Wednesday, January 16, 2008

၁၅ - ၁- ၂၀၀၈




၁၅ ရက်နေ့ ၂၀၀၈ ဇန်န၀ါရီလ ထွန်းဖောင်ဒေးရှင်း တွင်ကျင်းပပြုလုပ်ခဲ့သော

စာပေဆုပေးပွဲတွင် အမှတ်တရ သမိုင်းမှတ်တိုင်

အဘိုးအင်္ဂလိပ်စာဆရာကြီးဦးခင်မောင်လတ် အဘွားစာရေးဆရာမကြီးဒေါ်ခင်မျိုးချစ်

တို့သင်ကြားပို့ချခဲ့သောအင်္ဂလိပ်စာပညာဖြင့် ထို Lewis Carroll ၏ Alice In Wonderland

မူရင်းစာအုပ်ကိုဘာသာပြန်ဆိုနိုင်ခြင်းဖြစ်ကြောင်း ဆုရသူဂျူနီယာဝင်းကပြောကြားခဲ့သည်။

ထို့အပြင် Lewis Carroll သည်ထိုပုံပြင်စာအုပ်လေးအားကလေးများအတွက်ပုံပြင်တစ်ပုဒ် ပေးချင်သောစေတနာဖြင့်ရေးသားခဲ့သည်ဟုဆိုသည့်အတွက်ကလေးများကအလွန်နှစ်သက် သဘောကျခဲ့ခြင်းဖြစ်သည်ဟုဆိုထားရာသူ၏စစ်မှန်သောစေတနာကြောင့်ဤသို့ရလပ်ရရှိခဲ့ သည်ဟုယုံကြည်ပါသည်။

ယခုရရှိသောဆုသည် အင်္ဂလိပ်စာဆရာကြီး ဦးခင်မောင်လတ် စာရေးဆရာမကြီးဒေါ်ခင်မျိုးချစ်

မူရင်းစာအုပ်ရေးသားသူ Lewis Carrollတို့နှင့်ပါ

သက်ဆိုင်နေသောဆုတစ်ဆုအဖြစ်သတ်မှတ်ပါသည်ဟုဂျူနီယာဝင်းကဆိုပါသည်။

ဆုငွေ ၃သိန်း ရွှေတံဆိပ် နှင့် ထွန်းဖောင်ဒေးရှင်းဘဏ်မှ ချီးမြှင့်သောဂုဏ်ပြုလွှာ

No comments: