Wednesday, April 30, 2008

May Day!

Rememberance – Birthday – May Day!

မေလ ၁ ရက်နေ့ဟာစာရေးဆရာမကြီးဒေါ်ခင်မျိုးချစ်(၁၉၁၅-၁၉၉၉)
ရဲ့မွေးနေ့ဖြစ်ပါတယ်။
မှတ်မှတ်ရရ အမှတ်တရ အဖြစ် ၁၉၈၆ ခုနှစ်မေလ ၁ ရက်နေ့တုန်းက
ဒေါ်ခင်မျိုးချစ်ရဲ့နေအိမ်မှာ ၆၁ နှစ်ပြည့်မွေးနေ့ကိုကျင်းပခဲ့စဉ်တုန်းကပေါ့။
အဲသည်တုန်းက ကဗျာဆရာမောင်စွမ်းရည်က မြေးတွေရဲ့အော်တို
စာအုပ်တစ်အုပ်မှာဟောဒီကဗျာလေးကိုလက်တန်းရေးဖွဲ့ပြီး
ဆရာမကြီးကိုဂုဏ်ပြုခဲ့ပါတယ်။

အမေချစ်မွေးနေ့ကဗျာ

အမေချစ်မွေးနေ့ကဗျာ

နွေသစ်ပါ ပကော

မေ (၁) မှာလှ

အမေချစ်မွေးနေ့ကြုံ။

ချီကာဂို ကလောင်ဓါးရယ်နဲ့၊

မီးတုတ်ကိုကိုင်ကာဖွားရော့ထင့်

ဖွားသည်နှင့် သိမ့်သိမ့်တုန်။

“အော်ကျော်“ မောင်ခေါ်တဲ့ ပွဲမှာလဲ

ဂေါ်ရာတွေ လော်မာလို့ သရဲပြန်တော့၊

အဒေါ်ဟာ ကလောင်ကာချဲခဲ့ရ၊

နွဲခဲ့တဲ့ အရေးတော်ပုံ၊

ကြံလေတဲ့ မုန်တိုင်း။

ဆန်း အကြွ၊ သန်း အထမှာလဲ

ရမ်းမကွဆို သူပါလို့

မန်း အမရဆီမှာ ဘမ်းဒဂမတွေ

ဆူမကွာ နွှဲသလိုပါ့၊

ဆူစရာဆို လူတကာ ထက်ကဲပေလိမ့်၊

ရဲခဲ့သမိုင်း ။



ထိုနေ့က ထိုအော်တိုစာအုပ်ေ်လးမှာပဲ ပန်းချီယဉ်မင်းပိုက်က

ဒေါ်ခင်မျိုးချစ် ရဲ့ ဓါတ်ပုံတစ်ပုံထဲကစကားပြောနေဟန်ကိုကြည့်ပြီး

လက်တန်းပန်းချီ sketch တစ်ခုကိုရေးဆွဲပေးခဲ့ကြောင်းပါ။

မေလမွေးနေ့ရှင်တစ်ဦးဖြစ်တဲ့ စာရေးဆရာကြီး ဦးသော်တာဆွေ အကြောင်းကို

မကြာမီတင်ဆက်သွားဖို့ရှိပါကြောင်းကိုဆရာဦးသော်တာဆွေအကြောင်းဖတ်ချင်သူသို့

ကြိုတင်အသိပေးလိုက်ရပါတယ်။



No comments: