Wednesday, March 26, 2008

Tabaung Festival(March)

Tabaung festival (march)

The last month of the myanmar calendar falls in march. Tabaung is a month

of the pagoda festivals. Shwedagon Pagoda festival is one of the highlights of

the season in Yangon. . Tabaung festival is marked by the building of sand stupas.

By juniorwin

တီးမှူတ်တဖုံ လူမျိုးစုံ သဲပုံစေတီပွဲ။

Festive building and paying respects

To the miniature pagodas of sand.

.............................................ပန်းချီ ဦးဘကြည်...Artist-UBaKyi



Saturday, March 15, 2008

Burma Writers Play (Part 2)

တောင်သမန်လယ်စား မောင်ဖေငယ်

ဒုတိယပိုင်း ဇတ်သိမ်း

အဓိကဇတ်ဆောင်များ

တောင်သမန်စားမောင်ဖေငယ်..................သုခ

ဒိုင်းအတွင်းဝန် .....................................ဦးခင်မောင်လတ်

ဒိုင်းဝန်ကတော် .....................................ခင်မျိုးချစ်

ဒိုင်းခင်ခင်............................................မလှသန်း(တက္ကသိုလ်သက်နှင်း)

ရနောင်မြို့မောင်မောင်တုတ်.....................၀ဇီရာ

သီပေါမင်း............................................မေဂျာဗခို

စုဖရားလတ်.........................................မေနွဲ့

(၃)

၁၂၄၀-ခုသတင်းကျွတ်လဆန်း-၆-ရက် အင်္ဂါနေ့-၂-ချက်တီးကျော်တွင်မင်းတုံးမင်း နတ်ရွာစံသော်၊မိဖုယားခေါင်ကြီးမဟုတ်သော်လည်းဆင်ဖြူရှင်တော်ကိုပေးသနား ကာမိဖယားခေါင်ကဲ့သို့မြှောက်စားထားသည်ရှင်ဖြူရှင်မရှင်အလယ်နန်းမတော် ဘုရားသည်မင်းတုံးမင်းမကျန်းမာစဉ်ကပင်၊အဆောင်တော်ပိတ်ပြီးကုသခဲ့၏။အခြား မိဘုရား-၃၈-ပါးကိုဝင်ခွင့်မပြုရုံမကကင်းဝန်မင်းကြီးဦးကောင်းရွှေပြည်ဝန်မင်းဦးဖိုး လှိုင်၊ တိုင်တားမင်းကြီးဦးဖိုးဘိုနှင့်တိုင်ပင်ကာတိုင်းပြည်ညိမ်ရန်အတွက် မက္ခရာမင်း သားကြီးကအစသီဘော၊သာဂရ၊ရခိုင်၊ပျဉ်းမလွန်စတသာမင်းသားတို့အထိသား တော်အားလုံးကိဖမ်းထားလိုက်၏။

ထို့နောက်အိမ်ရှေ့မင်းအဖြစ်သီပေါမင်းသားကိုခန့်ရန်ဆုံးဖြတ်ခန့်ထား၏။သီပေါကို မောင်မောင်တုတ်ကကြေးတိုက်တွင်ထမ်း၍ထုတ်ခဲ့သည်။

မင်းတုံးမင်းနတ်ရွာစံပြီးနောက်မိဖုယား ၄၉ ပါး သား ၅၀ ပါး မြေးထီး ၃၈ ပါး မြေးမ ၄၅ ပါး

ကျန်ခဲ့၏။

(၄)

မင်းတုံးမင်းနတ်ရွာစံလျှင်အိမ်ရှေ့မင်းသားသီပေါမင်းသည်နန်းတော်သို့ပြောင်း၍စံပြီး နန်းသိမ်း၏။မောင်မောင်တုတ်ကိုနေ့ညမပြတ်ခေါ်ထား၏။မောင်ဖေငယ်နေမကောင်း သဖြင့်အိမ်ပြန်အိပ်စေပြီးနံနက်ညီလာခံတက်စေ၏။

မောင်ဖေငယ်ကိုရွှေတိုက်စိုးအရာနှင့်တောင်သမာန်နယ်စားစီးတော်မြင်းဝန်အဖြစ်သူ ကောင်းပြု၏။ဒိုင်းဝန်မင်းကိုအတွင်းဝန်ပုဂံမြို့စားပေး၏။ဒိုင်းအတွင်းဝန်၏ဘခင် လန်းပတ်မင်းကြီးအားဝန်ကြီးခန့်၏။

မောင်မောင်တုတ် မင်းညီမင်းသားအခွင့်အရေးရပြီး ရနောင်မြိုကကိုစားစေကာ

လက်သုံးတော်ကိုင်မြောက် ဓါးဝယ်ဗိုလ်ကြီးဖြစ်၏။ရွှေနန်းရှင်အားပူးတွဲ၍သာခစား ကြ၏။

၁၂၄၀ ခုနှစ်တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်န့တွင်မဟေသီ ဘိသေကသဘင်

ဆင်ယင်ရာ ဆင်ဖြူရှင်ကသီပေါမင်းအားသူ၏ သ္မီးတော်ကြီး မိုးနောင်စုဖယားကြီးနှင့် လက်ထပ်ရန်စီစဉ်နေစဉ်တွင် မင်္ဂလာအခါတော်ကျချိန်၌ မိုင်းနောင်စုဖယားကြီးနှင့် သီပေါတို့ထိုင်ရာအမရာသနပလ္လင်ပေါ်သို့မြတောင်မြို့စား စုဖရားလတ်ကတက်ကာ ကြားထဲမှဇွတ်ဝင်ထိုင်သဖြင့် တချန်တည်းပင်သီပေါကိုယ်တော်သည်မိဖုရားနှစ်ပါးနှင့် လက်ထပ်ပြီးသားဖြစ်သွား၏။

သီပေါသည်စုဖယားလတ်နှင့်သာလျှင်ပေါင်းသင်းနေရပြီး စုဖုယားကြီးထံသို့သွားခွင့် မရ။

(စုဖယားလတ်သည် ဘုရင် မိဖုယားများများယူသည့်စနစ်ကိုတော်လှန်သည်။)

စုဖယားခ၏လတ်ကမောင်မောင်တုတ်ကိုဘုရင့်နောင်ဘွဲ့နှင့်နန်းတွင်းသို့တံခါးမရှိ ဒါးမရှိဝင်စေထွက်စေခွင့်ပေး၏။

မောင်ဖေငယ်ကိုရွှေငွေဖဲကတ္တီပါဆုပေး၏။

၁၂၄၀ ခု တပို့တွဲလဆန်း ၁၀ ရက်နေ့ညတွင်ယခင်ကဘမ်းထားသည့်မင်းသားများ

အရာရှိများ သားသမီးများပါမကျန် လူ ၅၀ ခန့်ကိုမောင်မောင်တုတ်ကသီပေါမသိဘဲ

သတ်လိုက်၏။

ထောင်ပြောင်းစေဟုအမိန့်ရှိသည်ကိုအမှတ်မှားသဖြင့်သတ်ခဲ့ရ၏။

နောက်ကိလက်သုံး တော်များ ၀န်ကြီးများနှင့် အတွင်းဝန်များ မသိကြဘဲ

ကွပ်မျက်ခြင်းမပြုရဟုအမိန့်ထုတ် ခဲ့၏။

(၅)

ထို့နောက် ရာဇပဝေသ ဘိသိတ်သွန်းပြီးသီပေါကမင်းစုဖုယားလတ်ကိုမိဖရားခေါင်ထီး ဆောင်းမင်္ဂလာမဟာဥကင်ဖွင့်၍လုပ်ရာ ကညာခင်ခင်ကြီးသည်ဘိသိတ်တော်ဆက်အ

ဖြစ်န၀ရတ်ထီးရွှေဖလားကိုကိုင်ရန်အရွေးခံရ၏။

ထို့ကြောင့်မိဖရားခေါင်ကြီးစုဖရားလတ်ကမျက်စေ့ကျကာလှပသောခင်ခင်ကြီး(ဒိုင်း

ခင်ခင်)ကိုအပါးတော်ခစါးစေဟုမြှောက်စား၏။အသက်ဆယ့်လေးငါးနှစ်ရှိခင်ခင်ကြီး ကိုမင်းနှင့်မိဖရားနှစ်ပါးစလုံးကချစ်၏။

တနေ့တွင်သီပေါကမောင်တုတ်နှင့်မေါင်ဖေငယ်ကိုခေါ်ကာဒိုင်းခင်ခင်ကိုနန်းရမိဖရား မြှောက်လိုသည်ဟုပြော၏။ဒိုင်းခင်ခင်ကိုသူစံရာပန်းခုံတော်သို့ခေါ်ပေးရန်ဆိုရာမောင် ဖေငယ်သည်နှစ်မကောင်းစားသည်ကိုမြင်လိုသည်ကတကြောင်း သခင့်ကိုသစ္စာမ

ဖောက်လို၍တကြောင်း ဒိုင်းခင်ခင်ကိုခေါ်ထုတ်ကာသီပေါထံသို့ပို့ပေ။မကြာခဏ ယောင်္ကျားလိုဝတ်ပြီးသီပေါထံသို့ခေါ်ပေး၏။

နောက်ဆုံးတွင်မိဖရားလတ် မိဖရားခေါင်ကြီးသိသွား၏။ဒိုင်းခင်ခင်ကိုမြောက်ရွှေရေး ဆောင်တွင်မိဖရားအဖြစ်ထားရန် စီစဉ်လျက်ရှိစဉ်တွင်သီပေါမင်းမမာဖြစ်၏။မိဖရား ကြီးကအတွင်းဝန်များနှင့်တိုင်ပင်ရာရွှေသေတ္တာ(ပစ်စာ)တွင်းမှမောင်တုတ်မိန်းမများ

များယူပုံ ရမ်းပုံများကိုတိုင်သောစာနှင့်ဒိုင်းခင်ခင်ကြီးနှင့်မျှကာရနောင်မောင်တုတ်ကို နန်းဝင်ရန်ဒိုင်းဝန်ကတော်ကလုပ်ကြံသည်ဟုစာများတွေး၏့ရပြီးမောင်မောင်တုတ်

မောင်ဖေငယ် ဒိုင်းဝန်ကတော်နှင့်ဒိုင်းခင်ခင်တို့ကိုအချွေအရံများနှင့်တကွဘမ်းလိုက်

၏။တခြားစီခွဲထား၏။

ရနောင်မောင်မောင်တုတ်ကိုသတ်စေ အမိန့်ပေးသော်လည်းကိုယ့်ကိုယ်ကိုယ်သတ် သေသွား၏။ဒိုင်းဝန်နှင့်ဒိုင်းဝန်ကတော်တို့ကိုကွပ်မျက်လိုက်ကြ၏။

ခင်ခင်ကြီးတွင်သန္ဓေရှိရာမင်း၏သန္ဓေကိုသတ်လျှင်မင်းဆက်ပြတ်တတ်သည်ဟုမ

သတ်ပဲချူပ်ထား၏။

မောင်ဖေငယ်ကိုမိုးကောင်းသို့ပို့ပေးလိုက်ပြီးသတ်ရန်အမိန့်ထုတ်၏။မိုးကောင်း ရောက်လျှင်မိုးကောင်းဝန်ကမသတ်သေးပဲဆိုင်းထား၏။

နောက်ဆုံးတွင်ဒိုင်းခင်ခင်ကြီးကိုမွေးဖွားသည့်တိုင်အောင်မစောင့်ဘဲသတ်လိုက်၏။

မောင်ဖေငယ်ကိုဗန်းမော်ဝန်ကထုတ်ကာဗန်းမော်သို့ခေါ်ပြီးသတ်၏။အသတ်ခံရ ချိန်တွင်ဒိုင်းခင်ခင်တယောက်မိဖရားဖြစ်နေပြီဟုယူဆနေသည့်မောင်ဖေငယ်သည်- ချစ်ရသူခင်ခင်ငယ့်-ချီတေးထပ်ကိုရေးကာရဲဝံ့စွာသေပွဲဝင်သွား၏။

Friday, March 14, 2008

Happy Birthday To Yous 14-3-2008

Happy Birthday dear Twins
Maung Yit and Junior Win
မောင်ရစ် နှင့် ဂျူနီယာဝင်း အမွှာမောင်နှမ မွေးနေ့ အမှတ်တရ
14-3-2008

Thursday, March 13, 2008

Burma Singer – Sai Htee Saing

Burma Singer – Sai Htee Saing(1940-2008)


The famous Burma Singer, Sai Htee Saing (Shan Nationality)

has passed away at the age of 58.

He sang hundreds of own tune songs in both shan and myanmar languages.

All his fans in Burma and also round the world

now feel so sad after hearing the lost of their star.

juniorwin

လူသေပေမယ့် နံမယ်မသေ

သူ့သီချင်းတွေကရှင်သန်နေလျက်

သူ့အသံဖြင့်ပရိသတ်ကြီးကိုဖျော်ဖြေနေဆဲပါ

ကမ္ဘာကြီးတည်မြဲသ၍ပေါ့

ပရိသတ်တစ်ယောက်အနေဖြင့်ဝမ်းနည်းစိတ်မကောင်းပါ။

ရှမ်းတိုင်းရင်းသား အဆိုတော်တစ်ဦးဖြစ်တဲ့ ဦးစိုင်းထီးဆိုင်

ကြည်လင်ပြတ်သားတဲ့အသံပိုင်ရှင်

သီချင်းတွေရာချီပြီးဆိုကာ ပရိသတ်ကိုပေးဆပ်ခဲ့သူ

သူ့ဘ၀သမိုင်းကိုဖြင့် ဂီတဖြင့်ရေးခြစ်ခဲ့ပြီပေါ့

ဒီလိုအဆိုတော်အတွက် ပရိသတ်ကဘယ်လိုလုပ်ပြီးမေ့သွားနိုင်ပါ့မလဲလေ။

စိုင်းပြန်ရဦးမယ်

တေးရေး စိုင်းခန်းလိတ်

တေးဆို စိုင်းထီးဆိုင်

ပျာ်ရွှင်ကြည်နူးရတာ ဒီတခါနောက်ဆုံးဖြစ်မှာ စိုးရိမ်တယ်အချစ်ရယ်

ကြင်နာချစ်စကားပြောတာ ဒီတခါနောက်ဆုံးဖြစ်မှာ စိုးရိမ်တယ်အချစ်ရယ်

မပြန်နဲ့ဦး မပြန်နဲ့ဦးကွယ်

နေပါဦးလို့ မပြောတောင်မှ နားလည်တယ်

ကိုယ်လဲပဲ ဘယ်ခွဲရက်မှာလဲ တွေ့မြင်ချစ်စ အချိန်မှာ

ပြန်ကာသွားရင်

ခုလို နောက်ထပ်တခါ မတွေ့မှာကို စိုးတယ်

နေချင်ပေမယ့်လဲကွယ် မနေနိုင်တော့ဘူး အချစ်ရယ်

စိုင်းပြန်ရဦဲးမယ်

မခေါ်ချင်ပေမယ့်လဲကွယ် မခေါ်ပိုင် မခေါ်ဝံ့ဘူးကွယ် အချစ်ရယ်

စိုင်းပြန်ရဦဲးမယ်

မပြန်ချင်ဘူး မပြန်ချင်ဘူးကွယ်

နေချင်သေးတယ် ချစ်သူရဲ့အနားမှာကွယ်

ရင်ထဲခံစားရတာတွေ ပြောမကုန်သေးတဲ့အချိန်မှာ

ပြန်ကာသွားရင်

ခုလိုနောက်ထပ်တခါ မတွေ့မှာကို စိုးတယ်

ပြန်လည်ဆုံဆည်းဖို့ကွယ် ရင်မှာမတင်မကျနဲ့ကွယ်

စိုင်းပြန်ရဦဲးမယ်

မကြာခင်ပြန်တွေ့ကြမယ် ယုံကြည်မျှော်လင့်ရင်းနဲ့

စိုင်းပြန်ရဦဲးမယ်

ကိုယ်ကအဝေး ဘယ်လောက်ဝေးနေ ဘယ်လောက်ဝေးလည်း

စိတ်မှာတော့ ချစ်သူထံ အမြဲကျန်နေရစ်တယ်

Saturday, March 8, 2008

Burma Writers Play 1952 - ဂျူနီယာဝင်း

Taungtamin-Lai-Sai Maung Pe Nge
A play presented by the Burma Writers Association in celebration of
Poets’Day , November 17 through 19
နိုဝင်ဘာလ ၁၇ ရက်နေ့မှ ၁၉ ရက်နေ့ထိသတ်မှတ်သောကဗျာဆရာများနေ့ အတွက်စာရေးဆရာများကပြဖျော်ဖြေကြသော ဒိုင်းခင်ခင် ပြဇတ်။
စာရေးဆရာပြဇတ်ဟုလည်းခေါ်တွင်သည်။
တောင်သမန်လယ်စား မောင်ဖေငယ်
(သရုပ်ဖော်ပြဇတ်တွင်ပါဝင်ကပြသူများ)
တောင်သမန်စားမောင်ဖေငယ် သုခ
ဒိုင်းအတွင်းဝန် ဦးခင်မောင်လတ်
ဒိုင်းဝန်ကတော် ခင်မျိုးချစ်
ဒိုင်းခင်ခင် မလှသန်း(တက္ကသိုလ်သက်နှင်း)
မောင်မောင်နွဲ့ ဇ၀န
ရနောင်မြို့မောင်မောင်တုတ် ၀ဇီရာ
သီပေါမင်း မေဂျာဗခို
ကင်းဝန်မင်းကြီး ဒဂုန်ဦးစန်းငွေ
ခန်းပါတ်မင်းကြီး စိန်မင်းသား
ရွှေပြည်ဝန်ကြီး အိန္ဒာနွယ်
တိုင်တားမင်းကြီး ငွေဥဒေါင်း
ဗန်းမော်ဝန် ဦးစံလှထွန်း
ဗိုလ်မှူး ညိုညိုလေး
ဗိုလ်မှူး ဒဂုန် ငမောက်
နန်းတွင်းစစ်သား တက္ကသိုလ်စန်း၊တက္ကသိုလ်မြင့်မောင်၊နန်းငွေ
အ၇ပ်သားများ လင်းယုန်နီ၊အောင်လင်း၊ကြည်မျိုးနွယ်၊၀င်းမြင့်
၊နေ၀င်း၊တက္ကသိုလ်ချစ်ဆွေ
ဆင်ဖြူမရှင် သီတာခင်ထွေး
စုဖရားလတ် မေနွဲ့
စုဖယားလေး တက္ကသိုလ်ကြည်မာ
အပျိုတော်ခင်မကြီး မမြတင်
အပျိုတော်ခင်ဆုံ မကြီးတန်
အပျိုတော်ခင်ထား မကျင်လှ
အပျိုတော်ခင်နှင်း မနှင်းမေ
ဒိုင်းဝန်အိမ်အစေအပါး မသန်း
တောင်သမန်လယ်စားမောင်ဖေငယ်
ဇတ်လမ်းအကျဉ်းချူပ်
(၁)
လောင်းရှည်မြို့စားသီရိမဟာသုပဘာဒေ၀ီ ဘွဲ့တော်ခံ မိဘုရားကြီးသည်မင်းတုန်းမင်း တရားကြီးကမျက်မန်ပွားရာမှအညိုအညင်ခံရကာချို့တဲ့စွာနေရစဉ်၌သားတော်သီပေါ မင်းသားလေးသည်ပဌမပြန်စာပြန်ပွဲကြီးသုံးကြိမ်ပြန်ဆိုခဲ့သဖြင့်စာပေနှင့်ဘာသာကို လေးစားသောမင်းတုန်းမင်းတရားကြီးကသားတော်သီပေါမင်းကိုမြှောက်စားခဲ့၏။
မင်းသား၏အဆောင်အယောင်နှင့်လက်သုံးတော်ဓါးပိုင်မင်းသားကိုသူရဲကောင်းပြုရာ တွင်ရှေ့လွှတ်တော်ကြီးမြောက်ဘက်၌သီးသန့်ဆောက်လုပ်သောစံအိမ်တော်ဲနှင့်စံမူ ၏။
ထိုစဉ်တွင်သီပေါဘုရင်၌အခြွေအရံလူပျိုတော်သားများဝိုင်းရံခစားလျက်ရှိရာ၌ဘိုး တော်ဘုရာသားတော်တပါးဖြစ်သောရွှေဖြူမင်းသား၏မြေးမောင်ဖေငယ်နှင့်ရေနံ ချောင်းမင်းကြီး၏သားမောင်တုတ်တို့သည်မင်းသားနှင့်အရင်းနှီးဆုံးဖြစ်၏
မောင်ဖေငယ်သည်ပညာရင့်သန်သူတို့အလျှောက်နူးညံ့သိမ်မွှေ့သည်။မောင်မောင် တုတ်မှာလက်ရုံးရည်သမားဖြစ်သည့်အလျှောက်ဟောဟောဒိုင်းဒိုင်းနှင့်မဟုတ်မခံရှိ သည်။
(၂)
မောင်ဖေငယ်သည်သီပေါမင်း၏လူပျိုတော်မဖြစ်ခင်ကအမျိုးကိုချစ်သည့်စာဆိုတော် လူငယ်ကလေးတစ်ဦးဖြစ်၏။သက္ကရာဇ်၁၂၃၃-ခုနှစ်တွင်မင်းတုံးမင်းကအင်္ဂလိပ်လက် ရှိရန်ကုန်ရွှေတိဂုံစေတီတော်ကိုထီးတင်ရာပုပ္ပါးဝန်သည်ထီးတော်နှင့်အတူရန်ကုန်သို့ စုန်ဆင်းလာ၏။ရွှေတိဂုံကုန်းတော်ပေါ်၏အနီးတွင်ပုပ္ပါးဝန်ကထီးတော်ရုံယာယီဆောက် ကာခေတ္တထားရာ၌ထီးတော်ရုံကိုထီးဖြူနှစ်လက်မိုးထား၏
ထိုစဉ်တွင်အိန္ဒိယဘုရင်ခံချူပ်လာဒ်မင်းကြီးသည်ရန်ကုန်သို့လာရာမှထီးတော်ရုံအနီး ၌ပင်ယာယီတဲနှင့်နေ၏။လာဒ်မင်းကြီးယာယီတဲတွင်ထီးတော်ရုံကဲ့သို့ထီးဖြူနှစ်လက် မိုးထားကာစံနေရာမြင်ရသူမြန်မာတိုင်းမချိကြ။လာဒ်မင်းကြီးသည်အိန္ဒိယသူပုန်တို့်က နောက်ကြောမှဓါးနှင့်နှစ်ချက်ထိုးကာလုပ်ကြံလိုက်သဖြင့်သေဆုံးသွားသည်တွင်မောင် ဖေငယ်စာချိုးတော့၏။
.....ထီးဖြူရုံပြဿဒ်နှင့်၊မအပ်တဲ့မရာ၊လဒ်ဆိုတဲ့မိစ္ဆာ၊ပိတ်ရှာပြီ ၀ီဇီ၊ဘုန်းမတန်ဘုန်း တန်ကြံ ဆုံးရုပ်နံ၊လားရ ဇီဝီ၊မင်းတုတုခွေးသေသေတယ်၊သွေးထွေထွေယိုဘိ၊လဒ် ရန်ဇတ်ဒါဏ်တိ၊နတ်ဖန်ဘိဘုန်းတော်၊ကျွန်းစင်္ကာပူတလွှား၊ရွှေဓါးပွါးသတရသနော်၊
လှေခါးတက်ပေါ်၊ထီးဖြူတော်နှစ်ချက်ကြောင့်၊သင့်အသက်ထွက်လွယ်စေ၊ဒါးနှစ်ချက် လေးလက်ဖြင့် လေးချက်မွှေမည်ဘေးသက်သေ၊လက်ငင်းဗျလေး။.......
မောင်ဖေငယ်၏စာကိုတွေ့ရသောအောက်မြန်မာပြည်မှအင်္ဂလိပ်တို့သည်မင်းတုန်း မင်းကြီးထံသို့လျှောက်ထားတိုင်ကြားကာကန့်ကွက်၏။ထိုစဉ်ကမင်းတုန်းမင်းသည် အင်္ဂလိပ်တို့အားပေါင်းသင်းနေရချိန်တွင်နိုင်ငံရေးစိတ်ထက်သန်သည့်စာဆိုတော် ကလေး၏ဘေးကြောင့်အမူမပွားဆိုသဖြင့်မောင်ဖေငယ်ကိုထိတ်တုံးခတ်ခါအကျဉ်း ချထား၏။
.......သမုတိအတွကင်င၀က်ကဒဏ်ခံ၊အထက်ကကြံဟန်ကိုရွှေနန်းစံမသိ၊ရှစ်ခုနှစ် တောင်မျက်နှာတွင် မက္ခရာမင်းနှင့်ပါဘိ၊ပလိပ်ကြောင်းအောင်ပန်းခွေ၊မောင်ထမ်း ချေနေဘိ၊ညောင်ရမ်းဆွေရ၀ိနှင့်ပြကတိ မသွေ၊ရန်သူတော်ရွှေဘိုသွား၊ဖေကိုဘွား ခဲ့ရသက်သေ ၃ခုနှစ်ကုလားပြေ၊ဇယားခြေဇတ်ကြီးနှင့်တသီးပချင်းနိုင်ငံ၊ကူးခဲ့ပုံစံ ယခုဖြင့်ကောင်းမွေလွန်တယ်-ဆိုးမွေခံထိပ်တုံးနှင့်လေး။........
သီပေါမင်းသားသည်မယ်တော်ရှင်ဖြူမရှင်အလယ်နန်းတော်ဖုယား၏သ္မီးလတ်၊
မြတောင်မြို့စားထိတ်စုံဘုရားလတ်နှင့်ကျောင်းသားဘ၀စါပေသင်အဲနေစဉ်ကပင် ချစ်ကျွမ်းဝင်ခဲ့ရာမင်းသားနှင့်မင်းသ္မီးအပြန်အလှန်ပေးကြသည့်တေးထပ်များစာများ သည်မောင်ဖေငယ်ရေးပေးသည်ဟုဆို၏။
မောင်ဖေငယ်သည်ဒိုင်းဝန်နှင့်ဒိုင်းဝန်ကတော်တို့ကမွေးစားသောသားဖြစ်ပြီးဒိုင်း ၀န်နှင့်ဒိုင်းဝန်ကတော်တွင်ခင်ခင်ကြီး(ဒိုင်းခင်ခင်)ဟုမွေးစားသ္မီးငယ်ကလေးရှိ၏။
သူတို့နှစ်ယောက်နေရာချရန်ရာထားသည့်အတိုင်းမောင်ဖေငယ်ကဒိုင်းခင်ခင်ကြီး အပေါ်တွင်ချစ်မိသောလည်းဒိုင်းခင်ခင်မှာငယ်လွန်းသဖြင့်မပြောဘဲအလိုလိုက်ကာ အကြိုက်ပြုခဲ့ရ၏။
ဒုတိယပိုင်း(ဇတ်သိမ်း)ကိုနောက်အပတ်လောက်မှာတင်ဆက်သွားပါ့မည်။
၁၉၅၂-ခုနှစ် ဒိုင်းခင်ခင်ပြဇတ်တွင်သရုပ်ဆောင်နေကြသော
ဦးသုခ၊ဦးခင်မောင်လတ်၊ဒေါ်ခင်မျိုးချစ်နှင့်ဒေါ်လှသန်း