(Junior Win ရေးသားထားသောအင်္ဂလိပ်လုုိရေး Burmese Days and Flowers (Kindle Ebook), သုုိ့မဟုုတ် Days and Flowers of Myanmar (မြန်မာပြည်ကပါရမီစာအုုပ်တုုိက်ထုုတ်) ကုုိကိုုယ်တိုုင်ဘာသာပြန်ထားသည်။၂၀၁၃ခုုနှစ်ထုုတ် စာအုုပ်ဖြစ်သောကြောင့် မြန်မာသကရာဇ် ၁၃၇၄ ခုုနှစ်ကုုိအဓိကထားရွှေ့ ရေးသားထားပါသည်။))
မြန်မာနေ့ရက်များနှုင့်ပန်းများ
ဂျူ နီယာဝင်း
ကျွနုုိပ်တုုိ့သည် မြန်မာနှစ်သစ်ကုုိ ၃ရက် သုုိ့မဟုုတ် ၄ရက် သင်္ကြန်ရေကစားပွဲ ကျင်းပလျက် ကြိုဆုုိလုုိက်ကြပါသည်။ မြန်မာနှစ်သစ်သည်ဧပြီလ ၏ဒုုတိယပတ် ဧပြီလ ၁၃ ရက်နေ့ တွင်ကျရောက်ပြီးဧပြီလ ၁၅ရက် သိုု့မဟုုတ် ၁၆ ရက်နေ့တွင် အဆုုံးသတ်ပါသည်။ ဧပြီ ၁၂ ရက်နေ့သည် သင်္ကြန်ရေကစားပွဲအကြို နေ့ဖြစ်ပြီး ဧပြီ ၁၅ သုုိ့မဟုုတ် ၁၆ ရက်နေ့သည် သင်္ကြန်ပွဲတော် နောက်ဆုုံးနေ့ဖြစ် ပါသည်။ ရေကစားပွဲ၏ စစ်မှန်သော ပြယုုသ်သည်ကားချစ်ခင်သောသူငယ်ချင်းများကုုိ တစ်ဦးကိုုတစ်ဦး အပြန်အလှန် သန့်ရှင်းသောရေဖြင့် ပက်ဖြန်းကြခြင်းပင် ဖြစ်ပါသည်။ ထုုိဧပြီတစ်လလုုံးသည် မြန်မာလူမျိူးများ ဥပုုဉ်သတင်းစောင့်ကြရာ၊ အလှူဒါနပြုကြရာ၊ ကောင်းမူကုုသုုိလ်များ ပြုကြရာနေ့များဖြစ်ပါသည်။
ရှေးရုုိးရာပုုံပြင်များအရ ကောင်းကင်ယံကအရှင်သခင် သိကြားမင်းကြီးသည် လူ့ပြည်သုုိ့ ထုုိနေ့များတွင်အလည်တစ်ခေါက် အရောက်လာမည်ဖြစ်ပါသည်။ မြတ်စွာဘုုရားသည် သိကြားမင်းကြီးအားဘုုရားရှင်၏ သာသနာတော်သည် လူ့ပြည်လူ့ရွာတွင် ဘယ်လောက် လွှမ်းခြုံနေပြီလဲဆုုိတာကုုိ သွားရောက်ကြည့်ရူူရန် အတွက် ယုုံယုုံကြည်ကြည် တာဝန်လွှဲအပ်ထားသည် ဟုုဆုုိပါသည်။ သိကြားမင်းသည် လူ့ပြည်သုုိ့ဆင်းကာလူတွေ ဗုုဒ္ဓ၏ ဟောကြားချက် အတုုိင်းလုုိက်နာကြပါရဲ့ လားဟူ၍ လာကြည့်မည်ဖြစ်ပါသည်။ “သူကအမှန်တရားသည် တည်နေပါရဲ့လားဆုုိတာကုုိ လာကြည့်ပါမည်။ သူကကောင်းသူကုုိ ကယ်တင်ကာမကောင်းသူကုုိ ပယ်မည်ဖြစ်ပါသည်။“ ကျွနုုိပ်တုုိ့အနေနှင့်တော့ သူတကယ်တာဝန်ကျေသလား ဆုုိတာကုုိမသိပါ။ ဒါပေမယ့် သေချာတာတစ်ခုုတော့ရှိပါသည် သူကမြန်မာနှစ်သစ်မှာ ရောက်လာကာလူတွေ ဘာသာရေးကောင်းမူကုုသုုိလ် လုုပ်ဖုုိ့တာဝန်ကျေကြဖုုိ့ သတိပေးမှာဖြစ်ပါသည်။ သိကြားမင်းကြီးသည် လူ့ပြည်သုုိ့ ဆင်းလာကာ ဗုုဒ္ဓလမ်းညျွန်ခဲ့သည့်အတုုိင်း လူတွေနေထုုိင် ကျင့်သုုံးနေကြပါရဲ့လား ဟုုလာကြည့်ပါမည်။ သူကသင်္ကြန်ပွဲတော် နောက်ဆုုံးနေ့မှာ သူ့ဌာနေကောင်းကင်ယံသုုိ့ ပြန်သွားမည်ဖြစ်ပါသည်။
(၂၀၁၃ ခုနှစ် မြန်မာသင်္ကရာဇ် ၁၃၇၅ မဟာသင်္ကြန်စာ)
(ဒေါ်) ခင်မျိူးချစ် ရေးသားသောColourful Burma ဟူသောစာအုုပ်တွင် ယခုုလုုိရေးသားထားတာတွေ့ရပါသည်။“သင်္ကြန်စာ - ကျွနုုိပ်တုုိ့ ယခုုတုုိင် ယုုံယုုံကြည်ကြည် ဖြင့်ဖတ်နေဆဲ အဲသည် စာရွက်ပေါ်ကစာဖြစ်ပါသည်။ ဒါကုုိသင်္ကြန်စာဟုုခေါ်ပါသည်။ သင်္ကြန်စာတွင် ယခုုလာမည့်နှစ်တွင် ဘာဖြစ်မယ် ဆုုိသည့် သတင်းအချက်အလက်များ ရေးသားထားပါသည်။ ကျွနုုိပ်တုုိ့အတွက် အနာဂါတ်ဟောကိန်း သဘောဖြစ်ပါသည်။ သိကြားမင်းက ဘယ်လုုိပုုံစံဖြင့် ကျွနုုိပ်တုုိ့ဆီဆင်းလာမည် ဆုုိတာကုုိလည်း ရေးသားထားပါသည်။ ဥပမာ - သိကြားမင်းသည် သည်နှစ်မှာတော့ နဂါးကုုိစီးလာပါမည်။ လက်တစ်ဖက်တွင် မျှားနှင့် လေးကုုိကိုုင်လာမည်။ နောက်လက်တစ်ဖက်မှာတော့ လှံကုုိကုုိင်လာမည်။“ အုုိ…. ဘယ်လောက်အရေးကြီးတဲ့ သိကြားမင်းပါလဲ! သူဒီနှစ်ဘာစီးလာမှာပါလိမ့်! သုုိ့မဟုုတ် သူဒီနှစ် ဘာများကိုုင်လာမှာပါလိမ့်!…. ကျွနုုိပ်တုုိ့သည် ထုုိအရာများကရှေ့နှစ်ဘာဖြစ်မယ် ဆုုိိတာကုုိပြောမည့် အရာများအဖြစ် ယုုံကြည်နေကြပါသည်။
ကျွနုုိပ်တုုိ့သည် ထုုိစာတစ်မျက်နှာစာရှိသောစာရွက်ကြီးကိုု သကြ်န်မတုုိင်မှီမှာ ဝယ်ကြပါသည်။ ပြီးတော့ သေချာဖတ်ကာသူပြောထား သလုုိလုုိက် လုုပ်ကြပါသည်။ ဟုုတ်ပါသည်- ကျွနုုိပ်တုုိ့ အားလုုံးတစ်ယောက်စီအတွက် နေ့အလုုိက် ဘာလုုပ်ရမည်ဆုုိတာ အဲသည်စာရွက်ထဲမှာ ရေးသားဖော်ပြထားပါသည်။ တခါတရံ ယခုုလုုိရေးထားပါသည် - “တနဂနွေနေ့မွေးသူများခေါင်းလျော်ပြီးနောက် ကန့်ဂေါ်ပနး်များကုုိပန်ပါ - တနလာမွေးသူများကတော့ ကျမ်းမာရေးကောင်းဖုုိ့ အဖြူရောင်ကုုိရွေးပါ - စနေနေ့မွေးသူများ အတွက်တော့ အရေးတကြီးပုုဂိုလ်များနှင့်တွေ့ ဖုုိ့ရှိရင် စိန်လက်စွပ်ကလေးစွပ်သွားပါ - ဗုုဒဟူးနေ့မွေးသူများအတွက်တော့ တစ်ခုုုုခုုအရေးတကြီးဆုုံးဖြတ်ချက်ချ ဖုုိ့ရှိရင် အစိမ်းရောင်ကိုုတော့ လုုံးဝလုုံးဝရှောင်ရမည်……..စသည်စသည်ဖြင့် ဖြစ်ပါသည်။ သင်္ကြ်န်စာသည် တုုိင်းပြည်၏အနာဂါတ်၊ တကမ္ဘာလုုံး၏ နုုိင်ငံရေး၊ စီးပွားရေး၊ စုုိက်ပျိူးရေး၊ လူမူရေး၊ ရာသီဥတုုအစရှိသည်များကုုိ လည်းဟောကိန်းထုုတ် ထားပါသည်။ သူကယေဘုုံယအားဖြင့် ဟောထားသည် ဖြစ်သောလည်း ဒါကုုိဖတ်ရတာစိတ်လှူပ်ရှားစရာ ကောင်းပြီး မြန်မာဗုုဒ္ဓဘာသာ လူမျိူးများကြားတွင် ပေါ်ပြူလာဖြစ်နေဆဲ ဖြစ်ပါသည်။
လွန်ခဲ့သောဆယ်စုုနှစ်များစွာက သင်္ကြန်စာမှာယခုုလုုိရေးတာတွေ့ဖူးပါသည် - သည်မြန်မာနှစ်သစ်မှာတော့ ခေါင်းဆောင်ပုုိင်းဆုုိင်ရာကောင်းသော အပြောင်းအလဲများ ကြုံရဦးမည်။ ကျွနုုိပ်တုုိ့လည်းတုုိင်းပြည်အတွက် ကောင်းသောနေ့ရက်များ ရောက်လာဖုုိ့ မျော်လင့်လျက်ရှိပါသည်။
သိကြားမင်းသည် လူ့ပြည်သုုိ့ဆင်းလာသည့်အခါ သူ့မှာအလွန်အရေးကြီးသော တာဝန်တစ်ခုုကုုိ လုုပ်ရမှာဖြစ်သည်ဟုု ကျွနုုိ်ပ်တုုိ့ ယုုံကြည်ကြပါသည်။ သူ့တွင် ရွှေပရပုုိဒ်နှင့် ခွေးသားရည်ဟူရွေ့ ပေလွှာနှစ်ချပ် ပါလာပါသည်။ ကောင်းသောလူများ၏ အမည်များကုုိရွှေပုုရပိုုဒ်တွင် ရေးမှတ်ကာမကောင်းသော သူများကုုိခွေးသားရေတွင် မှတ်သည်ဟူ၏။ ဒါဆုုိရင် ဘယ်ပုုရပုုိဒ်မှာဘယ်သူပါပြီး ခွေးသားရေမှာ ဘယ်သူပါမည်ဆုုိတာ အထူးရှင်စရာမလုုိပါ။ ကျွနုုိပ်တုုိ့ ထုုိသင်္ကြန်ရက်တွေမှာ မသတ်ရ၊ မခုုိးရ၊ မညာရ၊ မဆဲဆုုိရ၊ တပါးသူကုုိနာကျင်အောင် မလုုပ်ရပါ။ အကြောင်းမှာ သိကြားမင်းက ကျွနုုိပ်တုုိ့အမည်များကုုိ ခွေးသားရေမှာမှတ်လုုိက်လိမ့်မည်။ ဒါဟာဂုုဏ်ကျက်သရေကင်းမဲ့ခြင်း၊ အပြစ်ပေးခံရခြင်းပင်။ ကောင်းသောသူများသူတုုိ့အမည်ကုုိ ရွှေုပုုရပုုိဒ်မှာ ရေးမှတ်ခံရခြငး်ကာ ဂုုဏ်ပြုခြင်းခံရခြင်း မည်ပေသည်။
