Monday, May 31, 2010

Biography of U Htein Win (or) Thakin Htein Win (1912 – 2010)

Biography of U Htein Win (or) Thakin Htein Win (1912 – 2010) ဘဘဦးထိန်ဝင်း သို့မဟုတ် သခင်ထိန်ဝင်း (၁၉၁၂ - ၂၀၁၀)၏အတ္ထုပတ္တိအကျဉ်း (ဘဘဦးထိန်ဝင်းသည်ဘဘကြီးဦးခင်မောင်လတ်နှင့်မေမေကြီးဒေါ်ခင်မျိုးချစ်တို့၏အလွန်ချစ်ခင်ရသောမိတ် ဆွေကြီးဖြစ်ပါသည်။ဘဘဦးထိန်ဝင်းဟုဆိုလိုက်ပါလျှင်အရပ်မြင့်မြင့်ထောင်ထောင်မောင်းမောင်းအသားဖြူဖြူ ပြုံးရွှင်သောမျက်နှာအေးချမ်းသောစိတ်အစဉ်ဖြင့်အလွန်တရာမှကောင်းမွန်သောစိတ်နှလုံးရှိကြောင်းမြင်ရုံနှင့်ပင် ခံစားမိကာအထူးချစ်ခင်လေးစားရသူတစ်ဦးဖြစ်ရပါသည်။အထူးသဖြင့်ဘဘဦးထိန်ဝင်းကိုတွေ့တိုင်းဘဘကြီး နှင့်အလွန်တူလှသောကြောင့်ဘဘကြီးကိုအထူးသတိရမိပြီးတခါတရံမျက်ရည်ပင်ကျမိရပါသည်။ဘဘဦးထိန် ၀င်းကွယ်လွန်သွားပြီဖြစ်သဖြင့်ဘဘကြီးမေမေကြီးတို့ချစ်ခင်လေးစားရသောမိတ်ဆွေကြီးအကြောင်းကိုထပ်မံ တင်ဆက်ဖို့ဆန္ဒရှိနေဆဲဖြစ်ပါသည်။ယခုတင်ဆက်လိုက်သည်မှဘဘဦးထိန်ဝင်းသည်အမြင်အားဖြင့်လေးစား ကြည်ညိုထိုက်သည်မဟုတ်ပဲသူ၏ဘ၀တသက်တာလုပ်ရပ်များသည်လည်းအထူးပင်အေးချမ်းတည်ညိမ်ကာ သာသနာအကျိုးကိုမိမိ၏ဘ၀ကဲ့သို့ရင်ဝယ်ပိုက်ကာလုပ်ဆောင်ခဲ့သည်များအဖြစ်စာဖတ်သူများကိုဝေမျှပေး လိုခြင်းဖြစ်ပါသည်။သည်လိုပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတ်မျိုးနှင့်သည်ဘ၀မှာတွေ့ခွင့်ကန်တော့ခွင့်ရခြင်းသည်ပင်လျှင် ကုသိုလ်ထူးပါပေ့ဟုခံစားမိရသည်များကိုစာဖတ်သူများလည်းဖတ်ကြည့်ပြီးထပ်တူခံစားနိုင်ကာသာဓုခေါ်နိုင် ကြပါစေ….....

Tuesday, May 25, 2010

The Passing of Thakhin Htein Win

သခင်ထိန်ဝင်း (သို့မဟုတ်) ဘဘဦးထိန်ဝင်း သို့မဟုတ် သာသနာစိတ်ဖြင့်နိုင်ငံရေးကိုဆောင်ရွက်ခဲ့သူ ဂျူနီယာဝင်း သခင်ထိန်ဝင်းကိုဘဘကြီးမေမေကြီးတို့နှင့်အလွန်ချစ်ခင်သောမိတ်ဆွေရဲဘော်ရဲဘက်တစ်ဦးအဖြစ်စတင် သတိထားမိရသည်မှာကျွန်မငယ်စဉ်ကတည်းကပင်ဖြစ်ပါသည်။ဘဘဦးထိန်ဝင်းဟုပဲခေါ်ပါသည်။ဖေဖေနှင့် မေမေတို့ကလည်းဘဘဦးထိန်ဝင်းသို့မဟုတ်တခါတရံဦးလေးဦးထိန်ဝင်းဟုခေါ်တတ်ပါသည်။ဘဘကြီး တို့မေမေကြီးတို့ကိုအလွန်သံယောဇဉ်ကြီးကာချစ်ခင်လှသူတစ်ဦးအဖြစ်မြင်ရတွေ့ရသည်မှာအံ့သြစရာ...

Monday, May 17, 2010

Condolence - Writer, Singer, Actor – (U) Thu Maung – By - juniorwin

Condolence - Writer, Singer, Actor – (U) Thu Maung – By - juniorwin စာရေးဆရာ အဆိုတော် ရုပ်ရှင်မင်းသား (ဦး) သုမောင် အတွက်အလွမ်းစာ သို့မဟုတ် သဘာဝအုပ်စုထဲက သုမောင် ဂျုနီယာဝင်း (ဦး) သုမောင်ကိုစတင်ရင်းနှီးခဲ့ရသည်မှာသူရေးသားခဲ့သောစာပေများနှင့်ဖြစ်ပါသည်။ထူးခြားသောကလောင် အမည်သည်ပင်ဆွဲဆောင်မူရှိခဲ့သည်ဟုထင်ပါသည်။(ဦး) သုမောင်ရေးသားသောစာများမှာမိသားစုဇာတ်လမ်း များ မိသားစုအတွင်းကနေ့စဉ်ဖြစ်ပျက်နေသောအဖြစ်အပျက်များ ဖခင်ဦးသာဓု မိခင်အမေညိုတို့အကြောင်း...

Sunday, May 16, 2010

Watering the flowers and plants in this Hottest season 2010-summer

Watering the flowers and plants in this Hottest season 2010-summer အလွန်ပူပြင်းသောစံချိန်တင်သည်နှစ်နွေမှာခြံဝင်းထဲကအပင်များကိုကြိုးစားပြီးရေလောင်းပေးနေသည်။ မေမေကြီးဒေါ်ခင်မျိုးချစ်ကဆိုခဲ့သည် - အပင်တွေဟာလည်းအသက်ရှိတယ်။သူတို့လည်းရေငတ်ရှာ လိမ့်မယ်။သူတို့လေးတွေခြောက်သွေ့နေတာကိုကိုယ်လည်းမကြည့်ရက်ဘူး။သူတို့လည်းကိုယ်နဲ့ထပ် တူရေလိုတယ်။ - သည်တော့အဆင်ပြေအောင်ကြိုးစားပြီးရေလောင်းပေးဖြစ်သည်။ခါတိုင်းလိုတော့ရေ...

Saturday, May 8, 2010

Nargis Anniversary - Human with Life

နာဂစ်အမှတ်တရဆောင်းပါး အတွေးအမြင်မဂ္ဂဇင်း အောက်တိုဘာလ ၂၀၀၈ ခုနှစ်အမှတ်စဉ် ၁၉၉ အသက်နဲ့လူတွေ ဂျူနီယာဝင်း ‘အသက်နဲ့လူတွေ’ပါ။‘အသက်မဲ့လူတွေ’မဟုတ်ပါ။သူတို့မှာကျွန်မတို့လိုပဲအသက်ရှိပါတယ်။ သူတို့ဆိုတာနာဂစ်မုန်တိုင်းကြီးဒဏ်ကြောင့်အသက်အိုးအိမ်စည်းစိမ်ရစရာမရှိအောင်ပျက်စီး သွားခဲ့ရသူတွေပါ။အသက်တွေရှိသလိုခံစားတတ်တဲ့နှလုံးသားတွေလည်းရှိပါတယ်။ခံစားတတ် တယ်။ငိုကြွေးတတ်တယ်။ပျော်ရွှင်တတ်တယ်။သနားတတ်တယ်။ပြီးတော့ကျေးဇူးတင်တတ်ကြ...

Monday, May 3, 2010

May Day – 1 – 5 -2010 - BD of Khin Myo Chit

May Day – 1 – 4 -2010 - BD of Khin Myo Chit မေဒေးနေ့မွေးနေ့ရှင် မေမေကြီးဒေါ်ခင်မျိုးချစ် ( ၁ -၅-၁၉၁၅ - ၂-၁-၁၉၉၉) အမှတ်တရ မေမေကြီးသာအသက်ရှိနေဦးမယ်ဆိုရင် ဒီနေ့မေဒေးနေ့ဟာ မေမေကြီးရဲ့ အသက်၉၅နှစ်ပြည့်ပြီပေါ့။ အမြဲတမ်းမေဒေးနေ့ရောက်တိုင်းသတိတရတစ်ခုခုကိုတင်ချင်နေပါတယ်။ ဒီနှစ်တော့တိုက်တိုက်ဆိုင်ဆိုင် အင်္လကာပန်းခင်းမဂ္ဂဇင်း မေလထုတ် ၂၀၁၀ မှာ တက္ကသိုလ်မောင်ယဉ်သူ ရဲ့ “ဆရာမကြီးဒေါ်ခင်မျိုးချစ်နဲ့ဟာသစာပေသဘောတရား”ဆိုတဲ့...