Wednesday, June 24, 2020

ဂျူနီယာဝင်း - ကွန်ပြူတာနည်းပညာတော်လှန်ရေးသို့ ခြေလှမ်းများ - ၁၀

                                               (Alan turing)


ဂျူနီယာဝင်း - ကွန်ပြူတာနည်းပညာတော်လှန်ရေးသို့ ခြေလှမ်းများ - ၁၀

အတွေးအမြင် မေလ ၂၀၂၀ အမှတ် ၃၃၁
မိုးမခ။ မေ ၂၂၊ ၂၀၂၀


(2001 ခုနှစ်ထုတ် M. Mitchell Waldrop (အမ် မီချယ် ဝါလ့်ဒရော့) ရေးသားသော The Dream Machine ကို ဘာသာပြန်ထားပါတယ်။ J.C.R. Licklider နဲ့ သူ့ရဲ့ ပါစင်နယ်ကွန်ပြူတာ နည်းပညာတော်လှန်ရေး အကြောင်း ဆိုပါတော့ လို့စာအုပ်မှာ ကြော်ငြာထားပါတယ်။ ဒီစာအုပ်ကို စတင်ဘာသာပြန်စဉ်က “အိပ်မက်ထဲက စက်ပစ္စည်း“ လို့ မိတ်ဆက်ခဲ့ပါတယ်။ နောက်ပိုင်းတော့ သူ့စာအုပ်ထဲက ခေါင်းစဉ်တွေအတိုင်း ဆက်ဘာသာပြန်ခဲ့ပါတယ် ။ ဒါကြောင့် ဒီစာအုပ်အကြောင်းဟာ ခေါင်းစဉ်အမျိူးမျိူးနဲ့ သွားနေခဲ့တယ်ပေါ့။ စာအုပ်ထဲက ခေါင်းစဉ်တစ်ခုဖြစ်တဲ့ ကွန်ပြူတာ နည်းပညာ တော်လှန်ရေးသို့ ခြေလှမ်းများ ဆိုတဲ့ခေါင်းစဉ်နဲ့ အဲသည်ခေါင်းစဉ်နဲ့ပဲ ဆက်ရေးသွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါမှလည်း အခုဆောင်းပါးများဟာ ကွန်ပြူတာဆိုတဲ့ နည်းပညာတော်လှန်ရေး အကြောင်း ပိုပီး လူတွေ သတိထားမိလာမယ် လို့ယူဆမိပါတယ်။ စာအုပ်ထဲမှာ ကွန်ပြူတာ ဆိုတဲ့ဝေါဟာရတစ်ခု အသက်သွင်းဖို့ကြိုးစားခဲ့တဲ့ လူပုဂ္ဂိုလ်တွေ အများကြီးကို တွေ့ရပါတယ်။ တစ်ယောက်ဆီတိုင်းဟာ သူ့အရည်အချင်းနဲ့သူ ပီပြင်ကြပါတယ်။ ဒါကြောင့် ရှေ့က ဆောင်းပါးများ မသိမမှီလိုက်သောလည်း ဆောင်းပါးတစ်ခုချင်းဆီဟာ သူတို့တွေအကြောင်း သိသာထင်ရှားနေတာကြောင့် ဖတ်လို့ကောင်းတဲ့ စာအုပ်တစ်အုပ်ကို စာဖတ်သူများကို မိတ်ဆက်ပေးနေတာ ဖြစ်ပါတယ်။ ဘာသာပြန်သူရဲ့ ဖြည့်စွက်ချက်တွေကို ကွင်းစကွင်းပိတ်နဲ့ ဖော်ပြပေးထားပါတယ်။ )


(ယခုသည်လမှာတော့ A Confirmed Solitary တကိုယ်တော်သမားကြီး အယ်လန်ကျူရင်း ရဲ့ အဆက် The Physical Embodiment of Purpose (စိတ်ကူးဖြင့် ဖန်တီးထားတာကို ရုပ်ပိုင်းဆိုင်ရာအားဖြင့် ဖွဲ့စည်းတည်ဆောက်ထားမူ) အပိုင်းကို ဆက်လက်ဘာသာပြန်ထားပါတယ်။)

Wiener (ဝီနာ) နဲ့ Goldstein (ဂိုးစတင်း)၊ ပြီးတော့ Rosenblueth( ရိုဆန်ဘလက်ချ်) တို့သုံးဦးသားက လ ျှပ်စစ်ဆိုင်ရာ အစီးအဝေးတွေကျင်းပပီး စစ်အတွင်းက ကိစ္စတွေကို ပြန်လည် ဆွေးနွေးကြတယ်။ သူတို့အကြောင်းတွေ ရေးသားခဲ့တဲ့ Gregory Bateson (ဂရီဂိုရီ ဘာတီဆန်) က လွန်ခဲ့တဲ့ နှစ် ၃၀ ကအဖြစ်အပျက်တွေကို အခုလို ပဲ ဒရမ်မာဆန်ဆန် ရေးသားခဲ့ပါတယ် - “ဂရိတွေးခေါ်ပညာရှင်တွေပြောခဲ့တဲ့ ဖီလော်ဆော်ဖီတစ်ခုလိုပါပဲလေ။ လွန်ခဲ့တဲ့ နှစ် နှစ်ထောင့်ငါးရာက မဖြေရှင်းနိုင်တဲ့ပြသနာ က တချိန်ကျရင် ပြန်လည် ပေါ်ပေါက်လာပီး သေချာစီစစ် ဖို့ဖြစ်လာမှာပဲ ဆိုတာလို အခုတော့အဲသည် ကာလ ရောက်လာပီ။“


သူတို့သုံးဦးတင်ပြတဲ့ ပွဲက ပရိသတ်ထဲက တစ်ယောက်ကို တော့ ကောင်းကောင်း ဆွဲဆောင်နိုင်ခဲ့ပါတယ်တဲ့။ Warren Mc Culloch (ဝါရင်မက်ခ်ကူးလော့) အီလီနွားဆေးတက္ကသိုလ် ချီကာကိုက ပါမောက္ခ တစ်ဦးဖြစ်ပါတယ်။ သူက စိတ်ပညာဗေဒ၊၊ neurophysiology (ဥနှောက်နှင့်သက်ဆိုင်သော စိတ်ပညာဗေဒ) ၊သချာင်္၊ လောဂျစ်နဲ့ ကဗျာ တွေနဲ့ ပတ်သက်တာတွေကို စိတ်ဝင်စားတဲ့ကျောင်းသားတစ်ဦးြဖစ်ခဲ့တယ်။ သူ့ရဲ့သိပ္ပံပညာဆိုင်ရာ ဆောင်းပါးတွေမှာ သူတပ်ထားတဲ့ခေါင်းစဉ်တွေက “Fancy Bred (ဖန်ဆီဘရက်) ဘယ်မှာလဲ“ (ဒီနေရာမှာ ဖြတ်ရှင်းရမယ်ထင်ပါရဲ့။ ဖန်ဆီဘရက်ဆိုတာ ရှိတ်စပီးယားရေးတဲ့ ဗင်းနှစ်မြို့ကုန်သည်ကြီးဆိုတဲ့ ပြဇာတ်ထဲက အဓိပယ်ကို ယူထားတာပါ။ ရွှေ ငွေ ခဲ နဲ့ လုပ်ထားတဲ့ သေတ္ဆာ သုံးလုံးထဲက မင်းသမီးလေးပုံလေးပါတဲ့ သေတ္တာကို ရွေးခိုင်းတဲ့ ဇာတ်လမ်းလေး သိကြလားမသိဘူး။ အဲဒီမှာ ရှိတ်စပီးယားက မင်းသားလေးက မေးတဲ့ “ကိုယ့်ကို ဖန်ဆီဘရက် ဘယ်မှာလဲဆိုတာ ပြောပြစမ်းပါကွယ်” ဆိုပီး စာသားလေးပါတယ်။ ဖန်ဆီဘရက်ဆိုတာ နံမယ်မဟုတ်ပါဘူး။ စိတ်အတွေးထဲမှာ အလိုရှိတဲ့အရာ လို့ ဆိုလိုတာပါ။ ကူးလော့က သူ့ခေါင်းစဉ်တွေကို အဲသလို စိတ်ကူးယဉ်ဆန်ဆန်တွေပေးပီး ဆောင်းပါးတွေ ရေးတယ်ဆိုတာ အခု ပြောနေတာပါ။ သူ့ခေါင်းစဉ်တွေ ဆက်ပါ့မယ်။) “ဘာဖြစ်လို့ စိတ်က ဦးခေါင်း မှာ ရှိနေရသလဲ“ “ဆေးပညာသဘောတရား ဗေဒ ရှိရာ ငရဲ့ခန်းထဲသို့ဖြတ်သန်းခြင်း“ တဲ့။ သူက အတွေးအခေါ်ဆိုင်ရာတို့ဘာတို့ကို စိတ်အားထက်သန်တယ် စိတ်ပါဝင်စားတယ်။ သည်တော့ စက်ပစ္စည်းတို့ ဘာတို့ကို ဖြည့်လိုက်ရင် သူ့ရဲ့ ဆွေးနွေးချက်တွေက ကောင်းတယ်ပေါ့။ ကူးလော့ရဲ့ ပါတနာက Walter Pitts (ဝါလ်တာ ပစ် ) ဆိုတဲ့ ချီကာဂို တက္ကသိုလ်က အသက်၁၈ (ဆယ့်ရှစ်နှစ်) အရွယ် သချာင်္သမားလေး တစ်ယောက်ပါ။ သူတို့ ခေါင်းချင်းဆိုင်ပီး လ ျှပ်စီးပတ်လမ်းတွေ အကြောင်းကို အသေးစိတ် လေ့လာဆွေးနွေးခဲ့ကြပါသတဲံ။

