Wednesday, December 13, 2017

ဂျူနီယာဝင်း – အသက်အန္တရာယ်ကို ချိမ်းခြောက်ခံနေရခြင်း

ဂျူနီယာဝင်း – အသက်အန္တရာယ်ကို ချိမ်းခြောက်ခံနေရခြင်း (အတွေးအမြင် ၂၀၁၇ နိုဝင်ဘာ) မိုးမခ၊ ဒီဇင်ဘာ ၈၊ ၂၀၁၇ ၁၉၈၉ ခုနှစ်ဂျွန်လ ၁၉ ရက်နေ့ထုတ် American Weekly Newsletter မှာ ဂျင် ဖူလာ (Jim Fuller) ရေးသားထားတဲ့ ဆောင်းပါးတစ်ပုဒ်ကို ကိုးကားတင်ပြသွားမှာ ဖြစ်ပါတယ်။ သူက လူတွေဟာ အသက်ကို စတေးပြီး ဘ၀ကို ရှင်သန်နေကြပါတယ်တဲ့။ အဲသည်အမှန်တရားနဲ့ လူတွေရဲ့ နေထိုင်မူပုံစံကို...

Thursday, November 2, 2017

ဂျူနီယာဝင်း ● အိပ်မက်တွေကို အကောင်အထည် ဖော်ပေးခဲ့ကြသူများ

ဂျူနီယာဝင်း ● အိပ်မက်တွေကို  အကောင်အထည် ဖော်ပေးခဲ့ကြသူများ (မိုးမခ) နိုဝင်ဘာ ၂၊ ၂ဝ၁၇ (အတွေးအမြင် နိုဝင်ဘာ ၂ဝ၁၇) (ဒီဆောင်းပါးကို ဆင်းရဲတွင်းနက်နေသူများ (၂) လို့ အမည်တပ်ရမှာဖြစ်ပါတယ်။ ဆင်းရဲတွင်းနက်နေသူများ အမည်တပ် ဆောင်းပါးတစ်ပုဒ်က Jeffrey Sachs ရေးသားသော The End of Poverty စာအုပ်နိဒါန်း (အဆိုတော် ဘိုနို (Bono) ရေး) တာကို ဘာသာပြန်ခဲ့တာ ဖြစ်ပါတယ်။) ● မင်းအိပ်မက်က ဘာလဲ ? ဒီမေးခွန်းက...

Tuesday, October 31, 2017

ခံစားမိတဲ့ အနုပညာ ဂျူနီယာဝင်း

ခံစားမိတဲ့ အနုပညာ(ရနံ့သစ်၊ ၂ဝ၁၁ ခုနှစ်၊ မတ်လ။)အော်စကာဝိုင်း (Oscar Wilde) သည် ၁၈၉၅ မေလမှစ၍ ၂ နှစ်တိုင် အလုပ်ကြမ်းနှင့် ထောင်ဒဏ်ကျခဲ့ရသည်။ ထိုအတောအတွင်း သူ့ခံစားချက်များကို ရေးသားထားသော De Profoundis ဆောင်းပါးရှည်သည် ၁၉ဝ၅ ခုနှစ်တွင် ထွက်ရှိခဲ့သည်။ ယခုဘာသာပြန်ထား သည်မှာ နိဒါန်းမျှသာ ဖြစ်ပါသည်။ သူသည် စာရေးဆရာဖြစ်ခြင်းကြောင့် သူ၏ ခံစားချက်များကို စာဖွဲ့၍ မကုန်ဖြစ်ခဲ့လေသည်။ Wilde တစ်ယောက် ၁၈၉၅ ခုနှစ် အကျဉ်းကျစဉ်မှာ သူသည် စာပေ ပညာရှင်တစ်ဦးအနေနှင့်...

Friday, October 27, 2017

ကိုယ်တိုင်ရေးပုံတူများ ရေးဆွဲခဲ့သူ ဂျူနီယာဝင်း

ကိုယ်တိုင်ရေးပုံတူများ ရေးဆွဲခဲ့သူAbrecht Durer (ဂျူရာ) (၁၄၇၁-၁၅၂၈) သည် ဂျာမန်လူမျိုး ပန်းချီဆရာတစ်ဦးဖြစ်ရုံမက သစ်သားထွင်းပုံနှိပ်ပန်းချီကားများကို လည်း ရေးဆွဲထွင်းတတ်သူဖြစ်ကာ သီအိုရီဆန်ဆန် စဉ်းစားတွေးခေါ်တတ်သူလည်း ဖြစ်ပါသည်။ ဖခင်ဖြစ်သူသည် ရွှေပန်းထိမ်ဆရာ တစ်ဦး ဖြစ်သည်။ သူ့ကို မေလ ၂၁ ရက်နေ့မှာ မွေးဖွားခဲ့ပြီး သားသမီး ၁၈ ယောက်ထဲတွင် သူက ဒုတိယမြောက်ဖြစ်လေသည်။ ဖခင်ဖြစ်သူ၏ ရွှေပန်းထိမ်အတတ်ပညာ၊ ပန်းချီပညာများအပြင် သူ၏ ခေါင်းကိုင်ဖခင်တစ်ဦးဖြစ်သူ Antonkoberger...

Thursday, October 26, 2017

ပန်းချီကား၏လိုက်ဖက်မှု ဂျူနီယာဝင်း

ပန်းချီကား၏လိုက်ဖက်မှု'မနက်ခင်း၊ နေ့လည်နေ့ခင်း၊ ညအိပ်ရာဝင်ချိန် ခရစ်ယာန် ဘုရားရှိခိုးကျောင်းမှ ခေါင်းလောင်းစီးသံများ သို့မဟုတ် ထာဝရ ဘုရား သခင်ကို အောက်မေ့သတိရစွာဖြင့် ကျေးဇူးတင်ဝတ်ပြုဆုတောင်းခြင်း'ဟု အဓိပ္ပာယ်သက်ရောက်သော ‘The Augelus’ အမည်ရှိပန်းချီကား ကို Jean Francois Millet (ရွန် ဖရွန်ဆွားမီလေ) (၁၈၁၄-၁၈၇၅)က ရေးဆွဲခဲ့သည်။ သူသည် ပြင်သစ်ပန်ချီးဆရာတစ်ဦးဖြစ်ကာ နာမည်ကျော် (ဘာဘီဇွန်) School ကျောင်းသား အဖွဲ့ဝင်တွေထဲက ဖွဲ့ဝင်တစ်ဦးလည်းဖြစ်သည်။Babizon(Barizon)...

Tuesday, October 24, 2017

မွန်တီခရစ်စတိုမြို့စားကြီးဝတ္ထုနှင့် ရုပ်ရှင် ကွာခြားမှု ဂျူနီယာဝင်း

မွန်တီခရစ်စတိုမြို့စားကြီးဝတ္ထုနှင့် ရုပ်ရှင် ကွာခြားမှုပန်းအလင်္ကာ၊ ၂ဝ၁ဝ၊ စက်တင်ဘာလ။The Count of Monte Cristo (မွန်တီခရစ်တိုမြို့စားကြီး) ဟု အမည်ရှိသော ဝတ္ထုကြီးကို ပြင်သစ်စာရေးဆရာကြီး Alexandre Dumas (၁၈ဝ၂-၁၈၇ဝ) က ပြင်သစ်ဘာသာဖြင့် ရေးသားခဲ့က ၁၈၄၄-၁၈၄၆ တွင် ထုတ်ဝေခဲ့သည်။ ဝတ္ထု၏ အမျိုးအစားမှာ သမိုင်းဝင်၊ စွန့်စားခန်းနှင့် အချစ်ဇာတ်လမ်းများဖြင့် တည်ဆောက်ထားသည်။ Dumas (ဂျူးမား) သည် 'မွန်တီခရစ်တို'ဟု အမည်တွင်သော ကျွန်း၏ အမည်ကို ကြားခဲ့စဉ်က ထိုကျွန်းနောက်ခံထားပြီး...

Monday, October 23, 2017

ရုပ်ရှင်ထဲက သမိုင်း၊ သမိုင်းထဲက ရုပ်ရှင် HOUSE OF SADDAM ဂျူနီယာဝင်း

ရုပ်ရှင်ထဲက သမိုင်း၊ သမိုင်းထဲက ရုပ်ရှင်HOUSE OF SADDAM(ပြည်သူ့ခေတ်ဂျာနယ်၂ဝ၁ဝ၊ စက်တင်ဘာလ၊ ၃ဝ ရက်)ယခုတင်ပြလိုက်သောHouseOfSaddamရုပ်ရှင်ကားမှာအမေရိကန်ကားတစ်ကားဖြစ်၍၂၀၀၈ခုနှစ်မှာထွက်ရှိခဲ့သည်ဟုဆိုထားပါသည်။ပြသချိန်ကတော့မိနစ်၆၀သာရှိပါသည်။အဓိကသရုပ်ဆောင်မှာYigal Naorဖြစ်ပါသည်။ဤရုပ်ရှင်သည်အီရတ်သမ္မတဆဒ္ဒါန်ဟူစိန်(SaddamHussein)၏အတက်အကျဘ၀ကိုရိုက်ကူးထားသောBBCတီဗီစီးရီးတစ်ခုဖြစ်သည်။BBCTwo(အမေရိကန်ပြည်ထောင်စု)တွင်အပိုင်း၎ပိုင်းခွဲ၍ပထမဦးစွာ၂၀၀၈ခုနှစ်ဇူလိုင်၃၀မှသြဂုတ်လ၂၀အထိလေးပိုင်းခွဲ၍ပြသခဲ့ရာအာရပ်ကမ္ဘာမှာပင်လူကြိုက်အများဆုံးဖြစ်ခဲ့သည်။SaddamHussein(ဆဒ္ဒါန်ဟူစိန်)(၁၉၃၇..၂၀၀၆)သည်အီရတ်သမ္မတအဖြစ်၁၉၇၉မှ၂၀၀၃ခုနှစ်ကြားအုပ်ချူပ်ခဲ့ကာအီရတ်စစ်ပွဲများကိုဦးဆောင်ခဲ့သူဖြစ်သည်။သူသည်ဘက်ဒက်မြို့မြောက်ဘက်Tikritဒေသတွင်လယ်သမားမိသားစုမှမွေးဖွားခဲ့သူဖြစ်ပြီးမိထွေးဖြစ်သူလက်ထဲမှာကြီးပြင်းခဲ့သည်။၁၉၅၅ခုနှစ်တွင်Bagdad(ဘက်ဒက်)သို့ရောက်ရှိခဲ့ကာနိုင်ငံရေးအခန်းဂဏတွင်ပါဝင်ခဲ့သည်။အတိုက်အခံBaathပါတီအာရပ်လူမျူိးရေးလှူပ်ရှားမူတွင်အဖွဲ့ဝင်ဖြစ်လာသည်။၁၉၅၉ခုနှစ်တွင်အီရတ်စစ်ဗိုလ်ချူပ်AbdulKarimQassinကိုလုပ်ကြံသည့်အဖွဲ့အစည်းကိုဦးဆောင်ခဲ့သည်။Kassemသည်ဒဏ်ရာရပြီးဆဒ္ဒါန်ကSyriaသို့ထွက်ပြေးသွားသည်။ထို့နောက်အီဂျစ်သို့ကူးခဲ့ကာ၁၉၆၂..၆၃တွင်Carioဥပဒေကျောင်းတွင်တက်ရောက်ခဲ့သည်။ထို့နောက်ဘက်ဒက်ဥပဒေကောလိပ်တွင်ဆက်လက်ပညာသင်ခဲ့သည်။၁၉၆၃တွင်Qassimကိုစစ်အရာရှိများဖြင့်ချီနှောင်နေသောBaathပါတီကချူပ်ကိုင်လွှမ်းမိုးလိုက်သည်။Baathပါတီဥက္ကဌအသစ်AbdulSalamarifသည်နောက်ပိုင်းတွင်Baathပါတီခေါင်းဆောင်များကိုထုတ်ပစ်ကာဖမ်းဆီးခြင်းများပြုလုပ်ခဲ့သည်။ဆဒ္ဒါန်သည်အီရတ်သို့ပြန်လာသည်။သို့သော်၁၉၆၄တွင်ထောင်ချခံခဲ့ရသည်။၁၉၆၇တွင်လွတ်လာပြီးဆဒ္ဒါန်သည်Baathပါတီခေါင်းဆောင်ဖြစ်လာသည်။ပါတီစည်ပြန်လည်၍အင်အားကြီးမားလာသည်။ဆဒ္ဒါန်သည်AhmadHassanAlBakrဦးဆောင်သောအဖွဲ့၏AbdulSalamArifကိုဖြုတ်ချရာတွင်ဝင်ရောက်ပါဝင်ခဲ့သည်။Al.Bakrသည်သမ္မတဖြစ်လာသည်။ဆဒ္ဒါန်သည်အီရတ်သမ္မတAl.Bakrနှင့်အပြိုင်သြဇာညောင်းလာခဲ့သည်။၁၉၇၉တွင်အီရတ်သမ္မတAl-Bakrသည်ရာထူးမှအနားယူလိုက်ပြီးဆဒ္ဒါန်ကသမ္မတဖြစ်လာသည်။‘HouseOfSadda’ရုပ်ရှင်သည်ဤနေရာမှစသည်ဟုဆိုနိုင်သည်။သို့သောစပြပြချင်းမှာ၂၀၀၃ခုနှစမေလအမေရိကန်သမ္မတGeorgeW.Bush(ေ၈ျာ့ဘွတ်ခ်ျ)၏ရုပ်မြင်သံကြားမှကြေငြာချက်ကိုဆဒ္ဒါန်တို့အဖွဲ့ကြည့်ရူနေကြသည်မှစသည်။ဆဒ္ဒန်နှင့်သူ့သားများအားအီရတ်မှ၄၈နာရီအတွင်းဆုတ်ခွာဖို့နောက်ဆုံးရာဇသံဖြစ်သည်။ထို့နောက်Bagdad(ဘက်ဒက်)သို့ဗုံးများကြဲလာသည်နှင့်တပြိုင်နက်ဆဒ္ဒါန်နှင့်သူ့မိသားစုပစ္စည်းများကောက်သိမ်းကာဘက်ဒက်မှထွက်ပြေးဖို့ပြင်ကြသည်။ထိုအခန်းပြီးနောက်မှာမ၁၉၇၉ခုနှစ်စက်တင်ဘာလတွင်ဆဒ္ဒါန်၏သမီးKala၏၇နှစ်ပြည့်မွေးနေ့ကျင်းပရာဆဒ္ဒါန်၏နေအိမ်မှာသူ့အဖွဲ့များစုဝေးနေသည်ကိုတွေ့ရသည်။ထိုမွေးနေ့ပွဲတက်လာသူပရိသတ်များထဲတွင်အီရတ်သမ္မတAl.Bakrပါဝင်လေသည်။မွေးနေ့လာပရိသတ်များနှင့်ခွဲထွက်ကာအီရတ်သမ္မတal.Bakrကိုဆဒ္ဒန်နှင့်သူစည်းရုံးသိမ်းသွင်းထားသောအရေးပါသောခေါင်းဆောင်ပုဂ္ဂိုလ်များကသီးသန့်အခန်းတစ်ခုတွင်တွေ့ဆုံကြသည်။ထိုတွေ့ဆုံပွဲကားအီရတ်သမ္မတAl.Bakrကိုရာထူးမှအနားယူဖို့ချိမ်းခြောက်ပြောဆိုကြသောအခန်းဖြစ်သည်။Al.Bakrသည်သူ့ဘက်မှရပ်တည်မည်ဟုယုံကြည်ထားသူများကသူ့အပေါ်သစ္စာမရှိကြောင်းသိသွားသောအခါမတတ်သာပဲလက်ခံလိုက်ရသည်။နောက်နေ့တွင်ဆဒ္ဒါန်၏ဆဒ္ဒအတိုင်း“ကျမ်းမာရေးမကောင်းလို့ရာထူးမှအနားယူမည်။ဆဒ္ဒါန်ဟူစိန်ကိုသူ့နေရာဆက်ခံစေမည်“ဟုကြေငြာလိုက်ရသည်။ဆဒ္ဒါန်သည်သမ္မတကြီး၏ဆဒ္ဒနှင့်ဆုံးဖြတ်ချကိုလေးစားရမည်ဟုကန့်ကွက်နေသူများအားပြောကြားလိုက်သည်။ဤကားဆဒ္ဒန်ဟူစိန်အီရတ်သမ္မတဖြစ်လာပုံကိုရိုက်ကူးတင်ပြခြင်းဖြစ်သည်။တကယ့်လက်တွေ့တွင်သည်အတိုင်းဟုတ်မဟုတ်တော့မသိပါ။ဒါရိုက်တာလိုင်စင်ဖြင့်ပရိသတ်လက်ခံနိုင်လောက်အောင်ရိုက်ထားခြင်းဖြစ်လေသည်။ဆဒ္ဒါန်အာဏာရလာပြီးနောက်သူ့ကိုဆန့်ကျင်သူများသဘောမကျသူများစိတ်မချရသူများကိုပြောင်ပြောင်တင်းတင်းပင်ဖမ်းဆီးကာသတ်ပစ်ခဲ့သည်။သူနှင့်ရဲဘော်ရဲဘက်စိတ်ဓါတ်ဖြင့်ဆဒ္ဒါန်အလိုအတိုင်းတသွေမသိမ်းလုပ်ပေးခဲ့သူAdnanHamdaniကိုဆဒ္ဒါန်ကိုယ်တိုင်သတ်ပစ်ခဲ့သည်။ထိုသို့သတ်ပစ်လိုက်ခြင်းမှာသူနှင့်ပြိုင်ဘက်အဖြစ်တချိန်ချိန်မှာသူ့ထက်သျှမ်းသျှမ်းတောက်ဖြစ်လာမည်၊သူ့ထက်တန်ခိုးကြီးလာမည်ကိုစိုးရိမ်သောကြောင့်ဖြစ်သည်။ဆဒ္ဒါန်ဟာသူ့ရဲ့ညာလက်ရုန်းဖြစ်တဲ့Hamdaniကိုဘာကြောင့်သတ်ပစ်ခဲ့ရသလဲဟုဆဒ္ဒါန်၏သွေးချင်းများ၊ဆဒ္ဒါန်၏လက်ရုန်းများအချင်းချင်းဆွေးနွေးခဲ့ကြလေသည်။အီရတ်သမ္မတဆဒ္ဒါန်ဟူစိန်၏နိုင်ငံရေးလှူပ်ရှားမူပြကွက်အစစ်အမှန်များကိုသတင်းအဖြစ်ထည့်သွင်းပြထားသောသမိုင်းဝင်အခန်းများပါဝင်ထားသည်။ဆဒ္ဒါန်သမ္မတဖြစ်လာပြီးတနှစ်အတွင်းမှာအိမ်နီးချင်းအီရန်နိုင်ငံနှင့်သွေးချောင်းစီးရက်စက်သောစစ်ပွဲများစတင်ခဲ့သည်။အီရတ်သည်စစ်ပွဲအတွင်းဓာတုလက်နက်များကိုအသုံးချကာတိုက်ပွဲဆင်နွဲခဲ့သည်။၈နှစ်ကြာသောအီရန်..အီရတ်စစ်ပွဲ၏အကျိုးဆက်ကားမရေတွက်နိုင်သောလူရာပေါင်းထောင်ပေါင်းများစွာသေကြေခဲ့ကြကာအပျက်အဆီးများထောင်ချီခဲ့သည်။အကြွေးဒေါ်လာ၇၅သန်းတင်ခဲ့သည်။တိုင်းပြည်သည်ဘာတိုးတက်မူမှမရှိပဲဆင်းရဲမွဲတေသွားသည်။ဆဒ္ဒါန်ကတော့ဒါကိုအောင်မြင်မူဟုကြွေးကျော်ခဲ့သည်။ဆဒ္ဒါန်သည်သူ၏အာဏာကိုသုံးကာနိုင်ငံငယ်ကလေးKuwaitကိုအကြွေးဆပ်ရာတွင်အတူဆပ်ပေးဖို့ချိမ်းချောက်ခဲ့သည်။ထိုParsianGulfWarစစ်ပွဲငယ်လေးသည်အီရန်အီရတ်စစ်ပွဲလောက်မကြီးကျယ်သောလည်းအပျက်အဆီးများခဲ့သည်။အမေရိကန်မှဦးဆောင်သောမဟာမိတ်အဖွဲ့မှဝင်ရောက်ဖြန်ဖြေရာဆဒ္ဒါန်သည်နိုင်ငံတကာပိတ်ဆို့မူခံခဲ့ရကာအထီးကျန်ဖြစ်သွားသည်။၁၉၉၀နောက်ပိုင်းတွင်တိုင်းပြည်သည်ဆဒ္ဒါန်၏သူ့လက်သူ့ခြေဖြစ်သွားသည်။ဆဒ္ဒါန်ဘက်ကသာအလျော့ပေးပြီးလက်တွဲလျှင်စီးပွားရေးပိတ်ဆို့မူများဖယ်ပေးမည်ဟုသောတောင်းဆိုချက်ကိုဆဒ္ဒါန်ကညင်းပယ်ခဲ့သည်။ဆဒ္ဒါန်၏အိမ်တွင်းရေးများဖြစ်သောဆဒ္ဒါန်နှင့်သူ့မိထွေးဆက်ဆံရေး၊သမီးဖြစ်သူအားဆဒ္ဒါန်၏ညီအကိုတော်စပ်သူBarzan၏သားနှင့်လက်ထပ်ပေးဖို့စီစဉ်ပုံ၊သားUDayနှင့်အာရပ်တခွင်အမဲလိုက်ခန်းများ၊သားအဖနှစ်ယောက်စကားပြောခန်းများအရဆဒ္ဒါန်သည်ငယ်စဉ်ကပထွေး၏အရိုက်အနှက်ခံခဲ့ရကာကြီးပြင်းခဲ့ရကြောင်းများသိလာရပုံ၊ကျောင်းဆရာမတစ်ဦးနှင့်တွေ့ဆုံကာအိမ်ထောင်သည်ဖြစ်သောလည်းလက်ထပ်ခဲ့ပုံများအပြင်အီရတ်စစ်ဗိုလ်ချူပ်နှစ်ဦးအားအီ၇တ်စစ်တပ်များဆုတ်ခွာဖို့အမိန့်ပေးခဲ့သဖြင့်သတ်မိန့်ချခဲ့ပုံများတွေ့ကြရမည်ဖြစ်ပါသည်။နောက်ပိုင်းတွင်ဆဒ္ဒါန်၏သွေးချောင်းစီးနှိတ်ကွပ်မူများ၊သမီးများနှင့်ခင်ပွန်းသည်များသူ့ထံမှထွက်ပြေးစွန့်ခွာ၊မိသားစုပြိုကွဲခဲ့ရပုံများ၊၂၀၀၃ခုနှစ်အမေရိကန်တပ်များဝင်ရောက်လာသဖြင့်ကိုယ်လွတ်ရုန်းထွက်ပြေးခဲ့ရသည်များနှင့်သူ၏သားများနိဂုံးချူပ်ခဲ့ပုံများပါဝင်ပါသည်။ဆဒ္ဒါန်သည်၂၀၀၃ခုနှစ်နိုဝင်ဘာလတိုင်ပုန်းရှောင်ခဲ့ကာနောက်ဆုံ့းတွင်အမေ၇ိကန်စစ်တပ်ကမိသွားသည်။၂၀၀၆ခုနှစ်ဒီဇင်ဘာလတွင်လူသားများအပေါ်ရက်စက်စွာညင်းပမ်းနှိတ်စက်ခြင်းကြောင့်အပြစ်ရှိသည်ဟုဆုံးဖြတ်ကာကွက်မျက်လိုက်သည်။ထိုရုပ်ရှင်နှင့်ပတ်သက်၍အပြင်လက်တွေ့နှင့်ကွာခြားမူများကို၂၀၁၀Encyclopediaစွယ်စုံကြမ်းတွင်ထောက်ပြထားသည်များထွက်ပေါ်လာသည်ကိုတွေ့လိုက်ရသည်။ပထမပိုင်းစစချင်းမှာရုပ်မြင်သံကြားသတင်းထဲတွင်လူတွေအော်ဟစ်နေတာက“ခေါင်းဆောင်ကိုဆန့်ကျင်သူတွေသတ်ပစ်”ဟူ၍ဖြစ်သောလည်းစာတမ်းထိုးလိုက်တာက“ဆဒ္ဒါန်၏နောက်လိုက်များကိုသတ်ပစ်”ဟူ၍ဖြစ်နေခြင်း(ထိုအချိန်မှာဆဒ္ဒါန်ကအီရတ်ခေါင်းဆောင်မဖြစ်သေးပါ။)၊၁၉၉၅ခုနှစ်ဆဒ္ဒါန်နှင့်သူ့မိသားစုရုပ်မြင်သံကြားကြည့်နေသောအခန်းတွင်ရုပ်မြင်သံကြားစက်သည်L.Gမြင်ကွင်းပြည့်အပျားတီဗီဖြစ်နေခြင်း(ထိုတီဗီမော်ဒယ်ပေါ်လာတာက၁၉၉၇ခုနှစ်မှာဖြစ်သည်။)၊ရုပ်ရှင်ထဲတွင်အသုံးပြုထားသောကားအမျိုးအစားအချို့မှာထိုအချိန်တုန်းကမပေါ်သေးသောVolkswagonနှင့်LinconTownCarလူချမ်းသာစီးသောဇိမ်ခံကားများဖြစ်နေခြင်း၊ဆဒ္ဒါန်၏ဒုတိယဇနီးSamiraကိုကျောင်းဆရာမဟုရိုက်ကူးထားသောလည်းအပြင်တကယ့်ဘ၀တွင်သူ၏ပထမဇနီးSajidaကအထက်တန်းကျောင်းအုပ်ဆရာမကြီးဖြစ်ကာသူ၏ဒုတိယဇနီးကဆ၇ာဝန်မဖြစ်နေခြင်း၊တနေရာတွင်အသုံးပြုထားသောမော်တော်ကားမှာမြောက်အမေရိကTunisiဒေသသုံးနံပါတ်ပြားချိတ်ထားသောကြောင့်ယင်းအခန်းကိုTunisi၌ရိုက်ထားခြင်းဟုယူဆနိုင်ခြင်း၊ဆဒ္ဒါန်၏သားUDay(အူဒေး)ကိုဖမ်းမိသောအခန်းများအပြည့်စုံခြင်း၊အမေရိကန်တပ်သားသုံးလက်နက်များမှာဗီယက်နမ်ခေတ်သုံးM16များဖြစ်ကာခေတ်မှီသောလက်နက်များမဟုတ်ခြင်း၊၁၉၈၉..၉၀တွင်ငအီရန်နိုင်ငံခြားရေးဝန်ကြီးTariqAziz၏ဆွစ်ဇာလန်ခရီးစဉ်တွင်စီးသောလေယဉ်မှာB737800နှင့်ဆင်တူနေခြင်း(ထိုကျဉ်းမြောင်းသောသေးသွယ်သောအင်ဂျင်နှစ်လုံးတွဲအမိုးမြင့်လေယဉ်မှာယခုခေတ်နောက်ပိုင်းမှာမှပေါ်လာခြင်းဖြစ်သည်)၊နောက်ဆုံးအပိုင်းဆဒ္ဒါန်ပုန်းအောင်းရာတွင်းထဲတွင်ဆဒ္ဒါန်၏ကော်ဖီအပူပေးခွက်အပေါ်တုန့်ပြန်မူများကထိုမာေ၇ကြောရေရှိသောထိုအီရတ်လူသားတစ်ဦးနှင့်ဘယ်လိုမှမအပ်စပ်ခြင်းစသောအချက်များဖြစ်ပါသည်။ထိုမတူညီချက်များကိုဖတ်ပြီးငယ်စဉ်တုန်းကပုံတူနှစ်ခုကိုယှဉ်ကြည့်ကာမတူသောအချက်များကိုလက်ညှိုးထိုးရှာဖွေထောက်ခဲ့ဖူးသော“SeeTheDifference”ကာတွန်းရုပ်ပုံများကိုသတိရမိသွားပါသည်။HouseOfSaddamရုပ်ရှင်ကားကမ္ဘာတခွင်သို့ရောက်ခဲ့လေပြီ။တကြိမ်တခါမှာတန်ခိုးအင်အားကြီးမားခဲ့သူတစ်ဦး၏ဘ၀အတက်အကျကိုသမိုင်းဝင်ဖြစ်ရပ်မှန်များဖြင့်ရိုက်ကူးထားသောကားတစ်ခုဖြစ်ပါသည်။သူသည်တခါတုန်းကဒီလိုအဆိုအမိန့်တစ်ခုကိုဆိုခဲ့ဘူး၏...

သမိုင်းထဲက ရုပ်ရှင်၊ ရုပ်ရှင်ထဲက သမိုင်း GANDHI ဂျူနီယာဝင်း

ပြည်သူ့ခေတ်ဂျာနယ်၂ဝ၁ဝ၊ သြဂုတ်လ၊ ၁၂ ရက်Gandhi (ဂန္ဓီ) ဟု အမည်တွင်သော ရုပ်ရှင်ကားကြီးသည် ၂ဝ ရာစု အစောပိုင်းကာလအတွင်း အိန္ဒိယတွင် ဗြိတိသျှအစိုးရအုပ်စိုးစဉ် ကာလ ဗြိတိသျှကို ဆန့်ကျင်ဦးဆောင်ခဲ့သူ အကြမ်းမဖက်သော လူထုခေါင်းဆောင် Mahatma Gandhi(မဟတ္တမဂန္ဓီ)၏ အတ္ထုပ္ပတ္တိကို ရိုက်ကူးထားသော ရုပ်ရှင်ဖြစ်သည်။ ဂန္ဓီအဖြစ် Ben Kingsleyက သရုပ်ဆောင်ကာ ဒါရိုက်တာမှာ Richard Attenborough (ထိုဇာတ် ကားတွင် အော်စကာရခဲ့) ဖြစ်လေသည်။ရုပ်ရှင်သည် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၃ဝ ရက် ဂန္ဓီလုပ်ကြံခံခဲ့ရသော...

Saturday, October 14, 2017

ဂျူနီယာဝင်း – စာဖတ်သူနဲ့သတင်းစာ ကောက်ကြောင်း

ဂျူနီယာဝင်း – စာဖတ်သူနဲ့သတင်းစာ ကောက်ကြောင်း (အတွေးအမြင် အောက်တိုဘာ ၂၀၁၇) မိုးမခ၊ အောက်တိုဘာ ၆၊ ၂၀၁၇  ၁၉၈၄ ခုနှစ်နိုဝင်ဘာလထုတ် American Weekly Newsletter မှာ ဖတ်လိုက်ရတဲ့ သတင်းတစ်ပုဒ်ပါ။ အမေရိကန်သတင်းစာ အယ်ဒီတာ တစ်ဦးရေးတဲ့စာလို့ ဆိုရမယ် ထင်ပါတယ်။ သူက သတင်းစာဖတ်သူတွေက သတင်းစာတွေမှာ ဘာကို ဖတ်ချင်ကြမလဲ လို့ ခေါင်းစဉ်တပ် မေးခွန်းထုတ်ထားပါတယ်။ သတင်းစာဆိုတာ နေ့စဉ်သတင်းစာပေါ့။...

Friday, October 6, 2017

ဘာသာပြန်ဆရာတစ်ယောက် ကြိုးစားခဲ့ရသမျှ (သို့မဟုတ်) အဲလစ်နှင့်ပတ်သက်သမျှ ဂျူနီယာဝင်း

ဘာသာပြန်ဆရာတစ်ယောက် ကြိုးစားခဲ့ရသမျှ (သို့မဟုတ်)အဲလစ်နှင့်ပတ်သက်သမျှ (ချင်းတွင်းမ ဂ္ဂဇင်း ၂၀၀၆)Lewis Carroll၏ Alice in Wonderland စာအုပ်ကို ဘာသာပြန်ဖို့စပြီး စိတ်ဝင်စားလာခဲ့ပြီးနောက်မှာ ၂ဝဝ၂ ခုနှစ် နှစ်စပိုင်း လောက်မှာ စရေးဖြစ်ခဲ့တယ်။ အဲဒီကနေ မုံရွေးက ဦးတာတို့ လက်ထဲ စာမူအပ်ခဲ့တဲ့ ဇန်နဝါရီလ ၂ဝဝ၅ ဆိုတော့ ၃ နှစ်လောက်ကြာခဲ့ပါ လားလို့ သုံးသပ်မိပါရဲ့။ ဒီကလေးစာအုပ်ကလေးကို ဘာဖြစ်လို့ ဒီလောက်ကြာခဲ့ရသလဲ... ဆိုတော့... ကျွန်မပြောချင်နေတဲ့ အဲလစ်နှင့် ပတ် သက်...

Thursday, October 5, 2017

စာအုပ်တစ်အုပ်အကြောင်း ကာမူးကိုမိတ်ဆက်ခြင်း ဂျူနီယာဝင်း

စာအုပ်တစ်အုပ်အကြောင်း ကာမူးကိုမိတ်ဆက်ခြင်း              Introducing Series(မိတ်ဆက်စာစဉ်) တွေကို စာရေးဆရာ ကိုတာက ဖေဖေဒေါက်တာခင်မောင်ဝင်းထံကို ပို့ပေးထားတဲ့ထဲက Introducing Camus စာအုပ်ကို ကျွန်မ ဘာသာပြန်ဖို့ ပေးထားခဲ့တာ ၂ဝဝ၄ ခုနှစ်ပိုင်းလောက်ကပါ။ ကျွန်မကို ပေးရတဲ့အကြောင်းက ကာမူး (Albert Camus) ဟာ ပြင်သစ် စာရေးဆရာတစ်ဦးဖြစ်လို့ပါပဲ။ ပြင်သစ်ဘာသာနှင့် အကျွမ်းတဝင်ရှိနေဆဲ ကျွန်မကို သင့်တော်ဆုံးပဲ...