စာရေးဆရာပြဇာတ်တုုိ့၏ ရွှေခေတ်
ဂျူနီယာဝင်း
ဇွန် ၂၈၊ ၂၀၁၄
The Golden Age of Writers’ Theatre
Junior Win ၏ Walking Through The Wonderand ကင်ဒဲယ် အီးဘုုတ်မှ The Golden Age of Writers’ Theatre ကုုိကိုုယ်တုုိင်ဘာသာပြန်ထားပါသည်။
(၁၉၅၀? လောက်က ကပြခဲ့ကြသော ဒုုိင်းခင်ခင်ပြဇာတ်အတွက် အစမ်း ရီဟာဇယ် လေ့ကျင့်နေကြစဉ်။ (ဝဲမှယာ) (ဦး) သုုခ၊ ဦးခင်မောင်လတ်၊ (ဒေါ်) ခင်မျိူးချစ်နှင့် (ဒေါ်) မလှသန်း။)
“စာရေးဆရာပြဇာတ်“ မြန်မာပြည်မှာ မြန်မာပြည်က စာရေးဆရာတွေ တီထွင်လုုိက်တာ ဖြစ်ပါသည်။ သူတုုိ့က ရုုပ်ရှင်မင်းသား မင်းသမီးတွေတော့ မဟုုတ်ကြပါဘူး။ သုုိ့သော် သူတုုိ့က တကယ့်သရုုပ်ဆောင်တွေလုုိပဲ သရုုပ်ဆောင်ကပြ ကြပါသည်။ စာရေးဆရာ များ၏ပြဇာတ် ပေါ်လာတာ မြန်မာပြည်မှာ ဂျပန်တွေခေတ် ကနေစလာလုုိက်တာ ၁၉၅—? အထိကဟုုပဲ ခန့်မှန်းပါသည်။ ကျွန်မတုုိ့၏ အဘုုိးအဘွားများက စာရေးဆရာများဆုုိတော့ အဲသည်ပြဇာတ်ထဲ ပါဝင်ကြတာ အသေအချာပေါ့။
● စာရေးဆရာပြဇာတ် ဘယ်လုုိစဖြစ်ပေါ်?
အဲသည်အချိန်အခါတုုန်းက မြန်မာစာရေးဆရာများ အဖွဲ့ကနေ ရန်ပုုံငွေ အတွက် ပြဇာတ်တစ်ပုုဒ်ကဖုုိ့ ဆုုံးဖြတ်ခဲ့ကြပါသည်။ အဖွဲ့ဝင် တွေဟာ ဦးပုုည၏နံမယ်ကြီး ပြဇာတ်များအပါအဝင် မြန်မာပြဇာတ်များစွာကုုိ ရွေးချယ် ကပြကြဖိုု့ စဉ်းစားခဲ့ကြပါသည်။ (ဦးပုုညဆုုိတာ မြန်မာ့နံမယ်ကျော် စာရေးဆရာ ကဗျာဆရာကြီးဖြစ်သည်။ ကဗျာတွေလည်းများစွာ ရေးသားခဲ့သူ ဖြစ်သည်။ သူကသမုုိင်းဝင် နံမယ်ကျော် စာကြီးပေသားများကုုိ ရေးသားခဲ့သူဖြစ်ပါသည်။ သူရေးသားသော ကဗျာစာကြောငး်များမှာ ရှည်လျားပြီးခက်ခဲလှ၏။ ဘယ်လုုိရုုပ်ရှင်မင်းသားမင်းသမီးတွေ မှပင် သူ့စာကြောင်းကြီးများကုုိ သံနေသံထား မှန်မှန်ဖြင့် အလွတ်မရွတ်နုုိင်ကြပါ။ အင်း….. စာရေးဆရာများကလွဲ လုုိ့ပေါ့။ သည်ထဲမှာ ရုုပ်ရှင်သရုုပ်ဆောင်လဲ ဟုုတ်နေသည့် စာရေးဆရာကြီး ဦးသုုခ လုုိ နံမယ်ကျော် စာရေးဆရာ အဆုုိတော်ကြီး အတွက် ချွင်းချက်ထားရပေတော့မည် ဖြစ်ပါသည်။)
● စာရေးဆရာပြဇာတ်အတွက် ပြဇာတ်များ
စာရေးဆရာပြဇာတ်ထဲတွင် စာရေးဆရာများက မင်းသား မင်းသမီးများ ဖြစ်လာသည်။ သူတုုိ့ကပြခဲ့သည့် ပြဇာတ််များမှာ ဒုုိင်းခင်ခင် (သီပေါမင်း၏ ကြင်ယာတော် အကြောင်းရေးထားသည့် ဇာတ်လမ်း) ပြဇာတ်၊ ၀ိဇယ (မင်းသားအမည်)၊ နတ်သျှင်နောင် (မြန်မာစစ် သည်နှင့်ကဗျာဆရာ အကြောင်းဇာတ်လမ်း) ပြဇာတ်၊ မြဝတီမင်းကြီးဦးစ (မြန်မာစစ်သည်တော် ပညာတတ် ကဗျာဆရာ အကြောင်း) ပြဇာတ်၊ စသည်စသည်ဖြင့်တုုိ့သည် စာရေးဆရာ ပြဇာတ်များဖြစ်လာကြပါသည်။
(ပုုံတွင် စာရေးဆရာကြီး (ဦး) သင်္ခက ဘုုရင်အဖြစ်၊ (ဒေါ်)ခင်မျိူးချစ်က ဘုုရင်မကြီးအဖြစ် သရုုပ်ဆောင်နေကြပုုံ။) ● ဘယ်သူတွေက ဘယ်လုုိဇာတ်ကောင်တွေ သရုုပ်ဆောင်ကြသလဲ? (ဦး)သင်္ခ (စာရေးဆရာ) က အမြဲတမ်း ဘုုရင်လုုပ်ကာ ကျွန်မအဘွား (ဒေါ်)ခင်မျိူးချစ်က အမြဲတမ်း ဘုုရင်မကြီး လုုပ်လေ့ရှိကြပါသည်။ ရွှေညာမောင် (စာရေးဆရာ) က အဓိကသရုုပ်ဆောင် လုုပ်လေ့ ရှိပါသည်။ မေနွဲ့(သူက စာရေးဆရာမ အရင်ဖြစ်တာဖြစ်ပါတယ်။ နောက်မှ စာရေးဆရာပြဇာတ်ကနေ မင်းသမီးတကယ် ဖြစ်သွားတာပါ။) က အဓိကမင်းသမီး လုုပ်ပါသည်။ ဗိုုလ်ဗကုုိ (စာရေးဆရာ) ကဒုုိင်းခင်ခင် ပြဇာတ်တွင် သီပေါမင်းသား လုုပ်ပါသည်။ (ဒေါ်) မလှသန်း (စာရေးဆရာ) က ဒိုုင်းခင်ခင် လုုပ်ပါသည်။ ဦးချင်းစိန် (စာရေးဆရာ) က နတ်ရှင်နောင် လဲလုုပ်ကာ မြဝတီမင်းကြီးဦးစ လဲလုုပ်ပါသည်။ (ဦး) သုုခ (စာရေးဆရာ) က ၀ိဇယမင်းသား အဖြစ်လည်းကောင်း၊ မောင် ဖေငယ်အဖြစ်လည်းကောင်း သရုုပ်ဆောင်ပါသည်။ သူသရုုပ်ဆောင်တဲ့ ၀ိဇယ ဇာတ်ကောင်သည် ဦးသုုခအား ဒရာမာ ဇာတ်ကောင်အဖြစ် တွန်းပုုိ့ခဲ့ပါတော့သည်။ ဂျပန်ခေတ်တစ်ခေတ်လုုံးမှာ (ဦး)သုုခသည် သီချင်းပြဇာတ်များစွာ ထုုတ်လုုပ်ခဲ့ပါသည်။ ဇဝန (စာရေးဆရာ)သည် ပြဇာတ်တွေမှာ ဟာသသရုုပ်ဆောင်အဖြစ် သရုုပ်ဆောင်ပါသည်။ မေနွဲ့သည် စုုဖရားလတ် (သီပေါမင်း၏ အလွန်သဝန်တိုုသော ဇနီးသည် လည်းဟုုတ် ဘုုရင်မကြီးလဲဟုုတ်) အဖြစ်လည်းကောင်း၊ (ဒေါ်) ကြည်မာ(စာရေးဆရာမ) သည် စုုဖရားလေး (စုုဖရားလတ်၏ ညီမတော်) အဖြစ်လည်းကောင်း သရုုပ်ဆောင်ကြကာ ကျွန်မအဘုုိးနှင့်အဘွားသည် ဒုုိင်းခင်ခင်၏ မိဘများအဖြစ် အမြဲသရုုပ်ဆောင်ကြပါလေသည်။ |
(ကျွန်မအဘွား (ဒေါ်) ခင်မျိူးချစ်အား စာရေးဆရာပြဇာတ်တစ်ခုုတွင် မိဖုရားအဖြစ် တွေ့ရပုုံ)
● စာရေးဆရာပြဇာတ်တွေ ဘယ်ရုုံမှာပြကြသလဲ?
စာရေးဆရာပြဇာတ်တွေသည် မြန်မာပြည်တွင် အလွန်ပရိသတ်စိတ်ဝင်စားကြသော ပြဇာတ်တွေ ဖြစ်ခဲ့ပါသည်။ ဝဇီရာ ရုုပ်ရှင်ရုုံ မှာ ကပြခဲ့ကြသည်။ သူတုုိ့၏ စာဖတ်ပရိသတ်များကလည်း သူတုုိ့အသည်းစွဲ စာရေးဆရာများ ၏သရုုပ်ဆောင်မူများကုုိ တွေ့မြင်ရမှာမိုု့ အလွန်နှစ်သက်ကြကာ ဦးပုုည၏ ကြီးကျယ်ခန်းနားသော ဂန္ဓဝင်မြောက်စာသားများကုုိ နားနှင့် ဆတ်ဆတ်ကြားလုုိလှလေသည်။ မြန်မာလူမျိူးတွေဆုုိတာ ဂီတာတုုိ့ အကတုုိ့ သီချင်းတုုိ့နှစ်သက်သူများ မဟုုတ်ပါလော။
(မေမေကြီး (ဒေါ်) ခင်မျိူးချစ်ကုုိ စာရေးဆရာပြဇာတ် ဒုုိင်းခင်ခင်ပြဇာတ်တွင်း တကယ်သရုုပ်ဆောင်ဖုုိ့ ရုုိက်ထားပုုံ။)
ဝမ်းနည်းစရာကောင်းတာကတော့ ရှားပါးဓါတ်ပုုံများကလွဲပြီး ဘာမှတ်တမ်းမှ မကျန်ခဲ့ခြင်း ဖြစ်ပါသည်။ ယခုုခေတ်လိုု ဒစ်၈ျစ်တယ် ဟမ်းဖုုန်းခေတ် သာဆုုိပါရင် ထုုိမှတ်တမ်းမှတ်ရာများသည် ယနေ့ခေတ်အတွက်တော့ ဂန္ဓဝင်မြောက် စာရေးဆရာပြဇာတ် ရွှေခေတ်တစ် ခေတ်ကုုိ လှစ်ဟပြသ လျက်ရှိနေတော့မည်မှာ သေချာပါသည်။
(video on YouTube in 2022)




No comments:
Post a Comment