ကျွနုုိပ်ငယ်စဉ်က ကျွနုုိပ်အမည်ကုုိ ခွေးသားရေတွင် မှတ်သွားမှာ အလွန်ကြောက်ပါသည်။ သည်တော့ ကောင်းတာတွေကုုိ ကြိုးစားလုုပ်ပါသည်။ လူကြီးတွေကလည်း ထုုိသင်္ကြန်နေ့ တွေမှာလိမ်လိမ်မာမာနေဖုုိ့ ပြောပါသည်။ ဟုုတ်ပါသည်။ နှစ်သစ်ဆုုိတာ နှစ်ဟောင်းကစုုဆောင်းယူလာခဲ့သမျှ သောမကောင်းမူတွေ ကုုိသန့်စင်ပစ်ကာ ဘဝအသစ်ကုုိ ကူးပြောင်းဖုုိ့ ဖြစ်ပါသည်။ သည်တော့ “သင်္ကြန်အုုိး“ ကုုိအိမ်ရှေ့မှာထားကာသိကြားမင်းကြီးကုုိ ကြိုဆုုိလုုိက်ကြရအောင်။ ဒါဟာလည်း ကျွနုုိပ်တုုိ့လုုပ်သည် ့ကောင်းမူတစ်ခုုပဲမဟုုတ်ပါလော။ ပြီးတော့ သိကြား်မင်းကြီးက သူ့ကုုိကြိုဆုုိသည့် သင်္ကြန်အုုိးကြောင့် ရွှေပုုရပုုိဒ်မှာ ကျွနုုိပ်တုုိ့အမည်ရေးမှတ်သွားမည် ဖြစ်ပါသည်။ ကဲ… အလှဆုုံးအကောင်းဆုုံးသင်္ကြန်အုုိးဖြင့် ကောင်းကင်ယံ၏ အရှင်သခင် သိကြားမင်းကြီးကုုိ ကြိုုဆုုိလုုိက်ကြရအောင်။ ကျွနုုိပ်တုုိ့အမည်သည် ရွှေပုုရပုုိဒ်မှာရှိပါစေသတည်း။
(သိကြားမင်းသည် လူ့ပြည်သုုိ့ဆင်းလာသည့်အခါ သူ့တွင် ရွှေပရပုုိဒ်နှင့် ခွေးသားရည်ဟူရွေ့ ပေလွှာ နှစ်ခုုပါလာပါသည်။ ပုုံ -ကာတွန်းမောင်ရစ်)
အထက်ပါပုုံတွင် ပန်းတွေနှင့် အုုိး အတွဲကုုိ “သင်္ကြန်အုုိး“ ဟုုခေါ်ပါသည်။ ဒါ သိကြား်မင်းကုုိ ကြိုုဆုုိတဲ့အုုိးဖြစ်ပါသည်။ သူကလူ့ပြည်ဆင်းဖုုိ့ မေ့သည်ဖြစ်စေမမေ့သည်ဖြစ်စေ။ ကျွနုုိပ်တုုိ့ကသူ့ကုုိ ကြိုဆုုိဖုုိ့မမေ့ပါ။ သင်္ကြန်အုုိးကုုိအိမ်ရှေ့ နေရာကောင်းကောင်းလေးမှာ ထားပါသည်။ သိကြားမင်းကြီးကတွေ့မြင်ပြီး ကျွနုုိပ်တုုိ့အမည်ကိုုသူ၏ ရွှေပေလွာလေးမှာရေးပါစေသား။
(တခါတရံသင်္ကြန်အုုိးရောငး်သူများက သိကြားမင်းကြီး ပြန်သွားသည့်နေ့ကုုိကြည့်ရွှေ့ သင်္ကြအိုးနှစ်အုုိး ဝယ်ဖုုိ့ပြောပါသည်။)
တခါတရံသင်္ကြန်အုုိးရောင်းသူများက ကျွနုုိပ်တုုိ့ကုုိသင်္ကြန်အုုိး နှစ်အုုိး ဝယ်ဖုုိ့ ပြောပါသည်။ အကယ်ရွှေ့များအသင်တုုိ့၏ မိသားစုုဝင်တစ်ဦး၏ မွေးရက်သည် သိကြားမင်းသူ့ဌာနေ ပြန်သောနေ့ (တနည်းအားဖြင့် သင်္ကြန် အတက်နေ့) နှင့် တစ်နေ့တည်းဖြစ်နေလျှင် အသင်တော့သင်္ကြန်အုုိး နှစ်အုုိးဝယ်ရပါမည်။ တစ်အုုိးကသင့်မိသားစုုအတွက် နောက်တစ်အုုိးကသိကြားမင်းပြန်တဲ့နေ့နှင့် တုုိက်နေသော မွေးနေ့ရှင် သင့်မိသားစုုဝင်အတွက် ဖြစ်ပါသည်။ သူတုုိ့အတွက် သိကြားမင်းကုုိသင်္ကြန်အုုိး နှစ်အုုိးဖြင့် ကြိုဆုုိရပါမည်။ ဥပမာ - သင်္ကြန်အတက်နေ့က စနေနေ့ဆုုိပါစုုိ့။ သင့်အဘွားမွေးနေ့ကစနေနေ့ဆုုိလ ျှင် သင်တုုိ့အိမ်အတွက် သင်္ကြန်အုုိး နှစ်အုုိးဝယ်ရမည်။ နောက်ဥပမာတစ်ခုုကတော့ အကယ်ရွှေ့ သင်္ကြန်အတက်နေ့က ကြာသာပတေးနေ့ဖြစ်ပြီးသင်က ကြာသာပတေးနေ့မွေးသောသူဖြစ်လျှင် သင်္ကြန်အုုိး နှစ်အုုိးဝယ်ရမည်။ နောက်ဥပမာတစ်ခုုအနေနှင့် ဆုုိရသောသင်္ကြန်အတက်နေ့က သောကြာနြေ့ဖြစ်ပြီးသင်တုုိ့ မိသားစုုမှာတစ်ယောက်မှ သောကြာမွေးသူမပါလ ျှင် သင်္ကြန်အုုိး နှစ်အုုိးဝယ်စရာမလုုိပါ။ ၂၀၁၃ ခုုနှစ် သင်္ကြန်အတက်နေ့ ဧပြီလ ၁၆ ရက်နေ့သည် အင်္ဂါနေ့ဖြစ်ပါသည်။ သင့်မိသားစုုတွင်းမှာအင်္ဂါမွေးသူရှိနေလျှင် သင်္ကြန်အုုိး နှစ်အုုိးဝယ်ရမည်ဖြစ်သည်။
(ဒီနှစ် မြန်မာသကရာဇ် ၁၃၇၆ သို့ကူးပြောင်းသည့် ၂၀၁၄ ခုနှစ်အတွက်တော့ သင်္ကြန်အတက်နေ့က ဗုဒ္ဓဟူး နေ့ကျပါသည်။)
(မြန်မာလူမျိူးများယုုံကြည်ကြတာကအကယ်၍ ရက်သတ္တပတ်၏ တစ်ရက်မွေ့နေ့ရှင်သည် သင်္ကြန်အတက်နေ့ နှင့်သွားပြီးတုုိက်နေလျှင် ကံမကောင်းပါ။ ဒါကြောင့် သင်္ကြန်အိုုးအပိုုတစ်အုုိးလုုိပါသည်။)
ဂျူနီယာဝင်း
(နောက်ဆက်ပြီး ဘာသာပြန်ဖို့စိတ်ကူးရှိပါသည်။ ပရိသတ်များ အတွက်သည်နှစ်အမှီ ရေးပေးလိုက်တာပါ။ ကောင်းသောမြန်မာနှစ်သစ်ဖြစ်ပါစေ။)





No comments:
Post a Comment