Thursday, April 24, 2014

မြန်မာနေ့ရက်များနှုင့်ပန်းများ ဂျူ နီယာဝင်း

(Junior Win ရေးသားထားသောအင်္ဂလိပ်လိုရေး Burmese Days and Flowers (Kindle Ebook), သို့မဟုတ် Days and Flowers of Myanmar (မြန်မာပြည်ကပါရမီစာအုပ်တိုက်ထုတ်) ကိုကိုယ်တိုင်ဘာသာပြန်ထားသည်။၂၀၁၃ခုနှစ်ထုတ် စာအုပ်ဖြစ်သောကြောင့် မြန်မာသကရာဇ် ၁၃၇၄ ခုနှစ်ကိုအဓိကထားရွှေ့ ရေးသားထားပါသည်။))


မြန်မာနေ့ရက်များနှုင့်ပန်းများ

ဂျူ နီယာဝင်း
 

ကျွနိုပ်တို့သည် မြန်မာနှစ်သစ်ကို ၃ရက် သို့မဟုတ် ၄ရက် သင်္ကြန်ရေကစားပွဲ ကျင်းပလျက် ကြိုဆိုလိုက်ကြပါသည်။  မြန်မာနှစ်သစ်သည်ဧပြီလ ၏ဒုတိယပတ် ဧပြီလ ၁၃ ရက်နေ့ တွင်ကျရောက်ပြီးဧပြီလ ၁၅ရက် သို့မဟုတ် ၁၆ ရက်နေ့တွင် အဆုံးသတ်ပါသည်။ ဧပြီ ၁၂ ရက်နေ့သည် သင်္ကြန်ရေကစားပွဲအကြို နေ့ဖြစ်ပြီး ဧပြီ ၁၅ သို့မဟုတ် ၁၆ ရက်နေ့သည် သင်္ကြန်ပွဲတော် နောက်ဆုံးနေ့ဖြစ် ပါသည်။ ရေကစားပွဲ၏ စစ်မှန်သော ပြယုသ်သည်ကားချစ်ခင်သောသူငယ်ချင်းများကို တစ်ဦးကိုတစ်ဦး အပြန်အလှန် သန့်ရှင်းသောရေဖြင့် ပက်ဖြန်းကြခြင်းပင် ဖြစ်ပါသည်။ ထိုဧပြီတစ်လလုံးသည် မြန်မာလူမျိုးများ ဥပုဉ်သတင်းစောင့်ကြရာ၊ အလှူဒါနပြုကြရာ၊ ကောင်းမူကုသိုလ်များ ပြုကြရာနေ့များဖြစ်ပါသည်။

ရှေးရိုးရာပုံပြင်များအရ ကောင်းကင်ယံကအရှင်သခင် သိကြားမင်းကြီးသည် လူ့ပြည်သို့ ထိုနေ့များတွင်အလည်တစ်ခေါက် အရောက်လာမည်ဖြစ်ပါသည်။ မြတ်စွာဘုရားသည် သိကြားမင်းကြီးအားဘုရားရှင်၏ သာသနာတော်သည် လူ့ပြည်လူ့ရွာတွင် ဘယ်လောက် လွှမ်းခြုံနေပြီလဲဆိုတာကို သွားရောက်ကြည့်ရူရန် အတွက် ယုံယုံကြည်ကြည် တာဝန်လွှဲအပ်ထားသည် ဟုဆိုပါသည်။ သိကြားမင်းသည် လူ့ပြည်သို့ဆင်းကာလူတွေ ဗုဒ္ဓ၏ ဟောကြားချက် အတိုင်းလိုက်နာကြပါရဲ့ လားဟူ၍ လာကြည့်မည်ဖြစ်ပါသည်။ “သူကအမှန်တရားသည် တည်နေပါရဲ့လားဆိုတာကို လာကြည့်ပါမည်။ သူကကောင်းသူကို ကယ်တင်ကာမကောင်းသူကို ပယ်မည်ဖြစ်ပါသည်။“ ကျွနိုပ်တို့အနေနှင့်တော့ သူတကယ်တာဝန်ကျေသလား ဆိုတာကိုမသိပါ။ ဒါပေမယ့် သေချာတာတစ်ခုတော့ရှိပါသည် သူကမြန်မာနှစ်သစ်မှာ ရောက်လာကာလူတွေ ဘာသာရေးကောင်းမူကုသိုလ်  လုပ်ဖို့တာဝန်ကျေကြဖို့ သတိပေးမှာဖြစ်ပါသည်။ သိကြားမင်းကြီးသည် လူ့ပြည်သို့ ဆင်းလာကာ ဗုဒ္ဓလမ်းညျွန်ခဲ့သည့်အတိုင်း လူတွေနေထိုင် ကျင့်သုံးနေကြပါရဲ့လား ဟုလာကြည့်ပါမည်။ သူကသင်္ကြန်ပွဲတော် နောက်ဆုံးနေ့မှာ သူ့ဌာနေကောင်းကင်ယံသို့ ပြန်သွားမည်ဖြစ်ပါသည်။
 

(၂၀၁၃ ခုနှစ် မြန်မာသင်္ကရာဇ် ၁၃၇၅ မဟာသင်္ကြန်စာ)

(ဒေါ်) ခင်မျိုးချစ် ရေးသားသောColourful Burma ဟူသောစာအုပ်တွင်  ယခုလိုရေးသားထားတာတွေ့ရပါသည်။“သင်္ကြန်စာ - ကျွနိုပ်တို့ ယခုတိုင် ယုံယုံကြည်ကြည် ဖြင့်ဖတ်နေဆဲ အဲသည် စာရွက်ပေါ်ကစာဖြစ်ပါသည်။ ဒါကိုသင်္ကြန်စာဟုခေါ်ပါသည်။ သင်္ကြန်စာတွင် ယခုလာမည့်နှစ်တွင် ဘာဖြစ်မယ် ဆိုသည့် သတင်းအချက်အလက်များ ရေးသားထားပါသည်။ ကျွနိုပ်တို့အတွက် အနာဂါတ်ဟောကိန်း သဘောဖြစ်ပါသည်။ သိကြားမင်းက ဘယ်လိုပုံစံဖြင့် ကျွနိုပ်တို့ဆီဆင်းလာမည် ဆိုတာကိုလည်း ရေးသားထားပါသည်။ ဥပမာ - သိကြားမင်းသည် သည်နှစ်မှာတော့ နဂါးကိုစီးလာပါမည်။ လက်တစ်ဖက်တွင် မျှားနှင့် လေးကိုကိုင်လာမည်။ နောက်လက်တစ်ဖက်မှာတော့  လှံကိုကိုင်လာမည်။“ အို…. ဘယ်လောက်အရေးကြီးတဲ့ သိကြားမင်းပါလဲ! သူဒီနှစ်ဘာစီးလာမှာပါလိမ့်! သို့မဟုတ် သူဒီနှစ် ဘာများကိုင်လာမှာပါလိမ့်!…. ကျွနိုပ်တို့သည် ထိုအရာများကရှေ့နှစ်ဘာဖြစ်မယ် ဆိုတာကိုပြောမည့် အရာများအဖြစ် ယုံကြည်နေကြပါသည်။

ကျွနိုပ်တို့သည် ထိုစာတစ်မျက်နှာစာရှိသောစာရွက်ကြီးကို သက်ြန်မတိုင်မှီမှာ ၀ယ်ကြပါသည်။ ပြီးတော့ သေချာဖတ်ကာသူပြောထား သလိုလိုက် လုပ်ကြပါသည်။ ဟုတ်ပါသည်- ကျွနိုပ်တို့ အားလုံးတစ်ယောက်စီအတွက် နေ့အလိုက် ဘာလုပ်ရမည်ဆိုတာ အဲသည်စာရွက်ထဲမှာ ရေးသားဖော်ပြထားပါသည်။ တခါတရံ ယခုလိုရေးထားပါသည် - “တနဂနွေနေ့မွေးသူများခေါင်းလျော်ပြီးနောက် ကန့်ဂေါ်ပန်းများကိုပန်ပါ -  တနလာမွေးသူများကတော့ ကျမ်းမာရေးကောင်းဖို့ အဖြူရောင်ကိုရွေးပါ - စနေနေ့မွေးသူများ အတွက်တော့ အရေးတကြီးပုဂိုလ်များနှင့်တွေ့ ဖို့ရှိရင် စိန်လက်စွပ်ကလေးစွပ်သွားပါ - ဗုဒဟူးနေ့မွေးသူများအတွက်တော့ တစ်ခုခုအရေးတကြီးဆုံးဖြတ်ချက်ချ ဖို့ရှိရင် အစိမ်းရောင်ကိုတော့ လုံးဝလုံးဝရှောင်ရမည်……..စသည်စသည်ဖြင့် ဖြစ်ပါသည်။ သင်္က်ြန်စာသည် တိုင်းပြည်၏အနာဂါတ်၊ တကမ္ဘာလုံး၏ နိုင်ငံရေး၊ စီးပွားရေး၊ စိုက်ပျိုးရေး၊ လူမူရေး၊ ရာသီဥတုအစရှိသည်များကို လည်းဟောကိန်းထုတ် ထားပါသည်။ သူကယေဘုံယအားဖြင့် ဟောထားသည် ဖြစ်သောလည်း ဒါကိုဖတ်ရတာစိတ်လှူပ်ရှားစရာ ကောင်းပြီး မြန်မာဗုဒ္ဓဘာသာ လူမျိုးများကြားတွင် ပေါ်ပြူလာဖြစ်နေဆဲ ဖြစ်ပါသည်။

လွန်ခဲ့သောဆယ်စုနှစ်များစွာက သင်္ကြန်စာမှာယခုလိုရေးတာတွေ့ဖူးပါသည် - သည်မြန်မာနှစ်သစ်မှာတော့ ခေါင်းဆောင်ပိုင်းဆိုင်ရာကောင်းသော အပြောင်းအလဲများ ကြုံရဦးမည်။ ကျွနိုပ်တို့လည်းတိုင်းပြည်အတွက် ကောင်းသောနေ့ရက်များ ရောက်လာဖို့ မျော်လင့်လျက်ရှိပါသည်။

သိကြားမင်းသည် လူ့ပြည်သို့ဆင်းလာသည့်အခါ သူ့မှာအလွန်အရေးကြီးသော တာဝန်တစ်ခုကို လုပ်ရမှာဖြစ်သည်ဟု ကျွနိုပ်တို့ ယုံကြည်ကြပါသည်။ သူ့တွင် ရွှေပရပိုဒ်နှင့် ခွေးသားရည်ဟူရွေ့ ပေလွှာနှစ်ချပ် ပါလာပါသည်။ ကောင်းသောလူများ၏ အမည်များကိုရွှေပုရပိုဒ်တွင် ရေးမှတ်ကာမကောင်းသော သူများကိုခွေးသားရေတွင် မှတ်သည်ဟူ၏။ ဒါဆိုရင် ဘယ်ပုရပိုဒ်မှာဘယ်သူပါပြီး ခွေးသားရေမှာ ဘယ်သူပါမည်ဆိုတာ အထူးရှင်စရာမလိုပါ။ ကျွနိုပ်တို့ ထိုသင်္ကြန်ရက်တွေမှာ မသတ်ရ၊ မခိုးရ၊ မညာရ၊ မဆဲဆိုရ၊ တပါးသူကိုနာကျင်အောင် မလုပ်ရပါ။ အကြောင်းမှာ သိကြားမင်းက ကျွနိုပ်တို့အမည်များကို ခွေးသားရေမှာမှတ်လိုက်လိမ့်မည်။ ဒါဟာဂုဏ်ကျက်သရေကင်းမဲ့ခြင်း၊ အပြစ်ပေးခံရခြင်းပင်။ ကောင်းသောသူများသူတို့အမည်ကို ရွှေုပုရပိုဒ်မှာ ရေးမှတ်ခံရခြင်းကာ ဂုဏ်ပြုခြင်းခံရခြင်း မည်ပေသည်။

ကျွနိုပ်ငယ်စဉ်က ကျွနိုပ်အမည်ကို ခွေးသားရေတွင် မှတ်သွားမှာ အလွန်ကြောက်ပါသည်။ သည်တော့ ကောင်းတာတွေကို ကြိုးစားလုပ်ပါသည်။ လူကြီးတွေကလည်း ထိုသင်္ကြန်နေ့ တွေမှာလိမ်လိမ်မာမာနေဖို့ ပြောပါသည်။ ဟုတ်ပါသည်။ နှစ်သစ်ဆိုတာ နှစ်ဟောင်းကစုဆောင်းယူလာခဲ့သမျှ သောမကောင်းမူတွေ ကိုသန့်စင်ပစ်ကာ ဘ၀အသစ်ကို ကူးပြောင်းဖို့ ဖြစ်ပါသည်။ သည်တော့ “သင်္ကြန်အိုး“ ကိုအိမ်ရှေ့မှာထားကာသိကြားမင်းကြီးကို ကြိုဆိုလိုက်ကြရအောင်။ ဒါဟာလည်း ကျွနိုပ်တို့လုပ်သည့် ကောင်းမူတစ်ခုပဲမဟုတ်ပါလော။ ပြီးတော့ သိကြာ်းမင်းကြီးက သူ့ကိုကြိုဆိုသည့် သင်္ကြန်အိုးကြောင့် ရွှေပုရပိုဒ်မှာ ကျွနိုပ်တို့အမည်ရေးမှတ်သွားမည် ဖြစ်ပါသည်။ ကဲ… အလှဆုံးအကောင်းဆုံးသင်္ကြန်အိုးဖြင့် ကောင်းကင်ယံ၏ အရှင်သခင် သိကြားမင်းကြီးကို ကြိုဆိုလိုက်ကြရအောင်။ ကျွနိုပ်တို့အမည်သည် ရွှေပုရပိုဒ်မှာရှိပါစေသတည်း။
 


(သိကြားမင်းသည် လူ့ပြည်သို့ဆင်းလာသည့်အခါ သူ့တွင် ရွှေပရပိုဒ်နှင့် ခွေးသားရည်ဟူရွေ့ ပေလွှာ နှစ်ခုပါလာပါသည်။ ပုံ -ကာတွန်းမောင်ရစ်)




အထက်ပါပုံတွင် ပန်းတွေနှင့် အိုး အတွဲကို “သင်္ကြန်အိုး“ ဟုခေါ်ပါသည်။ ဒါ သိကြာ်းမင်းကို ကြိုဆိုတဲ့အိုးဖြစ်ပါသည်။ သူကလူ့ပြည်ဆင်းဖို့ မေ့သည်ဖြစ်စေမမေ့သည်ဖြစ်စေ။ ကျွနိုပ်တို့ကသူ့ကို ကြိုဆိုဖို့မမေ့ပါ။ သင်္ကြန်အိုးကိုအိမ်ရှေ့ နေရာကောင်းကောင်းလေးမှာ ထားပါသည်။ သိကြားမင်းကြီးကတွေ့မြင်ပြီး ကျွနိုပ်တို့အမည်ကိုသူ၏ ရွှေပေလွာလေးမှာရေးပါစေသား။








(တခါတရံသင်္ကြန်အိုးရောင်းသူများက သိကြားမင်းကြီး ပြန်သွားသည့်နေ့ကိုကြည့်ရွှေ့ သင်္ကြအိုးနှစ်အိုး ၀ယ်ဖို့ပြောပါသည်။)

တခါတရံသင်္ကြန်အိုးရောင်းသူများက ကျွနိုပ်တို့ကိုသင်္ကြန်အိုး နှစ်အိုး ၀ယ်ဖို့ ပြောပါသည်။ အကယ်ရွှေ့များအသင်တို့၏ မိသားစုဝင်တစ်ဦး၏ မွေးရက်သည် သိကြားမင်းသူ့ဌာနေ ပြန်သောနေ့ (တနည်းအားဖြင့် သင်္ကြန် အတက်နေ့) နှင့် တစ်နေ့တည်းဖြစ်နေလျှင်  အသင်တော့သင်္ကြန်အိုး နှစ်အိုးဝယ်ရပါမည်။ တစ်အိုးကသင့်မိသားစုအတွက် နောက်တစ်အိုးကသိကြားမင်းပြန်တဲ့နေ့နှင့် တိုက်နေသော မွေးနေ့ရှင် သင့်မိသားစုဝင်အတွက် ဖြစ်ပါသည်။ သူတို့အတွက် သိကြားမင်းကိုသင်္ကြန်အိုး နှစ်အိုးဖြင့် ကြိုဆိုရပါမည်။  ဥပမာ - သင်္ကြန်အတက်နေ့က စနေနေ့ဆိုပါစို့။ သင့်အဘွားမွေးနေ့ကစနေနေ့ဆိုလျှင် သင်တို့အိမ်အတွက် သင်္ကြန်အိုး နှစ်အိုးဝယ်ရမည်။ နောက်ဥပမာတစ်ခုကတော့ အကယ်ရွှေ့ သင်္ကြန်အတက်နေ့က ကြာသာပတေးနေ့ဖြစ်ပြီးသင်က ကြာသာပတေးနေ့မွေးသောသူဖြစ်လျှင် သင်္ကြန်အိုး နှစ်အိုးဝယ်ရမည်။ နောက်ဥပမာတစ်ခုအနေနှင့် ဆိုရသောသင်္ကြန်အတက်နေ့က သောကြာနေ့ဖြစ်ပြီးသင်တို့ မိသားစုမှာတစ်ယောက်မှ သောကြာမွေးသူမပါလျှင် သင်္ကြန်အိုး နှစ်အိုးဝယ်စရာမလိုပါ။ ၂၀၁၃ ခုနှစ် သင်္ကြန်အတက်နေ့ ဧပြီလ ၁၆ ရက်နေ့သည် အင်္ဂါနေ့ဖြစ်ပါသည်။ သင့်မိသားစုတွင်းမှာအင်္ဂါမွေးသူရှိနေလျှင် သင်္ကြန်အိုး နှစ်အိုးဝယ်ရမည်ဖြစ်သည်။

(ဒီနှစ် မြန်မာသကရာဇ် ၁၃၇၆ သို့ကူးပြောင်းသည့် ၂၀၁၄ ခုနှစ်အတွက်တော့ သင်္ကြန်အတက်နေ့က ဗုဒ္ဓဟူး နေ့ကျပါသည်။)

(မြန်မာလူမျိုးများယုံကြည်ကြတာကအကယ်၍ ရက်သတ္တပတ်၏ တစ်ရက်မွေ့နေ့ရှင်သည် သင်္ကြန်အတက်နေ့ နှင့်သွားပြီးတိုက်နေလျှင် ကံမကောင်းပါ။ ဒါကြောင့် သင်္ကြန်အိုးအပိုတစ်အိုးလိုပါသည်။)

ဂျူနီယာဝင်း

(နောက်ဆက်ပြီး ဘာသာပြန်ဖို့စိတ်ကူးရှိပါသည်။ ပရိသတ်များ အတွက်သည်နှစ်အမှီ ရေးပေးလိုက်တာပါ။ ကောင်းသောမြန်မာနှစ်သစ်ဖြစ်ပါစေ။)




No comments: