
နောက်ဆုံးဆုတောင်း
ဂျူနီယာဝင်း ၊ ဒီဇင်ဘာ ၂၃၊ ၂၀၁၂
သက္ကရာဇ်၂၀၁၂က ကမ္ဘာပျက်မှာတဲ့လား။ဒါ တကယ်ပဲဖြစ်ပါစေလို့ ငါဆုတောင်းတယ်။
ငါ့ဆုတောင်း ဘယ်သူမှနားလည်မှာ မဟုတ်ဘူး။ စဉ်းစားကြည့်၊ ငါတို့ကမ္ဘာကြီးက ရက်စက်တဲ့လူသားတွေနဲ့ အာဏာရှင်တွေ ကြီးစိုးနေကြတာ။ အကယ်၍များ ၂၀၁၂မှာ ကမ္ဘာကြီး တကယ်ပျက်ခဲ့ရင် အဲသည်အာဏာရှင်တွေအပါအဝင် အားလုံးအားလုံး ကမ္ဘာပျက်တဲ့အထဲ ပါသွားမှာ။ အပြစ်မရှိတဲ့ လူသားတွေလည်း ပါကုန်မှာပေါ့။ … အဲသည်လိုဆိုတော့ … င့ါကို ရူးနေပြီလို့ ထင်နေမှာပဲ။ ဒါပေမယ့် သူတို့လည်း ငါတို့ သေသလို သေကြရမှာလေ။
ငါတို့ကမ္ဘာကြီး တန်ခိုးအာဏာရှိသူတွေလက်ထဲ အသုံးခံပစ္စည်းတွေ ဖြစ်နေတယ်။ ရွှေ၊ ရေနံ၊ သဘာဝတွင်းထွက်ပစ္စည်းတွေကို သူတို့က ပိုက်ဆံအတွက် အသုံးချပစ်ကြတယ်။ ငါတို့ရဲ့ လှပတဲ့ တောင်တန်းတွေ၊ စီးဆင်းနေတဲ့မြစ်တွေ၊ှ အဆုံးမရှိတဲ့ ပင်လယ်တွေ၊ ကြွယ်ဝတဲ့ သစ်တောတွေ၊ ပေါများလှတဲ့ စိုက်ပျိူးရေုးလုပ်ငန်းတွေ၊ သန့်ရှင်းလတ်ဆတ်တဲ့ လေထုတွေကို အခုဆိုရင် သူတို့က ရေတို ရေရှည် စီမံကိန်းတွေ အကြောင်းပြပြီး သဘာဝကမ္ဘာကြီးကို ဖျက်ဆီးပစ်နေကြပြီ။
ငါတို့ရဲ့သဘာဝအလှတွေဟာလည်း ရက်စက်ကြမ်းကြုပ်တဲ့သူတွေလက်ထဲမှာ ညစ်နွမး်ကုန်ရပြီ။ “တန်ခိုးအာဏာသာ အမှန်” ဆိုတဲ့ ကြွေးကျော်သံကသာ ကမ္ဘာကို လွှမ်းလို့။
အကယ်၍များ ကမ္ဘာကြီးပျက်မှပဲ သည်လိုတန်ခိုးအာဏာတို့၊ ရက်စက်ကြမ်းကြုပ်မူတို့ကို ပျက်ဆီးစေမယ်ဆိုရင်ဖြင့်… အို… မြန်မြန်သာ ပျက်လိုက်စမ်းပါတော့။ ဒါက ကမ္ဘာကြီးက အသည်းနှလုံးကင်းမဲ့တဲ့လူသားတွေကို ပေးတဲ့အပြစ်ဒဏ်။
အဖိုးတန်တိရိစ္ဆာန်တွေလည်း မျိူးတုံးလုမတတ်ကို တကယ့်ကို ခြိမ်းချောက်ခံနေရတဲ့ အနေအထား။ လူတွေရဲ့ လက်ထဲ ပျက်စီးသွားကြရတာ။ ဒီလိုပြစ်မူတွေကို တားဆီးနိုင်တဲ့ ဗီတိုဆိုတာလည်း မရှိ။ အပြစ်မဲ့လူသားတွေကလည်း သေလုမျောပါး၊ စိတ်ပူပန်မူများစွာနဲ့ အာဏာရှင်တွေချိမ်းခြောက်တာကိုု ခံနေလိုက်ရတာ။
သည်တော့ ငါတို့လည်း ကမ္ဘာကြီးရဲ့အပြစ်ပေးဒဏ်ကို အဲသည်လူယုတ်မာတွေနဲ့အတူတူ အဆုံးသတ်လိုက်ကြရအောင်။
သေဖို့များ မကြောက်လို်က်ပါနဲ့၊ ငါတို့က မျော်လင့်ချက်အားလုံးဆုံးရှုံးပြီး သေလူတွေ ဖြစ်ပြီးသားမို့ပါ။ ဒီသေမိန့်ဟာ အာဏာရှင်တွေကို နိုင်တဲ့ နောက်ဆုံးမျော်လင့်ချက်ပဲ ဆိုတာ ယုံကြည်ရင်း ပျော်ပျော်ကြီး သေပွဲဝင်လိုက်ကြရအောင်။
အင်း … တစ်ခုတော့ ဆုတောင်းလိုက်ပါရဲ့။ ဒီကမ္ဘာပျက်တဲ့နေ့ဟာ လူသားအားလုံး အယုတ်အလတ်အမြတ်မရွေး၊ အားလုံး အားလုံးကို တန်းတူရည်တူ ခံစားခွင့်ပေးတာ ဖြစ်ပါစေ။ မင်းတို့အာဏာရှင်တွေ နောက်တနေ့ မနက်ခင်းအလင်းရောင်ကို ဘယ်တော့မှ မတွေ့ မမြင်ကြရပါစေနဲ့။ ။
(Junior Win ရေးသားသော The Last Wish ကို ကိုယ်တိုင်ဘာသာပြန်ထားသည်။)
http://juniorwin.blogspot.com
No comments:
Post a Comment