Monday, December 20, 2010

“ထိုက်တန်အောင်ကြိုးစားခြင်း”. ဂျူနီယာဝင်း

အတွေးအမြင် အမှတ် ၁၂၉ ။၁၉၉ရအောက်တိုဘာ+နိုဝင်ဘာဖော်ပြခဲ့သော
ဂျူနီယာဝင်း၏ပညာရေးဆိုင်ရာဆောင်းပါးတစ်ပုဒ်။



ကျောင်းသားတစ်ယောက်သည်မိမိနှင့်ထိုက်တန်သည့်အောင်မြင်မူနှင့်ညီမျှသောကြိုးစားမူလုံ့လဝီရိယရှိသင့်ပါသည်။မိမိမျှော်မှန်းသည့်အတို်ငးထိုက်တန်အောင်မည်သို့သောကြိုးစားမူမျိူးကိုာကြိုးပမ်းအားထုတ်သင့်ပါသလဲဟူသည့်အဖြေကိုလေ့လာမိရင်း“ထိုက်တန်အောင်ကြိုးစားခြင်း”ဟူသောဆောင်းပါးတစ်ပုဒ်ဖြစ်ပေါ်လာခဲ့ရပါသည်။
ပညာရေးလမ်းကြောင်းပေါ်တွင်ရပ်တည်ဖို့စိတ်ပိုင်းဖြတ်မိသောအချိန်မှာ၁၉၉၃ခုနှစ်သချင်္ာအဓိကနှင့်နောက်ဆုံးနှစ်ဂုဏ်ထူးတန်းကျောင်းသူဘဝတွင်ဖြစ်ပါသည်။ထိုစိတ်ဓါတ်မျိူးမှာကျွန်မတစ်ယောက်တည်းတွင်မဟုတ်ပဲတော်တော်များများသောကျောင်းသူကျောင်းသားသူငယ်ချင်းများ၏စိတ်ကူးထဲမှာရှိနေပြီးတက္ကသိုလ်ဆရာဆရာမများအဖြစ်ထိုက်တန်အောင်ကြိုးစားမည်ဟုသန္နိဠာန်ကိုယ်စီချထားကြပါသည်။
ထိုနောက်ဆုံးနှစ်ဂုဏ်ထူးတန်းအောင်ပြီးမဟာသိပ္ပံနောက်ဆုံးနှစ်တက်ရောက်ဖို့တစ်နှစ်စောင့်ရပါသည်။ထိုတစ်နှစ်စောင့်ရင်းကွန်ပြူတာတက္ကသိုလ်မှM.I.S.Cရေးဖြေစာမေးပွဲကိုတချိူ့သောကျောင်းသားကျောင်းသူများကဝင်ရောက်ဖြေဆိုခဲ့ကြပါသည်။ထိုရေးဖြေအောင်ပြီးအင်တာဗျူးဖြေရမည့်နေ့မှာကျွန်မတို့မဟာသိပ္ပံနောက်ဆုံးနှစ်ကျောင်းတက်ရန်ဖောင်ပိတ်သည့်နေ့နှင့်လာတိုက်ဆိုင်နေပြန်ရာသချင်္ာဘာသာရပ်ကိုပိုမိုစိတ်ဝင်စားပြီးသံယောဇဉ်ရှိသော၊တက္ကသိုလ်ဆရာဆရာမဘဝကိုပို၍မြတ်နိုးသောကျွန်မအပါအဝင်ရေးဖြေအောင်မြင်သူအချိူ့မှာထိုအင်တာဗျူးကိုသွားရောက်မဖြေဆိုကြတော့ပါ။
၁၉၉၅မတ်လတွင်မဟာသိပ္ပံနောက်ဆုံးနှစ်ကိုဖြေဆိုခဲ့ကြပါသည်။အောင်မြင်သူ၁၈ယောက်သာရှိခဲ့ပြီးတစ်ယောက်မှလည်းဂုဏ်ထူးမထွက်ကြပါ။အောင်မြင်ခဲ့သောကျွန်မနှင့်သူငယ်ချင်းတစ်စုသည်ဂုဏ်ထူးမရရှိခြင်းအတွက်-
“အခုဖြေရတဲ့လေးဘာသာ(၈ခုတွဲ)စလုံးဟာcourseအသစ်လည်းဖြစ်တယ်။စနစ်သစ်လည်းဖြစ်တဲ့အတွက်သင်တဲ့ဆရာတွေကည်းReferenceစာအုပ်တွေဖတ်ပြီးငါတို့တစ်တွေကိုအပင်ပန်းခံပြီးသင်ပေးကြရတယ်။တစ်နှစ်လုံးသင်ရတာမို့လို့စာတွေကလည်းတစ်ဘာသာချင်းဆီကိုစာအုပ်တွေအများကြီးနဲ့လက်ချာလိုက်ကြရတယ်။စာမေးပွဲနီးတော့စာတွေကများလွန်းလို့သူငယ်ချင်းတွေစုပြီးတစ်ယောက်နဲ့တစ်ယောက်သင်ပေးပြီးကျက်မှတ်ခဲ့ကြရတယ်။စာမေးပွဲမဖြေခင်ကတည်းကငါတို့တတွေဟာအောင်ရုံတောင်မနည်းဖြေကြရမှာပါလားလို့နားလည််နေခဲ့ကြတယ်။အောင်စာရင်းထွက်တော့လညး်ထင်တဲ့အတိုင်းမြင်တွေ့ကြရတယ်။ငါတို့တွေအားလုံးဂုဏ်ထူးမရာကငါတို့ဟာဆရာတွေမျှော်မှန်းတဲ့ဂုဏ်ထူးအဆင့်အတန်းကိုမပြည့်သေးလို့၊ငါတို့ကြိုးစားဖို့လိုသေးလို့၊ဂူဏ်ထူးနဲ့မထိုက်တန်သေးလို့ပဲလို့ကိုယ့်ကိုယ်ကိုယ်ဖြေသိမ့်နိင်ကြတယ်။”ဟုတညီတညွတ်တည်းထောက်ခံပြောဆိုခဲ့ကြပါသည်။
ထိုမဟာသိပ္ပံနောက်ဆုံးနှစ်ဖြေဆိုပြီးနှစ်ပတ်အကြာတွင်ကျူတာနည်းပြစာမေးပွဲကိုဖြေကြရပါသည်။၁၉၉၃ခုနှစ်နောက်ဆုံးနှစ်ဂုဏ်ထူးတန်းကျောင်းသားဘဝကတည်းကစိတ်ကူးယဉ်ခဲ့သောတက္ကသိုလ်ဆရာဆရာမများဘဝသို့ရောက်ရန်ခြေလှမ်းတစ်လှမ်းစလှမ်းရပြီဟုယူဆခဲ့ကြပါသည်။သို့သော်မဟာသိပ္ပံနောက်ဆုံးနှစ်စာမေးပွဲကိုကြိုးစားပမ်းစားဖြေဆိုရပြီးခြေကုန်လက်ပန်းကျနေကြသောကျွန်မနှင့်ကျွန်မသူငယ်ချင်းအချိူ့မှာထိုအလုပ်စာမေးပွဲကိုကောင်းစွာမဖြေနိုင်ခဲ့ဘဲအလုပ်စာမေးပွဲကျခဲ့ကြပါသည်။
“မဟာသိပ္ပံကျမ်းပြုစုရမည့်အချိန်မှာမဟာသိပ္ပံကျမ်းတစ်ခုတည်းကိုပဲစိတ်သွင်းပြီးလုပ်ရဖို့အခွင့်အလမ်းရတယ်လို့သဘောထားရမယ်။ကျမ်းတစ်ဖက်အလုပ်တစ်ဖက်လုပ်ရမယ်ဆိုရင်ဘယ်လွယ်ပါ့မလဲ။ဘာပဲဖြစ်ဖြစ်မဟာသိပ္ပံကျမ်းပြီးသွားတဲ့အခါကျရင်ငါတို့တတွေဟာကျူတာဆရာဆရာမဘဝနဲ့ထိုက်တန်ပြီပေါ့။အဲဒီလိုထိုက်တန်ဖို့အတွက်မဟာသိပ္ပံဘွဲ့ကိုရဖို့ငါတို့တတွေဆက်ကြိုးစားရမယ်။”ဟုတွေးတောခဲ့ကြပြီးနှစ်နှစ်အတွင်းပြီးစီးအောင်ရေးရမည့်မဟာသိပ္ပံကျမ်းအတွက်စိတ်ရောကိုယ်ပါနှစ်မြုပ်ခဲ့ကြပါသည်။ကျမ်းပြုစုနေစဉ်၁၉၉၅ခုနစ်ဇွန်လတွင်ကျွန်မနှင့်ကျွန်မသူငယ်ချငး်များသည်လုပ်သားကောလိပ်တွင်အချိန်ပိုင်းနည်းပြဝင်လုပ်ခဲ့ကြပါသည်။အချိန်ပြည့်နည်းပြတွေလောက်တာဝန်မကြီးပဲမိမိတာဝန်ယူရသောအတန်းတစ်တန်း၏ကျူတိုရီးရယ်အပေါ်တွင်တာဝန်ကျေအောင်လုပ်ရသောကြောင့်သက်သက်သာသာနှင့်မိမိ၏ကျမ်းကိုစိတ်ချမ်းသာစွာဖတ်ရူရေးသားနိုင်ခဲ့ကြပါသည်။လုပ်သားကောလိပ်တွင်စာသင်နှစ်သုံးကြိမ်ဆက်တိုက်လုပ်လာကြသောအချိန်ပို်င်းနညး်ပြများမှာ၁၉၉၆ခုနှစ်နိုဝင်ဘာလတွင်နညး်ပြခန့်ထားရန်လျှောက်လွှာ(သို့မဟုတ်)FullTimeဖောင်များတင်ခွင့်ရကြသဖြင့်နည်းပြဖြစ်လာဖို့လမ်းကြောင်းတစ်ခုပွင့်လေပြီဟုယူဆလို့ရပါသည်။
၁၉၉၆ခုနှစ်အောက်တိုဘာလခန့်တွင်သချင်္ာဌာနမှအချိန်ပိုင်းနည်းပြလျှောက်ဖို့လျှောက်လွှာများခေါ်ပါသည်။ရန်ကုန်တက္ကသိုလ်လှိူင်နယ်မြေ၊ကြည့်မြင်တိုင်နယ်မြေ၊ဗိုလ်တထောင်နယ်မြေ၊ဒဂုံတက္ကသိုလ်စသည်ဖြင့်မိမိကြိုက်နှစ်သက်ရာကိုလျှောက်ခွင့်ရှိသည်ဟုဆိုပါသည်။ကျွန်မနှင့်ကျွန်မသူငယ်ချင်းများမှာကျမ်းပြုစုနေစဉ်တွင်တစ်ပတ်တစ်ခါကျောင်းသို့ရောက်နေသောကြောင့်သိသိချင်းပင်လျှောက်လွှာများတင်ခဲ့ကြပါသည်။ကျွန်မသည်ကျွန်မ၏အိမ်နှင့်သွားရတာလွယ်ကူသောလှိူင်နယ်မြေကိုဦးစားပေးလျှောက်ခဲ့ကြပါသည်။ကျွန်မသူငယ်ချင်းများကတော့မရမည်ကိုစိုးရိမ်၍“လိုအပ်သည့်မည်သည့်နယ်မြေကိုမဆို”ဟူ၍လျှောက်လွှာများတင်ခဲ့ကြပါသည်။ကျမ်းပြီးရန်လပိုင်းမျှသာလိုတော့သည့်အတွက်မိမိ၏ပညာအရည်အချင်းနှင့်ထိုက်တန်သည့်အလုပ်တစ်ခုအပေါ်တွင်လည်းမျှော်လင့်ချက်များထားခဲ့ကြပါသည်။
ရွေးချယ်ခံထားရသူများကိုကြေညာသောအခါလှိူင်နယ်မြေအတွက်ရရှိသူများထဲတွင်ကျွန်မအမည်ပါလာပါသည်။ကျွန်မသူငယ်ချင်းအချိူ့မှာဒဂုံတက္ကသိုလ်တွင်ရကြပါသည်။အချိူ့မှာမည်သည့်နေရာမျှမရရှိကြပါ။ကျွန်မနှင့်ပညာအရည်အချင်းတူသူငယ်ချင်းများမရရှိကြခြင်းအတွက်ရရှိခဲ့သူများအံ့သြစိတ်မကောင်းဖြစ်ကြပါသည်။ခန့်ထားခြင်းခံရသူများမှာM.Scအောင်ပြီးသားများ၊thesisကျမး်ပြုစုနေဆဲသူများ၊နောက်ဆုံးနှစ်ဂုဏ်ထူးတန်းပူပူနွေးနွေးအောင်ပြီးသူများဖြစ်ပါသည်။ကျွန်မတို့နောက်ဆုံးနှစ်ဂုဏ်ထူးတန်းအောင်ခဲ့စဉ်တုန်းကစိတ်ကူးယဉ်ခဲ့သောအိပ်မက်တွေကိုလက်တွေ့ခံစားခွင့်ရကြတဲ့သူတို့လေးတွေကံကောင်းကြပါသည်။ထိုခန့်ထားခြင်းခံရသူအားလုံးမှာအလုပ်စဝင်ပြီးမကြာခင်မှာပင်FullTimeဖောင်များတင်ခွင့်ရကြပါသည်။
၁၉၉ရခုနှစ်မတ်လကုန်ပိုင်းလောက်တွင်အချိန်ပိုင်းနည်းပြများကိုအချိန်ပြည့်ခန့်ထားရန်အတွက်အင်တာဗျူးခေါ်ပါသည်။FullTimeဖောင်တင်ခွင့်ရသူများအားလုံးယခုအင်တာဗျူးတွင်ဝင်ရောက်ဖြေဆိုခွင့်ရကြပါသည်။
ကျူတာစာမေးပွဲတုန်းကလညး်မအောင်၊လုပ်သားကောလိပ်တွင်ကျွန်မတို့တွေအချိန်ပိုင်းနည်းပြဝင်လုပ်တုနး်ကလည်းဝင်မလုပ်၊၁၉၉၆အောက်တိုဘာလကအချိန်ပိုင်းနည်းပြတွေခေါ်စဉ်တုန်းကလည်းမသိရှိခဲ့၍လျှောက်လွှာမတင်ခဲ့သူများ၊လျှောက်လွှာတင်ခဲ့ပြီးမရရှိခဲ့သောသူငယ်ချငး်များကိုမည်သို့သောနှစ်သိမ့်စကားမျိူးဖြင့်ဖြေသိမ့်ရမည်ကိုကျွန်မမသိပါ။
“ငါတို့ဒဂုံတက္ကသိုလ်မှာM.Scပြီးပြီးသားတွေအချိန်ပိုင်းနည်းပြဘဝနဲ့အနည်းဆုံးလေးနှစ်လောက်ရှိနေတဲ့ဆရာဆရာမတွေရှိတယ်။သူတို့တတွေဟာငါတို့ထက်အချိန်ပို်င်းနည်းပြဘဝကိုအနစ်နာခံပြီးလုပ်နေကြတာပဲ။သူတို့ကတတွေဟာငါတို့ထက်ပိုပြီးနည်းပြဘဝနဲ့ထိုက်တန်ပါတယ်။ငါတို့တွေနည်းပြဘဝနဲ့ထိုက်တန်အောင်ကြိုးစားတယ်ဆိုတာသူတို့နဲ့နှိူင်းယှဉ်လို်က်ရင်ဘာမှမပြောပလောက်ပါဘူး။သူတို့တွေဒီအလုပ်ကိုပိုရသင့်ပါတယ်။”
ဒဂုံတက္ကသိုလ်မှာ၁၉၉၆အောက်တိုဘာလမှအချိန်ပိုင်းစလုပ်ခဲ့သောသူငယ်ချင်းတွေကကျွန်မကိုအထက်ပါအတို်င်းပြောကြပါသည်။အမှန်တကယ်တော့ထိုက်တန်အောင်ကြိုးစားခြင်းဆိုသည်မှာမိမိ၏ပညာအရည်အချင်းနှင့်ညီမျှသောပန်းတိုင်တစ်ခုကိုယုံကြည်ရဲဝံ့စွာဆုပ်ကိုင်ဖို့တစ်ခုတည်းမဟုတ်ပဲမိမိထက်ပို၍အနစ်နာခံထားကြသူများကိုကျေနပ်စွာနောက်ဆုတ်ပေးဝံ့သောစိတ်ဓါတ်လည်းရှိသင့်သည်မဟုတ်ပါလား။
Chemistryမေဂျာကကျွန်မသူငယ်ချင်း၏ညီမတစ်ယောက်ကတော့ထိုက်တန်အောင်ကြိုးစးသည့်အချက်အပေါ်တွင်ကျွန်မနှင့်ယခုလိုအမေးအဖြေလုပ်ခဲ့ပါသည်။
“နည်းပြဆရာဆရာမဘဝအပေါ်အစ်မတို့ခံယူချက်သဘောထားကညီမတို့နဲ့ထပ်တူထပ်မျှပါပဲ။ညီမအနေနဲ့ဖြည့်စွက်ချင်တာကM.Scဆိုတဲ့ဘွဲ့တစ်ခုရအောင်“ထိုက်တန်အောင်ကြိုးစားခြင်း”ဆိုတာပါပဲ။အဲဒီ“ကြိုးစားခြင်း”ဆိုတာကျောင်းသားတစ်ယောက်ရဲ့လု့ံလဝီရိယလို့အစ်မအနေနဲ့ဆိုလိုပါသလားဆိုတာသိချင်ပါတယ်။”
“ဟုတ်ပါတယ်။မိမိစိတ်ဝင်တစားရယူထားတဲ့ဘာသာရပ်အပေါ်မှာလေးစားတန်ဖိုးထားမူရှိရင်မိမိတန်ဖိုးထားတာနဲ့ညီမျှတဲ့ကြိုးစားမူလု့ံလဝီရီယဆိုတာအလိုလိုရှိလာမှာပဲ။“ပညာဆိုတာငွေနဲ့ပေးဝယ်လို့မရဘူး”လို့ရှေးလူကြီးတွေစကားရှိတယ်မဟုတ်လား။”
Physicsမေဂျာမှသူငယ်ချင်းတစ်ယောက်ကတော့နောက်ဆုံးနှစ်တက်နေစဉ်ကျွန်မကိုယခုလိုပြောပါသည်။
“ဒုတိယနှစ်တုန်းကHonoursတက်ဖို့အမှတ်မမီခဲ့တော့အခုနောက်ဆုံးနှစ်မှာQualifyဖြစ်ရင်ဆက်တက်ဖို့တော့ရည်ရွယ်ချက်မရှိပါဘူး။ဒါပေမယ့်ကျောင်းသားတိုင်းမှာQualifyနဲ့ထိုက်တန်အောင်ကြိုးစားမူဆိုတာရှိကြမှာပဲ။နင်ပြောတဲ့“ထိုက်တန်အောင်ကြိုးစားမူ”ဆိုတဲ့အချက်ကိုဘယ်ကျောင်းသားကမှဦးနှောက်ထဲထည့်ပြီးမိမိရဲ့ကြိုးစားမူဂရပ်နဲ့အဲဒီကြိုးစားမူနဲ့ထိုက်တန်မယ့်ရလဒ်ကိုတိုင်းထွာတွက်ချက်နေမှာမဟုတ်ဘူူး။ထိုက်တန်သည်ဖြစ်စေ၊မထိုက်တန်သည်ဖြစ်စေဘယ်ကျောင်းသားမဆိုQualifyဝင်ချင်ကြတာပဲမဟုတ်လား။”
မြန်မာစာအဓိကမှညီမတစ်ဦးကသိပ္ပံဘာသာတွဲမှဝဇ္ဇာဘက်ကိုပြောင်းပြီးလျှောက်ခဲ့သူမို့RollNoအမြင့်ဆုံးနှင့်တက်ရောက်ခဲ့သူဖြစ်ပါသည်။သူနှင့်စကားစပ်မိရင်းကျွန်မကိုယခုလိုမေးမြန်းခဲ့ပါသည်။
“သမီးကိုဂုဏ်ထူးတစ်ခုရဖို့“ထိုက်တန်အောင်ကြိုးစားခြင်း”ကိုသိချင်လို့ပြောပြပါဦး”
“တို့ကတော့အခုM.Scဘွဲ့ရတဲ့အထိဂုဏ်ထူးတွေဝေနေအောင်မရဖူးလို့ဘယ်လိုကြိုးစားမူလဲဆိုတာမဖြေတတ်ဘူး။ဒါပေမယ့်ဂုဏ်ထူးဆိုတာဆရာတွေရဲ့ပေတံနဲ့တိုင်းတာပြီးဆုံးဖြတ်တာလို့နည်းလည်ထားတယ်။ညီမဂုဏ်ထူးလိုချင်ရင်ဆရာတွေရဲ့ပေတံနဲ့ကိုက်ညီမူရှိအောင်ာကြိုးစားရမှာပေါ့။”
“အဲဒီဆရာတွေရဲ့ပေတံဆိုတာဘာကိုခေါ်တာလဲဆိုတာရှင်းပြပါသဦး။”
“ဆရာတွေရဲ့ပေတံဆိုတာဆရာတစ်ယောက်ဟာသူသင်တဲ့ဘာသာရပ်တစ်ခုအပေါ်မှာသက်ဝင်ယုံကြည်မူ၊မိမိတပည့်ရဲ့ဖြေဆိုမူကိုကြည့်ပြီးသူသင်ကြားမူအတိုင်းလိုက်နာနိုင်မူ၊မလိုက်နာနိုင်မူကိုဆိုလိုတာလို့အပေါ်ယံအားဖြင့်အဲဒီလိုပြောရလိမ့်မယ်။မိမိသင်ကြားတဲ့အတိုင်းကြိုးစားဖြေဆိုထားတဲ့ကျောင်းသားတစ်ယောက်ရဲ့ဖြေဆိုမူကိုအမှတ်ခြစ်ရတဲ့ဆရာတစ်ယောက်ရဲ့ပီတိဆိုတာဘာနဲ့မှမတူဘူးလေ။ပီတိကိုပဲဆရာတွေစားနေကြတယ်လို့တောင်စကားရှိတယ်မဟုတ်လား။”
စာမေးပွဲမှာဖြေဆိုတဲ့အမှတ်အလိုက်ခုံနံပါတ်ပြန်စီတဲ့စနစ်ကိုကျင့်သုံးနေတဲ့ရန်ကုန်တက္ကသိုလ်စက်မူတက္ကသိုလ်မှာနောက်ဆုံးကနေပွတ်ကာသီကာအောင်မြင်ခဲ့တဲ့ကျောင်းသားတစ်ယောက်ကတော့ယခုလိုပြောပါသည်။
“ကျွန်တော်Y.I.Tမှာဆရာပြန်လုပ်ဖို့အားသန်ပါတယ်။ဒါမှစာသင်ရမှာ။အဲဒီရည်ရွယ်ချက်ကြောင့်အခုအချိန်ပိုင်းဝင်လုပ်နေတာလေ။ဒါနဲ့အဲဒီ“ထိုက်တန်အောင်ကြိုးစားခြင်း”ဆိုတာဘာကိုထိုက်တန်အောင်လဲဆိုတာပြောပြပါဦး။ဒါမှဘယ်လိုကြိုးစားတယ်ဆိုတာဆက်စဉ်းစားလို့ရမှာမို့လို့ပါ။”
ကျွန်မဖြေနိုင်တဲ့မေးခွန်းတွေ၊မဖြေနိုင်တဲ့မေးခွန်းတွေကိုသင့်လျှော်အောင်စကားပြေပြန်စီဖြစ်ခဲ့ပါသည်။အဲဒီထဲကတချိူ့သောအကြောင်းအရာများကိုအတိုချူံးစိစစ်ခဲ့ပါသည်။“ထိုက်တန်အောင်ကြိုးစားခြင်း”အပေါ်ကျောင်းသားကျောင်းသူအချိူ့၏ခံယူချက်သဘောထားများကိုလေ့လာခဲ့မိပါသည်။ကျွန်မ၏အဘွားစာရေးဆရာမကြီးဒေါ်ခင်မျိူးချစ်နှင့်စကားစပ်မိတော့အဘွားကသူရှစ်တန်းကျောင်းသူဘဝတုန်းကကြုံတွေ့ခဲ့ရသောအဖြစ်အပျက်လေးကိုပြောပြပါသည်။
“မေမေကြီးတို့ရှစ်တန်းမှာDဂုဏ်ထူးအဆင့်ထိထူးချွန်တဲ့သူတွေကိုဆယ်တန်းကိုကျော်ပြီးတက်ခွင့်ရှိတယ်။အဲဒီနှစ်ကကျောင်းသား၄ဝမှာငါးယောက်ပဲဆယ်တန်းကိုကျော်တက်ခွင့်ရပြီးအဲဒီအထဲမှာမေမေကြီးမပါလို့ငိုဖူးတယ်။အဖေအမေကိုလည်းဘယ်ဆရာကိုဖြင့်သွားပြောပေးပါဦးဆိုတာစိတ်ကူးမရှိပါဘူး။ဘယ်ဆရာကိုမှလည်းနားပူနားဆာမလုပ်ဖူးပါဘူး။ကိုယ့်အပြစ်နဲ့ကိုယ်ဆိုပြီးကျိတ်ခံစားခဲ့ရတယ်။ကိုယ်နဲ့မထိုက်တန်ပဲအတန်းကျော်တက်ခွင့်မရှိဘူးဆိုတာကလေးဘဝကတည်းကနားလည်နေပြီ။ကိုယ်နဲ့မထိုက်တန်ပဲဆယ်တန်းရောက်မယ်ဆိုရင်တောင်ကိုယ့်မိဘကဒီလိုအချောင်ခိုပြီးရောက်ဖို့အားပေးမှာမဟုတ်ဘူး။ကိုယ့်ရဲ့အသိစိ်တ်ကလည်းဘဝတလျှောက်လုံးမှာဘယ်သန့်ရှင်းနိုင်တော့မလဲ။ကိုယ်နဲ့ထိုက်တန်တယ်မထိုက်တန်ဖူးဆိုတာကိုယ့်ကိုယ်ကိုယ်အသိဆုံးပဲပေါ့။အဲဒီလိုထိုက်တန်အောင်ကြိုးစားမူဆိုတာ၁ဝဝရာခိုင်နှူန်းအပြည့်ရှိနေရမှာပဲ။အဲဒါကျောင်းသားတစ်ယောက်ရဲ့တာဝန်ပဲ။”
“ထို်က်တန်အောင်ကြိုးစားခြင်း”ဆိုသည့်အဓိပ္ပါယ်ကားကျယ်ပြန့်လှပေသည်။လေ့လာလေလေလေ့လာလို့မဆုံးနိုင်လေဖြစ်ပါသည်။ပညာရေးလမ်းကြောင်းပေါ်တွင်ခြေစုံရပ်နိုင်ဖို့ကြိုးစားကြသူတိုင်းကျောင်းသားတစ်ယောက်မျှော်မှန်းသည့်အောင်မြင်မူပန်းတိုင်ရောက်အောင်၊ဆရာဆရာမတစ်ယောက်ဖြစ်တည်ဖို့ထိုက်တန်အောင်ကြိုးစားကြဖို့တိုက်တွန်းချင်ပါသည်။ဘာကြောင့်ကျောင်းသားဘဝကတည်းကကြိုးစားဖို့လိုအပ်ပါသလဲ။ဘာကြောင့်မိမိမျှော်မှန်းသည့်အောင်မြင်မူပန်းတိုင်တစ်ခုကိုထိုက်ထို်က်တန်တန်ရရှိဖို့အတွက်ကြိုးပမ်းအားထုတ်ချင်သောစိတ်ဓါတ်ရှိကြဖို့တိုက်တွန်းရပါသလဲ။
Wordsworhtရေးတဲ့TheRainbowအမည်ရှိကဗျာတစ်ပုဒ်ထဲကစာကြောင်းတစ်ကြောင်းကိုဥပမာပြ၍ရှင်းပြချင်ပါသည်။
“The Child is Father of the Man”တဲ့။
“ကလေးတစ်ယောက်ရဲ့အရည်အချင်းတွေဟာသူလူကြီးတစ်ယောက်ဖြစ်လာတဲ့အခါရှိနေတဲ့အရည်အချင်းတွေနဲ့ထပ်တူထပ်မျှပါပဲ။”
တနည်းအားဖြင့်-
“လူတစ်ယောက်ရဲ့အနေအထိုင်၊အပြုအမူ၊အပြောအဆို၊အကျင့်စရိုက်တွေကိုလမ်းညွန်ပြသသူဟာတခြားသူမဟုတ်ပါဘူး။သူငယ်စဉ်ကလေးဘဝကပြုမူနေထိုင်တဲ့သူကိုယ်တိုင်ရဲ့ဗီဇဓလေ့စရိုက်တွေပဲဖြစ်ပါတယ်။”တဲ့။
ထို့ကြောင့်ကျောင်းသားသူငယ်ဘဝကတည်းကအကျင့်စာရိတ္တကောင်းမွန်သော၊ရိုးသားဖြောင့်မတ်သောသူများအဖြစ်သို့ကြိုးစားကြမှဖြစ်ပါမည်။မိမိတို့လိုချင်သောအောင်မြင်မူပန်းတိုင်တစ်ခုကိုထိုက်တန်သောကြိုးစားမူမျိူးနှင့်ကြိုးစားနိုင်ကြပါစေဟုရည်ရွယ်လျက်ကျွန်မ၏ဆောင်းပါးကိုနိဂုံးချူပ်လိုက်ပါသည်။



(ဆက်ပါဦးမည်။)

No comments: