Thursday, April 3, 2008

Burma Poet – Zaw Gyi




Burma Poet – Zaw Gyi
ဧပြီလဖွား

မြန်မာ ကဗျာဆရာကြီး ဇော်ဂျီ (၁၉၀၇-၁၉၉၀)


ရှေ့ဆောင်လူငယ် အတွဲ ၁၊ အမှတ် ၄၊ ဒီဇင်ဘာ ၁၉၆၄ ခုနှစ်မှာရေးစပ်
ခဲ့တဲ့ကဗျာတစ်ပုဒ်။
ဂုဏ် အလှ တဲ့။
ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း
မင်း၏သားငယ်၊ သက်နှစ်ဆယ်သည်
ဘယ်ဂုဏ်မျိုးကို ကြိုက်သနည်း။
ရွှေဂုဏ် ငွေဂုဏ်၊ ရာထူး ဂုဏ်သည်
လူ့ဘုံလောက၊ အကာမျှတည့်
သူက ငြူစူ၊ မကြည်ဖြူ၍
ခွာယူလိုက ခွာ၍ရ။
ရိုးဂုဏ် ဖြောင့်ဂုဏ်၊ ယဉ်ကျေး ဂုဏ်သည်
လူ့ဘုံလောက၊ နှစ်သာရတည့်
သူက ငြူစူ၊ မကြည်ဖြူလည်း
ခွာယူမရ ကွာမကျ။ ။

ဆရာဇော်ဂျီ ၏ စာပေနှင့်ဘ၀ဖြစ်စဉ်အနည်းအကျဉ်း

၁၉၀၇ ခုနှစ် ဧပြီလ ၁၂- ရက်သောကြာနေ့တွင်ဖျာပုံမြို့၌အဖဦးယော၊
အမိဒေါ်စိန်ညွန့်တို့မှဖွားမြင်ပါသည်။သားချင်းကိုးယောက်အနက်သားဦးဖြစ်သည်။
အမည်ရင်းဦးသိန်းဟန်ဖြစ်ပါသည်။
ငယ်စဉ်ကဖျာပုံမြို့ဘုန်းတော်ကြီးကျောင်း၊မြန်မာကျောင်း၊အင်္ဂလိပ်မြန်မာအစိုးရအထက်
တန်းကျောင်း၊ဖျာပုံအမျိုးသားကျောင်း၊ရန်ကုန်မြို့အမျိုးသားအထက်တန်းကျောင်း၊အထောက်
ပံ့ခံမြို့မအမျိုးသား(တိုင်းရင်းသား)အထက်တန်းကျောင်းများတွင်ပညာသင်ကြားခဲ့ကာ
၁၁-တန်းဆင်းအောင်မြင်ခဲ့သည်။
၁၉၂၄တွင်သစ္စာဝါဒီသတင်းစာတိုက်ကကြီးမှူးကျင်းပသောကဗျာဘာသာပြန်ပြိုင်ပွဲတွင်
စိတ္တသုခလင်္ကာဖြင့်သစ္စာဝါဒီဆု(ရွှေဒင်္ဂါးငါးပြား)ရရှိခဲ့သည်။(Henry Wotton’The Character of
A Happy Lifeကဗျာဘာသာပြန်ဆိုမူဖြစ်သည်)
၁၉၂၅-၂၆တွင်ရန်ကုန်တက္ကသိုလ်တွင်ပညာသင်ခဲ့သည်။၁၉၂၈တွင်ပိတောက်ပန်းကဗျာကို
ရှေးဦးစွာဟံသာ့ကြေးမုံစာစောင်တွင်ဖော်ပြခြင်းခံရသည်။မတ်လထုတ်တက္ကသိုလ်ကျောင်း
တိုက်မဂ္ဂဇင်းတွင်ထပ်မံဖော်ပြခြင်းခံရသည်။ဥပစာတန်းမြန်မာစာအမှတ်အများဆုံး သာဒိုးအောင်
ဆုရခဲ့သည်။
၁၉၂၉တွင်ဝိဇ္ဖာဘွဲ့၊၁၉၃၆တွင်မဟာဝိဇ္ဖာဘွဲ့၊၁၉၃၈တွင်စာကြည့်တိုက်ပညာ၊
ပညာတော်သင်လန်ဒန်တက္ကသိုလ်နှင့်ဒဗ္ဗလင်တက္ကသိုလ်၌ပညာသင်ခဲ့သည်။
၁၉၄၀တွင်စာကြည့်တိုက်ဒီပလိုမာရရှိခဲ့သည်။၁၉၅၅တွင်စာပေဗမာန်ဆုစာပဒေ
သာဆု“သခင်ကိုယ်တော်မှိုင်း ဠီကာ”ရရှိခဲ့သည်။
၁၉၆၁တွင်သီရိပျံချီဘွဲ့တံဆိပ်ရခဲ့သည်။
၁၉၇၉တွင်”နင်လားဟဲ့ချစ်ဒုက္ခနှင့်အခြားဝတ္ထုတိုများ”ဘာသာပြန်စာအုပ်ဖြင့် အမျိုး
သားစာပေ(ဘာသာပြန်ရသစာပေ)ဆုရခဲ့သည်။
၁၉၈၇တွင်”ရှေးခေတ် ပုဂံကဗျာများနှင့်အခြားကဗျာများ”ကဗျာစာအုပ်ဖြင့်အမျိုးသား
စာပေ(ကဗျာ)ဆုရခဲ့သည်။
၁၉၉၀ စက်တင်ဘာလ ၂၆ ရက်ဗုဒ္ဓဟူးနေ့နံနက်ငါးနာရီခွဲအချိန်တွင်ရန်ကုန်မြို့ဗဟန်း
မြို့နယ်ကမ္ဘာဇလမ်း အမှတ်(၁၀က)နေအိမ်တွင်ကွယ်လွန်သည်။
၁၉၀၆ ခုနှစ်တွင်ဆရာဇော်ဂျီမွေးနေ့နှစ်တရာပြည့်အမှတ်တရအဖြစ်မြန်မာကဗျာဆရာ၁၀၀
စာအုပ်ထွက်ရှိခဲ့သည်။

ထိုစာအုပ်ထဲတွင်ဂျူနီယာဝင်းက”ကဗျာဆရာဇော်ဂျီအမှတ်တရ”ဟူ၍ကဗျာတစ်ပုဒ်ကို
ယခုလိုရေးဖွဲ့ထားပါသည်။


















လှိုင်းနှင့်စင်ရော်
လွမ်းစရာဖြစ်ရတာ “လှိုင်းကလေးသင်”မှာ၊
စူးစူးဝါးဝါး ပုရစ်သံ
သာယာနာပျှော်ဖွယ်ဖြစ်ရတာ ”သီချင်းသည်” မှာ၊
အသက်မရှိတဲ့ ဒီရေလဲ
သက်ဝင်လှူပ်ရှားလာရတာ ”ဒီရေသမီး” မှာ၊
မင်းကောင်းနော်ရထာ
ပြန်တမ်းတလာမိရတာ ”ရှေးခေတ်ပုံဂံပြည်မှာ၊
ဆွေးမြေံလာရ၊သွေးစက်နဲ့ကျမျက်ရည်စီးရပုံရယ်
”၁၉၄၈လွတ်လပ်ရေးနေ့”မှာရင်နင့်စရာ၊
ဒို့ဗိုလ်ချူပ်အသက်ပေးရ၊ ၀မ်းနည်းခံရခက်ရ
ထို့တနေ့က ဖြစ်ရပုံရယ်
”ပြောလိုက်ပါဘိ၊ ဟောပါဘိ” ကဗျာလေးထဲမှာ၊
လွတ်လပ်ရေးအဆင်သင့်ရလိုက်ကြတဲ့
သားငယ်သမီးငယ်တို့အတွက်
မောင်သစ်ဆင်း ကဗျာတွေထဲက
တန်ဖိုးရှိတဲ့ သတိပေးစကားတွေ
လွတ်လပ်ရေးတန်ဖိုးသိကြကွဲ့
သတိရှိကြပါကွဲ့ ဆိုတဲ့
”လွတ်လပ်ရေးအောင်ပွဲနေ့” ကအမှတ်တရပါ။
ခေတ်ကလဲမှီ
ရှေ့မှီ နောက်မှီ
ခေတ်သမိုင်းနှင့်လဲချီ
ဆရာဇော်ဂျီရဲ့ နှလုံးသားထဲက ကဗျာတွေ
နှလုံးသားနှင့် ခံစားကြည့်ကြဖို့တော့လိုနေပြီ။


အချက်အလက်များကို “ဇော်ဂျီ ကဗျာပေါင်းချူပ်”၊”အမျိုးသားစာဆိုဇော်ဂျီနှင့်
မြန်မာကဗျာဆရာတစ်ရာ”တို့မှရယူပါကြောင်းကိုမှတ်တမ်းတင်လိုက်ရပါသည်။



No comments: