Wednesday, September 3, 2014

Book Review

စတီဗင်ဟောကင်း ကျွန်တော့သမိုင်းအကျဉ်းချူပ်- ဒေါက်တာခင်မောင်ဝင်း(သင်္ချာ)
 
စာအုပ်အမည်- စတီဗင်ဟောကင်း ကျွန်တော့သမိုင်းအကျဉ်းချူပ်
မူရင်းစာအုပ် - My Brief History by Steven Hawking
ဘာသာပြန်သူ - ဒေါက်တာခင်မောင်ဝင်း(သင်္ချာ)
ဒေါင်းစာပေ
၁၁၃- ၃၃ လမ်း အလယ် ကျောက်တံတားမြို့နယ်
ဖုန်း - ၃၇၃၂၁၀။ ၀၉  ၅၁၆ ၂၀၆၄
ပထမအကြိမ် ၂၀၁၄ ဇူလိုင်
အုပ်ရေ - ၅၀၀
တန်ဖိုး - ၂၀၀၀ ကျပ်
မျက်နှာဖုံး - နောင်နောင်စိုး
စာမျက်နှာ - ၁၂၈ (Index အပါအ၀င်)
(Index မှာ မူရင်းစာအုပ်တွင်မပါရှိပါ။ ဘာသာပြန်သူက စာဖတ်သူများ ပိုရွေ့ နားလည်စေရန် ဖြည့်စွက်ပေးထားခြင်းဖြစ်ပါသည်။)
အခန်းပေါင်း - ၁၃ ခန်း
ရူပဗေဒပညာရှင် စတီဗင်ဟော့ကင်း ကိုယ်တိုင်ရေး သမိုင်းအကျဉ်းချူပ်ဖြစ်သည်။ သူ၏ကလေး ဘ၀ကနေစလို့ သူလက်ရှိအခြေအနေအထိကို သူကိုယ်တိုင်နဘေးကနေ သူ့အကြောင်းများ စီကာပတ်ကုံး ပြောပြနေတာကို နားဆင်နေရသလို ခံစားသွားရမည့် စာအုပ်ဖြစ်ပါသည်။ သူ၏ကလေးဘ၀ကနေ သူ၏စိတ်ကူးအတွေးများ ယုံကြည်မူများကို တစစီဖတ်သွားရကာ သိပံပညာရှင် ဘ၀မှာ သူ၏ စိတ်ကူးများ ဘယ်လိုတွေးခေါ်ကာ စဉ်းစားလုပ်ဆောင်ခဲ့ပုံများကား စိတ်ဝင်စားဖွယ်ဖြစ်ပါသည်။ နားလည်ရန်ခက်ခဲလှသည့် သိပံ၏ အတွေးအခေါ်များ ဖြစ်သော တွင်းနက်၊ မဟာပေါက်ကွဲမူများ၊ ကြယ်မည်းများ၊ စိတ်ကူးယှဉ်အချိန်၊ တီကောင်တွင်း၊ အချိန်ကိုကျောက်ဖြတ်သွားရောက်ခြင်း၊ ဆွဲငင်အားများ၊ အချိန်စက်ကြီး အစရှိသော ဝေါဟာရများကို နားလည်အောင် ရှင်းလင်းရေးသားထားသည် များကိုတွေ့ရသည်။ ယင်းသည် ဘာသာပြန်သူ ဒေါက်တာခင်မောင်ဝင်း(သင်္ချာ)၏ စာဖတ်သူများကို နားလည်အောင် ရေးသားတတ်သော အနုပညာ စွမ်းကြောင့်ပင်ဖြစ်ပါလိမ့်မည်။

စတီဗင်ဟော့ကင်းသည် အသက် ၂၁ နှစ်အရွယ်လောက်တွင် ကုမရသော ရောဂါကိုခံစားခဲ့ရပြီး ဘီးတပ်ကုလားထိုင်ဖြင့်သွားလာနေရပြီး ဘာမှမလှူပ်ရှားနိုင် စကားလည်း မပြောနိုင် နေနေရသူဖြစ်လေသည်။ သို့သော် သူသည် သူ့လက်ချောင်းကလေးများကို သာလှူပ်ပြီး ကွန်ပြူတာကတဆင့် စာလုံးများကိုဖော်သော နည်းဖြင့် သူ၏အတွေးအခေါ်များကို လူများအား အသိပေးခဲ့သည်။ ထိုအခြေအနေဖြင့် ရေးသားခဲ့သော A Brief History of Time – From the Big Bang to Black Holes စာအုပ်သည် နယူးရောက် တိုင်း သတင်းစာတွင် အရောင်းရဆုံးစာရင်း ထဲတွင် ၁၄၇ ပတ်ပါဝင်ခဲ့သည်။ တိုင်းသတင်းစာတွင် စံချိန်တင် ၂၃၇ ပတ် တိုင်တိုင် အရာင်းရဆုံးစာအုပ်စာရင်းထဲ ပါခဲ့သည်။ ထိုစာအုပ်သည် ဘာသာ ၄၀ ဘာသာပြန်ခဲ့သည်။ စာအုပ် ဆယ်သန်းရောင်းခဲ့ရသည်။ စာဖတ်သူများ၏ စိတ်ဝင်စားမူများ၊ လူအများအာရုံစိုက်မူများ ခံခဲ့ရပါသည်။ သို့သော် ထိုအောင်မြင်သော အခြေအနေကို မရောက်ခင်မှာ သူ့ဘ၀ သူ့အကြောင်းများကား ယခုသူ့သမိုင်းအကျဉ်းချူပ်ကို ဖတ်ကြည့်မှသိမည် ဖြစ်ပါသည်။ သူ၏ သိပံပညာဆိုင်ရာ ကျိုးပမ်းမူများ၊ ကျမ်းမာရေးကြောင့် သူ့ဘ၀သည် အဆိုးထဲက အကောင်းကို ရှာတွေ့ခဲ့ရပုံများကို စိတ်ညစ်ညူးဖွယ်မဟုတ်ပဲ ဟာသဆန်ဆန်များ ရေးသားထားသည် ကိုတွေ့ကြရပါသည်။  ရှားပါးဓါတ်ပုံများ ပါဝင်ထားခြင်းများကြောင့် သူ၏ကိုယ်တိုင်ရေးအတုပတိသည် သူရေးသားသောစာများနှင့်အတူ စာဖတ်သူများ မငြီးမငွေ့ဖတ်သွားရပေလိမ့်မည် ဟုကောက်ချက်ချရမည် ဖြစ်ပါတော့သည်။



No comments: