Monday, October 5, 2009

Tess of the D’urberville - ဂျူနီယာဝင်း

Reading for Pleasure! ပျှော်ဖို့အတွက်သာစာဖတ်ပါ။
Tess of the D’urberville
Thomas Hardy
1840-1928
British
Published – 1891
Others – Far from the Madding Crowd
The Return of Native
The Mayor of Casterbridge
Jude the Obscure
ပိုက်ဆံတပြားမှမချမ်းသာသောကုန်သည်တစ်ဦးJack Dubeyfield ၏သမီး Tess ကိုချမ်းသာသော
တခြားသောမိသားစုအမျူိးတော်စပ်သူ d’Urberville မိသားစုထံကောင်းစားစေဖို့စိတ်ကူးဖြင့်စေလွှတ်
လိုက်ရာမှထိုသူဌေးမိသားစုမှသားဖြစ်သူ Alec d’Urberville ၏ဆွဲဆောင်မူခံရကာကလေးတစ်ယောက်မွေးပြီး
ထိုကလေးငယ်လည်းသေဆုံးသွားသည်။နှစ်များစွာကြာပြီးနောက်Tess သည်နွားနို့်ညှစ်သမလေးအဖြစ်အလုပ်
လုပ်နေရင်းသူတကယ်ချစ်သော Angel Clare နှင့်တွေ့ဆုံကာလက်ထပ်ခဲ့သည်။သူတို့ဟန်းနီးမွန်းအသွားခရီး
မှာTessကသူ့နောက်ကြောင်းကိုဖွင့်ပြောခဲ့ရာAngel ၏စွန့်ပစ်ခြင်းကိုခံရသည်။ Angel ပြန်လာမည်ဟုယုံကြည်
ကာစောင့်ရင်းနှင့် Alec နှင့်ပြန်တွေ့သည်။Alec ကခင်ပွန်းဖြစ်သူစွန့်ပစ်ခံရသူအဖြစ်Tessကိုအမျိုးမျိုးမြူဆွယ်
သရော်လှောင်ပြောင်ကာသူနှင့်ပြန်နေဖို့ဆွယ်သည်။Tess သည်နားယောင်ပြီးAlec နှင့်အတူတူနေကြသည်။
ထိုအချိန်တွင်နောင်တနှင့်ပြန်လာသောခင်ပွန်း Angel ကTess ကိုပြန်လာရှာရာမှ Tess သည် Angel
နှင့်ပြန်ပေါင်းဖို့ Alec ကိုသတ်ပစ်လိုက်သည်။လာဖမ်းသောပုလိပ်များကိုရှောင်ဖို့ Angel နှင့် Tessတို့က
Stonehenge ကျောက်တုံးများကြားတွင်ပုန်းအောင်းနေကြစဉ်ဖမ်းမိသွားကာ Tess မှာလူသတ်မူဖြင့်
ကြိုးစွဲချခံခဲ့ရရှာသည်။
ဝတ္ထုကြီးတစ်ခုလုံးတွင် Tess သည်မျိုးစုံသောဖိအားများ၏တန်ဆာခံဖြစ်ခဲ့ရပုံကိုရေးဖွဲ့ထားသည်။
အမှန်တရားနှင့်သနားစရာအဖြစ်၊တရားဥပဒေနှင့်လူတစ်ဦးတစ်ယောက်၏အကျင့်စရိုက်တို့ကြားက
ကြီးမားလှသည့်ကွာခြားမူကိုဖော်ပြထားသည်။
မှတ်ချက်။
အလွန်ဖတ်လို့အကောင်းဆုံးအခန်းမှာ Tess ကိုပုလိပ်တွေလာဖမ်းစဉ်မှာသူ့ပေါ်မှီရင်းအိပ်ပျှော်
နေသော Tess နိုးသွားမည်စိုးပြီးပုလိပ်များကို Angel က…“သူအိပ်ယာကနိုးအောင်စောင့်ပေးပါ-
သူကောင်းကောင်းအိပ်ပျှော်ပါစေ..” ဟုတောင်းပန်ပြောနေသောအခန်းဖြစ်ပါသည်။
ထိုဝတ္ထုကိုသခင်ဘသောင်းမှ “ပန်းသာမစာဥ” အမည်ဖြင့်ဘာသာပြန်ဆိုခဲ့ဘူးသည်ဟုဆိုသည်။
ထိုဝတ္ထုကိုရုပ်ရှင်ရိုက်ကူးခဲ့ရာတွင် Tess အဖြစ် ကြည်ကြည်ဌေး ၊ ဗီလိန်လည်းဟုတ်
အလွန်နှာဘူးကျသောAlec အဖြစ် ကို အေးကြူကသရုပ်ဆောင်ရသည်။ ခေါင်းဆောင်မင်းသားအဖြစ်
Angel နေရာမှာဘယ်သူသရုပ်ဆောင်လည်းတော့မသိပါ။ထိုကားကိုကြည့်ပြီးသောမြန်မာပရိသတ်
တွေ၏ရင်ထဲမှာ အေးကြူကိုအလွန်မုန်းတီးစက်ဆုတ်ရွှံ့ရှာသွားကြကာတော်တော်ကြီးကိုလူမုန်းခံ
လိုက်ရသည်ဟုဆိုကြကြောင်းကိုလူကြီးသူမများထံမှသိရှိခဲ့ရပါကြောင်း။အေးကြူကိုသည်ရုပ်ရှင်မရိုက်
ခင်ကဒီဇာတ်ကောင်နေရာကိုမရိုက်ချင်လည်းရတယ်..ရိုက်ရင်အမုန်းခံရမယ်..ဟုကြိုတင်ပြောထား
သောလည်းအေးကြူကမကြောက်ပဲလက်ခံရိုက်ကူးခဲ့သည်ဟုကြားဖူးခဲ့ပါသည်။အဲဒါအနုပညာသည်ပါပဲ
မဟုတ်ပါလားခင်ဗျား….။

No comments: