Wednesday, September 9, 2009

The Diary of a Young Girl - ဂျူနီယာဝင်း

READING FOR PLEASURE
ပျှော်ဖို့အတွက်သာစာဖတ်ကြပါစို့။
The Diary of a Young Girl
Anne Frank
1929-1945
Nationality- Dutch
First Published – 1947





Anne Frank (အန်ဖရင့်) သည်ဂျူးလူမျိုးမိန်းခလေးငယ်လေးဖြစ်ကာသူ့အသက်၁၃နှစ်မွေးနေ့မှာ
လက်ဆောင်ရခဲ့သောဒိုင်ယာရီလေးမှအစပြု၍စတင်ကာနေ့စဉ်မှတ်တမ်းရေးသားခဲ့လေသည်။စစ
ချင်းမှာသူရေးခဲ့တာက“၁၉၄၀ခုနှစ်မေလမှာကောင်းမွန်တဲ့နေ့သစ်တွေနည်းသထက်နည်းပါးပြီး
တဖြေးဖြေးအဝေးကိုရောက်သွားတယ်..။”ဟုရေးသားခဲ့ကာဥရောပမှာဂျူးလူမျိုးများအနှိတ်စက်
အနိမ်ခံဘ၀များနှင်ဟစ်တလာလက်အောက်အတွင်းအကျဉ်းစခန်းဘ၀များပါဝင်လေသည်။သူ့ဒိုင်
ယာရီလေးစတင်ရေးသားခဲ့သည်မှအစပြုလို့တလပြီးတလအခြေအနေဆိုးဝါးသထက်ဆိုးဝါးလာပါသည်။
အန်….။သူနှင့်သူ့မိသားစု၎ယောက်လှို့ဝှက်သောသူ့ဖခင်၏ရုံးခန်းထဲကအခန်းတစ်ခုမှာ၂နှစ်ကြာ
ခိုလှူံခဲ့ရသည်။
အန်၏ဒိုင်ယာရီလေးသည်ဆယ်ကျော်သက်ရွယ်တစ်ဦး၏သာမန်ရေးသားမူမျိုးမျှသာဖြစ်ကာအကြောင်း
အရာအမျူိးမျိုးပါဝင်ပါသည်။သူ့မိခင်အပေါ်ညီမများကိုပိုဂရုစိုက်မူကိုမနာလိုမူများ၊ခံပြင်းဒေါသထွက်
မူများ၊အသက်အရွယ်မနူးမနပ်အရွယ်ကလေး၏စိတ်လှူပ်ရှားမူများပါဝင်သည်။သူ၏ကိုယ်ပိုင်လွတ်လပ်
ခွင့်ချို့တဲ့မူများကိုခံစားရင်းသာမန်မဟုတ်သည့်စိတ်မတည်ညိမ်မူများကိုနားလည်လာရပါသည်။အစား
အသောက်ဆင်းရဲမူများ၊လွတ်လပ်မူဆုံးရူးံမူများ၊လေကောင်းလေသန့်နှင့်နေအလင်းရောင်မရရှိမူများ၊
စသည်ဖြင့်ရှိရှိသမျှသောဘာမဆိုကြောက်ရွံ့နေရမူများကိုတွေ့လိုက်ရပါသည်။သို့ပါသော်လည်း
တခါတရံတွင်စိတ်ညစ်နေသည့်ကြားထဲမှမျှော်လင့်ချက်နှင့်ပျှော်ရွှင်မူကိုအဆုံးရူံးမခံပဲနေထိုင်ခဲ့သည်
ကိုတွေ့ရပါသည်။
အန် သည်သူစာစရေးတိုင်း “ချစ်သော ကစ်တီ” ဟုအစချီလေ့ရှိပါသည်။သူနှင့်အရင်းနှီးဆုံးသူငယ်ချင်း
ဆီရေးသားနေသည့်ပုံစံဖြစ်သည်။သူရေးသောစာများသြဂုတ်လ ၁ ရက်နေ့ ၁၉၄၄ တွင်အဆုံးသတ်
သွားသည်။သူ့ဖခင်တို့ပုန်းအောင်းနေသောနေ၇ာကိုနာဇီများတွေ့ရှိပြီးအားလုံးအဖမ်းခံလိုက်ရကာတစ်နှစ်
အကြာတွင်နာဇီအကျဉ်းစခန်းBergen-Belsenတွင်တိုက်ဖိုက်ရောဂါဖြင့်ကွယ်လွန်သွားသည်ဟုသာ
ဝမ်းနည်းဖွယ် သူ့ဇာတ်သိမ်းကိုသိရှိလိုက်ရပါတော့သည်။ပုန်းအောင်းနေသူများထဲမှအသက်ရှင်ကျန်ရစ်
ခဲ့သူ အန် ၏ဖခင် အိုတို ကသမီးဖြစ်သူ၏ဒိုင်ယာရီကိုတွေ့ရှိခဲ့ကာထုတ်ဝေခဲ့ပါသည်။
အန်ဖရင့် ဒိုင်ယာရီ-နေ့စဉ်မှတ်တမ်း သည်ကမ္ဘာ့အရောင်းရဆုံးစာအုပ်ဖြစ်ခဲ့သည်။လှပသောအရေး
အသား၊ ရိုးသားဖြူစင်သည့် ဂျူးလူမျိုးပေါင်းသန်းချီသောသူများ၏အသံများ၊ နာဇီဟစ်တလာ
လက်အောက်မှာသေဆုံးသွားကြရသူများ၏အသံများကိုကြားလိုက်ရပါတော့သည်။
မှတ်ချက်။ ။ဆယ်ကျော်သက်ကလေးငယ်မလေး အန်ဖရင့် သည်ဒုတိယကမ္ဘာစစ်အတွင်းက Holocaust
မြို့၌ရန်သူများလက်ထဲ၌ပုန်းအောင်းနေရင်းမှစစ်ဒိုင်ယာရီကိုရေးသားခဲ့သည်။သူ၏လှူပ်ရှားနေသောပုံရိပ်
များပါသည့်နေ့စဉ်မှတ်တမ်းတွင်ဒုတိယကမ္ဘာစစ်(၁၉၃၉-၄၅)အတွင်းသေဆုံးသွားကြသူများအကြောင်း
ပါဝင်သည်။အန်မိသားစုသည်ဂျူးလူမျိုးများဖြစ်ကာနာဇီများ၏သတ်ဖြတ်မူကိုရှောင်တိမ်းဖို့ဂျာမနီမှ၏
ထွက်ပြေးခဲ့ကြရသည်။သူတို့နယ်သာလန်သို့ရောက်ချိန် ၁၉၄၀ တွင်ဂျာမနီကကျူးကျော်ပြန်ရာ
တဖန်ထပ်၍အန္တရယ်ကြုံကြရသည်။အန်၊သူ့အမ၊မိဘများနှင့်မိတ်ဆွေလေးဦးသားရုံးအဆောက်အဦ
ကြီးတစ်ခု၏လျို့ဝှက်ခန်းတစ်ခုတွင်ပုန်းအောင်းနေခဲ့ရ၏။အန်သည်၁၉၄၄ တိုင်အောင်နေ့စဉ်မှတ်တမ်း
တွင်တွေ့ကြုံခဲ့ရသည်များ၊သူ့စိတ်ထဲရှိတာများရေးသားခဲ့သည်။ထိုသို့ရေးသားခဲ့သည်မှာသူ့မိသားစု
နှင့်အားလုံးကိုတွေ့သွားခါဖမ်းဆီးခံသွားရသည်အထိဖြစ်သည်။
အန်သည်၁၉၄၅တွင်အကျဉ်းစခန်း၌သေဆုံးခဲ့သည်။သူ့ဖခင်သည်အသက်ရှင်ခဲ့ကာစစ်အပြီးတွင်
သူ့ဒိုင်ယာရီကိုထုတ်ဝေခဲ့သည်။

1 comment:

မင်းညို said...

Berlin က ဂျူးသချိုင်း ကိုရောက်တော့ သချိုင်းအောက် ပြတိုက်ထဲက သမိုင်းဝင် ဓါတ်ပုံတွေ အပါအ၀င် အသတ်ခံရတဲ့ ဂျူးတွေ ရေးထားတဲ့ စာတွေ ပါတဲ့ စာအုပ် ဆယ်ယူရို နဲ့ ၀ယ်ခဲ့တယ်...။ ပြတိုက်က ဓါတ်ပုံတွေကို စိတ်ဝင်စားလွန်းလို့ အကုန်ဓါတ်ပုံရိုက်ဖို့ ပထမ ကြိုးစားနေတာ နောက်မှ စာအုပ်ဆိုင်တြွေ့ပီး ၀ယ်ဖြစ်သွားတယ်....တကယ်ကို ၀မ်းနည်း ထိခိုက်ဖွယ်ဖြစ်အောင် ခင်းကျင်းပြသထားတာ တွေ့ရတယ် စာလေးတွေဖတ်ကြည့်ရတာ လည်း ဆွေမျိုးမပါပေမယ့် တကယ်ကို ခံစားခဲ့ရတယ်...။ နောက်မှ ဒီစာအုပ်ကို ဘာသာပြန်ပြီးတင်ပါအုံးမယ်...။