Wednesday, September 3, 2014

Book Review - SYW' Story Book


ကျွန်တော်နှင့်ညီမလေး လိုလာ တို့၏ဇာတ်လမ်းများ (၁) ၊ (၂) - တကသိုလ်ရွှေရီဝင်း



စာအုပ်အမည် - ကျွန်တော်နှင့်ညီမလေး လိုလာ တို့၏ဇာတ်လမ်းများ (၁) ၊ (၂) နှစ်အုပ်
မူရင်းစာအုပ် - Charlie and Lola & My Completely best Story Collection
ဘာသာပြန်သူ - တကသိုလ်ရွှေရီဝင်း
အင်္ဂလိပ်မြန်မာ နှစ်ဘာသာ
စိတ်ကူးချိုချို အနုပညာစာပေ
ထုတ်ဝေသူ - ဦးစန်းဦး
၉ (က) ၁၆၄ လမ်း တာမွေ ရန်ကုန် ဖုန်း ၅၄၆၈၄၅၊ ၅၄၂၉ ၇၃
၂၀၁၄ သြဂုတ်လ
ပထမအကြိမ်
အုပ်ရေ - ၅၀၀
တန်ဖိုး - ၃၀၀၀ ကျပ်
စာမျက်နှာ - ၁၇၆

ချာလီနဲ့ လိုလာ မောင်နှမ နှစ်ယောက် ၏ဇာတ်လမ်းတိုများကို ပုံများနှင့်တကွ ဖော်ပြထားသော ရုပ်ပြစာအုပ်ဖြစ်ပါသည်။ မူရင်းစာအုပ်နှင့် အတူ မိခင်ဖြစ်သူ တကသိုလ်ရွှေရီဝင်း ဘာသာပြန်စဉ်က အတူ လိုက်ဖတ်ကြည့်ဖူးပါသည်။ မူရင်းစာအုပ်မှာ တစ်နှင့်နှစ် နှစ်အုပ်ဖြစ်ပါသည်။ အမှန်ပြောရရင် တစ်က သိပ်မဆိုးပါ။ လိုလာ့ကိုပြောတာဖြစ်ပါသည်။ မောင်နှမနှစ်ယောက် အပြန်အလှန် ဆော့ကစားကြ တာတွေမို့ ဖတ်လို့သိပ်ကောင်းပါသည်။ အမှတ်၂ ကိုဖတ်ကြည့်တုန်းက လိုလာ့ကို သူ့အကိုအပေါ်တွင် အနိုင်ယူတာ လွန်လွန်းသည် ဟုထင်မိသည်။ သူ့အကိုနှင့်သူ့အကိုငယ်ချင်းများကို တော့သူက အကုန်လျောက်လုပ်ခိုင်းကာာ သူ့ကလှည့်ကျတော့ ရှောင်ပြေးနေသည့် လိုလာ့ကို သဘောမကျ အမြင်ကပ်မိသည်။ ဒီလိုညီမမျိုး မကြိုက်ပါ။ ကျွန်မ မိခင်ဖြစ်သူကို အဲသည်အကြောင်း ပြောမိတော့ နင်ငယ်ငယ်တုန်းက နဲ့မတူဘူးလား ဟုပြန်ပြောပါသည်။ ကျွန်မငယ်ငယ်တုန်းက ကျွန်မအကိုအပေါ် အဲသည်လိုများ ဖြစ်နေသလား ဟု ပြန်တွေးကြည့်မိပါသည်။ အဲသည်လိုဆိုတော့လဲ လိုလာ ကမဆိုးပါလား။


No comments: