Saturday, December 25, 2010

X Mas Poem. ခရစ်စမတ်သစ်ပင်တစ်ပင်. Junior Win

ဇွန် လ ချယ်ရီ မဂ္ဂဇင်း ၂၀၀၆ နှင့် ၂၀၀၇ ခုနှစ်ဒီဇင်ဘာလ EnglishFor All မဂ္ဂဇင်းများတွင်
ဖော်ပြခဲ့ဘူးသော နှစ်သစ်ဆုတောင်း ဘာသာပြန်ကဗျာလေးဖြစ်သည်။ယခုနှစ်နှင့်လျောညီဖို့၂၀၁ဝလို့ပြင်
ထားပါသည်။





“၂၀၁၀ ခုနှစ်
 ဒီခရစ်စမတ်မှာတော့ ကိုယ့်အသည်းနှလုံးမှာ
ခရစ်စမတ်သစ်ပင်တစ်ပင် စိုက်ချင်ပါတယ်။
အဲဒီသစ်ပင်ပေါ်မှာ
ခရစ်စမတ်လက်ဆောင်တွေ ချိတ်ဆွဲထားမယ့်အစား
ကိုယ့်ရဲ့သူငယ်ချင်းတွေအားလုံးရဲ့ အမည်တွေကို
ချိတ်ဆွဲထားချင်တယ်။
 ကိုယ်နဲ့အလွန် ရင်းနှီးတဲ့ သူငယ်ချင်းတွေနဲ့
ကိုယ်နဲ့သိပ််မရင်းနှီးတဲ့ သူငယ်ချင်းတွေရဲ့ အမည်တွေပါမယ်။
သူငယ်ချင်းအဟောင်းတွေနဲ့ သူငယ်ချင်းအသစ်တွေ ၊
 နေ့စဉ်နဲ့အမျှ တွေ့မြင်နေရတဲ့ သူငယ်ချင်းတွေနဲ့
ရှားရှားပါးပါးတွေ့ရတဲ့သူငယ်ချင်းတွေ၊
ကိုယ်အမြဲတမ်းသတိရနေတဲ့သူငယ်ချင်းတွေနဲ့
ကိုယ်တစ်ခါတရံ မေ့ရော့နေမိတဲ့ သူငယ်ချင်းတွေ၊
ကိုယ့်နဘေးမှာ အမြဲတမ်းရှိနေတဲ့သူငယ်ချင်းတွေနဲ့
ဘယ်တော့မှမရှိတဲ့ သူငယ်ချင်းတွေ၊
ကိုယ်နဲ့အတူခက်ခဲကြမ်းတမ်းတဲ့အချိန်အခါတွေမှာ
မျှဝေခံစားပေးတဲ့ သူငယ်ချင်းတွေနဲ့
ကိုယ့်ရဲ့ပျော်စရာအချိန်တွေမှာ ကိုယ်နဲ့အတူ
ပျော်ရွှင်ပေးတဲ့သူငယ်ချင်းတွေ၊
ကိုယ်ကမရည်ရွယ်ပဲနဲ့ နာကြင်အောင်လုပ်ခဲ့မိတဲ့ သူငယ်ချင်းတွေ၊
ကိုယ်ကသေသေချာချာသိထားတဲ့ သူငယ်ချင်းတွေနဲ့
အမည်လောက်သာသိတော့တဲ့သူငယ်ချင်းတွေ၊
ကိုယ့်ကိုဘာအကြွေးမှ မရှိသူတွေနဲ့
ကိုယ်ကအများကြီးရယူထားမိတဲ့ သူငယ်ချင်းတွေ၊
ကိုယ့်အပေါ်သစ်စ္စာရှိတဲ့ သူငယ်ချင်းတွေနဲ့
ကိုယ်ရဲ့အရေးပါတဲ့ သူငယ်ချင်းတွေ၊
ကိုယ်ဘဝထဲကို ဘယ်လိုတိုတောင်းစွာဘဲဖြစ်ဖြစ်
ဖြတ်ကျော်ဝင်ရောက်သွားတဲ့ သူငယ်ချင်းတွေအားလုံးရဲ့
အမည်တွေကို
ကိုယ့်ရဲ့ခရစ်စမတ်ပင်မှာ ချိတ်ဆွဲထားလိုက်မယ်။
ကိုယ်ရဲ့သစ်ပင်မှာ ခိုင်မြဲတဲ့ အမြစ်တွေရှိပြီး၊
ရှည်လျားပြီး ခွန်အားရှိတဲ့အကိုင်းအလက်တွေရှိနေတာကြောင့်
သူတို့ရဲ့ အမည်တွေကို ကိုယ့်ရဲ့အသဲနှလုံးထဲကနေ
ဘယ်တော့မှ ခူးဆွတ်သွားလို့မရဘူးလေ။
ပြီးတော့အသစ်အသစ်သော
အမည်တွေကလည်းရှိနေပြီးသား
အမည်တွေနဲ့အတူ တွေ့ဆုံကြလိမ့်ဦးမယ်။
သစ်တစ်ပင်ရဲ့အေးမြတဲ့အရိပ်အာဝါသကြောင့်
ကိုယ်တို့တတွေရဲ့သူငယ်ချင်းအဖြစ်ဟာ
ဘဝ၏ရုန်းကန်ခြင်းဆိုတဲ့လှိုင်းဂယက်အောက်မှာ
နားခိုရာဖြစ်ပါလိမ့်မယ်။
“ခရစ်စမတ်ကာလ၏ပျော်စရာအချိန်ကာလလေးသည်
နှစ်သစ်၏နေ့ရက်တိုင်းကို ထွန်းလင်းတောက်ပသွားပါစေလေသတည်း”
ဤကား
ကိုယ့်ရင်ထဲကဖြူစင်ရိုးသားသော ဆုတောင်းဖြစ်လေတော့သည်။ ”

No comments: