Sunday, August 23, 2009

Selected Poem – juniorwin


၂၀၀၅ ခုနှစ် မေလထုတ် English for All

မဂ္ဂဇင်းမှခံစားမိသောကဗျာတစ်ပုဒ်ဂဏတွင်

ဖော်ပြခဲ့သော ဂျူနီယာဝင်း ဘာသာပြန်ကဗျာတစ်ပုဒ်


Patriotism

Sir Walter Scott

Patriotism

Breathes there the man with soul so dead,
Who never to himself hath said,
'This is my own, my native land!'
Whose heart hath ne'er within him burn'd
As home his footsteps he hath turn'd
From wandering on a foreign strand?
If such there breathe, go, mark him well;
For him no Minstrel raptures swell;
High though his titles, proud his name,
Boundless his wealth as wish can claim;
Despite those titles, power, and pelf,
The wretch, concentred all in self,
Living, shall forfeit fair renown,
And, doubly dying, shall go down
To the vile dust from whence he sprung,
Unwept, unhonour'd, and unsung.

ကိုယ့်တိုင်းပြည်ကိုမချစ်တဲ့သူများရှိခဲ့ရင်အဲဒီအဖြစ်ကိုယုံဖို့ခက်လှပါသည်။သို့သော်လည်းအဲဒီလိုတိုင်းပြည်

မချစ်တဲ့လူမျိုးများရှိနေရင်တော့သူ့ရဲ့အမည်ကိုသေချာမှတ်သားထားလိုက်ပါတဲ့။သူ့အတွက်တေးသီချင်းသီ

ကုံးပေးမည့်သူမရှိ။သူ့အတွက်အမည်မသေတဲ့ကဗျာလင်္ကာတွေရေးဖွဲ့မဆုံးနိုင်သူမရှိတာကိုသင်တွေ့ရပါလိမ့်

မည်..တဲ့။


“ဒါငါ့တိုင်းပြည် ငါ့မွေးဖွားရာ တိုင်းပြည်ရင်းလို့

မဟစ်အော်မကြွေးကြော်ဖူးတဲ့လူမျိုး၊

ကိုယ့်တိုင်းပြည်မှန်း မသိတဲ့လူမျိုး၊

ဒီကမ္ဘာလောကကြီးပေါ်မှာရှိသလား။

ပင်လယ်ရပ်ခြားတိုင်းပြည်အနှံ့ပျော်ပါးလှည့်လည်ရာက

ကိုယ့်အိမ်ဖက်ခြေဦးလှည့်လိုက်တာတောင်မှ

ငါ အိမ်ပြန်ချင်လိုက်တာဆိုတာမရှိ။

င့ါတိုင်းပြည်ကိုလွမ်းလိုက်တာဆိုတာမရှိ။”

“အဲဒီလိုမျိုးချစ်စိတ်မရှိတဲ့သူမျိုးရှိရင်သေသေချာချာမှတ်ထားလိုက်စမ်းပါ။

သူ့အတွက်များတော့ ကဗျာလင်္ကာတွေ ဘယ်သူမှမရေးထိုး-

သူ့အမည် သူ့ရာထူးဌာနတွေကတော့ဖြင့်ကျော်စော်ပါပေတယ်၊မြင့်မားပါပေတယ်-

သူဓနဥစ္စာများလည်း လက်ညှိုးညွှန်ရာရေဖြစ်ဆိုသလိုရေတွက်လို့မရနိုင်အော်ပေါများလှပါတယ်-”

“အဲဒီလိုရာထူးဌာနတွေ၊တန်ခိုးအာဏာတွေချမ်းသာကြွယ်ဝမူတွေရှိနေပေမယ့်……

အဲဒီလို တန်ဖိုးမရှိတဲ့သူဟာဖြင့်…

အရာရာငါ့ဖို့..ငါ့ဖို့ပဲ အဓိကထားတယ်။

ဒီလိုလူ အသက်ရှင်နေရင်

သူ့ဘ၀မှာ..နာမည်ကောင်းဆိုတာ မရှိ။

သေရင်လည်း နှစ်ခါပြန်သေဦးမည်။

သူလာခဲ့ရာ မြေကြီးဘ၀ ပြန်ရောက်ကာ….

သူ့အတွက်..

ငိုကြွေးမည့်သူမရှိ။

သူ့အတွက်….

အမည်မသေတဲ့တေးသီချင်းတွေ..သီကုံးဖွဲနွဲ့ပေးမည့်သူမရှိ။”


1 comment:

Rita said...

အစ်မရေ ဟိုးတစ်နှစ်ဆီက ယုဝတီလား တိုင်းရင်းမေလား မသိ၊ ဂျာနယ် အဟောင်းတစ်ခုမှာ ဆရာမကြီး ဒေါ်ခင်မျိုးချစ် ဘာသာပြန်တဲ့ အခန်းဆက် ဆောင်းပါးလေး တစ်ခု ဖတ်လိုက်ရပါတယ်။

"မဒမ်ကျူရီ နဲ့ ပီယာကျူရီ" တို့ အကြောင်းပါ။ အခန်းဆက်ဆောင်းပါးမို့ တစ်ပိုင်းတစ်စလေး ဖတ်လိုက်ရတာတောင် တော်တော် စွဲနေပါတယ်။ အဲဒါလေး ရှိမယ် ဆိုရင် ကျေးဇူးပြုပြီး တင်ပေးစေချင်ပါတယ်ရှင်။

ပီယာနဲ့ မာရီတို့အကြောင်း ရေးထားတာကို ဖတ်ရတာ ဘယ်လို စိတ်နှလုံးကို ဆွဲဆောင်မှန်း မသိပါဘူး။

အဲဒီ ဆောင်းပါစုလေး စာအုပ်ထုတ်ပြီးသား ရှိတယ် ဆိုရင်လည်း ညွှန်းပေးစေချင်ပါတယ်။