Wednesday, December 11, 2013

ျ ငြိမ်းချမ်းရေးကိုတောင်းဆိုသူ junior win


ဆရာကြီးဒဂုန်တာရာက ငြိမ်းချမ်းရေးကိုတောင်းဆိုသူ၊ ညီညွတ်ကြဖို့ဆော်သြသူ။ ဆရာကြီးကွယ်လွန်သွားသောအခါ ဆရာကြီးအားချစ်ခင်ကြသူများ၊ ငြိမ်းချမ်းရေးကိုလိုလားသူများ၊ ညီညွတ်ဖို့ကိုအလိုရှိသူများရင်ထဲမှာ ဆရာကြီး ကျန်ရစ်ခဲ့ပါသည်။ 
ဆရာကြီးကတော့ သူ့အတွက် ပူဆွေးနေသူတွေ၊ ငိုကြွေးနေသူတွေကိုကြည့်ပြီး အဲသည်မှာ ငိုမနေနဲ့။ ငါ အဲသည်မှာ မရှိပါ။ ငါ အဲသည်မှာ အိပ်လည်းမနေပါ… သည်လိုများ ပြောနေလေမလား။

“ကျွနုု်ပ်ရဲ့သချိူင်းမှာ ရပ်ပြီးငိုမနေပါနဲ့
ကျွနုု်ပ် အဲသည်မှာ မရှိပါ၊ ကျွနိုပ် အိပ်လည်းမနေပါ။

ကျွနုု်ပ်ကား တိုက်ခတ်နေသော လေထုပါ။

ကျွနုု်ပ်ကား နှင်းစက်ပေါ်ကပြိုးပြက်နေတဲ့ စိန်ပွင့်လေးတွေပါ။

ကျွနုု်ပ်ကား ဝင်းမှည့်နေသောစပါးစေ့ပေါ်က နေပြောက်။

ကျွနုု်ပ်ကား ဆောင်းဦးကာလရဲ့ နူးညံ့တဲ့မိုးဖွဲလေးတွေပါ။

မနက်ခင်းရဲ့တိတ်ဆိတ်မူမှာ သင်တို့နိုးထလာတဲ့အခါ
စက်ပိုင်းပမာ ငြိမ်သက်စွာပျံသန်းနေတဲ့ ငှက်တစ်သိုက်ရဲ့
ရုတ်တရက် လျင်မြန်စွာ ပျံသန်းသွားမူဟာ  ကျွနုု်ပ်ပါပဲ။

ညအခါ တောက်ပနေတဲ့ ကြယ်ပွင့်လေးတွေက ကျွနုု်ပ်ပါပဲ။

ကျွနု်ပ်ရဲ့သချိူင်းမှာ ရပ်ပြီး ငိုမနေပါနဲ့၊

ကျွနု်ပ် အဲသည်နေရာမှာမရှိပါ ကျွနု်ပ်မသေပါ။”


‘Do not stand at my grave’ ဟူသော အမည်မသိကဗျာရှင်တစ်ဦး၏ ကဗျာဖြင့် ဆရာဒဂုန်တာရာကို လွမ်းလိုက်ပါရစေ။ ဆရာအလိုရှိသော ငြိမ်းချမ်းရေးသည် ဆရာ့မေတ္တာရိပ်ဖြင့် ကမ္ဘာကြီးကို ထာဝရ လွှမ်းခြုံပေးနိုင်ပါစေ။

No comments: