Wednesday, May 2, 2018

ဂျူနီယာဝင်း – သတင်းစာဆရာရေးတဲ့ သတင်းတစ်ပုုဒ်

ဂျူနီယာဝင်း – သတင်းစာဆရာရေးတဲ့ သတင်းတစ်ပုုဒ်
(အတွေးအမြင် အမှတ် ၃၀၉ မေလ ၂၀၁၈) မိုးမခ၊ မေ ၂၊ ၂၀၁၈


(James Glen Stovall (ဂျိမ်းစ် ဂလန် စတုုိဗယ်) ရဲ့”Journalism“ (သတင်းစာပညာ) လုုိ့ အမည်ပေးထားတဲ့ စာအုုပ်က ပထမအခန်းက စာပုုိဒ်များကုုိ သင့်လျော်သလုုိ ဘာသာပြန်တင်ပြထားတာပါ။ သူ့ရဲ့အာဘော်အတုုိင်း ဘာသာပြန်ထားသောလည်း စာရေးသူ ဖြည့်စွက်ထားတာတွေကိုု ကွင်းစကွင်းပိတ်နဲ့ လုုပ်ပေးထားပါတယ်။)
သတင်းတွေနဲ့ အချက်အလက်တွေဆုုိတာ သတင်းစာဆရာက ထုုတ်လုုပ်လုုိက် တဲ့အရာတွေ – ထုုတ်ကုုန်တွေ ဖြစ်ပါတယ်တဲ့။ ဒါပေမယ့်လုုိ့ သတင်းတုုိင်းဟာ အချက်အလက်တွေ မဟုုတ်ဖူးလုုိ့ ဆုုိထားပါတယ်။ သတင်းစာဆရာက ထူးခြားတဲ့အချက်အလက်တွေ လိုု့ခေါင်းစဉ်တပ်လုုိက်တဲ့ အမျိူးအစားတွေကုုိမှသာလျှင် သတင်းတွေလုုိ့သတ်မှတ်ပါတယ်။ အဲသည်သတင်းတွေဟာ စာဖတ်ပရိသတ်တွေလုုိအပ်တဲ့ အချက်အလက်တွေဖြစ်တယ်၊ သတင်းမီဒီယာမှာ ချပြသင့်တဲ့ အချက်အလက်တွေ ဖြစ်ရမယ် လိုု့ဆုုိထားပါတယ်။
ပွင့်လင်းတဲ့ လူ့အဖွဲ့အစည်းထဲမှာ ရောပါမျောပါနေတဲ့ အဓိကအရေးပါတဲ့ သတင်းတွေကိုု သတင်းစာဆရာက ပေးရမှာ ဖြစ်ပါတယ်။ ပြောရရင်တော့ တစ်ဦးတစ်ယောက်တည်းနဲ့ သက်ဆုုိင်တဲ့ သတင်းတွေဟာ သင့်ကုုိ ဆုုံးဖြတ်ချက်တစ်စုုံတစ်ရာ ချပေးဖုုိ့ အထောက်အကူဖြစ်မယ်။ ဥပမာ မုုိးလေဝသ သတင်းဟာ သင်အပြင်ထွက်ဖုုိ့ ကိစ္စတွေကုုိ ဖြစ်ဖြစ်၊ ခရီးထွက်မယ့်ကိစ္စတွေကိုုပဲဖြစ်ဖြစ် ဆုုံးဖြတ်စေမယ်။ အလုုပ်နဲ့ပတ်သက်တဲ့သတင်းတွေ၊ စာမေးပွဲနဲ့ ပတ်သက်တဲ့သတင်းတွေဟာ သင့်အတွက် တစ်ခုုခုု လုုပ်ဖိုု့ အထောက်အကူဖြစ်မယ်။ ဒီထက်မကကျယ်ပြန့်တဲ့ လူ့အဖွဲ့အစည်းနဲ့ ပတ်သက်တဲ့ သတင်းတွေဟာ သင်ဘယ်လိုု လူ့အဖွဲ့အစည်းထဲမှာ ရှိနေသလဲ ဆုုိတဲ့အဖြေတစ်ခုုကုုိ ထုုတ်ပေးလိမ့်မယ်။
လူအများနဲ့ သက်ဆုုိင်တဲ့ သတင်းတစ်ပုုဒ်ကုုိ ရေးသားဖော်ပြခြင်း ဆုုိတာဟာ အင်မတန်မှကုုိ ခက်ခဲတယ်။ ပြောရရင်တော့ ဒီလုုိသတင်းတစ်ပုုဒ်ရဖုုိ့ ငွေကုုန်လူပန်း တယ်ပေါ့။ အဲသည်မှာ သတင်းအဖွဲ့အစည်းဟာ အရေးပါလာပြီ။ ဒီသတင်းကုုိ စားသုုံးမယ့် ပရိသတ်ကုုိ ထည့်စဉ်းစားရပြီ။ ဒါလောက်အရေးပါတဲ့ သတင်းကုုိ ပေးမယ့် သတင်းစာဆရာတစ်ယောက်ရဲ့ သတင်းစာပညာဟာ ဘာလဲလုုိ့ မေးခွန်းထုုတ်ရပြီ ဖြစ်ပါတယ်။
ဒီအတွက် အောက်ပါအချက်တွေကုုိ ထုုတ်ပြထားပါတယ်။
– သတင်းဆုုိတာသည် သတင်းစာပညာ၏ အဓိကထုုတ်ကုုန်ဖြစ်တယ်။ တင်ပြလုုိက်သော သတင်းဟာ သတင်းစာဆရာက ပရိသတ်အတွက် အရေးပါသည်၊ အရေးကြီးသည် ဟုု သတ်မှတ်လုုိက်သော အချက်အလက်ဖြစ်တယ်။
– ပွင့်လင်းသော လူ့အဖွဲ့အစည်းဟုု ဆုုိထားသည့်အတွက် ဖော်ပြသော သတင်းအချက်အလက်များသည် လူ့အဖွဲ့အစည်းကုုိ ထိမ်းချူပ်ထားတာမရှိစေပဲ အစုုိးရ သုုိ့မဟုုတ် တခြားသော အဖွဲ့အစည်း တစ်စုုံတစ်ရာမှ စွက်ဖက်ခြင်း လုုံးဝမရှိ၊ တစ်စုုံတစ်ခုုနှင့် အလဲအလှယ်လုုပ်ထားခြင်းမရှိသော သတင်းများသာ ဖြစ်တယ်။
– သတင်း၏တန်ဖုုိးဟူသော စကားလုုံး၏ အနှစ်သာရများ အပြည့်အဝ စီးဝင်နေရမည်။ ပေးသော အချက်အလက်များသည် အဖြစ်အပျက်တစ်ခုု သုုိ့မဟုုတ် တစ်စုုံတစ်ခုုနှင့် ပတ်သက်သော သတင်းဖြစ်ရမည်။ ထုုိအထဲတွင် အချိန်ကာလ၊ အဖြစ်အပျက်၊ ဖြစ်ပွားမူ၊ လက်ရှိအခြေအနေ၊ အရေးကြီးသော အခြေအနေ၊ အနီးစပ်ဆုုံးအခြေအနေတုုိ့ကုုိ အဓိကထား အတိအကျဖော်ပြ ရမည့် အပြင် နေ့စဉ်နေ့တုုိင်း သမရုုိးကျဖြစ်ပျက်နေတာတွေ မဟုုတ်ရပါဘူးတဲ့။ (ဥပမာ- နေမင်းကြီးက အရှေ့ကထွက်နေတာကုုိ သတင်းလုုပ်လုုိ့မရဘူး၊ နေက အနောက်ဖက်ကထွက်လာရင်တော့ သတင်းဖြစ်ပြီ။)
– သတင်းဟာ လူ့အဖွဲ့အစည်းအတွက် မေးခွန်းလည်းပေးသလုုိ အဖြေလည်း ထုုတ်ပေးရမည်။ တစ်ဦးတစ်ယောက်တည်းအတွက်ရော၊ အများအတွက်ရော အရေးပါသော အချက်အလက်များ ပေးထားရမည်။ (အလုုပ်သတင်း၊ စာမေးပွဲ၊ မုုိးလေဝသ၊ ပညာရေး၊ ကျန်းမာရေး စသဖြင့်)
– သတင်းစာဆရာဟာ သူ့ရဲ့ ဘက်လုုိက်တဲ့ ယုုံကြည်မူ၊ သဘောထား၊ သူ့အမြင်များကုုိ မျှတ၊တိကျတဲ့ သတင်းတွေလုုိ့ မျော်လင့်ဖတ်ရူနေတဲ့ ပရိသတ်တွေကုုိ မပေးရဘူး။(သတင်းရေးသူဟာ ဘက်မလုုိက်ရဘူး၊ သတင်းထဲမှာ သူ့အမြင်တွေ ထည့်မရေးရဘူး၊ သူယုုံကြည်တာတွေကုုိ မဖော်ပြရဘူး၊ သူ့သဘောထားတွေကုုိ မရေးရဘူး။ သတင်းသည် မျှတရမယ်၊ တိကျရမယ်။ သူရေးတဲ့ထဲမှာ ဘက်လုုိက်တဲ့ လေသံတွေ လုုံးဝမပါရဘူး။)
– သတင်းအဖွဲ့အစည်းတွေဟာ ပရိသတ်တွေကုုိ သတင်းအချက်အလက်တွေ ပေးတဲ့အခါ လူ့အဖွဲ့အစည်းအတွင်းမှာ ဆက်သွယ်ရေး ကွန်ယက်တစ်ခုုကုုိ ဖွင့်ပေးထားရမယ်။ အထူးသဖြင့် စီးပွားရေးဆုုိင်ရာ သတင်းအချက်အလက်များဟာ လူထုုနဲ့ဆုုိင်တယ်၊ ဒါကြောင့် စီးပွားရေးကောင်းမွန်ခုုိင်မာဖုုိ့ လူထုုနဲ့ ဆက်သွယ်မူကုုိ ဖွင့်ပေးရမယ် လိုု့ဆုုိပါတယ်။
(အဲသည်ပထမအခန်းတစ်ခုုလုုံးမှာ အထက်ဖော်ပြပါ အချက်အလက်တွေကုုိ ကောက်နှူတ်တင်ပြခြင်း၊ ပြန်လှန်ရှင်းလင်းခြင်းနဲ့ သတင်းစာဆရာရဲ့ လုုပ်ပုုိင်ခွင့်တွေကုုိ ထပ်ခါတလဲလဲ ရေးသားထားပါတယ်။ သူက အဓိကလုုိအပ်ချက်တွေ၊ ဆောင်ရန်ရှောင်ရန်တွေကုုိ ရေးသားတင်ပြထားပြီး ရေးသားဖော်ပြထားတဲ့ သတင်းတွေကုုိတော့ အသေးစိတ် ဖော်ပြထားခြင်းမရှိပါဘူး။ နောက်ပုုိင်းအခန်းတွေမှာ တော့ တွေ့ရပါလိမ့်မယ်။)
(သည်တော့သူရေးသားတဲ့ အာဘော်အရ သတင်းရဲ့ သဘောသဘာဝဘယ်လုုိရှိရမလဲ ဆုုိတာကုုိ အဓိကထားတယ်။ သတင်းကုုိ ဘယ်လုုိလိုုိက်ရတယ်၊ သတင်းကုုိ ဘယ်လုုိရှာဖွေရတယ် ဆုုိတာကုုိ သူက ဒီပထမအခန်းမှာ အဓိကထားသွားတယ်။ သတင်းရေးတာတော့ ကိုုယ့်ဘာသာ ရေး၊ ဘာမှ ဘယ်လုုိရေးရမယ် ဘယ်လုုိ တင်ပြရမလဲ ဆုုိတဲ့ ဆုုံးဖြတ်ချက်တွေ ပေးမထားဘူး။ သတင်းစာဖတ်သူတွေက ဒီသတင်းဟာဖြင့် သတင်းဆုုိတဲ့ ဝေါဟာရနဲ့ကိုုက်ညီတယ် မညီဘူး ဆုုံးဖြတ်တတ်တယ် ဆုုိတဲ့ အသိတစ်ခုုကုုိ ပေးထားတယ်။ သတင်းဖတ်တဲ့ ပရိသတ်က ဒီသတင်းစာဆရာဟာ ဘက်လုုိက်တယ် ဆုုိတာ သူ့အလုုိလုုိသိတယ်။ ခွဲခြားတတ်တယ်။ သတင်းစာဆရာတစ်ယောက်ရဲ့ တန်ဖုုိးဟာ သူရေးတဲ့သတင်းထဲမှာ ပါသွားပြီးပီ ဖြစ်ပါတယ်။)
(၂၀၀၁ခုုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ နယူးယောက်က ဝေါလ်ထရိတ်စင်တာ၊ ၀ါရှင်တန်ဒီစီက ပင်တာဂွန် တုုိက်ခုုိက်ခံရမူကုုိ သတင်းထောက်တွေက ဘယ်လုုိသတင်းရယူခဲ့ရပုုံကုုိ သူကအခုုလုုိ တင်ပြထားပါတယ်။ သတင်းတုုိလေးတစ်ပုုဒ် ရဖုုိ့ ဆုုိပါတော့တဲ့။)
သတင်းတွေဟာ ကျွန်တော်တုုိ့ ပတ်ဝန်းကျင် ဘေးပတ်ပတ်လည်မှာ ရှိနေတယ်။ ဝုုိင်းရံနေကြတယ်။ ၂၀၀၁ခုုနှစ် စက်တင်ဘာ ၁၁ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ သိပ်ကုုိ ထူးခြားတဲ့ သတင်းမျိူးပဲဖြစ်ဖြစ်၊ လေမုုန်တုုိင်းသတင်းမျိူးပဲဖြစ်ဖြစ်ပေါ့လေ။ ဒါတွေဟာ နေ့စဉ် ဖြစ်ပျက်တတ်တဲ့ သတင်းတွေလုုိ့ ဆုုိရမယ် ထင်ပါတယ်။ ခွင့်နဲ့ နေရပ်ခနပြန်သွားတဲ့ သတင်းစာဆရာတစ်ဦးဖြစ်တဲ့ ဒေးဗစ် မက်တင်းလီ (David Mattingly) ဟာ ၂၀၀၁ ခုုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့က စတုုထ္တမြောက် အမေရိကန်လေယာဉ် ဖလုုိက် ၉၃ က ပန်နီဆလီဗာနီးယား မှာ ပျက်ကျသွားတယ် ဆုုိတာကုုိ သိလုုိက်ရတယ်။ သူက အဲသည်ဖြစ်ပွားတဲ့နေရာရဲ့ မနီးမဝေးမှာ ရှိနေတယ်။ သူ့ရဲ့သတင်းအေဂျင်စီ အန္တလန်တာ (Atalanta) က အယ်ဒီတာတွေဆီ ဖုုန်းဆက် သတင်းပုုိ့ အကြောင်းကြားပေမယ့် ဖုုန်းတွေက ဂျမ်းဖြစ်နေလိုု့ ဆက်မရဘူး။ ဘယ်သတင်းစာဆရာမှ အနီးအနားမရှိတော့ သတင်းယူဖုုိ့ကုုိယ်တုုိင် လုုိက်ရတဲ့ အကြောင်းကုုိ ရေးသားထားတယ်။ ပျက်ကျသွားတဲ့လေယာဉ်ပျံအကြောင်းကုုိ အလျင်အမြန်သတင်းပိုု့လုုိက်ရတဲ့ သူ့သတင်းဟာ နံမယ်ရ သတင်းအဖွဲ့အစည်းတစ်ခုုဖြစ်တဲ့ စီအန်အန် (CNN) မှာ မျက်နှာဖုုံးသတင်းဖြစ်သွားခဲ့တယ်။
သတင်းဆုုိတာဟာ သတင်းစာလောကရဲ့ အဓိက အစိတ်အပိုု်င်းတစ်ခုု ဖြစ်ပါတယ်။ သတင်းကဖော်ပြတဲ့ အချက်အလက်များဟာ လူ့အဖွဲ့အစညး်ကုုိ ရေရှည်တည်တန့်အောင် ပေးဆပ်ပေးနေတယ်။ (သူက သတင်းစာဆရာတွေနဲ့ သတင်းစာလောကကုုိ သိပ်ပြီး ရှေ့တန်းတင်လွန်းထားတယ်လုုိ့ စာဖတ်သူက တွေးလုုိ့ရတယ်။)
– သတင်းဆုုိတာ သတင်းစာဆရာကပေးတာ ဖြစ်တယ်။ သတင်းများသည် သဘာဝအလျောက် ဖြစ်နေတာတွေ မဟုုတ်ဘူး။ သတင်းသည် အချက်အလက်တစ်ခုု (ဆုုိလုုိတာက အချက်အလက်ပုုံစံ တမျိူးတည်း) တည်းပေးတာမဟုုတ်။ မိမိဘေးပတ်ဝန်းကျင်မှာ ပေးစရာအချက်အလက်တွေ တပုုံတစ်ခေါင်းကြီး။ အဲသည်ထဲက တချိူ့သာလျှင် သတင်းအရည်အချင်းရှိတယ်။ အများအားဖြင့် အချက်အလက်တုုိင်း သတင်းမဟုုတ်။
– အများစုုက သူတုုိ့နေ့စဉ် နေ့ဓဝူဝ တွေ့ကြုံနေတာတွေ၊ သူတုုိ့ရဲ့နေ့စဉ် အတွေ့အကြုံတွေကုုိ စုုဆောင်းကောက်ယူကြတယ်။ အဲသည်လုုိ အတွေ့အကြုံတွေ၊ အချက်အလက် ရယူထားတာတွေကုုိ သတင်းစာဆရာတစ်ဦး သတင်းတစ်ခုုတင်ပြသလုုိ တင်ပြနုုိင်မယ်၊ အရေးကြီးတာကိုု ဘယ်လုုိရွေးချယ်ပြီး ရေးသားနုုိင်မယ် ဆုုိတာကသာလျှင် ကျွန်တော်တုုိ့အတွက် သတင်းဖြစ်ပါတယ်။
– အချက်အလက်တွေ လွတ်လွတ်လပ်လပ် ရတယ် ဆုုိပါက သတင်းစာဆရာအတွက် သတင်းရေးသား၊ သရုုပ်ဖော် တဲ့လုုပ်ငန်းစဉ်ဟာ ပုုိလွယ်ကူတယ်ပေါ့။ ၂၀၁၁ စက်တင်ဘာ ၁၁ ဖြစ်ပွားမူကုုိ အမေရိကန်အစုုိးရက အချက်အလက်တွေကုုိ ထိမး်ချူပ်ခဲ့တာတွေ ရှိတာကြောင့် သတင်းစာဆရာတွေဘက်က သတင်းတင်ပြမူမှာ အခက်အခဲတွေ၊ အားစုုိက်ရမူတွေ ကြုံကြရတယ်။ ကုုိယ့်ရဲ့ အားထုုတ်မူနဲ့ အထိမ်းချူပ်ခံရမူကုုိ စကားလုုံးလှလှနဲ့ ပုုံနှိပ်ရရင်တော့ “အမျိူးသားလုုံခြုံရေး“ အတွက်ပေါ့။
(သတင်းဟုုတ်တယ်၊ သတင်းမဟုုတ်ဘူးဆုုိတာကုုိ ဘယ်လုုိခွဲခြားမလဲ ဆုုိတာကုုိ သူကဥပမာတစ်ခုုနဲ့ ပြထားတယ်။)
သင်ဟာ မော်တော်ကားထိခုုိက်မူတစ်ခုုမှာ ပါဝင်ပတ်သက်နေတယ်။ ဘာမှ ဒဏ်ရာရတာ မရှိဘူး။ အထိအခိုုက်မရှိဘူး။ ဒါဆုုိရင် ဒီသတင်းဟာ သင့်ရဲ့ ဒေသဆုုိင်ရာ သတင်းစာမှာ မပါနုုိင်ပါဘူး။ ဒါပေမယ့် အဲသည် မတော်တဆထိခုုိက်မူထဲမှာ ဥပမာ – အဲသည်ကားထဲမှာ သမ္မတပါလာမယ် သမ္မတက ဒီအမူထဲမှာ ပါဝင်ပတ်သက်နေပြီ ဆုုိရင်တော့ ဒီသတင်းဟာ ညတွင်းချင်းကုုိ မျက်နှာဖုုံးသတင်းဖြစ်သွားမှာ ဖြစ်ပါတယ်။ ဒါဟာ သတင်းစာဆရာတစ်ယောက် ရဲ့မျက်စိထဲမှာ သတင်းလုုိ့ သတ်မှတ်ပုုံတစ်ခုုဖြစ်ပါတယ်။ (ဒီသတင်းဟာ လူတွေစိတ်ဝင်စားမယ့်သတင်းဖြစ်တယ်၊ လူတွေဖတ်ချင်မယ့်သတင်းဖြစ်မယ် လုုိ့ သူကဆုုံးဖြတ်မယ်) (တနေ့ကပဲ မင်းသား ဘရပ်ပစ်တစ်ယောက် မော်တော်ကားတုုိက်မူမှာ ပါဝင်ပတ်သက်နေတဲ့သတင်း ဖတ်လုုိက်ရတယ်။ ဒီနေရာမှာ သင်ဆုုိရင် သတင်းထဲ ပါလာစရာမရှိဘူး။)
အဖြစ်အပျက်တွေ ထောင်ချီ သန်းချီပြီး ကျွန်တော်တုုိ့ ဘေးပတ်ဝန်းကျင်မှာ နေ့စဉ် ဖြစ်ပျက်နေတယ်။ ဒါတွေကုုိ အယ်ဒီတာများနှင့် သတင်းဒါရုုိက်တာများက သူတုုိ့ဆီ သတင်းစာဆရာများက ပေးပိုု့လုုိက်တဲ့ ရာချီတဲ့ သတင်းတွေကုုိ ကြည့်ပြီး ဘယ်ဟာကတော့ သတင်းဖြစ်တယ် ဆုုိတာကုုိ ခေါင်းချင်းဆုုိင်ဆွေးနွေးပြီး ရွေးချယ်စီစစ်ရပါတယ်။ (သတင်းစာထဲမှာ သတင်းတစ်ပုုဒ် အဖြစ်သတ်မှတ် ရေးသားဖုုိ့ ဘယ်လောက်ကြီးကျယ်ကြောင်း ကုုိ သူကရေးသားထားတာပါ။) ပြီးရင် စာဖတ်ပရိသတ် (သတင်းစာဖတ်သူများ)ဆီ ပုုိ့ဖိုု့ သတင်းရေးကြရပါတယ်။
(သူကမုုိးလေဝသသတင်းတုုိတစ်ပုုဒ်ရဲ့ အရေးပါပုုံကုုိ ရေးထားပါတယ်။)
“လူတုုိင်းလူတုုိင်းက မုုိးလေဝသအကြောင်းပြောကြပါတယ်” (လုုိ့အစချီထားပါတယ်။)
လူတုုိင်း မုုိးလေဝသအကြောင်း ပြောကြတယ်။ ကျွန်တော်တုုိ့ မျက်နှာစိမ်းတစ်ယောက်နဲ့ တွေ့တဲ့အခါ၊ ဒါမှမဟုုတ် ကုုိယ့်သူငယ်ချင်းတစ်ယောက်နဲ့ ဘာစကားစပြောရမှန်းမသိတဲ့အခါ မုုိးလေဝသအကြောင်း ပြောကြတယ်။
ဒီအကြောင်းက ဆွေးနွေးစရာတွေ အများသား။ သိပ်ပူအုုိက်နေသလား၊ သိပ်ခြောက်သွေ့နေသလား၊ သိပ်အေးနေသလား၊ နောက်နေ့ အေးဦးမလား၊ ပူနေဦးမလား၊ မုုန်တုုိင်းရော ဖြစ်မှာလား၊ ဟာရီကိန်း တော်နဒုုိ ရေကြီးရေလျှံ နှင်းကျ နှင်းမုုန်တုုိင်း စသဖြင့် ကြုံရမလား။ နွေ မုုိး ဆောင်း ဘယ်နှယ့်နေသလဲ။
မုုိးလေဝသဟာ အမြဲပြောင်းလဲနေတာကြောင့် ပြောစရာ အမြဲရှိနေတယ်၊ သိစရာလည်း လုုိအပ်နေတယ်။ ဒါဆုုိ မုုိးလေဝသ အကြောင်း သင်ဘယ်လောက်သိသလဲ လုုိ့ဆုုိတော့ သိပ်မသိပါဘူး။ ကျွန်တော်တုုိ့သိတာက နွေရာသီဆုုိ ပူတယ်၊ ဆောင်းရာသီဆုုိ အေးတယ်၊ မုုိးရာသီ မုုိးရွာတယ် ဒါလောက်ပါပဲ။ ဒါပေမယ့် ဘယ်လောက်ပူမလဲ ဘယ်လောက်အေးမလဲ မုုိးဘယ်လောက်ရွာမလဲ အဲဒါတော့ မသိပါဘူး။ ကျွန်တော်တိုု့သိတာက သည်နွေရာသီတော့ မုုိးနည်းနည်းရွာတယ်၊ သည်နှစ် ဆောင်းရာသီ ပုုိအေးတယ်။ အဲသလောက်တော့ သိတယ်။ ဒါပေမယ့် အတိအကျ ဘယ်လောက် ဆုုိတာတော့ မသိဘူး။ မုုိးကောင်းကင်ကြီး မှောင်လာတယ်၊ လင်းလာတယ် ဆုုိတာ ကျွန်တော်တုုိ့သိတယ်။ ဒါပေမယ့် အခုု မုုိးရွာမရွာတော့ မသိပါဘူး။ ညနေရွာမလားလည်း မသိပါဘူး။ နောက်နေ့ ရွာမလားလည်း မသိပါဘူး။ တခြားတုုိင်းပြည်တွေရဲ့ မုုိးလေဝသကျတော့ ပိုုမသိတော့ဘူူး။ သည်နေရာမှာ လူတွေရဲ့ သိချင်စိတ်၊ လိုုအပ်ချက်တွေကုုိ ဖြည့်စည်းပေးမှာက သတင်းစာပညာနဲ့ သတင်းစာဆရာများပဲ ဖြစ်တယ်။ သူတုုိ့ရဲ့လုုပ်ငန်း၊ သူတုုိ့ရဲ့ပေးတဲ့ သတင်းတွေကသာလ ျှင် ကျွန်တော်တုုိ့ ဖတ်ချင်တဲ့၊ စိတ်ဝင်စားမူတွေကုုိ ပေးမှာဖြစ်လုုိ့ သတင်းစာပညာရဲ့ အရေးပါမူကုုိ ဒီမုုိးလေဝသဥပမာလေးနဲ့ပဲ ချိန်ထိုုး စဉ်းစားကြည့်ကြဖိုု့ တင်ပြလုုိက်ရခြင်း ဖြစ်ပါတယ်။
ဂျူနီယာဝင်း

Friday, March 23, 2018

ဂျူနီယာဝင်း – သတင်းစာပညာ စာအုုပ်တစ်အုုပ်

ဂျူနီယာဝင်း – သတင်းစာပညာ စာအုုပ်တစ်အုုပ်
(အတွေးအမြင် အမှတ် ၃၀၈ မတ် ၂၀၁၈ ) မိုးမခ၊ မတ် ၁၊ ၂၀၁၈
(”Journalism“ (သတင်းစာပညာ) လုုိ့အမည်ပေးထားတဲ့ စာအုုပ်ကုုိ James Glen Stovell (ဂျိမ်းစ် ဂလန် စတုုိဗယ်) ကရေးပါတယ်။ ဂျိမ်းစ်ဟာ ၁၉၄၈ခုုနှစ် စက်တင်ဘာ၈ ရက်နေ့ ဖွား အလာဘားမား (Alabama) တက္ကသိုုလ်က သတင်းနှင့်အချက်အလက်ဆုုိင်ရာဌာန အငြိမ်းစား ပါမောက္ခ ဖြစ်ပါတယ်။ သူက လက်ရှိ (၂၀၁၈ လက်ရှိအနေအထားအရ) သတင်းရေးသားခြင်းဆုုိင်ရာ ဘာသာရပ်ကုုိ သင်ကြားနေဆဲ၊ ဝက်ဆုုိက်သတင်းစာပညာကုုိ သင်ကြားနေဆဲ သူတစ်ယောက်ဖြစ်ကာ စာရေးဆရာအဖြစ်နဲ့ ဂျေပရော့ဖ် (jprof) ဝက်ဆုုိက်မှာ ရေးသားနေဆဲသူတစ်ယောက်ဖြစ်တယ်။) ယခုုစာအုုပ်က သက္ကရာ်ဇ် ၂၀၁၁ ကထွက်ခဲ့တဲ့စာအုုပ်ဖြစ်ပါတယ်။ ဒီစာအုုပ်ကုုိ ၂၀၁၃ ခုုနှစ်က ဖတ်ဖုုိ့အခွင့်အရေးရခဲ့တယ်။ ဒီမှာတော့ ဂျိ်မ်းစ် ကသူ့အာဘော်အတုုိင်း နိဒါန်းပျိူး ရေးထားတာကုုိ ဖြည့်စွက် ဘာသာပြန်ပေးထားတာပါ။ စာရေးသူဖြည့်စွက်ထားတာတွေကိုု ကွင်းစကွင်းပိတ်နဲ့ လုုပ်ပေးထားပါတယ်။)
”သတင်းစာဆရာတွေက ကျွန်တော်တုုိ့ကုုိ ကျွန်တော်တုုိ့အကြောင်းတွေ ပြောပြကြတယ်။“
(လိုု့သူကအစချီထားပါတယ်။ သတင်းစာတွေထဲမှာပါတဲ့သတင်းတွေနဲ့ ပတ်သက်လုုိ့ သူ့အမြင်ကုုိ ရေးထားတာပါ။ သတင်းစာတွေကပေးတဲ့သတင်းတွေကုုိ တော်တော်လေး လေ့လာဆန်းစစ်ပြီး သုုတေသနလုုပ်ကာ ရေးထားတဲ့ စာအုုပ်တစ်အုုပ်ဖြစ်ပါတယ်။ Journalist တွေကိုု သူကတော်တော် ချီးမွမ်းခန်းဖွင့်ထားတယ်လုု့ိ ယူဆရပါတယ်။ Journalist ကုုိ သတင်းစာဆရာ၊ သတင်းရေးတဲ့သူတွေ လုုိ့ဆုုိရပါမယ်။ သူ့နိဒါန်းအရတော့သူက သတင်းစာဆရာဘဝတွေ၊ သတင်းရေးတာကုုိ စိတ်ဝင်စားသူတွေ၊ သတင်းလုုိက်ရတာကုုိ အရသာတွေ့သူတွေကုုိ ချီးမွမ်းခန်းဖွင့်ထားပါတယ်။ ဒီအလုုပ်ဟာ စိတ်ဝင်စားစရာကောင်းတယ် ခင်ဗျားတုုိ့လည်း လုုပ်ကြည့်ကြပါဦးလိုု့ ဆုုိထားပုုံပါပဲ။)
သည်လုုိအလုုပ်ဟာဖြင့် ကျွန်တော်တုုိ့အတွက် အရေးကြီးသလိုု လူ့အဖွဲ့အစည်းအတွက်လည်း မရှိမဖြစ်လုုိအပ်လျက်ရှိပါတယ်။ သူတိုု့ပေးတဲ့ သတင်းတွေဟာ ကျွန်တော်တုုိ့ဘဝတွေအတွက်လဲ ဖြစ်သလိုု ကျယ်ပြန့်တဲ့ လူ့ပတ်ဝန်းကျင်ကိုုလည်း ဆက်သွယ်ပေးနေပါတယ်။ အဲဒီသတင်းအချက်အလက်တွေက ကျွန်တော်တုုိ့ကုုိ ဆုုံးဖြတ်ချက်တွေ ချပေးတယ် …. ဥပမာ မုုိးလေဝသ သတင်းတွေကုုိ ဖတ်ပြီးတော့ ထီးယူသင့်မယူသင့်…. ပညာရေးသတင်းတွေ ဖတ်ပြီးတော့ ဘယ်လုုိင်းကုုိယူသင့်တယ်၊ ဘယ်လုုိ ရွေးချယ်သင့်သလဲ စသည်ဖြင့်….. ဒီလုုိ သတင်းသမားတွေက ပေးတဲ့ သတင်းတွေကုုိ မဖတ်ပဲ ကျွန်တော်တုုိ့ရဲ့ဘဝက ဘယ်လုုိပြည့်စုုံမလဲ။
ဟုုတ်ပါတယ်။ သတင်းစာသမားတွေပေးတဲ့ သတင်းတွေကုုိကြီးပဲ မမှီခုုိပဲနဲ့ ကုုိယ့်ဘာသာကိုုယ်လည်း သတင်းအချက်အလက်တွေ ရနိုုင်ပါတယ်။ – သူငယ်ချင်းတွေ၊ မိသားစုုတွေကြား၊ စာအုုပ်တွေ ဖတ်ပြီးတော့ဖြစ်ဖြစ်၊ ရုုပ်ရှင်တွေ ထဲကဖြစ်ဖြစ်၊ လက်ကမ်းကြော်ငြာတွေဆီကနေ၊ ဒါမှမဟုုတ် ကြော်ငြာဘုုတ်တွေဆီက (အခုုခေတ်ဆုုိရင်တော့ ဖေ့ဘုုတ်ကနေ ရနေတဲ့သတင်းတွေ ကိုုထည့်သွင်း စဉ်းစား ရလိမ့်မယ် ထင်ပါတယ်။) စသဖြင့် စသဖြင့် ရနုုိင်ပါတယ်လုုိ့ စောဒကတက်လိုု့ ရပါတယ်။ သုုိ့သော် သတင်းစာဆရာတွေက သည့်ထက် ပုုိပြီးကျယ်ပြန့်တဲ့ နယ်ပယ်တွေဆီကုုိ ရောက်အောင်သွားပြီး အချက်အလက်တွေ စုုဆောင်း၊ ရယူ၊ မှတ်သားလုုိ့ ကျွန်တော်တုုိ့က စုုပေါင်းပြီး ဖတ်လုုိ့မှတ်လုုိ့ရအောင် လုုပ်ပေးနေတာ ဖြစ်ပါတယ်။ သတင်းသမားများဟာ ကျွန်တော်တုုိ့ရဲ့ဘဝတွေထဲကုုိ တုုိက်ရုုိက်ဖြစ်စေ၊ သွယ်ဝုုိက်ပြီးဖြစ်စေ သတင်းအချက်အလက်တွေ ထိတွေ့လုုိ့ရအောင် ဆောင်ရွက်ပေးနေပါတယ်။ သင်အခုုဘာလုုပ်နေသလဲ သင်ကအခုုဘာလဲ ဆုုိတဲ့အချက်အလက်တွေဟာ သတင်းသမားတွေရဲ့ သြဇာသက်ရောက်မူနဲ့ မကင်းနုုိင်ပါဘူး။
သတင်းစာဆရာတွေကပေးတဲ့ အချက်အလက်တွေက လူတစ်ကုုိယ်စာတင်မက ကျွန်တော်တုုိ့ နေထုုိင်နေတဲ့ လူ့ပတ်ဝန်းကျင် လူ့အဖွဲ့အစည်းတစ်ခုုလုုံးဆီကုုိပါ အကျိူး သက်ရောက်နေပါတယ်။ အဲသည်အကျိူးသက်ရောက်မူ ဘယ်လောက်တောင်များလဲလုုိ့ ဆုုိတာ ကုုိလေ့လာကြည့်လုုိက်တော့ နုုိင်ငံရေး၊ စီးပွားရေး၊ လူမူရေး၊ စသဖြင့် စသဖြင့် တွေဆီကုုိပါ ဖြန့်ကျက်လျက်ရှိနေပါရောလား။ သတင်းစာသမားတွေက ကျွန်တော်တိုု့ကုုိ ပတ်ဝနး်ကျင်အသိအမြင်တွေအပြင် ဒီအသိအမြင်တွေကုုိ တခြားလူတွေကုုိ ဘယ်လုုိ ဝေမျှရမယ်ဆုုိတာကိုုပါ လမ်းပြပေးနေပါတယ်။
သတင်းစာပညာဟာ အထူးသဖြင့်တော့ အမေရိကန်တွေရဲ့ လူ့အဖွဲ့အစည်းမှာ မရှိမဖြစ် လုုိအပ်တဲ့ အရာဖြစ်ပါတယ်။ (အမေရိကမှာ သတင်းစာတွေကုုိ ကျယ်ကျယ်ပြန့်ပြန့် ဖတ်ရူနေတဲ့ ပရိသတ်တွေ ရှိနေဆဲပါ။ သူတုုိ့က သတင်းစာတွေကုုိ ဖတ်ဆဲ၊ အချက်အလက်တွေကုုိ လေ့လာနေဆဲ၊ အချင်းချင်း ဆွေးနွေးနေကြဆဲ လိုု့ သူက အတိအကျ ဆုုိထားပါတယ်။ ဒါ ၂၀၁၁ စစ်တမ်းအရပေါ့။) သတင်းစာတွေကနေ ပေးတဲ့ သတင်းအချက်အလက်တွေကုုိ ရယူတယ်ဆုုိတာ ဟုုိးရှေးကတည်းက ကျင့်သုုံးလာတဲ့ ရှေးအယူအဆတစ်ခုုလုုိဖြစ်ပါတယ်။ ဒါတွကုုိ တဖန်ပြန်ပြီး ထင်မြင်ချက်တွေပေးကြ၊ ဝေဖန်သုုံးသပ်ကြ၊ အကြံညဏ်တွေရယူကြတယ်ဆုုိတာ ထုုံးတမ်းစဉ်လာတစ်ရပ်လုုိ ဖြစ်နေတာ အမေရိကန်လူမျိူးတွေကြားထဲမှာပါ (တဲ့။)။ ဒါတွေကိုုုု သတင်းစာပညာမရှိပဲ ဘာမှ လုုပ်လုုိ့မရပါဘူး။
သည်တော့ ဒါလောက်တောင် အရေးပါတဲ့ သတင်းစာပညာကိုု လေ့လာကြည့်ကြရအောင်။ သင့်ရဲ့အလုုပ်က သတင်းစာပညာနဲ့ ဘာမှမဆုုိင်လဲပဲ ပေါ့လေ။ ဟောဒီစာအုုပ်က သတင်းစာပညာ ဆုုိတာဘာလဲဆုုိတာကုုိ မိတ်ဆက်ပေးတဲ့ စာအုုပ်။ သတင်းစာပညာ ဆုုိတာ
– ကျယ်ပြန်တဲ့ စာနယ်ဇင်းလုုပ်ငန်းကုုိ သိမြင်ဖုုိ့
– သင်ဖတ်နေတဲ့သတင်းတွေက ဘယ်လုုိကနေ ဘယ်လုုိ ရရှိ၊ ထုုတ်ပြန်သလဲဆုုိိတာကိုု နားလည်ဖုုိ့
– သတင်းအဖွဲ့အစည်းတွေ ဘယ်လုုိ လုုပ်ကုုိင်ကြသလဲဆုုိတာကုုိသိဖုုိ့
– သတင်းစာပညာ အကြောင်းကုုိ တီးမိခေါက်မိဖုုိ့
– အနာဂတ်သတင်းစာပညာ ဘာဖြစ်နုုိင်သလဲလိုု့ တွေးခေါ်ကြည့်ကြဖိုု့
ဆုုိပါတော့။
သည်တော့ သတင်းစာပညာဆုုိတာ ဘာလဲလုုိ့ လေ့လာစမ်းစစ်သူတွေအတွက် သတင်းစာဆရာတစ်ယောက် အဖြစ်ကုုိယ့်ကုုိယ်ကုုိယ်လည်းပဲ စဉ်းစားကြည့်မိစေဖုုိ့ သည်စာအုုပ်က ဖော်ညွန်းထားပါတယ်။ သင်လည်းပဲ တနေ့တချိန်ကျ သည်အလုုပ်ကုုိ စိတ်ဝင်တစား လုုပ်ဖြစ်မယ်၊ သတင်းမီဒီယာကုုိ သင်လည်းပဲ လုုပ်ကြည့်ချင်မယ် ဆုုိရင် သည်စာအုုပ်က အထောက်အကူ ဖြစ်ပါလိမ့်မယ်။ ဒါ့အပြင် အမေရိကန်ပြည်ထောင်စုုရဲ့ အင်မတန် အသိပညာချမ်းသာကြွယ်ဝလှတဲ့ သတင်းစာပညာသမုုိင်း ကိုု ဒီစာအုုပ်မှာ တွေ့ကြမြင်ကြရမှာ ဖြစ်ပါတယ်။
အဓိကကျတဲ့ လုုပ်ငန်းခွင်အလုုပ်တွေ ဖြစ်တဲ့ သတင်းကုုိ တင်ပြခြင်း၊ သတင်းရေးခြင်း၊ သတင်းကုုိ တည်းဖြတ် ရေးသားသော အတတ်ပညာ၊ သတင်းကုုိ စာမျက်နှာပေါ်မှာ တင်တဲ့အခါ ဒီဇုုိင်းဖြင့် ပေါ်လွင် အောင်လုုပ်ခြင်း၊ ဓါတ်ပုုံကုုိ မည်သုုိ့ ရွေးချယ်ကာ သတင်းနှင့် ယှဉ်တင်ခြင်းပညာရပ် စတဲ့ သတင်းစာပညာ အခြေခံအချက်တွေကုုိ သိထားဖုုိ့လုုိအပ်လှပါတယ်။ ဒီစာအုုပ်မှာ သတင်းစာပညာနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကုုိ ဖော်ပြထားရုုံမက သည်အလုုပ်ကုုိ စလုုပ်မယ့်သူအတွက်လည်း အင်မတန် ထိရောက်မယ့် လုုိရင်းတုုိရှင်း ထိထိမိမိ ပေးသွားမယ့် စာအုုပ်ဖြစ်တယ်။
ကိုုယ့်ဘဝကုုိ သတင်းစာဆရာဘဝနဲ့ပဲ ပျော်မွေ့တော့မယ်လုုိ့ သံဓိဌာန်ချထားသူတွေအတွက် စိတ်လှူပ်ရှားစရာကောင်းတဲ့ သတင်းစာသမားဘဝတွေကိုု လေ့လာရင်းနဲ့ အထောက်အကူ ဖြစ်ပါလိမ့်မယ်။ လူတုုိင်းနားလည်သင့်တဲ့ သတင်းစာပညာကုုိ အခုုလုုိ စာအုုပ်ဖတ်ရုုံနဲ့လက်တွေ့ ခံစားကြရမယ်ပေါ့။
ကျွန်တော်ဟာ သတင်းစာပညာထဲ ထဲထဲဝင်ဝင် လုုိက်စားလာခဲ့တာ နှစ်၄ဝရှိပြီလုုိ့ ဆုုိရပါမယ်။ … ဆုုိလုုိတာက ကျွန်တော့်ရဲ့ ကျောင်းသားဘဝကတည်းက အထက်တန်း ကျောင်းသားသတင်းစာတွေ မှာပါဝင်လှူပ်ရှားခဲ့တာကိုု ထည့်တွက်ထားပါတယ် …. သည်အတွေ့အကြုံတွေကနေ လူတွေနဲ့ဆက်ဆံရင်းနဲ့ သူတုုိ့တွေဟာ စိတ်ပါလက်ပါ သူတုုိ့သိထားတာတွေကုုိ ဝေမ ျှဖုုိ့ ဝန်မလေးကြတာ၊ သင်ပေးဖုုိ့ စိတ်ပါကြတာ၊ သင်ယူဖုုိ့လည်း စိတ်ဝင်စားကြတာတွေကုုိ တွေ့ရတယ်။ ကျွန်တော့်ဘဝမှာ သည်လုုိလူမျိူးတွေနဲ့ပဲ တွေ့ခဲ့ရတာကိုု ကံကောငး်တယ်လုုိ့ မှတ်ပါတယ်။
အာလဘားမာ (Alabama) တက္ကသုုိလ်မှာ တွေ့ခဲ့ဆုုံခဲ့ရတဲ့ ကျွန်တော့်သူငယ်ချင်းတွေ၊ အနှစ် ၂၀ လောက် ဆရာအဖြစ်နဲ့ သင်ကြားပေးခဲ့တဲ့ ကျွန်တော့တပည့် ကျောင်းသားတွေဟာ ကျွန်တော့်အတွက်တော့ သူတိုု့ဆီက အကြံညဏ်တွေ၊ အားပေးမူတွေ အများကြီး ရခဲ့တဲ့ အထောက်အကူတွေကြောင့်လည်း သည်စာအုုပ်လေး ရေးဖြစ်ခဲ့တာ ဖြစ်ပါတယ်။ ဒီစာအုုပ်ရေးဖိုု့ သူတုုိ့ပေးတဲ့ အချက်အလက်တွေ၊ စာရွက်စာတမ်းတွေ၊ ဓါတ်ပုုံတွေကအစ ထိတွေ့ဖုုိ့ အခွင့်အရေးတွေ ရခဲ့တယ်ပေါ့။
ကျွန်တော့်မှာ သတင်းစာအတွေ့အကြုံအဖြစ် ဘရစ်တုုိ၊ ဟယ်ရယ်ကုုိရီရေ၊ ကနော့စ်ဗီးသတင်းစာ၊ ချီကာဂုုိထရစ်ဗျူး သတင်းစာတွေအပါအဝင် တော်တော်များများသော သတင်းစာတွေနဲ့ ထိတွေ့မူတွေများစွာ ရခဲ့ပါတယ်။ နေရာတော်တော်များများက သူငယ်ချင်းတွေကလည်း ပံ့ပိုုးခဲ့တယ်။ ဗီအုုိအေ အပါအဝင် သတင်းအေဂျင်စီ ၃မျိူးလောက် ဆီက သတင်းအချက်အလက်များကုုိလည်းကျွန်တော် ရယူခဲ့ပါတယ်။ မိ်တ်ဆွေသူငယ်ချင်းတွေ၊ တပည့်တပန်းတွေရဲ့ အကူအညီမပါပဲ ကျွန်တော်သည်စာအုုပ် မရေးနုုိင်ပါဘူး။ ကျွန်တော့်ဇနီးဆယ်လီ၊ သားဖြစ်သူ ဂျက်တုုိ့ကလည်း အားပေး ကူညီထောက်ပံ့ပေးခဲ့ကြပါတယ်ခင်ဗျား… ။ (လုုိ့နိဒါန်းချီကာ သူ့စာအုုပ်ကုုိ အမွှမ်းတင်လျက် စာဖတ်သူများလက်ထဲ အရောက်ပိုု့လုုိက်ပါတယ်။)
(သူ့စာအုုပ်မှာ အပိုုင်းတွေ တော်တော်များများ ခွဲပြီး သတင်းစာပညာကုုိ တော်တော်လေး နှ့့ံနှ့ံစပ်စပ် ရေးသားထားတာပါ။ ယနေ့ခေတ်မှာ ကြုံတွေ့နေရတဲ ့ သတင်းတွေကိုု လုုိက်ပြီး သတင်းရေးရပုုံများကုုိ ဓါတ်ပုုံတွေနဲ့တကွ တင်ပြထားပါတယ်။ ဒီစာအုုပ်မှာသူက အဓိကအားဖြင့် – ဘယ်သူတွေက သတင်းတွေကုုိ ယူသလဲ၊ သတင်းကုုိ ဘယ်လုုိ လိုုက်ကြသလဲ၊ အင်တာဗျူးဘယ်လုုိ လုုပ်ဖုုိ့ ဘယ်လုုိပြင်ဆင်ရသလဲ၊ ဘယ်လုုိမေးခွန်းတွေကုုိ မေးမြန်းကြသလဲ၊ ရယူလာတဲ့သတင်းတွေကုုိ ဘယ်လုုိရေးသလဲ၊ ရေးထားတဲ့သတင်းတွေကုုိ ဘယ်လုုိပြန်လည် တည်းဖြတ်ပြီး ရေးသားရသလဲ၊ ဘယ်လုုိအတုုိချူံးပြီး လုုိရင်းကိုု ရေးရသလဲ၊ သတင်းတွေရဲ့ ပုုံစံ ဘယ်နှစ်မျိူးရှိသလဲ၊ အယ်ဒီတာရဲ့ အလုုပ်ကဘာလဲ၊ အယ်ဒီတာနဲ့သတင်းရေးသူရဲ့ ဆက်ဆံရေး ဆက်သွယ်မူက ဘာလဲ၊ အယ်ဒီတာ တစ်ယောက်ဖြစ်ဖုုိ့ ဘာတွေလုုိအပ်သလဲ၊ သတင်းခေါင်းစဉ်ကုုိ ဘယ်လုုိပေးသလဲ၊ ပုုံတွေကုုိ ဘယ်လုုိရွေးသလဲ၊ စကားလုုံးနဲ့ပုုံရဲ့ ဆက်သွယ်ချက်၊ ဒီဇုုိင်းဆရာအလုုပ်၊ သတင်းတစ်ပုုဒ်ရဲ့အမြင်ကုုိ ဘယ်လုုိဖော်သလဲ၊ သတင်းရေးတဲ့စတုုိင် စသည်ဖြင့် တွေသာမက လက်တွေ့ဘဝမှာ သတင်းစာ၊ မဂ္ဂဇင်းတွေရဲ့ အရေးပါမူတွေကုုိပါ တော်တော်လေး ကျယ်ကျယ်ပြန့်ပြန့် တင်ပြထားပါတယ်။)
(သူ့စာအုုပ်အခန်းတုုိင်းမှာ ယနေ့ခေတ်နဲ့အညီ ဝက်ဆုုိက်တွေ၊ သတင်းမီဒီယာတွေကုုိ ထည့်သွင်းထားတာကြောင့် ယနေ့စာဖတ်သူတွေအနေနဲ့ ထပ်မံ ဆက်လက်လေ့လာ လုုိက်စားဖုုိ့ အထောက်အကူဖြစ်မှာပါ။ အမှန်ပြောရရင်တော့ စာအုုပ်တစ်အုုပ်လုုံးဟာ စိတ်ဝင်စားဖွယ်ကောင်းလောက်အောင် ရေးသားထားတာမှန်သောလည်း တခါတခါတော့ ငြီးငွေ့ဖွယ်ကောင်း စာရင်းဇယားတွေ၊ ဂရပ်တွေနဲ့ ရှင်းလင်းချက်တွေ တွေ့ရသေးတယ်။)
(ဖတ်လိုု့ကောင်းပါတယ်။ ဘာသာပြန်မယ်ဆုုိရင်တော့ တော်တော်လေး တည်းဖြတ်ပြီး လူစိတ်ဝင်စားအောင် ပြန်ရေးရပါလိမ့့်မယ်။ အခုုသူ့နိဒါန်းကိုုလေ့လာကြည့်ရုုံနဲ့ သတင်းစာပညာရဲ့သဘောတရားများကုုိ စိတ်ပါဝင်စား ဖတ်ရူချင်လောက်ပါတယ်။ သတင်းလုုိက်သူတွေရဲ့ စိတ်လှူပ်ရှားစရာအခန်းတွေကလည်း ပါတယ်ဆုုိတော့ စာဖတ်သူတွေ မပျင်းတော့ဘူးပေါ့။ သတင်းလုုိက်ခြင်း၊ သတင်းရေးခြင်း အတတ်ပညာပိုုင်းဆုုိင်ရာများ ကုုိပါ ရေးသားထားတာကြောင့် တချိန်ချိန်တော့ စိတ်ဝင်စားစရာ အခန်းတချိူ့ကုုိ ဘာသာပြန်ကြည့်ပါဦးမယ်။)
ဂျူနီယာဝင်း
(REF : (Journalism by James Glen Stovall 2011, PHI Learning Private Limited မှ နိဒါန်းကုုိ ကုုိးကားရေးသားပါသည်။)

Tuesday, February 6, 2018

ခင်မျိုးချစ် – ဒီလောက်တောင်ဉာဏ်တုံးရသလား

ခင်မျိုးချစ် – ဒီလောက်တောင်ဉာဏ်တုံးရသလား
(အတွေးအမြင်မဂ္ဂဇင်း၊ ရန်ကုန်) မိုးမခ၊ ဖေဖော်ဝါရီ ၁၊ ၂၀၁၈
Stories and Sketches of Myanmar ထဲမှ ဒေါ်ခင်မျိုးချစ်ရေးသော How Stupid Can I Get? ကိုဒေါက်တာခင်မောင်ဝင်း(သချင်္ာ)က မြန်မာဘာသာသို့ ပြန်ဆို တင်ဆက်လိုက်ပါသည်။
တာဝတိံသာမှ နတ်တို့၏ဘုရင် သိကြားမင်းသည် ကျွန်မ၏အလိုဆန္ဒကို အလိုလိုသိပုံရသည်။ အကြောင်းမှာ ကျွန်မသည် ယခုတလော နေ့စဉ်နေ့တိုင်း ပို၍ ပို၍ ဉာဏ်တုံးလာသည်ကို တွေ့နေရသည်။ ထိုအကြောင်းကို ကျွန်မ၏ခင်ပွန်းဖြစ်သူကို ပြောပြသောအခါ သူကပြောသည် –
‘မင်းက အခုတလော ပိုပြီးဉာဏ်တုံးလာတယ်ဟုတ်လား။ ဒါ မဖြစ်နိုင်ပါဘူးကွာ”
သူ ဆိုလိုတာကို ကျွန်မကသိပါတယ်။ သူပြောချင်တာက ကျွန်မရဲ့ဉာဏ်တုံးမှုဟာ အထွတ်အထိပ်ကို ရောက်နေပြီဖြစ်လို့ ဒါထက်ပိုပြီး ဉာဏ်တုံးစရာနေရာ မရှိတော့ဘူး။
ဘာလိုဘဲဖြစ်ဖြစ် ကျွန်မ၏စိတ်သည် မတည်မငြိမ်ဖြစ်နေတာတော့ အမှန်ပါ။ စိတ်သည် မတည်မငြိမ်ဖြစ်သောကြောင့် စာဖတ်မျက်မှန် အစရှိသည့် ပစ္စည်းများကို ဘယ်ထားမိမှန်းမသိ ဖြစ်နေတတ်သည်။
လွန်ခဲ့သော ရက်အနည်းငယ်က ကျွန်မ၏ခင်ပွန်းကမေးသည် –
“မင်း ဟိုတနေ့ကယူသွားတဲ့ လက်သည်းညှပ်တဲ့ပစ္စည်းတွေ ဘယ်ထားသလဲ”
ကျွန်မသည် လေဟာပြင်ထဲသို့ ငေးကြည့်ရင်း ပြောလိုက်သည်။
‘အင်း.. လက်သည်းညှပ်တဲ့ပစ္စည်းတွေ ဟုတ်လား။ နေပါဦး ဒီနေ့မနက်ပဲ သုံးသေးတယ်၊ လက်သည်းတွေကလည်း ရှည်နေတာ မှတ်မိတယ်၊ ငယ်ငယ်တုန်းကလူကြီးတွေပြောတာ ကြားဖူးတယ်။ စုန်းမတွေပဲ လက်သည်းရှည်ထားကြတာ တဲ့။ ကျွန်မတို့ကလည်း ကလေးပီပီ စုန်းမဖြစ်တာ မကောင်းဘူးလို့ ယုံတော့ကာ စုန်းမတွေလို မဖြစ်ရအောင် လက်သည်းတွေကို တိုအောင်ညှပ်ထားကြတယ်။ အဲဒီခေတ်တုန်းက လက်သည်းအရှည်ထားပြီး လက်သည်းဆိုးဆေးတွေကို အလှဆိုးတာမျိုး မရှိသေးဘူး။”
ကျွန်မ ယောကျာ်း ကိုလတ်က စိတ်ရှည်စွာဖြင့် ရှင်းပြသည်။
“ဒါတွေထားပါတော့၊ ငါသိချင်တာက လက်သည်းညှပ်တဲ့ပစ္စည်းတွေဘယ်မှာလဲ…”
“အဲ့ဒါကို သိဖို့ ကျွန်မကြိုးစားနေတာပဲလေ။ ဒီမှာ ကျွန်မက စိတ်အစဉ်အတိုင်းလိုက်ပြီး ဆက်စပ် တွေးနေတာ၊ ကျွန်မကို မနှောင့်ယှက်နဲ့၊နှောက်ယှက်ရင် ကျွန်မ၏ အတွေးကွင်းဆက်တွေ ပြတ်သွားမယ်။ ကိုင်း..နေပါဦး၊ ဘယ်ရောက်နေပါလိမ့်၊ သြော် … ဒီမနက်ပဲ လက်သည်းတွေ ရှည်လို့ ညှပ်နေတာ။ ပေါင်ပေါ်မှာ သတင်းစာအဟောင်းတစ် တစ်စောင်တင်ထားတယ်။ ဒါဟာ လက်သည်းတွေကို ကြမ်းပေါ်ကို၊ မပစ်မိအောင် လက်သည်းတွေကို ကြမ်းပေါ်ကို ပစ်ချရင် မွဲတတ်တယ်တဲ့။ ဆင်းရဲတတ်တယ် သိရဲ့လား။ ဒါနဲ့ စကားမစပ် … ရှင်ရော လက်သည်းညှပ်တဲ့အခါမှာ လက်သည်းတွေကို ကြမ်းပေါ်မှာ ချထားတတ်သလား။ ဒီလိုမလုပ်နဲ့နော်။ လက်သည်းတွေကို တစ်ခုခုနဲ့ခံထား”
“အေးပါကွာ… ငါ့လက်သည်းညှပ်ညှပ်တဲ့အခါ သတိထားပါ့မယ်။ အခုအရေးကြီးတာက လက်သည်းညှပ် ညှပ်ဖို့ ညှပ်တဲ့ပစ္စည်း ဘယ်မှာထားသလဲ သိဖို့လိုတယ်ကွ”
ကျွန်မစိတ်ထဲမှာ ခံစားလိုက်ရသည်။ ယောကျာ်းတွေဟာ ဒီလိုဘဲ။ သူတို့လိုချင်တာကို ထပ်ကာတလဲလဲပြောနေတာပဲ။ ကျွန်မကပြန်ပြောလိုက်သည်။
“ဒီမှာရှင့် ကျွန်မကလည်း အလကားနေတယ်ထင်နေသလား ။ အဲ့ဒီလက်သည်းညှပ်တဲ့ပစ္စည်း ဘယ်မှာထားမိသလဲဆိုတာ မှတ်မိအောင်လုပ်နေတာ။ အတွေးကွင်းဆက်တွေ ဘယ်ရောက်ကုန်ပါလိမ့်။ ဒီမနက်ဘဲ လက်သည်းညှပ်တယ်။ အဲဒီတုန်းက အေးတော့ အပေါ်အကျႌလေးကို ဝတ်ထားတယ်။ ရှင်က ဒီအပေါ်အကျႌကို မကြိုက်ဘူးလို့ ပြောတယ်၊ ဘာ..ကြောင့်ပါလိမ့် … သိပြီ။ အိတ်တွေက ကြီးလည်းကြီး အရုပ်လည်းဆိုးသတဲ့။ ဒီတော့ ကျွန်မကပြောတယ်။ ဒါဆိုရင် အပေါ်အကျႌလှလှလေး ဝယ်ပေးပါလားလို့။ မန္တလေးကအစ ကို လက်နဲ့ချုပ်ထားတဲ့အကျီ င်္မျိုးပေါ့။ ဒါကျတော့ ရှင်ကမေ့နေပြီပေါ့။”

Saturday, February 3, 2018

ဂျူနီယာဝင်း – လူတွေဖန်တီးခဲ့တဲ့ အနုုပညာပစ္စည်းများ သိုု့မဟုုတ် Folk Art

 ဂျူနီယာဝင်း – လူတွေဖန်တီးခဲ့တဲ့ အနုုပညာပစ္စည်းများ သိုု့မဟုုတ် Folk Art
(အတွေးအမြင် အမှတ် ၃၀၇ ဖေဖော်ဝါရီ ၂၀၁၈) မိုးမခ၊ ဖေဖော်ဝါရီ ၃၊ ၂၀၁၈
Folk Art ဆုုိတာဘာလဲ။ အဲသည်အဓိပယ်ကုုိ ရှင်းလင်းဖုုိ့ ၁၉၉၁ ခုုနှစ် မေလ ထုုတ် American Weekly Newsletter မှာ ဒေးဗစ် အမ် မက်စ်ဖီးလ် (David M.Maxfield) က မေးခွန်းထုုတ်ပြထားပါတယ်။
ဆောင်းပါးရေးသူကတော့ သင်က အဲသည်အရာတွေကုုိ တွေ့လုုိက်ရင် အဲဒါဘာကိုုခေါ်တာလဲ ဆုုိတဲ့ အဖြေ ကုုိသိလာမှာ ဖြစ်ပါတယ်တဲ့။ ဆုုိလုုိတာက Folk Art ဆုုိတာ ဘာ ? ဆုုိတာကိုု တုုိက်ရုုိက်အဓိပယ်တွေ လျောက်ဖွင့်နေမယ့်အစား Folk Art တွေကုုိ သွားကြည့်ပြီး ဘာလဲဆိုုတာ ကိုုယ့်ဘာသာ အဖြေရှာလုုိက်ပါ လိုု့ပြောတာပါ။ သည်တော့ Folk Art တွေကုုိ သွားကြည့်လုုိက်တော့ ဘာတွေ တွေ့သလဲတဲ့။ ဟုုတ်ပါတယ် Folk Art ဆုုိတာ “လူတွေလုုပ်ထားခဲ့တဲ့ ပစ္စည်းတွေပါ။ လူတွေက ဖန်တီးထားခဲ့တဲ့အရာတွေပါ။ ဒါတွေဟာ လူတွေအတွက် ဖြစ်ပါတယ်“ ဆုုိိတဲ့ ဒီမုုိကရေစီဆုုိတာဘာလဲလုုိ့ အဓိပယ်ဖွင့်တဲ့စာကြောင်းတွေလိုု အဓိပ္ပါယ်တွေ တန်းစီ ထွက်လာပါတယ်။ (Of the people, by the people, for the people.)
Folk Art ဆုုိတဲ့အတွက် Folk Artist – Folk Art ကုုိဖန်တီးသူ ဆုုိတာ ရှိလာတယ်။ သူ့ရဲ့ကိုုယ်ပုုိင် အမြင်တွေနဲ့ သူ့ရဲ့ ကိုုယ်ပုုိင်စကြဝဌာနဲ့ သူ့ကုုိယ်ပုုိင်ဖန်တီးထားတဲ့ ကမ္ဘာဖြစ်ပါတယ်။ သည်တော့ သစ်သားတွေကုုိ ထွင်းထုုတဲ့သူကပြောတယ် – “ကျွန်တော့်အလုုပ်က စိတ်ကူးနဲ့ တည်ဆောက်ထားတာဖြစ်ပါတယ်“ တဲ့။ သူက ဒါကုုိ အနုုပညာလုုိ့ ဆုုိလုုိက်ရင် သူလုုပ်ထားတာတွေအားလုုံးကုုိ Fork Art တွေလုုိ့ခေါ်ရမှာပေါ့။
Folk ကုုိတုုိက်ရုုိက်ပြန်ရင် လူ လုုိ့ပဲ ဆုုိရမှာပေါ့။ သုုိ့သော် people လုုိ့မခေါ်ထားတဲ့အတွက် people လောက်တော့ မကျယ်ပြန့်ပါဘူး။ ဆောင်းပါးရေးတဲ့သူကတော့ သူ့အဓိပယ်ကုုိ မဖွင့်ခုုိင်းပါဘူူး။ Folk Art တွေကုုိ သွားကြည့်ပြီးကိုုယ့်ဘာသာ ဘာဆုုိတာကိုု သိအောင်လုုပ် လုုိ့ဆုုိထားတာပါ။ သုုိ့သော်လည်း သူ့စကားနားမထောင်ပဲနဲ့ အဓိပ္ပါယ်ဖွင့်ကြည့် ကြတာပေါ့။ art ကတော့ အခုုဆောင်းပါးနဲ့ ကိုုက်ညီအောင် အနုုပညာလုုိ့ပဲ ဆုုိကြရအောင်။ သည်တော့ လူတွေဖန်တီးထားတဲ့ အနုုပညာ လုုိ့ပဲအကြမ်းအားဖြင့် ပြောရမယ်ထင်ပါတယ်။ သူ့ဆောင်းပါး တစ်ခုုလုုံးမှာတော့ Folk Art အကြောင်းတွေကုုိ ဝေဝေဆာဆာ ရေးထားရုုံမက Folk Art တွေကုုိ စုုဆောင်းတဲ့သူ နဲ့ Fork Art တွေကုုိ ပုုံများနဲ့ ရှင်းပြထားတာပါ။ သည်တော့ ဆောင်းပါးဆုုံးသွားရင်တော့ စာဖတ်သူက သူ့ဘာသာသူ သဘောပေါက်သွားနိုု်င်ပါတယ်။ လူတွေ ဖန်တီးထားခဲ့တဲ့ အရာတွေအဖြစ် Folk Art တွေကုုိ ပုုံဖော်လုုိက်ရင် အရာရာဟာ အဆုုံးမရှိတော့ပါဘူး။ ဒါပေမယ့် Folk Art ဆုုိပြီး လူဖန်တီးတဲ့ အရာတုုိင်း ကုုိ Fork Art လုုိ့တော့ မခေါ်ပါဘူးတဲ့။
– ၁၉၆ဝခုုနှစ် ပတ်ဝန်းကျင်လောက်က ပုုလင်းဗူးအဖုုံးခွံတွေနဲ့ တိရိစာန်ရုုပ်ပုုံတွေကုုိ အမည်မသိလူတစ်ယောက်က လုုပ်ခဲ့ပါတယ်တဲ့။ သူ့ကုုိ အနုုပညာသည် လုုိ့ခေါ်ပါတယ်။ သူဟာ အမည်မသိ Folk Artist တစ်ယောက် ဖြစ်ပါတယ်တဲ့။
– ၁၉၃ဝခုုနှစ်လောက်က အမေရိကန်နုုိင်ငံသား တစ်ယောက်က မစ်ကီမောက်စ် ပုုံကိုု သစ်သား၊ ငှက်မွေးတွေနဲ့ ထုုလုုပ်ခဲ့ပါတယ်တဲ့။ ဒါဟာ Folk Art တစ်ခုုဖြစ်ပါတယ်တဲ့။
– ၁၉၇၄ခုုနှစ်မှာ မီချီကန်သားတစ်ယောက်က ၇ ပေမြင့်တဲ့ အမေရိကန်သမတ ဂျယ်ရယ်ဖိုု့ပုုံကုုိ ထုုခဲ့ပါတယ်တဲ့။ သူဟာလည်း Folk Artist ဖြစ်ပါတယ်တဲ့။
-လက်နဲ့လုုပ်တဲ့ ဒုုတ်ချောင်းပုုံ ကြိမ်လုုံးတွေ၊ အိမ်သုုံးပစ္စည်းတွေ၊ တက်တူးဒီဇုုိင်းတွေ၊ ငှက်ပုုံဖော်ထားတဲ့ ဒလက်တွေ၊ တူရိယာတွေ၊ လေဒဟပ်တွေ၊ ဘင်ဂျိူဒီဇုုိင်းတွေဟာ Folk Art တွေပဲဖြစ်ပါတယ်တဲ့။ ၁ရရာစုုတုုန်းကရှိခဲ့တဲ့ သစ်သားပေါ်မှာ ထွငး်ခဲ့တဲ့ ပြက္ခဒိန်ဟာလည်း Folk Art ဖြစ်ပါတယ်တဲ့။ ချီကာဂုုိက လင်ကွန်းပန်းခြံက နံရံတစ်ခုုပေါ် ရေးဆွဲထားတဲ့ Folk Art နံရံ တစ်ခုု ရှိပါတယ်တဲ့။ သွားကြည့်လုုိ့ရပါတယ်တဲ့။ ဘယ်တုုန်းက ဘယ်သူက ဘာအတွက် ဘာကြောင့် ဘာပစ္စည်းတွေနဲ့လုုပ်တယ် ဆုုိတာတွေကတော့ သုုတေသနလုုပ်မှ ဖြစ်မှာဖြစ်ပါတယ်တဲ့။
သည်တော့ Folk Art ဆုုိတာ ဒါကုုိ ကြည့်တဲ့သူရဲ့ မျက်စိထဲမှာ အလှအပတစ်ခုုလုုိ ခံစားမိနုုိင်ပါတယ်။ တချိူ့သော သူတွေကတော့ ၁၈၇၅ ခုုနှစ်လောက်ကတည်းက Folk Art ဆုုိတာ အမေရိကမှာ ရှိနေခဲ့တာဖြစ်ပြီး သိပ်ကုုိ လေးစားမြတ်နုုိးဖွယ်ဖြစ်ပါတယ်လိုု့ ဆုုိကြပါတယ််။ ဒါ့အပြင် Folk Art ပရိသတ်တွေကလည်း အဲဒီကတည်းက ရှိနေကြပြီး ယနေ့ခေတ်အခေါ် fan(ပရိသတ်) တွေကနေ ဆုုတွေဘာတွေတောင် ပေးခဲ့ကြတယ်လုုိ့ဆိုုပါတယ်။ သူတုုိ့ကပြောတာတော့ Folk Artist တွေဟာ သင်ကြားပေးသူ လေ့ကျင့်ပေးသူ ဆရာသမားမရှိပဲ သူ့ဘာသာသူ ကုုိယ်ပုုိင်စတုုိင်နဲ့တီထွင်ဆန်းသစ်ကြသူတွေ၊ အနုုပညာသမုုိင်းတစ်ခုုကိုု ရေးခဲ့ကြတဲ့သူတွေလုုိ့ သတ်မှတ်ခြင်းခံ ကြရသူတွေ ဖြစ်ကြပါတယ်တဲ့။ အမေရိကမှာ Folk Artist တွေ အယောက် ၇၀ လောက်ရှိပါတယ်။ ဒါ့အပြင် ရှေးခေတ်က Folk Artist တွေကုုိ လေးစားပြီး သူတုုူိ့အနုုပညာကုုိ စိတ်ဝင်တစားရှိတဲ့သူတွေထဲမှာ နံမယ်ကျော် ပန်းချီဆရာ ပီကာဆုုိ ပါပါတယ်။ သူက အာဖရိက ကရုုိးရာရုုပ်တုုတွေနဲ့ မျက်နှာဖုုံးတွေကုုိ အထူး လေ့လာခဲ့သူ ဖြစ်ပါတယ်။

သုုိ့ပေမယ့် တချိူ့သော သူတွေကတော့ အဲသည်လိုုဖန်တီးမူတွေကုုိ ရှာဖွေစုုဆောင်း ကြသူတွေကုုိ သူတိုု့မှာ ထူးခြားတဲ့ အတွေးတွေရှိပြီး တန်ဖိုုးထားတတ်တဲ့ အသိတွေရှိကြတယ်လုုိ့ သတ်မှတ်ကြပါတယ်။ အဲသည်ထဲမှာ တစ်ယောက်ကတော့ ဟားဘတ် ၀ိတ်ဒ် ဟန်ဖီးလ် ဂျူနီယာ (Herbert Waide Hemphill Jr) ဖြစ်ပါတယ်။ သူစုုဆောငး်ထားတဲ့ Folk Art တွေကုုိ ၀ါရှင်တန်က အမေရိကန်အနုုပညာဆုုိင်ရာ စမစ်ဆုုိနီယမ် အမျိူးသားပြတုုိက် (Smithsonian Institution’s National Museum) မှာ ပြခန်းတောင် ဖွင့်လှစ်ပြသခဲ့တယ် ဆုုိပဲ။ ၁၉၇၆ခုုနှစ်ကတည်းက သူ့ဆီက စုုဆောင်းထားတာတွေကုုိ ပြတုုိက်က ရယူလာခဲ့တာ ၄၂ရခုုလောက်ရှိပါပြီ။ ပြတုုိက်မှာ ပြသဖုုိ့ဆုုိရင် အဲသည်လောက် အရေအတွက်ကတော့ အနည်းဆုုံးရှိရမှာ ဖြစ်ပါတယ်။ (ဆောင်းပါးရဲ့ခုုနှစ် ၁၉၉၁ အရ သူ့ရဲ့ ပြခန်းကုုိ အဲသည်ခုုနှစ်မှာ ဖွင့်လစ်ပြသခဲ့တယ်လိုု့ ခန့်မှန်းပါတယ်။)
သူ ၁၉၅ဝခုုနှစ်ကနေ ၁၉၆ဝခုုနှစ်ကြား စုုဆောင်းလာခဲ့တဲ့ ပစ္စည်းတွေက ဘာတွေများလဲလုုိ့ ကြည့်လုုိက်တော့ လေတုုိက်ရင် လည်တဲ့ အရုုပ်ကလေးတွေ၊ ပင်အပ်လေးတွေနဲ့ လုုပ်ထားတဲ့ အဆင်တန်ဆာတွေ၊ ပန်းချီကားတွေ၊ ဒုုတ်ကောက်တွေ၊ လေဒဟပ်လေးတွေ၊ စီးကရက်ဘူးခွံတွေနဲ့ လုုပ်ထားတဲ့ ပုုံစံမျိူးစုုံပစ္စညး်တွေ စသဖြင့်စသဖြင့် ဖြစ်ပါတယ်။ ဒါတွေက Folk Art တွေပါပဲ။ ဆုုိလုုိတာက ဘယ်သူမှန်းမသိ၊ အမည်မသိတဲ့ သူတွေက သူတုုိ့စိတ်တုုိင်းကျ ဖန်တီးထားခဲ့တဲ့ အနုုပညာပစ္စည်းတွေဖြစ်တယ်။ သူတုုိ့ဟာ အမည်မသိ Folk Artist တွေဖြစ်တယ်။
သည်တော့ Folk Artနဲ့ ဒါတွေကုုိ စုုဆောင်းသူတွေနဲ့ ဆက်သွယ်မူဟာ ၁၉ ၃၀ နဲ့ ၁၉ ၄၀ ခုုနှစ် တွေကြားကတည်းက စတင်ခဲ့ကြတယ်လုုိ့ဆုုိတယ်။ “ဟန်းဖီးလ်ဟာ ၂ဝရာစုု Folk Art ကုုိ ကြိုုးစားဖော်ထုုတ်ဖိုု့ ကြိုုးစားတာမဟုုတ်ပါဘူး။ သူက အရင်ကရှိခဲ့ပြီးသား အနုုပညာရပ်တစ်ခုုရဲ့ ဖြစ်တည်မူကုုိ ပြသခြင်းသာ ဖြစ်ပါတယ်“ လုုိ့ပြတုုိက်ကတာဝန်ရှိသူတစ်ဦးဖြစ်တဲ့ လင်ဒါ ရုုိစကုုိ ဟာတီဂန် (Lynda Roscoe Hartigan) ပြောပါတယ်။ ဟန်းဖီးလ်က ဒီ Folk Art တွေနဲ့ ပတ်သက်လုုိ့ စကားရည်လုုဖုုိ့လည်း စိတ်ကူးမရှိပါဘူး။ စိတ်မဝင်စားဘူး။ သူကလူတွေကြားမှာ ရှိခဲ့တဲ့ အနုုပညာတည်ဆောက်မူတစ်ခုုကိုု စုုဆောင်းပြီး လူထုုရှေ့ချပြခဲ့တာပါ။ ဟုုိးတုုန်းကလူတွေက သည်လုုိပစ္စည်းလေးတွေ လုုပ်ခဲ့ကြတယ် – ဒါပဲ – အဲဒါသူပြောချင်တာပါ။
ပြတုုိက်ကုုိ မဖွင့်ပြခင်မှာ တာဝန်ရှိသူဖြစ်တဲ့ ဟာတီဂန်က ပြပွဲလာကြည့်မယ့်သူတွေဟာ ၁၉ ရာစုု Folk Art တွေကုုိ ကြည့်ရင်းနဲ့ Folk Art ရုုိးရာယဉ်ကျေးမူတစ်ခုုကိုု မတွေ့မမြင်ကြပဲ တလွဲအမြင်စောင်းသွားမှာကုုိ စုုိးရိမ်လုုိ့ ကြိုတင်သတိပေးထားပါတယ်။ သိပ်ပြီး မျော်လင့်မထားဖုုိ့။ စိတ်ရှင်းရှင်းနဲ့ ကြည့်ကြဖိုု့ စသဖြင့် စသဖြင့်။ (ပစ္စည်းအစုုတ်ပလုုပ်တွေ ပြထားတာ လုုိ့အထင်ခံရမှာကိုု စုုိးရိမ်ပုုံပါပဲ။)
နယူးဂျာဆီမှာ မွေးဖွားသူ ဟန်းဖီးလ်က သူငယ်စဉ်ကတည်းက ခရုုခွံနဲ့လုုပ်တဲ့ ပစ္စည်းလေးတွေ၊ အရောင်ချယ်ထားတဲ့ ခရုုခွံလေးတွေ၊ ပုုိ့စကပ်တွေ၊ တံဆိပ်ခေါင်းနဲ့ ပိုုက်ဆံအကြွေတွေကုုိ စုုဆောင်းတာ ၀ါသနာပါခဲ့တယ်။ ဒါ့အပြင် ဖန်နဲ့လုုပ်ထားတဲ့ အရုုပ်လေးတွေ၊ ဖန်ထည်ပစ္စညး်တွေကုုိလည်း စုုဆောင်းရတာ သဘောကျတယ်။ သူကျောင်းသားဘဝမှာ သူ့စိတ်ဝင်စားမူက အနုုပညာနဲ့ စာပေဆီကုုိ ရောက်သွားတယ်။၁၉၄၉ ခုုနှစ်မှာ နယူးယောက်မှာ အခြေချတယ်။ သူပုုံမှန်သွားတဲ့နေရာက ပြတုုိက်တွေ ဖြစ်တယ်။ အာဖရိကတုုိက်က မျက်နှာဖုုံးစွပ်တွေ၊ အလှအပအဆင်တန်ဆာတွေကုုိ စုုဆောင်းတယ်။ ၁၉၅၆ခုုနှစ်မှာ သူ့ငယ်စဉ်တုုန်းက စိတ်ဝင်စားခဲ့တာတွေကုုိ ပြန်သတိရပြီး သူလျောက်ရမယ့်လမ်းဟာ သည်လုုိ ပစ္စညး်တွေကုုိ စုုဆောင်းတာပဲဆုုိတာ သဘောပေါက်လာတယ်။
၁၉၈၁ခုုနှစ်မှာ ဟန်းဖီလ်းက သူ့လုုိပဲ ပစ္စည်းတွေ စုုဆောင်းသူမိတ်ဆွေတစ်ယောက်ကုုိ ပြောခဲ့တာတော့ “လူတွေက ဦးထုုတ်အသစ်လေးတစ်လုုံး၊ အကျီအသစ်တစ်ထည် ဝယ်ဖုုိ့အမြဲလုုိအပ်နေတာပဲ မဟုုတ်လား။ ကျွန်တော်လည်း အဲသည်လုုိ ပါပဲ။ အဲသည်စိတ်ကလေးက အသစ်အသစ်သော အရာတွေကုုိ ရှာဖွေချင်တဲ့စိတ် ဖြစ်လာတာလိုု့ ထင်တာပဲ။ “ (ဒီနေရာမှာ သူဆုုိလုုိတဲ့ အသစ်အသစ်သောအရာတွေ ဆုုိတာ ခေတ်ပေါ်ပစ္စည်းတွေ၊ ခေတ်မှီတဲ့ အရာတွေကိုုပြောတာ မဟုုတ်ပါဘူူး။ ဟုုိးရှေးတုုန်းကနှစ်တွေမှာ ရှေးလူတွေ လုုပ်ခဲ့ကြတဲ့ သူ မတွေ့မမြင်ဘူူးသေးတဲ့ Folk Art တွေကုုိ ဆုုိလုုိတာပါ။ ပစ္စည်းအဟောင်းတွေ ဆုုိပေမယ့် သူ့အတွက်တော့ အသစ်အဆန်းပေါ့။)
ပြတုုိက်ကိုုလာကြည့်တဲ့သူတွေထဲက တစ်ယောက်ကတော့ ဟန်းဖီးလ်ကုုိ အခုုလုုိ မေးခွန်းထုုတ်တယ်။ “ဒါတွေအားလုုံးက ခင်ဗျားအပုုိင်လား ဒါမှမဟုုတ် သူများဆီက ငှားထားတာတွေလား။“တဲ့။

ဟန်းဖီးလ် ကအမေရိကန်ပြည်ထောင်စုု တခွင် သွားရောက်ကာ ဒီလုုိပစ္စညး်လေးတွေ စုုဆောင်းခဲ့တာပါ။ ဟာတီဂန်က “Folk Art တွေဟာ လူတွေဖန်တီးထားတာဖြစ်တယ်။ စွန့်ပစ်ခဲ့တာတွေ မဟုုတ်ဘူး။ စိတ်ကူးညဏ်ကွန့်မြူးပြီး တီထွင်ကြံဆပြီး ပစ္စည်းလေးတွေလုုပ်ပြီး ကျေကျေနပ်နပ်နဲ့ သည်အတုုိင်း ထားခဲ့ကြတာတွေပါ။ တစ်ခုုဆီမှာ အဓိပယ်တွေ ရှိနေတယ်။ သတိူုု့ပြောချင်တဲ့စကားတွေ ကြားနုုိ်င်တယ်။ သူတုုိ့ဖြတ်သန်းခဲ့တဲ့ ဘဝတွေ သမုုိင်းတွေ စီးဝင်နေတယ်။ သူတိုု့ ပေါ်ပြူလာဖြစ်အောင် လုုပ်ခဲ့တာတွေ မဟုုတ်ပါဘူး၊ ကြည့်လေ သူတုုိ့နံမယ်တွေတောင် ထုုိးမသွားဘူး။“ လုုိ့ Folk Artတွေနဲ့ ပတ်သက်လုုိ့ သူ့အမြင်ကိုု ပြောခဲ့ပါတယ်။ ဥပမာ ဟန်းဖီးလ် စုုဆောင်းထားတဲ့အထဲက အမည်မသိပန်းချီဆရာရဲ့ “သမင်နဲ့ကျောက်တုုံးဆီက ပဲ့တင်သံ“ လုုိ့အမည်ပေးထားတဲ့ ပန်းချီကားကုုိ ကြည့်လုုိက်ပါ။ “ပန်းချီထဲမှာ သမင်ကြီးတစ်ကောင်က ပန်းချီကားရဲ့အလယ်လောက်မှာ ရှိတယ်။ ပန်းချီကားရဲ့အစွန်မှာ မြင်း၂ကောင်ရဲ့ဦးခေါင်းကုုိ ရေးဆွဲထားတယ်။ ကားချပ်ရေးသူက ပန်းချီကားကြည့်သူရဲ့ အာရုုံကုုိ နောက်ခံက စီးကျလာတဲ့ နှင်းတွေနဲ့ ကျောက်တုုံးတွေဆီက အသံကုုိ ကြားသွားအောင် ဆွဲယူလုုိက်တယ်လုုိ့ ဆုုိချင်ပါတယ်။ အခုုအဲသည်ပန်းချီကားကုုိ ပြတုုိက်မှာ ချိတ်ထားတယ်။ သည်ပန်းချီကားဟာ ရှေးလက်ရာတစ်ခုုကိုု ပြသနေတယ်လုုိ့ ကောက်ချက်ချချင်ပါတယ်။“
ပန်းချီကားကုုိ ၁၈၅ဝခုုနှစ်နောက်ပိုု်ငး်လောက်က လုုိ့ မှန်းဆပြီး ရော့ကာဖယ်လာ ဖုဒ်အာ့ စင်တာ (Rockerfeller Fork Art Centre) အတွက် ပြတုုိက်တင်ဖိုု့ ပုုိ့ခဲ့သောလည်း အဲသည်ပန်းချီကားဟာ မှန်းထားတဲ့ ခုုနှစ်ကုုိ အကြောင်းပြပြီး အပယ်ခံခဲ့ရဘူးတယ်။ ဒါပေမယ့် ဟန်းဖီးလ်က တော့ ခုုနှစ်တွေကုုိ ဂရုုမစုုိက်ပါဘူး။ ဟာတီဂန်က ပြောရာမှာ “ဟန်းဖီးလ်က ဒီပန်းချီကားကိုု နှစ်သက်တယ်။ ပန်းချီကားရဲ့ ရှူပ်ထွေးတဲ့ ရေးဆွဲမူနဲ့ စုုတ်ချက်တွေဟာ သူ့ရင်ကိုုလာထိတယ်။ သူ့စိတ်ထဲမှာ အဲသည်ခုုနှစ် ကာလလောက်က ဖြစ်မယ်လုုိ့ ယူဆတယ်။ အဲဒါပါပဲ။“ အဲသည် စင်တာက ယနေ့လက်ရှိ (၁၉၉၁ခုုနှစ် ဖြစ်ပါလိမ့်မည်) ဒါရုုိက်တာ တစ်ဦးကတော့ အဲသည်ကားချပ်ကုုိ အသိအမှတ်ပြုထားပါတယ်။ သူကတော့ “လွတ်သွားတဲ့ငါးတစ်ကောင်“ လိုု့အမည်ပေးခဲ့ပါတယ်။ အဲသည် “ငါးတစ်ကောင်“ က ပြတုုိက်တွေမှာ ဟန်းဖီးလ်ရဲ့ ရတနာတစ်ပါးလုုိ တန်ဖုုိးထား ပြသခြင်းခံခဲ့ရပါတယ်။ Fork Art တွေကုုိ ပညာတတ်တွေ၊ ပစ္စည်းစုုဆောင်းသူတွေနဲ့ လူထုုကြား ဆက်သွယ်မူတစ်ခုုအဖြစ် ဖြစ်လာဖုုိ့ကုုိ ပြတုုိက်တာဝန်ခံ ဟာတီဂန်က မျော်လင့်ထားပါတယ်။
ပြတုုိက်ကုုိ တာဝန်ခံပြသသူတွေက လာကြည့်တဲ့ ပရိသတ်တွေ၊ ၀ါသနာပါသူတွေဟာ စိတ်ဝင်တစားနဲ့ ဆွေးနွေးလာမယ်၊ တစ်ယောက်အမြင်ချင်း ဖလှယ်မယ်။ သည်လုုိနဲ့ Fork Art ဆုုိတဲ့ ခေါင်းစဉ်ဟာ ပြတုုိက်အတွက် သင့်တော်တဲ့ အစိတ်အပုုိင်းတစ်ခုုအဖြစ် လက်ခံလာမယ် ဆုုိပြီး ယူဆထားပါတယ်။
ပြတုုိက်မှာ တင်ထားတဲ့ပန်းချီကားတစ်ခုုဆုုိရင် ရောင်စုုံခဲတံနဲ့ စာရွက်ပေါ် ရေးဆွဲထားတာပါ။ လူ၂ယောက်ပုုံ (ထုုံးထားတဲ့ ဆံတုုံးကုုိ ကြည့်ပြီး အမျိူးသမီး၂ယောက်လုုိ့ ယူဆပါတယ်။) က တစ်ယောက်နဲ့ တစ်ယောက် ကျောခုုိင်းပြီး လက်ဟန်ခြေဟန်ပြနေပုုံပါ။ သူတုုိ့ရှေ့မှာ အမြှီးရှည်ရှည်နဲ့ ကြောင်ကလေးတစ်ကောင်ကလည်း သူတုုိ့လုုိ လုုိက်လုုပ်နေပါတယ်။ ရေးဆွဲမူဒီဇုုိင်းနဲ့ ပုုံပန်းသဏာန်ကုုိကြည့်ပြီး ၁၉၄၀ ခုုနှစ်လုုိ့ တပ်ထားပါတယ်။ အဲသည်ပန်းချီကားကုုိ အခုုပဲ (၁၉၉၁ခုုနှစ်ကုုိ ဆုုိလုုိပုုံရပါတယ်) စမစ်သုုိနီယမ် ပြတုုိက်ကိုု လာလှူသွားတာပါ။
လွန်ခဲ့တဲ့နှစ်တွေတုုန်းကတော့ ဟာတီဂန်နဲ့ သူမရဲ့အဖွဲ့သားတွေဟာ ဟန်းဖီးလ်ရဲ့ စုုဆောင်းထားသမျှ တွေကုုိ ဂရုုတစုုိက် လေ့လာစောင့်ကြည့်ခဲ့ကြတယ်။ ဒီပစ္စည်းတွေတစ်ခုုချင်းကုုိ ကြည့်ပြီး ဒါကတော့ ဘာနဲ့လုုပ်ထားတယ်၊ အသုုံးပြုထားတဲ့ ပစ္စညး်တွေက ဘာတွေလဲ၊ ဒါကုုိ ဘယ်ကရနုုိင်သလဲ၊ ဘယ်တုုန်းက အရာတွေဖြစ်နုုိင်တယ်၊ ဘယ်လုုိလူတန်းစားတွေက လုုပ်ခဲ့တာ ဖြစ်မလဲ၊ သူတုုိ့က ဘယ်လုုိအကြောင်းပြချက်တွေနဲ့လုုပ်ခဲ့တာလဲ၊ ဥပမာ- သံဗူးလေးတွေနဲ့လုုပ်တဲ့ အရုုပ်ကလေးတစ်ရုုပ်ကုုိ ဝတ်ဆင်ပေးထားတဲ့အကျီလေးတွေ၊ ထုုထွင်းထားတဲ့ မျက်နှာအမူအယာ၊ ဆောင်းထားတဲ့ ဦးထုုပ်၊ ကိုုင်ထားတဲ့ ဘင်ဂျိူလုုိ အတီးအမှူတ်လေးတွေ၊ သူ့ရဲ့ဆံပင်ပုုံစံ အစရှိသဖြင့်ကုုိ သုုတေသနလုုပ် လေ့လာကြပါတယ်။ ဒီလုုိလေ့လာဆန်းသစ်ပြီးမှ သည် Folk Art ဟာ ဘယ်နှစ်ခုုနှစ်လောက်က ဖြစ်နုုိင်တယ် ဆုုိပြီး အဖြေထုုတ်ကြရပါတယ်။
အမည်မသိတွေအပြင် တချိူ့သော အမည်သိပညာရှင် တွေရဲ့လက်ရာတွေလည်း ပါပါတယ်။ ဥပမာ ၁၉ရဝခုုနှစ်လောက်က စတီဗင် အက်ရှ်ဘီ (Steven Ashbly) လုုပ်ခဲ့တဲ့ သစ်သားပေါ်မှာ ဆေးရောင်စုုံ ရေးဆွဲထားတဲ့ ပန်းချီလက်ရာမျိူးဖြစ်ပါတယ်။ အမျိူးသမီးတစ်ဦးရဲ့ ဦးခေါင်းနဲ့ ကုုိယ်ခန္တာကုုိ ရေပေါ်ထုုိးတဲ့ ကရိယာနဲ့ သစ်သားပေါ် လုုပ်ထားတာလုုိ့မှန်းဆရပါတယ်။ အမျိူးသမီးလေးက ဦးထုုတ်နီလေးဆောင်းထားတယ်။ အဝတ်အစားက အဖြူရည်ရောင် မပေါ့်တပေါ် အောက်ခံ သစ်သားခြစ်ရာများနဲ့ ကိုုယ်လုုံးကိုု ပုုံဖော်ထားတာပါ။ ဓါးသွားတွေ၊ ရေပေါ်ထုုိးတာတွေ၊ အဝတ်စ၊ နုုိင်လွန်အစနဲ့ သစ်သားအစင်းရာတွေနဲ့ “ခေါင်းငြိမ့်နေတဲ့ အမျိူးသမီးလေး“ (Nodding Woman) လိုု့အမည်ပေးထားပါသတဲ့။
ဟာတီဂန်က ပြောရာမှာ “အဲဒီလက်ရာကုုိ လူတချိူ့က သဘောမကျကြဘူး။ အဲဒါကုုိ ကြည့်ပြီး – ဒါအမှိူက်ပဲ – လိုု့ပြောကြပါတယ်။ ဘာပဲဖြစ်ဖြစ်ပေါ့လေ။ အဲသည်လုုိအရာကိုု ပြသသူတွေက တန်ဖုုိးထားကြတယ် ဆုုိတော့ ပြီးတာပါပဲ။ တချိူ့သော ကုုိယ့်ဘာသာကုုိယ် တီထွင်ကြံဆသူတွေက တဆင့်တဖန်ပြန်သုုံးလုုိ့ရတဲ့ ပစ္စည်းလေးတွေ လုုပ်ကြပြီး ဖန်တီးယူတတ်ကြသူတွေဟာလည်း တချိန်ကျရင် Fork Art တွေအဖြစ် တန်ဖိုုးထားစရာတွေ ဖြစ်လာလိမ့်မယ်လိုု့ ဘယ်သူပြောမလဲ။” (ဥပမာ – မြန်မာပြည်မှာလည်း လက်မူပညာသည်တွေက သုုံးပြီးသား ပစ္စည်းတွေဖြစ်တဲ့ သံဗူးတွေ၊ ကျွတ်ကျွတ်အိတ်တွေ၊ ပုုိက်တံလေးတွေ၊ တူကလေးတွေ၊ ဗူးခွံတွေနဲ့ တချိူ့တွေ အလှအပပစ္စည်းတွေ လုုပ်ကြတယ်လေ။ ပိုုက်ဆံအိတ်ကလေးတွေ၊ အရုုပ်တွေ၊ ဂျိတ်တွေ၊ ကလစ်လေးတွေ၊ လက်ကုုိင်အိတ်တွေ၊ လက်စွပ်လက်ကောက်ဆွဲကြိုး၊ နားကပ်တွေ၊ ကြယ်သီးလေးတွေ လှလှပပ နဲ့ ထွက်လာတဲ့ လက်မူထည် ပစ္စည်းတွေဟာလည်း Folk Art တွေပါပဲ။)
ဟန်းဖီးလ် ဟာ ၁၉၂၉ ခုုနှစ်မှာ မွေးဖွားခဲ့ကာ အသက်၆၉ နှစ်အရွယ်မှာ နလုုံးရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။ “ဟန်းဖီးလ်ကြောင့်သာလျှင် Fork Art တွေဆိုုတာ ဘာလဲဆုုိတဲ့သဘောတရားကိုု လူတွေသိလာတာဖြစ်ပါတယ်။ အမေရိကသားတွေအတွက် သူ့ကုုိ အကြီးအကျယ် ဂုုဏ်ပြုလောက်ပါတယ်“ လုုိ့ နယူးယောက်စီးတီးက American Fork Art ပြတုုိက်က ဒါရုုိက်တာ ဂဲရက် စီဝါကင် ကပြောပါတယ်။
သူကုုိ ၃၆ဝဒီဂရီအမြင်ပုုိင်ရှင် လိုု့ အမည်ပေးကြတယ်။ သူက သူ့ပတ်ပတ်လည်က ရှေးဟောင်းပစ္စည်းအရောင်းဆုုိင်တွေ၊ လမ်းဘေးစျေးတွေကုုိ သွားတယ်။ ထူးဆန်းတဲ့ အသွင်အပြင်နဲ့ အရာဝတ္တုတွေကုုိ ရှာဖွေတယ်။ သာမန်မဟုုတ်တဲ့ လက်လုုပ်ပစ္စည်းလေးတွေကုုိ ဂရုုတစုုိက်လေ့လာတယ်။ အဲသည်လုုိ ပစ္စည်းလေးတွေ ဝယ်ယူစုုဆောင်းထားတာ အရေအတွက် ၃၀၀၀ တောင် ရှိလာပြီးတဲ့နောက် ပြတုုိက်တွေနဲ့ ဆက်သွယ်ပြသဖြစ်ခဲ့တာ ဖြစ်ပါတယ်။
အမေရိကန် Fork Artပြတုုိက်ရဲ့ မှတ်ချက်ကိုု ကုုိးကားရရင် “သူဟာ ကော်မတီထဲက တက်ကြွတဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်တယ်။ ပြတုုိက်ကုုိ ရောက်လာတဲ့ Folk Art တွေကုုိလည်း ဂရုုတစုုိက် ကြိုဆုုိတယ်။ ပြီးတော့ သူ့ဆီက အမြဲကြားရလေ့ရှိတဲ့စကားတစ်ခွန်းရှိတယ်။ သူ့ရှေ့ရောက်လာတဲ့၊ သူ့ကုုိ လာပြတဲ့ Fork Art တွေကုုိ တွေ့တုုိင်း သူက – ကျွန်တော့်အိမ်မှာ အဲသည်လုုိပစ္စည်းလေးရှိတယ်ဗျ၊ ကျွန်တော်ယူလာပြဦးမယ် – တဲ့။“

ဂျူနီယာဝင်း
(၁၉၉၁ ခုုနှစ် မေလ ထုုတ် American Weekly Newsletter မှ ဒေးဗစ် အမ် မက်စ်ဖီးလ် (David M.Maxfield) ၏ The Unexpected is Found in an Intrepid folk Art Collection ကုုိ မှီငြမ်းဘာသာပြန်ဆုုိကာ Robert Smith Herbert ၏ Waide Hemphill Jr., Folk Art Collector, Dies at 69 (May 13, 1998) နှင့် Steve Ashby ၏ Renwick Gallery, နှင့် Wiki Folk Art မှ အချက်အလက်များကုုိ စုုပေါင်းရေးသားခဲ့တာ ဖြစ်ပါသည်။)

ေဒါက်တာခင်မောင်ဝင်း (သချင်္ာ) – ကမ္ဘာ မကျော်သော အဆိုအမိန့်များ

ဒါက်တာခင်မောင်ဝင်း (သချင်္ာ) – ကမ္ဘာ မကျော်သော အဆိုအမိန့်များ
(အတွေးအမြင်မဂ္ဂဇင်း၊ ရန်ကုန်) မိုးမခ၊ ဖေဖော်ဝါရီ ၂၊ ၂၀၁၈
ဤဆောင်းပါးတွင် ခေါင်းစဉ်တပ်ထားသည့်အတိုင်း ကမ္ဘာမကျော်သော အဆိုအမိန့် များကို ရေးမည်ဖြစ်ပါသည်။ စာရေးသူကသာ မှတ်တမ်းတင်ရေးသားပြီး အတွေးအမြင် မဂ္ဂဇင်းကသာ ထည့်မပေးလျှင် ဘယ်သူမှ မသိဘဲ ပျောက်ကွယ်သွားမည် ဖြစ်ပါသည်။ ယခုလည်း ပျောက်ကွယ် မသွားဟုအာမ မခံနိုင်ပါ။
ယခု ကျွန်တော့ ဖခင်ဦးခင်မောင်လတ်ပြောသောအဆိုတခုဖြင့်စပါမည်။ ဤအဆိုအမိန့် ဖြစ်လာပုံအဖြစ်အပျက်ကလေးနဲ့ချင်ပါသည်။ တစ်ချိန်က Art for People’s Sake (အနုပညာသည် ပြည်သူ့အတွက်)ဟူသော အဆိုသည် လူတိုင်းပါးစပ်ဖျားတွင် အတော်ခေတ်စားခဲ့ပါသည်။ ဆိုလိုသည်မှာ အစိုးရအကြိုက်ကို လိုက်လံ၍ ပြောသူများ နှုတ်ဖျားတွင် ဖြစ်ပါသည်။
ကျွန်တော်တို့မိသားစုကတော့ မည်သည့်အစိုးရကိုမှ မဖားသောကြာင့် လူတိုင်းဟူသည့်အထဲတွင် မပါခဲ့ပါ။ ထိုအချိန်က ကျွန်တော်၏ဖခင်သည် လုပ်သား (အင်္ဂလိပ်) သတင်းစာတွင် အယ်ဒီတာချုပ်အဖြစ်တာဝန်ထမ်းဆောင်နေသောကြောင့် ထိုအဆိုအမိန့် နှင့် ပတ်သက်၍ တစ်ခုခုပြောရန်
ကိစ္စ ကြုံလာရပါသည်။
ကျွန်တော်အဖေ၏ ရာထူးအရ အစိုးရကိုယ်တိုင်က ဝါဒဖြန့်ထားသောအဆိုအမိန့် ကိုထောက်ခံရန် တာဝန်ရှိပါသည်။အင်္ဂလိပ်သတင်းစာ၏ အယ်ဒီတာချုပ်ဖြစ်သောကြောင့် အင်္ဂလိပ်ဘာသာဖြင့် ဤသို့မေးပါသည်။ဆရာကြီး Art for People’s Sake (အနုပညာသည် ပြည်သူ့အတွက်) ဆိုတာကို မထောက်ခံဘူးလား။ အနုပညာဟာပြည့်သူ့အတွက်မဖြစ်ရင် ဘယ်သူ့ အတွက်ဖြစ်ရမှာလဲ ဟူ၍ မေးပါသည်။
ထိုအခါ ကျွန်တော်အဖေကလည်း အင်္ဂလိပ်ဘာသာဖြင့် ဤသို့ပြန်ဖြေလိုက်ပါသည်။”Yes, I agree that art must be for people’s sake, but remember it must be art, not trash or not just propaganda …” အဓိပ္ပာယ်မှာ အေး..အနုပညာသည် ပြည်သူ့အတွက် ဆိုတာကို ထောက်ခံတာပေါ့။ ဒါပေမဲ့ အနုပညာဆိုတဲ့အတိုင်း အနုပညာဖြစ်ရမယ်။ အမှိုက်သရိုက်ဝါဒဖြန့်ခြင်းသက်သက် မဖြစ်ရဘူး။
ဤအဆိုကိုတော့ ထောက်ခံသူလည်း မရှိပါ။ မည်သူကမှလည်း လိုက်၍မပြောပါ။
နောက်ရေးလိုသော အဆိုအမိန့်မှာ ပစ္စည်းပျောက်ခြင်းနှင့် ပတ်သက်ပါသည်။ အိမ်တိုင်းတွင် ပစ္စည်းပျောက်တတ်သောပြဿနာ၊ ကိုယ်တစ်နေရာတွင် ထားလိုက်သော ပစ္စည်းသည် ထိုနေရာတွင်မရှိတော့သည့်ပြဿနာ ကြုံဖူးလိမ့်မည်ဖြစ်ပါသည်။ ထိုကြောင့် ဤကိစ္စနှင့်ပတ်သက်၍ စာရေးဆရာ ဦးထင်လင်းပြောသောအဆိုကို လူတိုင်းက နားလည်နိုင်လိမ့်မည်ဟု ထင်ပါသည်။
စာရေးဆရာဦးထင်လင်း နှင့် ကျွန်တော့်အဖေ ဦးခင်မောင်လတ်တို့၏ အပြန်အလှန် စကားမှာ ဤသို့ဖြစ်ပါသည်။
ဆရာဦးထင်လင်း- ” ကျွန်တော့စာအုပ်ကလေး ဒီမှာ သေချာထားတာ အခုမရှိတော့ဘူး။  ဘယ်လိုဖြစ်တာလဲ။”
ဦးခင်မောင်လတ်- “ပစ္စည်းဆိုတာ ဒီလိုပဲပေါ့ကွ။ ကိုယ်ထားတဲ့နေရာမှာ ဘယ်အမြဲရှိမှာလဲ။ သူများလည်း ယူသွားနိုင်တာပဲ။”
ဆရာဦးထင်လင်း – “မဟုတ်ပါဘူးကိုလတ်ရာ။ ဟိုအပြင်က ကျောက်တုံးကြီးဆိုရင် ဒီမှာပဲရှိနေတာ ကြာပြီ၊ ဘယ်မှရောက်မသွားပါဘူး။ ဘယ်သူမှလည်း ယူမသွားပါဘူး။”
ဤသည်ကား ဦးထင်လင်း (ကျွန်တော့် အခေါ် ဦးလေးကိုသိန်းမောင်) တို့၏ အပြန်အလှန် စကားများဖြစ်သည်။ ဦးလေးကိုသိန်းမောင်ပြောသော ဟိုနားကကျောက်တုံးကြီးအကြောင်းကို ကျွန်တော်သည် ပစ္စည်းတစ်ခုခု ပျောက်တိုင်းပြောလေ့ရှိပါသည်။ ကျွန်တော့်ဇနီး တက္ကသိုလ်
ရွှေရီဝင်းကလည်း ကျွန်တော့်အဖေပြောသလို ပစ္စည်းဆိုတာ ဒီမှာအမြဲဘယ်ရှိပါ့မလဲ ဟူသောစကားဖြင့် ပြန်ပြောလေ့ ရှိပါသည်။ ကျွန်တော်ကတော့ ဦးလေးကိုသိန်းမောင် ပြောသော ဟိုနားက ကျောက်တုံးကြီး အကြောင်းကို ယနေ့တိုင်မမေ့နိုင်ပါ။
နောက်ပြောလိုသော အကြောင်းတစ်ခု မှာ ကျွန်တော့်သား မောင်ရစ်ပြောသော စကားဖြစ်ပါသည်။ ထိုစကားမှာလည်း ကျွန်တော့်တို့မိသားစုနှင့် အသိုက်အဝန်းတွင် ပြန်ပြောလေ့ရှိပါသည်။ ဖြစ်ပုံက ဒီလိုပါ။
ကျွန်တော့်သားငယ်စဉ်က ကျွန်တော့်ကိုမေးခဲ့ပါသည်။
“ဖေဖေ color blind ကာလာဘလိုင်း ဖြစ်တယ် ဆိုတာ ဘာကိုပြောတာလဲ”
ကျွန်တော်ကဤသို့ ပြန်ဖြေပါသည်။
“ဖေဖေ သိတာကို ပြောရရင် လူတစ်ယောက်ဟာ အရောင်တွေကိုမမြင်ရဘဲ BLACK AND WHITE အဖြူနဲ့ အမည်းကိုပဲ မြင်ရရင် ကာလာဘလိုင်းလို့ ခေါ်တယ်ကွ။ ဥပမာ ပြောရရင်ကွာ မင်းတို့တွေ အဖြူအမည်း ရှပ်ရှင်ကြည့်ရသလိုပေါ့ကွာ။ ရုပ်ရှင်ထဲမှာ မဟုတ်ဘဲ တကယ်ဘဲ အဖြူအမည်း ကိုပဲ မြင်ရတာ ပြောတာ”
မောင်မောင်ဝင်း (မောင်ရစ်)သည် ခေတ္တ စဉ်းစားနေပြီး အခုလိုပြောလိုက်သည်။ “ဒီလိုဆိုရင်
ကျွန်တော်လည်း ကာလာဘလိုင်း ဖြစ်ကြည့်ချင်လိုက်တာ”
နောက်ပြောချင်သောအကြောင်းအရာ တစ်ခုမှာ ကြောင်ကို မီမီ၊ မီမီ ဟုအဘယ်ကြောင့် ခေါ်သည်ဟူသော အကြောင်းဖြစ်ပါသည်။ ပြောသောသူက ကျွန်တော်၏အဘွား (အမေ၏အမေ) ဖြစ်ပါသည်။ ကျွန်တော် ငယ်စဉ် ကလေးဘဝက ကြောင်ကို ဘာကြောင့် မီမီ မီမီ ဟုခေါ်ခြင်းဖြစ်သည့် အကြောင်းကို ကျွန်တော်က အဘွားကို မေး၍ အဘွားက ဖြေတာလား၊ (သို့) အဘွားက ‘မြေးလေး … ကြောင်ကို ဘာလို့ မီမီ မီမီလို့ခေါ်ရင် ကြောင်ကလာတာလဲ သိသလား။ မသိရင်အဖွား ပြောပြမယ်” လို့ စပြောတာလားဟူသည်ကိုတော့ မမှတ်မိတော့ပါ။ အဘွားပြောသောအကြောင်းမှာ ကားဤသို့ဖြစ်ပါသည်။
ကြောင်စကားနဲ့ ငါးကို ‘မိုင်မိုင် လို့ခေါ်တယ်။ ဒီတော့ ကြောင်ကို မီမီ မီမီ လို့ခေါ်လိုက်ရင် သူက မိုင်မိုင် မိုင်မိုင် လို့ ကြားတော့ ငါးစားရတော့မယ်ဆိုပြီး ကြောင်က ပြေးလာတာ”
ပညာရှင်များအနေနဲ့ အဘွားပြောသောစကားတွင် အားနည်းချက်တွေ တွေ့ကြမည်ဖြစ်ပါသည်။ ကျွန်တော့အနေနဲ့တော့ ငယ်စဉ်ကလေးဘဝတုန်းက အဘွားပြောသော စကားကိုယုံပါသည်။ ယခုလည်း အဘွား၏စေတနာနဲ့စကားကို မမေ့နိုင်ပါ။ ယခုဘဲ ကျွန်တော့်ကြောင်တွေ နံနက်စာ စားဖို့အချိန် ရောက်ပြီ။ ခေါ်လိုက်ဦးမယ်။
“မိုင်မိုင် မိုင်မိုင် မီမီ မီမီ….”
နောက်ပြောချင်သောအကြောင်းအရာတစ်ခုမှာ မေမေ ဒေါ်ခင်မျိုးချစ်ပြောသောစကားဖြစ်ပါသည်။ နိုင်ငံကျော် စာရေးဆရာမကြီး ပြောသည့် စကားဆိုတော့ တော်တော်နက်နဲမှာပဲလို့တော မထင်လိုက်ကြပါနှင့်။ မေမေကလည်း သာမန်လူသားတစ်ယောက်ဆိုတော့ သာမန်လူပြောတတ်သော စကားမျိုးဖြစ်ပါသည်။
ဟိုတစ်ချိန်တုန်းက စာရေးသည့်အခါတွင် ဖောင်တိန်သုံးခဲ့သော ခေတ်တစ်ခေတ်ရှိခဲ့ပါသည်။ ထိုအချိန်က မင်အိုးများဝယ်ထားပြီး ဖောင်တိန်ထဲသို့ မင်ထည့်၍ သုံးရပါသည်။ မေမေသည်လည်း ဖောင်တိန်တွေ သုံးလေးချောင်းနှင့် မင်အိုးတွေ ဝယ်ထားပါသည်။ ဖောင်တိန် တစ်ချောင်း မင်ကုန်သွားရင် နောက်တစ်ချောင်းကို သုံးပါသည်။ သို့သော်လည်း တခါတရံတွင် ဖောင်တိန်တွင် အားလုံးတွင် မင်မရှိဘဲ ကုန်သွားသည် အခါများလည်း ရှိပါသည်။ နောက်ပိုင်း ဘောလ်ပင်များ ပေါ်လာသောအခါ ဖောင်တိန် ခေတ်မရှိတော့ပါ။ ယခုခေတ်လူငယ်များသည် ဖောင်တိန်ဟူသည်ကိုပင် ဘာမှန်းသိမည် မဟုတ်တော့ပါ။ ထို့ကြောင့် မေမေဒေါ်ခင်မျိုးချစ်သည် ဖောင်တိန်နှင့်ပတ်သက်၍ ပြောသောစကားကို ယခုခေတ် လူငယ်တော်တော်များများ က နားမလည်လျှင် ခေတ်ကိုမီသောသူ များက ရှင်းပြလိုက်ပါ။
မေမေဒေါ်ခင်မျိုးချစ်ပြောသောစကားမှာ တော်တော်ရှင်းရှင်းလေးဖြစ်ပါသည်။ “ဖောင်တိန်ရဲ့အဆိုးဆုံးအားနည်းချက်ကတော့ မင်ကုန်သွားရင် လုံးဝကို ဘာမှ ရေးလို့မရတော့ဘူး”
ဒီတော့ ကျွန်တော်က မေမေ့ကို ပြောချင်ပါတယ်။ ဘောပင်လည်း ဒီလိုပါပဲ။
ဒေါက်တာခင်မောင်ဝင်း(သချင်္ာ)

Wednesday, December 13, 2017

ဂျူနီယာဝင်း – အသက်အန္တရာယ်ကုုိ ချိမ်းခြောက်ခံနေရခြင်း


ဂျူနီယာဝင်း – အသက်အန္တရာယ်ကုုိ ချိမ်းခြောက်ခံနေရခြင်း
(အတွေးအမြင် ၂၀၁၇ နုုိဝင်ဘာ) မိုးမခ၊ ဒီဇင်ဘာ ၈၊ ၂၀၁၇





ဂျူနီယာဝင်း – အသက်အန္တရာယ်ကုုိ ချိမ်းခြောက်ခံနေရခြင်း
(အတွေးအမြင် ၂၀၁၇ နုုိဝင်ဘာ) မိုးမခ၊ ဒီဇင်ဘာ ၈၊ ၂၀၁၇

၁၉၈၉ ခုုနှစ်ဂျွန်လ ၁၉ ရက်နေ့ထုုတ် American Weekly Newsletter မှာ ဂျင် ဖူလာ (Jim Fuller) ရေးသားထားတဲ့ ဆောင်းပါးတစ်ပုုဒ်ကုုိ ကိုုးကားတင်ပြသွားမှာ ဖြစ်ပါတယ်။ သူက လူတွေဟာ အသက်ကုုိ စတေးပြီး ဘဝကုုိ ရှင်သန်နေကြပါတယ်တဲ့။ အဲသည်အမှန်တရားနဲ့ လူတွေရဲ့ နေထုုိင်မူပုုံစံကုုိ လေ့လာပြီး ရေးသားထားတာပါ။
စျေးထဲမှာ ဆေးဝါးတွေကုုိ ရောင်းချခွင့်ပြုထားပါတယ်တဲ့။ အဲသည်ဆေးဝါးတွေဟာ နောက်ဆက်တွဲဆုုိးကျိူးတွေ ရှိနေတာကိုု သိရက်နဲ့ ရောင်းချခွင့်ပေးထားတာ ဖြစ်ပါတယ်တဲ့။ အဲဒါကုုိ ခွင့်ပြုသင့်ပါသလားတဲ့။ နယူကလီယားဟာ လူတွေရဲ့အသက်တွေကုုိ များစွာ ဆုုံးရှူံးနုုိ်င်တဲ့ အင်အားကြီးမားတဲ့ လက်နက်ဖြစ်ပါတယ်တဲ့။ အဲဒါကုုိ တားမြစ်သင့်တယ် မဟုုတ်လားတဲ့။ စုုိက်ပျိူးရေးထွက်ကုုန်တွေ တော်တော်များများဟာ ဓာတုုဗေဒပစ္စညး်တွေ ပါနေတာကုုိ သိရက်သားနဲ့၊ ဒါတွေဟာ ကင်ဆာဖြစ်စေနုုိင်တဲ့ဆီကုုိ ဦးတည်လာနုုိင်တယ် ဆုုိတာကုုိ သိနေရက်သားနဲ့ စျေးတွေမှာ ရောင်းချခွင့်ပြုထားတာတွေ အားလုုံးကုုိ ပြန်သိမ်းသင့်တယ် မဟုုတ်လားတဲ့။ နေရောင်ခြည်ကြောင့် အသားအရည်လောင်နုုိင်ပြီး ဒါဟာ ကင်ဆာကုုိ ဖြစ်စေနုုိင်တယ်ဆုုိတာ ဟုုတ်ပါသလားတဲ့။
သူကမေးခွန်းတွေနဲ့ သူ့ဆောင်းပါးကုုိ အစချီထားတာပါ။ ဒီမေးခွန်းတွေဟာ သုုတေသနပညာရှင်တွေ ဖြေဆုုိဖုုိ့ ကြိုုးစားနေဆဲဖြစ်ပြီးတော့ သူတုုိ့တွေ စဉ်းစားနေဆဲ မေးခွန်းပေါင်းမြောက်များစွာတွေထဲက အနည်းငယ်လောက် နမူနာ ထုုတ်ပြထားတာပါ လုုိ့ဆုုိထားပါတယ်။ အကျိူးနဲ့ အဆုုိးကုုိ ဒွန်တွဲစဉ်းစားနေတဲ့ အန္ထရယ်များတဲ့ အခြေအနေ တစ်ရပ်ကုုိ တင်ပြထားတာပါ။ ခေတ်မှီုတုုိးတက်လာလေ၊ မေးစရာမေးခွန်းတွေများလာလေ၊ လူတွေဟာ အသက်ကုု ိဖက်နဲ့ထုုတ်ပြီး နေနေရလေပဲ ဖြစ်ပါတယ်။
လူတချိူ့ကတော့ အဲသည်အချက်တွေကုုိ စဉ်းစားခန်းဝင်လုုိက်မိတာ တော်တော်လေး တုုန်လှူပ်ခြောက်ခြားကုုန်ကြပါတယ်။ ရရှိလာတဲ့ အကျိူးရယ်၊ နောက်ဆက်တွဲ လုုိက်ပါလာတဲ့ ဆုုိးကျိူးရယ်နဲ့ ရှူပ်ထွေးကုုန်ကြပါတယ်။ ဒီတော့ လုုံးဝဥသုုံ အသက်အန္တရာယ်ကင်းလွတ် စေတဲ့ ဆေး၊ အစားအစာ၊ ရေ နဲ့ မနေထုုိင်သင့်ကြဘူးလား။
သုုိုု့သော်လည်း လူတွေဟာ နေ့စဉ်နဲ့အမျှ အိပ်ရာကနုုိးလာတဲ့ အချိန်ကစလုုိ့ ကိုုယ့်အသက်တွေကုုိ စိန်ခေါ်ပြီး နေလာကြတာပါ။ အမေရိကအိ်မ်တွေမှာတဲ့၊ လှေကားပေါ်ကပြုတ်ကျလုုိ့ သေတဲ့သူ နှစ်စဉ် ၇၀၀၀ ရှိပါသတဲ့။ ၀ါယာကြိုးအဟောင်းတွေ နဲ့အိ်မ်တွေမှာ လျှပ်စစ်ဓါတ် အန္တရယ်ကြုံလုုိ့ သေဆုုံးနုုိင်တဲ့ အခြေအနေက ရာခုုိင်နှူန်း အနည်းငယ်တော့ ရှိနုုိင်ပါတယ် တဲ့။ အလုုပ်တုုိ့ကျောင်းတုုိ့ကုုိ လမ်းလျောက်သွားတဲ့သူတွေ ကားတုုိက်လုုိ့ လည်းသေဆုုံးနိုုင်ပါတယ်တဲ့။ အမေရိကန်ပြည်ထောင်စုုရဲ့ နှစ်တစ်နှစ်မှတ်တမ်းအရ လမ်းလျောက်သူ လူ၂သောင်း၄ထောင်မှာ ၁ ယောက် ကားတိုုက်ပြီး သေဆုုံးပါတယ် လုုိ့ဆုုိတယ်။ တချိူ့သော အနည်းငယ်သော အနည်းငယ်လူတချိူ့ကတော့ အဲသည် အန္တရယ်တွေအားလုုံးကုုိ ရှောင်ကြဉ်ပြီး နေထုုိင်ဖုုိ့ ကြိုးစားခဲ့ကြပါတယ်တဲ့။
အဲသည်လုုိ ဆုုိးကျိူးတွေ၊ အသက်အန္တရယ်ဖြစ်နုုိင်တာတွေကုုိ လုုံးဝဥသုုံ ရှောင်မယ်၊ ဖယ်မယ် ဆုုိတဲ့ (ဖြစ်နုုိ်င်တာ မဖြစ်နုုိင်တာ အပထားလုုိ့ပေါ့) အဲသည်လုုိ အခြေအနေတရပ်ကုုိ အကောင်အထည်ဖော်ဆောင် ခြင်းကုုိ အမေရိကက ပညာရှင်တွေက “မိမိအသက်ကုုိ တန်ဖုုိးထား စောင့်ရှောက်ခြင်း“ လုုိ့ အမည်ပေးပြီး ယင်းကုုိ စည်းကမ်းဘောင်တွေနဲ့သတ်မှတ် ခဲ့ကြပါတယ်။ (ရေကုုိကြိုချက်သောက်၊ အိမ်ကုုိ တထပ်ပဲဆောက်၊ အော်ဂဲနစ်ကုုိပဲ အားပေး၊ နောက်ဆက်တွဲဘေးဖြစ်စေတဲ့ ဆေးဝါးတွေကုုိ မသောက်၊ အထပ်မြင့်တွေ မတက်ပဲနေ၊ လျှပ်စစ်ပစ္စည်းတွေ ဝေးရာနေ…. စသဖြင့် စသဖြင့်။)
ရော်ဘင် ဂရီဂုုိရီ(Robin Gregory) လုုိ့ခေါ်တဲ့ အမျိူးသားသိပ္ဗံနဲ့ စီမံခန့်ခွဲမူ ဖောင်ဒေးရှင်းက တွဲဖက်ဒါရုုိက်တာက အသက်ကုုိ တန်ဖုုိးထားဖုုိ့၊ အန္တရာယ်ရှိတာတွေ ဖယ်ရှားဖုုိ့ဆုုိတဲ့ ဆုုံးဖြတ်ချက်တွေချမှတ် အကောင်အထည်ဖော်ဖုုိ့ အခုုလုုိဆုုိခဲ့ပါတယ်။ သူက ပထမဦးဆုုံး လုုပ်ရမှာက အသက်အန္တရာယ်ရှိတာတွေ၊ ကုုိယ့်အသက်ကုုိ ချိမ်းခြောက်ခံနေကြရတာတွေက ဘာတွေလဲဆုုိတာ သိအောင်လုုပ်တာဖြစ်တယ်၊ ပြီးရင် ဒါတွေကုုိမလုုပ်ပဲ ရှောင်ရှားတာဖြစ်တယ်၊ နောက်တော့ တဖြေးဖြေးနဲ့ ညဏ်ရှိတဲ့အတွေးတွေ ဝင်လာပြီး ပုုိကောင်းတဲ့ နည်းသစ်တွေ၊ အကြံညဏ်တွေ ရလာနိုု်င်ပါတယ်လိုု့ ဆုုိပါတယ်။ သူ စဉ်းစားပြတဲ့အထဲမှာ နယူးကလိယားစက်ရုုံတွေ လည်းပါပါတယ်။ စကတည်းက လူတွေ အန္တရယ်ရှိသလားမရှိဘူးလား ဆုုိတာကုုိ စဉ်းစားသင့်ပါတယ်လုုိ့ ပြောပါတယ်။
ဟားဗက်တက္ကသုုိလ်ထွက် ရစ်ချက်ဝီလ်ဆင် (Richard Wilson)ဟာ သိပ္ဗံမဂ္ဂဇင်းတစ်စောင်မှာ နှစ်စဉ်ဖြစ်ပျက်တတ်တဲ့ အသက်အန္တရယ် ဆုုံးရှူံးမူတွေကုုိ အကြမ်းဖျင်း သုုတေသနလုုပ်ပြ ခဲ့ပါတယ်။ နေရာတုုိင်း၊ အချိန်တုုိင်းမှာ ဖြစ်တတ်၊ ပျက်တတ် တာတွေပါ။
– ရုုိးရုုိးရေကုုိ သန့်စင်ဖုုိ့ဆုုိပြီး ဓါတုုပစ္စည်း တမျိူးဖြစ်တဲ့ ကလုုိရင်း (Chlorie) (Cl) သုုံးရပါတယ်။ ဒီရေသန့်ကုုိ သောက်သုုံးလုုိ့ လူ ၁ရသိန်းမှာ ၁ယောက်သေဆုုံးပါတယ်။
– တစ်နေ့ကုုိ ပဲထောပတ် စားပွဲတင်ဇွန်းနဲ့ တစ်ဇွန်းစားသုုံးသူ လူ၁သိန်း၂သောင်း ၅ထောင်(၁၂၅၀၀၀)မှာ ၁ယောက်သေဆုုံးပါတယ်။
– အိမ်အတွင်းမှာ ဖြစ်တတ်တဲ့ မတော်တဆထိခုုိက်မူများ (ဥပမာ-လှေကားပေါ်က ပြုတ်ကျတာမျိူး)ကြောင့် လူ၉ ထောင်မှာ ၁ယောက်သေဆုုံးပါတယ်။
– အမေရိကန်ပြည်ထောင်စုု အရှေ့ဖက်ပိုုင်းက မသန့်ရှင်းတဲ့လေတွေကုုိ ရှူရှိူက်မူတွေကြောင့် လူ ၅ထောင်မှာ ၁ ယောက်သေဆုုံးပါတယ်။
– ပုုလိပ်တွေ ဂျူတီဝင်ရင်း အသတ်ခံရမူတွေမှာ လူ ၄ ထောင့် ၅ ရာ (၄၅၀၀)မှာ ၁ယောက်သေဆုုံးပါတယ်။
– ကားမတော်တဆမူတွေကြောင့် လူ ၄ထောင်မှာ ၁ယောက်သေဆုုံးပါတယ်။
– တောင်တက်ရင်းနဲ့ သေဆုုံးမူက လူ ၁၇၀၀ မှာ ၁ယောက် ဖြစ်ပါတယ်။
– စီးကရက်သောက်မူကြောင့် ကင်ဆာဖြစ်ပြီးသေဆုုံးတာ လူ၃၀၀ မှာ ၁ယောက် ဖြစ်ပါတယ်။
ဒါ့ထက်မက ပြင်းထန်ပြီး ကျယ်ပြန့်တဲ့ အချက်အလက်တွေကုုိ ကြည့်လုုိက်တော့ အမေရိကလူဦးရေဟာ အချိမ်းခြောက်ခံနေရပြီး မလုုံခြျုံတော့ဖူးလုုိ့ သူက (ဂျင်ဖူလာ) ကောက်ချက်ချပါတယ်။ လေဖြတ်တာနဲ့ နှလုုံးရောဂါတွေကြောင့် သေဆုုံးမူနှူန်းဟာ မြင့်မားလာတယ်လိုု့ ဆုုိတယ်။
သိပ္ဗံပညာရှင်တွေရဲ့လေ့လာ တွေ့ရှိချက်တွေအရ ပတ်ဝန်းကျင်ကြောင့် ဖြစ်ပွားတဲ့ သေဆုုံးမူတွေမှာ အသက်အရွယ်ငယ်ငယ်နဲ့ သေဆုုံးမူတွေကုုိ လေ့လာကြည့်လုုိက်တော့ ဆေးလိပ်သောက်တာ၊ အဆီများတဲ့အစားအစာတွေ စားသုုံးတာ၊ လေ့ကျင့်ခန်းနည်းတာ၊ အရက်သေစာ သောက်စားတာတွေကြောင့် ဖြစ်ကြပြီး အဲသည်အချက်တွေဟာ အခုုမှ မဟုုတ်ပဲ လွန်ခဲ့တဲ့ နှစ်ရာစုုတွေကတည်းက အခြေခံလာတဲ့အချက်တွေ ဖြစ်တယ်လုုိ့ သုုံးသပ်ပြပါတယ်။ သည်တော့ ဒါတွေကုုိ သေသေချာချာ ရှောင်ရှားလုုိ့ရနုုိင်တယ် ဆုုိတာကုုိ ချပြပြီး လူတွေကုုိ လက်တွေ့ကျကျ ကျင့်သုုံးခုုိင်းလုုိက်တော့ အမေရိက ကျမ်းမာရေးစစ်တမ်းအရ အဲသည်နှစ်တွေမှာ တကယ်ပဲ ကျမ်းမာရေး တုုိးတက်လာတယ်လိုု့ ဆုုိပါတယ်။
ဆေးသောက်သုုံးမူ၊ အစားအစာစားသောက်မူ တွေအတွက် ရေရှည်ထိမ်းချူပ်နုုိ်င်ဖုုိ့ကုုိ တော့ ကြိုးစားရဦးမှာ ဖြစ်ပါတယ်။ ဓါတုုဗေဒဆေးတွေ(ပိုုးသတ်ဆေးတွေ) ပါဝင်တဲ့ အသီးအနှံတွေ၊ အစားအသောက်တွေကုုိ အဆင့်မှီပြန်လည် သုုံးသပ်ဖုုိ့ အမေရိကန် အစားအသောက်နဲ့ ဆေးဝါးဆုုိင်ရာ ကော်မတီဝင်တစ်ဦးဖြစ်တဲ့ ဖရင့်ရန်း (Frank Young) ကတင်ပြပါတယ်။ သူကဆက်လက်တင်ပြမူမှာတော့ အဲသည်လိုု ပုုိးမွှားတွေသတ်ဖိုု့သုုံးတဲ့ ဆေးတွေဟာ အသီးအနှံတွေထဲ၊ အစားအသောက်တွေထဲ ပါလာတယ်၊ ဒါကုုိစားသုုံးရင် အသက်အန္တရယ်ရှိနုုိင်တယ်၊ ကင်ဆာဖြစ်ပွားမူတွေကုုိ လျော့ကျဖုုိ့ ဒီလုုိအစားအသောက်တွေ မစားသင့်မသုုံးသင့်ကြောင်းတွေကုုိ အချက်အလက်များနဲ့ တိတိကျကျ လူထုုရှေ့ချပြဖုုိ့ လုုိအပ်တယ်လိုု့ ဆိုုထားပါတယ်။
လူတွေကတော့ အသက်အန္တရာယ်ရှိတာကုုိ သိရဲ့နဲ့လည်း ရှေ့တုုိးနေကြတုုန်းပဲလိုု့ ပညာရှင်တွေက ဆုုိတယ်။ ဥပမာတစ်ခုု ထောက်ပြရရင် ဆေးလိပ်သောက်သုုံးတာ အသက်အန္တရယ်ရှိပါတယ် ဆုုိတာကုုိ သိကြသောလည်း၊ ဆေးလိပ်သောက်သုုံးသူတွေရဲ့ ၃၀ ရာခုုိင်နှူန်းဟာ ဆေးလိပ်သောက်သုုံးမူကြောင့် ဆက်စပ်ဖြစ်လာတတ်တဲ့ ရောဂါတွေကြောင့် အသက်ဆုုံးရှူံးတာကုုိ သိကြသောလည်းပဲ လူတွေက ကျန်တဲ့ ၇၀ ရာခုုိင်နှူန်းကုုိ အားကုုိးပြီး ဆေးလိပ်သောက်သုုံးနေ ကြပါသေးတယ်။ ဒါ့အပြင် လူ၁သန်းမှာ ၁ယောက် ဖြစ်တတ်တဲ့ ကင်ဆာလုုိရောဂါဆုုိးကြီးဟာ ဓာတုုဗေဒပစ္စည်းတွေပါတဲ့ ရေသန့်တွေကုုိသောက်သုုံးလုုိ့ဆုုိတဲ့ အချက်ကုုိ လူတွေကုုိ သိအောင်လုုပ်ခဲ့ပေမယ့် လူတော်တော်များများက ဒီ ရေကုုိ သောက်သုုံးသူတုုိင်းမဖြစ်ကြတာကိုုပဲ အဓိကထား ကြည့်ခဲ့ကြပါတယ်တဲ့။ (လူ၁သန်းမှာ ၁ယောက်ဖြစ်တာပဲ အဲသည်ထဲ ငါမပါဘူး ဆုုိတာမျိူးတွေးကြပုုံပါပဲ။)
သည်တော့ လူတွေ အသိတရားရလာအောင် ဘယ်လုုိလုုပ်ရမလဲဆုုိပြီး အမျိူးသားသိပ္ဗံပညာဆုုိင်ရာ ဖောင်ဒေးရှင်းက အဲသည်ကွက်လပ်ကုုိ ဖြည့်ဖုုိ့ ကြိုးစားကြပါတယ်။ အဲသည် နယ်ပယ်ကိုု “အသက်အန္တရယ်ရှိတဲ့ အခြေအနေတစ်ခုုကိုု လူထုုကြား ဆက်သွယ်တင်ပြမူ” (Risk Communication) လုုိ့အမည်ပေးလုုိက်ပါတယ်။ သည်အဓိပ္ဗါယ်ကုုိ ဖော်ဆောင်လုုိက်ရင် ကျွမ်းကျင်တဲ့ ပညာရှင်တွေနဲ့ လူထုုကြားမှာ သတင်းအချက်အလက်တွေကုုိ ပေးမယ်၊ အကြံညဏ်တွေ ပေးမယ်၊ ဆွေးနွေးမယ်၊ တုုိင်ပင်မယ်။ ပြီးရင် အသက်အန္တရယ်ရှိတဲ့ အခြေအနေတွေကုုိ လူတွေက သိမြင်လာပြီး ကိုုယ့်ကိုုယ်ကုုိယ်တင်မက၊ ကုုိယ်ချစ်တဲ့သူတွေကုုိပါ ကာကွယ်ဖုုိ့ ဆုုံးဖြတ်ချက်တွေချကြမယ်။ အဲဒီရည်ရွယ်ချက်တွေနဲ့ Risk Communication ကုုိလုုပ်ကြတာ ဖြစ်ပါတယ်။ သူတုုိ့ကုုိ အင်တာနက်တွေ၊ အွန်လုုိင်းတွေကတဆင့် စိတ်ပါဝင်စားသူတွေ ဆက်သွယ်လာဖုုိ့လည်း ကြိုဆုုိနေကြပါတယ်တဲ့။ တချိူ့သော တက္ကသုုိလ်တွေမှာလည်း ဒီဘာသာရပ်ကုုိ တင်ပြဆွေးနွေးသွားဖုုိ့ မျော်လင့်ချက်နဲ့ ဆက်လက်ကြိုးစားနေကြပါတယ်။
ဂျူနီယာဝင်း
(Ref ; 1989 June 19 American Weekly Newsletter မှ Jim Fuller ၏ Expert Study Reality and Perception Life’s Risk နှင့် ၂၀၁၇ Risk Communication ကုုိမှီညမ်းဘာသာပြန်ထားပါသည်။)

Thursday, November 2, 2017

ဂျူနီယာဝင်း ● အိပ်မက်တွေကုုိ အကောင်အထည် ဖော်ပေးခဲ့ကြသူများ

ဂျူနီယာဝင်း ● အိပ်မက်တွေကုုိ  အကောင်အထည် ဖော်ပေးခဲ့ကြသူများ
(မိုးမခ) နိုဝင်ဘာ ၂၊ ၂ဝ၁၇ (အတွေးအမြင် နုုိဝင်ဘာ ၂ဝ၁၇)
(ဒီဆောင်းပါးကုုိ ဆင်းရဲတွင်းနက်နေသူများ (၂) လို့ အမည်တပ်ရမှာဖြစ်ပါတယ်။ ဆင်းရဲတွင်းနက်နေသူများ အမည်တပ် ဆောင်းပါးတစ်ပုုဒ်က Jeffrey Sachs ရေးသားသော The End of Poverty စာအုုပ်နိဒါန်း (အဆိုုတော် ဘုုိနုုိ (Bono) ရေး) တာကိုု ဘာသာပြန်ခဲ့တာ ဖြစ်ပါတယ်။)

● မင်းအိပ်မက်က ဘာလဲ ? 
ဒီမေးခွန်းက ကမ္ဘာပေါ်မှာ အလုုပ််မရှိတဲ့လူတွေ၊ အလုုပ်လက်မဲ့တေနဲ့ ဆင်းရဲတဲ့လူတန်းစားတရပ်ကုုိ မေးလုုိက်တာပါ။ သည် တော့ မေးခွန်းက သူတို့အတွက် ရယ်စရာကောင်းနေလား။ သူတို့ကုုိ  ဘယ်လုုိအလုုပ်မျိုးကုုိ စတင်လုုပ်ချင်သလဲလို့မေးပြီး အလုုပ်အကုုိင်တစ်ခုုခုုပေးပြီး သူတို့ဆီက ဘယ်လုုိမျော်လင့်ချက်ထားကြမလဲ။
၁၉၇၉ ခုုနှစ် မှာ Trickle Up ပရုုိဂရမ် စတင်တည်ထောင်ခဲ့တဲ့ အမေရိကန်နုုိင်ငံသား မုုိင်းဒရပ်နဲ့ဂလန်လိသ် (Mildred and Glen Leet) တို့စုုံတွဲက တုုိင်းပြည် ၉၉ နုုိင်ငံမှာ အကြိမ်ပေါင်း ရဝဝဝ မက အဲဒီ မေးခွန်းတွေကုုိ မေးပြီး အကောင်အထည်ဖော်ဖုုိ့ ကြိုးစားခဲ့ကြတယ်။ သူတို့တတွေက ဆင်းရဲသားတွေအပြင် စာမတတ်ပေမတတ် လူတန်းစားတွေကုုိတောင် တွေ့ပြီး အဖြေ ထုုတ်ခဲ့ကြပါတယ်။ လိသ်ဟာ ကာရီဘီရန်အရပ်က အဆင်းရဲဆုုံး ဒေသတစ်ခုုဖြစ်တဲ့ ဒုုိမီနီကာကုုိခရီးထွက်ခဲ့စဉ်မှာ Trickle Up မွေးဖွားလာဖုုိ့ အကြောင်းတွေ ဖြစ်ခဲ့ပါတယ်။
”ကျွန်တော်တို့က မတူညီတဲ့လုုပ်ငန်း ၁ဝဝ အတွက် ဒေါ်လာ ၁ဝဝ သုုံးခဲ့တယ်။ ရခဲ့တဲ့ အတွေ့အကြုံတွေက ဒီထက်မက တန်ဖုုိးရှိတယ်။ ဘာနဲ့မှ နှိုင်းလို့မရပါဘူး။” ဂလန်လိသ်က ဆက်ပြောရာမှာ ”ကာရီဘီရမ်အရပ်က ဒုုိမီနီကာဆုုိတဲ့ ကျွန်းလေး တစ်ကျွန်းကိုု စစချင်းတုုန်းက ကျွန်တော်တို့ ရွေးချယ်ခဲ့ပါတယ်။ ဘာကြောင့်လဲဆုုိတော့ အဲသည်နေရာမှာ အလုုပ်လက်မဲ့တွေ သိပ်ကုုိ ထူထပ်တယ်။ သူတို့ရဲ့ဝင်ငွေကလည်း အနိမ့်ဆုုံးအဆင့်လောက်ပဲ ရှိတယ်။”
အဲဒီမှာ ဆင်းရဲတဲ့သူတွေကုုိ ကူညီပေးမယ့် ပရုုိဂရမ်တွေ ဘာမှမရှိဘူး။ သူတို့က ရိုးရိုးရှင်းရှင်းပဲ စခဲ့ကြတာပါ။ သူတို့ကိုုယ်ပုုိင် ပုုိက်ဆံ ဒေါ်လာ ၁ဝဝ နဲ့ လူ ၁ဝ ယောက်စီကုုိပေးပြီး ကိုုယ်ပုုိင်အလုုပ်လေး စလုုပ်ခုုိင်းခဲ့ကြတယ်။ ကြက်ဥ၊ ယုုိနဲ့ ကျောင်းသုုံး ပစ္စည်းလေးတွေ ရောင်းဖုုိ့စီစဉ်ပေးခဲ့တယ်။ အဲသည်အလုုပ်လေးက ယနေ့တုုိင် တည်တန့်နေတယ်။ ပြောရရင် ရလဒ်တွေက အံ့သြစရာကောင်းလောက်အောင် တုုိးတက်လာတယ်ပေါ့။ အခုု Trickle Up အကြောင်းလေးကုုိ အစပြန်ဖော်ကြည့်ပါမယ်။
Trickle Up ဆုုိတဲ့ အဓိပ္ဗါယ်ရဲ့ နောက်မှာ လက်တွေ့ကျတဲ့သီအုုိရီ တစ်ခုုရှိနေတယ်။ ”လူတစ်ယောက်ကုုိ ငါးတစ်ကောင်ပေးပြီး ထမင်းတနပ်ကျွေးမလား၊ ဒါမှမဟုုတ် သူ့ဘဝနေထုုိင်စားသောက်ဖုုိ့ ငါးများနည်း သင်ပေးမလား” တဲ့။ လိသ်က ”လူတုုိင်း လူတုုိ်င်းမှာ” တဲ့၊ ”ဘယ်လုုိပဲ အဖိနှိပ်ခံနေရပါစေ၊ ကောင်းမွန်တဲ့ ဘဝအိပ်မက်တွေနဲ့ အလုုပ်ကောင်းကောင်းလုုပ်ဖုုိ့ ချန်ပီ ယံ ဖြစ်ဖုုိ့ အခွင့်အရေးရရင်လုုပ်မှာပဲ ဆုုိတဲ့ အိပ်မက်တွေ ရှိနေကြပါတယ်” လို့ပြောတယ်။
Trickle Up ရဲ့မူရင်းအဓိပ္ပါယ်ကိုု ဖော်ကြည့်လုုိက်တော့ ”အပြည်ပြည်ဆုုိင်ရာ အကျိုးအမြတ်မယူပဲ လူ့ဘဝကောင်းမွန်တုုိး တက်ဖုုိ့ လုုပ်ဆောင်ပေးနေသော အဖွဲ့အစည်း” လို့ ဘာသာပြန်ပါတယ်။ အဲဒီအဖွဲ့အစည်းက အလွန့် အလွန် ဆင်းရဲမွဲတေ ပါတယ်ဆုုိတဲ့သူတွေကုုိ အဓိကပစ်မှတ်ထားပါတယ်။ – သူတို့သတ်မှတ်တဲ့ ဆင်းရဲတဲ့သူတွေဆုုိတာ တစ်နေ့ကုုိ ဒေါ်လာ ၂ ဒေါ်လာအောက် (၁.၉ ဒေါ်လာ) လောက်ပဲ ဝင်ငွေရှိတဲ့သူတွေ – ဖြစ်ပါတယ်တဲ့။ စစချင်းမှာတော့ အားနွဲ့တဲ့ အမျိူးသမီးတွေ၊ ကုုိယ်ခန္ဓာချို့ယွင်းနေတဲ့သူတေနဲ့ အမေရိက၊ အာဖရိကနဲ့အိန္ဒိယက ခုုိလှုသူတွေဆီ ချဉ်းကပ်ပါတယ်။ ဆင်းရဲလွန်းလို့ အတိ ဒုုက္ခရောက်နေသူတွေဖြစ်ပြီး သူတို့ဟာ အစုုိးရရေးဆွဲတဲ့ အစီအစဉ်တွေထဲမှာ ပါဝင်ပတ်သက်ဖုုိ့တောင်မှ အလှမ်းဝေးနေသူ တွေဖြစ်ပြီး NGO (Non-government Organization) ဆုုိတဲ့ ”အစုုိးရမဟုုတ်တဲ့ အဖွဲ့အစည်း” တွေနဲ့လည်း ဘယ်လုုိမှ မ တွေ့နုုိင်တဲ့ မဆုုံဆည်းနုုိင်တဲ့သူတွေ ဖြစ်ပါတယ်။
United Nations Relief and Rehabilitation Agency (ကမ္ဘာ့ကုုလသမဂ္ဂ ဆုုိင်ရာ ကူညီထောက်ပံ့ရေး အေဂျင်စီ) မှာ သူ့ဘဝတလျောက်လုုံး လုုပ်ကုုိင်ခဲ့တဲ့ ကာလတလျောက်လုုံးမှာ ကမ္ဘာအနှ့့ံက တုုိင်းပြည်ပေါင်း ၅ဝနုုိင်ငံ ကုုိခရီးထွက်ပြီး လူတွေရဲ့ ဘဝတွေကုုိ လေ့လာစမ်းစစ်ပြီး အဖြေတစ်ခုုထုုတ်နုုိင်ဖုုိ့ မျော်လင့်ချက်တေနဲ့ ကြိုုးစားခဲ့ကြပါ့တယ်။
လွန်ခဲ့တဲ့ ၁ဝနှစ်လောက်က မုုိင်းလ်ဒရပ်နဲ့သူ (လိသ်) တို့နှစ်ဦးသားဟာ ”အပြည်ပြည်ဆိုုင်ရာ ညိမ်းချမ်းရေး အဆင့်မြင့် ကော်မတီ” ရဲ့ နောက်ခံနဲ့ကြီးမားတဲ့ အစီအစဉ်တစ်ခုုကုုိ ချမှတ်ရေးဆွဲပြီး အကောင်အထည်ဖော်ခဲ့ကြပါတယ်။ သူတို့က ပုုိက်ဆံမရှိ၊ ဆင်းရဲတဲ့လူတန်းစားတွေကုုိ တွေ့တယ်၊ မေးခွန်းတွေမေးတယ်၊ သူတိုု့ရဲ့အိပ်မက်ကဘာလဲလို့ ဖြေခုုိင်းကြည့် တယ်၊ သူတို့လက်ထဲ ပုုိက်ဆံထည့်ပြီး ဒါဟာ တကယ်ကူညီတာ၊ ဟန်ဆောင်မေးနေတာမဟုုတ်ဖူးလို့ သက်သေပြခဲ့တယ်။
”ကျွန်တော်တို့က ဒေသဆုုိင်ရာ (ကာရီဘီရန်အရပ်က အဆင်းရဲဆုုံး ဒေသတစ်ခုုဖြစ်တဲ့ ဒုုိမီနီကာ) အစုုိးရအဖွဲ့တွေ၊ အရာ ရှိတွေနဲ့ တွေ့ပြီး သူတိုု့နေရာက လူတွေအကြောင်းကိုု အသေးစိတ်မေးမြန်းကြပါတယ်။ ဒေသခံလူတေနဲ့တွေ့ဆုုံမူတွေ မရေတွက်နိုုင်အောင် လုုပ်ရပါတယ်။ တချို့က ယဉ်ယဉ်ကျေးကျေး တုုံ့ပြန်ကြတယ်။ တချို့ကတော့ ဟာသတွေ လာလုုပ် နေတယ်ဆုုိပြီး စိတ်ဆုုိးကြတယ်။ အဲသည်လုုိလူတွေ ကြားထဲကမှ အနည်းငယ်သော ၁ဝယောက်လောက်သာ ရှိတဲ့ အလုုပ် လက်မဲ့၊ အိမ်ထောင်မရှိတဲ့ အမျိုးသမီးအုုပ်စုုတစ်စုုကုုိ တွေ့ခဲ့ပါတယ်။ ကျွန်တော်တို့က သူတို့ကုုိ မေးကြည့်တယ် — ”ခင်ဗျား တို့ကုုိ အလုုပ်တစ်ခုုခုု တစ်ယောက်ယောက်က ပေးမယ်လို့ မျော်လင့်ပြီး စောင့်နေကြတာ ဘယ်လောက်ကြာပြီလဲ၊ ကိုုယ့်ဘာ သာကုုိယ် ရောလုုပ်ဖုုိ့စိတ်ကူးမရှိဘူးလား”
”ဒီမေးခွန်းက သူတို့အတွက် စိတ်အနှောက်အယှက်လည်း ဖြစ်တယ်၊ စိတ်လှုပ်ရှားစရာလည်း ကောင်းပါတယ်။ သူတို့က ဖြေတယ် – ”ကျွန်မတို့လုုပ်ချင်တာပေါ့။ ကျွန်မတို့က ဝုုိင်ကောင်းကောင်း လုုပ်တတ်တယ်။ ဘယ်လုုိလုုပ်ရမလဲ ဆုုိတာလည်း သိတယ်။” ဆုုိပြီး အစီအစဉ်တစ်ခုုကိုု ကောက်ကြောင်းဆွဲပြတယ်။ ကျွန်တော်တို့က သူတို့အတွက် ရင်းနှီးငွေ ထုုတ်ပေးလုုိက် ပါတယ်။ ဒါဟာ သူတို့ရဲ့အိပ်မက်ကုုိ ဆွဲထုုတ်ပေးလုုိက်တာ ဖြစ်ပါတယ်။ စာချုပ်တစ်ခုုချုပ်တယ် – လက်မှတ်ထုုိးကြတယ် – သူတို့အတွက ်ပုုိက်ဆံ ထုုတ်ပေးတယ်။ သူတို့စိတ်ထဲ အလုုပ်တစ်ခုုလုုပ်ရတော့မယ်ဆုုိပြီး ခံစားမိသွားကြတယ်ပေါ့။”
မုုိင်းလ်ဒရက်က ”သူတို့ အခုဆက်လက် အလုုပ်လုုပ်နေကြဆဲပါပဲ။” ”အရသာရှိတဲ့ဝုုိင်ကုုိ သူတို့ကောင်းကောင်းလုုပ်နုုိင်ကြ ပြီ၊ ကျွန်မတောင် မြည်းကြည့်တာ တော်တော် ကောင်းတာပဲ။ ”။
သူတို့လုုပ်ငန်းမှာ ၃ ပု့ ၂ ပုုံက အမျိုးသမီးတွေ ဖြစ်ပါတယ်။ ဂလန်လိသ်က ”ကမ္ဘာပေါ်မှာရှိတဲ့ အမျိုးသမီးတွေကုုိ  – ပေါင်မုုန့် ကောင်းကောင်းဖုုတ်တတ်ရင် ပေါင်မုုန့်ဆုုိင်တစ်ဆုုိင်ဖွင့်လုုိက်တော့ – တဲ့။ ဒါမှမဟုုတ် – ကောင်းကောင်း အချုပ်အလုုပ်တတ်ရင် စီးပွားရေးတစ်ခုုခုု စတင်လုုိက်တော့ – တဲ့။ အဲဒါ အမျိုးသမီးတွေရဲ့ ခေါင်းထဲမှာ ရှိနေတာ။ ကျွန်တော်တို့က သူတိုု့ကိုု ”ခင် ဗျားတို့ခေါင်းထဲ ရှိတာ ချရေးလုုိက်ပါ၊ ကျွန်တော်တို့က ဒေါ်လာ ၅ဝ အရင်းပြုမယ်။ ၃ လကျော်ရင် ခင်ဗျားတို့ရလာတဲ့ အကျိုး အမြတ်ထဲက ၂ဝ ရာခုုိင်နှုန်းကုုိ ပြန်ပြီးအရင်းအနှီးထပ်လုုပ်။ ဒါဆုုိ ခင်ဗျားတို့ကို နောက်ထပ် ဒေါ်လာ ၅ဝ ထပ်ပေးမယ်” လို့ပြောလုုိက်တယ်။” မုုိင်းဒရက်က ”ဒီလုုိစပြောလုုိက်တော့  ပထမဦးဆုုံးအကြိ်မ် ဆင်းရဲသားတွေဟာ သေသေချာချာ အာရုံ စုုိက်ပြီး နားထောင်လာတယ်၊ လေးလေးနက်နက် စဉ်းစားလာတာ တွေ့ရပါတယ်။ သူတို့ရဲ့ စိတ်ကူးတွေနဲ့ ၅ဝ ဒေါ်လာ နဲ့အလုုပ်စလုုပ်မယ်။ ဒါဟာ လွယ်တော့မလွယ်ဘူးပဲ”
”စစချင်းမှာတော့ သူတို့ကုုိယ်ပုုိင် စီမံကိန်းနဲ့လုုပ်ကြတာပေါ့။ အမေရိကန်က စီးပွားရေးသမားတွေ စီးပွားရေး စလုုပ်တဲ့ သူ တွေလုုိပေါ့ဗျာ။” ဂလန်က ဆက်ပြောတယ်။” ဒါပေမယ့် လုုပ်ငန်းရဲ့ ၃ ပုုံ ၂ ပုုံလောက်ပဲ အကြမ်းအားဖြင့် သွားနေတယ်။ သူ တို့ဆွဲထားတဲ့အတုုိင်းဖြစ်မလာရင် တစ်ဝက်လောက်မှာ နောက်တစ်ခုုကိုု စလုုပ်ဖုုိ့ အကြံပေးလုုိက်ပါတယ်။” ”ဘာဖြစ်လို့လဲ ဆုုိတော့ သူတို့မှာ ဒီအတုုိင်း ဆက်လက်သွားနေဖုုိ့ အတွေ့အကြုံတို့၊ ဘာတို့ ယူဖုုိ့ အချိန်သိပ်ပေးလို့မရဘူးလေ။ မျော်လင့် ချက်တို့၊ မုုိးပေါ်ကကျလာတဲ့ ကံကောင်းမှုတို့ကိုု စောင့်နေလို့မရဘူးဗျ။”
သူတို့ စတင်လမ်းခင်းပေးတဲ့အလုုပ်တွေထဲမှာ ဆုုိင်သေးသေးလေး စဖွင့်တာ၊ ကြက်နဲ့ဆိတ်တွေ ရောင်းခုုိင်းတာ၊ အဝတ်အထည်တွေကုုိ ဒေသဆုုိင်ရာစျေးမှာ နေရာရှာပေးပြီး  တင်ရောင်းခုုိင်းတာတွေပါပါတယ်။ ဒါ့အပြင် ပုုိက်ဆံကုုိ ဘယ် လုုိ စုုဆောင်းရမယ်၊ အကြွေးကုုိ ဘယ်လုုိယူပြီး ကိုုယ်ပုုိင်အရည်အချင်းနဲ့တုုိးပွားအောင် ဘယ်လုုိလုုပ်သင့်တယ်၊ အနာဂတ်အ တွက် အစီအစဉ်ဆွဲတတ်ဖိုု့ စသဖြင့် ရှင်းပြသင်ကြားပေးကြပါတယ်။ အရေးကြီးဆုုံးကတော့ ကိုုယ့်ကိုုယ်ကုုိယ် ယုုံကြည်မူရှိဖုုိ့ ဖြစ်ပါသတဲ့။
သူတိုု့လုုပ်ငန်းတွေဟာ United Nation ‘s Development Forum magazine (ကမ္ဘာ့ကုုလသမဂ္ဂ ဆုုိင်ရာ တုုိးတက်ရေး ဆုုိ်င်ရာ ဆွေးနွေးပွဲ) မဂ္ဂဇင်းမှာ Trickle Up အကြောင်းတွေ ဆောင်းပါးတွေ ပါလာတော့ပုုိပြီး လူတွေ အာရုုံစုုိက်မိလာပါတယ်။ ချက်ချင်းလက်ငင်းကုုိ မီဒီယာတွေက စိတ်ဝင်စားလာတယ်။ သူတိုု့ရဲ့ အောင်မြင်မူတွေကုုိ လူတွေ သိချင်လာကြတယ်။ ကမ္ဘာအနှံ့အပြားက ကမ်းလှမ်းလာတာတွေ၊ ဒီအလုုပ်ကုုိ လှူချင်တမ်းချင်တာတွေ ထိဖြစ်လာတယ်။ မုုိင်းဒရပ်က ”ကျွန်မတို့ မူလအစမှာ ဒေါ်လာ ၁ဝဝဝ နဲ့ စလှူခဲ့ကြတာပါ” လို့ပြန်ပြောင်းပြောပြပါတယ်။ ”နောက်တော့ UN (United Nation) (ကမ္ဘာ့ ကုုလသမဂ္ဂ) က ဒေါ်လာ ရဝဝဝထည့်ဝင်ခဲ့တယ်။ သူတို့ နှစ်ပေါင်းများစွာ ဆက်လက် အကျိုးပြုပေးခဲ့တာ ဒေါ်လာ ၇ သောင်းခွဲလောက် ရှိပါပြီ။ ဒါပေမယ့် မနှစ်ကဆုုိ နယ်သာလန်က လုုပ်ငန်းတစ်ခုုက ၄ နှစ်စီမံကိန်းအတွင်း ဒေါ်လာ ၆ သောင်း ပြန်ရခဲ့ပါတယ်။ ဒါဟာ နှစ်တွေကြာလာလေ၊ ပုုိပြီး လုုပ်ငန်းက ကြီးထွားလာလေ၊ အမြတ်များများရလေ ပေါ့။ စစချင်း ကိုုယ်တတ်နိုုင်သလောက်လေးနဲ့စပေးခဲ့ရာကနေ ခုုဆိုု ၂ ဆ ပြန်ရတယ်။”
ဟုုတ်ပါတယ်။ နှစ်စဉ် ဒေါ်လာ ၅ သောင်းနဲ့လူတွေကုုိ လုုပ်ငန်းတွေ စတင်ပေးခဲ့တာ လာမယ့်နှစ်အနာဂတ်မှာ ဒေါ်လာ ၁ သန်းရမယ်လိုု့ လိသ်က မျော်လင့်နေပါတယ်။
Trickle Up က အမေရိကန်ပြည်ထောင်စုုမှာလည်း အလုုပ်ဖြစ်နေပါတယ်။ မုုိင်းဒရပ်က ”နယူးယောက်ရဲ့အဆင်းရဲဆုုံး နေရာလေးတစ်ခုုမှာ လုုပ်ငန်း ၄ဝ စတင်ခဲ့ပါတယ်။ အခုုဆုုိရင် မြင်တဲ့အတုုိင်းပဲလေ – ၂ဆ ၂ဆ ရနေပြီ။ ဒါဟာ ပထမတစ်နှစ် စာလောက်လေး တွက်ပြတာပါ။ ဒိအရင်စခဲ့တဲ့ စီမံကိန်းတွေဆုုိ ပြောမပြတတ်လောက်အောင် အောင်မြင်နေပါပြီ။ ဒိထက်မ က ပြောစရာတွေ အများကြီးပါပဲ။”
”အင်း… ကျွန်တော်တို့ကတော့ မီဒီယာကုုိ သည်လူတေနဲ့ ပေးမတွေ့စေချင်ဘူး။ သည်လုုိလုုပ်လုုိက်တာဟာ သူတို့လေးတွေ ရဲ့ ရှေ့ရေးကိုဖျက်စီးပစ်ရာရောက်ပါတယ်။ လုုပ်ငန်းအတွက် အကူအညီလည်းမဖြစ်ပါဘူူး။ အစုုိးရ ဝါဒဖြန့်တဲ့ ပုုံစံမြင်ရပါများ ရင် ယုုံကြည်မူကင်းမဲ့သွားမှာကုုိ စုုိးရိမ်ပါတယ်။ ခနတော့ စတားတွေ ဖြစ်သွားမှာပေါ့လေ။ ဒါဟာ သူတိုု့အတွက် ရှေ့အလား အလာ အခွင့်အရေးတွေ ဆုုံးရှုံးသွားလိမ့်မယ်။”
မုုိင်းဒရက် က ”ဒေါ်လာ ၅ဝတို့ ၊ ၅ဒေါ်လာတို့ဆိုုတာ အရေးမကြီးပါဘူး။ အရေးကြီးတာ လူ့ရဲ့ခံစားချက်တွေကုုိ ဖွင့်ပေးလုုိက်ဖုုိ့ သာ အဓိကပါ။ သူတို့အတွက် လေးစားမူနဲ့ဂုုဏ်သိက္ခာကို ရရှိခံစားပေးလုုိက်ခြင်းသာလျင် လုုပ်ငန်းရဲ့ အောင်မြင်မှုဖြစ်ပါ တယ်။”
၁၉၇၉ခုုနှစ်မှာစတင်ခဲ့တဲ့ Trickle Up ဟာ အမျိုးသမီး ၂ သိန်းခွဲကုုိ ကူညီပေးနုုိင်ခဲ့ပြီး မိသားစုုတွေအတွက် ကိုုယ့်ကိုုယ်ကုုိယ် ယုုံကြည်မူ၊ အလုုပ်ကျွမ်းကျင်မူတေနဲ့ စီးပွားရေးအလုုပ်တွေ ပုုိင်နုုိင်သွားစေယုုံမက လူမှုဆက်ဆံရေးနယ်ပယ်ပါ ကျယ်ပြန့် လာစေခဲ့ပါတယ်။ စဉ်းစားကြည့်လေ – အမျိုးသမီးတွေ အောင်မြင်ရင် သူတို့ရဲ့ သားသမီးတွေနဲ့ မိသားစုုတွေပါ ပါလာပြီပေါ့။ ပထမ ၃ရနှစ်အတွင်းမှာ  လူပေါင်း ၁ သန်းရဲ့ဘဝတွေကုုိ ကယ်တင်ပေးနုုိင်ခဲ့ပါတယ်။
အခုုဆုုိရင် Trickle Upဟာ အဖွဲ့တွေဖွဲ့ပြီး လုုပ်ငန်းတွေ ဆက်လုုပ်နုုိင်နေပါပြီ။ သူတို့ဟာ လုုပ်ငန်းတွငး်သင်တန်းများပေးတယ်၊ ကျွမ်းကျင်ဖုုိ့ ကွင်းဆင်းလုုပ်ကြရပါတယ်။ အနာဂတ်အတွက် အစီအစဉ်တွေကုုိ ချပေးပါတယ်။ ဒါ့အပြင် Trickle Up ဟာ မိမိတို့နေထုုိင်ကြတဲ့ မြို့ရွာက လူတွေအချင်းချင်း ဆက်သွယ်ရေး၊ ကိုုယ့်အသိစိတ်ဓါတ်နဲ့အလုုပ်လုုပ်ချင်လာအောင် ကြိုးစား ချင်စိတ်ရှိလာအောင် အားပေးကြတယ်။ ပြောရရင်တော့ ဆင်းရဲတာဟာ ပုုိက်ဆံမရှိလို့မဟုုတ်လား။ ဒါကုုိ ဖြည့်ပေးဖုုိ့ဆုုိရင် တကယ့်ကုုိ သူတို့နဲ့ပွင့်လင်းမြင်သာဖုုိ့လည်း လုုိတယ်လေ။
Trickle Up  က နောက်လာမယ့် သက္ကရာဇ် ၂ဝ၃ဝ မှာ တကမ္ဘာလုုံးဆုုိင်ရာ ဆင်းရဲမွဲတွေမူ ကင်းစင်ဖုုိ့ မျော်လင့်လျက်ရှိပါတယ်တဲ့။  နောက် ၅ နှစ်အတွင်းမှာတောင် အဆင်းရဲဆုုံးလူ၁သန်းကုုိ ထပ်မံကယ်တင်ပေးနုုိင်မယ်လို့ ကြွေးကျော်ထားပါတယ်။ အ ကယ်၍များ သူတို့မှန်းထားတဲ့အတုုိင်းများဖြစ်ခဲ့ရင် သူတို့ရဲ့ Trickle Up ဟာ တကမ္ဘာလုုံးက အာရုုံစုုိက်လာပြီး သူတို့လုုပ်ငန်း ကုုိလည်း သည့်ထက်တုုိးချဲ့လာနုုိင်၊ အောင်မြင်လာနုုိင်ပြီးတော့ ဆင်းရဲတဲ့နေရာတွေဆီကုုိ ဒိထက်မက ပုုိပြီးရောက်ရှိ ပြန့်နှ့ံ သွားတော့မှာ ဖြစ်ပါတယ်။
ဂျူနီယာဝင်း
REF : 1989 June American Newsletter, Sherrey Henry’s What is your dream? ကုုိ မှီငြမ်းဘာသာပြန်ထားကာ Trickle Up Wiki မှအချက်အလက်များ ဖြည့်စွက်ထားပါတယ်။