ဂျူနီယာဝင်း ● အိပ်မက်တွေကုုိ အကောင်အထည် ဖော်ပေးခဲ့ကြသူများ
(မိုးမခ) နိုဝင်ဘာ ၂၊ ၂ဝ၁၇ (အတွေးအမြင် နုုိဝင်ဘာ ၂ဝ၁၇)
(ဒီဆောင်းပါးကုုိ ဆင်းရဲတွင်းနက်နေသူများ (၂) လို့ အမည်တပ်ရမှာဖြစ်ပါတယ်။ ဆင်းရဲတွင်းနက်နေသူများ အမည်တပ် ဆောင်းပါးတစ်ပုုဒ်က Jeffrey Sachs ရေးသားသော The End of Poverty စာအုုပ်နိဒါန်း (အဆိုုတော် ဘုုိနုုိ (Bono) ရေး) တာကိုု ဘာသာပြန်ခဲ့တာ ဖြစ်ပါတယ်။)
● မင်းအိပ်မက်က ဘာလဲ ?
ဒီမေးခွန်းက ကမ္ဘာပေါ်မှာ အလုုပ််မရှိတဲ့လူတွေ၊ အလုုပ်လက်မဲ့တေနဲ့ ဆင်းရဲတဲ့လူတန်းစားတရပ်ကုုိ မေးလုုိက်တာပါ။ သည် တော့ မေးခွန်းက သူတို့အတွက် ရယ်စရာကောင်းနေလား။ သူတို့ကုုိ ဘယ်လုုိအလုုပ်မျိုးကုုိ စတင်လုုပ်ချင်သလဲလို့မေးပြီး အလုုပ်အကုုိင်တစ်ခုုခုုပေးပြီး သူတို့ဆီက ဘယ်လုုိမျော်လင့်ချက်ထားကြမလဲ။
၁၉၇၉ ခုုနှစ် မှာ Trickle Up ပရုုိဂရမ် စတင်တည်ထောင်ခဲ့တဲ့ အမေရိကန်နုုိင်ငံသား မုုိင်းဒရပ်နဲ့ဂလန်လိသ် (Mildred and Glen Leet) တို့စုုံတွဲက တုုိင်းပြည် ၉၉ နုုိင်ငံမှာ အကြိမ်ပေါင်း ရဝဝဝ မက အဲဒီ မေးခွန်းတွေကုုိ မေးပြီး အကောင်အထည်ဖော်ဖုုိ့ ကြိုးစားခဲ့ကြတယ်။ သူတို့တတွေက ဆင်းရဲသားတွေအပြင် စာမတတ်ပေမတတ် လူတန်းစားတွေကုုိတောင် တွေ့ပြီး အဖြေ ထုုတ်ခဲ့ကြပါတယ်။ လိသ်ဟာ ကာရီဘီရန်အရပ်က အဆင်းရဲဆုုံး ဒေသတစ်ခုုဖြစ်တဲ့ ဒုုိမီနီကာကုုိခရီးထွက်ခဲ့စဉ်မှာ Trickle Up မွေးဖွားလာဖုုိ့ အကြောင်းတွေ ဖြစ်ခဲ့ပါတယ်။
”ကျွန်တော်တို့က မတူညီတဲ့လုုပ်ငန်း ၁ဝဝ အတွက် ဒေါ်လာ ၁ဝဝ သုုံးခဲ့တယ်။ ရခဲ့တဲ့ အတွေ့အကြုံတွေက ဒီထက်မက တန်ဖုုိးရှိတယ်။ ဘာနဲ့မှ နှိုင်းလို့မရပါဘူး။” ဂလန်လိသ်က ဆက်ပြောရာမှာ ”ကာရီဘီရမ်အရပ်က ဒုုိမီနီကာဆုုိတဲ့ ကျွန်းလေး တစ်ကျွန်းကိုု စစချင်းတုုန်းက ကျွန်တော်တို့ ရွေးချယ်ခဲ့ပါတယ်။ ဘာကြောင့်လဲဆုုိတော့ အဲသည်နေရာမှာ အလုုပ်လက်မဲ့တွေ သိပ်ကုုိ ထူထပ်တယ်။ သူတို့ရဲ့ဝင်ငွေကလည်း အနိမ့်ဆုုံးအဆင့်လောက်ပဲ ရှိတယ်။”
အဲဒီမှာ ဆင်းရဲတဲ့သူတွေကုုိ ကူညီပေးမယ့် ပရုုိဂရမ်တွေ ဘာမှမရှိဘူး။ သူတို့က ရိုးရိုးရှင်းရှင်းပဲ စခဲ့ကြတာပါ။ သူတို့ကိုုယ်ပုုိင် ပုုိက်ဆံ ဒေါ်လာ ၁ဝဝ နဲ့ လူ ၁ဝ ယောက်စီကုုိပေးပြီး ကိုုယ်ပုုိင်အလုုပ်လေး စလုုပ်ခုုိင်းခဲ့ကြတယ်။ ကြက်ဥ၊ ယုုိနဲ့ ကျောင်းသုုံး ပစ္စည်းလေးတွေ ရောင်းဖုုိ့စီစဉ်ပေးခဲ့တယ်။ အဲသည်အလုုပ်လေးက ယနေ့တုုိင် တည်တန့်နေတယ်။ ပြောရရင် ရလဒ်တွေက အံ့သြစရာကောင်းလောက်အောင် တုုိးတက်လာတယ်ပေါ့။ အခုု Trickle Up အကြောင်းလေးကုုိ အစပြန်ဖော်ကြည့်ပါမယ်။
Trickle Up ဆုုိတဲ့ အဓိပ္ဗါယ်ရဲ့ နောက်မှာ လက်တွေ့ကျတဲ့သီအုုိရီ တစ်ခုုရှိနေတယ်။ ”လူတစ်ယောက်ကုုိ ငါးတစ်ကောင်ပေးပြီး ထမင်းတနပ်ကျွေးမလား၊ ဒါမှမဟုုတ် သူ့ဘဝနေထုုိင်စားသောက်ဖုုိ့ ငါးများနည်း သင်ပေးမလား” တဲ့။ လိသ်က ”လူတုုိင်း လူတုုိ်င်းမှာ” တဲ့၊ ”ဘယ်လုုိပဲ အဖိနှိပ်ခံနေရပါစေ၊ ကောင်းမွန်တဲ့ ဘဝအိပ်မက်တွေနဲ့ အလုုပ်ကောင်းကောင်းလုုပ်ဖုုိ့ ချန်ပီ ယံ ဖြစ်ဖုုိ့ အခွင့်အရေးရရင်လုုပ်မှာပဲ ဆုုိတဲ့ အိပ်မက်တွေ ရှိနေကြပါတယ်” လို့ပြောတယ်။
Trickle Up ရဲ့မူရင်းအဓိပ္ပါယ်ကိုု ဖော်ကြည့်လုုိက်တော့ ”အပြည်ပြည်ဆုုိင်ရာ အကျိုးအမြတ်မယူပဲ လူ့ဘဝကောင်းမွန်တုုိး တက်ဖုုိ့ လုုပ်ဆောင်ပေးနေသော အဖွဲ့အစည်း” လို့ ဘာသာပြန်ပါတယ်။ အဲဒီအဖွဲ့အစည်းက အလွန့် အလွန် ဆင်းရဲမွဲတေ ပါတယ်ဆုုိတဲ့သူတွေကုုိ အဓိကပစ်မှတ်ထားပါတယ်။ – သူတို့သတ်မှတ်တဲ့ ဆင်းရဲတဲ့သူတွေဆုုိတာ တစ်နေ့ကုုိ ဒေါ်လာ ၂ ဒေါ်လာအောက် (၁.၉ ဒေါ်လာ) လောက်ပဲ ဝင်ငွေရှိတဲ့သူတွေ – ဖြစ်ပါတယ်တဲ့။ စစချင်းမှာတော့ အားနွဲ့တဲ့ အမျိူးသမီးတွေ၊ ကုုိယ်ခန္ဓာချို့ယွင်းနေတဲ့သူတေနဲ့ အမေရိက၊ အာဖရိကနဲ့အိန္ဒိယက ခုုိလှုသူတွေဆီ ချဉ်းကပ်ပါတယ်။ ဆင်းရဲလွန်းလို့ အတိ ဒုုက္ခရောက်နေသူတွေဖြစ်ပြီး သူတို့ဟာ အစုုိးရရေးဆွဲတဲ့ အစီအစဉ်တွေထဲမှာ ပါဝင်ပတ်သက်ဖုုိ့တောင်မှ အလှမ်းဝေးနေသူ တွေဖြစ်ပြီး NGO (Non-government Organization) ဆုုိတဲ့ ”အစုုိးရမဟုုတ်တဲ့ အဖွဲ့အစည်း” တွေနဲ့လည်း ဘယ်လုုိမှ မ တွေ့နုုိင်တဲ့ မဆုုံဆည်းနုုိင်တဲ့သူတွေ ဖြစ်ပါတယ်။
United Nations Relief and Rehabilitation Agency (ကမ္ဘာ့ကုုလသမဂ္ဂ ဆုုိင်ရာ ကူညီထောက်ပံ့ရေး အေဂျင်စီ) မှာ သူ့ဘဝတလျောက်လုုံး လုုပ်ကုုိင်ခဲ့တဲ့ ကာလတလျောက်လုုံးမှာ ကမ္ဘာအနှ့့ံက တုုိင်းပြည်ပေါင်း ၅ဝနုုိင်ငံ ကုုိခရီးထွက်ပြီး လူတွေရဲ့ ဘဝတွေကုုိ လေ့လာစမ်းစစ်ပြီး အဖြေတစ်ခုုထုုတ်နုုိင်ဖုုိ့ မျော်လင့်ချက်တေနဲ့ ကြိုုးစားခဲ့ကြပါ့တယ်။
လွန်ခဲ့တဲ့ ၁ဝနှစ်လောက်က မုုိင်းလ်ဒရပ်နဲ့သူ (လိသ်) တို့နှစ်ဦးသားဟာ ”အပြည်ပြည်ဆိုုင်ရာ ညိမ်းချမ်းရေး အဆင့်မြင့် ကော်မတီ” ရဲ့ နောက်ခံနဲ့ကြီးမားတဲ့ အစီအစဉ်တစ်ခုုကုုိ ချမှတ်ရေးဆွဲပြီး အကောင်အထည်ဖော်ခဲ့ကြပါတယ်။ သူတို့က ပုုိက်ဆံမရှိ၊ ဆင်းရဲတဲ့လူတန်းစားတွေကုုိ တွေ့တယ်၊ မေးခွန်းတွေမေးတယ်၊ သူတိုု့ရဲ့အိပ်မက်ကဘာလဲလို့ ဖြေခုုိင်းကြည့် တယ်၊ သူတို့လက်ထဲ ပုုိက်ဆံထည့်ပြီး ဒါဟာ တကယ်ကူညီတာ၊ ဟန်ဆောင်မေးနေတာမဟုုတ်ဖူးလို့ သက်သေပြခဲ့တယ်။
”ကျွန်တော်တို့က ဒေသဆုုိင်ရာ (ကာရီဘီရန်အရပ်က အဆင်းရဲဆုုံး ဒေသတစ်ခုုဖြစ်တဲ့ ဒုုိမီနီကာ) အစုုိးရအဖွဲ့တွေ၊ အရာ ရှိတွေနဲ့ တွေ့ပြီး သူတိုု့နေရာက လူတွေအကြောင်းကိုု အသေးစိတ်မေးမြန်းကြပါတယ်။ ဒေသခံလူတေနဲ့တွေ့ဆုုံမူတွေ မရေတွက်နိုုင်အောင် လုုပ်ရပါတယ်။ တချို့က ယဉ်ယဉ်ကျေးကျေး တုုံ့ပြန်ကြတယ်။ တချို့ကတော့ ဟာသတွေ လာလုုပ် နေတယ်ဆုုိပြီး စိတ်ဆုုိးကြတယ်။ အဲသည်လုုိလူတွေ ကြားထဲကမှ အနည်းငယ်သော ၁ဝယောက်လောက်သာ ရှိတဲ့ အလုုပ် လက်မဲ့၊ အိမ်ထောင်မရှိတဲ့ အမျိုးသမီးအုုပ်စုုတစ်စုုကုုိ တွေ့ခဲ့ပါတယ်။ ကျွန်တော်တို့က သူတို့ကုုိ မေးကြည့်တယ် — ”ခင်ဗျား တို့ကုုိ အလုုပ်တစ်ခုုခုု တစ်ယောက်ယောက်က ပေးမယ်လို့ မျော်လင့်ပြီး စောင့်နေကြတာ ဘယ်လောက်ကြာပြီလဲ၊ ကိုုယ့်ဘာ သာကုုိယ် ရောလုုပ်ဖုုိ့စိတ်ကူးမရှိဘူးလား”
”ဒီမေးခွန်းက သူတို့အတွက် စိတ်အနှောက်အယှက်လည်း ဖြစ်တယ်၊ စိတ်လှုပ်ရှားစရာလည်း ကောင်းပါတယ်။ သူတို့က ဖြေတယ် – ”ကျွန်မတို့လုုပ်ချင်တာပေါ့။ ကျွန်မတို့က ဝုုိင်ကောင်းကောင်း လုုပ်တတ်တယ်။ ဘယ်လုုိလုုပ်ရမလဲ ဆုုိတာလည်း သိတယ်။” ဆုုိပြီး အစီအစဉ်တစ်ခုုကိုု ကောက်ကြောင်းဆွဲပြတယ်။ ကျွန်တော်တို့က သူတို့အတွက် ရင်းနှီးငွေ ထုုတ်ပေးလုုိက် ပါတယ်။ ဒါဟာ သူတို့ရဲ့အိပ်မက်ကုုိ ဆွဲထုုတ်ပေးလုုိက်တာ ဖြစ်ပါတယ်။ စာချုပ်တစ်ခုုချုပ်တယ် – လက်မှတ်ထုုိးကြတယ် – သူတို့အတွက ်ပုုိက်ဆံ ထုုတ်ပေးတယ်။ သူတို့စိတ်ထဲ အလုုပ်တစ်ခုုလုုပ်ရတော့မယ်ဆုုိပြီး ခံစားမိသွားကြတယ်ပေါ့။”
မုုိင်းလ်ဒရက်က ”သူတို့ အခုဆက်လက် အလုုပ်လုုပ်နေကြဆဲပါပဲ။” ”အရသာရှိတဲ့ဝုုိင်ကုုိ သူတို့ကောင်းကောင်းလုုပ်နုုိင်ကြ ပြီ၊ ကျွန်မတောင် မြည်းကြည့်တာ တော်တော် ကောင်းတာပဲ။ ”။
သူတို့လုုပ်ငန်းမှာ ၃ ပု့ ၂ ပုုံက အမျိုးသမီးတွေ ဖြစ်ပါတယ်။ ဂလန်လိသ်က ”ကမ္ဘာပေါ်မှာရှိတဲ့ အမျိုးသမီးတွေကုုိ – ပေါင်မုုန့် ကောင်းကောင်းဖုုတ်တတ်ရင် ပေါင်မုုန့်ဆုုိင်တစ်ဆုုိင်ဖွင့်လုုိက်တော့ – တဲ့။ ဒါမှမဟုုတ် – ကောင်းကောင်း အချုပ်အလုုပ်တတ်ရင် စီးပွားရေးတစ်ခုုခုု စတင်လုုိက်တော့ – တဲ့။ အဲဒါ အမျိုးသမီးတွေရဲ့ ခေါင်းထဲမှာ ရှိနေတာ။ ကျွန်တော်တို့က သူတိုု့ကိုု ”ခင် ဗျားတို့ခေါင်းထဲ ရှိတာ ချရေးလုုိက်ပါ၊ ကျွန်တော်တို့က ဒေါ်လာ ၅ဝ အရင်းပြုမယ်။ ၃ လကျော်ရင် ခင်ဗျားတို့ရလာတဲ့ အကျိုး အမြတ်ထဲက ၂ဝ ရာခုုိင်နှုန်းကုုိ ပြန်ပြီးအရင်းအနှီးထပ်လုုပ်။ ဒါဆုုိ ခင်ဗျားတို့ကို နောက်ထပ် ဒေါ်လာ ၅ဝ ထပ်ပေးမယ်” လို့ပြောလုုိက်တယ်။” မုုိင်းဒရက်က ”ဒီလုုိစပြောလုုိက်တော့ ပထမဦးဆုုံးအကြိ်မ် ဆင်းရဲသားတွေဟာ သေသေချာချာ အာရုံ စုုိက်ပြီး နားထောင်လာတယ်၊ လေးလေးနက်နက် စဉ်းစားလာတာ တွေ့ရပါတယ်။ သူတို့ရဲ့ စိတ်ကူးတွေနဲ့ ၅ဝ ဒေါ်လာ နဲ့အလုုပ်စလုုပ်မယ်။ ဒါဟာ လွယ်တော့မလွယ်ဘူးပဲ”
”စစချင်းမှာတော့ သူတို့ကုုိယ်ပုုိင် စီမံကိန်းနဲ့လုုပ်ကြတာပေါ့။ အမေရိကန်က စီးပွားရေးသမားတွေ စီးပွားရေး စလုုပ်တဲ့ သူ တွေလုုိပေါ့ဗျာ။” ဂလန်က ဆက်ပြောတယ်။” ဒါပေမယ့် လုုပ်ငန်းရဲ့ ၃ ပုုံ ၂ ပုုံလောက်ပဲ အကြမ်းအားဖြင့် သွားနေတယ်။ သူ တို့ဆွဲထားတဲ့အတုုိင်းဖြစ်မလာရင် တစ်ဝက်လောက်မှာ နောက်တစ်ခုုကိုု စလုုပ်ဖုုိ့ အကြံပေးလုုိက်ပါတယ်။” ”ဘာဖြစ်လို့လဲ ဆုုိတော့ သူတို့မှာ ဒီအတုုိင်း ဆက်လက်သွားနေဖုုိ့ အတွေ့အကြုံတို့၊ ဘာတို့ ယူဖုုိ့ အချိန်သိပ်ပေးလို့မရဘူးလေ။ မျော်လင့် ချက်တို့၊ မုုိးပေါ်ကကျလာတဲ့ ကံကောင်းမှုတို့ကိုု စောင့်နေလို့မရဘူးဗျ။”
သူတို့ စတင်လမ်းခင်းပေးတဲ့အလုုပ်တွေထဲမှာ ဆုုိင်သေးသေးလေး စဖွင့်တာ၊ ကြက်နဲ့ဆိတ်တွေ ရောင်းခုုိင်းတာ၊ အဝတ်အထည်တွေကုုိ ဒေသဆုုိင်ရာစျေးမှာ နေရာရှာပေးပြီး တင်ရောင်းခုုိင်းတာတွေပါပါတယ်။ ဒါ့အပြင် ပုုိက်ဆံကုုိ ဘယ် လုုိ စုုဆောင်းရမယ်၊ အကြွေးကုုိ ဘယ်လုုိယူပြီး ကိုုယ်ပုုိင်အရည်အချင်းနဲ့တုုိးပွားအောင် ဘယ်လုုိလုုပ်သင့်တယ်၊ အနာဂတ်အ တွက် အစီအစဉ်ဆွဲတတ်ဖိုု့ စသဖြင့် ရှင်းပြသင်ကြားပေးကြပါတယ်။ အရေးကြီးဆုုံးကတော့ ကိုုယ့်ကိုုယ်ကုုိယ် ယုုံကြည်မူရှိဖုုိ့ ဖြစ်ပါသတဲ့။
သူတိုု့လုုပ်ငန်းတွေဟာ United Nation ‘s Development Forum magazine (ကမ္ဘာ့ကုုလသမဂ္ဂ ဆုုိင်ရာ တုုိးတက်ရေး ဆုုိ်င်ရာ ဆွေးနွေးပွဲ) မဂ္ဂဇင်းမှာ Trickle Up အကြောင်းတွေ ဆောင်းပါးတွေ ပါလာတော့ပုုိပြီး လူတွေ အာရုုံစုုိက်မိလာပါတယ်။ ချက်ချင်းလက်ငင်းကုုိ မီဒီယာတွေက စိတ်ဝင်စားလာတယ်။ သူတိုု့ရဲ့ အောင်မြင်မူတွေကုုိ လူတွေ သိချင်လာကြတယ်။ ကမ္ဘာအနှံ့အပြားက ကမ်းလှမ်းလာတာတွေ၊ ဒီအလုုပ်ကုုိ လှူချင်တမ်းချင်တာတွေ ထိဖြစ်လာတယ်။ မုုိင်းဒရပ်က ”ကျွန်မတို့ မူလအစမှာ ဒေါ်လာ ၁ဝဝဝ နဲ့ စလှူခဲ့ကြတာပါ” လို့ပြန်ပြောင်းပြောပြပါတယ်။ ”နောက်တော့ UN (United Nation) (ကမ္ဘာ့ ကုုလသမဂ္ဂ) က ဒေါ်လာ ရဝဝဝထည့်ဝင်ခဲ့တယ်။ သူတို့ နှစ်ပေါင်းများစွာ ဆက်လက် အကျိုးပြုပေးခဲ့တာ ဒေါ်လာ ၇ သောင်းခွဲလောက် ရှိပါပြီ။ ဒါပေမယ့် မနှစ်ကဆုုိ နယ်သာလန်က လုုပ်ငန်းတစ်ခုုက ၄ နှစ်စီမံကိန်းအတွင်း ဒေါ်လာ ၆ သောင်း ပြန်ရခဲ့ပါတယ်။ ဒါဟာ နှစ်တွေကြာလာလေ၊ ပုုိပြီး လုုပ်ငန်းက ကြီးထွားလာလေ၊ အမြတ်များများရလေ ပေါ့။ စစချင်း ကိုုယ်တတ်နိုုင်သလောက်လေးနဲ့စပေးခဲ့ရာကနေ ခုုဆိုု ၂ ဆ ပြန်ရတယ်။”
ဟုုတ်ပါတယ်။ နှစ်စဉ် ဒေါ်လာ ၅ သောင်းနဲ့လူတွေကုုိ လုုပ်ငန်းတွေ စတင်ပေးခဲ့တာ လာမယ့်နှစ်အနာဂတ်မှာ ဒေါ်လာ ၁ သန်းရမယ်လိုု့ လိသ်က မျော်လင့်နေပါတယ်။
Trickle Up က အမေရိကန်ပြည်ထောင်စုုမှာလည်း အလုုပ်ဖြစ်နေပါတယ်။ မုုိင်းဒရပ်က ”နယူးယောက်ရဲ့အဆင်းရဲဆုုံး နေရာလေးတစ်ခုုမှာ လုုပ်ငန်း ၄ဝ စတင်ခဲ့ပါတယ်။ အခုုဆုုိရင် မြင်တဲ့အတုုိင်းပဲလေ – ၂ဆ ၂ဆ ရနေပြီ။ ဒါဟာ ပထမတစ်နှစ် စာလောက်လေး တွက်ပြတာပါ။ ဒိအရင်စခဲ့တဲ့ စီမံကိန်းတွေဆုုိ ပြောမပြတတ်လောက်အောင် အောင်မြင်နေပါပြီ။ ဒိထက်မ က ပြောစရာတွေ အများကြီးပါပဲ။”
”အင်း… ကျွန်တော်တို့ကတော့ မီဒီယာကုုိ သည်လူတေနဲ့ ပေးမတွေ့စေချင်ဘူး။ သည်လုုိလုုပ်လုုိက်တာဟာ သူတို့လေးတွေ ရဲ့ ရှေ့ရေးကိုဖျက်စီးပစ်ရာရောက်ပါတယ်။ လုုပ်ငန်းအတွက် အကူအညီလည်းမဖြစ်ပါဘူူး။ အစုုိးရ ဝါဒဖြန့်တဲ့ ပုုံစံမြင်ရပါများ ရင် ယုုံကြည်မူကင်းမဲ့သွားမှာကုုိ စုုိးရိမ်ပါတယ်။ ခနတော့ စတားတွေ ဖြစ်သွားမှာပေါ့လေ။ ဒါဟာ သူတိုု့အတွက် ရှေ့အလား အလာ အခွင့်အရေးတွေ ဆုုံးရှုံးသွားလိမ့်မယ်။”
မုုိင်းဒရက် က ”ဒေါ်လာ ၅ဝတို့ ၊ ၅ဒေါ်လာတို့ဆိုုတာ အရေးမကြီးပါဘူး။ အရေးကြီးတာ လူ့ရဲ့ခံစားချက်တွေကုုိ ဖွင့်ပေးလုုိက်ဖုုိ့ သာ အဓိကပါ။ သူတို့အတွက် လေးစားမူနဲ့ဂုုဏ်သိက္ခာကို ရရှိခံစားပေးလုုိက်ခြင်းသာလျင် လုုပ်ငန်းရဲ့ အောင်မြင်မှုဖြစ်ပါ တယ်။”
၁၉၇၉ခုုနှစ်မှာစတင်ခဲ့တဲ့ Trickle Up ဟာ အမျိုးသမီး ၂ သိန်းခွဲကုုိ ကူညီပေးနုုိင်ခဲ့ပြီး မိသားစုုတွေအတွက် ကိုုယ့်ကိုုယ်ကုုိယ် ယုုံကြည်မူ၊ အလုုပ်ကျွမ်းကျင်မူတေနဲ့ စီးပွားရေးအလုုပ်တွေ ပုုိင်နုုိင်သွားစေယုုံမက လူမှုဆက်ဆံရေးနယ်ပယ်ပါ ကျယ်ပြန့် လာစေခဲ့ပါတယ်။ စဉ်းစားကြည့်လေ – အမျိုးသမီးတွေ အောင်မြင်ရင် သူတို့ရဲ့ သားသမီးတွေနဲ့ မိသားစုုတွေပါ ပါလာပြီပေါ့။ ပထမ ၃ရနှစ်အတွင်းမှာ လူပေါင်း ၁ သန်းရဲ့ဘဝတွေကုုိ ကယ်တင်ပေးနုုိင်ခဲ့ပါတယ်။
အခုုဆုုိရင် Trickle Upဟာ အဖွဲ့တွေဖွဲ့ပြီး လုုပ်ငန်းတွေ ဆက်လုုပ်နုုိင်နေပါပြီ။ သူတို့ဟာ လုုပ်ငန်းတွငး်သင်တန်းများပေးတယ်၊ ကျွမ်းကျင်ဖုုိ့ ကွင်းဆင်းလုုပ်ကြရပါတယ်။ အနာဂတ်အတွက် အစီအစဉ်တွေကုုိ ချပေးပါတယ်။ ဒါ့အပြင် Trickle Up ဟာ မိမိတို့နေထုုိင်ကြတဲ့ မြို့ရွာက လူတွေအချင်းချင်း ဆက်သွယ်ရေး၊ ကိုုယ့်အသိစိတ်ဓါတ်နဲ့အလုုပ်လုုပ်ချင်လာအောင် ကြိုးစား ချင်စိတ်ရှိလာအောင် အားပေးကြတယ်။ ပြောရရင်တော့ ဆင်းရဲတာဟာ ပုုိက်ဆံမရှိလို့မဟုုတ်လား။ ဒါကုုိ ဖြည့်ပေးဖုုိ့ဆုုိရင် တကယ့်ကုုိ သူတို့နဲ့ပွင့်လင်းမြင်သာဖုုိ့လည်း လုုိတယ်လေ။
Trickle Up က နောက်လာမယ့် သက္ကရာဇ် ၂ဝ၃ဝ မှာ တကမ္ဘာလုုံးဆုုိင်ရာ ဆင်းရဲမွဲတွေမူ ကင်းစင်ဖုုိ့ မျော်လင့်လျက်ရှိပါတယ်တဲ့။ နောက် ၅ နှစ်အတွင်းမှာတောင် အဆင်းရဲဆုုံးလူ၁သန်းကုုိ ထပ်မံကယ်တင်ပေးနုုိင်မယ်လို့ ကြွေးကျော်ထားပါတယ်။ အ ကယ်၍များ သူတို့မှန်းထားတဲ့အတုုိင်းများဖြစ်ခဲ့ရင် သူတို့ရဲ့ Trickle Up ဟာ တကမ္ဘာလုုံးက အာရုုံစုုိက်လာပြီး သူတို့လုုပ်ငန်း ကုုိလည်း သည့်ထက်တုုိးချဲ့လာနုုိင်၊ အောင်မြင်လာနုုိင်ပြီးတော့ ဆင်းရဲတဲ့နေရာတွေဆီကုုိ ဒိထက်မက ပုုိပြီးရောက်ရှိ ပြန့်နှ့ံ သွားတော့မှာ ဖြစ်ပါတယ်။
ဂျူနီယာဝင်း
REF : 1989 June American Newsletter, Sherrey Henry’s What is your dream? ကုုိ မှီငြမ်းဘာသာပြန်ထားကာ Trickle Up Wiki မှအချက်အလက်များ ဖြည့်စွက်ထားပါတယ်။
