Monday, May 3, 2010

May Day – 1 – 5 -2010 - BD of Khin Myo Chit


May Day – 1 – 4 -2010 - BD of Khin Myo Chit

မေဒေးနေ့မွေးနေ့ရှင် မေမေကြီးဒေါ်ခင်မျိုးချစ် ( ၁ -၅-၁၉၁၅ - ၂-၁-၁၉၉၉) အမှတ်တရ

မေမေကြီးသာအသက်ရှိနေဦးမယ်ဆိုရင် ဒီနေ့မေဒေးနေ့ဟာ မေမေကြီးရဲ့ အသက်၉၅နှစ်ပြည့်ပြီပေါ့။

အမြဲတမ်းမေဒေးနေ့ရောက်တိုင်းသတိတရတစ်ခုခုကိုတင်ချင်နေပါတယ်။

ဒီနှစ်တော့တိုက်တိုက်ဆိုင်ဆိုင် အင်္လကာပန်းခင်းမဂ္ဂဇင်း မေလထုတ် ၂၀၁၀ မှာ

တက္ကသိုလ်မောင်ယဉ်သူ ရဲ့ “ဆရာမကြီးဒေါ်ခင်မျိုးချစ်နဲ့ဟာသစာပေသဘောတရား”ဆိုတဲ့

ဆောင်းပါးတစ်ပုဒ်ကိုတွေ့လိုက်ရတယ်။သူကသောင်းပြောင်းထွေလာမဂ္ဂဇင်းမတ်၁၉၈၂ခုနှစ်ထဲ

က“လောကကိုဟာသနဲ့သရုပ်ဖော်ပုံ”ဆိုတဲ့မေမေကြီးရဲ့ဆောင်းပါးကိုပြန်လည်ကောက်နှူတ်ပြီး

တင်ပြပေးထားရုံမကဒေါ်ခင်မျိုးချစ်ကသူ့မွေးနေ့နဲ့ပတ်သက်ပြီးဟာသဆန်ဆန်ပြောဆိုချက်များ

ကိုပြန်လည်ဆန်းသစ်ပေးထားပါတယ်။အဲဒီအတွက်ကိုယ်ကရေးတာထက်သူများရေးထားတာတွေ

ကိုဖတ်ရတာတော်တော်အရသာရှိမိပါတယ်။မွေးနေ့အမှတ်တရမို့လို့တက္ကသိုလ်မောင်ယဉ်သူ

ရေးထားတဲ့ထဲကမွေးနေ့နဲ့ပတ်သက်နေတာလေးကောက်နှူတ်တင်ပြရင်းနဲ့ဒေါ်ခင်မျိုးချစ်

မွေးနေ့ကိုသတိတရတင်ဆက်လိုက်ရပါတယ်။

“ဆရာမကြီးရဲ့“လောကဓံကိုသည်းခံခြင်း” သောင်းပြောင်ထွေလာမဂ္ဂဇင်းဇွန်၁၉၈၂မှာ Dry Humour

(မထိတထိရယ်သွမ်းသွေးခြင်း)ကိုတွေ့လိုက်ရပါတယ်။ဆရာမကြီးဒေါ်ခင်မျိုးချစ်က၁၉၁၅ခုနှစ်မေ

၁ ရက်နေ့မှာမွေးဖွားခဲ့သူဖြစ်ပါတယ်။မေ ၁ ဟာကမ္ဘာ့အလုပ်သမားနေ့ဖြစ်ပြီးနိုငံတကာမှာအထိမ်း

အမှတ်အခမ်းအနားတွေကျင်းပကြပါတယ်

ဆရာမကြီးကဒီလိုဖြစ်စေချင်တဲ့ဆန္ဒကိုဖော်ပြထားပါတယ်။ဒီဆောင်းပါးရေးနေချိန်မှာဆရာမကြီး

အသက် ၆၇ နှစ်ပြည့်ပါပြီ။

‘ငါ့နှယ်နော်..အခုမှအကြံရတယ်။တကယ်ဆိုရင်မေလတစ်ရက်နေ့ဟာကိုယ့်မွေးနေ့ဖြစ်တဲ့အကြောင်း

ကြော်ငြာမောင်းခတ်ထား၊ရေးဖော်ရေးဖက်တွေလည်းမွေးနေ့ဂုဏ်ပြုဆောင်းပါးရေးဖို့၊ရေးချင်လာ

အောင်ကျွေးမွေးပြီးဆွယ်ထား။အဲဒီဆောင်းပါးထည့်ပေးမယ့်မဂ္ဂဇင်းအယ်ဒီတာကိုလည်းမျက်ရိပ်

မျက်ကဲပြထား အဲသလိုလုပ်မထားမိတာနာတာပဲ။

အခုတော့အဲသလိုဂုဏ်ပြုရေးပေးမယ့်သူမရှိတော့ကိုယ့်ဘာသာကိုယ်အဆိုသွင်း၊ကိုယ်ပဲထောက်

ခံဂုဏ်ပြု မှတ်တမ်းတင်ရတာပေါ့လေ။ ငါ့နှယ် ရှက်လိုက်ပါဘိ သော်တာဆွေရယ်။အဲလေ..ရှက်

ပါဘူး။ကိုယ့်ကိုယ်ကိုယ်ဂုဏ်ပြုတာဘာရှက်စရာလဲ။ကိုယ့်ကိုယ်ကိုယ်မှဂုဏ်မပြုရင်ဘယ်သူက

လာဂုဏ်ပြုမလဲ ဆိုပြီးမိမိကိုယ်ကိုမိမိ ခနဲ့တဲ့တဲ့နဲ့ရယ်သွမ်းသွေးလိုက်ပါတယ်။’

အဲဒီဆောင်းပါးထဲမှာပဲဆရာမကြီးရဲ့ဟာသဆန်ဆန်ရေးသားချက်များနဲ့စာပေအနုပညာဆိုင်ရာ

ယူဆချက်များ သရော်စာအကြောင်းများ ကိုလည်းထည့်သွင်းရေးထားကြောင်းပါ။ဒေါ်ခင်မျိုးချစ်

အကြောင်းအမှတ်တရရေးသားသူတက္ကသိုလ်မောင်ယဉ်သူကိုလည်းကျေးဇူးတင်ပါတယ်။

မေလနဲ့တိုက်တိုက်ဆိုင်ဆိုင်ထည့်ပေးလိုက်တဲ့ ပန်းအင်္လကာမဂ္ဂဇင်းအယ်ဒီတာကိုလည်းကျေး

ဇူးတင်ပါကြောင်းပါ……..။

1 comment:

မေငြိမ်း said...

ဧပြီ ၁ရက်လား.. မေ ၁ရက်လားရှင်..။ မေဒေးဆိုပြီး ၁-၄-၂၀၁၅ လို့ ဖြစ်နေတာ..။ ၁-၅- ၁၉၁၅ လားး