အတွေးအမြင် အမှတ် ၂၀၂ နိုဝင်ဘာ ၂၀၀၉
ပါရာဆော်လ်
ဂျူနီယာဝင်း
ပါရာဆော်လ် (Parasol) အမည်ရှိပန်းချီကားကိုရေးဆွဲသူမှာ Fransisco de Goya ( ဂိုရာ )
ဖြစ်သည်။ယင်းပန်းချီကားသည်ရက်ထည်ပိတ်သားပေါ်တွင်ဆီဆေးနှင့်ရေးဆွဲထားခြင်းဖြစ်သည်။စပိန်နိုင်ငံ၊
မက်ဒရစ်မြို့ရှိ ပါရ်ဒိုနန်းတော်နံရံများတွင်ချိတ်ဆွဲဖို့အတွက်အထူးရေးဆွဲထားသောဆီဆေးပန်းချီကားစီးရီး
များထဲကတစ်ချပ်ဖြစ်သည်။ထိုချိတ်ဆွဲထားသောပန်းချီကားများမှာနေ့စဉ်ဘဝလှူပ်ရှားမူများ၊လူမူဘ၀နေ့စဉ်
မှတ်တမ်းသရုပ်ဖော်များကိုသာအထူးပြသထားသည်။ယင်းသည်မင်းသားနှင့်မင်းသမီးများ၏စားသောက်ခန်း
အတွက်အထူးတင်ဆက်မူဖြစ်သည်။ဘုရင်ချားလ်IV ၏မိဘုရားသည် ဂိုရာကိုခေါ်၍သူတို့၏ထမင်းစားခန်းအ
တွက်လှပပြီးပျှော်ရွှင်နှစ်လိုဖွယ်ကောငး်သည့်မြင်ကွင်းများဖြင့်တန်ဆာဆင်ဖို့ပန်းချီကားအပ်ခဲ့သည်။ယခုတင်
ပြထားသော ပါရာဆော်လ်သည်ထိုပန်းချီကားတွေထဲကတစ်ခုဖြစ်သည်။ဂိုရာ၏မိဘုရားအတွက်တုန့်ပြန်မူ
တစ်ခုဖြစ်သည်။ယခုအခါစပိန်ရှိမက်ဒ်ရစ်၌ The Prado ပြတိုက်တွင်ထားရှိသည်။
ပန်းချီကားသရုပ်ဖော်မူ။ ။
ပန်းချီကားတွင်ဂိုရာသည်ပြင်သစ်ဖက်ရှင်တစ်ခုကိုစပိန်ဖက်ရှင်နှင့်ဆက်သွယ်ပေးထားသည်။ပန်းချီကားထဲက
အမျိူးသမီးငယ်သည်မြေပြင်ပေါ်တွင်ထိုင်နေသည်။သူ့ကြည့်ရသည်မှာလမ်းအရှည်ကြီးလျှောက်လိုက်ရ၍အ
နားယူနေဟန်ဖြစ်သည်။အမျိူးသမီးငယ်သည်ထိုခေတ်ကပြင်သစ်စတိုင်ဖြင့်ဝတ်စားဆင်ယင်ထားသည်။
လက်ယာဘက်တွင်ယက်တောင်တစ်ခုက်ိုကိုင်ထားပြီးလက်ဝဲဘက်ကအဖြူအမဲခွေးကလေးကိုကျမသွားအောင်
ထိန်းထားသည့်ဟန်ဖြစ်သည်။လူရွယ်ကလေးသည် ပါရာဆော်လ်(ပြင်သစ်အသုံးတစ်ခုဖြစ်၍အဓိပ္ပါယ်မှာနေပူ
သည့်အခါ ဆောင်းသည့်ထီးဟူ၍ဖြစ်သည်။)ဖြင့်အမျိူးသမီးငယ်၏မျက်နှာနေမထိုးစေရန်ကာထားပေးသည်။
လူငယ်ကလေးဝတ်ထားသည့်စတိုင်မှာ မာဂျိူ ဟုခေါ်သောထိုခေတ်အခါကဆင်းရဲသူဆင်းရဲသားများ
ဝတ်ဆင်သောဝတ်စားဆင်ယင်မူဖြစ်သည်။သူ့ဆံပင်တွေကိုပိုက်ကွန်ဖြင့်သိမ်းဆည်းထားပြီးခါးတွင်
အရောင်အသွေးစုံသောပိုးထည်ခါးပတ်ကိုပတ်ထားသည်။နောက်ခံမှာကောင်းကင်ယံတွင်ရှိအနက်ရောင်တိမ်
ဆိုင်များကိုတွေ့ကြရသည်။သစ်ပင်များသည်ယိမ်းနွဲ့လျက်ရှိ၏။ကြည့်ရသည်မှာပြင်းထန်မည့်လေမုန်တိုင်း
လာတော့မည့်ဟန်ဖြစ်သည်။ပန်းချီကားသည်နွေးထွေးသောရာသီဥတုကိုပြလျက်ရှိပြီးယိမ်းနွဲ့နေသောသစ်ပင်
များကမုန်တိုင်းတစ်ခုလာတော့မည်ကိုသတိပေးနေဟန်ဖြစ်သည်။လူငယ်လေးမတ်တပ်ရပ်နေသည့်ဟန်မှာ
ခြေတစ်ဖက်ကနံရံကျောက်သားကိုမှီနေပြီးတစ်ဖက်ကအလွတ်ဖြစ်သည်။သူ့ကြည့်ရသည်မှာအမျိူးသမီးငယ်ကို
နေရောင်ဒဏ်မှ၎င်း၊ ပြင်းထန်သည့်မုန်တိုင်းဒဏ်မှ၎င်း ကာကွယ်ပေးနေရ၍ဂုဏ်ယူနေသည့်မျက်နှာပေးနှင့်
ဖြစ်လေသည်။
ပန်းချီးကားထဲကသူတို့နှစ်ယောက်စလုံးသည်နေပူဒဏ်ကိုရော၊လေမုန်တိုင်းကိုရောမမူသည့်ပုံသဏာန်ဖြစ်
သည်။ဂိုရာ၏ဇာတ်ကောင်များသည်ပျှော်ရွင်သည့်ဟန်အမူအယာများကိုပိုင်ဆိုင်ကြသည်။သူတို့၏မျက်လုံး
များကိုကြည့်မိသည့်သူသည်အပြုံးများပင်ကူးစက်အောင်ပြုစားနိုင်စွမး်သည်ဟုအဆိုရှိကြသည်။ထီးအကာအ
ကွယ်အောက်တွင်မျက်နှာပေါ်နေပြောက်များကျနေပုံ၊ထီးအမိုးပေါ်နေရောင်ကျသည့်ဘက်တွင်အရိပ်များထင်
ဟပ်ပုံ၊မျက်လုံးပေါ်နေ၏အရိပ်ထင်ကျနေမူများမှာဂိုရာ၏လက်စွမး်ထက်မူများပင်ဖြစ်သည်။
ပန်းချီကားကို ဂိုရာသည် ၁၇၇၇ ခုနှစ်တွင်ရေးဆွဲခဲ့သည်။ပန်းချီကား၏ဧရိယာမှာအလျား ၁၅၂ စင်တီမီတာ
(၅၉ ၁/၄ လက်မ)၊အနံ ၁၀၄ စင်တီမီတာ(၄၀ ၃/၄ လက်မ)တို့ဖြစ်သည်။
ဂိုရာအကြောင်း။ ။
ဂိုရာ(၁၇၄၆-၁၈၂၈)သည်စပိန်လူမျိူးပန်းချီဆရာတစ်ဦးဖြစ်သည်။၁၉ ရာစုနှင့် ၂၀ရာစုပန်းချီဆရာများထဲတွင်
အ၇ေးပါဆုံးသူတွေထဲကတစ်ဦးဖြစ်သည်။၁၇၈၆ခုနှစ်တွင်ဘုရင်ကိုယ်တိုင်ဂိုရာကိုတော်ဝင်အကယ်ဒမီအနုပညာ
(Royal Academy Art )တွင်ရွေးချယ်ခန့်အပ်ခဲ့သည်။ ၁၇၈၉တွင်ပထမဦးဆုံးရုံးတော်ပန်းချီဆရာဖြစ်လာသည်။
၁၇၇၃ ခုနှစ်ဂျူလိုင်လ၂၅ တွင်တော်ဝင်အကယ်ဒမီပန်းချီအနုပညာမှအသင်းဝင် Josefa Bayeu နှင့်လက်ထက်
ခဲ့သည်။ ထိုစဉ်ကဂိုရာသည်၅နှစ်အတွင်းတွင်ပန်းချီကားပုံစံပေါင်း ၄၂ ချပ်ရေးဆွဲခဲ့သည်။
၁၇၉၂ ခုနှစ်တွင်အပြင်းအထန်နေမကောင်းဖြစ်ကာလုံးဝနားလေးသွားရသည်။ သူ့ဘဝတွင် ထူးခြား
ပြောင်မြောက်သောရေးဆွဲမူများ၊သရော်လှောင်ပြောင်ဟန်ပန်းချီကားများ၊သူ့တီထွင်ဆန်းသစ်သောစိတ်ကူးများ
ကိုထည့်သွင်းရေးဆွဲမူများကိုများစွာတွေ့မြင်ခဲ့ကြရပါသည်။ထို့အပြင် သူရေးဆွဲမူများတွင်ပုံတူ ကာတွန်း
ပန်းချီဟန် (ကာရီကေးချား)များကိုလည်းသူ၏လွတ်လပ်သောစတိုင်များဖြင့်ရေးဆွဲမူများ၊ခပ်မာကျောကျော
ဒီဇိုင်းများဖြင့်မထိတထိဟန်ပန်များကိုလည်းတွေ့ရှိခဲ့ရပါသည်။
၁၈၂၄ ခုနှစ်တွင်ပြင်သစ်နိုင်ငံ ဘောဒိုးမြို့တွင်နိုင်ငံရေးခိုလှူံဖို့ထွက်ခွာသွားရင်းပန်းချီဆွဲသည့်
အလုပ်ကိုဆက်လက်လုပ်ကိုင်ရင်းဖြင့်၁၈၂၈ခုနှစ်တွင်ထိုအရပ်၌ပင်ကွယ်လွန်ခဲ့ပါသည်။သူ့ပန်းချီကား
တချိူ့ကိုထပ်မံခံစားတင်ပြလိုပါသေးသည်။

3 comments:
ပန်းချီကားအကြောင်းဖတ်ရတာ အလွန်နှစ်သက်ပါတယ်။
ကျေးဇူးတင်ပါတယ်။
ပန်းချီကား ရဲ့ သရုပ်ကို လှပစွာပုံဖေါ် ပေးလို့ 
ကျေးဇူးတင်ပါတယ်။
Thanks for sharing.
BINO
Post a Comment