Friday, July 7, 2017

ဂျူနီယာဝင်း – စာအုုပ်အယ်ဒီတာ ကော်လင်းဆဲလ်၏ ဖြောင့်ချက်


( အတွေးအမြင် အုုပ် ၃၀၀ ပြည့်၊ ဇူလိုုင်) မိုုးမခ၊ ဇွန် ၃၀၊ ၂၀၁၇
ဂျူနီယာဝင်း – စာအုုပ်အယ်ဒီတာ ကော်လင်းဆဲလ်၏ ဖြောင့်ချက်



ပြင်သစ် စာရေးဆရာမ ဖရွန်ဆွာစ် ဆာဂန်က ပြောတယ်။

“ကျွန်မစာမရေးဖြစ်ခဲ့ရင် ကျွန်မဘဝဟာ ဆုုိးဆုုိးဝါးဝါး ဖြစ်သွားမှာသေချာတယ်။  ကမ္ဘာပေါ်မှာ ကျွန်မဆုုိတဲ့သူ ပေါ်မလာ ဖြစ်လည်း စာတော့ ရအောင်ရေးမှာပဲ”။ တဲ့။

စာရေးဆရာ အီးဘီဝုုိက် က

“စာရေးတယ်ဆုုိတာ ကံပါလာလုုိ့သာဖြစ်တာ။ အဲဒါအမှန်တရားပဲ။”

ကော်လင်းဆဲလ် ဆုုိတဲ့စာအုုပ်ထုုတ်ဝေသူလည်းဟုုတ်၊ စာအုုပ်အယ်ဒီတာ လည်းဟုုတ်တဲ့ စာရေးဆရာမတစ်ယောက်က စာအုုပ်တစ်အုုပ်ရဲ့ အမှာစာမှာ အခုုလုုိ ရေးထားတာတွေ့တယ်။ သူက စာရေးဆရာ၊ အယ်ဒီတာ၊ နံမယ်ခံစာရေးဆရာလည်းဟုုတ်တဲ့ မဂ္ဂဇင်းအယ်ဒီတာ၊ ကော်လံစာရေးဆရာ၊ ဂျာနယ်သတင်းထောက်အပြင် သတင်းရေးဆရာတစ်ယောက်လည်း ဖြစ်ပါတယ်။ သူက စာရေးဆရာဖြစ်ဖိုု့ ဆုုိတာထက် စာရေးချင်လွန်းလိုု့ စာရေးနေကြတဲ့စာရေးဆရာတွေ အယောက် ၅ဝကျော်လောက်ရဲ့ စာတွေကုုိ ဖတ်ပြီး ကောက်ချက်ချ အားပေးထားတယ်ပေါ့။

စာရေးဆရာရဲ့ဘဝကိုု သူတုုိ့ဘယ်လိုု မှတ်ယူကြသလဲဆုုိတာကုုိ သူက ခံစားပြီး တင်ပြထားတာပါ။ ဒီစာအုုပ်ထဲက စာရေးဆရာတွေဟာ နယ်နယ်ရရတော့မဟုုတ်ကြပါဘူး။ အွန်လုုိင်းအယ်ဒီတာတွေ၊ နံမယ်ကြီးဘလော့ဂါတွေ၊ စာပေဆုုရဘူးတဲ့သူတွေ၊ အပျော်တမ်းစာရေးတဲ့သူတွေ၊ အငြိမ်းစား ဆရာကြီးတွေ၊ ကျောင်းဆရာတွေ၊ မဂ္ဂဇင်းအယ်ဒီတာတွေ၊ သတင်းထောက်တွေ စသည်ဖြင့် ဖြစ်ပြီးတော့ အားလုုံးဟာ စာရေးသက် စာရေးအတွေ့အကြုံ ရင့်ကျက်နေကြတဲ့ သူတွေဖြစ်ပါတယ်။ သူတုုိ့ရဲ့ စာတွေကုုိ စုုဆောင်းပြီးတော့ ကော်လင်းဆဲလ်က အခုုလုုိ မိတ်ဆက်ရေးထားတာ ကုုိ အတွေးအမြင်အမှတ် ၃၀၀ ပြည့်အထိမ်းအမှတ်အဖြစ် ဘာသာပြန်ပေးလုုိက်ပါတယ်။

“စာရေးဆရာအများစုလုုိပဲ ပြောရရင် ကျွန်မဟာ စာရေးဆရာဖြစ်လာတာမဟုုတ်ပါဘူး စာရေးတဲ့သူသက်သက်ဖြစ်လာတာပါ လုုိ့ပြောရမှာပေါ့။ ဒါအမြဲတန်းမှန်ပါတယ်။ နောက်လည်း အမြဲမှန်နေဦးမှာ။ ကျွန်မစာရေးတယ်။ ဘာကြောင့်လဲ။ စာရေးနုုိင်လုုိ့ ရေးတာပါ။

“ကျွန်မစာအကြာကြီးမရေးဖြစ်ဖူးဆုုိရင် ကျွန်မတော့ သွားတာပဲ။ တကယ့်ကုုိ သွားပြီ။ စိတ်ဆင်းရဲ စိတ်မကောင်း စိတ်ညစ် အကုုန်ဖြစ်တော့တာပဲ။ ဒါပေမယ့် ကိုုယ်ရေးချင်တာတွေကုုိ မရေးဘူး သိမ်းမထားဘူး ဒါတွေကုုိ ဂရုုမစုုိက်ဘူး လွှတ်ပစ်လုုိက်တယ်ဆုုိတာတောင်မှ ….. အခုုတော့မဟုုတ်ပါဘူး…. ကျွန်မအခုု သိပ်ပင်ပန်းနေတယ် ပြီးတော့ အရမ်းကုုိအလုုပ်များနေတယ် အလုုပ်ထဲမှာ သိပ်ကုုိ ပိမိနေတယ် ဘဝကိုုလည်းသိပ်စိ်တ်ကုုန်နေတယ်.. ဆုုိတာတောင်မှ… ရေးစရာကလေးပေါ်လာရင်တောင်မှ …. မောင်းထုုတ်ပစ်လုုိက်တယ်။ အမှန်တော့လည်း အဲဒီပေါ်လာတာလေးကုုိ အာရုုံစုုိက်မိတယ်.. စကားလုုံးတွေအဖြစ် ပြောင်းလုုိက်တယ် ဒီတော့ အဲဒီရေးစရာလေးက ရုုပ်လုုံးပေါ်လာတယ်.. ဒီတော့ ကျွန်မချရေးတယ်… ကျွန်မစာရေးမှ ဖြစ်တော့မယ်။

“အခုုထိပေါ့လေ… ကျွန်မအတွက် သဘောပေါက်လာတာ တစ်ခုုက စာရေးတဲ့အလုုပ်က ကျွန်မလုုပ်စရာတစ်ခုုအဖြစ် တည်ရှိနေတာသက်သက်မဟုုတ်ပဲ ကျွန်မဘာကောင်လဲဆုုိတာကုုိ ပြတဲ့ အရေးကြီးဆုုံး အစိတ်အပုုိင်းတစ်ခုုဖြစ်နေတာပဲ။ ကျွန်မရဲ့စာရေးတဲ့ဘဝဟာ ကျွန်မသက်တန်းတလျောက်လုုံးထက် ပိုုပြီးတော့တောင် တည်ရှိနေဦးမှာ။

“ကျွန်မ တစ်ခါ တစ်ခါ စဉ်းစားမိတယ်။ ကျွန်မဘဝက စာရေးဆရာဘဝတစ်ခုုတည်း မဟုုတ်ဘူး။ သမီးတစ်ယောက်ရဲ့ တာဝန်၊ အိမ်ထောင်ဦးစီးတာဝန်၊ အိမ်တာဝန်၊ ခြံတာဝန်၊ အလုုပ်တာဝန်၊ အိမ်ထောင်တာဝန်တွေအပြင် မိတ်ဆွေ၊ သူငယ်ချင်း၊ ညီမ၊ အဒေါ် ဆုုိတဲ့ ပတ်သက်ရာ ပတ်သက်ရာ တာဝန်တွေကုုိလည်း ထမ်းဆောင်နေရသေးတယ်။

“စဉ်းစားကြည့်တော့ ဒါတွေအကုုန် တာဝန်ကြေဖုုိ့ဆုုိတာ ဖြစ်နုုိင်ပါ့မလား လုုိ့ထင်စရာ။ အဲဒီဘဝတွေ အများကြီးထဲကမှ စာရေးဆရာဘဝကုုိတော့ဖြင့် “ပုုံမှန်ဘဝ“ လုုိ့ခံယူရွေးချယ်ခဲ့တယ်။ တခါတခါတော့လည်း ကုုိယ်ဟာ သည်လုုိလူတွေကြားထဲမှာ တခြားကမ္ဘာက ဂြိုလ်သားတစ်ယောက်လုုိ ခံစားမိတယ်။ ဒီလုုိနဲ့ တခြားသော စာရေးဆရာတွေအကြောင်းကုုိ လေ့လာဆန်းစစ် မိတော့မှပဲ ကိုုယ်နဲ့ဘဝတူတဲ့ သူတွေကုုိ တွေ့လာရတော့တယ်။

“ဒီစာအုုပ်မှာ ကျွန်မရှာဖွေတွေ့ခဲ့ရတဲ့ တခြားသော စာရေးဆရာတွေအကြောင်းကုုိ တွေ့ကြရမယ်။ အော်… ဒါဟာ စာရေးဆရာရဲ့ဘဝတွေပဲ လုုိ့ဖြစ်လာရတယ်။ စာရေးခြင်းဆုုိတာရယ်၊ ဘဝမှာနေထုုိင်ခြင်းဆုုိတာရယ် နှစ်ခုုကြားကုုိ ချိန်ခွင်မှာညှိပေးတယ် လိုု့တော့မဟုုတ်ပါဘူး။ စာရေးခြင်းနဲ့ ဘဝမှာ နေထုုိင်ခြင်း ဆုုိတဲ့အဲသည်၂ခုုကုုိ ရောစပ်ပေးတာပါ။ ဟုုတ်တယ်.. အဲဒီလုုိ လုုပ်ဖုုိ့က လွယ်တယ်လေ… ။ ဒါကြောင့် ကျွန်မတုုိ့တွေက စာရေးတဲ့ဘဝကုုိ တစ်ယောက်နဲ့တစ်ယောက် မျှဝေရင်း၊ ဖောက်သည်ချနေရင်းနဲ့ နေကြည့်ကြတာပေါ့။
“စာရေးဆရာဟာ စာရေးဆရာအချင်းချင်း တွေ့တယ်။ တခြားသောသူတွေလုုိ တွေ့ပုုံမျိူးတော့ မဟုုတ်ဘူး။ အဲဒီအချက်က အရေးကြီးတယ်။ စာရေးဆရာတွေ အချငး်ချင်း တွေ့ကြတဲ့အခါ အတွေ့အကြုံတွေ ဖလှယ်တယ်။ ခံစားချက်တွေ ဝေမျှတယ်။ ငါတုုိ့ရဲ ့ အောင်မြင်မူတွေ၊ စိန်ခေါ်မူတွေကုုိ ပြန်ပြောကြတယ်။ စာရေးဆရာတွေရဲ့ဘဝဟာ ဒါတွေလုုိ့ အမှန်အတုုိင်း ဝန်ခံကြတယ်ပေါ့။

“အခုုနောက်ကလုုိက်လာမယ့် စာမျက်နှာတွေမှာ စာရေးဆရာအယောက် ၅ဝကျော်ရဲ့ စာရေးဆရာဖြစ်လာခြင်း၊ စာရေးဆရာဆုုိတာရဲ့ အဓိပ္ဗယ်တွေကုုိ ကိုုယ်ပုုိင်အတွေးအမြင်တွေနဲ့ ဖော်ပြထားကြတယ်။ သတုုိ့ရဲ့ဖြောင့်ချက်တွေက ကျွန်မကုုိ ဘားနက် မားလ်လမတ်ဒ် ရဲ့ စကားတစ်ခုုကိုု သတိရစေတယ်။

“သူ့ကုုိ ကျွန်မက စာရေးခြင်းဟာ သင့်အတွက် ဘယ်လုုိများ အဓိပ္ဗါယ်ရှိစေလဲ လုုိ့မေးလုုိက်တော့ သူက “ကျွန်တော်ပြောဖုုိ့စိတ်လှူပ်ရှားလုုိက်တာဗျာ” တဲ့။ ကျွန်မလည်း ဒီစာအုုပ်လေးကိုုပြုစုုတော့ တကယ့်ကိုု စိတ်လှူပ်ရှားရပါတယ်။ စာဖတ်သူများလည်း စိတ်လှူပ်ရှားကြမှာ သေချာပါတယ်။“

ကော်လင်းဆဲလ်ရဲ့ စာက အဲသည်မှာ အဆုုံးသတ်ပါတယ်။ သူ့ရဲ့စာအုုပ် စီးရီးတွေ အများကြီးအောင်မြင်တယ်။ စာရေးဆရာဖြစ်လာဖုုိ့ ကံတရားအတုုိင်း လုုိက်သွားဖုုိ့က မလွယ်ပါလားဆုုိတာ စာရေးဆရာတုုိင်းသိကြပါတယ်တဲ့။ သင်ဟာ စာရေးဖုုိ့စိ်တ်ထက်သန်သူ ဖြစ်ခဲ့မယ်ဆုုိရင် စာမျက်နာ အလွတ်တစ်ရွက်ကနေ စပေတော့တဲ့။ အဲဒီစကားက မေမေကြီး ဒေါ်ခင်မျိူးချစ်ပြောဖူူးတာ သွားသတိရတယ်။ “စာရွက်လွတ်တွေမြင်ရတာ ကြည့်မရလုုိ့ စာရေးဆရာဖြစ်လာတာဟေ့” ဆုုိတာလုုိပေါ့။

သူ့စာအုုပ်ကုုိ သူ့ကုုိယ်တုုိင်ကြော်ငြာထားပုုံက စာရေးတယ်ဆုုိမှတော့ စာရေးချင်လုုိ့ ရေးတာကလွဲပြီး ဘာရှိဦးမလဲ။ ဒီစာအုုပ်ထဲက စာရေးဆရာ အယောက် ၅ဝကျော်ဟာ သင့်လုုိ စာရေးချင်တဲ့သူတွေကြီးပဲ မဟုုတ်လားတဲ့။ သင်ရေးတာတွေ ပုုံနှိတ်ခံရပြီးသား ဒါမှမဟုုတ် လူတွေကိုု ချမပြရသေးဘူး ဆုုိပါတော့။ သည်စာအုုပ်က သင့်ကုုိ ကြိုဆုုိပါတယ်။ အားပေးပါတယ်တဲ့။

သည်တော့ မိန်းခလေးတစ်ယောက်ဆီက အမြင်ကြည်ကြည်ရဖုုိ့ဆိုု ရီးစားစာလှလှပပလေးတော့ ရေးတတ်မှမဟုုတ်လား။ ဒီလုုိပဲ ရေးရင်းရေးရင်းကနေ သင်ဟာ စိတ်တွေတက်ကြွလာမယ် စကားလုုံးအသစ်တွေ ရှာဖွေလာမယ် ဆန်းသစ်တဲ့အရေးအသားတွေကုုိ ဖန်တီးချင်လာမယ် ဒီလုုိနဲ့ တဖြေးဖြေး ရေးဖုုိ့တွန်းအားပေးလာမယ်။ စာရေးချင်စိတ်တွေ ပုုိပုုိပြီးဖြစ်လာမယ်ဆုုိတာ အာမခံပါတယ် လိုု့ဆုုိထားပါတယ်။

ဂျူနီယာဝင်း

(အတွေးအမြင် နှစ်များစွာ တုုိင်အောင်မြင်စွာ ချီတက်နုုိင်ပါစေ။ စာရေးသူများ စုုစည်းရာအဖြစ် ဆက်လက်ရပ်တည်နုုိင်ပါစေ။)

Monday, July 3, 2017

ဂျူနီယာဝင်း – ရင်းနှီးလာခဲ့ရတဲ့ သည်လမ်းကလေး



ဂျူနီယာဝင်း – ရင်းနှီးလာခဲ့ရတဲ့ သည်လမ်းကလေး

(အတွေးအမြင် ဇွန်လထုတ်) မိုးမခ၊ ဇွန် ၉၊ ၂၀၁၇
  
သည်လမ်းလေးကုုိ သွားလာရဖန်များတော့ ရင်းနှီးလာရတဲ့ အရာတွေသိပ်များလာတယ်။ သည်လမ်းအချိူးအကွေ့တစ်ခုုမှာ အမှိူက်သိမ်းကားကြီးတွေရပ်ထားတယ်။ ပြီးတော့ ရထားသံလမ်းဘေးကနေ ဖြတ်သွားရတယ်။ တခါတရံ ရထားကြီးဖြတ်သွားသံကုုိ ကြားရမြင်ရတယ်ပေါ့။ ကားဆေးမလားလုုိ့ လက်ပြလှမ်းတားနေကြတဲ့ သူတွေကုုိ လမ်းတလျောက်တွေ့ရပြန်တယ်။
မီးပွိုင့်တစ်ခုုကိုု ဖြတ်လာရတော့ ကားတွေဟာ အလုုအယက်မောင်းနေတာမျိူးထက် သက်သက်သာသာပဲ သွားလာနေကြတာတွေ့ရတယ်။ လမ်းဘေးတလျောက်မှာ ကားတွေ အစီအရီ ရပ်ထားကြပေမယ့် ဆဲဆုုိသွားတာမျိူးမရှိဘူး။ သူတုုိ့လည်းရပ် ကိုုယ်ကလည်းရှောင်ပေါ့ ဆုုိတဲ့သဘောမျိူး။ လူတွေကလည်း သူတုုိ့ဘေးကနေ ကားတွေဖြတ်နေကြတာ မကြောက်ဖူး။ ကလေးတွေကုုိ လက်ဆွဲသွားလာနေသူတွေကများ ကလေးကိုု လမ်းမဘက်ထားပြီး လျောက်နေကြတယ်။ ခွေးတွေကလည်း လမ်းဖြတ်ကူးနေလုုိက်ကြတာ မကြောက်မရွ့ံ။ တခါများ ကြောင်ကလေးတစ်ကောင် ကုုိယ့်ရှေ့ဖြတ်ကူးတာ တွေ့လုုိက်ရသေး။ ၊ဆုုိက်ကားတွေကလည်း လမ်းမပေါ်၊ လမ်းဘေးပေါ်၊ သည်လုုိပဲသွားလာနေကြတယ်။ ကားတွေကြားထဲ ဆုုိက်ကားစီးကြရတာ၊ စက်ဘီးစီးရတာ၊ လမ်းဖြတ်ကူးနေရတာ အေးအေးလူလူရှိလုုိက်တာ။ ဒီလမ်းတလျောက်ဟာ သည်လုုိပဲ သက်တောင့်သက်သာ သွားလာနေကြတဲ့သဘော။
အကွေ့တစ်ခုုမှာတော့ ဘုုန်းတော်ကြီးစာသင်တုုိက်တစ်ခုုရှေ့မှာ ခုုိကလေးတွေ အပြည့်လမ််းပေါ်မှာ မနက်ခင်းနဲ့ နေ့လည်ပုုိင်းလောက် အစာစားနေကြ၊ အစာရောင်းသူကလည်း ငုုတ်တုုတ်ကလေး အမြဲတွေ့ရတယ်။ ခုုိကလေးတွေ ကားတုုိက်မိမှာစုုိးရိမ်စရာမရှိပုုံပဲ။ လမ်းအကွေ့မှာမုုိ့ ကားတွေကလည်း ခပ်ဖြေးဖြေးပဲကွေ့နေကြတော့ တော်သေးတာပေါ့လေ။
သည်လုုိနဲ့ သစ်ပင်ကြီးတစ်ပင်က သစ်ရွက်တွေကွယ်နေတဲ့ မီးပွိုင့်တစ်ခုုရယ်၊ အမြဲတန်း လိမော်ရောင်မီးလုုံးပျက်နေတဲ့ မီးပွိုင့်တစ်ခုုရယ်၊ မီးပွိုင့်မှာ ပန်းအမြဲရောင်းတဲ့ဦးလေးကြီးရယ်၊ ဖြတ်သွားဖြတ်လာ အထမ်းသမားတွေရယ်၊ ရေသန့်ဗူးတွေသယ်သယ်လာတဲ့ လက်တွန်းလှည်းတွေဟာ နေ့စဉ်မှတ်မိနေတဲ့ အရာတွေဖြစ်လာပါတယ်။
သည်လမ်းကိုုပဲ နေ့နဲ့ညနဲ့ မြင်တွေ့ဖြတ်သန်း နေရပုုံက နည်းနည်းကွဲပြားတယ်။ မနက်ခင်းနဲ့ နေ့ခင်းဖက်တွေမှာ ဖြတ်သွားတုုိင်းတွေ့ရတဲ့ တချိူ့လမ်းနဘေးဟာ ညဖက်ဆုုိ လက်ဖက်ရည်ဆုုိင်လေးတွေ၊ ထမင်းဆုုိင်လေးတွေနဲ့ စည်ကားသွားတယ်။ အဲသည်မှာ ဘောလုုံးပွဲကုုိ ဝုုိ်င်းကြည့်နေကြတဲ့ အုုပ်စုုတွေကုုိလည်း တွေ့လာရတယ်။ လမ်းဘေးတနေရာက ဆုုိင်ကလေးဆီက တောင်တန်းသာသနာပြုဆရာတော်ကြီးရဲ့ ပရိတ်တော်ကုုိ ညတုုိင်းဖွင့်တာ နာယူသွားရတယ်။ ကွမ်းယာဆုုိင်၊ ထီလက်မှတ်ရောင်းဆုုိင်၊ အကင်ဆုုိင်၊ ပင်လယ်စာဆုုိင်၊ စတုုိးဆုုိင်တွေ၊ ဝက်သားတုုတ်ထုုိးဆုုိင်တွေ၊ အသီးဖျော်ရည်ဆုုိင်၊ ဗမာထမင်းဟင်းဆုုိ်င်တွေဟာလည်း စည်ကားလုုိ့။ ညမိုုးချူပ်မှ ပြန်လာကြတဲ့ ဝန်ထမ်းမိန်းခလေးတွေ၊ မိသားစုုတွေ၊ ကုုိယ်ဝန်သည်တွေ၊ စျေးလာသူတွေ၊ လမ်းဘေးမျက်နှာစာမှာ ထုုိင်လုုိ့ အေးအေးလူလူ စားသောက်နေကြသူတွေဟာ လမ်းမတလျောက်မှာ တွေ့နေရတယ်။ လမ်းအပြည့်မှာ လူတွေ၊ ကလေးတွေ၊ စက်ဘီး၊ ဆုုိက်ကားတွေက ကားတွေကြားထဲ ရောယှက်လုုိ့ သွားလာနေလုုိက်ကြတာ။
ညဖက်ဆုုိရင် ဖြတ်နေကျ မီးပွိုင့်တစ်ခုုနားအရောက် စားသောက်ဆုုိင်တစ်ခုုရှေ့ကျတော့ လမ်းနဘေးတလျောက် ကားတွေတန်းစီပြီး ရပ်ထားတာတွေ အပြည့်တွေ့ရတယ်။ တော်တော်ရောင်းကောင်းမယ့်ပုုံပဲ။ သည်ကားတွေနဘေးကနေ ခက်ခက်ခဲခဲ ကျော်သွားကြရတဲ့ ကားတွေဟာ သူတိုု့ တွေ သည်လုုိလမ်းနဘေး စည်းမဲ့ကမ်းမဲ့ ရပ်ထားရကောင်းလားလုုိ့ ဘယ်သူကမှ ဆဲဆုုိပြောဆုုိတာ၊ အပြစ်တင်တာတွေ ကြားမသွားရဘူး။ အံ့သြစရာကောင်းပါတယ်။ သည်လုုိ နားလည်မူမျိူး ဟာ တွေ့ရခဲတယ်။
မနက်မနက် ဖြတ်သွားရင်း ငေးသွားရတဲ့ သည်စျေးကလေးကတော့ တော်တော်ဆွဲဆောင်မူ ရှိတယ်။ မီးပွိုင့် ၂ခုုကြား နေရာတနေရာမှာ ရှည်ရှည်လျားလျား ရောင်းချနေကြတဲ့ စျေးလေးကိုု မြင်ရတာ မြန်မာလူမျိူးတွေရဲ့ သဘောသဘာဝ၊ မြန်မာတွေရဲ့ လူနေမူပုုံစံကုုိ ထင်ထင်ရှားရှား တွေ့လုုိက်ရတာပါပဲ။ စျေးရှေ့က ချရောင်းနေကြတဲ့သူတွေဟာ လမ်းတဖက်ရဲ့ တဝက်လောက်ထိ နေရာယူထားကြတယ်။ စျေးဝယ်လာကြသူတွေရော၊ စျေးရောင်းနေသူတွေဟာ လုုိက်ဖက်ညီတယ်လုုိ့ ဆုုိရမယ်။ အသီးအနှံ၊ သားငါး၊ အခြောက်အခြမ်းတွေကုုိ မြင်ရတာနဲ့တင် ကုုိယ်ကိုုယ်တိုုင် ဆင်းပြီး ဝယ်ချင်မိတယ်။
ဒီလုုိမြင်ကွင်းမျိူးကုုိ ကြီးကျယ်ပါတယ်ဆုုိတဲ့ ရန်ကုုန်မြို့ကြီးမှာ နေ့စဉ်တွေ့မြင်ရတာကိုု သဘောကျမိတယ်။ ဘုုရားပန်းဝယ်မလား၊ မနက်စျေးလေး ငေးရင်း ဝယ်မလား။ လတ်လတ်ဆတ်ဆတ်ပေါ့။ စျေးဝေးတဲ့သူအတွက် သည်လုုိအဖြစ်ကိုု နေ့စဉ်ရရှိနေသူတွေကုုိ တွေ့မြင်ရခြင်းဟာ မဟာကံထူးသူတွေကိုု တွေ့ရလေခြင်းပေါ့လေ။ ကားနဲ့ဖြတ်သွားသူတွေလည်း လမ်းပေါ်မှာ ခေတ္တခနရပ်နားလုုိ့ ဆင်းဝယ်နေကြတာ တွေ့ရတယ်။ လမ်း၄ပုုံ၁ပုုံကုုိ ပိတ်ထားလေခြင်းကိုု ဘယ်သုုူမှ အပြစ်မတင်ကြဘူး။ သြော်… လူတွေဟာ တစ်ယောက်နဲ့တစ်ယောက် နားလည်မူလေးတွေနဲ့နေနေကြရင် ဘဝဟာပျော်စရာပဲ။
သည်လုုိစျေးလေးက ညဖက်ကျတော့ ပုုိလုုိ့တောင်စည်ကားနေသေးတယ်။ ညဖက်ကုုိ ထွက်လေ့မရှိပါဘူးဆိုုတဲ့ သူဟာ သည်လုုိ စိတ်ပျော်ရွှင်စရာကောင်းတဲ့ စျေးလမ်းလျောက်နေကြသူတွေကုုိ မြင်ရတာ အားကျမိပါရဲ့။ ကလေးတွေလည်း ခုုန်ပေါက်ပြေးလွှားလုုိ့၊ လက်ဖက်ရည်ဆုုိင်ကလည်း စည်ကားလုုိ့၊ စက်ဘီးစီးသူတွေ၊ ဆုုိက်ကားစီးသူတွေ၊ မော်တော်ဆုုိင်ကယ်တွေ၊ ကားတွေ ဟာ သူ့နေရာနဲ့သူ စီးချက်ညီနေတယ် လုုိ့ုဆုုိရမှာပါ။ သည်နားတဝုုိက် ရပ်ကွက်ထဲက နေကြတဲ့ သူတွေဟာ သည်လုုိ သွားလာနေနုုိင်ကြတဲ့ ဘဝကိုု ပုုိင်ဆုုိင်ရခြင်းဟာ ကံကောင်းတာပေါ့။ ညလေဟာ သစ်ပင်ရိပ်တွေအောက်မှာ တဖြူးဖြူးတုုိက်နေတယ်။ အေးချမ်းတဲ့ သဘာဝပတ်ဝန်းကျင်တစ်ခုုကိုု ရုုိးရုုိးရှင်းရှင်း တည်ဆောက်ထားကြတယ်။ ခနလေးဖြတ်သွားရတဲ့သူအတွက် သူတုုိ့ရဲ့ ဘဝအစိတ်အပိုုင်းတစ်ခုုကိုု သည်လောက်ကလေး ပါဝင်ပတ်သက်ခွင့်ရတာဟာ အခွင့်အရေးတစ်ခုုလုုိ ခံစားမိပါရဲ့။
လမ်းတလျောက် တွေ့ရတဲ့ ဘတ်စကားတွေက ကြောက်စရာကောင်းလောက်အောင် ဟုုိဘက်သည်ဖက် ဖြတ်သန်းမောင်းနှင်နေကြပေမယ့် ဖြေးဖြေးနှေးနှေးနဲ့ သွားတာမိုု့သိပ်ပြဿနာ မရှိသလိုုပဲ။ အကွေ့အကောက်များတဲ့သည်လမ်းဟာ ကားတွေရော၊ လူတွေရော၊ တိရစ္ဆာန်တွေရော အန္တရာယ်ကင်းဖုုိ့ ဖြစ်လာပုုံပါပဲ။ ဖြတ်ကနဲ ဖြတ်ကနဲ တုုိးဝင်လာတဲ့ ဆိုက်ကားတွေနဲ့ သူတုုိ့ကုုိ လမ်းပေးလုုိက်ရတဲ့ ကားတွေနဲ့ အချင်းချင်း ပြေလည်နေကြတာကုုိ မြင်ရတာ စိတ်ချမ်းသာစရာပါပဲ။ လမ်းကြားတွေကလည်း များတာကြောင့် ကြားဖြတ်ဝင်လာတဲ့ကားတွေအတွက် ခက်ခဲမယ် ထင်ထားတာ သူတုုိ့ကုုိ လမ်းမတန်းက လာတဲ့ကားတွေက လမ်းပေးသား။ တခါတရံမြို့ထဲ သွားတဲ့နေ့တွေမှာ သည်လုုိ သက်သက်သာသာ ပေးကြတာ တခါမှ မမြင်ဖူးပါဘူး။ လမ်းကြားထဲက လမ်းမတန်းသွားချင်တဲ့ကားများ တော်တော် မျက်နှာငယ်ရတယ်။ ဒါပေမယ့် သည်လမ်းလေးကတော့ နေ့လည်နေ့ခင်း ကားကြပ်ချိန်မှာတောင် အချင်းချင်း နားလည်မူနဲ့ သွားလာနေကြတာမိုု့ စိတ်ချမ်းသာပါတယ်။ နှေးလည်းနှေးသလိုု မြန်လည်း မြန်သလုုိမုုိ့ အချိန်တန်တော့လည်း လုုိရာခရီးရောက်သွားမှာပေါ့လေ။
တနေ့ကုုိ လေးငါးခြောက်ခေါက်လောက် သည်လမ်းလေးကုုိ ဖြတ်သွားဖြတ်လာလုုပ်ရင်း သံယောဇဉ်တောင် ဖြစ်မိပါရဲ့။ ဘာပြီး ဘာလာမယ်၊ ဘာအသံကြားရမယ်၊ ဘာဆုုိင်တွေ ရှိတယ်၊ ဒန်ပေါက်ဆုုိင်ရယ်၊ ပင်လယ်စာစားသောက်ဆုုိင်ရယ်၊ ကားဆီထည့်တဲ့ ဆုုိ်င်ကြီးတစ်ခုုရယ်၊ လမ်းဘေးထီဆုုိ်င်တွေရယ်၊ ကြံကြိတ်စက်ကြီးနဲ့ ကြံရည်ဆုုိင်တွေရယ်၊ ဘယာကျော်ဆုုိင်တွေ၊ အကင်ဆုုိင်တွေရယ်ဆီက အနံ့အသက်တွေကိုုလည်း ရင်းနှီးခဲ့ရပါတယ်။ တခါတလေများ ဘေးဘီဝဲယာက စက်ဘီးစီးသူတွေ၊ လက်တွန်းလှည်းတွေ၊ စျေးရောင်းသူတွေ၊ လမ်းလျောက်သူတွေကုုိတောင် မျက်မှန်းတန်းနေမိသွားတယ်။ ဘုုန်းကြီးကျောင်းများ၊ ဘုုရားကျောင်းကန်များနဲ့ စာသင်တုုိက်တွေ၊ အလှူပေးမဏပ်များ၊ စေတီဘုုရား၊ ဓမ္မရိပ်သာနဲ့ တရားပွဲတွေကုုိလည်း လမ်းတလျောက် ဖြတ်ကနဲ ဖြတ်ကနဲ တွေ့ခဲ့ရတယ်ပေါ့။ တနေ့မနက်ကလည်း ဘုုန်းတော်ကြီးတွေ ဆွမ်းခံပြန်လာတာ ဖူးတွေ့ခဲ့ရပါတယ်။
သည်လုုိနဲ့ ရက်သတ္တပါတ် ၂ပတ်တောင်ကျော်လာပြီ။ တနေ့ကုုိ အနည်းဆုုံး ၄ခေါက်ကနေ ၆ခေါက်၊ တခါတရံ ၈ ခေါက်လောက် သည်လမ်းကုုိ အသွားအပြန် ဖြတ်သွားဖြတ်လာ သွားနေရတော့ ခေါင်းထဲမှာ ဒီမြင်ကွင်းတွေပဲ အစီအရီ ပေါ်ပေါ်လာနေတယ်။ သည်လုုိနဲ့ မေမေလည်း နေပြန်ကောင်းလာပြီး နည်းနည်းသက်သာလာလုုိ့ ဆေးရုုံကဆင်းရပါတော့မယ်။ ဆေးရုုံနဲ့အိမ်ကုုိ ခေါက်တုုံ့ခေါက်ပြန် နေ့ရောညပါ သွားလာနေရတဲ့ သည်လမ်းတလျောက်လုုံးမှာ ဖြစ်ပေါ်နေတဲ့ စိတ်ပင်ပန်းမူတွေ၊ ပူပင်သောကနဲ့ စိုုးရိမ်စိတ်တွေ၊ ဝမ်းနည်းအားငယ်စိတ်တွေကုုိ အနည်းငယ် စိတ်ပြောင်းစိတ်လွဲ ဖြေလျော့ပေးခဲ့တဲ့ သည်လမ်းလေးအကြောင်းကိုု မေမေသက်သာလာခုုိက် ဆေးရုုံမှာ ညဖက်စောင့်နေရင်းက ကောက်ရေးနေလုုိက်မိပါတယ်။
ဆေးရုုံအတွေ့အကြုံတွေဆုုံသွားသလိုု လူတွေဟာ တယောက်နဲ့တယောက် နားလည်မူလေးတွေနဲ့ ကုုိယ်ချင်းစာပြီး နေသွားကြရင် ဒါတွေကုုိ တွေ့မြင်သွားတဲ့သူအတွက် စိတ်အပန်းဖြေခွင့်ရပြီး စိတ်အေးချမ်းသွားရကြောင်းလေးကုုိ တွေးနေမိရင်းက အိမ်ကနေ လေး၊ငါး ကီလုုိမီတာလောက်ဝေးတဲ့ ခရီးကုုိ နေ့စဉ်သွားခဲ့ရတဲ့ အဲသည်လမ်းလေးကုုိ ပင်ပန်းနေတဲ့စိတ်နဲ့ပဲ ကျေးဇူးတင်နေမိတယ်။ နောက်စဉ်းစားမိတာကတော့ အမြဲလုုိလိုု စိတ်တုုိတတ်၊ ဒေါသကြီးတတ်တဲ့သူဟာ မိခင်တစ်ယောက်လုုံး မမာမကျန်းဖြစ်တော့မှပဲ စိတ်ကောင်းလေးဝင်လာပြီး အရာရာကုုိ မျက်လုုံးစိမ်းနဲ့ မကြည့်မိတော့တာလည်း ဖြစ်နုုိင်ပါတယ်။ မေမေ နေကောင်းသွားပြီး နောက်ပိုုင်းလည်း သည်လုုိအေးချမ်းတဲ့စိတ်မျိူး ဆက်လက်မွေးနုုိင်ရင်ကောင်းမှာပဲလုုိ့ တွေးနေမိပါတော့တယ်။




ဂျူနီယာဝင်း – ရင်းနှီးလာခဲ့ရတဲ့ သည်လမ်းကလေး

Wednesday, January 25, 2017

Book Review -KMC- Quest for peace ဂျူနိယာ၀င်း

Khin Myo Chit – Quest for Peace
ပထမအကြိမ်
၂၀၁၆ ဒီဇင်ဘာ
ထုုတ်ဝေသူ – ဦးကျော်ဦး
ပါရမီ Parami စာပေ
၂၉ လမ်း အမှတ် ၂၃၀ ပန်းပဲတန်း မြိုု့နယ် ရန်ကုုန်
တန်ဖုုိး – ၄ဝဝဝကျပ်
အုုပ်ရေ –
စာမျက်နှာ – ၂၇၆
စာရေးဆရာမကြီး Khin Myo Chit (ခင်မျိူးချစ်) Working People’s Daily တွင် ၁၉၆၄ ခုုနှစ်က အင်္ဂလိပ်လုုိ အပတ်စဉ်ရေးသားခဲ့သော Quest for Peace ဆောင်းပါးများ စုုစည်းမူ ဖြစ်သည်။ (ဒေါ်)ခင်မျိူးချစ်၏ ကိုုယ်တုုိင်ရေး အတ္ထုပ္ပတ္တိဟုု ခေါ်ဆိုနိုင်သည်။ ဖြတ်သန်းခဲ့ရသော ကလေးဘဝကနေ စလုုိ့ စစ်အတွင်းကာလ အဖြစ်များ၊ ဗုုဒ္ဓဘာသာဆုုိင်ရာ လျောက်ခဲ့သော ခရီးများ၊ စာရေးဆရာဘဝ၊ စာပေဘဝနှင့် လူမူရေးဘဝများကုုိ ပုုံဖော်ရေးသားထားသည်။
ထုုိဆောင်းပါး ၄၉ ပုုဒ် တွင် တချိူ့သော ဆောင်းပါးများမှာ အတွေးအမြင်တွင် ဒေါက်တာခင်မောင်ဝင်းနှင့် ဂျူနီယာဝင်းတုုိ့က မြန်မာဘာသာဖြင့် ပြန်ဆုုိခဲ့ကာ ဖော်ပြခဲ့ပြီး ဖြစ်သည်။ ယခုုစာအုုပ်သည် ဒေါ်ခင်မျိူးချစ်၏ ပုုံနှိတ်ဖော်ပြခြင်း ထုုတ်ဝေခြင်း မရှိသေးသော ဆောင်းပါးများ အားလုုံးအား ပထမဦးဆုုံးအကြိမ် ထုုတ် စာအုုပ်ဖြစ်သည်။
Quest for Peace ဟူသောအမည်အား (ဒေါ်)ခင်မျိူးချစ်က သူ၏ ဆောင်းပါးများခေါင်းစဉ်အဖြစ် အတည်မပြုမှီတွင် ဆရာကြီး ဦးဝင်းဖေ (မြဇင်) နှင့် မစ္စဂေါ်ဝင် တုုိ့က Many a House of Life Hath Me ကဗျာဆန်သောအမည် နှင့် House of Life အမည် ၂ ခုု ကြား အငြင်းပွားခဲ့ကြကြောင်း သားဖြစ်သူ ဒေါက်တာခင်မောင်ဝင်း၏ အမှာစာတွင် ရေးသားထားသည်။ (ဒေါ်)ခင်မျိူးချစ်အနေနှင့် သူအင်မတန်လေးစားသော ပုုဂ္ဂိလ်ကြီးများသဘောကျသော ထုုိခေါင်းစဉ် ၂ ခုုသည် စာဖတ်သူများအား ရှင်းပြဖုုိ့ရန် လုုိအပ်သော လေးနက်သော အဓိပ္ဗါယ်များ စီးဝင်လျက်ရှိနေသောကြောင့် နောက်ဆုုံးတွင် Quest for Peace အမည်ကိုုသာ ရွေးချယ်ဖြစ်ခဲ့သည်ဟုု သိရပါသည်။ 

ဂျူနီယာဝင်း၏ အင်္ဂလိပ်ဘာသာစာအုုပ် Memory of My Grandparents ထွန်းဖောင်ဒေးရှင်းစာပေဆုု ရရှိ January 18, 2017

ဂျူနီယာဝင်း၏ အင်္ဂလိပ်ဘာသာစာအုုပ် Memory of My Grandparents ထွန်းဖောင်ဒေးရှင်းစာပေဆုု ရရှိ January 18, 2017


  REFERENCE _ (MOEMAKA Online NEWS)

http://moemaka.com/archives/56064

၂၀၁၇ နှစ်ဆန်းတွင် ထုုတ်ပြန်ကြေညာသော ၂၀၁၅နှစ်အတွင်း ထုုတ်ဝေခဲ့သည့် စာအုုပ်များထဲမှ ထွန်းဖောင်ဒေးရှင်းစာပေဆုု ရရှိသည့် စာရင်းတွင် ဂျူနီယာဝင်း အင်္ဂလိပ်ဘာသာဖြင့် ရေးသားခဲ့သည့် A Memory of my Grandparents စာအုုပ်က အထုုပ္ဗတ္တိစာပေ (အင်္ဂလိပ်) တွင် ဆုုချီးမြှင့်ခြင်း ခံရသည်။
အဆိုုပါ စာအုုပ်သည် ၂၀၁၅ ခုုနှစ် တွင် စာပေဇနီးမောင်နှံဖြစ်သော ဦးခင်မောင်လတ် ဒေါ်ခင်မျိုးချစ် ရာပြည့်အထိမ်းအမှတ် ထုုတ်ဝေခြင်း ဖြစ်သည်။ သူတိုု့စာပေမောင်နှံနှင့် သူတိုု့၏ စာပေနှင့် နိုုင်ငံရေးမိတ်ဆွေများ၊ မိသားစုုသူငယ်ချင်းများ၏ ဖြတ်သန်းမှုများ အမှတ်တရများကိုု ဓာတ်ပုုံများ ကောက်နှုတ်ချက်များနှင့် မြေးဖြစ်သူ  စာရေးဆရာမ ဂျူနီယာဝင်းက ၎င်း၏ ဘဝအမြင်ကနေ ပြန်လည် စုုဆောင်းရေးသား တင်ပြထားခြင်း ဖြစ်သည်။ ၂၀၁၅ ရာပြည့်နှစ် မေလတွင် အဆိုုပါ စာအုုပ်ကိုု ထုုတ်ဝေခဲ့ပြီး အဆိုုပါ ရာပြည့်အထိမ်းအမှတ်အဖြစ် ဦးခင်မောင်လတ်နှင့် ဒေါ်ခင်မျိုးချစ်တိုု့နှင့် ခေတ်ပြိုင်စာပေမိတ်ဆွေများ၏ ဓာတ်ပုုံများ ပြပွဲကိုုပါ ကျင်းပခဲ့သည်။ ၎င်းနောက် ရာပြည့်ပြခန်းကိုု စီစဉ်ပြီး အဆိုုပါ ဓာတ်ပုုံများကိုု စုုစည်းထားရှိခဲ့သည်။
အဆိုုပါ စာအုုပ်ကိုု ရန်အောင်စာပေက ထုုတ်ဝေဖြန့်ချိခဲ့သည်။ မိုုးမခမီဒီယာကလည်း စီစဉ်ထုုတ်ဝေရာတွင် ပူးပေါင်း ဆောင်ရွက်ပေးခဲ့ပါသည်။ ၂၀၁၅ တွင် မေလတွင် အင်္ဂလိပ်ဘာသာဖြင့် မူရင်း ထုုတ်ဝေခဲ့ပြီးနောက် မြန်မာစာဖတ်ပရိသတ်အတွက် ၂၀၁၅ ဒီဇင်ဘာလတွင် မြန်မာဘာသာပြန်နှင့် ဆက်လက် ထုုတ်ဝေခဲ့သည်။
စာရေးသူ ဂျူနီယာဝင်းက စာပေဆုုရရှိခြင်းအတွက် အမှတ်တရ ကျေးဇူးစကားကိုု  သူ၏ ဖေ့စ်ဘွတ်တွင် အောက်ပါအတိုုင်း ရေးသားဖော်ပြခဲ့သည်။
စာဖတ်ပရိသတ်များသုုိ့
Junior Win’s A Memory of My Grandparents အင်္ဂလိပ်ဘာသာဖြင့် ရေးသားထွက်ရှိထားသော စာအုုပ်သည် ၂၀၁၆ခုုနှစ် ထွန်းဖောင်ဒေးရှင်း၏ အထုုပတ္တိစာပေ (အင်္ဂလိပ်) တွင် ဆုုရရှိကြောင်း သိရပါသည်။ ထုုိစာအုုပ်သည် အဘုုိးအဘွားများ အမှတ်တရ ဖြစ်ကာ မိသားစုုလုုပ်အားဖြင့် ထွက်ရှိခဲ့တာဖြစ်တာကြောင့်လည်း မိသားစုုစုုိက်ထူခဲ့သော မှတ်တုုိင်တစ်ခုုလည်း ဖြစ်ပါသည်။ ယခုုလိုု ထွန်းဖောင်ဒေးရှင်းက လူကြီးမင်းများက ထုုိစာအုုပ်ကလေးအား အသိအမှတ်ပြုဆုုပေးခဲ့တာကိုုမိသားစုုမှ လွန်စွာ ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်လုုိက်ရပါသည်။ ဘဘကြီးဦးခင်မောင်လတ်နဲ့ မေမေကြီးဒေါ်ခင်မျိူးချစ် တုုိ့သည်လည်း သူတုုိ့သားသမီးမြေးများနဲ့ ထပ်တူထပ်မျှ ကျေနပ်ဝမ်းသာနေကြလိမ့်မည်ဟုု ယုုံကြည်ပါသည်။ ထုုိစာအုုပ်ကလေး၏ စာမျက်နှာတုုိ်င်းသည် မိသားစုု၏ ကြိုးပမ်းမူများ အမှတ်ရစရာများ ဖြစ်နေတာကြောင့် ဤဆုုသည် မိသားစုုအားလုုံးနဲ့ သက်ဆုုိင်ရုုံမက အဘုုိးအဘွားများအတွက်လည်း သူတုုိ့ကုုိ ဂုုဏ်ပြုမှတ်တမ်းပြုရာရောက်သော အမှတ်တရဖြစ်ပါသည်။
ဘဘကြီးမေမေကြီးတုုိ့၏ ကျေးဇူးတရားအား ပုုိ၍ သတိရလွမ်းဆွတ်လျက်။

Thursday, December 15, 2016

Book Review _ junior win _ Encyclopedia second edition

အမေးနှင့်အဖြေစွယ်စုုံကျမ်း ၂၀၁၅ - ဂျူနီယာဝင်း

ထုုတ်ဝေသူ ဦးလှတုုိး
ရန်အောင်စာပေ
အ ထ က (၁) ရန်ကင်းကျောင်းရှေ့ ဆုုိင်အမှတ် (H)၊ ၁၂လုုံးတန်းမှတ်တုုိ်င်အနီး
ရန်ကင်းမြို့နယ်
ဖုုန်း- ၀၉ ၅၁၇၉ ၃၉ ၈၊ ၀၉ ၇၃၂၄၃၈၅၁။
ပထမအကြိမ် ၂၀၁၆ ဧပြီ
ဒုုတိယအကြိမ် ၂၀၁၆ နုုိဝင်ဘာ
အုုပ်ရေ - ၁၀၀၀
တန်ဖုုိး - ၃၅ဝဝကျပ်
စာမျက်နှာ ၄၁၆

ယခုုစာအုုပ်သည် ၂၀၁၆ခုုနှစ်အတွင်း အချိန်တုုိအတွင်းမှာ ဒုုတိယအကြိမ် ရုုိက်နှိတ်ထုုတ်ဝေ လုုိက်ရသော စာအုုပ်တစ်အုုပ်ဖြစ်သည်။ စွယ်စုုံကျမ်းကဲ့သိုု့သော လေးလံထုုိင်းမှိူင်းဖွယ် ကောင်းသည့်စာအုုပ်ကုုိ စာဖတ်ပရိသတ်က လက်ခံပေးလုုိက်ခြင်းသည် ဝမ်းသာစရာဖြစ်သည်။ ၂၀၁၁ခုုနှစ်ကတည်းက စာအုုပ်ငယ်ကလေးများ အဖြစ်ပရိသတ်ကုုိ မိတ်ဆက်ပေးလာတာ ဖြစ်တာကြောင့် ယခုု ၂၀၁၆မှာ ထုုိစာအုုပ်ငယ်များစုုစည်းထွက်ရှိလုုိ်က်ခြင်းသည် စွယ်စုုံကျမ်း၏ အောင်မြင်မူ တစ်ခုုဖြစ်သည်။ မူရင်းစာအုုပ်တွင် မပါရှိသော မြန်မာပြည်နဲ့ ပတ်သက်သည့် အကြောင်းအရာများကုုိ ဖြည့်စွက်ပေးထားခြင်း၊ ပုုဂံရာဇဝင်ထည့်သွင်းထားခြင်း၊ ရွှေတိဂုုံဘုုရားသမုုိငး်ကိုု စိတ်ဝင်စားဖွယ်ဖော်ပြထားမူ၊ နာဂစ်မုုန်တုုိ်င်းအကြောင်း၊ ကမ္ဘာတလွှားစိတ်ဝင်စားနေရသည့် စူပါမွန်းအပါအဝင် ယနေ့ခေတ်တွင် ခေတ်မှီသော အကြောင်းအရာတစ်ခုုဖြစ်လာသည့် Noise Pollution အကြောင်းများသည် စွယ်စုုံကျမ်းအား မြန်မာပရိသတ်များ အာရုုံစိုုက်မိ လာစေသည့် အကြောင်းများ ဖြစ်လိမ့်မည်။ စာဖတ်သူများအနေနှင့် နုုိ်င်ငံတကာတွင် နှစ်စဉ်ထွက်ရှိလျက်ရှိသော Encyclopedia စာအုုပ်များအား စာအုုပ်ဆုုိင်များတွင် အင်္ဂလိပ်လုုိရေးသားထားသည်များကုုိ တွေ့ရှိပါက ယခုုမြန်မာပြန်စာအုုပ်ကုုိ အားမကိုုးတော့ပဲ အပြင်စာများကုုိပါ ဖတ်ရူလေ့လာကြည့်ကြဖုု့ိ စာရေးသူက သူ့အမှာစာတွင် တုုိက်တွန်းရေးသားထားပါသည်။

Wednesday, November 23, 2016

ေခတ်တစ်ခေတ်၏ သူရဲကောင်းများ ဂျူနီယာဝင်း

ေခတ်တစ်ခေတ်၏ သူရဲကောင်းများ
ဂျူနီယာဝင်း
(အတွေးအမြင် အမှတ်-292, 2016 Oct)

ပြင်သစ်စာရေးဆရာကြီး အလက်ဇန်ဒါဂျူးမား (Alexandre Dumas) (၁၈၀၂-၁၈၇၀) ရေးသားသော Three Musketeers (သူရဲကောင်းသုံးယောက်) သည် ၁၈၄၄ မှာ ထွက်ရှိခဲ့သည်။ ဝတ္တုသည် သမိုင်းရာဇဝင်စွန့်စားခန်းဖြစ်သည်။ ဖတ်လို့အလွန်ကောင်းသည်။ ပြင်သစ်ဘုရင်လူဝီ-၁၃ (Louis XIII) (၁၆၁၀) လက်ထက်ကို နောက်ခံထားထားသော ဝတ္တုကြီးဖြစ်သည်။ လူဝီ-၁၃၏ ဝန်ကြီးချုပ် ရစ်ချလူးသည် ၁၆၂၅ တွင် အာဏာရလာချိန်တွင် ဒါးတညန် အမည်ရှိ လူငယ်လေးက ပါရီသို့ ရောက်လာသည်။ ဒါးတညန် နှင့် ဘုရင့်သူရဲကောင်းသုံးယောက်ဖြစ်သော အော်သို၊ ပေါသို၊ အာရမီ တို့နှင့် တွေ့ဆုံခဲ့ကာ သူတို့လေးဦး စွန့်စားခန်းများဖြင့် ပရိသတ်များကို မိတ်ဆက်ပေးထားသည်။
ခေါင်းစဉ်အားဖြင့် သူရဲကောင်းသုံးဦးဟု တပ်ထားသည်။ ဒါးတညန်သည် နောက်မှ ပေါက်သောရွှေကြာပင် ဖြစ်သည်။ သို့သော် တစ်ဦးနှင့်တစ်ဦး သံယောဇဉ်တွယ်ကာ ဓားရေးကျမ်းကျင်သော သူရဲကောင်းများအဖြစ် တိုင်းပြည်ကို ကာကွယ်ကြပုံများအဖြစ် မြင်တွေ့ကြရသော ဝတ္တုကြီးဟု ဆိုနိုင်ပါသည်။ သူတို့၏ ကြွေးကြော်သံမှာ One For All, All For One (အားလုံးအတွက် တစ်ယောက်၊ တစ်ယောက်အတွက် အားလုံး) ဟု ဖြစ်သည်။ သူတို့ထဲက တစ်ဦးဦး ဒုက္ခရောက်ပါက အားလုံးနဲ့ဆိုင်သည်ဟူသော အဓိပ္ပာယ်ဖြစ်သည်။ တစ်ဦးကိုတစ်ဦး အသက်ပေး၍ ကာကွယ်ပေးကြမည်ဟူသောသဘော ဖြစ်သည်။ ဝတ္တုကို ဘာကြောင့် The Four Musketeers သူရဲကောင်းလေးယောက်ဟု မတပ်သလဲဟု တွေးစရာဖြစ်သည်။ ဂျူးမားသည် သူရဲကောင်းသုံးယောက်ကိုသာ အဓိကထားလိုသည်ဟု မြင်သည်။ ဒါးတညန်သည် သူတို့ဘဝထဲကို နောက်မှ ဝင်လာသည့်လူတစ်ဦးဖြစ်ကာ၊ ဒါးတညန်ကို တူသားတစ်ဦးလို ချစ်ခင်ပြီး၊ သူလုပ်သမျှတွေကို ၀ိုင်းဝန်းကူညီပေးကြသူများအဖြစ် တွေ့မြင်ရသည်။ သို့သော် နောင်တစ်ချိန်တွင် ဒါးတညန်သည် သူတို့အား ဒုက္ခပြန်ပေးလိမ့်မည်ဟု စာဖတ်သူများပင် မရိပ်မိအောင် ဂျူးမားက ရေးသားနိုင်စွမ်းရှိပါသည်။
ဒါးတညန်သည် တော်ဝင်မိသားစုမှမွေးဖွားလာသူ အဓိကဇာတ်ကောင်အဖြစ် တွေ့ကြရသည်။ သူ၏အိပ်မက်က နန်းတော်မှာ သစ္စာရှိသူရဲကောင်းအဖြစ် အလုပ်အကျွေးပြုလိုသည်။ ဖခင်ဖြစ်သူက မိတ်ဆွေဟောင်းဖြစ်သော ပြင်သစ်သူရဲကောင်းများ၏ ကပ္ပတိန်ထံ စာတစ်စောင်ပေးကာ သူ့သားကို လွှတ်လိုက်သည်။ စာကို ဒါးတညန်လက်ထဲကနေ အခိုးခံလိုက်ရသည်။ ယင်းသည် နောက်ပိုင်း သူရဲကောင်းသုံးဦးနှင့် တွေ့ဆုံကြဖို့ ဇာတ်ကွက်များ ဖြစ်လာသည်။
ဂျူးမားသည် သူ၏သူရဲကောင်းများကို ယခုလိုပုံဖော်ရေးသားခဲ့သည်။ ဒါးတညန်က စူးရှထက်မြတ်သော အသက်၁၆နှစ်- ၁၈နှစ် အရွယ်သာသာ လူငယ်ကလေး၊ အော်သိုက စကားအပြောအဆိုနည်းပြီး၊ အရေးတကြီးစကားအပြောအဆိုနည်းပြီး၊ အရေးတကြီးကိစ္စများတွင်သာ လက်ဟန်ခြေဟန်၊ မျက်နှာရိပ် မျက်နှာကဲဖြင့်သာ အပြောအဆိုရှိသူ၊ ပေါ်သိုကတော့ အဝတ်အစားဖက်ရှင်ကျကျ ဝတ်ဆင်ရတာ နှစ်သက်သူ၊ အာရမီကတော့ ဘုရားရှိခိုးကျောင်းက ဘုန်းတော်ကြီးအဖြစ် သူ့ဘဝကို တည်ဆောက်ချင်သူ စသည်ဖြင့် သူတို့၏ပုံပန်းများကို မှန်းဆကြည့်ရမည်ဖြစ်လေသည်။ သူတို့အားလုံး၏ တူညီသောအချက်က ဓားရေး အလွန်ကျွမ်းကျင်ကြခြင်း ဖြစ်သည်။ သို့သော် အသက်အငယ်ဆုံး ဒါးတညန်သည် သူရဲကောင်းသုံးယောက်နှင့် ယှဉ်ခုတ်နို်င်သူအဖြစ် တွေ့ကြရသည်။
ဇာတ်လမ်းသည် ရှေးခေတ်နိုင်ငံရေးသမိုင်းဝင်အဖြစ်များကို ပြန်ပြောင်းမြင်ယောင်စေသည်။ ထိုခေတ်က သူရဲကောင်းတွေကသည်လိုပါလား ဟု အထင်ကြီးဖွယ်ဖြစ်အောင် ရေးသားထားသည်။ ဝတ္တုထဲတွင် မီလာဒင် ဟူသော အမျိုးသမီးဇာတ်ကောင်ပါသည်။ မီလာဒီသည် တစ်ချိန်တုန်းက အော်သို၏ဇနီးဖြစ်ခဲ့ဖူးပြီး၊ မကောင်းမှုများစွာကို လျို့ဝှက်စွာ ကျူးလွန်ခဲ့သူဖြစ်သည်။ နောက်တော့ ဝင်တာမြို့စားနဲ့လက်ထက်ခဲ့ကာ သူ့နောက်ကြောင်းကို မြှုပ်ထားသည်။ မြို့စားကွယ်လွန်သွားတေ့ာ ကာဒိနယ်ရစ်ချလူးထံ သူလျှို၊ သတင်းပေး၊ လူသတ်စသော မကောင်းမှုများ လုပ်ပေးခဲ့လေသည်။
၁၈၅၄တွင် Twenty Years After (နှစ်ပေါင်းနှစ်ဆယ်ကြာပြီးနောက်) ဟူသော ဝတ္တုကြီး ထွက်ပေါ်လာသည်။ သူရဲကောင်းသုံးယောက်၏ အဆက်ဖြစ်သည်။ ဒါးတညန်နှင့် သူရဲကောင်းသုံးယောက်တို့သည် တစ်ဦးနှင့်တစ်ဦး ခွဲခွာခဲ့ကြပြီးနောက်၊ နှစ်ပေါင်းနှစ်ဆယ် ကြာပြီးနောက်၊ ၁၆၄၈-၄၉ ကျမှ ပြန်တွေ့ကြလေသည်။ ၄င်းတို့သည် ထိုကာလအတွင်း အင်္ဂလန်နိုင်ငံ၏ ပြည်တွင်းစစ်ထဲ ပါဝင်လှုပ်ရှားကြပုံများဖြစ်သည်။
ဂျူးမားသည် လွန်ခဲ့သောနှစ် ၂ဝကျော်က သမိုင်းဝင်အဖြစ်အပျက်များနှင့် ယခုနောက်နှစ်၂ဝကြာပြီးနောက် ပြောင်းလဲသွားသော နောက်ခံသမိုင်းအကြောင်းများကို အချိတ်အဆက်မိမိ ရေးသားသွားသည်။ ဘုရင်လူဝီ-၁၅၏ ကလေးဘဝ၊ အင်္ဂလန်ပြည်တွင်းစစ် အဆုံးသတ်၊ တော်လှန်ရေးကို ဦးဆောင်သူ အော်လီဗာခရွန်းဝဲလ်၏ အောင်မြင်မှုများရဖို့ ဦးတည်လာပုံ၊ ဘုရင် ချား (၁) ကွပ်မျက်ခံရပုံ၊ ပြင်သစ်နိုင်ငံမှ သမိုင်းဝင်အဖြစ်များကို တွေ့ကြရသည်။
ဇာတ်အိမ်သည် နိုင်ငံရေးအရရော၊ သမိုင်းအရပါ ရှုပ်ထွေးလှသည်။ သြစတြီးယားဘုရင်မ အမ်၊ ဝန်ကြီးချုပ် မာဇာရင်၊ ဘာစ်တီးအကျဉ်းထောင်မှ လူဝီ-၁၃ ၏ သစ္စာခံ ကာဒီနယ်ဒီရစ်ချလူးတို့အပြင် မိခင်ဖြစ်သူ မီလာဒီ သေဆုံးမှုအတွက် လက်စားချေဖို့ စိတ်အားထက်သန်နေသူ သားဖြစ်သူက အော်သိုကို လက်တုုံ့ပြန်မှုများက စိတ်လှုပ်ရှားစရာ ဇာတ်ဝင်ခန်းများ ဖြစ်သည်။
ဝတ္တုကြီးထဲတွင် စစ်ပွဲအတွင်း ဒါးတညန်၊ ပေါ်သိုတို့ကတစ်ဖက်၊ အာရာမီနှင့် အော်သိုက တစ်ဖက် ဖြစ်ခဲ့သော်လည်း၊ စစ်မြေပြင်တွင် သူတို့လေးဦးဆုံတွေ့သောအခါ ပြန်လည်ပေါင်းစည်းမိကြကာ ဘုရင်ချား (၁) ဘက်က တိုက်ခဲ့ကြသည်။ ဘုရင်ချား (၁) ကွပ်မျက်ခံရမည့် ကိစ္စတွင် ကယ်တင်ဖို့ ကြိုးစားခဲ့ကြသည်။ သို့သော် မအောင်မြင်ပဲ သူတို့ပြင်သစ်သို့ ပြန်လာကြသည်။ နောက်ဆုံးခန်းတွင် ဒါးတညန်က ပါရီတွင် နေရစ်ကာ ဘုရင့်အမှုတော်ထမ်းသည်။ အော်သိုနဲ့ပေါ်သိုတို့က သူတို့နေရပ်သို့ ပြန်သွားသည်။ အာရာမီက ဘုရားရှိခိုးကျောင်းတွင် ဘုန်းတော်ကြီးလုပ်သည်။
ထိုဝတ္တုသည် ဂျူးမားရေးသားသော ဝတ္တုတွေထဲမှာ ဖတ်လို့အကောင်းဆုံးအဖြစ် ခံစားမိသည်။ ထပ်ကာတလဲလဲပြန်ဖတ်ချင်သည်။ ဂျူးမားသည် သူဖန်တီးသော ထိုသူရဲကောင်းများကို စာဖတ်သူများအား သံယောဇဉ်ဖြစ်သွားအောင်၊ ချစ်ခင်သွားအောင် ပြုစားလိုက်သော အရေးအသားများအဖြစ် မှတ်ကျောက်တင်ရမည်ဖြစ်လေသည်။ ထိုကဲ့သို့သော စာဖတ်သူများအား ဆွဲဆောင်လိုက်သော၊ သူတို့ကို သံယောဇဉ်ဖြစ်ကာ သက်ရှိလူသားများ၊ သူရဲကောင်းများသဖွယ် ဖြစ်သွားရသော သူတို့ကိုTwenty Years After ပြီးနောက် ဘာများဆက်ရေးလေမလဲ စိတ်ဝင်တစား ရှိလာကြစဉ်မှာ နောက်ဝတ္တုထွက်ပေါ်လာသည်။ ထိုဝတ္တုသည် စာဖတ်သူများ၏ နှလုံးသားကို ကွဲကြေသွားစေခြင်းသည် ဂျူးမား၏ The Three Musketeers ကနေ ဆွဲယူလာသော ရည်ရွယ်ချက်များ ဖြစ်လေမလားဟု သံသယဖြစ်ခဲ့ရပါသည်။
Twenty Years After ပြီးနောက်သိပ်မကြာမီမှာပင် ဂျူးမား၏ The Man In The Iron Mask (သံခေါင်းစွပ်မင်းသား) ဝတ္တုကြီး ထွက်ပေါ်လာသည်။ ယင်းတွင် သူရဲကောင်းသုံးယောက်နှင့် ဒါးတညန်တို့ကို ၁၆၆၁ ခုနှစ်တွင် ပြန်လည်တွေ့ကြရပုံဖြစ်သည်။ သူတို့၏ ကြွေးကြော်သံ One for All, All for One (အားလုံးအတွက် တစ်ယောက်၊ တစ်ယောက်အတွက် အားလုံး) ဖြင့် ပြန်လည်အသက်သွင်းပေးလိုက်သည်ဟု ဆိုနိုင်သည်။ ဇာတ်လမ်းထဲတွင် ဒါးတညန်နဲ့ သူ့ရဲဘက်တွေက အခုနောက်နှစ် ၃၅ နှစ်ကြာမှာ ပြန်တွေ့ကြတော့ သူတို့ဘာတွေ ဖြစ်နေကြပြီလဲဟု စိတ်ဝင်စားဖွယ် ဖြစ်စေသော ဇာတ်လမ်းဖြစ်သည်။ အသက်အရွယ်အားဖြင့် လူကြီးပိုင်း အရွယ်ရောက်နေကြပြီဖြစ်သော သူရဲကောင်းသုံးယောက်အနက် အာရာမီကတော့ ဘုန်းတော်ကြီး၊ ပေါ်သိုက ချမ်းသာသော မြို့စားကြီး၊ အော်သိုက သားဖြစ်သူ သူရဲကောင်း ရာအို နဲ့အတူတကွ နေထိုင်လျက်ရှိကာ၊ ယခုအခါ အသက် ၅၀ နီးပါးအရွယ် ရှိနေသည့် ဒါးတညန်က ဘုရင်လူဝီ-၁၄၏ ကိုယ်ရံတော်ဖြစ်နေကာ သူရဲကောင်းများ၏ ကပ္ပတိန်ဖြစ်နေသည်။
ဇာတ်လမ်းအရရော၊ သမိုင်းအရပါ လူဝီ-၁၄က အသက် ၂၀ အရွယ်မှာ ထီးနန်းရသည်။ ဝတ္တုထဲတွင် သူမွေးကာစတုန်းက လူဝီ-၁၄မှာ သူနှင့်ချွတ်စွပ်တူသော အမြွှာလူဝီတစ်ယောက် ရှိခဲ့ပြီး၊ ၄င်းသည် မွေးခါစကတည်းက ထီးနန်းပြဿနာဖြစ်မည်စိုးကာ ဘာစတီးအကျဉ်းထောင်ထဲ သံခေါင်းစွပ်ထားကာ  အသက်ရှင်နေခဲ့ရသည်ဟု ဂျူးမားက ဖန်တီးရေးသားထားသည်။ ယခုအခါ ထိုအမြွှာလေးသည် အသက် ၂၀ အရွယ်ရောက်နေပြီဖြစ်သည်။ တိုင်းပြည်ကို ကောင်းစွာမအုပ်ချုပ်သော လက်ရှိဘုရင်လူဝီ-၁၄ကို ထီးနန်းချပြီး၊ ထိုသံခေါင်းစွပ်မင်းသားလေးကို ထီးနန်းတင်ဖို့အကြံကို သူရဲကောင်းအာရာမီက ကြံစည်သည်။ အာရာမီနှင့်အတူ ပေါ်သိုက ပူးပေါင်းခဲ့သည်။ ယင်းအဖြစ်သည် ဘုရင့်အမှုတော်ထမ်း ဒါးတညန်နှင့် ဆန့်ကျင်ဘက် ဖြစ်သွားသည်။ အော်သိုတို့သားအဖမှာ One For All, All For One (အားလုံးအတွက် တစ်ယောက်၊ တစ်ယောက်အတွက် အားလုံး) ဟူသော ကြွေးကြော်သံကို သစ္စာရှိစွာဖြင့် ထိုကိစ္စထဲ ဝင်ပါလာသည်။
ဝတ္တုကြီးသည် အလွန်ရှုပ်ထွေးသော နိုင်ငံရေးဇာတ်အိမ်ကြီးဖြင့် တည်ဆောက်ထားသည်။ ဖတ်လို့တော့ အတော်ကောင်းသည်။ သို့သော် နောက်ဆုံးတွင် သူရဲကောင်းသုံးယောက်မှာ တိုင်းပြည်ကို သစ္စာဖောက်သူများဟူသော တံဆိပ်တပ်ခံရသည်။ ဒါးတညန်ဦးဆောင်သော သူရဲကောင်းစစ်တပ်၏ အဝိုင်းခံလိုက်ရကာ၊ သူရဲကောင်းသုံးယောက်ထဲက ခွန်အားဗလကြီးမားဆုံး ပေါ်သိုက အရင်သေသည်။ နောက်တော့ အော်သို သေသည်။ ဒါးတညန်သည် နောက်ဆုံးတော့လည်း One For All, All For One (အားလုံးအတွက် တစ်ယောက်၊ တစ်ယောက်အတွက် အားလုံး) ဟူသော ကြွေးကြော်သံကို ရင်ထဲမှာပဲ သိမ်းထားလိုက်ရသည်။ သူ့မိတ်ဆွေများကို ကယ်တင်ဖို့ မအောင်မမြင်ဖြစ်သွားသည်။ နောက်ဒါးတညန်သည် ဘုရင့်အမှုတော် တာဝန်ဆက်ထမ်းရင်း သေဆုံးသွားသည်။ ဇာတ်သိမ်းမှာတော့ ပြဿနာကိုစခဲ့သူ အာရာမီတစ်ဦးသာ ကျန်ရစ်ခဲ့သည်။
The Three Musketeers မှသည် ယခုနောက်ဆုံးဝတ္တုကြီးအထိ သူရဲကောင်း ဇာတ်လမ်းများကို အသေးစိတ် သုံးသပ်ကြည့်ပါက၊ သူရဲကောင်းများသည် ဘုရင်အဆက်ဆက် အမှုထမ်းနေကြသော သစ္စာရှိသူရဲကောင်းများဖြစ်ကာ၊ ၄င်းတို့သည် တိုင်းပြည်အရေးထက် ဘုရင်တွေရဲ့ လူမှုရေးပြဿနာတွေ၊ တိုင်းရေးပြည်ရေးနဲ့မဆိုင်တဲ့ လူမှုရေးကိစ္စများကိုသာ အသက်ပေးပြီး၊ လုပ်ဆောင်နေကြသူများဖြစ်သည်ဆိုတာကို ပြသသွားသည်ဟု ဆိုရမည်။ ယခု The Man In The Iron Mask မှာ အသိသာဆုံး ဖြစ်သည်။ တိုင်းပြည်အတွက် အသက်ပေးဝံ့လေသော သူရဲကောင်းကြီး ဒါးတညန်ဟာ နောက်ဆုံးတော့လည်း ဘုရင်လူဝီရဲ့လူမှုရေးကိစ္စများနဲ့ ခိုင်းစေသမျှကို အသက်ဆုံးသည်အထိ လုပ်ပေးသွားသူအဖြစ် မြင်ကြရသည်။ ဘုရင်လူဝီ-၁၄ သည် စာဖတ်သူများ၏ ဟီးရိုးကြီး ဒါးတညန်ကို - မင်းဟာ နောက်ဆုံးတော့လည်း ငါ့ကိုယ်ရံတော်ဆိုတဲ့ ရာထူးမက်တဲ့ သာမန်လူတစ်ယောက်ပါပဲလား - ဟု ရယ်သွမ်းသွေးသွားတာကို ရင်နာနာနဲ့ စာဖတ်သူများ လက်ခံလိုက်ရခြင်းသည် ဂျူးမား၏ စာဖတ်သူများကို ပေးလိုက်သော မက်ဆေ့ချ်တစ်ခု ဖြစ်လေသည်။ သူရဲကောင်းလေးဦးရဲ့ One For All, All For One (အားလုံးအတွက် တစ်ယောက်၊ တစ်ယောက်အတွက် အားလုံး) ဟူသော ကြွေးကြော်သံသည်လည်း ငယ်ငယ်တုန်းက သီဆိုခဲ့သည့် စိတ်ကူးယဉ်တီးလုံးပမာ ပျက်ပြယ်သွားရလေသည်။
Man In The Iron Mask သည် အမှန်တော့ သူရဲကောင်းများဇာတ်သိမ်းဟု ဆိုရမည်ဖြစ်ပါသည်။ ဝတ္တုကို လေ့လာသုံးသပ်ကြည့်ပါ ‘သံခေါင်းစွပ်နဲ့လူ’ ဆိုတာ ဘာမှအရေးမပါလှပါ။ လွမ်းမောဖွယ် အချစ်ဇာတ်လမ်း၊ စွန့်စားခန်း၊ နိုင်ငံရေး၊ ဂုဏ်သိက္ခာ အစရှိသော  အဖြစ်အပျက်များသည်သာ မှတ်ကျောက်တင် ကျန်ရစ်မည် ဖြစ်ပါသည်။ စာရေးဆရာကြီး ဂျူးမားသည် သူမွေးဖွားခဲ့သော သူရဲကောင်းများကို နောက်ဆုံးဇာတ်သိမ်းမကောင်းစွာ အဆုံးသတ်ပေးလိုက်ပါသည်။ တိုင်းပြည်ရဲ့ သူရဲကောင်းလို့ ကြွေးကြော်နေကြသူတို့ဟာ အမှန်တော့ တိုင်းပြည်ကောင်းစားဖို့ထက် အုပ်ချုပ်သူဘုရင်တွေ၊ ဘုရင်မတွေရဲ့ လူမှုရေးကိစ္စများနဲ့သာ အချိန်ကုန်ပြီး၊ အသက်စွန့်နေကြသူတွေသာ ဖြစ်ပါတယ်လို့ စာရေးဆရာကြီး ဂျူးမား၏ The Three Musketeers uae The Man In The Iron Mask အထိ သူရည်ရွယ်ချက်ရှိရှိ ဖန်တီးမွေးထုတ်ခဲ့တဲ့  သူရဲကောင်းတွေကို သူ့လက်နဲ့ပဲ သူဇာတ်သိမ်းခဲ့သော အဆုံးသတ်ကတော့ စာဖတ်သူများ၏ နှလုံးသားအား ကလောင်တံဖြင့် ထိုးနှက်လိုက်ခြင်း ဖြစ်ပါတော့သည်။

ဂျူနီယာဝင်း

Sunday, November 6, 2016

Book REview - DrKMW - Maths Nyan San Paung Choke

သချာင်္တွက်နည်းနှင့် အဖြေများပေါင်းချူပ်- ဒေါက်တာခင်မောင်ဝင်း (သချာင်္)
(မိုးမခ) နိုဝင်ဘာ ၅၊ ၂၀၁၆
ပထမအကြိမ် ၂၀၁၆ အောက်တုုိဘာလ
ထုုတ်ဝေသူ – ဦးလှတုုိး
ရန်အောင်စာပေ ။တုုိက်၁၇ အမှတ် ၂၃ ရွှေအုုန်းပင်အိမ်ရာ။အနောက်ရန်ကင်း။
ဖြန်ချိရေး – ရန်အောင်စာပေ
အ ထ က (၁) ရန်ကင်းကျောင်းရှေ့ ဆုုိင်အမှတ် (H)၊ ၁၂လုုံးတန်းမှတ်တုုိင်အနီး။ ရန်ကင်းမြို့နယ်
ဖုုန်း- ၀၉ ၅၁၇၉ ၃၉ ၈၊ ၀၉ ၇၃၂၄၃၈၅၁။
အုုပ်ရေ – ၁၀၀၀
တန်ဖိုုး – ၃ဝဝဝကျပ်
မျက်နှာဖုုံးဒီဇုုိင်း – ထက်အာကာကျော်
စာမျက်နှာ – ၃၂၈
အပုုိင်းအားဖြင့် မာတိကာ ၃ပုုိင်း၊ တွက်နည်းနှင့်အဖြေ အပိုုင်း ၃ပုုိင်း ပါရှိသည်။ Academic Weekly Educational Journal တွင် အပတ်စဉ်ပါဝင်ခဲ့သည်များ မေးခွန်းနှင့်အဖြေများ စုုစည်းမူဖြစ်သည်။ ရန်အောင်စာပေမှ စာအုုပ်ငယ်လေးများ ၃အုုပ် ခွဲပြီး ထွက်ပြီးသားများကုုိ ပြန်လည်စုုစညး်ကာ ပေါင်းချူပ် ထုုတ်ဖြစ်ခဲ့တာ ဖြစ်သည်။ ပုုစ္ဆာတုုိင်းတွင် အဖြေရောက်ဖုုိ့ စဉ်းစားနည်းများကုုိ စဉ်းစားပြထားသည်။ ကိုုယ့်ဘာသာ စဉ်းစားလည်းရသည်။ စဉ်းစားနည်းများအတုုိင်း လုုိက်စဉ်းစားပြီး အဖြေထုုတ်လုုိ့ရသည်။ အဖြေလည်းပါတာကြောင့် ကိုုယ့်အဖြေနှင့်တုုိက်ကြည့်လုုိ့ရသည်။ ပုုစ္ဆာများမှာ အလျားအနံပုုစ္ဆာများ၊ လူမူရေးပုုစ္ဆာများ၊ ဂျီသြမေတြီပုုစ္ဆာများ၊ ဗဟုုသုုတဆုုိင်ရာ ပုုံများ၊ စသည်ဖြင့် စုုံလင်သော မေးခွန်းအဖြေများ ပါဝင်ထားပါသည်။