတ်တွေကိုကျောင်းတွေတက္ကသိုလ်တွေမှာသင်ကြားပို့ချနေတာကိုမြင်ရင်အတော်အံ့သြသွားမှာပဲ။ခုခေတ်ဆရာသုခတို့ဒဂုန်ဆရာတင်တို့ပြဇာတ်တွေကိုနောင်နှစ်ပေါင်း၃၀၀လောက်ကြာတဲ့အခါဒီလိုပဲကျောင်းသားတွေသင်နေကြရရင်မင်းတို့အံ့သြမှာပဲမဟုတ်လား။“ဟု
လွန်ခဲ့သောနှစ်လေးငါးဆယ်နှစ်ကရန်ကုန်တက္ကသိုလ်အင်္ဂလိပ်ဘာသာကိုပို့ချနေသောပါမောက္ခဆရာဦးမျူိးမင်းကပြောခဲ့ပုံကိုအမှာစာအစတွင်သတိရမိပုံကိုရေးသားထားသည်။
ရှိတ်စပီးယား၏ပြဇာတ်များသည်စင်တင်ကပြ၍လူပရိသတ်ကိုဖြေဖျော်ရန်ရေးခဲ့ခြင်းဖြစ်သည်။ထိုအချက်ကိုမမေ့ကောင်းပေ။စာမေးပွဲအောင်ဖို့ကျက်မှတ်ရ၊သို့မဟုတ်စာကြီးပေကြီးဆိုသဖြင့်ဖတ်ဖူးတယ်ရှိအောင်ဖတ်ရူရလျှင်ပြဇာတ်အရသာပျက်တော့မည်။
သည်တော့ထိုပြဇာတ်ကောင်းများ၏အနှစ်သာကိုကောင်းကောင်းကြီးခံစားကြည့်ဖို့ဖတ်ကြည့်ကြဖို့ကောင်းပါတော့သည်။

စာအုပ်အမည် - ကလေးများအတွက်ပထမဆုံးသိပ္ပံအဘိဓါန်(ဘာသာပြန်)



ရေးသူ - ဒေါက်တာခင်မောင်ဝင်း နှင့်တက္ကသိုလ်ရွှေရီဝင်း
စိတ်ကူးချိုချိုမှထုတ်သည်
မူရင်း - Oxford First Science Dictionary
အုပ်ရေ - ၅၀၀
တန်ဖိုး - ၁၅၀၀ ကျပ်
စာမျက်နှာ - ၇၀
အခန်း၃ခန်းပါဝင်ထားပြီးအင်္ဂလိပ်အက္ခရာ A မှ Z အထိအင်္ဂလိပ်စာလုံးများကိုအဘိဓါန်စာလုံးများဖြင့်စိတ်ဝင်စားဖွယ်ရေးသားထားသည်။
စာလုံးတစ်လုံးစီအတွက်မြန်မာလိုဘာသာပြန်ထားသည်။
ရုပ်ပုံများမှာစာလုံးတစ်လုံးစီအတိုင်းမှာပါသည်။ဆေးရောင်စုံများဖြစ်၍စိတ်ဝင်စားဖွယ်ဖြစ်သည်။
ဥပမာ -
 air - လေ
Air is the visible gas all around us. We breathe air to stay alive.
လေသည်ကျွနိုပ်တို့၏ပတ်ဝန်းကျင်တွင်ရှိနေသောမမြင်ရသည့်ဓါတ်ငွေ့ဖြစ်သည်။
ကျွနိုပ်တို့အသက်ရှင်ရန်လေကိုရှူနေရသည်။
စသဖြင့်စကားလုံးများကိုရှင်းပြထားသည်။ကလေးများရော၊လူကြီးလူငယ်မရွှေးဖတ်ရူလေ့လာ
နိုင်မည့်စာအုပ်တစ်အုပ်ဖြစ်ပါသည်။

Tuesday, July 26, 2011

Book Review - Gift of Laughter – Khin Myo Chit


စာအုပ်အမည် - Gift of Laughter
စာရေးဆရာ - Khin Myo Chit
Parami Bookshop ပါရမီ စာပေ
ဒုတိယအကြိမ်
အတွင်းသရုပ်ဖော်ကာတွန်းပုံများရေးဆွဲသူ - ကာတွန်းမောင်ရစ်
စာမျက်နှာ - ၈၃ မျက်နှာ
အခန်းပေါင်း - ၈ ခန်း
တန်ဖိုး - ၁၀၀၀ ကျပ်
အုပ်ရေ - ၁၀၀၀
ထွက်ရှိသည့်ခုနှစ် - ၂၀၁၁ မေလ
မေမေကြီးဒေါ်ခင်မျိုးချစ်၏အင်္ဂလိပ်စာပေထဲကတစ်အုပ်ဖြစ်သည်။လှတောသား၏စကားလင်္ကာဟူသောစကားမျာကိုကြားဖူးဖတ်ဖူးရင်ဖြင့်သည်စာအုပ်သည်ထိုလှတောစကားပဒေသာကိုအင်္ဂလိပ်လိုရေးသားကာနိုင်ငံခြားသားများနားလည်အောင်အင်္ဂလိပ်အခေါ်အဝေါ်များ၊အင်္ဂလိပ်စာပေးများကိုကိုးကားကာရေးသားထားသည်ဟုဆိုရမည်ဖြစ်ပါသည်။ဥပမာအားဖြင့်အင်္ဂုလိမာလဟူသောအမည်ကိုမြန်မာလူမျိုးတိုင်းကမျက်စိထဲလက်ညိုးများချိတ်ဆွဲထားသူကိုပြေးမြင်မည်ဖြစ်သောလည်းနိုင်ငံခြားသားများကဘယ်လိုမှမသိနိုင်ပေ။ထိုရှင်းလင်းချက်များကိုမြန်မာ့စာပေကိုမသိနားမလည်သောနိုင်ငံခြားသားများနားလည်အောင်တိုတိုနှင့်လိုရင်းရှင်းထားချက်များပါပေသည်။
သရုပ်ဖော်ဟာသပုံများကိုကားဒေါ်ခင်မျိုးချစ်၏မြေးဖြစ်သူမောင်ရစ်ကအဘွားရှိစဉ်ကတည်းကအတူတကွစဉ်းစားသရုပ်ဖော်ထားသည်များဖြစ်ပါသည်။သည်တော့မြေးအဘွားနှစ်ဦး၏အမှတ်တရပုံရိပ်များကိုတွေ့မြင်ကြရပေသည်။
သည်စာအုပ်လေးကဒုတိယအကြိမ်ထုတ်ဖြစ်ပါသည်။ပထမအကြိမ်နှင့်ကွာခြားချက်တစ်ခုကတော့ပုံများကိုထင်ထင်ရှားရှားဖော်ပြထားခြင်းဖြစ်ပါသည်။ထို့ပြင်ထိုဆောင်းပါးများသည်ပဉ္စယူပPyinsayupaဟူသောအင်္ဂလိပ်မဂ္ဂဇင်းတွင်ဆေးရောင်စုံဖြင့်ဖော်ပြခဲ့ဘူးပါသေးသည်။

Thursday, July 21, 2011

Book Review – Q & A Encyclopedia – Science and Technology


စာအုပ်အမည် - အမေးနှင့်အဖြေ စွယ်စုံကျမ်း သိပ္ပံနှင့်နည်းပညာ
ရေးသူ -ဘာသာပြန် - ဂျူနီယာဝင်း
မူရင်း - – Q & A Encyclopedia – Science and Technology 2006
ထုတ်ဝေသူ - ရန်အောင်စာပေ
အုပ်ရေ - ၁၀၀၀
တန်ဖိုး - ၁၀၀၀ ကျပ်
ထွက်ရှိသည့်ခုနှစ် - ဇူလိုင်လ၂၀၁၁
စာမျက်နှာ - ၁၃၈
အခန်း - ၁၄ခန်း
ဂျူနီယာဝင်း၏အမှာစာအရထိုစာအုပ်သည်၂၀၀၆ခုနှစ်ထုတ်– Q & A Encyclopedia – Science and Technology မှအပိုင်းပေါင်း၈ခန်းမှတစ်ခုဖြစ်သည်ဟုဆိုသည်။စကြာဝဌာ၊ကမ္ဘာဂြိလ်၊ကမ္ဘာ့သမိုင်း၊
သဘာဝကမ္ဘာ၊လူ့ကိုယ်ခန္တာ၊သိပ္ပံနှင့်နည်းပညာ၊ကမ္ဘာတခွင်၊အနုပညာအားကစားဖျော်ဖြေရေးဟူ၍ရှိရာ
ယခုစာအုပ်ကသိပ္ပွံနှင့်နည်းပညာအကြောင်းဖြစ်လေသည်။မိမိစိတ်ဝင်စားသောခေါင်းစဉ်များအလိုက်
မိမိနှစ်သက်ရာကိုဖတ်ရူရင်းပျော်မွေ့ကြဖို့ဟုဆိုပါသည်။
ထို့ပြင်အဆိုပါစာအုပ်မှဆောင်းပါးများမှာ၂၀၀၈ခုနှစ်တုန်းကသိပ္ပံနှင့်နည်းပညာဂျာနယ်တွင်အပတ်စဉ်
“စွယ်စုံကျမ်း“ဟူသောကဏမှာဖော်ပြခဲ့ပြီးသည်များကိုစုပေါင်းပြန်ထုတ်ခြင်းဖြစ်သည်ဟုသိရပါသည်။
“အက်တမ်တွေအားလုံးအတူတူပဲလား”
“သဘာဝပစ္စည်းဆိုတာဘာလဲ”
“နူကလီယားစွမ်းအင်ဆိုတာဘာလဲ“
“လျှစ်စစ်ဆိုတာဘာလဲ”
“သံလိုက်များနေရာတကာရှိသလား”
“ကမ္ဘာကြီးကကျူံ့လာသလား”
“ယနေ့နည်းပညာနှင့်မနက်ဖြန်နည်းပညာ?”
ဟူသောမေးခွန်းများ၏အဖြေများကိုဤစာအုပ်လေးကဖြေပေးမည်ဟုဆိုသည်။

“ကိုင်း…အချိန်ဆွဲမနေဘဲမေးခွန်းများမေးလိုက်ရအောင်” တဲ့။

Monday, July 11, 2011

ရုပ်ရှင်ထဲကသမိုင်း၊သမိုင်းထဲကရုပ်ရှင် House of Saddam ဂျူနီယာဝင်း

ရုပ်ရှင်ထဲကသမိုင်း၊သမိုင်းထဲကရုပ်ရှင်

House of Saddam
ဂျူနီယာဝင်း
 (ဤဆောင်းပါးသည်ပြည်သူ့ခေတ်ဂျာနယ်အမှတ်၁၃၊စက်တင်ဘာ၂၉ရက်၂၀၁ဝတွင်ဖော်ပြခဲ့သောရုပ်ရှင်
ထဲကသမိုင်း၊သမိုင်းထဲကရုပ်ရှင်အမည်ဖြင့်ရေးခဲ့သောဆောင်းပါးဖြစ်ပါသည်။)

ယခုတင်ပြလိုက်သောHouse Of Saddam ရုပ်ရှင်ကားမှာအမေရိကန်ကားတစ်ကားဖြစ်၍၂၀၀၈ခုနှစ်မှာ
ထွက်ရှိခဲ့သည်ဟုဆိုထားပါသည်။ပြသချိန်ကတော့မိနစ်၆ဝသာရှိပါသည်။အဓိကသရုပ်ဆောင်မှာYigalNaor ဖြစ်ပါသည်။
ဤရုပ်ရှင်သည်အီရတ်သမ္မတဆဒ္ဒါန်ဟူစိန်(SaddamHussein)၏အတက်အကျဘဝကိုရိုက်ကူးထားသော
BBCတီဗီစီးရီးတစ်ခုဖြစ်သည်။

BBCTwo(အမေရိကန်ပြည်ထောင်စု)တွင်အပိုင်း၄ပိုင်းခွဲ၍ပထမဦးစွာ၂၀၀၈
ခုနှစ်ဇူလိုင်၃ဝမှသြဂုတ်လ၂ဝအထိလေးပိုင်းခွဲ၍ပြသခဲ့ရာအာရပ်ကမ္ဘာမှာပင်လူကြိုက်အများဆုံးဖြစ်ခဲ့သည်။
SaddamHussein(ဆဒ္ဒါန်ဟူစိန်)(၁၉၃၇-၂၀၀၆)သည်အီရတ်သမ္မတအဖြစ် ၁၉၇၉မှ၂၀၀၃ ခုနှစ်ကြား
အုပ်ချူပ်ခဲ့ကာအီရတ်စစ်ပွဲများကိုဦးဆောင်ခဲ့သူဖြစ်သည်။သူသည်ဘက်ဒက်မြို့မြောက်ဘက်Tikritဒေသ
တွင်လယ်သမားမိသားစုမှမွေးဖွားခဲ့သူဖြစ်ပြီးမိထွေးဖြစ်သူလက်ထဲမှာကြီးပြင်းခဲ့သည်။၁၉၅၅ခုနှစ်တွင်
Bagdad(ဘက်ဒက်)သို့ရောက်ရှိခဲ့ကာနိုင်ငံရေးအခန်းဂဏတွင်ပါဝင်ခဲ့သည်။အတိုက်အခံBaathပါတီ
အာရပ်လူမျိူးရေးလှူပ်ရှားမူတွင်အဖွဲ့ဝင်ဖြစ်လာသည်။၁၉၅၉ခုနှစ်တွင်အီရတ်စစ်ဗိုလ်ချူပ်AbdulKarim
Qassinကိုလုပ်ကြံသည့်အဖွဲ့အစည်းကိုဦးဆောင်ခဲ့သည်။Kassemသည်ဒဏ်ရာရပြီးဆဒ္ဒါန်ကSyriaသို့
ထွက်ပြေးသွားသည်။ထို့နောက်အီဂျစ်သို့ကူးခဲ့ကာ၁၉၆၂-၆၃တွင်Carioဥပဒေ ကျောငး်တွင်တက်ရောက်
ခဲ့သည်။ထို့နောက်ဘက်ဒက်ဥပဒေကောလိပ်တွင်ဆက်လက်ပညာသင်ခဲ့သည်။၁၉၆၃တွင်Qassimကိုစစ်
အရာရှိများဖြင့်ချီနှောင်နေသောBaathပါတီကချူပ်ကိုင်လွှမ်းမိုးလိုက်သည်။Baathပါတီဥက္ကဌအသစ်
AbdulSalamarifသည်နောက်ပိုင်းတွင်Baathပါတီခေါင်းဆောင်များကိုထုတ်ပစ်ကာဖမ်းဆီးခြင်းများပြုလုပ်
ခဲ့သည်။ဆဒ္ဒါန်သည်အီရတ်သို့ပြန်လာသည်။သို့သော်၁၉၆၄တွင်ထောင်ချခံခဲ့ရသည်။၁၉၆ရတွင်လွတ်လာပြီးဆဒ္ဒါန်သည်Baathပါတီခေါင်းဆောင်ဖြစ်လာသည်။ပါတီစည်ပြန်လည်၍အင်အားကြီးမားလာသည်။
ဆဒ္ဒါန်သည်AhmadHassanAlBakrဦးဆောင်သောအဖွဲ့၏AbdulSalamArifကိုဖြုတ်ချရာတွင်ဝင်ရောက်
ပါဝင်ခဲ့သည်။Al-Bakrသည်သမ္မတဖြစ်လာသည်။ ဆဒ္ဒါန်သည် အီရတ်သမ္မတ Al-Bakrနှင့်အပြိုင် သြဇာ
ညောင်းလာခဲ့သည်။၁၉၇၉တွင်အီရတ်သမ္မတAl-Bakrသည် ရာထူးမှအနားယူလိုက်ပြီးဆဒ္ဒါန်ကသမ္မတ
ဖြစ်လာသည်။

‘House of Sadda’ရုပ်ရှင်သည်ဤနေရာမှစသည်ဟုဆိုနိုင်သည်။ သို့သော်စပြပြချင်းမှာ
၂၀၀၃ခုနှစမေလအမေရိကန်သမ္မတGeorgeW.Bush(ေ၈ျာ့ဘွတ်ချ်)၏ရုပ်မြင်သံကြားမှ
ကြေငြာချက်ကိုဆဒ္ဒါန်တို့အဖွဲ့ကြည့်ရူနေကြသည်မှစသည်။ဆဒ္ဒန်နှင့်သူ့သားများအား
အီရတ်မှ၄၈နာရီအတွင်းဆုတ်ခွာဖို့နောက်ဆုံးရာဇသံဖြစ်သည်။ထို့နောက်Bagdad(ဘက်
ဒက်)သို့ဗုံးများကြဲလာသည်နှင့်တပြိုင်နက်ဆဒ္ဒါန်နှင့်သူ့မိသားစုပစ္စည်းများကောက်သိမ်း
ကာဘက်ဒက်မှထွက်ပြေးဖို့ပြင်ကြသည်။

ထိုအခန်းပြီးနောက်မှာမ၁၉၇၉ခုနှစ်စက်တင်ဘာလတွင်ဆဒ္ဒါန်၏သမီးKala၏ရနှစ်ပြည့်
မွေးနေ့ကျင်းပရာဆဒ္ဒါန်၏နေအိမ်မှာသူ့အဖွဲ့များစုဝေးနေသည်ကိုတွေ့ရသည်။ထိုမွေး
နေ့ပွဲတက်လာသူပရိသတ်များထဲတွင်အီရတ်သမ္မတa-Bakrပါဝင်လေသည်။
မွေးနေ့လာပရိသတ်များနှင့်ခွဲထွက်ကာအီရတ်သမ္မတal-Bakrကိုဆဒ္ဒန်နှင့်သူစည်း
ရုံးသိမ်းသွင်းထားသောအရေးပါသောခေါင်းဆောင်ပုဂ္ဂိုလ်များကသီးသန့်အခန်းတစ်ခု
တွင်တွေ့ဆုံကြသည်။ထိုတွေ့ဆုံပွဲကားအီရတ်သမ္မတAl-Bakrကိုရာထူးမှအနားယူဖို့ ချိမ်းခြောက်ပြောဆိုကြသောအခန်းဖြစ်သည်။Al-Bakrသည်သူ့ဘက်မှရပ်တည်မည် ဟုယုံကြည်ထားသူများကသူ့အပေါ်သစ္စာမရှိကြောင်းသိသွားသောအခါမတတ်သာပဲ လက်ခံလိုက်ရသည်။နောက်နေ့တွင်ဆဒ္ဒါန်၏ဆဒ္ဒအတိုင်း“ကျမ်းမာရေးမကောင်းလို့ရာထူးမှ
အနားယူမည်။ဆဒ္ဒါန်ဟူစိန်ကိုသူ့နေရာဆက်ခံစေမည်“ဟုကြေငြာလိုက်ရသည်။ဆဒ္ဒါန်သည်
သမ္မတကြီး၏ဆဒ္ဒနှင့်ဆုံးဖြတ်ချက်ုိလေးစားရမည်ဟုကန့်ကွက်နေသူများအားပြောကြား
လိုက်သည်။ဤကားဆဒ္ဒန်ဟူစိန်အီရတ်သမ္မတဖြစ်လာပုံကိုရိုက်ကူးတင်ပြခြင်းဖြစ်သည်။ တကယ့်လက်တွေ့တွင်သည်အတိုင်းဟုတ်မဟုတ်တော့မသိပါ။ဒါရိုက်တာလိုင်စင်ဖြင့်ပရိ
သတ်လက်ခံနိုင်လောက်အောင်ရိုက်ထားခြင်းဖြစ်လေသည်။

ဆဒ္ဒါန်အာဏာရလာပြီးနောက်သူ့ကိုဆန့်ကျင်သူများသဘောမကျသူများစိတ်မချရသူများ
ကိုပြောင်ပြောင်တင်းတင်းပင်ဖမ်းဆီးကာသတ်ပစ်ခဲ့သည်။သူနှင့်ရဲဘော်ရဲဘက်စိတ်ဓါတ်ဖြင့်
ဆဒ္ဒါန်အလိုအတိုင်းတသွေမသိမ်းလုပ်ပေးခဲ့သူAdnanHamdaniကိုဆဒ္ဒါန်ကိုယ်တိုင်သတ်ပစ်
ခဲ့သည်။ထိုသို့သတ်ပစ်လိုက်ခြင်းမှာသူနှင့်ပြိုင်ဘက်အဖြစ်တချိန်ချိန်မှာသူ့ထက်သျှမ်းသျှမ်း
တောက်ဖြစ်လာမည်၊သူ့ထက်တန်ခိုးကြီးလာမည်ကိုစိုးရိမ်သောကြောင့်ဖြစ်သည်။ဆဒ္ဒါန်ဟာ
သူ့ရဲ့ညာလက်ရုန်းဖြစ်တဲ့Hamdaniကိုဘာကြောင့်သတ်ပစ်ခဲ့ရသလဲဟုဆဒ္ဒါန်၏သွေးချင်း
များ၊ဆဒ္ဒါန်၏လက်ရုန်းများအချင်းချင်းဆွေးနွေးခဲ့ကြလေသည်။

အီရတ်သမ္မတဆဒ္ဒါန်ဟူစိန်၏နိုင်ငံရေးလှူပ်ရှားမူပြကွက်အစစ်အမှန်များကိုသတင်းအဖြစ်
ထည့်သွင်းပြထားသောသမိုင်းဝင်အခန်းများပါဝင်ထားသည်။ဆဒ္ဒါန်သမ္မတဖြစ်လာပြီးတနှစ်
အတွင်းမှာအိမ်နီးချင်းအီရန်နိုင်ငံနှင့်သွေးချောင်းစီးရက်စက်သောစစ်ပွဲများစတင်ခဲ့သည်။အီရတ်သည်
စစ်ပွဲအတွင်းဓာတုလက်နက်များကိုအသုံးချကာတိုက်ပွဲဆင်နွဲခဲ့သည်။၈နှစ်ကြာသောအီရန်-အီရတ်စစ်ပွဲ ၏အကျိူးဆက်ကားမရေတွက်နို်င်သောလူရာပေါင်းထောင်ပေါင်းများစွာသေကြေခဲ့ကြကာအပျက်အဆီး
များထောင်ချီခဲ့သည်။အကြွေးဒေါ်လာရ၅သန်းတင်ခဲ့သည်။တိုင်းပြည်သည်ဘာတိုးတက်မူမှမရှိပဲဆင်း
ရဲမွဲတေသွားသည်။ဆဒ္ဒါန်ကတော့ဒါကိုအောင်မြင်မူဟုကြွေးကျော်ခဲ့သည်။ဆဒ္ဒါန်သည်သူ၏အာဏာ
ကိုသုံးကာနိုင်ငံငယ်ကလေးKuwaitကိုအကြွေးဆပ်ရာတွင်အတူဆပ်ပေးဖို့ချိမ်းချောက်ခဲ့သည်။
ထိုParsianGulfWarစစ်ပွဲငယ်လေးသည်အီရန်အီရတ်စစ်ပွဲလောက်မကြီးကျယ်သောလည်းအပျက်
အဆီးများခဲ့သည်။အမေရိကန်မှဦးဆောင်သောမဟာမိတ်အဖွဲ့မှဝင်ရောက်ဖြန်ဖြေရာဆဒ္ဒါန်သည်နိုင်ငံ
တကာပိတ်ဆို့မူခံခဲ့ရကာအထီးကျန်ဖြစ်သွားသည်။၁၉၉ဝနောက်ပိုင်းတွင်တိုင်းပြည်သည်ဆဒ္ဒါန်၏
သူ့လက်သူ့ခြေဖြစ်သွားသည်။ဆဒ္ဒါန်ဘက်ကသာအလျော့ပေးပြီးလက်တွဲလျှင်စီးပွားရေးပိတ်ဆို့မူများ
ဖယ်ပေးမည်ဟုသောတောင်းဆိုချက်ကိုဆဒ္ဒါန်ကညင်းပယ်ခဲ့သည်။

ဆဒ္ဒါန်၏အိမ်တွင်းရေးများဖြစ်သောဆဒ္ဒါန်နှင့်သူ့မိထွေးဆက်ဆံရေး၊သမီးဖြစ်သူအားဆဒ္ဒါန်
၏ညီအကိုတော်စပ်သူBarzan၏သားနှင့်လက်ထပ်ပေးဖို့စီစဉ်ပုံ၊သားUDayနှင့်အာရပ်တခွင်
အမဲလိုက်ခန်းများ၊သားအဖနှစ်ယောက်စကားပြောခန်းများအရဆဒ္ဒါန်သည်ငယ်စဉ်ကပထွေး
၏အရိုက်အနှက်ခံခဲ့ရကာကြီးပြင်းခဲ့ရကြောင်းများသိလာရပုံ၊ကျောင်းဆရာမတစ်ဦးနှင့်တွေ့
ဆုံကာအိမ်ထောင်သည်ဖြစ်သောလည်းလက်ထပ်ခဲ့ပုံများအပြင်အီရတ်စစ်ဗိုလ်ချူပ်နှစ်ဦးအား
အီရတ်စစ်တပ်များဆုတ်ခွာဖို့အမိန့်ပေးခဲ့သဖြင့်သတ်မိန့်ချခဲ့ပုံများတွေ့ကြရမည်ဖြစ်ပါ
သည်။

နောက်ပိုင်းတွင်ဆဒ္ဒါန်၏သွေးချောင်းစီးနှိတ်ကွပ်မူများ၊သမီးများနှင့်ခင်ပွန်းသည်များသူ့ထံမှ
ထွက်ပြေးစွန့်ခွာ၊မိသားစုပြိုကွဲခဲ့ရပုံများ၊၂၀၀၃ခုနှစ်အမေရိကန်တပ်များဝင်ရောက်လာသဖြင့်
ကိုယ်လွတ်ရုန်းထွက်ပြေးခဲ့ရသည်များနှင့်သူ၏သားများနိဂုံးချူပ်ခဲ့ပုံများပါဝင်ပါသည်။ဆဒ္ဒါန်
သည်၂၀၀၃ခုနှစ်နိုဝင်ဘာလတိုင်ပုန်းရှောင်ခဲ့ကာနောက်ဆု့ံးတွင်အမေရိကန်စစ်တပ်ကမိ
သွားသည်။၂၀၀၆ခုနှစ်ဒီဇင်ဘာလတွင်လူသားများအပေါ်ရက်စက်စွာညင်းပမ်းနှိတ်စက်ခြင်း
ကြောင့်အပြစ်ရှိသည်ဟုဆုံးဖြတ်ကာကွက်မျက်လိုက်သည်။

ထိုရုပ်ရှင်နှင့်ပတ်သက်၍အပြင်လက်တွေ့နှင့်ကွာခြားမူများကို၂၀၁၀Encyclopediaစွယ်စုံ
ကြမ်းတွင်ထောက်ပြထားသည်များထွက်ပေါ်လာသည်ကိုတွေ့လိုက်ရသည်။ပထမပိုင်းစစ
ချင်းမှာရုပ်မြင်သံကြားသတင်းထဲတွင်လူတွေအော်ဟစ်နေတာက“ခေါင်းဆောင်ကိုဆန့်ကျင်
သူတွေသတ်ပစ်”ဟူ၍ဖြစ်သောလည်းစာတမ်းထိုးလိုက်တာက“ဆဒ္ဒါန်၏နောက်လိုက်များကို
သတ်ပစ်”ဟူ၍ဖြစ်နေခြင်း(ထိုအချိန်မှာဆဒ္ဒါန်ကအီရတ်ခေါင်းဆောင်မဖြစ်သေးပါ။)၊၁၉၉၅ခု
နှစ်ဆဒ္ဒါန်နှင့်သူ့မိသားစုရုပ်မြင်သံကြားကြည့်နေသောအခန်းတွင်ရုပ်မြင်သံကြားစက်သည်
L.Gမြင်ကွင်းပြည့်အပျားတီဗီဖြစ်နေခြင်း(ထိုတီဗီမော်ဒယ်ပေါ်လာတာက၁၉၉ရခုနှစ်မှာဖြစ်
သည်။)၊

ရုပ်ရှင်ထဲတွင်အသုံးပြုထားသောကားအမျိူးအစားအချိူ့မှာထိုအချိန်တုန်းကမပေါ်
သေးသောVolkswagonနှင့်LinconTownCarလူချမ်းသာစီးသောဇိမ်ခံကားများဖြစ်နေခြင်း၊
ဆဒ္ဒါန်၏ဒုတိယဇနီးSamiraကိုကျောင်းဆရာမဟုရိုက်ကူးထားသောလည်းအပြင်တကယ့်
ဘဝတွင်သူ၏ပထမဇနီးSajidaကအထက်တန်းကျောင်းအုပ်ဆရာမကြီးဖြစ်ကာသူ၏ဒုတိယ
ဇနီးကဆရာဝန်မဖြစ်နေခြင်း၊တနေရာတွင်အသုံးပြုထားသောမော်တော်ကားမှာမြောက်အမေရိက
Tunisiဒေသသုံးနံပါတ်ပြားချိတ်ထားသောကြောင့်ယင်းအခန်းကိုTunisi၌ရိုက်ထားခြင်းဟုယူဆနိုင်
ခြငး်၊ဆဒ္ဒါန်၏သားUDay(အူဒေး)ကိုဖမ်းမိသောအခန်းများအပြည့်စုံခြင်း၊အမေရိကန်တပ်သားသုံး
လက်နက်များမှာဗီယက်နမ်ခေတ်သုံးM16များဖြစ်ကာခေတ််မှီသောလက်နက်များမဟုတ်ခြင်း၊၁၉၈၉-
၉ဝတွင်ငအီရန်နိုင်ငံခြားရေးဝန်ကြီးTariqAziz၏ ဆွစ်ဇာလန်ခရီးစဉ်တွင်စီးသောလေယဉ်မှာB737800
နှင့်ဆင်တူနေခြင်း(ထိုကျဉ်းမြောင်းသောသေးသွယသောအင်ဂျင်နှစ်လုံးတွဲအမိုးမြင့်လေယဉ်မှာ
ယခုခေတ်နောက်ပိုင်းမှာမှပေါ်လာခြင်းဖြစ်သည်)၊နောက်ဆုံးအပိုင်းဆဒ္ဒါန်ပုန်းအောင်းရာတွင်းထဲ
တွင်ဆဒ္ဒါန်၏ကော်ဖီအပူပေးခွက်အပေါ်တုန့်ပြန်မူများကထိုမာရေကြောရေရှိသောထိုအီရတ်လူသား
တစ်ဦးနှင့်ဘယ်လိုမှမအပ်စပ်ခြင်းစသောအချက်များဖြစ်ပါသည်။ 

HouseOfSaddamရုပ်ရှင်ကားကမ္ဘာတခွင်သို့ရောက်ခဲ့လေပြီ။တကြိမ်တခါမှာတန်ခိုးအင်အား
ကြီးမားခဲ့သူတစ်ဦး၏ဘဝအတက်အကျကိုသမိုင်းဝင်ဖြစ်ရပ်မှန်များဖြင့်ရိုက်ကူးထားသောကာ
းတစ်ခုဖြစ်ပါသည်။သူသည်တခါတုန်းကဒီလိုအဆိုအမိန့်တစ်ခုကိုဆိုခဲ့ဘူး၏“The Law is
anything I write on a piece of paper.”“စာရွက်အပိုင်းအစတစ်ခုပေါ်မှာကျွနိုပ်ကောက်
ရေးလိုက်သမျှသည်ဥပဒေဖြစ်သည်။”(ဆဒ္ဒါန်ဟူစိန်)တဲ့။သည်လိုကြွေး ကျော်ခဲ့ဖူးသော
လူသားတစ်ဦး၏ဇာတ်သိမ်းကိုဘယ်သူကဒီလိုသိမ်းမည်ဟုထင်ခဲ့မှာတဲ့လဲ။သို့ပါသော်
လညး်သူ့ကြောင့်အသက်ဆုံးရူူံးသွားခဲ့ရသောအပြစ်မဲ့လူသားများ၏အသက်များကား
ဘယ်လိုမှပြန်လည်အစားထိုးမရနိုင်တော့ပါတကားဟုကောက်ချက်ချမိရပါသည်။