(အဲသည်အပိုင်းမှာ ဝါရင်မက်ခ်ကူးလော့ နဲ့ ပစ် တို့၂ဦးရဲ့ လှူပ်ရှားမူများကို ဖော်ပြထားတယ်။ အဓိကက ဘာလဲဆိုတော့ သူတို့က ဥနှောက်ဆိုတဲ့အရာကို စက်ကရိယယာတွေ လ ျှပ်စစ်ဆိုတဲ့ ပညာရပ်တွေထဲကို ထိုးသွင်းဖို့ အသက်သွင်းဖို့ ကြိုးစားနေကြတာဖြစ်ပါတယ်။ အကယ်၍များ တဲ့ ၊ သူတို့ရဲ့ ရည်ရွယ်ချက်သာ အောင်မြင်မယ်ဆိုရင် ကျူရင်းရဲ့ စိတ်ကူးထဲက စက်ပစ္စည်းဆိုတာကို ပိုပီး အကောင်အထည်ဖော်လာနိုင်မှာဖြစ်ပါတယ်တဲ့။ ဒါကို ကျူရင်းကို စိတ်ပါအောင် ဆွယ်နိုင်မယ်ဆိုရင်တော့ အဆင့်တစ်ခုကို တက်လို့ရပါပီတဲ့။ အခု အဲသည်နေရာက မဆက်ခင် ကျူရင်း ရဲ့ စက်ပစ္စည်းအကြောင်းနည်းနည်း ပြန်နွေးချင်ပါတယ်။)


( ပြန်ပြောစရာက ကျူးရင်းစဉ်းစားခဲ့တဲ့ စကင်နာ မှတ်ချက်တွေပါပါတယ်တဲ့။ ဆိုလိုတာက ရှေ့က ဆောင်းပါး ကွန်ပြူတာနည်းပညာတော်လှန်ရေး နံပါတ် ၈ မှာ သူစဉ်းစားပြထားတဲ့ စကင်နာဆိုတာကို state machine လို့ခေါ်ပါတယ်တဲ့။ CQT, PPL တွေဟာ state လုပ်ထားတာတွေ သာဖြစ်ပါတယ်တဲ့။ အဓိပယ်က “သူ့ဘာသာသူ သတ်မှတ်ထားချက်များ“ ဖြစ်ပါတယ်။ အဲသည် state ဆိုတဲ့အသုံးဟာ ကျူရင်း ရှေ့လျောက် ဖန်တီးမယ့် စက်ပစ္စည်းသဘောတရားနဲ့ ဆက်လက် အကျွမ်းဝင်နေတာကို ဖြတ်ပြောလိုက်ပါရစေ။ ဒါ့အပြင် ကျူရင်းရဲ့ နောက်ပိုင်း ရေးသားတဲ့ ပေပါများဟာ အဲသည်လို ဘာမှန်းမသိတဲ့ အသုံးအနှူန်း တွေ အများကြီးပါနေပါတယ်။ အဲသည်အသုံးတွေ အကြောင်း အသေးစိတ်သိချင်ရင်တော့ တဲ့၊ သူ့ပေပါတွေ ရှာဖတ်ပါတဲ့ ။ GIT မှ ဒေါက်တာ ဘွဲ့ရ ပါမောက္ခတစ်ဦးက ပြောတာပါ။ ရှင်းပြပေးတဲ့ သူ့ကိုလည်း ကျေးဇူးတင်ပါတယ်။ အခု ဘာသာပြန်တာကို ဆက်ပါ့မယ်။)


အခုတော့ မက်ခ်ကူးလော့နဲ့ ပစ် တို့ရဲ့ ရည်ရွယ်ချက်ဟာ ကျူရင်းစဉ်းစားထားတဲ့ state machine နဲ့ တူနေပီ ဆိုတာကိုတော့ ဝန်ခံရပါတော့မယ်။ ၁၉ ၄၃ ခုနှစ်မှာ သူုတို့ကိုယ်တိုင် ရေးသားခဲ့တ့ ဲ ‘A Logical Calculus of the Ideas Immanent in Nervous Activity.’ (အာရုံကြောဆိုင်ရာ နှင့်ပတ်သက်သော တွေးခေါ် ချက်များ ) ဆိုတဲ့စာတမ်းဟာ ကျူရင်းရဲ့ စက်ကြီး ရဲ့ အတွင်းပိုင်းဆိုင်ရာ တင်ပြမူတွေနဲ့တော်တော် တူနေပါတယ်။ သည်တော့ ကျူရင်းစက်ပစ္စည်းနဲ့ ပတ်သက်လို့ ဖြေရှင်းနိုင်လေလေ သူတို့ ပြသနာရှင်းသွားလေ ဆိုတာဖြစ်နေတာပေါ့။ ကျူရင်းရဲ့ အဓိက ပြသနာက Network (နက်ဝေါ့) (ကွန်ရက်) နှင့်ပတ်သက်သော စွမ်းရည် ဖြစ်နေတယ်။ သိပ္ပပညာရှင်လည်းဟုတ်၊ သမိုင်းပညာရှင်လည်းဟုတ်တဲ့ William Aspray (ဝီလီယံ အက်စ်ပရေး) က အခုလို ရေးသားထားတယ်။ “ကျူရင်းရဲ့ ရူပ်ထွေးတဲ့ သဘောတရား တွေ ပါဝင်တဲ့ စက်ပစ္စည်းကမ္ဘာနဲ့ မက်ကူးလော့ နဲ့ပစ်တို့ ရဲ့နယူထရွန် နက်ဝေါ့ တွေနဲ့ဖွဲ့စည်းထားတဲ့ Biologic (ဘိုင်အိုလော့ဂျစ်ကယ်) (ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ တွေးခေါ် မူ ) ကမ္ဘာနှစ်ခုဟာ တကယ်ပဲ တစ်ခုနဲ့တစ်ခု မှီခိုနေကြတာ အမှန်ပါပဲ ။ အဲသည်ကမ္ဘာနှစ်ခု ကြားက အကြပ်အတည်းတွေကို ဖြေရှင်းနိုင်မယ်ဆိုရင် ရလဒ်တစ်ခုကတော့ သေချာပေါက်ရမှာ ပါပဲ“။ ၁၉ ၆၅ ခုနှစ်ထုတ် Embodiment of mind (စိတ်နှင့်ပတ်သက်သော ဖွဲ့စည်းမူ) ဆိုတဲ့ Mc Culloch (ကူးလော့) ရဲ့စာအုပ်မှာ ပြောထားတာအရ ကျူရင်းရဲ့ စက်ပစ္စည်းဟာ ပစ်နဲ့သူတို့ရဲ့ စက်ပစ္စည်းနဲ့ ယှဉ်လို့ရတယ် ဆိုတာကု ိသက်သေပြထားတယ်။ ”လူလုပ်စက်ပစ္စည်း သို့မဟုတ် လက်ရှိနည်းပညာ” လို့ခေါ်ကြတာပေါ့။

ဗွန်နယူးမင်းက မက်ကူးလော့နဲ့ ပစ် တို့နက်ဝေါ့ပိုင်းကို တော်တော် သဘောကျ နေတယ်။ အထူးသဖြင့် ရောဘတ်ဝီနာကိုယ်တိုင် သူ့ ကို “ဂျွန်နီ ရေ မင်း အဲသည်ပေပါကု ိဖတ်ဖြစ်အောင် ဖတ်စမ်းပါ့“ ဆိုတဲ့ စာကလေး ရကတည်းက အဲသည်အိုင်ဒီယာကို ကြိုက်သွားတာတဲ့။ ဥနှောက်သိပ္ပံပညာတဲ့၊ ကျိူးကြောင်းဆင်ခြင်ပညာတဲ့၊ လောဂျစ် ဆိုပါတော့ တဲ့၊ အတွေးအခေါ် ဖီလောဆော်ဖီတဲ့၊ အတွက်အချက်ပါသတဲ့၊ အခြေခံသဘောတရားဆိုင်ရာ သဘာဝစိတ်ပညာတဲ့၊ အဲဒါတွေအကုန်ုလုံးကို လ ျှပ်စစ်နည်းပညာထဲ ထိုးသွင်းထားတာဆိုပဲ။ ဗွန်နယူးမင်းကလည်း Los Almos (လော့စ်အာမို)(အဲသည် စက်အကြောင်း ရှေ့က ဆောင်းပါးများမှာ ဖော်ပြပြီး) နဲ့ သူ့ရဲ့ ရှာဖွေနေဆဲ တွက်ချက်မူစွမ်းပကားတိုးတက်မူေတွ ပါဝင်တဲ့ နက်ဝေါ့ဆိုတာကို မမေ့သေးပါဘူး။ ပြောရရင် အဲဒါရဲ့ ဆန့်ကျင်ဖက်တောင် ဖြစ်နေတယ်။ ပြောရရင်တော့ ဘရိမ်း (ဥနှောက်ကိုပြောတာ) ရဲ့စဉ်းစားပေးမူ မပါပဲ ကွန်ပြူတာတွေကို စဉ်းစားတယ်ဆိုတာ အဲသည်ခေတ်တုန်းကမဖြစ်နိုင်သေးပါဘူး။ အခု သမိုင်းမှာ ပထမဦးဆုံး စဉ်းစားသော စက်ပစ္စည်း သို့မဟုတ်အနည်းဆုံးတော့ တွက်ချက်တတ်မယ် အင်တီဂရယ် ဒစ်ဖရစ်ရှယ် ညီမ ျှချင်းတွေ တွက်ပေးမယ့် စက်ပစ္စည်း ဆိုတာကို ပြောတာပါ။ လူ့အရည်အချင်းနဲ့ လိုအပ်သလောက် လုပ်ပေးမယ့် စက်ပစ္စည်း လောက်ကိုတော့ ဖြစ်လောက်မယ်ပေါ့။ Howard Aiken (ဟိုဝေါ့အေကင်) ပါတဲ့ တချိူ့သော သုတေသန ပညာရှင်များ က ကွန်ပြူတာဥနှောက် ဆိုတာဟာ နည်းနည်းတော့ အန္ဆရယ်များတယ်လို့ သုံးသပ်ကြတဲ့ တဖက်မှာ ဗွန်နယူမင်းနဲ့ ဝီနာ တို့ကတော့ အင်မတန်နူးညံ့သိမ်မွေ့ ပြီး တောက်ပတဲ့ အရာလို့ ဆိုကြတယ်။ ဆိုလိုတာကတော့ ကွန်ပြူတာဥနှောက်ဆိုတာကို ဘယ်သူမှ လစ်လျူရှူပီး မနေနိုင်ကြဘူး။

၁၉ ၄၄ ခုနှစ်မှာ နယူးမင်းက ဝီနာန့ အေကင်တို့ကို အဲသည် ဘာသာရပ်နဲ့ ပတ်သက်လို့ ဆွေးနွေးပွဲတစ်ခုလုပ်ဖို့ ပြင်ဆင်နေကြတာကို သူက ပါဝင်လာတယ်။ ၁၉ ၄၅ ခုနှစ် ဇန်နဝါရီလ ၆ ရက် နဲ့ ၇ ရက်မှာ ပရစ်စတန်မှာ ကျင်းပတဲ့ ဆွေးနွေးပွဲတစ်ခုမှာ စီမံသူ သုံးဦး မက်ကူးလော့၊ ပစ် နဲ့ ဂိုးစတင်းတို့ ၇ဲ့ အဲသည်ပွဲမှာ လူအနည်းငယ်လောက်နဲ့ပဲ စတင်ခဲ့ပီး ၁၂ယောက် အောက်လောက်စိတ်ဝင်စားမူရခဲ့တယ်။ ဒါပေမယ့် ဒါကို သူတို့က အောင်မြင်မူလို့ ခေါ်ပါတယ်။ (အဲသည်အခန်းမှာ ဥနှောက်ကို ဘယ်လို တည်ဆောက်မယ်ဆိုတဲ့ ကိစ္စကို ရော့ကာဖယ်လာ တက္ကသိုလ်မှာ ကူူးလော့နဲ့ Rafel Lorente de No (ရေဖယ် လောရင် ဒယ်နို) တို့အပါအဝင် အင်ဂျင်နီယာ တွေ စုပေါင်းတည်ဆောက်ကြပုံများကို အသေးစိတ် တင်ပြထားပါတယ်။ အသည်အပိုင်းကို ကျော်လိုက်ပါ့မယ်။)

ဗွန်နယူမင်း၊ ဂိုးစတင်းနဲ့ အေကင်တို့ကနေ ခေတ်မှီတဲ့ ကွန်ပြူတာ သုတေသနအဖွဲ့ ကို ဖွဲ့စည်းခဲ့ကြတာ ယနေ့ခေတ်မှာဆို အဲသည်လို အဖွဲ့တွေ သန်းနဲ့ချီနေပါပီတဲ့။ အဲသည်ခေတ်က စစ်ဖြစ်နေကြတဲ့ နှစ်တွေမှာ ဟိုသည်ပြန့်ကျဲနေတဲ့ ကွန်ပြူတာ ဖန်တီးဖို့ကြိုးစားနေကြသူ ရှေးဦးပညာရှင်တွေ က အခုတဖြေဖြေးနဲ့ တယောက်မျက်နာ တစ်ယောက်ကြည့်လာကြပီး သူတို့အတွေ့အကြုံတွေကို ဖလှယ်နေကြပီဖြစ်ပါတယ်။

၁၉ ၄၅ခုနှစ် ဇန်နဝါရီမှာ ပရစ်စတန်မှာ ပြုလုပ်ခဲ့တဲ့တွေ့ဆုံပွဲမှာ ကူးလော့နဲ့ ပစ်တို့ရဲ့ နက်ဝေါ့အကြံညဏ်တွေကို ဗွန်နယူမင်းက အခုထိ စိတ်ထဲစွဲနေဆဲပါပဲ။ လအနည်းငယ်အကြာမှာ သူက EDVAC ( Electronic Discrete Variable Automatic Computer (EDVAC)) (လ ျှပ်စစ် နှင့်ဆိုင်သော ရှူပ်ထွေးသော ကိန်းထွေ ဆိုင်ရာ အော်တိုမစ်တစ် ကွန်ပြူတာ) စက်ကြီးနဲ့ပတ်သက်တဲ့ပုံကြမ်းကို စဆွဲပါတော့တယ်။


ဂျူနီယာဝင်း

No comments: