Thursday, March 6, 2014

စာရေးဆရာက သူ့စာမူ သူပိုုင်တယ်၊ ထုုတ်ဝေသူနဲ့ မဆိုုင်ဘူး မောင်ရစ်

စာရေးဆရာက သူ့စာမူ သူပိုုင်တယ်၊ ထုုတ်ဝေသူနဲ့ မဆိုုင်ဘူး
မောင်ရစ်၊ မတ် ၆၊ ၂၀၁၄

ဟိုုတခါက အီးဘုုတ်တွေ ထုုတ်တဲ့ကိစ္စ၊ မိုုးမခမီဒီယာအနေနဲ့လည်း မေတ္တာနဲ့ Amazon Kindle E-Book  အဖြစ် မြန်မာစာအုုပ်တွေ တင်ပေးချင်တဲ့ကိစ္စ ပြီးတော့ ကော်ပီရိုုက် (မူပိုုင်ခွင့်) ကိစ္စကိုု အင်တာဗျုးမှာလည်း ပြောခဲ့ပြီ၊ စာရေးပြီးတော့လည်း ပြောခဲ့ပြီ။ အခုုလည်း မြန်မာပြည်တွင်းက စာရေးဆရာတွေဘက်က ထပ်မေးလာလိုု့ စာရေးပြီးတော့ ထပ်ပြောရပါဦးမယ်။

စာရေးဆရာက သူ့စာမူ သူပိုုင်တယ်။ စာအုုပ်ထုုတ်တဲ့သူက သူထုုတ်တဲ့စာအုုပ်ပဲ သူပိုုင်တယ်။ စာရေးဆရာရဲ့ စာမူကိုု သူမပိုုင်ဘူး။ သူနဲ့ တိုုက်ရိုုက် မသက်ဆိုုင်ဘူး။ ဥပမာ – စာရေးဆရာဆီက စာမူကိုု ဝယ်ပြီး ထုုတ်ဝေသူက စာအုုပ်ထုုတ်ရင် သူထုုတ်တဲ့ ပထမအကြိမ်၊ အုုပ်ရေ၊ တန်ဖိုုးနဲ့ ညီတဲ့ စာမူခပေးချေပြီး ထွက်လာတဲ့ စာအုုပ်အသွင်သဏ္ဍာန်ကိုုသာ ထုုတ်ဝေသူက ပိုုင်ဆိုုင်တယ်လိုု့ ဆိုုလိုုတာပါ။ စာရေးဆရာရဲ့စာမူကိုု သူမပိုုင်ဘူး။ ပထမနှိပ်ခြင်းကုုန်ရင် ဒုုတိယနှိပ်ခြင်းမှာ စာရေးဆရာကိုု ထုုတ်ဝေသူက စာမူခထပ်ပေးရပါတယ်။ စာရေးဆရာက သူ့ဖာသာသူ ထပ်မံ ထုုတ်ဝေချင်လိုု့ စီမံ ထုုတ်ဝေရင်လည်း တားမြစ်လိုု့ မရပါဘူး။ တခုုပဲ ရှိပါတယ်။ ထုုတ်ဝေသူက အချိန်အကန့်အသတ်တခုုနဲ့ ဒီစာမူကိုု ဒီစာအုုပ်ကိုု တခြားမှာ မသုုံးအောင်၊ မထုုတ်အောင် ကန့်သတ်တာမျိုး၊ နားလည်မှုမျိုးကိုု စာရေးဆရာနဲ့ ထုုတ်ဝေသူက စာချုပ် ချုပ်ဆိုထားရင်တော့ တမျိုးပေါ့။ ဘက်စ်ဆဲလာစာရေးဆရာတွေရဲ့ စာအုုပ်တွေဆိုုရင်တော့ တုုိက်တွေက အဲသလိုု စာချုပ်ချုပ်လေ့ရှိပါတယ်။

သိုု့သော် … ဒီသိုု့သော်က အခုု လာမေးနေတဲ့မေးခွန်းနဲ့ ဆိုုင်ပါတယ်။ အကယ်၍ စာအုုပ်သည် ပုုံနှိပ်စာအုုပ်အဖြစ်ကနေ “အခြားအသွင်သဏ္ဍာန်တခုုကိုု ပြောင်းသွားခဲ့သည် ရှိသော် …” ဘယ်သူနဲ့ ဆိုုင်သလဲ။ စာရေးဆရာနဲ့ပဲ ဆိုုင်ပါတယ်။ စာမူတခုုဟာ မည်သည့်အသွင်ပြောင်းပြောင်း အနုုပညာပစ္စည်း သိုု့မဟုုတ် စာပေတခုု စာမူတခုုအဖြစ်နဲ့ စာရေးဆရာရဲ့ ပိုုင်ဆိုုင်မှုအဖြစ်ကနေ ပြောင်းရွှေ့သွားခြင်း မရှိပါဘူး။ စာရေးဆရာကပဲ ပိုုင်ပါတယ်။ အသွင်ပြောင်းသွားတာကိုု မူလထုုတ်ဝေသူက သူပဲ ပိုုင်ဆိုုင်တယ်လိုု့ တိုုက်ရိုုက် ကောက်ချက်ဆွဲခွင့် မရှိပါ။ စာရေးဆရာနဲ့ ပြန်လည် တိုုင်ပင်ညှိနှိုင်း သဘောတူညီမှု ပြန်ယူပြီး ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

ပြောချင်တာက ပြန်ကြားရေးဝန်ကြီးဌာနတိုု့၊ အီးဘုုတ်ကုုမ္မဏီတွေတိုု့၊ အီးစာကြည့်တိုုက်တိုု့၊ အီးဝန်ဆောင်မှုတိုု့ လုုပ်နေကြတဲ့ မြန်မာပြည်တွင်းမှာ မြန်မာစာအုုပ်တွေကိုု အီးဘုုတ်အသွင်ပြောင်းကြတဲ့အခါ အဲသည်အီးဘုုတ်တွေကိုု မူလပုုံနှိပ်ထုုတ်ဝေသူတွေက သူတိုု့တသက်လုုံးပိုုင်တဲ့ ပစ္စည်းတခုုလိုုသဘောထားပြီး လုုပ်ကိုုင်နေကြတာကိုု တွေ့မြင်နေရလိုု့ ဝင်ပြောရတာဖြစ်ပါတယ်။ အီးဘုုတ်အသွင်ပြောင်းလိုုက်တာနဲ့ စာရေးဆရာနဲ့ စာမူခဆိုုင်ရာ ခွင့်ပြုချက်ဆိုုင်ရာ ပြန်လည် ညှိနှိုင်းစာချုပ်ချုုပ်ရမယ်၊ ခွင့်တောင်းရမယ်။ စာရေးဆရာတွေက မကျေနပ်လိုု့ ကန့်ကွက်ရင် လိုုက်နာရမယ်။ ငါထုုတ်တဲ့စာအုုပ် အီးပဲထုုတ်ထုုတ် ဘုုတ်ပဲထုုတ်ထုုတ် စာရေးဆရာနဲ့ မဆိုုင်ဘူးလိုု့ မလုုပ်ကြဖိုု့ မေတ္တာရပ်ခံတဲ့စာကိုု ရေးရတာပါ။

တလောကကြားတာကတော့ နိုုင်ငံတော်ဆိုုတာကြီးရဲ့ စေတနာရှေ့ထားပြီးတော့ ပြန်ကြားရေးကဆိုုလား အီးစာကြည့်တိုုက် အီးဘုုတ်တွေ အခမဲ့ ၀ိုုင်ယာလက်စ်ပေါ်က ဖြန့်ချိမယ်။ စာရေးသူတွေက ဝေသန္တရာစိတ်ထားနဲ့ သဘောထားကြပါဆိုုလား သတင်းစာ၊ ဂျာနယ်အချို့မှာ ထုုတ်ပြန်အသိပေးတယ်လိုု့ ဖတ်လိုုက်ရတယ်။ နောက်တော့ ပုုံနှိပ်စာအုုပ်တွေကိုု အီးဘုုတ်တွေအဖြစ် ပြည်တွင်းမှာ အသွင်ပြောင်းထုုတ်ကြမယ် … ပြန်ကြားရေးရယ်၊ ကုုမ္မဏီရယ်၊ ထုုတ်ဝေသူတွေရယ်က သူတိုု့ထုုတ်ခဲ့တဲ့ စာအုုပ်တွေကိုု စိတ်ကြိုက် အသွင်ပြောင်းကြ၊ ထုုခွဲကြ၊ ဝေမျှကြမယ် ဆိုုလားပဲ … ဒါမျိုးလဲ ကြားရပြန်တယ်။ “စာရေးဆရာတွေကျတာ့ရော” ဆိုုတော့ “သူတိုု့နဲ့ မဆိုုင်ဘူး” ဆိုုလားပဲ။ “သူတိုု့ထုုတ်တဲ့စာအုုပ် သူတိုု့စာအုုပ်။ စာရေးဆရာတွေက ဘာမှ ဝင်ရှုပ်စရာမလုုိဘူး” လုု့ိ ထုုတ်ဝေသူတချို့က ပြန်ပြောတဲ့အကြောင်း စာရေးဆရာအချို့က သတင်းပြန်ပေးပါတယ်။ ဒီလိုုမျိုး လုုပ်လိုု့ မရတဲ့အကြောင်း အခုုဒီစာရေးပြီး မေတ္တာရပ်ခံအပ်ပါတယ်။

စာရေးသူက စာမူပုုိင်ပါတယ်။ ထုုတ်ဝေသူနဲ့ မဆိုုင်ပါဘူး။ အတိုုင်းအတာတခုု အထိပဲ အသွင်သဏ္ဍာန်တခုုအနေနဲ့ ပိုုင်ပါတယ်။ တသက်လုုံး ငါ့ဟာလိုု့ ဆိုုနေရင် ခင်ဗျားတိုု့ ထုုတ်ဝေသူတွေကလည်း အာဏာရှင်အစုုိးရနဲ့ ပေါင်းပြီး မောင်ပိုုင်စီး စားသောက်နေကြတဲ့ ခရိုုနီတွေလိုု ဖြစ်ကုုန်ကြတော့မှာပေါ့။ အီးဘုုတ်တွေ အီးစာကြည့်တိုုက်တွေ လုုပ်ချင် ကိုုင်ချင်ရင် မူလပိုုင်ရှင်စာရေးသူတွေကိုု သီးခြားခံစားခွင့်၊ ခွင့်ပြုချက်၊ အသိအမှတ်ပြု လေးစားမှု စသည်တုုိ့ ပေးအပ်ပြီးမှသာ လုုပ်ကိုုင်ဆောင်ရွက်သင့်ပါတယ်။

အခုုတောင် မြန်မာရုုပ်ရှင်တွေ သီချင်းတွေကိုု ခိုုးကူး ခိုုးဝေပြီးတော့ ဝေသန္တရာလုုပ်နေတဲ့သူတွေက အင်တာနက်ပေါ်မှာ ခိုုးရာပါပစ္စည်းနဲ့ အလှူရှင်မျက်နှာကြီးလုုပ်နေကြတာ ရှက်စရာပါ။ အခုုလည်း မြန်မာစာအုုပ်တွေကိုု ခိုုးကူး ခိုုးဖြန့်နေတဲ့ အီးဘုုတ်ခိုုးဖြန့်တွေကလည်း သူတိုု့ကိုုယ်တိုုင်ကပဲ မြန်မာစာပေလောကကြီး မြှင့်တင်နေသလိုုလိုု အင်တာနက်ပေါ်မှာ သူခိုုးတွေနဲ့ ခိုုးရာပါတောင်းစားသူတွေ တော်သလင်းဇာတ်ခင်းနေကြတာ စိတ်မကောင်းစရာပါ။ ဒါကိုု ထုုတ်ဝေသူတွေက သူတိုု့လိုုမျိုး တတန်းစားတည်း ခံယူပြီးတော့ မူလပိုုင်ရှင်စာရေးဆရာတွေ စာမူရှင်တွေကိုု ပစ်ပယ်ပြီး အသွင်ပြောင်းချင်တိုုင်းပြောင်း၊ အကျိုးအမြတ်ကိုု လက်ဝါးကြီးအုုပ်တာမျိုးကိုု မကြားလိုု မမြင်လိုုပါ။

မိုုးမခက ဦးဝင်းတင်နဲ့ အင်တာဗျုးတဲ့ ဆောင်းပါးတွေ ရှိတယ်။ ဒါကိုု ထုုတ်ချင်တဲ့ ထုုတ်ဝေသူက တောင်းတော့ ကျနော်က ဦးဝင်းတင်ဆီက ခွင့်ပြုချက်တောင်းပါတယ်။ အင်တာဗျုးတွေက မိုုးမခကစီစဉ်တာပါ။ ငါတိုု့်ဟာပဲလိုု့ ဆိုုချင် ဆိုုနိုုင်ပါတယ်။ သိုု့သော် မူလအာဘော်ပြောဆိုုသူက ဦးဝင်းတင်ဆိုုတော့ သူ့ကိုုလည်း ခွင့်တောင်း အသိပေးရပါတယ်။ ပြီးတော့ မိုုးမခဆိုုတာက ဘာမှမဟုုတ်တဲ့ မီဒီယာဆိုုတော့ စာမူခတွေဘာတွေ မတောင်းပါဘူး။ စာမူခများ ပေးရင် ဆရာဦးဝင်းတင်ကိုုသာ ကန်တော့ဖိုု့ မေတ္တာရပ်ခဲ့ပါတယ်။ ဆရာဦးဝင်းတင်ကလည်း သူ့စာမူခတွေအားလုုံးကိုု သူ့ဖောင်ဒေးရှင်းကိုု ရည်စူးပြီး လှူဒါန်းလိုုက်ပါသတဲ့။ သည်တော့ ပြောချင်တာက ဦးဝင်းတင်အင်တာဗျူးစာအုုပ်လိုုမျိုးကိုု ပြန်ကြားရေးဝန်ကြီးကနေ အီးစာကြည့်တိုုက်အဖြစ် ၀ိုုင်ယာလက်တွေ ဘာတွေနဲ့ အသွင်ပြောင်းထုုတ်ဝေချင်တယ်ဆိုုရင် ဦးဝင်းတင်ဆီက တိုုက်ရိုုက်ခွင့်တောင်းကြပါလိုု့ ပြောချင်ပါတယ်။

စာရေးဆရာတွေသာလျင် သူတိုု့စာမူများ၏ အရှင်သခင်ဖြစ်ပါတယ်။ စာရေးဆရာဟာ သူရေးတဲ့ စာမူတွေနဲ့ စာအုုပ်အတွက် တာဝန်ယူပါတယ်။ ခံစားပါတယ်။ အခန့်မသင့်လိုု့ ထောင်ကျ တန်းကျရင်လည်း သူတိုု့ပဲ ထောင်ကျတာပါ။ ဘယ်ထုုတ်ဝေသူတွေက ဘယ်စာရေးဆရာအတွက် ကိုု်ယ်စား ထောင်ကျခံပေးကြတဲ့ ရာဇဝင်များ ရှိခဲ့သလဲ။ အယ်ဒီတာအောင်ဆန်းကသာ စာရေးဆရာ ညိုမြအတွက် ကျောင်းအထုုတ်ခံရတယ်လိုု့ပဲ ကြားဖူးတယ် မဟုုတ်လား။

No comments: