Tuesday, May 5, 2020

ဂျူနီယာဝင်း(ဘာသာပြန်သည္) - လော့ဒေါင်း ပုံပြင် တပုဒ်

ဂျူနီယာဝင်း - လော့ဒေါင်း ပုံပြင် တပုဒ်

(မိုးမခ) မေ ၅၊ ၂၀၂၀)



(Dave Scott (Kiffness) သိဆို စာသား ထည့်သွင်း ရေးသားသော လော့ဒေါင်းကို ခံစားထားတဲ့ သီချင်းတစ်ပုဒ်ပါ။ သူက အခန်းကျဉ်းလေးထဲ ပိတ်မိနေရတာ ကြာလာတော့ ဖြစ်လာတဲ့ စိတ်ကျဉ်းကျပ်မူတွေ ခံစားနေသူများအတွက်လို့ ပြောပါတယ်။ ကိုဗစ်ဆယ့်ကိုး လော့ဒေါင်းစကျတော့ သူဟာ သီချင်းတွေနဲ့ အတူ ကမ်းကို ကပ်ခဲ့ပါတယ်တဲ့။ လော့ဒေါင်းကာလအတွင်း သူ့စိတ်ကြိုက်သီချင်းတွေကို လော့ဒေါင်း ကာလ များအဖြစ်မှတ်ယူတဲ့ စာသားများနဲ့ ထည့်သွင်း သရော်မိပါသတဲ့။ ကျွန်တော်ကတော့ တကယ်သဘောကျတာပါ။ ခင်ဗျားတို့လည်း ကြိုက်ကြမှာပါ။ လို့သူက ပြောပါတယ်။ သူက အက်ဘာရဲ့ နံမယ်ကြီးသီချင်း တစ်ပုဒ်ဖြစ်တဲ့ dancingqueen ကိုလည်း Quaranqueen ကွာရန်ကွင်းလို့ ခက်သွက်သွက် သီဆိုပြထးပါတယ်။ အခုဖော်ပြထားတဲ့ သီချင်း မူရင်းတေးသီချင်းက the sound of silence ဖြစ်ပါတယ်။ ဒါကို သူက the sound of siren ဥသြသံများ လို့ လော့ဒေါင်းကာလ အတွင်း ညအချိန်တွေမှာ ကြားကြားနေရတဲ့ ပုလိပ်ကားသံတွေကို ရည်ညွှန်းပီး သီဆိုထားတာပါ။ စိတ်ဝင်စားရင် ယူကျူ့ထဲမှာ နားထောင်ကြည့်ကြပေါ့။  ဒီသီချင်းကို နားဆင်ဖို့ တင်ပေးခဲ့သူ ကိုကျော့်ကို ကျေးဇူးတင်ပါတယ်။)

https://www.youtube.com/watch?v=RoQJerrMcwA

လော့ဒေါင်းဘယ်တော့များမှ ပြီးမှာလဲ

စိတ်ဆင်းရဲလိုက်တာ

စိတ်ကျဉ်းကျပ်လာလွန်းလို့ အပြင်ကို တိတ်တိတ်လေး ထွက်လိုက်မိတယ်

ကိုယ့်ဇနီးချောလေးက အိပ်နေတုန်းပဲ

ဒီတခါတော့ အပြင်ကို ထွက်ကို ထွက်ရမှဖြစ်မယ်

တိတ်ဆိတ်နေတဲ့လမ်းပေါ်မှာ ကျွန်တော်တစ်ယောက်ထဲ

စိတ်ထဲမယ် ဇနီးသည်ကို ကိုယ်အဝတ်တွေ လျော်ပေးမယ်နော်လို့

ကတိပေးထားတာသတိရ

အဲသည်အခိုက်

အပြာရောင် အနီရောင် အလင်းတွေ နဲ့မီးဆလိုက်တွေ ကို ကျွန်တော်တွေ့တယ်

အလင်းတွေဖြိုးဖြိူးဖျက်ဖျက်နဲ့ ဥသြသံတွေကလည်း ဆူညံလို့

ဆယ်စင်းမကတဲ့ ပုလိပ်ကားတွေ လောက်ရှိမယ်ထင်ပါရဲ့

သူတို့က ကျွန်တော့ကို လမ်းပေါ် မှောက်ခိုင်းထားတယ်

ကျွန်တော်က ဥပဒေကို ချိူးဖောက်သတဲ့

ကျွန်တော် ဒီနားက စတိုးဆိုင်လေးဆီ သွားတာပါ ကျွန်တော့ကို မဖမ်းပါနဲ့

ဒါပေမယ့် သူတို့က ဂရုမစိုက်ဘူး

ကျွန်တော့်မှာ တိတ်တိတ်လေးနေပေးဖို့ အခွင့်အရေးတော့ရှိသတဲ့

ပုလိပ်ကြီးက “ညီလေးက ဒီအချိန် ဆိုင်တွေပိတ်တာ မသိဘူးလား“တဲ့

ကျွန်တော်ပြန်ဖြေရှင်းလည်းပဲ

တကယ်တော့ မနက် ၂နာရီခွဲဆိုတာ ကျွန်တော်မေ့နေတယ်

ဒီတော့ ကျွန်တော့်ရဲ့ အကြောင်းပြချက်တွေက မိုးရေပေါက်တွေလိုပဲ ပျောက်ရှသွားတယ်

ကျွန်တော်ဟာ အကျဉ်းထောင်ရှိရာ ဥသြသံတွေနဲ့အတူ ပါသွားတယ်

အခုတော့ ထောင်အခန်းတစ်ခုထဲမှာ ကျွန်တော်ရောက်နေတယ်

ပုလိပ်ကြီးက မင်းဖုန်းကောတစ်ခုတော့ ခေါ်ခွင့်ရှိတယ်လို့ လို့ပြောတယ်

ဘယ်သူဆီကို ခေါ်ရမလဲ

ကျွန်တော့်အတွက်တော့ အခက်ခဲဆုံးရွေးချယ်မူ

ကျွန်တော့်ဇနီးဆီခေါ်ရမလား

ကျွန်တော့နှလုံးသားထဲမှာက သူ့ကို အဝတ်တွေ မလျော် ရ သေးကြောင်း

အဲဒါ ပြောဖို့တော့ မဟုတ်ဘူးလေ

ကျွန်တော် ဘယ်သူ့ဆီမှ မခေါ်တော့ပါဘူး

ကျွန်တော် တိတ်တိတ်လေးပဲ အခန်းထဲမှာ ထိုင်နေတော့တယ်

Dave (ဒ့ဗ်) က Yesterdayဆိုတဲ့ နံမယ်ကျော်သီချင်းတစ်ပုဒ်ကိုလည်း လော့ဒေါင်းစာသားများထည့်သွင်း သီဆိုပြခဲ့ပါသေးတယ်။ သူက ...

“မနေ့တုန်းကတော့ ကိုဗစ်နိုင်တီးက အဝေးကြီးမှာပါတဲ့။

ရုတ်တရက်ဆိုသလို ကွာရင်တင်းဖြစ်သွားတယ်

၃ပတ်ကြာ အချိန်တွဖြုန်းပီး နေနေရတယ်

ကျွန်တော်ဝယ်နေကျ ဆိုင်လေးလည်း မနေ့ကပဲ ရုတ်တရက်ကောက်ပိတ်သွား

အမေနဲ့ မတွေ့ရတာ ရက် ၂၀

ပေးရမယ့်ဘီလ်တွေလည်းပုံနေပီ

သူက ချောင်းဆိုးနေတယ် (သူ့ဇနီးကိုပြောတာပါ)

ဘာဖြစ်တယ်တော့ မပြောပါဘူး

ဒါပေမယ့် ကျွန်တော်နဲ့ ၂ မီတာခွာပြီး နေနေတယ်“

လို့ ရေးသားထားပါကြောင်း။)

https://www.youtube.com/watch?v=RoQJerrMcwA

Ref: YouTube

Saturday, April 25, 2020

ဂျူနီယာဝင်း - ကိုဗစ်၁၉ စစ်ပွဲဲ - ၂

ဂျူနီယာဝင်း - ကိုဗစ်၁၉ စစ်ပွဲဲ  - ၂

(မိုးမခ)ဧပြီ ၂၃၊ ၂၀၂၀



မြန်မာပြည် ကို ကိုဗစ်နိုက်တင်း ဝင်လာတယ်သတင်းကြားကတည်းက စိုးရိမ်စိတ်တွေ ကြောက်စိတ်တွေ ဝင်လာခဲ့တယ်။ ကမ္ဘာမှာ နှစ် ၁၀၀မှာ ကပ်ဆိုက်တတ်တယ်ဆိုတာတွေ ကြားလိုက်ရ ဖတ်လိုက်ရတော့ ကပ်ကြီးသုံးပါး ဖြစ်တဲ့ စစ် အစာရေစာငတ်မွတ်မူ ရောဂါ ကပ် တစ်ခုခုဟာ ကြုံရနိုင်တယ်။ ယခု ၂၀၂၀ ရောဂါကပ်ဟာဖြင့် ရှောင်လွှဲလို့မရ ရင်ဆိုင်ရတော့မှာပဲ။ ဒီရောဂါကပ်ဘေးကြီးဟာ ကိုယ့်တိုင်းပြည်က စမဖြစ်ခဲ့တာကိုပဲ ဆိုပီး ကြံဖန်ပီး စိတ်သက်သာယာ ရာတွေ လျောက် တွေးနေမိတယ်။ အခု ဖြစ်နေတဲ့ ကိုဗစ်စစ်ပွဲမှာ ကိုယ်က ဘယ်နေရာကလဲ တွေးကြည့်မိတယ်။ သတင်းတွေဖတ်ပီး အိမ်မှာ တတ်နိုင်သလောက် နေပီး တိုက်ပွဲကြီးပြင်းထန်နေတာကို ကြောက်စိတ်တွေနဲ့ ထိုင်ကြည့်နေတဲ့ သူပေါ့။ ကိုယ်လုပ်နိုင်တာဆိုလို့ အိမ်မှာ နေပေးတာပဲရှိတယ်။ 

သတင်းတွေ တစ်ခုပီးတစ်ခု တက်လာလေ ခြေတွေလက်တွေ တုန်လာလေ ချောင်းဆိုးချင်သလိုလို လည်ချောင်းပဲတစ်နေသလိုလို လက် ထထဆေး ရေတွေ ထထသောက် ရေနွေးတွေ မြိုချ သံပုရာရည် သောက် ကြက်သွန်ဖြူကိုက် ဆားရေနဲ့ ဂါဂယ်ထထလုပ် ညလည်းတော်တော်နဲ့ အိပ်မပျော် မနက်နိုးတော့လည်း သတင်းတွေ ဖတ် ဟိုဟာဖတ်သည်ဟာဖတ် ကွန်မစ်တွေ လျောက်ဖတ် တခါမှ အဲသလောက် ဖေ့ဘုတ်မကြည့်တဲ့သူဟာ စိတ်တွေ ခြောက်ခြားနေတာကို ကိုယ့်ဘာသာ သတိမပြုမိတော့ဘူး။ စျေးသွားပီးပြန်လာကတည်းက စိတ်ကယောက်ကယက်ဖြစ်နေတာ။ အိမ်က ရေဘုံဘိုင်တွေလည်း ပြောင်လက်နေတာပဲ။ လက်ဆေးတိုင်း သူ့ပါ ဆပ်ပြာနဲ့ အကျအနဆေးတာကိုး။ ဆေးပီးတဲ့လက်နဲ့ မကိုင်ရဘူးဆိုတော့လေ။

ခက်တာက ၁၄ ရက်တခါ စျေးကိစ္စ လကုန်ခါနီးတော့ မီတာဘီဖုန်းဘီလ်ကိစ္စတွေ နဲ့ ထွက်ဖို့အရေးကို ပြင်ရဆင်ရ မာစ်ကလည်း မရှိတော့ မချူပ်တတ်ချူပ်တတ်နဲ့ ချူပ်ရတယ်။ မာစ် ၅၀ တန်ကို မတန်တဆ ရောင်းရကောင်းလားဆိုပီး မာနကြီးလိုက်တာ အခု ဒုက္ခရောက်ပီ။ ကဲ … ယူကျူ့ထဲ မာစ်ချူပ်နည်းကို အလွယ်နည်းရှာရ အစရှာရ အပ်ချည်နဲ့အပ် ရှာရ။ စိတ်တွေနဲ့ကိုယ်ဟာ စာလည်းမရေးနိုင် စာလည်း မဖတ်နိုင် စားလည်း ကိုဗစ် အိပ်လည်းကိုဗစ် ဖြစ်နေတာ ပြောပါတယ်။ အခုလတ်တလော ကြားနေရတာတွေ ဘာဖြစ်ဖြစ်ကိုဗစ် ဘာမှမဖြစ်လည်းကိုဗစ်ဆိုတော့လေ ကြောက်တာပေါ့။ (စာရေးတာလည်း ရေးတာပေါ့ ရသေောက်ဖို့ မမေ့နဲ့ဦးလေ။) 

(ငယ်ငယ်က ဖတ်ဖူးတဲ့ စိတ်ပညာစာအုပ်တစ်အုပ်မှာ အမျိူးသမီးတစ်ယောက်က တချိန်လုံး ရေနဲ့သန့်စင် ခနခနခြေထောက်ကို ဆေး နောက်တော့ သူလမ်းလျောက်ရာတလျောက် သတင်းစာစက္ကူတွေခင်း အဲသည်ပေါ်လမ်းလျောက် ခနနေ အဲသည်သတင်းစာတွေ ပြန်ဖယ် အသစ်ထပ်ခင်း စသဖြင့် စိတ်ရောဂါဖြစ်နေတဲ့သူ အကြောင်းဖတ်ဖူးတယ်။ အဲသည်တုန်းက အော်… ရူးတယ်ဆိုတာ အဲသလိုလား နဲ့ တွေးမိသေးတယ်။ ကိုယ်လည်း ကြာရင် အဲလို ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ။ သည်တော့ သတိနဲ့နေ။)

သိပ်ကြောက်လာတော့ မကောင်းဘူးလေ။ တော်ကြာ အကြောက်လွန်သွားမယ်။ စိတ်ထိန်း။ အင်တာနက်ထဲ ဂူးဂဲထဲ ဝီကီထဲကနေ လျောက်ဖတ်ရင်းနဲ့ ကိုယ့်ကြောက်စိတ်ကိုအစားထိုးဖို့ ကြိုးစားမယ်။ တရုတ် ၊ အီတလီ ၊ စပိန် ၊ အိန္ဒိယ ၊ အမေရိကန်၊  ယိုးဒယား ၊ ပါရာဂွေး အပါအဝင်ပေါ့လေ။ သူတို့ ဘယ်လိုများကူးစက် ဘယ်လိုများ စတင်ခဲ့ ဘယ်လို ဖြစ်ကြ ပျက်ကြ ဖတ်မယ်။ သူတို့တိုင်းပြည်တွေမှာ ဘယ်လိုကနေ ဘယ်လိုကူးစက်ပြန့်ပွားလာတယ် ဆိုတာကို ဖတ်ရင်း ကိုယ့်တိုင်းပြည် အြခေအနေကို သုံးသပ်ကြည့်အုံးမှ။ ကိုယ်ရေးနေတဲ့ စာတွေလည်းမရေးနိုင်၊ ရေးလက်စ “ကွန်ပြူတာနည်းပညာတော်လှန်ရေး“ ဆိုတာလည်း စိတ်သွင်းလို့ကိုမရဖြစ်နေတဲ့နောက် ကိုဗစ်အကြောင်းတွေပဲ ရှာဖတ်တော့မယ်လေ။ (သတင်းလည်း ကြည့်ဦး။ ကိုယ့်ရပ်ကွက် သူများရပ်ကွက် ကိုယ်သွားတဲ့ နေရာတွေ ပါမပါ။)

ထိိုင်း၏ အစ


ထိုင်းမှာ ပထမဦးဆုံး ၂၀၂၀ခုနှစ် ဇန်နဝါရီ ၁၃ ရက်နေ့မှာ အသက်၆၁နှစ်အရွယ် တရုတ်အမျိူးသမီးတစ်ဦးက လည်ချောင်းနာ အဖျားရှိ ချမ်းတုန် ခေါင်းကိုက် ဝေဒနာများ ဇန်နဝါရီ ၅ရက်နေ့ကစတင်ခံစားလာခဲ့ရတဲ့သူ ကိုဗစ် ဗိုင်းးရပ်စတင်ခဲ့။ သူက ၈ ရက်နေ့ ဇန်နဝါရီမှာ ဝူဟန်ကနေ တိုးအဖွဲ့တစ်ခုနဲ့ လေယာဉ်နဲ့ ရောက်ရှိလာသူ။ ဒုတိယတယောက်က ၁၇ ရက်နေ့ ဇန်နဝါရီမှာ အသက်ရ၄နှစ် အရွယ် ဝူဟန်ကနေ လေယျာဉ်နဲ့ ရောက်ရှိလာသူ။ တတိယ ၂၁ ရက်နေ့ အသက် ၁၈နှစ်အရွယ် ဝူဟန်ကနေ ရောက်လာသူဖြစ်ပီး အပူချိန်မြင့်အပြင်းဖျားဝေဒနာနဲ့ ဆေးရုံရောက်လာသူ။ သူက၃၁ ရက်နေ့မှာ ဆေးရုံက ဆင်းပါတယ်။ ၂၂ ရက်နေ့ မှာ ကိုဗစ် ၂ယောက် ထပ်တိုးတယ်။ ၆၈နှစ် တိုးရစ် တရုတ်အမျိူးသားနဲ့ ၇၃နှစ် အမျိူးသမီးပါ။ ဝူဟန်ကပဲ ရောက်လာကြသူများဖြစ်တယ်။ ၂၄ ရက်မှာ ၃၃နှစ်အရွယ် ဝူဟန်က ရောက်လာတဲ့ တရုတ်အမျိူးသမီး။ သူက ၂၁ ရက်နေ့က ယိုးဒယားကို လေယာဉ်နဲ့ ရောက်လာသူ။ ၂၅ ရက်မှာ ၇၃နှစ် တရုတ်အမျိူးသမီးတစ်ဦးက ၁၉ ရက်နေ့မှာ လေယာဉ်နဲ့ ရောက်လာပီး ၂၃ ရက်နေ့မှာ ဆေးရုံ တက်ရသူပါ။ ၂၆ ဇန်နဝါရီမှာ နောက်ထပ် ၈ ယောက်တိုးပါတယ်။ အားလုံးတရုတ်လူမျိူးများ ဖြစ်ပီး ၅ယောာက်က ဆေးရုံက ဆင်းပါတယ်။ ၂၈ ရက်နေ့ နောက်ထပ် ၆ ယောက်တိုးတယ်။ သူတို့အားလုံးက ဝူဟန်က ရောက်လာတဲ့တရုတ်လူမျိူးများ ဖြစ်ပါတယ်။ 

၂၈ ရက်နေ့မှာတော့ယိုးဒယားမှာ တရုတ်ကလာသူများကို လေယာဉ်ကွင်းမှာ စတင် စစ်ဆေးမူတွေ လုပ်လာပါတယ်။ ၃၁ ရက် ဇန်နဝါရီမှာ နောက်ထပ် ၅ယောက် ထပ်ဖြစ်တယ်။ သူတို့ထဲမှာ တစ်ယောက်က ထိုင်းက တက်ကစီ မောင်းသူဖြစ်ပါတယ်။ ကျန်တာ တရုတ်တိုးရစ်များ ဖြစ်ပါတယ်။ သည်တော့ ထို်င်းက တက်စစ် သမားက ဘယ်လိုဒီရောဂါရသလဲ။ သူက ဝူုဟန်ကလည်းမဟုတ်ဘူး။ ဒါပေမယ့် သူတင်လိုက်တဲ့ ခရီးသည် တစ်ယောက်က တရုတ်လူမျိူးဖြစ်နေတယ်။ ဒီအချက်ကြောင့် သည်ရောဂါဟာ ကူးစက်တတ်တယ်။ လူ လူ ချင်းကနေ ကူးတယ် ဆိုတဲ့အချက်စပီး ပေါ်ထွက်လာပါတယ်။ 

အင်း…. ဒါကို သုံးသပ်ကြည့်လိုက်ရင် သည်ရောဂါဟာဖြင့် ဝူဟန်က ခရီးသည်များမှသာလ ျှင် ကူးဆက်လာတာဖြစ်တယ် ဆိုတာ တွေ့ရတယ်။ သူတို့မလာရင် မကူးဖူးဆိုတာ တွေ့ရတယ်။ ဒါဟာ လက်ကိုလက်ခံထားမယ့် အမှန်တရားတစ်ခုပါ။ လူလူချင်းသာကူးဆက်နိုင်ပီး ဗိုင်းရပ်စမှာ လေထဲက သွားလာနိုင်တဲ့ တောင်ပံမပါဘူးဆိုတာရယ်၊ တိရစ္ဆာန်များကတဆင့် ကူးတာမဟုတ်ဖူးဆိုတာရယ်ကို ကောက်ချက်ချနိုင်ပါတယ်။ ဒါပေမယ့် ဒါကို တဖက်သားကို လာရကောင်းလားလို့ အပြစ်တင်လို့မရပါဘူး။ ကမ္ဘာကြီးမှာ အတူတကွ နေထိုင်နေကြသူတွေဖြစ်ပါတယ်။ အဟမ်း…. ကြီးကြီးကျယ်ကျယ်တွေ တွေးမိတာ။ 

အီီီီတလီ၏ အစ 

အခု ဆက်လက်ပီး အီတလီဆီကို သွားပါ့မယ်။ အီတလီမှာ ပထမဦးဆုံး ပေါ့စတစ် ကေ့စ်က ၂၀၂၀ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့ပါ။ ဝူဟန်မြို့က တရုတ်လူမျိူး လင်မယား၂ယောက်က ရောမမြို့ကို ၂၈ ရက်နေ့မှာ ရောက်တယ်။ သူတို့က ၂၃ ရက်နေ့က အီတလီကို ရောက်လာသူများပါ။ ရောမမြို့ကို ရောက်ရှိပီး နောက်တနေ့နေ့လည်မှာ ချောင်းဆိုးပါတယ်။ ညနေမှာ အဖျားရှိပါတယ်။ ဆေးရုံရောက်တော့ အီတလီနိုင်ငံ ရောမမြို့က ကူးဆက်ေရောဂါ ဆေးစစ်ကြောရေး တက္ကသိုလ် ဌာနချူပ်မှာ စစ်ကြည့်တာမှာပေါ့စတစ် (positive ကိုဗစ် ဗိုင်းရပ်စ် ရှိနေတယ်) ဖြစ်ပါတယ်။ 

၃၁ ၇က် ဇန်နဝါရီမှာ အီတလီအစိုးရက တရုတ်လေကြောင်းလိုင်းများကို နောက်၆လ အဝင်ဆုတ်လိုက်ကြောင်း ကြေငြာပါတယ်။ ဒါ့အပြင် လေကြာင်းဝင်ရာက်လာသူများကို အပူချိန် စစ်ဆေးမူများ ပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။ ဖေဖော်ဝါရီ ၂ ရက်နေ့မှာ တော့ ပေါ့စတစ်ကို စစ်ဆေးပေးခဲ့တဲ့ ကူးစက်ရောဂါ ဆေးဌာနက ဆရာဝန်သုံးယောက် ကို ဗိုင်းရပ်စ် မပြန့်ပွားရေး အတွက် သီးသန့်ဆောင်မှာ ထားရှိခဲ့တယ်လို့ တွေ့ရပါတယ်။ ၆ ၇က် ဖေဖော်ဝါ၇ီမှာ ဝူဟန်ကနေ ပြန်လာသူ အီတလီလူမျိူး တစ်ဦးဟာ ဗိုင်းရပ်စ်ပေါ့စတစ် ဖြစ်နေပါတယ်။ သူက တတိယမြောက် အီတလီမှာ ဖြစ်လာတဲ့ ကိုဗစ် ဖြစ်လာသူပါ။ သူဟာ ၂၂ ရက်နေ့မှာ ဆေးရုံကဆင်းပါတယ်။ ထို့အတူ အရင်ဆုံးဖြစ်ခဲ့ကြတဲ့ တရုတ်လင်မယားလည်း ၂၂နဲ့ ၂၆မှာ အသီးသီး ဆေးရုံကဆင်းပီး နေကောင်းသွားကြပါတယ်။ 

ဒါတွေဟာ ဝူဟန်က တရုတ်လူမျိူးများ ကနေ လူလူချင်းကူးဆက်နေရာက တိုင်းပြည်တွင်းကလူပါ ပါလာတဲ့ သဘော ဖြစ်ပါတယ်။ ဒါ ဘာကိုပြသလဲဆိုရင် လူတွေက စကားပြော ရာကနေဖြစ်ဖြစ် နှာစီးချောင်းဆိုးရာကဖြစ်ဖြစ် ထွက်လာတတ်တဲ့အမှူန်အမွှား အရည်တွေကတဆင့် တခြားတစ်ယောက်ကို ကူးနိုင်တယ်။ ကူးပုံကလည်း အဲသည်အရည်တွေ ထိမိထားတဲ့ လက်တန်း လက်ကိုင် တွေကို လက်နဲ့ထိမိပီး မျက်နှာ နှာခေါင်းပါးစပ်တွေကို ကိုင်တွယ်မိရာက ကူးလာတာပါ။ ဒါကြောင့် နေမကောင်းဖြစ်သူတွေဟာ မာစ် တပ်သင့်တယ်။ ဒါမှ သူတို့ဆီက အမှူန်အမွှားများ သူတပါးဆီ မရောက်ဖူးလို့ အကြမ်းအားဖြင့် တွက်ဆခဲ့ကြပါတယ်။

၀ူဟန်၏ အစ

အခု ဆက်ပီးတော့ စတင်ဖြစ် ပွားခဲ့တဲ့ တရုတ်ပြည် ဝူဟန်မြို့ကလေးအကြောင်း ရှာဖတ်ဦးမှ။ တခြားတိုင်းပြည်တွေ အကြောင်းလည်း ဟိုနည်းနည်းသည်နည်းနည်း ဖတ်ရမယ်။ ဘာပဲဖြစ်ဖြစ် စိတ်ကို မပြန့်အောင်ထိန်းထားရမယ်။ အခု ကိုယ်က သများတကာ ဆဲဆိုနေတာ အပြစ်တင်နေကြတာ စကားနားမထောင်ကြတာတွေ မြင်ပြီး ဒေါသထွက်နေတာ။ ကြာရင်ကိုယ်လည်း စိတ်မထိန်းနိုင်ဖြစ်ပီး သူတို့လိုဖြစ်သွားနိုင်တယ်။ 

တရုတ်ပြည်ဝူဟန် အကြောင်းက သည်လိုစဖြစ်ခဲ့တာတဲ့။ ၂၀၁၉ ဒီဇင်ဘာ ၃၁ ရက်နေ့မှာ နမိုးနီးယားဆန်ဆန်ရောဂါနဲ့ လူနာ ၄၁ ယောက် စတင်ဖြစ်ပွားလာရာကစပါတယ်။ အများစုက ဟူအာနန် ပင်လယ်စာ စျေးကွက်ကနေ ဖြစ်လာတာလို့ ဆိုတယ်။ ၂၀၂၀ ဇန်နဝါရီလ ၁ ရက်နေ့မှာ အဲသည်စျေးကို ပိတ်လိုက်တယ်။ ဇန်နဝါရီလ ၇ ရက်နေ့မှာ တရုတ်အစိုးရကနေ အဲသည်ဗိုင်းရပ်စ်အသစ်ကို nCoV သို့မဟုတ် ကိုရိုနဗိုင်းရစ် လို့ အတည်ပြု ကြေငြာလိုက်တယ်။ ဇန်နဝါရီလ ၁၃ ရက်မှာ ကိုရိုနာဗိုင်းရပ်စ် နဲ့ ပထမဦးဆုံး လူတစ်ယောက် အသက်ဆုံးတယ်လို့ အတည်ပြုတယ်။

 (ဒီနေရာမှာ ဖြတ်ပြောရရင် ဝူဟန်က ပြန်လာတဲ့ အသက် ၃၅နှစ်အရွယ် အမျိူးသားတစ်ယောက် ဆီယယ်တယ်လေဆိပ်ကို ဇန်နဝါရီ ၁၅ ရက်မှာ ရောက်လာပါတယ်။ အဲသည်တုန်းက နေကောင်းပေမယ့် ဇန်နဝါရီ ၁၉ မှာ နမိုးနီးယားဖြစ်ချင်လာလို့ ဆေးခန်းရောက်လာပါတယ်။ သူ့ကိုဇန်နဝါရီ၂၁မှာ ဝါရှင်တန်မှာ ကိုဗစ်ရောဂါ အတည်ပြုခဲ့ပါတယ်။ ၂ပတ်ကြာ ဆေးကုသမှူခံယူပီးဖေဖော်ဝါရီ ၃ ရက်နေ့မှာ ဆေးရုံကဆင်းပါတယ်။ ပြောချင်တာက အဲသည်ရက်တွေမှာ တပြိုင်တည်း ဖြစ်လာတဲ့ ကိုဗစ်ဗိုင်းရပ်စ ပြန့်ပွားလာမူ အခြေအနေကို ဖြစ်ပါတယ်။)

 ဇန်နဝါရီ ၂၃ မှာ ဝူုဟန်ကု ိကွာရန်တင်း (Quarantine) (ရောဂါရှိသူများ သံသယရှိသူများအဖြစ် သတ်မှတ်ကာ တခြားသူများနဲ့ မထိတွေ့အောင် အဆက်အသွယ်ဖြတ်တောက်ထား) ချလိုက်တယ်။ ဟူဘိုင်းနယ်မြေတစ်ခုလုံး အဲသည်အတိုင်း လုပ်ခဲ့တယ်။ ဇန်နဝါရီ ၃၀မှာ WHO (ကမ္ဘာကျမ်းမာရေး အဖွဲ့ချူပ်)ကနေ တကမ္ဘာလုံးဆိုင်ရာ ကျမ်းမာရေး အရေးပေါ်အခြေအနေ အဖြစ် ကြေငြာလိုက်တယ်။ (အင်း…. အဲသည်အချိန်တုန်းက ငါဘာလုပ်နေပါလိမ့်။ ဘုန်းကြီးကျောင်းသွား တရားထိုင်လို့ကောင်းတုန်းပဲ ရှိသေးတယ်။ သူများတိုင်းပြည်တွေ ဖြစ်နေတာကို ကြည့်ရင်း သနားပါတယ် လို့ ပြောေကောင်းနတုန်း။)

စင်််််ကာပူူူ၏ အစ 


စင်ကာပူရဲ့ ပထမဦးဆုံးကေ့စ်က ဇန်နဝါရီ ၂၃ ရက်နေ့ ဝူဟန်ကနေ ရောက်လာတဲ့အသက် ၆၆နှစ်အရွယ် တရုတ်လူမျိူးဟာ အဖော် ၉ ယောက်နဲ့ စင်ကာပူ ကိုရောက်လာပါတယ်။ သူဟာ ကိုဗစ် ပေါ့စတစ်ဖြစ်နေပီး နောက် ၂၈ ယောက်ဟာလည်း ပေါ့စတစ်ဖြစ်နေပါတယ်။ ဇန်နဝါရီ ၂၄မှာ နောက်ထပ် ၂ ယောက်ထပ်တွေ့တယ်။ ၂၅ဇန်နဝါရီမှာ နောက် ထပ် ၄၄ + ၆၄ ဖြစ်လာတယ်။ နက်ကတစ်တွေလည်းပါပါတယ။် ကိုဗစ်ရောဂါဟာ တဖြေးဖြေး ပြန့်လာတဲ့သဘောကို တွေ့ရတယ်။ ဇန်န်ဝါရီတလလုံးဟာ ပေါ့စတစ်ကေ့စ်တွေ တက်လာတယ်။ ဖေဖော်ဝါရီ ၄ ရက်နေ့မှာတော့ ရှေ့ကဖြစ်ခဲ့တဲ့ လူနာများဟာပြည်တွင်း ကနေ ထွက်နေတာကို တွေ့ရပါတယ်။ 

ဘာလို့ဆို ရွှန်တိုင်ဟန် ဆိုတဲ့ တရုတ်တိုးရစ်များကို အများအဖြင့် ဝင်ထွက်တဲ့ဆိုင်ဟာ အဓိက ရောဂါပိုး ထုတ်လုပ်ရာဖြစ်နေတယ်တဲ့။ အဲသည်မှာ တရုတ်ပြည်ကို အသွားအလာမရှိတဲ့ အမျိူးသမီး ၄ဦးက ဒီဗိုင်းရပ်စ ပေါ့စတစ်ဖြစ်နေတာ သူတို့က အဲသည်ဆိုင်နဲ့ အဝင်အထွက်ရှိနေတယ် ဆိုတာ ဖြစ်လာတယ်။ အဲသည် နေ့တရက်ထဲမှာ ကေစ် ခုနှစ် (case 7) အသက် ၃၅နှစ်အရွယ် တရုတ်အမျိူးသားက ဝူဟန် ဆေးရုံကနေ ဆင်းလာသူ ဖြစ်ပီး နောက်ပိုင်းမှာ နက်ကတစ် ဖြစ်သွားပါတယ်။ ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ ရောဂါပြန့်ပွားမူ အခြေအနေကို အဝါရောင်အဆင့်ကနေ လိမော်ရောင် အဆင့် သတ်မှတ်လိုက်ပါတယ်။ တာဝန်ရှိသူများက ဒါကို သိပ်မသေချာသေးတဲ့ အခြေအနေလို့လည်းတဖက်က ကြေငြာပါတယ်။ 

ဖေေဖော်ဝါရီ ၈ ရက်နေ့မှာ စင်ကာပူ ဝန်ကြီးချူပ် လီဆင်လွန် က ဝူဟန်ကနေ တိုက်ရိုက်ဝင်ရောက်လာတဲ့ ရောဂါပြန့်နှန့်မူ သို့မဟုတ် တခြားကများ ဝင်လာတဲ့ ပြန့်နှန့်မူ များကို စိုးရိမ်ကြောင့်ကျကြောင်း ပြောကြားခဲ့ပါတယ်။ သူက လူတွေ အဆက်အသွယ် လုပ်မူတွေကို ကြိုးစားစုံစမ်းဖို့ အကြံပေးခဲ့ပါတယ်။ ၂၅ ဖေဖော်ဝါရိမှာတော့ ကေ့စ် ၈နဲ့ ၉ ၊ ၈၃နဲ့ ၉ ၁ တို့ဟာ ဘာသာရေးဆိုင်ရာ အခန်းအနားများနဲ့ ဆက်နွယ်မူရှိနေတာကို တွေ့ခဲ့ကြပါတယ်။ 

မတ်လ ၁၀ ရက်နေ့မှာ မလေးရှားနဲ့ထိုင်းက ဆိုက်ကပ်ဖို့ ညင်းပယ်ခဲ့တဲ့ အီတလီသင်္ဘော ကိုးစ်တာဖော်ကျူးက ခရီးသည် ၆၀၀ကို လက်ခံခဲ့တယ်။ ခရီးသည် အများစုက ရောက်တာနဲ့ ချက်ချင်း လေယာဉ်ကွင်းက ဆင်းသွားြ့ကပါတယ်တဲ့။ WHO ကဒါရိုက်တာက အစိုးရကို သေချာ ကိုင်တွယ်ပီးမှ လွှတ်ပေးဖို့ အကြံပေးခဲ့ပါတယ်။ 

မတ်လ ၁၂ ရက်မှာ စင်ကာပူဝန်ကြီးချူပ်က နိုင်ငံရဲ့ အြခေအနေဟာ လိမော်ရောင်အဆင့်မှာပဲ ဆက်ရှိနေကြောင်း ပြောဆိုခဲ့ပီး စင်ကာပူဟာ ခေတ္တခန သာ ထိန်းချူပ်မူ အောက်မှာ ရှိနေတာ ဖြစ်ပီး ကမ္ဘာကြီးနဲ့ ကင်းကွားနေမှာ မဟုတ်ဘူးလို့ ဆိုခဲ့ပါတယ်။ မတ်လ ၂၁ မှာ ပထမဦးဆုံး ကိုရိုနာဗိုင်းရစ်နဲ့သေဆုံးမူ ၂ခု စင်ကာပူအမျိူးသမီး အသက် ၇၅နဲ့ အသက် ၆၄နှစ် အင်ဒိုနီးရှားအမျိူးသားတို့ဖြစ်ပါတယ်။ အမျိူးသမီးက နဲ့ အမျိူးသားက နှလုံးရောဂါ အခံရှိသူတွေအဖြစ် ကြေငြာပါတယ်။ 

မတ်လ ၁လလုံးဟာ ပေါ့စတစ်တွေ ဆက်တက်နေတယ်။ ၈၇၉ ကျော်က ဒေသတွင်းမှာ ဖြစ်ပေါ်လာပီး ၉ ယောက်က ပြင်ပက ဖြစ်တယ်။ စင်ကာပူကျမ်းမာရေး ဝန်ကြီးကတော့ ဆိုရှယ်ဒစ်စတင့် တွေ များများ လုပ်ကြဖို့ ဖိအားပေးနေပါတယ်။ စင်ကာပူ အမျိူးသားရေးဝန်ကြီး လောရင့်ဝမ်က Lockdown (အပြင်မထွက်ရ အပြင်ကလည်းး မဝင်ရ) လော့ဒေါင်းကိစ္စကို ထည့်ပြောလာတယ်။ ဧပြီမှာလည်း ကိုဗစ်နိုင်တင်းကြောင့် သေဆုံးမူတွေ တက်လာတာ တွေ့ရပါတယ်။ ဧပြီ ၉ ရက်မှာ ဆေးရုံ ဧည့်သည်အဝင်အထွက်တွေ ကန့်သတ်ခဲ့ကြပါတယ်။ 

ဧပြီ ၁၂ ရက်မှာ လူတိုင်း မာစ် တွေ တပ်ကြဖို့ ကြေငြာပါတယ်။ အလုပ်သမားတွေကြားထဲမှာ၊ ဆေးရုံဆေးခန်းတွေမှာ၊ အလုပ်ရုံမှာ၊ စျေးဆိုင်တွေမှာ စသဖြင့် ကူးဆက်မူတွေ တက်လာပါတယ်။ ဧပြီ ၂၁ ရက်နေ့မှာ ပြည်တွင်း အယောက် ၂၀ အပါအဝင် အသစ်ကေ့စ် ၁၁၁၁ ခုတိုးတယ်။ ထိုနေ့မှတ်တမ်းအရ စုစုပေါင်း ၉,၁၂၅ ရှိပါပီတဲ့။ အခု တော့ မေလလောက်ထိကို အလုပ်ရုံများ မဆင်းကြဖို့တင်းကြပ်စွာ ပိတ်ပင်မူတွေ လုပ်နေကြပါတယ်။ 

အမေရိကန်၏ အစ

ဇန်နဝါရီ ၃၁ ရက်နေ့မှာ အမေရိကန်သမတ ထရန့်က တရုတ်ပြည်မကြီးကလာတဲ့သူတွေကို ၂ပတ်ဝင်ခွင့်မပေးဖို့ လေကြောင်းလိုင်းကို ကန့်သတ်လိုက်တယ်။ ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ ဖိလစ်ပိုင်မှာ ပထမဦးဆုံး ကိုဗစ်နဲ့သေဆုံးသူ ထွက်ပေါ်လာတယ်။ ဒါ တရုတ်ပြည်ပြင်ပမှာ ပထမဆုံး ဖြစ်လာတဲ့ အမူတစ်ခုပေါ့။ ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ တရုတ်နိုင်ငံ ဝူဟန်ဆေးပညာရှင် Li Wenling သေဆုံးတယ်။ သူက ဒီဇင်ဘာ ၂၀၁၉ တုန်းက ဒီဗိုင်းရပ်စ် ကို စတင် သိရှိခဲ့ပီး သူ့ရဲ့ထုတ်ဖော်မူကို ဖိနှိတ်ခြင်းခံခဲ့ရသူပါ။ ဇန်နဝါရီလ ၃ ၇က်နေ့မှာ တရုတ် အစိုးရက မဟုတ်ကဟုတ်ကတွေ တွေကို အင်တာနက်မှာ ရေးသားသူ လို့ စွပ်စွဲခဲ့ပါတယ်။ သူဟာ သူကုသခဲ့တဲ့လူနာဆီက အဲသည် ဗိုင်းရပ်စ်ကူးဆက်ပီး ကွယ်လွန်ခဲ့သူဖြစ်ပါတယ်။သူကွယ်လွန်မှပဲ တရုတ်အစိုးရက သူ့မိသားစုကို အလေးအနက် တောင်းပန်ခဲ့ကြပါတယ်တဲ့။

ဖေဖော်ဝါရီ ၈ ရက်နေ့မှာ ဝူဟန်မှာ အမေရိကန်လူမျိူးတစ်ဦး ကိုဗစ် နိုင်တင်းနဲ့ သေဆုံးတယ်။ သူဟာ ကိုဗစ် ဗိုင်းရပ်စ်နဲ့ သေဆုံးသူ ပထမဦးဆုံး အမေရိကန်လူမျိူးဖြစ်ပါတယ်။ ဖေဖာ်ဝါ၇ီ ၁၁ ရက်နေ့မှာ WHO က ယခုဖြစ်ပွားနေတဲ့ ဗိုင်းရပ်စ်ကို COVID 19 ကိုဗစ်ဆယ့်ကိုး လို့ခေါ်တွင်မယ်လို့ ကြေငြာလိုက်ပါတယ်။ Covi က conronavirus အတိုကောက်၊ D က Disease ရောဂါပိုး 19 က စတင်ဖြစ်ပွားခဲ့တဲ့ ခနှစ် 2019 ကို ရည်ညျွန်းပါတယ်။

တောင်ကိုရီးယားမှသည် နိုင်ငံတကာအနှံ့သို့

၂၀၂၀ခုနှစ် ဖဖော်ဝါရီ ၁၂ ရက်နေ့မှာ တောင်ကိုရီးယားကို ကိုဗစ်စတင်ဝင်ရောက်ခဲ့ပါတယ်။ ဖေဖော်ဝါရီ ၁၉ မှာ အီရန် ၊ ဖေဖော်ဝါ၇ီ ၂၁မှာ အီတလီ။ အမေရိကန်က ဖေဖော်ဝါရီ ၂၉ မှာ အမေရိကန်မြေမှာ ပထမဦးဆုံး ကိုဗစ်ကြောင့်သေဆုံးသူရှိလာပီ လို့ ဆိုပါတယ်။ မတ်လ ၃ ရက်နေ့မှာ စပိန်ဟာ ထိခိုက်ခံနေရပီ။ မတ်လ ၈ ရက်နေ့မှာ လူ သန်း၈၀ကို လော့ဒေါင်း ချလိုက်ပီ။ (Lock down) အပြင်မထွက်ရ) ။

မတ်လ ရ ရက်နေ့မှာတော့ ပါရာဂွေးမှာ အသက် ၃၂နှစ်အရွယ် တောင်အမေရိက ကပြန်လာတဲ့ အမျိူးသားတစ်ဦးက ကိုဗစ် နိုင်တင်း ပေါ့စတစ် ပထမဦးဆုံး စဖြစ်ပါတယ်။ မတ်လ ၁၀ ရက်နေ့မှာ ကျောင်းများ နဲ့ လူစည်းကားမယေ့် နရာ တော်တော်များများကို ၁၅ ရက် ပိတ်လိုက်ကြောင်း ကြေငြာပါတယ်။ မတ်လ ၁၃ ရက်မှာ ဥရောပကလာတဲ့ လေယာဉ်များကို နောက်ဆုတ်လိုက်တယ်။ မတ်လ ၁၅ ရက်မှာ နယ်စပ်ဒေသ ဆိုင်ရာ သတ်မှတ်ချက်များချမှတ်ပီး ညမထွက်ရအမိန့်ပါဌာန်းပါတယ်။ မတ်လ ၂၀ ရက်နေ့မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပထမဦးဆုံး လူတစ်ဦးသေဆုံးတဲ့ဖြစ်ရပ်ကို ကြေငြာခဲ့ပီး ဧပြီ ၁၂ ရက်နေ့အထိ သတ်မှတ်ထားတဲ့ နယ်မြေများ မှာ ဆက်လက်ပီး လော့ဒေါင်းချတယ် ။ ဆိုရှယ် အိုင်ဆိုလေးရှင်း (Social isolation လူအများနဲ့ ထိတွေ့မူမရှိခြင်း ပေါ်လစီ) တပတ်တိုးချမှတ်တယ်။ ဧပြီ ၈ ရက်မှာ ဧပြီ ၁၉ ထိ တတိုင်းပြည်လုံးလော့ဒေါင်းတယ်။ ဧပြီ ၁၇မှာ ဧပြီ ၂၆ထိ ထပ်တိုးကြောင်း ကြေငြာတယ်။ ဧပြီ ၂၀ မှာတော့ ၂၉ ရက်အတွင်းမှာ နောက်လူနာအသစ် မတွေ့တာကြောင့် အခြေအနေ အကောင်းဘက်ကို ရောက်လာပီလို့ ခန့်မှန်းရပါတယ်။

မတ်လ ၁၁ ရက်နေ့မှာ WHO က ကမ္ဘာ့လူသားများ အားလုံးဆိုင်ရာကျမ်းမာရေး ပြသနာအဖြစ် ကြေငြာပါတယ်။ မတ်လ ၁၁ မှာပဲ အမေရိကန်သမတ ထရန့်က ဥရောပတိုင်းပြည် ၂၆နိုင်ငံက အဝင်တွေ အကုန်ပိတ်လိုက်ပါတယ်။ မတ်လ ၁၃ ရက်နေ့မှာ ပြည်ထောင်စုအမျိူးသား အရေးပေါ် ကဌာနချူပ်ကနေ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမူကို အရေးပေါ်ကြေငြာတယ်။ မတ်လ ၁၇ ရက်နေ့မှာ “ဒီဗိုင်းရပ်စ်အသစ်ဟာ ၁၈ လကနေ ဒီထက်မက ကြာမြင့်နိုင်ပီး ထပ်မံလည်း ဖြစ်ပွားနိုင်တယ်“လို့ သတိပေးကြေငြာချက် ထွက်ပေါ်လာတယ်။

မတ်လ ၁၉ ရက်နေ့မှာတော့ တရုတ်ပြည်ကနေ သူတို့ဆီမှာ ဗိုင်းရပ်စ ်ဖြစ်ပွားမူ တိုးပွားမူ မရှိတော့ပါလို့ ပထမဦးဆုံး ကြေငြာချက်ထုတ်ပါတယ်။ မတ်လ ၂၃ ရက်နေ့မှာ နယူးယောက်မှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိလူနား ၂သောင်း ၁ထောင်ရှိပီလို့ ကြေငြာတယ်။

(အဲသည်ရက်ပိုင်းတွေမှာပေါ့ ဘုန်းကြီးကျောင်းမှာ ကိုဗစ်နိုင်တင်းကြောင့် သင်္ကနြ်တွင်း ဒုလဗ ရဟန်းများ လက်မခံတော့၊ ထို့အပြင် တရားထိုင် ယောဂီများလက်မခံ လို့ ကြေငြာတာဖတ်လိုက်ရတယ်။ ကိုဗစ်နိုင်တင်းတော့ ငရဲကြီးပီလို့ တောင် တွေးမိသေးတယ်။ မြန်မာပြည်မှာ ကိုဗစ်စတင်တွေ့ရှိကြောင်း ကြေငြာချက် တွေ မတ်လ ၂၃ လောက်မှာထွက်လာတယ်။ ၂၅ရက်မတ်လမှာ ဘုန်းကြီးကျောင်းမှာ တရားသွားထိုင်လို့ မရတော့ကြောင်း စတင်ပိတ်ခဲ့တာ ကို ကိုယ်တွေ့ ရင်ဆိုင်ခဲ့ရတာ။ လမ်းမှာ ကားတွေ ရှင်းစပြုလာတာ၊ ရေပတ်မဏာပ်တွေ မလုပ်ရလို့ ကြေငြာတာကြားရတာ အဲသည်ရက်ပိုင်းတွေမှာပေါ့။ အင်း…. ပြောရင်းဆိုရင်း ရေသောက်ဖို့ မေ့နေပြန်ပီ။ လက်ပါတခါတည်းဆေးလိုက်။ စိတ်ပြောင်းအောင်လုပ်လည်း ဒါပဲစိတ်ရောက်နေတယ်။)

အပြိုင်အဆိုင်စံချိန်တင်

မတ်လ ၂၆ ရက်နေ့မှာ အမေရိက ဟာ ကိုဗစ်နိုင်တင်းနဲ့  ေရာဂါပုိးရွိသူ အရေအတွက် ၈၂,၄၀၄ နဲ့ ကမ္ဘာစံချိန်တင်ထားတဲ့ တရုတ်နိုင်ငံ ၈၁,၇၈၂ ၊ အီတလီ ၈၀,၅၈၉ ကိုကျော်တက်သွားပါတယ်။ မတ်လ ၃၁ ရက်နေ့ကတော့ ကမ္ဘာနေရာ သုံးပုံ၁ပုံကျော်ဟာ လော့ဒေါင်း ကျနေတဲ့ အခြေအနေ ရှိနေပီလို့ မှတ်တမ်းရှိခဲ့ပါတယ်။

ဧပြီ၂ ရက်နေ့မှာ ကမ္ဘာ့လူဦးရေ ၁သန်းဟာ ကိုဗစ် ရောဂါပိုးကုူးဆက်ခေံနေရပီလို့ ကြေငြာခဲ့တယ်။ ဧပြီလ ၇ ရက်နေ့မှာတော့အမေရိကန်က တနေ့တည်း လူ ၁၉၀ဝ ကျော် သေဆုံးခဲ့တယ်လို့ ကြေငြာပါတယ်။ ဒါဟာ အမြင့်မားဆုံးစံချိန်သစ် ဖြစ်ပါတယ်။ ဧပြီ ၂ ရက်နေ့မှာ ကိုဗစ်နိုင်တင်း ကူးဆက်သူ ၁သန်းရှိပါပီ။ ဧပြီလ ၇ ရက်နေ့မှာတော့ ကမ္ဘာမှာ တိုင်းပြည်တပြည်ဟာဖြင့် လူ ၁၉၀ဝ တနေ့တည်း သေဆုံးနေပီလို့ ကြေငြာချက် ထုတ်ပါတယ်။ အဲသည်နေ့မှာပ ဲ အမေရိကန်မှာ ၉၅% လော့ဒေါင်းချထားပီး တိုင်းပြည်ဒေသ ၄၂ခုဟာ ဟုမ်းစတေး Home stay (အိမ်ထဲမှာပဲနေ အပြင်မထွက်ရ) ဖြစ်နေတယ်လို့ မှတ်တမ်းရှိခဲ့ပါတယ်။

ဧပြီ ၁၀ ရက်နေ့မှာတော့ တကမ္ဘာလုံးမှာ သေဆုံးသူ ၁သိန်းရှိလာပီလို့ ကြေငြာတယ်။ ဧပြီ ၁၅မှာတော့ ကမ္ဘာမှာ ကိုဗစ် ကေစ့် တွေ ၂သန်းတော့ ရှိနေပီလို့ ဆိုပါတယ်။ဧပြီလ ၁၆ ရက်နေ့မှာတော့ တကမ္ဘာလုံးဆိုင်ရာ ကျမ်းမာရေးအဖွဲ့အစည်းကနေ ကိုဗစ်ရော၈ါ ရင်ဆိုင်နေရသူ ၂ .၁ သန်း ရှိကာ ၁.၂ သန်းက ဆက်လက် ကုစားနေဆဲဖြစ်ပီး ၅သိနူ် ၃သောင်းပြန်လည် ကျမ်းမာခဲ့ပီး ၁သိန်း ၄သောင်းကတော့ သေဆုံးခဲ့ကြပါတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ကိုယ့်ကိစ္စ ကိုယ်ဖြေရှင်းကြ


အင်း…. ဒါလောက်ဆို တိုင်းပြည်အချင်းချင်း ကူးဆက်နေကြပုံ တွေကို ခန့်မှန်းလို့ရလောက်ပါပီ။ လူအချင်းချင်းဟာ တွေ့ဆုံစကားပြောကြရာက သူတို့ပါးစပ်တွေ နှာခေါင်းတွေကတဆင့် နှစီးချောင်းဆိုး ရာကတဆင့် ဒါတွေကို ကိုင်တွယ်ရာကနေ ဒီလက်တွေကပဲ မျက်နှာနှာခေါင်းတွေ ကိုင်မိရာကကူးလာတာတွေပါ။ လူလူချင်း ကူးပုံတွေမှာ အဲသည်အမှူန်အမွးတွေကို လက်နဲ့ကိုင်မိပီး အဲသည်လက်က မျက်နှာ အထူးသဖြင့်နှာခေါင်းကိုပွတ်မိမယ်နှိူက်မိမယ် တို့လုပ်မိရင် အကယ်၍များ ကိုယ့်လက်က ရောဂါရှိသူ ကိုင်တွယ်သွားတဲ့ အဲဒီရောဂါရှိသူဟာ သူ့လက်နဲ့နှာစီးချောင်းဆိုးလုပ်မိတာကို ကာမိတာကို လက်ကိုင် လက်တန်းတွေကိုင်မိတာကို နောက်တစ်ဦးက ကိုင်မိရင် ကူးနိုင်တယ်။ သို့သော် သည်လူက ကိုင်မိတဲ့လက်ကို မျက်နှာနှာခေါင်းတို့ကို မကိုင်မိရင် မကူးနိုင်ဘူး။ ဒါကြောင့် လက်ကို အပြင်ထွက်တဲ့အခါ ဘာကိုင်ကိုင်မိ လက်ဆေးတဲ့အကျင့်လုပ်ရမယ်။

မာစ်ကို ရောဂါရှိသူ နေမ ကောင်းသူသာ တပ်သင့်တယ်လို့ အစောပိုင်းကဆိုထားပေမယ့် ယခုတော့လူတိုင်းတပ်ခိုင်းတာ ဘာလို့လဲ။ စဉ်းစားကြည့်မိတော့ ကိုယ်လည်း လူကြားထဲ့ မတောတဆ ချောင်းဆိုးနိုင်တယ် နှာချေမိနိုင်တယ် ဒါဆိုရင် ယခုခေတ်ဖြစ်ပေါ်နေတဲ့ ရောဂါကပ်အရ လူတိုင်းဟာ စိုးရိမ်စိတ်နဲ့နေနေကြရတာဆိုတော့ ကိုယ့်ကြောင့် သူတပါး စိတ်မဆိုး စိတ်မပူရအောင် တပ်သင့်တယ်။ နောက်တခုက ကိုယ်ကိုယ်တိုင်လည်းပဲ ကိုယ့်လက်နဲ့ ကိုယ့်ပါးစပ်နှာခေါင်း ယောင်ပီးကိုင်မိနိုင်တဲ့ဘေးက ကာကွယ်ပီးသားဖြစ်တယ်။ ဒါကြောင့် ရောဂါရှိလို့မဟုတ်ပဲ ရောဂါမရှိသူလည်း မာစ်တပ်သင့်တယ်လို့တွေးတယ်။ ဆိုလိုတာက ကိုယ့်ကိုယ်ကို ရောဂါရှိနေသူလို့ တွေးပီး မာစ်တပ်တာမဟုတ်ဘူး အဲသည်အတွေးကို အရင်ဝင်အောင်လုပ်ရမယ်။ ဒါဟာ ဖြစ်လာနိုင်တဲ့ စိတ်ရောဂါကို သက်သာအောင်လုပ်တဲ့နည်းပါပဲ။

တခါတရံ အိမ်တအိမ်မှာ တုတ်ကွေးဖြစ်တယ်ဆိုရင် ဒီတုတ်ကွေးက တအိမ်လုံးကူးပီးမှ ပြန်ထွက်တာ လို့ပြောလေ့ရှိကြတယ်။ ဟုတ်လည်းဟုတ်တယ် တခါတရံ တအိမ်လုးံဖြစ်ပီးမှ ပီးတယ်ပေါ့။ ဒါကို သေချာစဉ်းစားရင် တုတ်ကွေးကူးစက်ပုံကလည်း ခုနကလိုပဲ ရောဂါပိုးရှိသူရဲ့ ချောင်းဆိုးနှာစီး မဟုတ်လည်း တခုခုကြောင့် ထွက်လာတဲ့ ပါးစပ်နှာခေါင်းက အမှူန်အမွှားတွေကို နောက်တစ်ယောက်က ထိမိကိုင်မိမယ် ဒါကို ပါးစပ်နှာခေါင်းကို ထပ်ကိုင်မိရင် ကူးမှာပဲ။ တခါတလေကျ အိမ်သားတစ်ယောက်က မကူးပဲကျန်ရစ်တတ်တယ်။ ဒါဟာလည်း သူကိုယ်တိုင်က သူ့မျက်နှာနှာခေါင်းပါးစပ်ကို မကိုင်မိလို့ ဖြစ်ကောင်းဖြစ်နိုင်သလို သူ့မှာ ကိုယ်ခံအားစနစ်ကောင်းနေလို့လည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် လက်ဆေးပါ ဆိုတာဟာ လိုအပ်ရင်လိုအပ်သလို ဆေးမယ် ဒါ့အပြင် ကိုယ့်နှာခေါင်း ပါးစပ် စတာတွေကို မကိုင်မိအောင်နေခြင်းဟာ ရောဂါကူးစက်မူကို လျော့ကျစေနိုင်တယ်လို့ တွေးမိပါတယ်။

အပြင်ကပြန်လာလာချင်း ရေတန်းချိူး ခြေထောက်ရေဆေးချ ဆိုတာကိုလည်း စဉ်းစားရမယ်။ အကယ်၍ကိုယ်က မနက်စောစော ဈေးက ပြန်လာသူဆိုရင် သိပ်ပြဿနာမရှိပေမယ့် နေပူထဲက ပြန်လာတာဆိုရင် ကိုဗစ်ကြောင့်မဖျားပဲ အပူရှပ်ပီး ဖျားနိုင်ပါတယ်။ ဒီတော့ ပြန်လာလာချင်းမှာဖိနပ်ကိုခြံထဲ ခနချွတ်ပီး အိမ်ထဲ တန်းဝင်လို့ရပါတယ်။ ရောက်ရောက်ချင်းလ က်ဆေးတာ အဆင်ပြေပါတယ်။ မျက်နှာတော့ မသစ်နဲ့အုံး။ ခြေထောက်လည်း မဆေးနဲ့ဦး။ အရေးကြီးတာ လက်နဲ့မျက်နှာကို မကိုင်မိဖို့ဖြစ်ပါတယ်။ အကယ်၍များ ခြေထောက်မှာ ရောဂါပိုးပါလာရင်တောင် ဘယ်သူမှ ခြေထောက်ကိုကိုင်ပီးတဲ့ လက်နဲ့ မျက်နှာတန်းမကိုင်ကြပါဘူး။ ဒါကြောင့် သိပ်စိုးရိမ်စရာမလိုဘူး။ နည်းနည်းအေးမှ ခြေထောက်ကိုဆေးပါ။ ကိုယ့်အိမ်မှာ လေးဘက်သွားကလေးတွေ ၇ှိနေရင်တော့သတိထးပေါ့။ သူတို့က ကြမ်းပေါ်လက်နဲ့ထောက်မယ် မျက်နှာပွတ်သပ်မယ် ဒါကြောင့် သူတို့လေးတွေ သပ်သပ်ထားရင်ထား ကြမ်းပေါ်မချနဲ့ပေါ့။ အပြင်ကပြန်လာပီး နည်းနည်းအေးပီး တော်တော်လေး ကြာမှ ခြေထောက်ဆေး လက်ပြန်ဆေးပီး မျက်နာသစ်လည်း နောက်မကျပါဘူး။ ကိုယ့်အဝတ်အစားတွေချွတ်ပီး ဆပ်ပြာရည်တန်းစိမ်တာတော့ လုပ်သင့်တယ်။ ကိုယ်အားတော့လျော် အဝတ်လျော်စက်နဲ့ပဲလျော်လျော် ပီးရင် နေပူထဲ တနေကုန်ထုတ်လှမ်းရင် လုံလောက်ပီထင်တာပဲ။ ပြီးရင်မီးပူတိုက်ဦးမှာပဲဟာ။

အပြင်ထွက်ရင် ဦးထုတ်တော့ လုံလုံခြုံခြုံ ဆောင်းတာကောင်းမယ်။ ဘာလို့ဆို အခုကိုယ့်ဆံပင်က ရှည်လာပီ။ သူများချောင်းဆို းနှာချေရင် အမှူန်အမွှားတွေက ကပ်သွားနိုင်တယ်။ ခေါင်းလျော်တဲ့ရက် အပြင်ရွေးထွက်တာတော့ ဟုတ်ပေမယ့် အဲဒါက အမြဲတမ်း သိပ် အဆင်မပြေတတ်ဘူး။ သည်တော့ ဦးထုတ်ကို သေသေသပ်သပ် ဆောင်းလိုက်ရင် ဘာပဲဖြစ်ဖြစ် စိတ်လုံတယ်ပေါ့။

အိမ်မှာ သီးသန့်သုံးတဲ့ ကိုယ်တစ်ဦးတည်း သုံးတဲ့ ကွန်ပြူတာ လက်တော့ကိုင်တဲ့အခါ လက်ဆေးပီးမှ ကိုင်တာဖြစ်လို့ ကွန်ပြူတာကို ဆေးဖို့ ဘာဖို့ မလိုအပ်ဖူးထင်တာပဲ။ အဲသည်လောက် စိတ်က စိုးရိမ်နေတာ မကောင်းဖူးလေ။ စိတ်မချရင် လက်သေချာဆေးဖို့ ပဲ။ ဟမ်းဖုန်းကျတော့ သိပ်မလိုအပ်ရင ်ဒါမှမဟုတ် ခနတဖြုတ်အပြင်ထွက်တာ ဈေးသွားရုံက ယူမသွားတော့ဘူး။ အကယ်၍ ယူရမယ်ဆိုရင် သူ့ကို သပ်သပ် ပလတ်စတစ်အိတ်နဲ့ ထည့်ပီး ထားမယ်။ အိမ်ရောက်ရင် အိတ်ကို လွှင့်ပစ်လိုက်။ ဒါဆို မဆိုးပါဘူး။ စိတ်မချရင် အရက်ပြန်နဲ့ ပွတ်တိုက်လိုက် ပေါ့။

နောက်ဆုံးတော့ စိတ် စိတ် စိတ် ပါကွယ်


နောက်ဆုံးတချက်ကတော့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မူကင်းမဲ့လာခြင်းဟာ ကိုဗစ်နိုက်တင်းက ပေးတဲ့ အဆိုးဝါးဆုံး ထိုးနှက်ချက်ဖြစ်ပါတယ်။ ကျွန်မတို့ဟာ အပြင်ထွက်တာမပြောနဲ့ အိမ်တွင်းမှာတောင် ကိုယ့်ကိုယ်ကိုယ် မယုံတော့ပါဘူး။ ကြာလာတော့ ကိုယ့်လက်တောင်ကိုယ်မယုံတော့ဘူး။ ငါ့လက်က ငါမသိပဲ ဘာတွေ လျောက်ကိုင်ထားလဲ မသိဘူးဆိုတဲ့ အတွေးတွေ ဝင်ဝင်လာတာ ဘယ်လိုလုပ်မလဲ။ ကိုဗစ်ဆိုတာကလည်း ရောဂါလက်ခနာ က ၂ ရက်ကနေ ၁၄ ရက်အတွင်း တဲ့။ ကိုယ်က ၁၄ ရက်တခါ ဈေးထွက်ဝယ်တယ်ထား ပြန်လာပီးကတည်းက ၁၄ ရက်မပြည့်မချင်း စိတ်တစနဲ့နေနေရတာ တော်ကြာ စိတ်ကလေးက ပြေကာစရှိသေး ထွက်ရဦးမယ်ဆိုတော့ ဘယ်လိုလုပ် စိတ်အေးမလဲ။ အခုတခါ ၂၁ ရက် ဆိုပြန်တော့ စိတ်တစတန်းလန်းနဲ့ တခါ ထပ်ထွက်ရမယ်ဆိုရင် နှစ်ဆကနေ သုံးဆ စိတ်ဆင်းရဲရတယ်။ အဲဒါ ဘယ်လိုလုပ်ကောင်းမလဲ စိတ် ပြောပါတယ်။

သည်တော့ ကိုယ့်အိမ်သတင်းစာလာပို့တဲ့သူကို လည်းမေတ္တာပို့ရတယ်။ စာလာပို့တဲ့ ပို့စမင်းကြီးကိုလည်း မေတ္တာပို့ရတယ်။ သူတို့ဆီက သတင်းစာတွေ စာတွေ ကိုယ်ကလက်ခံနေရတာကိုး။ သူတို့လည်း နေကောင်း ရောဂါကင်းမှ ကိုယ်လည်း ရော၈ါကင်းမှာ။ ဒါ့အပြင်ကိုယ့်လမ်းထဲနေသူတွေကိုလည်း မေတ္တာပို့ရတယ်။ သူတို့တစ်ခုခုဖြစ်ရင် တလမ်းလုံး ဒုက္ခလေ။ ဒါ့အပြင် တရက်ကွက်လုံး မေတ္တာပို့ရတယ်။ ရက်ကွက်ထဲ တစ်ခုခုဖြစ်ရင် တရပ်ကွက်လုံး ကွာရန်တင်းမိရင် အားလုံး ဒုက္ခ။ တခြားရပ်ကွက်တွေလည်း မေတ္တာပို့ရတယ်။ သူများရပ်ကွက်ကလူတွေလည်း ကိုယ့်ရပ်ကွက်ထဲ ဝင်ထွက်နေတာကိုး။ ပီးတော့ ကိုယ့်မြို့တင်မက တခြားမြို့ရွာကျေးလပ်တောရွာတွေ မေတ္တာပို့ရတယ်။ အားလုံး ရောဂါကင်းမှ ဖြစ်မှာလေ။ တခြားတိုင်းပြည်တွေ နိုင်ငံတွေ မေတ္တာပို့ရပြန်တယ်။ ဖြစ်လာတတွေကလည်း ဟိုသည် ကုူးသန်း သွားလာ အလုပ်တွေ ထွက်လုပ်ကြ လည်ပတ်ကြရာကနေ ကူးစက်လာကြတာကိုး။

အခုဖြစ်ပွားနေတဲ့ ကိုဗစ်စစ်ပွဲကြီးမှာ ကိုယ့်အသက်ကို ပဓနမထား တိုက်ပွဲဝင်နေကြတဲ့ ဆရာဝန် ဆရာမတွေ သူနာပြုတွေ လိုအပ်တဲ့နေရာမှာ လိုအပ်သလို တာဝန်ထမ်းဆောင်ဖို့ ဝန်မလေးကြတဲ့ စေတနာ့ဝန်ထမ်းတွေ ရပ်ကွက်သူရပ်ကွက်သားတွေ အားလုံးအားလုံး တယောက်မကျန်ကို မေတ္တာပို့ပါတယ်။ တရပ်ကွက်နဲ့ တရပ်ကွက် တနယ်နဲ့တနယ် တမြို့နဲ့တမြို့ တတိုင်းပြည်နဲ့တတိုင်းပြည် ဟာဖြင့် သွားလာလှူပ်ရှားလှည့်ပတ် နေကြရတာကြောင့်လည်း တကမ္ဘာလုံး ဒီရောဂါကပ်ဘေးက ကွင်းလုံးကျွတ်မှပဲ စိတ်ချလက်ချ နေနိုင်တော့မယ်။ သွားလာနိုင်တော့မယ်။ ဒါကြောင့် ယနေ့ယခုကျရောက်နေသော ရောဂါကပ်ကြီးမှ အမြန်ဆုံး ပင်လ ျှင် တကမ္ဘာလုံး တတိုင်းပြည်လုံး တမြို့လုံး တနယ်လုံး တရွာလုံး တရပ်ကွက်လုံး တလမ်းလုံးဟာ လုးံဝဥသုံ လွတ်မြောက်ပြီး အားလုံးအားလုံး ကမ္ဘာသူကမ္ဘာသားအားလုံး ခုနှစ်ရက်သားသမီးများအားလုံး ရောဂါကင်းစင် ကျမ်းမာချမ်းသာ ကြပါစေဟူ၍ မေတ္တာများစွာဖြင့် ဆုတောင်းလိုက်ပါသည်။

Thursday, April 16, 2020

Burmese New Year Wish by Junior Win



တိုင်းပြည်တိုင်း တိုင်းပြည်တိုင်း ဒီရောဂါကပ်ဘေးက လွတ်မှသာ ကိုယ့်တိုင်းပြည်လည်း စိတ်ချရမည်။ ထို့ကြောင့် တကမ္ဘာလုံး ယခုကျရောက်လျက်ရှိသော ရောဂါကပ်ဆိုးကြီးမှ အမြန်ဆုံး လွတ်မြောက်အေးချမ်းကြပါစေ။ နှစ်သစ်မှသည် တကမ္ဘာလုံး ခုနှစ်ရက်သားသမီးများအားလုံး အေးချမ်းသာယာ ညိမ်းချမ်းသော မေတ္တာတရားဖြင့် ဆက်လက် လျောက်လှမ်းသွားနိုင်ကြပါစေ

Wednesday, April 8, 2020

ဂျူနီယာဝင်း - ကိုဗစ်ဆယ့်ကိုး စစ်ပွဲ

ဂျူနီယာဝင်း - ကိုဗစ်ဆယ့်ကိုး စစ်ပွဲ

(မိုးမခ) မတ် ၃၁၊ ၂၀၂၀



ကိုဗစ်ဆယ့်ကိုး ဗိုင်းရပ်စ်က လွန်ခဲ့တဲ့ ၂လကစလို့ ကမ္ဘာအနှံ့အပြား ပြန့်နှံ့ လျက်ရှိနေပါတယ်။ ကြောက်စရာကောင်းလောက်အောင် လူတွေ သေကြေပျက်စီးနေကြတာ တချိူ့တိုင်းပြည်တွေမှာ ဆိုးဝါးနေဆဲပါ။ ဗမာပြည်မှာတော့ အဲသည် ဗိုင်းရပ်စ် အသံ မကြားတာ ၂၀၂၀ မတ် လ ၂၄ ရက်နေ့ မြန်မာသတင်းထဲပါလာတဲ့တို်င်အောင် ဆိုပါတော့လေ။

စွန်လွန်းကျောင်းတိုက်ဆီ မနက်စောစော တရားထိုင်ဖို့သွားတော့ ”သင်္ကြန်အထိ တရားလာအားထုတ်သူများ လက်မခံတော့ဘူး” ဆိုတဲ့ ဆိုင်းဘုတ်ကြီး နဲ့ဆီးကြိုနေ့တော့ ကျွန်မရင်ထဲ ရုတ်တရက် လန့်သွားတယ်။ ဒီလိုအခြေအနေတစ်ခုကို ချက်ချင်း ရင်ဆိုင်ဖို့ သတ္တိမရှိဘူး။ နိုင်ငံတကာသတင်းတွေ ဖတ်နေတုန်း ကြည့်နေတုန်း အခုပဲ ကိုယ့်အိမ်တခါးကို လာခေါက်နေပီလေ။ ကမ္ဘာအနှံ့က ကိုဗစ်စစ်ပွဲသံတွေ ကြားနေရဆဲပဲ။ ဒီစာတွေချရေးနေရင်း ကျွန်မ စိုးရိမ်နေမိတယ်။ ပျော်ရွှင်စွွာ ဇာတ်သိမ်းခန်းဖြစ် နိုင်ပါ့မလားမသိသေးဘူး။

သည်လို ရုတ်တရက် ဗိုင်းရပ်စ်တွေ့နေပီဆိုတဲ့ ကြေငြာချက်ကြောင့် မြန်မာလူသားတွေ ချက်ချင်းဆိုသလို ချိမ်းခြောက်ခံလိုက်ရတယ်ပေါ့။ သူတို့တွေ ဆူပါမားကက်တွေ စျေးတွေထဲ အလုအယက်ဆိုသလို ပြေးဝယ်ချမ်းကြတယ်။ ဟုတ်တယ် ဟုတ်တာပေါ့ မနက်ဖြန်ကို ကြောက်ကြတယ် မနက်ဖြန်ပီး နောက်တ နေ့ကိုကြောက်တယ် မနက်ဖြန်ပေါင်းများစွာရဲ့ နောက်နေ့ နောက်တနေ့ တွေကို ကြောက်နေကြတယ်။

တချိူ့ကကျွန်မကို အစားအသောက်တွေ ဝယ်နိုင်သမ ျှဝယ်ပီး စုထားဖို့ အကြံပေးကြတယ်။ တချိူ့ကတော့ ပိုက်ဆံတွေ လက်ထဲဆောင်ထားတဲ့။ ပိတ်တယ်ဆို့တယ် ဆို ဘယ့်နယ့်လုပ်ကြမလဲတဲ့။ ကျွန်မရဲ့အိမ်နီးချင်းတစ်ယောက်ကတော့ အသားငါးတွေ များများဝယ်ထားပီး ရေခဲသေတ္တာထဲ ထည့်ထားပါလို့ သတိပေးတယ်။ ကျွန်မတော့ ရုတ်တရက်ကြီး ဒီလိုစကားတွေ တနေ့ထဲ ကြားလိုက်ရတာ တော်တော်လေး တုန်လှူပ်မိတယ်။ သူတို့ပြောသလိုတွေ လုပ်သင့်တယ်လို့ စစချင်းတော့ တွေးမိတယ်။ ဒါပေမယ့် စဉ်းစားတယ် ထပ်တလဲလဲစဉ်းစားတယ်။ 

မေမေကြီး (ဒေါ်ခင်မျိူးချစ်) အကြောင်းတွေ တွေးတယ်။ ဒီလို အခြေအနေမျိူးမှာ မေမေကြီးဆိုရင် ဘာလုပ်မလဲ။ ပြောပါဦး မေမေကြီးရေ။ မေမေကြီးတော့ ပြောလေ့ရှိတယ် .. “စစ်အတွင်း ဒီလို အဖြစ်တွေ ကြုံရတိုင်း ကိုယ်တော့ ဘယ်တော့မှ စိုးရိမ်တကြီးနဲ့ ဝယ်ချမ်းတာမျိူး ဘယ်တော့မှ မလုပ်ဘူး။ တစ်ယောက်ငတ်၊ ကိုယ်တို့အားလုံးငတ်ပဲ။“ တဲ့။ အင်း….. အဲဒါရှေးတုန်းကစကား ကိုယ်နဲ့မဆိုင်ပါဘူး.. စစ်ဆိုတာလည်း မရှိတာကြီး… ကျွန်မအတွေး။

ဒီနေ့ စျေးသွားရဦးမယ်။ ညက နောက်နေ့စျေးသွားမယ့်အရေး စဉ်းစားရင်း အိပ်လို့တောင် မပျော်ဘူး။ သေချာ စဉ်းစားပီး ခေါင်းလျော်မယ့်နေ့ ရွေးထားတာ။ အိမ်မှာ ငရုတ်သီးစိမ်းကအစ နည်းနေပီ။ အစားအစာတွေ ဘယ်နက်ရက်စာ ဝယ်ထားရပါ့။ ဟမ်းဖုန်းတော့ ထားခဲ့မယ်။ ယူမိရင် ဟိုဟာလုပ်ရ သည်ဟာလုပ်ရ နဲ့။ ရူပ်ပါတယ်။ ဖိနပ်လည်းအိမ်စီးဖိနပ်ပဲ စီးမယ်။ အကျီလည်း အပေါ်ကချွတ်ရတာ ထက် ရှေ့ကျယ်သီးပါတာ ဇစ်ဆွဲဖွွင့်ရတာ ဝတ်။ ပြန်လာရငခပ်မြန်မြန်ချွတ်ပီး အဝတ်လျော်စက်ထဲပစ်ထည့် ဆပ်ပြာရည် ကောက်ထည့်ပီး လျော်ထည့်လိုက်မယ်။ စျေးခြင်းတော့မယူတော့ဘူး။ အဲဒါကြီး ဆေးကျောရတဲ့အလုပ်သက်သာ အောင်ပေါ့။ ကျွတ်ကျွတ်အိတ်တွေ ဆို ပစ်လိုက်ရတာ လွယ်တယ်လေ။ အင်း သည်လောက်ဆို ရပါပီ။

စျေးထဲမှာ စျေးဝယ်လာသူ အများအပြားရှိပြီး စျေးသည်တွေကလည်း ရောင်းကောင်းနေကြတယ်ပေါ့။ ဘုရားပန်းသည်တွေလည်း ရောင်းကောင်းကြတယ်။ ဘုရားပန်းတွေကို ကိုင်ပီး ပြန်သွားနေကြသူတွေ ဆိုက်ကားပေါ်မှာ လမ်းပေါ်မှာ တက်စီပေါ်မှာ စျေးထဲမှာ လှမ်းမြင်နေရတော့ မျက်စိအေးတယ်။ ဗုဒ္ဒဘာသာတိုင်းပြည်မှာ သည်လို ဘုရားတရားကို မမေ့မလျော့ နဲ့ သည်လို ဂုဏ်ကျေးဇူးနဲ့ နေထိုင်နေကြတာကို မြင်ရတော့ ငါတို့တိုင်းပြည် ဒီဘေးဒီကပ်က လွတ်မြောက်ရမယ်လို့ အားပေးနေမိတယ်။ သတင်းထဲမှာ တွေ့ရတဲ့ နေရေးစားရေး ဒုက္ခရောက်နေကြသူတွေကို စဉ်းစားမိပြန်တော့ သူတို့ရင်မှာ လောင်ကျွမ်းနေတဲ့ အပူမီးက သည်ဗိုင်းရပ်စ်ပိုးကို လောင်ကျွမ်းတိုက်ခိုက်နိုင်ပါေစလို့ ဆုတောင်းမိတယ်။

စျေးဝင်းထဲကနေပီး လျောက်တွေးနေမိတာ။ အနည်းဆုံး ၁၄ ရက်စာတော့ ဝယ်ထားရမယ်လေ။

”ဘာကနေစဝယ်ရမလဲ။ ကြက်ဥ ဘယ်နှယ်လုံး ဝယ်ရပါ့။ ဟင်းသီးဟင်းရွက်တွေ ဘယ်လောက်ဝယ်ရင ်ကောင်းမလဲ။ သူတို့က ၁ပတ် ဆယ်ရက် ခံပါ့မလား။ ကြက်ဥ အလုံး၂၀ ဆိုရင် လုံလောက်ပီလား။ ဟင်းသီးဟင်းရွက်တွေက တကယ်ပဲ လတ်လတ်ဆတ်ဆတ် ရှိနေမှာလား။ အသားငါးကျတော့ အများကြီး ဘယ်လိုဝယ်ပီး သိမ်းဆည်းထားရမှာတုန်း။ ရေခဲ့သေတတ္တာ မဆန့်ရင် ဘယ်လိုလုပ်ရမလဲ။ ဆန်ကျတော့ အကြာကြီးခံမှာမို့လား။ အိမ်မှာ တခါဝယ် ၃ပြည် ၆ပြည်တောင် ပရွတ်ဆိတ်လက်ချက်မိတာနဲ့ ပိုးတက်တာနဲ့ ဒုက္ခရောက်နေရတာ။ အဲလိုတွေ ဝယ်ချမ်းဖို့ ပိုက်ဆံရော လောက်ပါ့မလား။ အင်း ထူးပါဘူး ။ “တစ်ယောက်ငတ်၊ ငါတို့အားလုံးငတ်ပဲ “ ဆိုတဲ့ မေမေကြီး ပြောတတ်တဲ့စကား။ အဲ့စကားပဲ နားထောင်လိုက်တာ ကောင်းပါတယ်လေ။

ကျွန်မစျေးထဲမှာ ဟိုသည် ငေးမောရင်း ဘာဝယ်ရမလဲ လျောက်ကြည့် နေမိတယ်။ မေမေကြီး ကျွန်မကို ပြောခဲ့တာ“တစ်ယောက်ငတ် ငါတို့အားလုံးငတ်“ ဆိုတဲ့စကား ကြားနေမိတယ်။ ကျွန်မက လွန်ခဲ့တဲ့ နှစ်များစွာက မြုပ်နှံ့ပီးထားခဲ့တဲ့ မေမေကြီးရဲ့ ရှေးစကားကို အခုပဲ တူးဆွနေမိပီ။ မေမေကြီးကတော့ သူဘာပြောပြော နားထောင်တဲ့ သူ့ရဲ့ ညဏ်မရှိတဲ့ မြေးမကို ကြည့်ပီး ကျေနပ်နေမှာလား ဒါမှမဟုတ ်ဂုဏ်ယူနေမှာလား။

ကျွန်မတို့ ကမ္ဘာသူကမ္ဘာသားအပေါင်း မြန်မာပြည်သူပြည်သားအပေါင်း ရတနာသုံးပါး ဂုဏ်ကျေးဇူးဖြင့် ယခုကျရောက်လျက်ရှိသော ကပ်ဘေးမှ အမြန်ဆုံးကင်းလွတ် ချမ်းသာ ကြပါစေ။ ချစ်သူခင်သူအပေါင်း အတွက် မေတ္တာဖြင့် ဆုတောင်းလိုက်ရပါသည်။

Tuesday, March 24, 2020

ဂျူနီယာဝင်း - ကွန်ပြူတာနည်းပညာတော်လှန်ရေးသို့ ခြေလှမ်းများ ၉



ဂျူနီယာဝင်း - ကွန်ပြူတာနည်းပညာတော်လှန်ရေးသို့ ခြေလှမ်းများ ၉

အတွေးအမြင် မတ်လ ၂၀၂၀

(မိုးမခ) မတ် ၃၊ ၂၀၂၀



(2001 ခုနှစ်ထုတ် M. Mitchell Waldrop (အမ် မီချယ် ဝါလ့်ဒရော့) ရေးသားသော The Dream Machine ကို ဘာသာပြန်ထားပါတယ်။ J.C.R. Licklider နဲ့ သူ့ရဲ့ ပါစင်နယ်ကွန်ပြူတာ နည်းပညာတော်လှန်ရေး အကြောင်း ဆိုပါတော့ လို့စာအုပ်မှာ ကြော်ငြာထားပါတယ်။ ဒီစာအုပ်ကို စတင်ဘာသာပြန်စဉ်က “အိပ်မက်ထဲက စက်ပစ္စည်း“ လို့ မိတ်ဆက်ခဲ့ပါတယ်။ နောက်ပိုင်းတော့ သူ့စာအုပ်ထဲက ခေါင်းစဉ်တွေအတိုင်း ဆက်ဘာသာပြန်ခဲ့ပါတယ် ။ ဒါကြောင့် ဒီစာအုပ်အကြောင်းဟာ ခေါင်းစဉ်အမျိူးမျိူးနဲ့ သွားနေခဲ့တယ်ပေါ့။ စာအုပ်ထဲက ခေါင်းစဉ်တစ်ခုဖြစ်တဲ့ ကွန်ပြူတာ နည်းပညာ တော်လှန်ရေးသို့ ခြေလှမ်းများ ဆိုတဲ့ခေါင်းစဉ်နဲ့ အဲသည်ခေါင်းစဉ်နဲ့ပဲ ဆက်ရေးသွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါမှလည်း အခုဆောင်းပါးများဟာ ကွန်ပြူတာဆိုတဲ့ နည်းပညာတော်လှန်ရေး အကြောင်း ပိုပီး လူတွေ သတိထားမိလာမယ် လို့ယူဆမိပါတယ်။ စာအုပ်ထဲမှာ ကွန်ပြူတာ ဆိုတဲ့ဝေါဟာရတစ်ခု အသက်သွင်းဖို့ကြိုးစားခဲ့တဲ့ လူပုဂ္ဂိုလ်တွေ အများကြီးကို တွေ့ရပါတယ်။ တစ်ယောက်ဆီတိုင်းဟာ သူ့အရည်အချင်းနဲ့သူ ပီပြင်ကြပါတယ်။ ဒါကြောင့် ရှေ့က ဆောင်းပါးများ မသိမမှီလိုက်သောလည်း ဆောင်းပါးတစ်ခုချင်းဆီဟာ သူတို့တွေအကြောင်း သိသာထင်ရှားနေတာကြောင့် ဖတ်လို့ကောင်းတဲ့ စာအုပ်တစ်အုပ်ကို စာဖတ်သူများကို မိတ်ဆက်ပေးနေတာ ဖြစ်ပါတယ်။ ဘာသာပြန်သူရဲ့ ဖြည့်စွက်ချက်တွေကို ကွင်းစကွင်းပိတ်နဲ့ ဖော်ပြပေးထားပါတယ်။ )

(ယခုသည်လမှာတော့ A Confirmed Solitary တကိုယ်တော်သမားကြီး အယ်လန်ကျူရင်း ရဲ့ အဆက် The Physical Embodiment of Purpose အပိုင်းကို ဆက်လက်ဘာသာပြန်ထားပါတယ်။)

ကျူရင်း တစ်ယောက် သူ့နေရပ် အင်္ဂလန်ကို ပြန် ရောက်ပီး သကာလ ၇နှစ်လောက် ဇာတ်မြောနေပီးတဲ့ အချိန်ကနေစပါမယ်။ (သည်တော့ စစ်ကြီးပြီးပီပေါ့ လို့ စာဖတ်သူက မှန်းကြည့်လိုက်ပါနော့်။) သူက Los Alamos (လော့စ်အာမို) ဆိုတဲ့ ဗွန်နယူးမင်း တော်တော်လေး အလေးထားတဲ့ EDVAC စက်ကြီးနဲ့ပဲ ဖက်ပီး နေနေတယ်တဲ့။ John Von Newman (ဂျွန်ဗွန် နယူးမင်း) ကတော့ ကျူးရင်းရဲ့ စက်ကြီးကို သူ့စိတ်ထဲ အတော်လေး သေချာ သဘောကျနေတယ်။ ကျွန်တော်တို့ (အဲဒါက စာရေးဆရာက သူ့ကိုယ်သူ ပြောတာဖြစ်ပုံရပါတယ်) အတွက်တော့ သူ (ကျူးရင်း) ဘာတွေစဉ်းစားနေလဲ ဆိုတာ မသိရတာ ကံဆိုးတာပေါ့။ ဒါပေမယ့်လည်း နယူးမင်းက အဲသည် အင်္ဂလိပ်သားလေး (ကျူးရင်းကိုပြောတာ) အပေါ်မှာ သူနဲ့ စတွေ့ခဲ့တဲ့ ပရစ်စတန်ကနေစလို့ သိပ်ကို အလေးအနက်ထား အားကိုးပါတယ်။ ၁၉ ၃၈ ခုနှစ်ကတည်းက သူ့လက်အောက်မှာနေပေးဖို့ ကြိုးစားခဲ့တယ်။ ကံကောင်းတာက သူ့လို နယ်နှင်ဒဏ်ပေးခံထားရတဲ့ သချာင်္သမားလေး တစ်ယောက်အနေနဲ့ ဗွန်နယူမင်းလို လူကြီးတစ်ယောက်က အခုလို ကမ်းလှမ်းတာကို ကြုံရတာ ထခုန်ဖို့ပဲ ရှိတာပေါ့။ နယူမင်းက ကျူရင်းရဲ့ ထူးခြားပြောင်မြောက်တဲ့ အိုင်ဒီယာတွေကို သဘောကျတယ် ရင်ခုန်တယ်ပေါ့။ ဒါပေမယ့် ကံဆိုးချင်တော့ တဖက်ကလည်း စစ်ကြီးပြီးသွားတဲ့နောက်မှာနယူမင်းရဲ့ အာရုံတွေက ကျူရင်းရဲ့ စက်ကြီးကို မေ့လျော့သွားတယ်။ ပြောရရင်စစ်အတွင်းမှာ သူလုပ်နေရတဲ့သုတေသန တွေက နယူမင်းကို ဘာမှ တခြားအာရုံတွေ မေ့သွားအောင် စွမ်းဆောင်လိုက်တယ်။ ကံကောင်းချင်တော့ သူ့ရဲ့လျော့ပေါ့သွားရတဲ့ နေရာမှာ သူငယ်ချင်းဟောင်းကြီး Norbert Wiener (နိုဘက်ဝီနာ) ဆီကို အလှည့်ပြန်ရောက်သွးတယ်ပေါ့။

၁၉ ၄၀ ခုနှစ်မှာ ဝီနာ ကမ်းလှမ်းခဲ့တဲ့ ကွန်ပြူတာပရောဂျက်ကို Vannevar Bush (ဗန်နဗာဘွတ်ချ် ) က ပယ်ချပစ်ခဲ့သောလည်းပဲ သူက စစ်အတွင်းမှာသုတေသနကို ဆက်လုပ်နေခဲ့တယ်။ ရက်သတပတ်အနည်းငယ် အတွင်းမှာပဲ ဝီနာဟာ စစ်လေယျဉ်ပျံပစ်ခတ်မူကို တန်ပြန်တိုက်စစ်ဆင်တဲ့ ထိမ်းချူပ်မူစနစ်ကို အလေးအနက်ထား အာရုံစိုက် ခဲ့တယ်။ အင်္ဂလန်တောင်ဘက်ပိုင်းမှာ စစ်လေယာဉ်ပျံတွေရဲ့ တိုက်ခိုက်မူကို မြေပြင်မှာ ကြံ့ကြံ့ခံဖို့ ကြိုးစားနေရတဲ့ကာလ ဖြစ်တယ်။ ဂျာမန်ပိုင်းလော့တွေရဲ့ လှည့်ပတ်တိုက်ခိုက်မူကို အင်္ဂလိပ်သေနတ်သမားတွေလည်း ကောင်းကောင်း ပြန်မတိုက်နိုင်ဘူး။ သူတို့ရဲ့ ကျည်ဆံတွေဟာ လေထဲမှာပဲအလဟသ ဖြစ်ကုန်ကြတယ်။ လန်ဒန်အလည်ပိုင်းဒေသမှာ ညတိုင်းလိုလို အဲသည်ရှူံးနိမ့်မူ တွေကို ကြားနေ တွေ့နေကြရတယ်ပေါ့။

အဲသည်အတွက် သေချာတဲ့ အဖြေကတော့ မြန်နှူန်းမြင့် လျှပ်စစ်သုံး အပစ်အခတ်ထိမ်းချူပ်မူ စနစ်လိုဟာမျိူး ရဖို့ပဲ။ အဲသည်အတွက် ရေဒါအချက်အလက်တွေ ရှိရမယ်။ အော်တိုမစ်တစ် ပစ်ပေးမယ့် ဗက်တာပိုင်းဆိုင်ရာ အဆင့်မြင့် တားဂက်လို တိကျတဲ့ မြင်ကွင်းရဖို့လိုတယ်။ အဲသည်လို ပြသနာကို ဖြေရှင်းဖို့ဆိုရင် စနစ်တစ်ခုဟာ ကျည်ဆံကို တိကျသေချာတဲ့ အချိန်မှာ ပစ်နိုင်ဖို့၊ ရန်သူပိုင်းလော့ရဲ့ အလှည့်အကွေ့တွေကို ဖတ်နိုင်ဖို့၊ အချိန်တိုအတွင်းမှာ ရုတ်တရက် ဖြစ်မယ့် အလှည့်အကူးတွေကို ပါ သိနိုင်ဖို့ တွေ လိုအပ်နေတယ်။

မဖြစ်နိုင်ဘူး…. ဟုတ်လား။ အင်း…. ဒါကို ဝီနာက သဘောပေါက်ပါတယ်။ ဘယ်ပိုင်းလော့မှ သူ့ရဲ့ ပစ်လိုက်တဲ့ စက်ဝိုင်းပြတ် လမ်းကြောင်းကို လုံးဝဥသုံ ရုတ်တရက် ထမပစ်ဘူး။ သူက လေ ယောဉ်ပျံရဲ့ သတ်မှတ်ထားတဲ့စံကို အမြဲကြည့်နေတယ် - ဆိုလိုတာကဘယ်လိုလှည့်ပတ်ပျံနေတယ် - သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာ စွမ်းဆောင်နိုင်မူကို ကြည့်တယ် - ဆိုလိုတာက သူဘယ်လောက် မြန်မြန်ပျံနိုင်တယ်၊ သူ့ယာဉ်ကို သူ့လက်မသုံးပဲ လွှတ်ထားလို့ဘယ်လောက် ရနိုင်သလဲ - သူ့ရဲ့ ပျံသန်းမူ စတိုင်နဲ့ သူ့ရဲ့ စွမ်းပကားကို အမြဲသုံးသပ်နေရတယ်။ ဝီနာကအခုလို တွေးတယ် - ပိုင်းလော့တစ်ယောက်ဟာ သူ့ရဲ့ ပစ်မှတ်ထက်ကို ပစ်လိုက်တဲ့ အနေအထား ပုံစံကို ကြိုတင်တွေးဆနေတယ်။ သချာင်္နည်းအရ ပြောရရင် လေယာဉ်ရဲ့ ပျံသန်းမူ ရုတ်တရက် အသွင်ပြောင်းလဲမူ၊နဲ့ လေယာဉ်ပျံသန်းမူတွေကြောင့် ဖြစ်ပေါ်လာတဲ့ အသံလှိူင်းတွေကို ကြည့်ပီး အဲဒါ အချက်ပြတာလို့ သတ်မှတ်လို့ရတယ်။ ဝီနာဟာ ချက်ချင်းဆိုသလိုပဲ သချာင်္နည်းပညာတွေသုံးပီး ဖော်မြူလာထုတ်တယ်။ အဲဒါကိုက ဝီနာ စတိုင်ပေါ့။ ဒါကို Radiation Lab (ရေဒါစမ်းသပ်ရေး ဓါတ်ခွဲခန်း) မှာ သက်သေပြတယ်။ လျှပ်စစ်နဲ့ အင်ဂျင်နီယာပိုင်းဆိုင်ရာကို ဘာမှ ထည့်မပြောဘူး။ သူက ရလာတဲ့ ဘယ်လို အချက်အလက်များကိုမဆို အကောင်းဆုံး ဘယ်လို မတူညီတဲ့ အမှတ်အသားတွေ ပြသလဲဆိုတာကို ပဲ ပြောသွားတယ်။

နောက်ပိုင်းမှာတော့ ဝီနာ ဟာ Bush ( ဘွတ်ရှ် ) ရဲ့ သုတေသန ပိုင်းဆိုင်ရာ Hardware (ဟာ့ဝဲ ) (စက်မူပိုင်းဆိုင်ရာ အကြမ်းထည် တည်ဆောက်မူများ) တိုးတက်မူတွေ ကို သချာင်္ပညာနဲ့ အသွင်ပြောင်း ဖော်ထုတ်ဖို့အတွက် သဘောတူ တဲ့ မှတ်ကျောက်တစ်ခု တင်ခဲ့တယ်။ ၁၉ ၄၁ခုနှစ် ဇန်နနဝါရီ မှာ လျှပ်စစ်အင်ဂျင်နီယာ Julian Biglow (ဂျူလီယမ် ဘစ်ဂလိုး) - အလုပ်ကျိူးစားတဲ့ အင်္ဂလန်ပြည်သား - လေးတစ်ဦး ကို လက်ထောက်အဖြစ်ထားခဲ့တယ်။

၀ီနာ - ဘစ်ဂလိုး တို့ရဲ့ ကြိုးစားမူကြီးက တဖန်ထပ်ပီး ကျိူးပဲ့သွားရတာက ထပ်ကံဆိုးတာပေ့ါ။ ၁၉၄၁ခုနှစ် မှာ သူတို့ရဲ့ ပစ်ခတ်မူဆိုင်ရာ ထိမ်းချူပ်မူစနစ် မူရင်းပုံစံက အခြေနေကောင်းနေပါတယ်။ ဒါပေမယ့် သူတို့ကိုယ်တိုင် ဝန်ခံခဲ့တာကတော့ တကယ့် လက်တွေ့ စစ်မြေပြင်မှာ အသုံးပြုဖို့ကျတော့ တော်တော်ကြီးကို ရူပ်ထွေးနေပါတယ်တဲ့။ စနစ်က နယူးယောက်က Bell Laboratories (ဘဲလ် သုတေသန စမ်းသပ်ခန်းများ) မှာ တိုးတက်လာတဲ့ မှတ်တိုင်ဆီကို အများကြီး မှီခိုနေပါသတဲ့။ ဒါဟာ စာနဲ့လက်တွေ့ ကွာဟမူတွေလို့ ဆိုလိုနိုင်တယ်ပေါ့။

အဲဒါကို လက်တွေ့ကျကျ သွားဖို့ဆိုရင် ဝီနာ ရဲ့ ကိုယ်ပိုင် စဉ်းစားမူပေါ် သြဇာသက်ရောက်လျက်ရှိနေတယ်။ ဒါပေမယ့် ဘစ်ဂလိုးနဲ့အတူ လုပ်တဲ့ အခါ သူ့ရဲ့ပို့ချမူတွေမှာတော့ သူက အင်မတန်ကို သူ့အလုပ်ကို မျော်လင့်ထား ပီး အပြင်းအထန်ကို ယုံကြည်နေတာကို ပြသနေပါတယ်။ ဒါပေမယ့် နောက်ပိုင်းကျတော့ သူက - “လူရဲ့ လုပ်ပိုင်ခွင့်တွေနဲ့ လျှပ်စစ်-စက်ပိုင်းဆိုင်ရာ နှစ်မျိူးစလုံးကို ပေါင်းစပ်ပီး စီမံထားတဲ့ စနစ်ကို ကြည့်ရတာဟာ တွက်ချက်မူပိုင်းဆိုင်ရာမှာ ရူပ်ထွေးနေတယ်“ လို့ ကောက်ချက်ချခဲ့ပါတယ်။

အချက်အလက်တွေကို စီးရီးလိုက် ကြည့်ရူရတဲ့အပိုင်းကို သချင်္ာညီမ ျှချင်းတွေနဲ့ ချပြရတာက တစ်ချက်။ စက်ကြီးက နေ အလုပ်လုပ်ပြတာကို ကြည့်ရတာက တချက်။ ဒါတွေက ၁၉ ၄၁ခုနှစ်မှာ မဖြေရှင်းနိုင်သေးတဲ့ ရှိနေသေးတဲ့ ကိစ္စတွေဖြစ်ပါတယ်။ အဓိက ပြသနာကတော့ မူလပထမ တီထွင်ထားတဲ့ စက်ကြီးရဲ့ တည်ဆောက်မူ ဖြစ်တယ်။ ရုပ်ပိုင်းဆိုင်ရာကိစ္စ လို့ခေါ်တာပေါ့။ သူလှူပ်ရှားလာအောင် ပြင်ပ အင်အားလိုတယ်။ ကမ္ဘာဆွဲငင်အားကြောင့် ပန်းသီးကြွေတယ်။ တုတ်တံရဲ့ ရိုက်ချက်ကြောင့် ဘေစ်ဘောလုံးလေးက လွင့်ထွက်သွားတယ်။ ဒါတွေကပြင်ပ အင်အား ကြောင့်ဖြစ်လာတာ မဟုတ်လား။ ဖြစ်ရပ်တိုင်းအတွက် အကြောင်းတရားလိုအပ်တယ် - အကြောင်းတရားက အရင် ဖြစ်ရမယ်လေ။

သည်လိုနဲ့ပဲ ညင်းခုန်မူတွေက ဆက်ဖြစ်နေတယ်။ လူဆိုတာကလည်း အကောင်းကြီးပဲ မမြင်တတ်ကြဘူး။ ကျွန်တော်တို့ ကိုယ်ခန္တာကြီးတွေက ရုပ်ပိုင်းဆိုင်ရာ အရာတွေနဲ့တည်ဆောက်ထားတယ်ဆိုတာ ညင်းစရာမရှိဘူး။ (သည်နေရာမှာ ကျွန်တော်ဆိုတာ စာအုပ်ရေးသူ စာရေးဆရာက သူ့ကိုယ်သူ ရည်ညွှန်းပြောနေတာပါ။) ကျွန်တော်တို့က ပြင်ပက ဝင်လာတဲ့ အင်အားတွေအတွက် တန်ပြန်တုန့်ပြန်တာမျိူး မရှိလည်း နေလို့ရတယ်။ ကျွန်တော်တို့က ခန္တာဗေဒ သဘောတရားနဲ့ ရှင်သန်နေတာ။ ကျွန်တော်တို့မှာ ရည်မှန်းချက်ရှိတယ်၊ မျော်လင့်ချက်တွေရှိတယ်၊ လိုချင်တာ တွေရှိတယ်၊ လုပ်ချင်တာတွေရှိတယ်။ သည်တော့ ကျွန်တော်တို့ရဲ့ “အကြောင်းတရားများ“ ဆိုတာက အတိတ်မဟုတ်ဘူး အနာဂတ်မှာ ရှိတယ်။ သည်နေရာမှာ ပဟေဌိတစ်ခု ဖော်ထုတ်ရသလို ဖြစ်နေတယ်။ “စိတ်“ “ဝိညဉ်“ နဲ့ “အသက်“ ဆိုတာတွေက ရုပ်ခန္တာဆိုတဲ့ ရုပ်ပ်ိုင်းဆိုင်ရာ အရာတွေကို လှူပ်ရှားအောင်လုပ်နေတဲ့ အင်အားတွေ ဖြစ်နေသလား?

သိပ် ကောင်းတဲ့မေးခွန်းပါပဲဗျား…. ဒါပေမယ့်လည်း ဝီနာနဲ့ ဘစ်ဂလို တို့ကတော့ အဲသည် ရုပ်ပိုင်းဆိုင်ရာ စက်ကြီးကို အသက်သွင်းဖို့ ပဲ စဉ်းစားတယ်။ ဒါပေမယ့် အနာဂတ်မှာ ရှေ့တိုးဖို့ နောက်ပြန်ဆွဲနေတာကတော့ အသက်သွင်းဖို့ အကြောင်းတရားပဲဖြစ်ပါတယ်။ တဖြေးဖြေးနဲ့ သူတို့ သ ဘောပေါက်လာတာကတော့ သူတို့အတွက် လိုအပ်တာက ဖြစ်ပေါ်လာတဲ့ရလဒ်ဖြစ်တယ်။

သူတို့ကို သိပ်ကို သိသာထင်ရှားပီး သူတို့ကိုယ်တိုင် သတိမထားမိတာ တွေကို သိအောင် ရလဒ်တွေကို ကြည့်ဖို့လိုတယ်။ ဥပမာ - Thermostat (သာမိုစတက်) ဆိုပါတော့။ အခန်းတွင်းမှာ အတော်ကြီးကို အေးလာတယ် ဆိုရင် ပါးလွှာတဲ့သံမဏိကြိုးလေးက ကွေးလာပီး သတ်မှတ်ထားတဲ့နေရာလေးကို သွားထိမယ်၊ ဒါဆိုရင် မီးဖိုလေးက သူ့ဘာသာသူ ပွင့်လာမယ်၊ ဟော… အခန်းလေးက ပြန်ပီး လည်း နွေးလာရော၊ သံမဏိပြားလေးက ပြန်ဖြောင့်သွားမယ်၊ သည်တော့ အဆက်အသွယ် ပြန်ပြတ်ပီး မီးဖိုလေးကို ပြန်ပိတ်သွားမယ်။ (အဲသည်စနစ်က သာမိုစတက် အလုပ်လုပ်ပေးတဲ့ သဘောကို ရှင်းပြတာ)။ အဲသည်စနစ်က သူ့အလိုလို အော်တိုမစ်တစ် အပူချိန်ကို ပြောင်းပေးနေတာဖြစ်တယ်။ သည်တော့ အခန်းဟာ သက်တောင့်သက်သာ နေလို့ရအောင် ဖြစ်နေတယ်။ အဲသည်ရလဒ်ကို ရလာဖို့ သဘာဝအခြေအနေကို သိဖို့လိုအပ်ပါတယ်။ သူတို့စက်ကြီးဟာလည်း သဘာဝတရား ကို ဆန့်ကျင်လို့မရဘူး။

ဒါပေမယ့် ကမ္ဘာပေါ်မှာ ဘယ်စက်ကမှ လုံးဝဥသုံ ပီးပြည့်စုံတယ်ရယ် မရှိဘူး။ ဒါကို အဲသည်လူ နှစ်ယောက်ကသိတယ်။ (ဝီနာနဲ့ ဘစ်ဂလို ကို ဆိုလိုတာ) ။ ဒီလို အခြေ အနေမျိူးမှာ ဖြစ်လာတဲ့ ရလဒ် က လိုကိုလိုအပ်နေတယ်။ ဥပမာ တစ်ခု ပြမယ် - ၁၈ရာစု စကော့လူမျိူး ဂျိမ်းစ်ဝက် က သူ့ရဲ့ရေနွေးငွေ့သုံးအင်ဂျင် ကို ရိုးရှင်းတဲ့ပုံစံနဲ့ အလုပ်လုပ်ပြခဲ့တယ် - အဲသည်မှာတင် ဘာထဖြစ်လဲဆိုတော့ သူ့အင်ဂျင်ဟာ သိပ်ကို မြန်နှူန်းမြင့်လွန်းအားကြီးေနတယ်- ဒါနဲ့ သူ့ပါဝါကို ချက်ချင်းကို အတင်းကြီး ကို လျော့ချလိုက်ရတယ်။ ၁၈၆၈ခုနှစ်မှာ အဲသည်စက်နဲ့ပတ်သက်ပီး James Clerk Maxwell (ဂျိမ်းစ်ကလော့ မက်စ်ဝဲလ် )က သချာင်္နည်းပညာနဲ့ ဆောင်းပါးတစ်ပုဒ် ရေးသား ပီး ဖြစ်နိုင်တဲ့ရလဒ်တွေကို ရေးသားဖော်ပြခဲ့တယ်။ ဒါဟာ ဘာကို ပြလဲဆိုရင် ပွဲမဝင်ခင် အပြင်မှာကျင်းပသင့်တယ် ဆိုတာဖြစ်တယ်။ သည်တော့ အခု ဝီနာနဲ့ ဘစ်ဂလို တို့ရဲ့ ကိုယ်ပိုင် မီးအားထိန်းချူပ်စနစ်ကြီးနဲ့ ပစ်လွှတ်ပြတဲ့ စမ်းသပ်ပြမူတေ ွ အကြိမ်ကြိမ်အဖန်ဖန် ချပြရင်းကနေ တကယ့် လက်တွေ့ အသုံးမပြခင် ရလဒ်ကောင်းတစ်ခု ရရှိအောင် ကြိုးစားနေကြတယ် လို့ ဆိုပါတော့။

အဲသည်လို ရလာတဲ့ ရလဒ် အဆိုးအကောင်းမှန်သမ ျှကို လက်ခံမှာလား။ အဲဒါကို ဝီနာနဲ့ ဘစ်ဂလိုတို့လည်း အညင်းအခုန်လုပ်နေကြတယ်။ ခဲတံလေးတစ်ချောင်းလောက် ကောက်ကိုင်လိုက်ပီး စဉ်းစားကြတာပေါ့။ ခင်ဗျား ရဲ့ ဥနှောက်က အဓိကပေါ့။ ခဲတံ ကောက်ကိုင်။ ဒါပေမယ့် တကယ်ခဲတံဆီ ရောက်သလား။ ခင်ဗျားရဲ့လက်က အတိအကျ ခဲတံဆီ ရောက်ဖို့ သေချာလား။ ဒါကို ဥနှောက်ကလည်း တချိန်လုံး ပါနေရမယ်။ ခင်ဗျား မျက်စိဆီကိုလည်း အချက်အလက် တွေ တရစပ်ပို့နေရမယ်။ ခင်ဗျားရဲ့ ကြွက်သား၊ လက်ချောင်းလေးတွေ။ သိပ်ကို တိကျသေချာတဲ့ ကိုသြဒနိတ် နဲ့ ဥနှောက်နဲ့ သွားတယ်ဆိုမှသာ ဖြစ်တယ်ပေါ့။ ဒါဆို မှန်ကန်တဲ့ ရလဒ်ကို ရမှာသေချာလား။ ဒါနဲ့လုံလောက်ပီလား။

အဲဒါနဲ့တင် လုံလောက်ပီလား။ အကယ်၍ အဲသည်ဟာတွေက မဖြစ်နိုင်ရင် ဘယ်လိုလုပ်မလဲ။ ဒါကို ဒီလူနှစ်ယောက်က သိတယ်။ သူတို့က အပြင်လူတစ်ယောက်လိုအပ်တယ်လို့ ယူဆတယ်။ Arturo Rosenblueth (အာကျူရို ရိုဆန်ဘလက်ချ် ) ဆိုတဲ့ မက်ကစီကန်မွေး ရူပဗေဒပညာရှင် တစ်ဦးက ဝီနာရဲ့ အနီးကပ်သူငယ်ချင်းက အခုလောလောဆယ် ဟားဗက် ဆေးတက္ကသိုလ်မှာ အလုပ်လုပ်နေဆဲ ပညာတတ်တစ်ယောက်ပါ။ အခုဖြစ်ပေါ်လာတဲ့ ပြစ်ချက်တွေကို စဉ်းစားတယ်။ သူတို့သုံးဦးသား က စစ်အတွင်းက အခြေအနေတွေကို သုံးသပ်ပီး သုတေသန လုပ်တယ်။

အရင်ဆုံး ဝီနာ၊ ဘစ်ဂလိုနဲ့ ရိုဆန်ဘလက်ချ်တို့က အစည်းအဝေးမှာ ပြောဆို ဆွေးနွေးကြတယ်။ တယောက်နဲ့တယောက် ပွင့်ပွင့်လင်းလင်း ပြောကြတယ်။ (ခုနာတုန်းက ပြောပီးသား ပြန်ပြောကြတယ်) ခဲတံလေးကို ကိုင်ဖို့လက်က သွားတဲ့အခါ ဦး နှောက်က မျက်စိကို အချက်အလက်တွ ပို့ပီးခိုင်းတယ်ပေါ့။ ဒါ့အပြင် အာရုံကြောရဲ့ အလုပ်လုပ်ပုံက တဆင့် လက်ပါပါလာတယ်။ အဲဒါကို “ဆက်သွယ်ချက်“ လို့ခေါ်တယ်။ မှန်မှန်ကန်ကန်ခဲတံလေးဆီ လက်က ရောက်သွားဖို့ကို လက် မျက်စိ ဥနှောက် အာရုံကြော အစရှိသည်တို့ရဲ့ ဆက်သွယ်ချက် ကို စဉ်းစားပြတာပါ။ ဒါကို သချာင်္နည်းနဲ့ တွက်ချက်မယ်။

ဒုတိယ အချက်က အဲသည်လို အချက်အလက်တွေကို ဆက်သွယ်မယ်၊ ထိန်းချူပ်မယ်ဆိုရင် ဘယ်လို လုပ်ငန်းစဉ်နဲ့သွားမလဲ…. အဲဒါကို message (မက်စေ့) လို့ ခေါ်မယ်။ “လျှပ်စစ်စနစ်နဲ့ သွားမယ် ဒါကို အာရုံကြော စနစ်သဘောမျိး တွေးမယ်။” စာကလေးတစ်ကောင်ပျံသန်းမူနဲ့ ဘီ၂၉ လေယောဉ်ပျံ ပျံသန်းမူကို ယှဉ်ပီး စဉ်းစားတာဖြစ်တယ်။ လူရဲ့ အာရုံကြောစနစ်ဟာဖြင့် တကယ့်ကို ရူပ်ထွေးတယ်။ ဒါကို သိပ္ပံပညာရပ်ကိုထည့်ပီး တွက်ချက်ကြတာဖြစ်လို့ အခုကစပီး လူအာရုံကြောစနစ်ကို မေ့ထားရမယ်။ သိပ္ပံပညာရပ်အနေနဲ့ကျတော့ နားလည်ဖို့မလွယ်ဘူး။ ဒါပေမယ့် ဒါကို ဆန့်ကျင်ဖက် စဉ်းစားတော့ အင်ဂျင်နီယာပိုင်းက ပါလာတယ်။ အာရုံကြောစနစ်မှာက တွေ့ကြုံနေရတဲ့ ပတ်ဝန်းကျင် ရဲ့ အကျိူးသက်ရောက်မူကိုထည့်စဉ်းစားပြထားတယ်။

သူတို့က ဆက်ပြောတာကတော့ အာရုံကြောစနစ်နဲ့ အင်ဂျင်နီယာစကားနဲ့ က တွဲတွေးဖို့ခက်တယ်။ စက်ပစ္စည်းဆိုတာကို သက်မဲ့လိုပဲ စဉ်းစားလို့ရတာ။ လက်နက်ပစ်လွှတ်တဲ့စနစ်မှာ ရေဒါကနေ ပစ်တယ်ဆိုတာက မှန်မှန်ကန်ကန် ဖြစ်ဖို့ကတစ်ချက်၊ လုံးဝဥသုံ အော်တိုမစ်တစ်ပစ်လွှတ်တဲ့ စနစ်ကို သုံးမယ်ဆိုပါက လူရဲ့ လက်မပါပဲ ပစ်မယ်ဆိုတာက တစ်ချက်၊ သည်တော့ သေနတ်က တကယ်ရော ညဏ်ရှိရှိ စာတတ်တတ်နဲ့ အလုပ်လုပ်မှာ သေချာလား။

ယနေ့ခေတ်မှာတောင်မှ - ဆိုလိုတာက အဲသည်အချိန်နောက်ပိုင်း ၁၅နှစ်လောက် - အထိတောင်မှ အဲသည်ပြသနာ၊ ယူဆက်ချက်တွေက အဖြေမထုတ်နိုင်သေးပဲ စိတ်အနှောက်အယှက်ဖြစ်နေရဆဲ ဖြစ်နေသေးတယ်။ သည်တော့ Artificiel Intelligence (အသိဉာဏ်အတု) ဆိုတာ သိပ္ပံပညာရပ်မှာ ပေါ်လာတယ်။ စိတ်နဲ့ ဥနှောက် အချက်အလက်ပေးပို့မူ လုပ်ငန်းစဉ် ဆိုပါတော့။ စိတ်နဲ့ရုပ်ဆိုတာ လူ့ရဲ့ ဝိညာဉ်မဟုတ်လား။ ပီးတော့ ကျွန်တော်တို့ အသုံးပြုနေကြတဲ့ သာမိုစတက် ဆိုတာ အပူချိန်ကို ချိန်ညှိပေးတဲ့စက်။ သူက သတ်မှတ်ထားတဲ့အပူချိန်ထက် ပိုပူလာရင် လျော့ပေးတယ်။ သတ်မှတ်ထားတဲ့ဆီရောက်လာရင် အလိုလို ပိတိပေးတယ်။ ပြန်လျော့လာရင် တိုးပေးတယ်လေ။ အဲဒါက လူ့ဥနှောက်နဲ့ စိတ်ဆိုတာရဲ့ဆက်သွယ်မူ စနစ်ကို လေ့လာရာကနေ တိုးတက်လာတဲ့ သဘာဝကျတဲ့ လုပ်ငန်းစဉ် ပါပဲ။

ဒါကို ဝီနာနဲ့ သူ့လုပ်ဖော်ကိုင်ဖက်တွေက လက်ခံတယ်။ သဘောပေါက်တယ်။ ဒါကို စက်ပစ္စည်း အနေနဲ့ စဉ်းစားတော့ ဥနှောက်ဆိုတာကို ဘယ်လို ထိန်းချူပ်ကြမလဲ။ သာမိုစတက်ထက်ပိုပီး လေးနက်တဲ့ ပိုပီး ရူပ်ထွေးတဲ့နည်းပညာကို စဉ်းစားမယ်။ ကျွန်တော်တို့ ဥနှောက်ထဲမှာ ပိုပီး ရူပ်ထွေးတဲ့ အရာတွေကို ဘယ်လိုဆွဲထုတ်ပီး လေ့လာကြမလဲ။ ဒါကို တကယ်လက်တွေ့ကျကျ နည်းပညာနဲ့ အပြင်လောကကို ဆွဲယူပီး လ ျှပ်စစ်စနစ် စက်ပစ္စည်းစနစ်တွေနဲ့ ကွန်ပြူတာ နည်းပညာတော်လှန်ရေးအဖြစ် အသွင်ပြောင်းကြမလဲတဲ့။

ဂျူနီယာဝင်း

Monday, February 24, 2020

ဂျူနီယာဝင်း - ကွန်ပြူတာနည်းပညာတော်လှန်ရေးသို့ ခြေလှမ်းများ (၈)

ဂျူနီယာဝင်း - ကွန်ပြူတာနည်းပညာတော်လှန်ရေးသို့ ခြေလှမ်းများ (၈)

(Statue of Alan Turing)


(အတွေးအမြင်မဂ္ဂဇင်း၊ ဖေဖော်ဝါရီ၊ ၂၀၂၀)

(မိုးမခ) ဖေဖော်ဝါရီ ၈၊ ၂၀၂၀


(2001 ခုနှစ်ထုတ် M. Mitchell Waldrop (အမ် မီချယ် ဝါလ့်ဒရော့) ရေးသားသော The Dream Machine ကို ဘာသာပြန်ထားပါတယ်။ J.C.R. Licklider နဲ့ သူ့ရဲ့ ပါစင်နယ်ကွန်ပြူတာ နည်းပညာတော်လှန်ရေး အကြောင်း ဆိုပါတော့ လို့စာအုပ်မှာ ကြော်ငြာထားပါတယ်။ ဒီစာအုပ်ကို စတင်ဘာသာပြန်စဉ်က “အိပ်မက်ထဲက စက်ပစ္စည်း“ လို့ မိတ်ဆက်ခဲ့ပါတယ်။ နောက်ပိုင်းတော့ သူ့စာအုပ်ထဲက ခေါင်းစဉ်တွေအတိုင်း ဆက်ဘာသာပြန်ခဲ့ပါတယ် ။ ဒါကြောင့် ဒီစာအုပ်အကြောင်းဟာ ခေါင်းစဉ်အမျိူးမျိူးနဲ့ သွားနေခဲ့တယ်ပေါ့။ စာအုပ်ထဲက ခေါင်းစဉ်တစ်ခုဖြစ်တဲ့ ကွန်ပြူတာ နည်းပညာ တော်လှန်ရေးသို့ ခြေလှမ်းများ ဆိုတဲ့ခေါင်းစဉ်နဲ့ အဲသည်ခေါင်းစဉ်နဲ့ပဲ ဆက်ရေးသွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါမှလည်း အခုဆောင်းပါးများဟာ ကွန်ပြူတာဆိုတဲ့ နည်းပညာတော်လှန်ရေး အကြောင်း ပိုပီး လူတွေ သတိထားမိလာမယ် လို့ယူဆမိပါတယ်။ စာအုပ်ထဲမှာ ကွန်ပြူတာ ဆိုတဲ့ဝေါဟာရတစ်ခု အသက်သွင်းဖို့ကြိုးစားခဲ့တဲ့ လူပုဂ္ဂိုလ်တွေ အများကြီးကို တွေ့ရပါတယ်။ တစ်ယောက်ဆီတိုင်းဟာ သူ့အရည်အချင်းနဲ့သူ ပီပြင်ကြပါတယ်။ ဒါကြောင့် ရှေ့က ဆောင်းပါးများ မသိမမှီလိုက်သောလည်း ဆောင်းပါးတစ်ခုချင်းဆီဟာ သူတို့တွေအကြောင်း သိသာထင်ရှားနေတာကြောင့် ဖတ်လို့ကောင်းတဲ့ စာအုပ်တစ်အုပ်ကို စာဖတ်သူများကို မိတ်ဆက်ပေးနေတာ ဖြစ်ပါတယ်။ ဘာသာပြန်သူရဲ့ ဖြည့်စွက်ချက်တွေကို ကွင်းစကွင်းပိတ်နဲ့ ဖော်ပြပေးထားပါတယ်။ )

အရင်လက Alan Turing (အယ်လန် ကျူရင်း) က လက်တွေ့ကျကျ ပုံဖော်တဲ့အနေနဲ့ တိတ်သား ခွေ တစ်ခုလို တံဆိပ်ခေါင်းအလိပ်ကြီးလိုမျိူး စဉ်းစားကြည့်တဲ့အကြောင်း အဆုံးသတ်ထားတယ်။ အဲသည် စတုန်းရန်းပုံ အပိုင်းလေးတစ်ခုစီမှာ အလွတ်တွေဖြစ်ချင်ဖြစ်မယ်၊ ဒါမှ မဟုတ် သင်္ကေတ တစ်ခုခု ပါချင်ပါလာမယ်။ အဲသည် သင်္ကေတ တွေဆိုတာမှာ ဘာဖြစ်ဖြစ် ဖြစ်နိုင်တယ် ဥပမာ - စာလုံးတစ်လုံး၊ ကိန်းတစ်ခု၊ စာကြောင်းတစ်ခု၊ အရောင်ဖြစ်ဖြစ်၊ ပုံလေးတွေ ဖြစ်ဖြစ်၊ ဘာဖြစ်ဖြစ်ပေါ့ … စတုရန်းကွက်ကလေးတစ်ခုမှာ ရှိသ လောက် လေး ပါလာမယ်။ အဲသည် အပိုင်းကလေးတွေကို လက်တွေ့ကျကျ မြင်နိုင်ဖို့ သူက scanner (စကင်နာ) ရဲ့အလုပ်လုပ်ပုံတွေနဲ့ ကြိုးစားပီး အဖြေရှာတော့မှာဖြစ်ပါတယ်။

နောက်တဆင့် …. ကျူရင်းက ဆက်ပြောတယ်။ သချာင်္ပညာရှင်ရဲ့လက်၊ မျက်စိ၊ ခဲတံ တွေကို စကင်နာ အလုပ်လုပ်တဲ့ပုံစံထဲ အစားထိုးမယ်တဲ့ ။ (scanner စကင်နာဆိုတာ စာဖတ်သူ တွေ မျက်စိထဲ တန်းမြင်ပါ့မလားလို့ ထပ်ရှင်းပေးပါ့မယ်။ စာရွက်စာတန်းတွေ ဓါတ်ပုံတွေကို စက်ထဲတင်ပီး မိတ္တူကူးသလို ဖတ်တယ် ရေးတယ်ဆိုတဲ့ အလုပ်၂ခုလုပ်ပေးတဲ့စက်ပါ။ တင်ရတဲ့ နေရာက မှန်နဲ့ လုပ်ထားတဲ့ စတုရန်းပုံ အကွက်ဖြစ်ပါတယ်။) စာရွက်တွေ တင်လိုက်တဲ့အခါ ရှေ့တိုးနောက်ငင်နဲ့ စက်က တန်းကြီးက ရွေ့ပီး ဖတ်ပါတယ်။ တခါဖတ်ရင် အဲသည် စတုရန်းပုံမျက်နှာပြင် အပြည့် တကြိမ်ကျ ဖတ်ပါတယ်။ ယနေ့ခေတ်မှီတဲ့ စက််တွေက ဖတ်တယ်၊ ရေးတယ် ဆိုတဲ့အလုပ်၂ခု လုပ်ပါတယ်။ (ဖတ်တယ်ဆိုတာ read ကို ပြောတာပါ ယနေ့ခေတ်ကွန်ပြူတာအသုံးပေါ့။ စီဒီတွေကို စက်ထဲထည့်ပီး ကြည့်တာကို ဖတ်တယ် လို့ ခေါ်ပါတယ်။ ရေးတယ် ဆိုတာကို write (ရိုက်) လို့ခေါ်တယ်။ စီဒီအလွတ်တစ်ခုကို ကွန်ပြူတာထဲထည့်ပီး အဲဒီစီဒီထဲ ကိုယ့်ရဲ့ အချက်အလက်တွေ၊ စာတွေ၊ ပုံတွေ ကို ကူူးတဲ့အလုပ်ကို ခေါ်တာပါ။ စကင်နာက အဲသည်အလုပ် ၂ခုစလုံးကိုလုပ်တယ် လို့ဆိုလိုပါတယ်။ ဒါလောက်နားလည်ပီဆိုရင် ဆက်ဘာသာပြန်ပါ့မယ်။) 

သည်တော့ ကျူရင်းက ခုနာက ပြောတဲ့ စကင်နာ အလုပ်လုပ်တဲ့နေရာမှာ “သချာင်္ပညာရှင်ရဲ့ စိတ်“ ကို အစားထိုးပါမယ်။ တမိနစ်တမိနစ် မှာ ဘာဖြစ်သလဲ လို့သူက စဉ်းစားပါတယ်။ ဟောသည် စက်ကမှတ်တမ်းတင်တဲ့အလုပ်ကို သူက စက်ရဲ့ လက်ရှိ ပုံစံလို့သူက ကြည့်ပါတယ်။ ဟောစက်ကြီးက တဲ့၊ သူ့ပေါ်ရောက်လာတဲ့ မျက်နှာပြင်ပေါ်က စတုရန်းပုံ မျက်နှာပြင် ပေါ်က အရာတွေကို တဲ့ သယ်ဆောင်ကာ ယူပါသတဲ့။ အဲဒါ သူက စက်နေရာကနေ စဉ်းစားပြတာ။ သည်နေရာမှာ “လက်ရှိပုံစံ”ဆိုတဲ့ မျက်နှာပြင်ပေါ် တကြိမ် တင်လာတဲ့ အရာ၊ မတူညီတဲ့အရာတစ်ခုစီမှာ သူက အခုလို အမှတ်အသားတစ်ခုစီ အမည်ပေးလိုက်တယ် ။ ဒါကို Symbol (သင်္ကေတ) လို့ ခေါ်တယ်။

နောက်ဆုံးမတော့ သချာင်္ပညာရှင်ရဲ့ ပညာကို အစားထိုးကြည့်လိုက်တဲ့အခါ နောက်တဆင့်တိုးပီး အတွက်အချက်ကို လုပ်မှာ ဖြစ်ပါတယ်။ တိတ်သားအခွေတစ်ခုကနေ ခုနက စဉ်းစားလိုက်တဲ့ သင်္ကေတတွေရယ်နဲ့ စက်ကြီးရဲ့ လုပ်ပုံရယ်ကို ပေါင်းစပ်မယ်။ ဒါကို စကားလုံးတွေနဲ့ ချရေးတဲ့အခါ “အကယ်၍ - 1 (အင်္ဂလိပ် အက္ခရာ ဝမ်း ဖြစ်ပါတယ်) ဆိုပီး ယခုလက်ရှိစတုန်းရန်းပုံ အကွက်မှာ သင်္ကေတ ပေါ်တယ်ဆိုပါတော့။ ဒါကို စက်ကြီးကနေ ဘယ်လို ဖော်ပြသလဲဆိုရင် CQT လို့ ပြတယ်ဆိုတယ်။ နောက်သင်္ကေတ တစ်ခုအဖြစ် 0 (ဇီးရိုး) အဖြစ်ပြောင်းပါတယ်။ ဒါကို စက်က PPL လို့ဖော်ပြပါတယ်။ သည်လိုနဲ့ စတုရန်း ကွက်က ဘယ်ဘက်တဖက်ဆီကို ဆက်သွားပါတယ်။ ထိုဥပဒေကတွေက ဖက်ရှင်တစ်ခုလို မှတ်သားပေးနေတာ ဖြစ်ပါတယ်။ ဒါပေမယ့် တဲ့… ကျူရင်းက အခုလို ရေးမှတ်တယ် … တိတ်သားတစ်ခုရဲ့ တူညီတဲ့ စတုရန်းကွက်ကလေးတွေက အချက်အလက်တစ်ခုတည်းကို ပေးမှာတော့ မဟုတ်ပါဘူးတဲ့။ (ဆိုလိုတာက စတုရန်းကွက်ပေါ် တင်လာတဲ့ အရာတွေဟာ တသတ်မှတ်ထဲ မရှိနိုင်ဘူး။ ရုပ်ပုံတွေ လည်းဖြစ်နိုင်တယ်။ စာတွေပဲလည်း ဖြစ်နိုင်တယ်။ စာတွေကလည်း အတူတူ မဖြစ်နိုင်ဘူး။ စာနဲ့ပုံနဲ့လည်း ကြုံသလို ပါလာနိုင်တယ်။ သည်တော့ အဲသည်အရာတွေကနေ သင်္ကေတ တွေ အများကြီး ရလာမယ်။) ဒါကြောင့် ယူနီဗာဆယ် စက် ကြီးတစ်ခု ကို ဖန်တီးရတော့မယ်။ ဒါပေမယ့် ဒီအချက်အလက်တွေကို တကယ်ပဲ မှတ်သားပေးပါပီတဲ့ ၊ စက်ကြီးက သချာင်္ပညာရှင် တွေ လိုချင်တဲ့အတိုင်း သင်္ကေတ စီးရီးတွေကို ပေးနိုင်ပါ့မလား။ လူနဲ့စက်နဲ့ က ဒီပြသနာတစ်ခုတည်းကို တွက်ချက်ကြဖို့ကို လက်တွေ့ဖြစ်လာပါ့မလား။

ယနေ့ခေတ်မှာ ကျူရင်းတီထွင်ခဲ့တဲ့ အဲသည်စက်ကြီးကို nonhuman computer (လူမဟုတ် တဲ့ ကွန်ပြူတာ ) လို့ သိထားကြပါတယ်။ သူ့ရဲ့အဲဒီ ဖတ်/ရေး စက်ကြီးမှာသုံးတဲ့ head (“ခေါင်း“) (ဒီနေရာမှာ ခေါင်းဆိုတာ ဦးခေါင်း ကိုပြောတာမဟုတ်ပါဘူး။ ကွန်ပြူတာတို့၊ စက်ပစ္စည်းတေ ွမှာဖြစ်ဖြစ်၊ အထူးသဖြင့် လည်နေတဲ့ ဓါတ်ပြားပေါ် တင်လိုက်တဲ့ အပ်ကဲ့သို့သော် ထိတ်ဖူးကလေးကို ပြောတာဖြစ်ပုံရပါတယ်။ စီဒီတို့ဘာတို့ကို ဖတ်တဲ့အခါ အသည်နည်းပညာအတိုင်း ဖတ်တယ်ပေါ့။) ဟာဆိုရင် ယနေ့ခေတ်ကွန်ပြူတာတွေမှာသုံးတဲ့ လုပ်ငန်းစဉ်အတိုင်းဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သူ့ရဲ့ ပရိုဂရမ်ဟာလည်း ကွန်ပြုတာ မှတ်ညဏ် ဆိုပီး ဖြစ်လာတယ်။ သူစိတ်ကူးထဲကလိုပဲ စက်ကြီးဟာဖြင့် “သံထည်“ ကြီးအဖြစ်နောက်ကျရင် ထွက်ပေါ်လာတယ်။ အဲသည်အကြမ်းထည်ကြီးဟာ အခုလက်ရှိမှာတော့ အဆင့်တစ်ခုတက်ဖို့ စတင်နေပါပီ။

သူ့ရဲ့ပထမဦးဆုံးရလဒ်ကို ပြောပါ့မယ်။ ပြောရရင်တော့ “ကိန်းဂဏန်းတစ်ခုဟာ တွက်ချက်လို့ရမယ်ဆိုရင် သူ့စက်ကြီးက ဒါကို သတ်မှတ်ထားတဲ့ အဆင့်တွေနဲ့ အလုပ်လုပ်ပြနိုင်မယ်။ ဒီအဆိုဟာ အပြန်အလှန်မှန်တယ်“ လို့သူကြွေးကျော်ထားတဲ့ အတိုင်းတော့ ဖြစ်မလာဘူး။ သချာင်္သမားတစ်ယောက်တွက်ချက်ပြနိုင် သ လောက်သူ့စက်က လုပ်ပြနိုင်မယ်ဆိုတဲ့ အတိုင်းအတာကို ကျူးရင်းက သတ်မှတ်ထားတယ်။ တွက်ချက်မူ အများအားဖြင့်အတွက်တော့ မှန်တယ်။ စက်ရဲ့ဒီဇိုင်းက အဆင်မပြေဘူးတဲ့။ ပြောရရင် အဖြေတစ်ခုရဖို့ ကျော်ဖြတ်ရတဲ့ အချိန်ဟာ အတော်ကြာတယ်။ သချာင်္သမားတစ်ယောက်က တွက်ပီးရင် သူလည်းပီးပီ .. အဲသလိုတော့ ပြောလို့ရတယ်။ သည့်ထက်အဆင့်တက်မယ်ဆိုတဲ့ ခြေလှမ်းလည်းလှမ်းလိုက်ရော ဟိုးအရင်က တွက်ချက်တဲ့စက်ကြီးတွေ လိုပဲ သူလည်း အဲသည်မှာ တစ်နေတော့တယ်။ သူ့ဒီဇိုင်းက ဘယ်လောက်ပဲ ကောင်းတယ်ပဲဆိုဆို၊ ကျူရင်းထက်တော့ ဘယ်စက်မှ မတော်ပါဘူးတဲ့။ ပြောရရင် ကွန်ပြူတာဆိုတဲ့ အခြေခံသဘောတရားဟာ အတူူတူပါပဲ။ အချိန်၊ မှတ်ညဏ်နဲ့ လက်ကိုင်ကွန်ပြူတာ အနိမ့်ဆုံး အဆင့်လောက်တော့ ရှိရမယ်။

ဒါပေမယ့် ကျူရင်းက ရှေ့ကို မျော်တွေးတယ်။ သိပ်ကို စွမ်းရည်မြင့်တဲ့ စက်တွေတောင်မှ မတွက်နိုင်ပါဘူးတဲ့။ ဒါကို သူက အဲသလိုပြောတယ်။ ဘယ်ကွန်ပြူတာမှ ဘာဖြစ်မယ်ဆိုတာ ကြိုမသိနိုင်ပါဘူးတဲ့။ ကွန်ပြူတာတစ်ခုစီတိုင်းမှာ ရှေ့ဘာဖြစ်မယ် မသိဘူး လို့သူက ဆိုတယ်။ တိတ်သားတစ်ခုကို စဉ်းစားကြည့်ပါ။ သူ့ကို စက်ထဲဖွင့်မယ်ဆိုရင် ၁ နာရီ ကြာမယ်။ သူဟာ တကယ်ပဲ ၁နာရီကောင်းကောင်း အလုပ်လုပ်မလား။ ဒါကို ကြိုမသိနိုင်ပါဘူး။ သည်တော့ နောက် တပတ်၊ တနှစ် ၊ ဆယ်နှစ်တောင် ဖတ်မယ်၊ ရေးမယ် ၊ ဘယ်လှည့် ညာလှည့်မယ်တဲ့။ အဲဒါ အာမ မခံနိုင်ဘူး။ ဒါဟာ တိတ်သားရဲ့ အခြေအနေ ပေါ် အများကြီးမူတည်တယ်။ သည်တော့ တချိန်လုံးပဲ ကွန်ပြူတာ စကားလုံး ဇီးရိုး ‘0’ နဲ့ ဝမ်း ‘1’ ဆိုပီး ချရေးနေရုံနဲ့ မဖြေရှင်းနိုင်ပါဘူးတဲ့။ သည်တော့ သည်ပြသနာကိုပဲ ဖြေရှင်းဖို့ ကြိုးစားနေရင်တော့ မျော်လင့်ချက်ကို မရှိဘူးလို့ ကျူရင်းက ပြောတယ်။

(သည်ကြားထဲမှာ ကျူးရင်းက ကွန်ပြူတာတွေနဲ့ပတ်သက်လို့ စိတ်တိုင်းမကျတာတေ ွ ပြောတယ်။ ကွန်ပြူတာဟာ ဥနှောက်မရှိပေမယ့် အသုံးတော့တည့်သတဲ့။ ကွန်ပြူတာက ပရိုဂရမ်ဆွဲပေးတဲ့အတိုင်း လုပ်တယ် ဒါပဲ။ ကျူရင်း က သူ့ရဲ့ ဘာမှန်းမသိတဲ့အဆိုတွေကို ပြောတယ် ရှင်းတယ် သူ့သချာ်သမားတွေနဲ့ ချပြတယ်။ နောက်ဆုံးတော့ သူက “အဆိုတစ်ခုက မှန်ရင် သည်အဆိုကမှားတယ်၊ အကယ်၍ မှားနေရင် အဲဒါကမှန်တယ်” ဒါက အဆုံးမရှိလည်နေတဲ့ စက်ဝိုင်းလို ဖြစ်နေတယ်တဲ့။ ဘာမှအတိအကျကို ပြောလို့မရဘူးလို့ ကျူးရင်းက ကောက်ချက်ချပါတယ်တဲ့။ အခု အဲသည်နေရာက ဆက်ပါ့မယ်။)

၁၉၃၆ခုနှစ် ဧပြီလမှာ ကျူရင်းဟာ စာမျက်နှာ ၅၀ရှိတဲ့ စာရိုက်ပီးသားစာတမ်းတစ်ခုကို ရှေးစာလုံးဂျာမန်ဂေါသစ် အက္ခရာများနဲ့ ရူပ်ထွေးတဲ့ သင်္ကေတများနဲ့အတူ အပီးစီး ထွက်ပေါ်လာတယ်။ ကျူရင်းဟာ သူ့ရဲ့ စာတမ်းကို ပါမောက္ခ M.H.K Newman (အမ်အိတ်ချ်ကေ နယူးမင်း) နဲ့ သူ့ရဲ့လမ်းတလျောက်မှာလိုက်ပါလာကြတဲ့ ပါမောက္ခ တွေကို လက်ဆင့်ကမ်းတယ်။ နယူးမင်းဟာ အံ့သြမင်သက်သွားပါတယ်။ ဒါဟာ သူ့ဘဝမှာ ကျောင်းသားတစ်ယောက်ရဲ့ စိတ်ဝင်စားမူကို ကြည့်ပီး ပထမဦးဆုံးအကြိမ် ဖြစ်သွားတဲ့ ခံစားချက်ဆိုပါတော့တဲ့။ သူက ချက်ချင်းဆိုသလိုပဲ ကျူးရင်းရဲ့ ခြေလှမ်းတွေကို အသိအမှတ်ပြုတယ်၊ အားပေးတယ်။ ကျူးရင်းရဲ့ ပေပါကို Proceeding of the London Mathematical Society (လန်ဒန်သချာင်္အသင်း)ဆီကို ပို့ပီး သူ့တပည့်ကျော်ရဲ့ ပထမဦးဆုံး လုပ်ရပ်အတွက် ချီးမြှောက်ပေးခဲ့တယ်ပေါ့။

ကျူရင်းရဲ့ ဘီးလုံးကြီးကနေ စလို့ စိတ်ကူးယဉ်ခဲ့တဲ့ ကြောက်စရာ အတွေးဟာဖြင့် တကယ်ပဲ လူတွေကြားထဲ ရောက်လာခဲ့ပီ။ ၁၉၃၆ခုနှစ် မေလလည်လောက်မှာ ကျူရင်းရဲ့ စာတမ်းကို ပုံနှိတ်ဖို့ပြင်ဆင်နေကြတဲ့အချိန်မှာ အမေရိကန် ပရစ်စတန်တက္ကသိုလ် အာလွန်ဇိုဘုရားရှိခိုးကျောင်း ကနေ အဲသည်ကျူရင်းရခဲ့တဲ့ ရလဒ်အတိုင်းကို ဆောင်းပါးတစ်ပုဒ်ထွက်ပေါ်လာပါတယ်။ တကယ်ပါပဲ။ ဘုရားရှိခိုးကျောင်းကနေ စက်တွေမပါပဲနဲ့ စာချည်းသက်သက်ကို ပုံစံတမျိူးနဲ့ တိုက်ခိုက်လာတယ်ပေ့ါ။ ဒါပေမယ့် စက်ကြီးဘာကြီးတွေဆိုတာ အရေးမကြီးဘူးလေ။ သုတေသနဂျာနယ်တွေက မူရင်းရလဒ်တွေကို ပုံနှိတ်ပြခဲ့တယ်။ ပိုဆိုးတာက ဘုရားရှိုခိုးကျောင်းကနေ ကျူရင်းသက်သေပြချက်တွေရှေ့ကနေ အဆင့်ပေါင်းများစွာ ရှေ့ရောက်နေခဲ့တယ်။ အကယ်၍များ ကျူရင်းက သူစမလုပ်ခင်မှာ သုတေသနစာတမ်းတွေကို လေ့လာခဲ့မယ်ဆိုရင် သူဒါကို သိထားနှင့်မှာ ဖြစ်ပါတယ်။

ကံကောင်းချင်တော့လည်း ကျူရင်းက စိတ်အေးလက်အေး ရှိတယ်။ နယူမင်းကလည်း ကျူရင်းကြိုးစားထားသမျှကို အလကားမဖြစ်ချင်ဘူး။ သူက သုတေသနဂျာနယ်အယ်ဒီတာ တွေကို ဘယ်လိုပဲဖြစ်ဖြစ် ကျူရင်းစာတမ်းကို ဖော်ပြပေးဖို့ သူ့နံမယ်သုံးပီး တိုက်တွန်းတယ်။ အရေးကြီးတာက ကျူရင်းက အော်ရီဂျီနယ်ဖြစ်တယ်၊ သူ့ရလဒ်က အရေးကြီးတယ်။ ဒါ့အပြင် အာလွန်ဇိုဘုရားရှိခိုးကျောင်းကိုလည်း ကျူရင်းကို သူ့တပည့်အဖြစ် ပရစ်စတန်မှာ အခုလာမယ့် စာသင်နှစ်မှာ လက်ခံဖို့ ကမ်းလှမ်းတယ်။ ဘယ်သူ့ရဲ့ သြဇာသက်ရောက်မူမှမပါပဲ သူ့ကို အေးအေးဆေးဆေး လက်ခံဖို့ အခြေအနေ ပေးတယ်။ “သူ့ရဲ့ဘာသာရပ်ဆိုင်ရာ အလုပ်လုပ်ဖက်တွေ ရပီးတော့ တကိုယ်တည်း သမားအဖြစ်ကနေ ရုန်းထွက်လာနိုင်အောင် ပေါ့“ လို့ နယူးမင်းက ပြောတယ်။

အသက်၂၅နှစ်အ ရွယ် ကျူရင်း အတွက် အဲသည်လို ပံ့ပိုးမူတွေကြောင့်လည်း သူ့တကိုယ်တည်း ပိတ်ဆို့နေတဲ့ အကျဉ်းကျနေတဲ့ထဲက လွတ်မြောက်လာတယ်ဆိုရမယ်။ ဒါပေမယ့် ပရစ်စတန်ကို စက်တင်ဘာလ ကုန်ပိုင်းလောက်မှာ ရောက်ရောက်ချင်းတုန်းက စိတ်ဓါတ်ကျဆင်းရောဂါက မသေးဘူး။ ပြောရရင် သူရောက်လာတာက တကယ့်ကို နိဗာန်ဘုံပါပဲ။ အဲသည်အချိန်တုန်းက ပရစ်စတန်သချာင်္ဌာနဆိုတာ သိပ်ကြီးကျယ်တယ်ဆိုတာထက် အိုင်စတိုင်းတို့လို တကယ့်သချာင်္ပညာရှင်တွေ ကျက်စား ခဲ့ရာ နေရာတစ်ခုဖြစ်နေတယ်။ အိုင်စတိုင်းကိုယ်တိုင်ရဲ့ ခြေရာတွေ ရှာလို့ရနိုင်ပါသတဲ့။ သို့သော်လည်း ကျူရင်းက ကန်ဘရစ်တုန်းကလိုပဲ သူ့ကိုယ့်သူ တကိုယ်တော် အကျဉ်းစံဘဝကို မစွန့်လွတ်နိုင်သေးဘူး။ သူ့ရဲ့အဂ်လိပ်ဆန်ဆန် နောက်ခံနဲ့ အမေရိကရဲ့ပုံစံက အံဝင်ဖို့ ခက်ခဲနေသေးတယ်။ သို့သော်လည်း သူ့ရဲ့ ခိုင်မာတဲ့ စိတ်ဓါတ်တွေနဲ့ သူ ဘယ်လိုခရီးဆက်မှာလဲ ဆိုတာက တော့ ရှေ့ ကိုကြည့်ရမှာပါပဲ။ 

ဒီဇင်ဘာလမှာ သူဟာ ပရစ်စတန်မှာ စင်ပေါ်တက် စကားပြောခွင့်ရတယ်။ တက်ရောက်သူက နည်းနည်းပဲရှိတယ်။ သူ့လည်း ဘယ်သူမှ မှ မသိကြတာ။ ၁၉ ၃၇ ခုနှစ် ဇန်နဝါရီမှာ သူ့စာတမ်းက နောက်ဆုံးမှာတော့ ပုံနှိတ်ဖြစ်တယ်။ ဒါပေမယ့် လူ၂ယောက်လောက်ပဲ သူ့ပေပါကို အကျယ်ရေးသား တင်ပြဖို့ တောင်းဆိုတာ ခံရတယ်။ ပြောရရင်တော့ သချာင်္သမားအနည်းငယ်လောက် ပဲ သူ့စာတမ်းကို နားလည်သ ယောင်ယောင် သို့မဟုတ် သူလုပ်တာကို ဂရုစိုက်မိတာ ပဲ ရှိတယ်။

ကံကောင်းချင်တော့ ကျူရင်း ရဲ့ ဘယ်သူမှ ဘာမှန်းမသိတဲ့ စာတမ်းက ချီးမြောက်ခြင်းခံရတယ်ပေါ့။ ဘုရားရှိခိုးကျောင်းက သူ့စာတမ်းနဲ့ပတ်သတ်တဲ့ ကောက်နှူတ်ချက်ကို ပုံနှိတ်ပေးတယ်။ ကျူရင်းက တခြားသော ပြသနာတွေကို ဆက်လက် ရှာဖွေတယ်။ ၁၉ ၃၇ သြဂုတ်လမှာ ကျူရင်းဟာ ဘုရားရှိခိုးကျောင်းမှာပဲ နောက် ပညာသင်နှစ် ဆက်နေပီး ဒေါက်တာဘွဲ့ယူဖို့ ဆုံးဖြတ်ခဲ့တယ်။ သို့သော် သူ့မှာ အိမ်ကို လွမ်းတဲ့ ပြသနာရှိနေတယ်။ သူက အမေရိကကို သည်လောက်ကြီး သဘောမကျဘူး။ ၁၉ ၃၈ ခုနှစ်မှာ ကျူရင်းဟာ သူ့နေရပ်ဒေသမှာ စစ်ဖြစ်တော့မှာကို မြင်ရတော့မယ်။ သူဟာ ကူညီချင်တဲ့စိတ်တွေ ထိန်းမရသိမ်းမရ ဖြစ်ပေါ်လာတယ်။ နွေဦးရာသီမှာ သူ့သူငယ်ချင်းဆီ စာရေးတယ် “ဟစ်တလာက ငါမလာခင် အင်္ဂလန်ကို မဝင် ပါစေနဲ့လို့ ဆုတောင်းပါတယ်“ ။ ၁၉ ၃၈ခုနှစ် ဂျူလိုင်လမှာ ဒေါက်တာဘွဲ့လက်မှတ် အသစ်စက်စက်ကို ကိုင်ပီး ကျူရင်းဟာ အိမ်ပြန်လာတယ်။ ကန်းဘရစ်ကိုပေါ့။ အင်္ဂလန်ကို …. စစ်ကြီး ဆီကို။

ဂျူနီယာဝင်း

Friday, January 24, 2020

ဂျူနီယာဝင်း - ကွန်ပြူတာနည်းပညာတော်လှန်ရေးသို့ ခြေလှမ်းများ ၇

ဂျူနီယာဝင်း - ကွန်ပြူတာနည်းပညာတော်လှန်ရေးသို့ ခြေလှမ်းများ ၇

အတွေးအမြင် ၃၂၈ ။ ဇန်နဝါရီ ၂၀၂၀
(Alan Turing)

(မိုးမခ) ဇန်နဝါရီ ၇၊ ၂၀၂၀


(2001 ခုနှစ်ထုတ် M. Mitchell Waldrop (အမ် မီချယ် ဝါလ့်ဒရော့) ရေးသားသော The Dream Machine ကို ဘာသာပြန်ထားပါတယ်။ J.C.R. Licklider နဲ့ သူ့ရဲ့ ပါစင်နယ်ကွန်ပြူတာ နည်းပညာတော်လှန်ရေး အကြောင်း ဆိုပါတော့ လို့စာအုပ်မှာ ကြော်ငြာထားပါတယ်။ ဒီစာအုပ်ကို စတင်ဘာသာပြန်စဉ်က “အိပ်မက်ထဲက စက်ပစ္စည်း“ လို့ မိတ်ဆက်ခဲ့ပါတယ်။ နောက်ပိုင်းတော့ သူ့စာအုပ်ထဲက ခေါင်းစဉ်တွေအတိုင်း ဆက်ဘာသာပြန်ခဲ့ပါတယ် ။ ဒါကြောင့် ဒီစာအုပ်အကြောင်းဟာ ခေါင်းစဉ်အမျိူးမျိူးနဲ့ သွားနေခဲ့တယ်ပေါ့။ စာအုပ်ထဲက ခေါင်းစဉ်တစ်ခုဖြစ်တဲ့ ကွန်ပြူတာ နည်းပညာ တော်လှန်ရေးသို့ ခြေလှမ်းများ ဆိုတဲ့ခေါင်းစဉ်နဲ့ အဲသည်ခေါင်းစဉ်နဲ့ပဲ ဆက်ရေးသွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါမှလည်း အခုဆောင်းပါးများဟာ ကွန်ပြူတာဆိုတဲ့ နည်းပညာတော်လှန်ရေး အကြောင်း ပိုပီး လူတွေ သတိထားမိလာမယ် လို့ယူဆမိပါတယ်။ စာအုပ်ထဲမှာ ကွန်ပြူတာ ဆိုတဲ့ဝေါဟာရတစ်ခု အသက်သွင်းဖို့ကြိုးစားခဲ့တဲ့ လူပုဂ္ဂိုလ်တွေ အများကြီးကို တွေ့ရပါတယ်။ တစ်ယောက်ဆီတိုင်းဟာ သူ့အရည်အချင်းနဲ့သူ ပီပြင်ကြပါတယ်။ ဒါကြောင့် ရှေ့က ဆောင်းပါးများ မသိမမှီလိုက်သောလည်း ဆောင်းပါးတစ်ခုချင်းဆီဟာ သူတို့တွေအကြောင်း သိသာထင်ရှားနေတာကြောင့် ဖတ်လို့ကောင်းတဲ့ စာအုပ်တစ်အုပ်ကို စာဖတ်သူများကို မိတ်ဆက်ပေးနေတာ ဖြစ်ပါတယ်။ ဘာသာပြန်သူရဲ့ ဖြည့်စွက်ချက်တွေကို ကွင်းစကွင်းပိတ်နဲ့ ဖော်ပြပေးထားပါတယ်။ )

(ယခုသည်လမှာတော့ A Confirmed Solitary အပိုင်းကို ဆက်လက်ဘာသာပြန်ထားပါတယ်။)

တကိုယ်တော်သမား

သိပ်ကိုကြီးကျယ်တဲ့ ပုဂ္ဂိုလ်၊ နောက်ကျရင် အဏုမြူဗုံး တည်ဆောက်မူမှာ အရေးပါတဲ့သူ ဖြစ်လာမယ့် Von Newmann (ဗွန်နယူမင်း) တယောက်ရဲ့ သူ့ အချိန်တွေများစွာ ပေးပီး စဉ်းစားခန်းဝင်တဲ့အပိုင်းတွေ ပီးသွားပါပီ။

 ရှေ့က၁၀နှစ်က ဒစ်ဂျစ်တယ် ကွန်ပြူတာနဲ့ပတ်သက်လို့ စမ်းသပ်မူ တွေ တင်မက အထွေထွေေ သောအကြမ်းထည်အလုပ်တွေကိုလည်း လုပ်နိုင်ခဲ့ပါတယ်။ တိုးတက်မူကတော့ တွက်ချက်မူပိုင်းမှာ ဖြစ်လာပါတယ်တဲ့။အကြမ်းထည်အပိုင်းဟာ အားထုတ်ရတယ်၊ သီအိုရီတွေ ချပြရတယ်၊ ပါဇယ်တွေဆက်သလို ဟိုကသည်က ယူပီး ပုံစံဖော်ရတာ စစချင်းဘာမှ ရုပ်လုံးမပေါ်ရာကနေ သူက အဲသည်ဆက်သွယ်ချက်တွေကု ိမြင်လာပါပီတဲ့။ ဒီနေရာမှာ အားထုတ်မူ ၃ ခုကို လုပ်ခဲ့ရတယ်လို့ဆိုတယ်။

အရင်ဆုံး ကွန််််ပြူတာသိပ္ပံလို့ခေါ်တဲ့ အခြေခံအုတ်မြစ်ကို ချပါတယ်။ ပြီးတော့ Claude Shannon (ကလော့ ရှနွန်) (သူက လ ျှပ်စစ်ပစ္စည်းတွေနဲ့ ပတ်သက်လို့ စိတ်ဝင်စားတဲ့ မီချီကန်တက္ကသိုလ်ကျောင်းထွက်ပါ။ သူ့အကြောင်းတွေ ရှေ့က အခန်းတွေမှာ ဖော်ပြပီးဖြစ်လို့ အသေးစိတ် ထပ်မပြောတော့ပါဘူး။) ရဲ့ မျက်မြင်သက်သေထားလို့ လ ျှပ်စီးပတ်လမ်းတွေကြားက ဆက်သွယ်ချက်တွေကို ရှာပီး မျက်စိယဉ်အောင် လုပ်ကြပါတယ်။ နောက်ဆုံး ဘယ်လို စခန်းသွားကြမလဲ ဆိုတာကတော့ သချာင်္ပညာရှင် တွေကိုသက်သေထားပီး လောဂျစ် ဗေဒဆိုင်ရာ စဉ်းစားတွေးခေါ်တတ်တဲ့ ညဏ်ပညာကို သုံးပီး ရှေ့ဆက်ကြမယ်ပေါ့။

အမှန်ပြောရရင်တော့ Alan Turing (အယ်လန် ကျူးရင်း) ဟာ ရှနွန်ထက် ရှေ့ရောက်နေတဲ့သူလို့ ပြောလို့ရပါတယ်။ ၁၉ ၃၆ ခုနှစ် အမေရိကန်က Differential Analyzer (ဒစ်ဖရင်ရှယ်အန်နာလိုက်ဇာ) (အဆင့်မြင့် သချာင်္ပညာရပ် ဖြင့်တည်ဆောက် ဖို့သွားတဲ့လမ်းပေါ်က စက်ပစ္စည်း နည်းပညာပဲ ဆိုပါတော့။ အဲသည် အကြောင်းတွေ တော်ောတ်များများ ရှေက အခန်းတွေမှာ ဖော်ပြခဲ့ပါတယ်။) ခေါ်တဲ့ ဆီကို လိုက်နေတဲ့ခေတ်ကြီးထဲမှာ ကျူးရင်း က ကန်ဘရစ်တက္ကသိုလ်မှာ အဲသည် အကြံညဏ်ကို သုံးပီး တစ်နှစ်လောက်လ ျှပ်စီးပတ်လမ်းတွေထဲ အသက်ရှင်နေခဲ့တာပါတဲ့။ သူက အခုလိုမေးတယ် “ကွန်ပြူတာရဲ့ အခြေခံ သတ်မှတ်ထားတဲ့ အမြင့်ဆုံး စွမ်းအင်ဆိုတာ ဘာလဲ“ တဲ့။

ကျူးရင်း က အဲသည် ကွန်ပြူတာ ဆိုတဲ့ စကားလုံးကို ၁၉၃၀ ခုနှစ်တွေမှာကို သုံးနေတာပါ။ သူက ခဲတံလေး တစ်ချောင်း စာရွက်ကလေး တရွက်နဲ့ ထိုင်ပီးအမြတ်ခွန်​တွေ ကို လက် နဲ့ တွက်ချင်နေတဲ့သူပါ။ ဒါမှမဟုတ်ရင်လည်း ၄ လက်မ အချင်းရှိတဲ့ စက်ဝိုင်းက လေးတေ ွဆွဲရင်းနဲ့ပေါ့။ “တွက်ချက်တဲ့ကရိယာ“ ဆိုတဲ့ ကွန်ပြူတာဆိုတဲ့ စကားလုံးကိုလည်း သူက ရေရွှတ်နေတဲ့သူ။ (Computer = one that computes လို့ စဉ်းစားကြည့်လိုက်တော့ ကွန်ပြူတာဆိုတာ တွက်ချက်မူကို လုပ်သောသူ ပေါ့။) ဒီစကားလုံးက သချာင်္နယ်ပယ်မှာ အလွန့်အလွန်ကို ခေတ်စားနေပီး အဲသည် အမည်ကိုယ်တိုင်ကိုကလည်း သူတို့ရဲ့နှလုံးသားကို ကိုင်လှူပ်နေတာ ဖြစ်ပါတယ်။ ဒါဆိုရင် လောဂျစ်ဆိုတဲ့ ကျိူးကြောင်းဆင်ခြင်ဆိုတဲ့ သဘောတရားက ကျွနိုပ်တို့ကို ဘယ်လောက် ဝေးဝေးထိ ခေါ်ဆောင်သွားမှာတဲ့လဲ? သူက တကယ်ပဲ တန်ခိုး ကြီးသတဲ့လား ? သူက တကယ်အမှန်တရားဆိုတဲ့ တရားကို ပြမှာတဲ့လား ? ဒါမှမဟုတ် သူ့မှာ သတ်မှတ်ချက် ဆိုတာ ရှိသလား ? မတွက်ချက်နိုင်တဲ့ ကိန်းဂဏန်းတေ ွရော ရှိမလား? သက်သေပြချက် တွေမပြနိုင်တဲ့ သီအိုရမ်တွေရှိသလား ? နှူတ်လို့ရတဲ့ သ ဘောတရားတွေရော ရှိသလား ?

(အပေါ်က မေးခ ွန်းတွေကဘာ​တွေမှန်းတော့မသိဘူးနော်။ ဘာပဲဖြစ်ဖြစ် သချာင်္သမားတွေ နားလည်လောက်မှာပါ။)

အထက်ပါ အကြောင်းအရာများဟာ သချင်္ာသမားများကို ရာစုနဲ့ချီပီး နှိပ်စက်နေခဲ့ပါတယ်။ ဒါပေမယ့် ကျူးရင်းရဲ့ လက်ထက်မှာတော့တဲ့၊ ၁၉၃၅ ခုနှစ် မှာ သူက ဒါကို စဉ်းစားပြပါတယ်တဲ့။ သူ့ပါမောက္ခ M.H.K. Newman (အမ် အိတ်ချ် ကေ နယူးမင်း) ရဲ့ စာသင်ခန်းထဲက လက်ချာတွေ နားထောင်ရင်းနဲ့ သူ့စိတ်််​​တွေ လေပီး စိတ်ဓါတ်တွေကျလာတယ်လို့ဆိုတယ်။ ၁၉၃၁ ခုနှစ်မှာ ကျူရင်းက နယူးမင်း ရှင်းပြတဲ့ထဲမှာ ချက်လူမျိူး သချာ်ပညာရှင် Kurt Godel (ကာ့တ် ဂိုးဒယ်လ်) ပြောခဲ့တဲ့ - သချာင်္မှာ သတ်မှတ်ထားတယ်ဆိုတာရှိတယ် - သက်သေမပြနိုင်တဲ့ သီအိုရန်တွေဆိုတာလည်း ရှိနိုင်တယ် - တွက်ချက်လို့မရတဲ့ ကိန်းဂဏာန်းတွေဆိုတာလည်း ရှိနိုင်တယ်- ဒါ့အပြင် ဂိုးဒယ်လ် က ဘာပြောခဲ့သေးလဲ ဆိုတော့ သချာင်္ပညာရှင် တွေ ဟာတဲ့ သူတို့ပြတဲ့သက်သေပြချက် တွေဆိုတာ တကယ်တော့ ရှိလည်းမရှိပဲ လျောက်ပြနေကြတာဖြစ်တယ်ဆိုပီး လက်တွေ့ကျတဲ့ သက်သေတွေ ထုတ်ပြခဲ့ပါသေးတယ် ဆိုပဲ။

နောက်ပိုင်းမှာ ဂိုးဒယ်လ် ကတော့ အံ့သြစရာ ကောင်းတဲ့ ရလဒ်တွေမမျော်လင့်ပဲရခဲ့တာ တကယ်တုန်လှူပ်ခဲ့ပါသတဲ့။ ၁၉၂၀ခုနှစ်တွေတုန်းက ရူပဗေဒပညာရှင်တွေ မသေချာမရေရာ ထားခဲ့ဖူးတဲ့ ကွမ်တမ်သီအိုရီသဘောတရားဟာ တကယ်ပဲ သချာင်္ပညာရှင်တွေ လက်ဖျားခါရလောက်အောင် ပြန်အသက်သွင်းခဲ့တာဆိုတယ်။ ဒါပေမယ့်လည်း စိန်ခေါ်မူအသစ်တွေတော့ ရင်ဆိုင်နေရဆဲပါပဲ။ ဥပမာတစ်ခု ပြောရရင် နယူးမင်းက ဆက်ပြောတာကတော့ ဂိုးဒယ်လ် ဟာတဲ့ သူချပြခဲ့တဲ့ သတ်မှတ်ချက်တွေဟာဖြင့် အ မှောင်ထဲက ဘာမှန်းမသိပဲ ဆွဲထုတ်လိုက်ရတဲ့ အရာတွေလို ဖြစ်နေတာပါတဲ့ အဲဒါကို ပြန်ကောက်ယူဖို့ အ မှောင်ထဲကိုလက်နှိူ်က်ပီး ခုနက အရာကို ဘယ်လို ပြန်ရှာရမှန်းမသိသလိုပါပဲတဲ့။ သည်တော့သချာင်္ပညာရှင်တွေ ဘက်က ဒါကို စမ်းသပ်မူတွေ အများကြီးလုပ်ဖို့ လိုနေပါတယ်တဲ့။ သူတို့လျောက်လာတဲ့ လမ်းတလျောက်မှာ ကြုံတွေ့လာကြရတဲ့ အချက်အလက်တွေကို ပြန်လည် စီစစ်ဖို့ ကြိုးစားမူ ပဲတဲ့။ အဲသည်နည်းဟာ မှန်သ ွားရင်တော့ ဒါဟာ “စက်မူပိုင်းဆိုင်ရာ လုပ်ငန်း“ သူ့အလိုလို အောင်မြင်တာဖြစ်မယ် လို့ နယူးမင်းက ကောက်ချက်ချပါတယ်။ ဒါကို “Yes” ဖြစ်ဖြစ် ”No” ဖြစ်ဖြစ် ရိုးရိုးသာ ဖြေဖို့လိုမယ်။ ဒါကို “ဆုံးဖြတ်ချက်“လို့ သတ်မှတ်မယ်။ သည်တော့ သည်ပြသနာက သချာင်္ပညာရှင် တွေ အတွက် “ဒီလုပ်ငန်းစဉ် အတွက် အ ဖြေထုတ်” ပေးရင်ပေး၊ ဒါမှမဟုတ် “ဒါဟာ တကယ် မရှိပါဘူး“ လို့ ပြောရင်ပြော တစ်ခုခုကိုတော့ ရွေးရတော့မယ်။

အင် း… …..  လို့ ကျူးရင်းက ဒီကိစ္စကို စိတ်ဝင်စားတယ်လို့ သဘောနဲ့ အင်း လိုက်တယ်။ ဒါပေမယ့် သူ့ကိုယ်သူပြောတာဆိုတော့ ဘယ်သူမှ မကြားဖူး။ နယူမင်းလည်း မကြားဖူး၊ ဘယ်သူမှ လည်း မကြားလိုက်ကြပါဘူးတဲ့။ သူက သူ့ကိုယ်ပိုင် စိန်ခေါ်တဲ့ သဘောဖြစ်တယ်။ ဒီပြသနာက သူ့ကိုယ်သူ စိန်ခေါ်လိုက်တာ။ (ဟော… အခု ဆောင်းပါး ခေါင်းစဉ် “တကိုယ်တော် သမား” ဆိုတာ သူပဲ။ အယ်လန်ကျူးရင်း ကို ပြောတာ။)

အယ်လန်ကျူးရင်းဆိုတာ တကယ့်ကို တကိုယ်တည်းသမား၊ လူငယ်လေးတစ်ယောက်။ ၁၉ ၁၂ခုနှစ် မှာမွေးတယ်။ အဲသည်ခေတ်တုန်းက အိန္ဒိယပြည်တွင်းရေးရာ ရုံးလုပ်ငန်းအရ ဟိုသည် သ ွားလာ ရွေ့ပြောင်းနေရတဲ့ခေတ်မှာ မို့ သားသမီးများကို မိဘများက သူတို့ လက်ရှိ နေထိုင်ရာအရပ် အင်္ဂလန်မှာပဲ မွေးစားစာရင်းသွင်းပီး ထားခဲ့တာ အ ကောင်းဆုံးပဲလို့ ဖြစ်နေတဲ့အချိန်လို့ဆိုတယ်။ သူက ဒုတိယ သားပါ။ သူက ရှက်တတ်တယ်၊ လူထူးလူဆန်းကလေး၊ သူက စိတ်လှူပ်ရှားလွယ်တယ်။ သူ့တကိုယ်တည်း သူ့ဘာသာသူ နေရတာ ဝါသနာပါတယ်။ ဒါ့အပြင်သူ့အိမ်တွင်းအိမ်ပြင်မှာ အန္ဆရယ်များတဲ့ ဓါတုဗေဒပစ္စည်းတွေ စမ်းသပ်ဖောက်ခွဲနေရတာ ကို နေ့စဉ်နဲ့အမ ျှ အချိန်ကုန်နေရတာ နှစ်သက်တယ်။ ဒါကို သူက “အထီးကျန် ကျွန်းကလေးမှာ ဆော့ရတဲ့ဂိန်း“ လို့ခေါ်သတဲ့။ ၁၉ ၃၁ခုနှစ် ကန်ဘရစ်တက္ကသိုလ်ကို ရောက်တော့ သူဟာ အားလုံးကြားထဲပိုပီး သတိထားမိစရာ ကောင်ကလေး ဖြစ်လာတယ်။ သူက အမြဲတမ်း ရှပ်ကုပ် ဂျက်ကပ် အကျီအပြည့်အစုံနဲ့ နိုက်တိုင် သူများတွေလိုပဲ ဝတ်ဆင်တာပါပဲ။ ဒါပေမယ့်သူ့ဝတ်တဲ့ အဝတ်အစားတွေက တွေ့ကရာလမ်းဘေး ဆိုင်မှာ ကောက်ဝယ်ဝတ်တာ။ တခါတလေ မုတ်ဆိတ်မရိပ်ဘူး။ ပြီးတော့သူက သွေးတွေဘာတွေ တွေ့ရင် မေ့လဲတတ်သေးတယ်။ ဒါ့အပြင်သူက ရိုင်းကလဲရိုင်းသတဲ့။ အမယ်လေး သူက ခင်ဗျားကို တွေ့လို့ အသိအမှတ်ပြုတဲ့အနေနဲ့ ဟလို လို့များ နှူတ်ဆက်တာခံရရင် တသက် မ မေ့တော့ပါဘူးဗျား။ သူ့ အသံ … ကိုက မ မေ့နိုင်စရာ။ သူစကားပြောရင်ကို အသံက နှူန်းမြင့် တဲ့ အသံ။ သူရယ်လိုက်ရင်လည်း စိတ်လှူပ်ရှားတဲ့ အသံသြသြကြီးနဲ့။ သူ အ တွေးတွေကြားထဲ နစ်မျောနေရင်များ သူ့အသံခပ်အက်အက် ကို ကြားကြရဦးမယ်။

(စာဖတ်သူတွေကို ဖြတ်ပြောရဦးမယ်။ Alan Turing အယ်လန်ကျူးရင်း အမည်နဲ့ ရုပ်ရှင် ရှိတယ်။ မင်းသားက Benedict Cumberbatch။ သူက ရှားလော့ Sherlock လုပ်ဖူးတဲ့ မင်းသားပါ။ ကြည့်ကြည့်လိုက်ကြပါ။ တကယ်ကောင်းပါတယ်။)

အမှန်ပဲ။ ကျူရင်းရဲ့ အတန်းဖော် တွေက သူ့ကို ညစာစားပွဲတွွေမှာ ရယ်စရာဟာသပုံစံနဲ့ လန်းဆန်းတဲ့ ပုံစံ နဲ့ သူငယ်ချင်း ကောင်ကလေးလို့ မြင်တယ်လို့ဆိုကြတယ်။ အဲသည်လို ဆိုတာတောင်မှပဲ ထိုသူငယ်ချင်းကောင်ကလေးမှာ တော်တော်ဆိုးဝါးတဲ့ အထီးကျန်ဝေဒနာကြီးတစ်ခု ရှိနေတယ်ဆိုတာ သတိမပြုမိကြဘူး။ အရာအားလုံးရဲ့ နောက်ကွယ်မှာ ကျူရင်း ဟာ လူတွေအားလုံးနဲ့ ဖုံးကွယ်ပီးနေနေရတဲ့ သူ့ရဲ့အဖြစ်မှန်တစ်ခုဖြစ်တဲ့ ယောကျာင်္းချင်း သဘောကျနှစ်သက်နေတဲ့စိတ်ကို သူ့ဘာသာသူ နားလည် လာတာဖြစ်ပါတယ်။ အဲသည်ကိစ္စက အင်္ဂလန်မှာ အဲသည်အချိန်တုန်းက တော်တော်ကြီးကို တင်းကျပ်တဲ့ တားမြစ်ထားတဲ့ ပြစ်မူ ဖြစ်နေတယ်။ သူ ကျောင်းတုန်းက တေ ွ့ခဲ့တဲ့ သူ့သူငယ်ချင်း (ကောင်ကလေး ဖြစ်ပုံရပါတယ်) ကို အ ဝေးကနေပဲ လှမ်းမျော်ကြည့်ခဲ့ရတဲ့ အဖြစ်ကို တွေးပီး အခုထိရင်နာနေဆဲပါပဲတဲ့။ ဆိုလိုတာက အဲဒီအချစ်ဟာ မှားယွင်းတယ်လို့သူက ခံယူထားခဲ့တာ။

အဲသည်တော့ ဒါကို စိတ်ဖြေတဲ့ သ ဘောအနေနဲ့ ကျူရင်းက တကိုယ်တည်း နေတတ်တဲ့ အကျင့်ဟာ စွဲမြဲလာတယ်။ သူများတကာ မစဉ်းစားမိတာ တွေကို သူက တွေးမိတယ်၊ လုပ်တတ်တယ်၊ တည့်တည့် မျော်မြင်တတ်တယ်ဆိိုတာတွေက သူတဘက်က ရလာတဲ့ ထူးဆန်းတဲ့ အတွေးအခေါ်တွေ ဖြစ်လာတယ်။ သူ့စက်ဘီးက ချိမ်းကြိုးဟာ လည်ပတ်မူ အကန့်အသတ်တစ်ခုမှာ စက်ဘီးက ပြုတ်ထွက်တာတွေ ဖြစ်ပီး နောက်တဖန်ပြန်ပီး အသစ်နဲ့လဲရတယ်ဆိုပါတော့တဲ့။ ကျူရင်းက အဲသလိုမဖြစ်ခင်မှာတင် ဘယ်နှစ်ပတ်လည်ခဲ့ပီးပီ ဆိုတာကို မှတ်သားပီး မပြုတ်ထွက်ခင်မှာ သူ့လက်နဲ့သူ ပြန်လည် တပ်ဆင်တာမျိူးကို ကြို လုပ်ပါတယ်တဲ့။

ကျူရင်းက သချာင်္ဘာသာရပ်ကို သူ့ရဲ့ထူးဆန်းတဲ့အမြင်မျိူးနဲ့ ကြည့်ပါတယ်။ ဟုတ်တယ် သူက ပြသနာတစ်ခုကို ဖြေရှင်းမယ်ဆိုရင် သူ့ရှေ့က လူတွေ ကြည့်ရူတဲ့ အမြင်မျိူးနဲ့ မဟုတ်တဲ့ သချာင်္ပညာဗေဒပုံစံမျိူးကို စာပေဆန်ဆန် ကြည့်ပါသတဲ့။ (သချာင်္ပုစ္ဆာကို စာပေဆန်ဆန် ဘယ်လိုကြည့်သလဲဆိုတာကို အခုလို ဆက်ရေးထားပါတယ်။) သူက အဲသည်ပြသနာကိုတဲ့ သူ့ဦးနှောက်ထဲမှာ ထပ်ခါတလဲလဲ စဉ်းစားပါတယ်တဲ့။ ဘီးလုံးတစ်လုံး တပတ်ချင်း တပတ်ချင်း ပတ်နေသလိုပဲတဲ့။ တပတ်ပီးတပတ် ထပ်ခါထပ်ခါ အပြန်ပြန်အလှန်လှန် သူ့ဦး နှောက်ထဲမှာ အပတ်ပေါင်း ဘယ်နှစ်ပတ်လည်နေပါလားဆိုတဲ့ပုံစံမျိူး စဉ်းစားတာဖြစ်ပါသတဲ့။ သူ့လက်နဲ့ စက်ဘီချိမ်းကို လှည့်နေသလိုမျိူး ဖြစ်တယ်လို့ဆိုတယ်။ ပြသနာရဲ့ အဖြေတစ်ခုဟာ သူ့ခေါင်းထဲမှာ ပေါ်မလာမချင်းကို လုပ်နေပါလို့ဆိုတယ်။

“ကျွန်တော့်ရဲ့ အဆိုကတော့ အခုလိုရှိတယ်…..“ လို့ကျူရင်းက ကြွေးကျော်လိုက်ပါတယ်။ “စက် က နေပီးတော့ ဒသမ ဘယ်နှစ်နေရာ ဆိုပီး ချ ရေးလို့ရမယ်ဆိုရင် ထိုကိန်းဟာ တွက်ချက်လို့ရပါတယ်။“ လို့ သူကဆက်ပြောပါတယ်။ ဒီနေရာမှာ နယူမင်းရဲ့ စကားဖြစ်တဲ့ “စက်ပစ္စည်းဆိုင်ရာ လုပ်ငန်းစဉ်“ ဆိုတာ ပါလာပါတယ်။ ကျူးရင်းရဲ့ အထ္ထုပ္ပတ္တိ ရေးသားခဲ့သူ Andrew Hodges (အင်ဒရူး ဟော့ဂျက်စ်) က ပြောရာမှာ သချာပင်္ညာရပ်ဆိုင်ရာ ညင်းခုန်မူများမှာ ဝိရောဒိဖြစ်စရာ အမှတ်အသားတွေ အကြောင်းပြချက်တွေ နဲ့ ချီနှောင်ထားတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ကျူးရင်းရဲ့ အဆိုဟာ စက်မူပိုင်းဆိုင်ရာ နည်းပညာ ပိုင်းဆိုင်ရာပိုင်းကို တုန်လှူပ်သ ွားစေတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ကျူရင်းက ဘယ်သူမှ ဂရုမစိုက်ပဲ စိတ်ကူူးထဲက စက်ပစ္စည်းကို သူကိုယ်တိုင် စတင် ပုံသ ွင်းဖို့လုပ်ပါတယ်။ ကျူရင်းက အစကတည်းကလည်း ခပ်ကြောင်ကြောင်ဆိုတော့လေ။ ကျူရင်း က ပြောတယ် ဘာဖြစ်လို့ ခဲတံနဲ့ စာရွက်နဲ့ လုပ်နေမလဲတဲ့ ခပ်ရိုးရိုးပဲ လက်တေ ွ့ကျကျ ပုံဖော်ပါလားတဲ့။ ဝင်ရိုး ၂ခုနဲ့ စာရွက်ပေါ်မှာ ချရေးနေတဲ့ နေရာမှာ အဆုံးအစမရှိရှည်လျားတဲ့ တိတ်သားကို စတုရန်းအပိုင်းလေး တွေ အဖြစ် ပိုင်းဖြတ်လိုက်ပါ့လားတဲ့။ တံဆိပ်ခေါင်းအလိပ်ကြီးလိုမျိူး စဉ်းစားကြည့်ပါတဲ့။ အဲသည် စတုန်းရန်းပုံ အပိုင်းလေးတစ်ခုစီမှာ အလွတ်တွေဖြစ်ချင်ဖြစ်မယ်၊ ဒါမှ မဟုတ် သင်္ကေတ တစ်ခုခု ပါချင်ပါလာမယ်။ အဲသည် သင်္ကေတ တွေဆိုတာမှာ ဘာဖြစ်ဖြစ် ဖြစ်နိုင်တယ် ဥပမာ - စာလုံးတစ်လုံး၊ ကိန်းတစ်ခု၊ စာကြောင်းတစ်ခု၊ အရောင်ဖြစ်ဖြစ်၊ ပုံလေးေ တွဖြစ်ဖြစ်၊ ဘာဖြစ်ဖြစ်ပေါ့ … စတုရန်းကွက်ကလေးတစ်ခုမှာ ရှိသ လောက် လေး ပါလာမယ်။ အဲသည် အပိုင်းကလေးတွေကို လက်တေ ွ့ကျကျ မြင်နိုင်ဖို့ သူက scanner (စကင်နာ) ရဲ့အလုပ်လုပ်ပုံတေ ွနဲ့ ကြိုးစားပီး အြဖေရှာတော့မှာဖြစ်ပါတယ်။

(scanner (စကင်နာ) (စာရွက်စာတမ်း၊ ဓါတ်ပုံများကို မှတ်သားကူးယူပေးသောစက်) စက်ပေါ် အခြေခံလို့ ကျူရင်းက ဆက်ပီး သချာင်္ပညာရှင်ရဲ့ ပညာကို အစားထိုးကြည့်တော့မှာ ဖြစ်ပါတယ်။ ရှေ့လ ဆက်ပါ့မယ်။)

ဂျူနီယာဝင်း