စာဖတ်သူများဆီကစာများ
ဂျူနီယာဝင်း
(ယခုအစီအစဉ်တွင်ကျွန်မရေးသားဘာသာပြန်ဖြစ်ခဲ့တဲ့ဆောင်းပါးစာအုပ်များကိုအကြောင်းပြုလို့မေးလာသောမေးခွန်းများကိုကျွန်မဘက်ကနေပြန်ဖြေခဲ့ရသည်များကိုချန်လှပ်လိုက်ကာစာဖတ်သူများဆီကဝေဖန်အကြံပြုစာများကိုပဲအထူးတင်ပြချင်ပါတယ်။)
ကျွန်မရဲ့စာရေးတဲ့သက်တမ်းအတွင်းမှာကျွန်မဆီကိုရေးတဲ့ပရိသတ်များဆီကစာများ(အများကြီမဟုတ်ပါ)ကို လက်ခံရရှိထားပါတယ်။ကျွန်မစာတွေစရေးဖြစ်တာကိုအတွေးအမြင်မဂ္ဂဇင်းမှာInPrintပါလာတဲ့အချိန်ကစပြီးတိုင်းတာမယ်ဆိုရင်၁၉၉၆ခုနှစ်ကစရေးဖြစ်တယ်ပေါ့။စရေးတဲ့ဆောင်းပါးများဟာပညာရေးနယ်ပယ်ထဲရောက်နေတဲ့ကျွန်မရဲ့ဘဝတွေ၊ဖြတ်သန်းခဲ့ရတဲ့ခံစားချက်တွေကိုရေးဖြစ်ခဲ့တယ်။ဒါတွေကိုဒီဘလော့မှာတင်ပေးခဲ့ပါတယ်။ပြန်ဖတ်ကြည့်လို့လည်းရပါတယ်။ကျွန်မရဲ့အရင်ဦးဆုံးဆောင်းပါးက“ဆက်ခံသူ”။ဒုတိယက“ကျွန်မနှင့်ကျွန်မ၏သူငယ်ချင်းများနှင့်စကားပြောခြင်း“။တတိယဆောင်းပါးက“ဆရာထက်တော်တဲ့တပည့်”ဖြစ်ပါတယ်။အဲဒီတတိယဆောင်းပါးပါတဲ့အမှတ်စဉ်၁၂၁ပါ။၁၉၉၆ဝန်းကျင်ပေါ့။
ကျွန်မရဲ့အဲသည်ဆောင်းပါးကိုဖတ်ပြီးစာဖတ်သူတစ်ဦးကသူ့အမြင်များကိုရေးကာအတွေးအမြင်သို့ပေးပို့လိုက်ပါတယ်။သူက“ဆရာထက်တော်ချင်သူသို့”လို့ရည်ညွှန်းထားပြီးကျွန်မရဲ့အမည်ကိုတော့ထည့်မပြောထားတဲ့အတွက်အတွေးအမြင်ကအယ်ဒီတာကဒါဟာကျွန်မကိုရည်ညွှန်းပုံဖြစ်တယ်ဆိုကာကျွန်မဆီပို့ပေးတဲ့စာဖြစ်ပါတယ်။အတွေးအမြင်မှာထည့်စေလိုတဲ့သဘောသက်ရောက်သောလည်းစာရေးသူရဲ့လိပ်စာမပါဝင်ခြင်းကြောင့်ထည့်လို့မဖြစ်နိုင်ဘူးလို့အယ်ဒီတာကပြောပါတယ်။စာကိုအခုထိသိမ်းထားပါတယ်။ရေးသားသူအမည်သာပါပြီးလိပ်စာမပါတဲ့အတွက်ကျွန်မလည်းစာပြန်ဖို့ထက်ကိုကျွန်မရဲ့သုံးပုဒ်မြောက်ဆောင်းပါးပါပြီးရလာတဲ့ပထမဦးဆုံးစာဖတ်သူဆီကစာဆိုပြီးအမှတ်တရထားမိတယ်ပေါ့လေ။သူ့စာမှာသူအလေးထားချင်တဲ့စာကြောင်းများကိုမှင်နီသားပြီးရေးထားပါတယ်။စာကအလွန်ရှည်လျားပါသဖြင့်စာဖတ်သူများအတွက်ဘာသာရပ်ဆိုင်ရာများကိုကျော်ထားပါတယ်။
ကျွန်မဖေဖေကတော့ကျွန်မကိုအခုလိုစာဖတ်သူဆီကဝေဖန်စာကိုရရှိတာကောင်းတယ်လို့ပြောပါတယ်။ကိုယ့်စာကိုမကြိုက်ကြောင်းပြောတဲ့သူရှိတာကောင်းသတဲ့။သည်လူဟာလည်းကိုယ့်ပရိသတ်ဖြစ်တယ်တဲ့။သူဟာကျွန်မစာကိုဝေဖန်ထောက်ပြပြောဖို့အတွက်ကျွန်မရဲ့ဆောင်းပါးကိုအစအဆုံးဖတ်တဲ့သူဖြစ်သတဲ့။ဒါကြောင့်လေးစားရမယ်လို့ပြောပါတယ်။
1.Letter 1
ဆရာထက်တော်ချင်သူ သို့/
ရေးသူ လင်းခိုင်
အတွေးအမြင်စာစဉ်သည်လစဉ်ကျွန်တော်ဝယ်မိသောစာအုပ်များထဲကတစ်အုပ်အပါအဝင်ဖြစ်ပါသည်။ရှေးစာဆိုများ၏အဆိုအမိန့်အပေါ်အခြေခံ၍ရေးသားသူ၊ဒဿနအကြောင်းရေးသူ၊လောကအတွင်းဖြစ်ခြင်းပျက်ခြင်းအပေါ်မိမိအမြင်အခြေခံ၍ရှေးစာနှောကာရေးသောသူစသည်ဖြင့်အမျိူးမျိူးအဖုံဖုံနှင့်တခါတရံကဗျာရှည်ကြီးများကိုဘာသာပြန်သူလည်းပါတတ်သေး၏။ရေးဟန်အမျိူးမျိူးနှင့်အကြောင်းအရာအမျိူးမျိူးရေးကြသည်များကိုတလတစ်ခါဖတ်ရူရသကဲ့သို့နှစ်လတစ်ခါမှဖတ်ရူရသည့်အကြိမ်များလည်းကြုံခဲ့ရပါသည်။ဤသို့ဖတ်မိခဲ့ရာမှ၁၉၉၆အောက်တိုဘာလထုတ်အတွေးအမြင်စာစဉ်၁၂၁ကိုဖတ်ရူအပြီးဤစာကိုရေးချင်စိတ်များတဖွားဖွားပေါ်မိပါသည်။
စိတ်အစဉ်၌ဖြစ်ပေါ်လာသောအကြိတ်အခဲလေးများကိုတစ်ကိုယ်တည်းဖြေရှင်းဖို့ကြိုးစားရာမှစာဖတ်သူအများပါသိစေလိုသောအကြောင်းအရာလေးများပေါ်လာခြင်းသည်ဤစာရေးရခြင်း၏အဓိကရည်ရွယ်ပင်တည်း။ကျွန်တော်၏ဤဆောင်းပါးသည်အတွေးအမြင်စာစဉ်၁၂၁၊စာမျက်နှာ၅၆ပါ“ဆရာထက်တော်တဲ့တပည့်”ဟူသောခေါင်းစဉ်တပ်ဆောင်းပါးကိုရည်ညွန်းပါကြောင်းပဏာမအသိပေးလိုပါ၏။
ထိုဆောင်းပါး၏ဆောင်းပါးရှင်သည်သချင်္ာနှင့်ကျောင်းပြီးသူ၊ဆရာဖြစ်သူများထက်တော်ချင်သူဖြစ်ကြောင်းကို၎င်း၏အရေးအသားများအရသိရှိနို်င်ပါသည်။သို့သော်သချင်္ာဘာသာရပ်၏သဘောသဘာဝကိုနားလည်မူလွဲမှားစွာနှင့်ရင်ဆိုင်ရင်းဘာသာရပ်အပေါ်ထားရှိသောသဘောထားများလွဲချော်နေသည်ကိုတွေ့ရပေသည်။
ဆောင်းပါးရှင်သည်သချင်္ာဘာသာ၏အဓိကလိုင်းခွဲPureMathsနှင့်AppliedMathsတို့အပေါ်၎င်း၏အမြင်ကိုတင်ပြလျက်၎င်းအနေဖြင့်PureMathsကိုအဘယ်ကြောင့်ယူခဲ့ရခြင်းအကြောင်းကိုအခြေခံကာရေးထားကြောင်းတွေ့ရှိနိုင်သည်။၎င်းသည်AppliedMathsမှပုစ္ဆာများကိုအလွတ်ကျက်မှတ်လေ့ရှိကြောင်းရေးသားထားပြီးထိုပုစ္ဆာများသည်အလွတ်ကျက်ထားမှရနိုင်မည်ဟူသော၎င်း၏သဘောထားကိုတင်ပြထားသည်မှာလွန်စွာဝမ်းနည်းဖွယ်ကောင်းလှပေသည်။
……………………………………………..
(သချင်္ာဘာသာရပ်နှင့်ပတ်သက်၍ရေးသားထားချက်များ……ကိုကျော်လိုက်ပါသည်။).
………………………………………………….
Appliedမှပုစ္ဆာများသည်သက်ဆိုင်ရာTheoremအပေါ်အခြေခံကာတွက်ချက်ရသောပုစ္ဆာများဖြစ်သောကြောင့်Seen၊Unseenပြဿနာတက်စရာအကြောင်းမရှိပေ။ဆရာထက်တော်ချင်သောဆောင်းပါးရှင်သည်၎င်းပုစ္ဆာအလွတ်ကျက်သည်ကိုဖော်ပြရုံသာမကAppliedMathsပုစ္ဆာများသည်အလွတ်ကျက်မထားလျှင်မရနိုင်သကဲ့သို့ရေးသားသွားသည်ကိုတွေ့ရပါသည်။(စာမျက်နှာ၅၇-စာ၂၉ဒုတိယကော်လံ)
ပုစ္ဆာတစ်ပုဒ်၏မေးခွန်းကိုပါကျက်ရပါသည်ဟုဆိုထားသူထံမှထိုစာမျိူးထွက်လာသည်မှာမဆန်းလှသောလည်းနောင်လာနောက်သားများကAppliedMathsဆိုသည်မှာကျက်ထားရမည့်ဘာသာဟုမှားယွင်းစွာထင်မြင်သွားကြမည့်အရေးမှာစိုးရိမ်ဖွယ်ကောင်းလှပေသည်။
ထိုဆောင်းပါးရှင်သည်AppliedMathsမှပုစ္ဆာများကိုကျက်ထားရလောက်အောင်အခြေအနေဆိုးရခြင်းမှာအခြေခံမှစ၍မပိုင်နိုင်ခဲ့ခြင်းကြောင့်ဟုဆိုရပေမည်။ဘာသာရပ်တစ်ခုကိုသင်ယူရာ၌မိမိ၏ဆရာများသင်ကြားပေးသလောက်သာကြည့်ရုံ၊သိရုံနှင့်မလုံလောက်ပေ။ဆရာ၏အာဘော်ကိုအခြေခံ၊မိမိ၏ထိုးထွင်ညဏ်ကိုအသုံးပြု၍Theorem၏အဓိကဆိုလိုရင်းကဘာလဲ၊ဒီTheoremကိုမည်သို့ချဲ့ထွင်အသုံးပြုနိုင်သလဲ၊Theoremနောက်ဆက်တွဲပြဿနာကဘာလဲ၊ပုစ္ဆာများ၏အခြေခံသဘော၊ပုစ္ဆာကိုမည်သို့ပြောင်းလဲ၍ရနိုင်မည်စသည်တို့ကိုမိမိကိုယ်တိုင်လေ့လာထားရန်လိုအပ်လှပါသည်။ကျောင်းသားများတစ်ဦးထက်တစ်ဦးသာသည်ဆိုသည်မှာဤအချက်ကိုအခြေခံကြောင်းလည်းတွေ့နိုင်ပါ၏။ဆရာများ၏သင်ကြားချက်များကိုအတူတူနားထောင်အတူတူအတန်းတက်ခဲ့ကြသောကျောင်းသားများအထဲတွင်မှမိမိ၏ကိုယ်ပိုင်ညဏ်ကိုအသုံးချတတ်သောကျောင်းသားများသည်ထက်မြက်ထူးချွန်ကြသည်မှာမလွဲပေ။ဆရာသင်လိုက်သည်မှာအတူတူပင်ဖြစ်သောလည်းကိုယ်ပိုင်ညဏ်နှင့်ယှဉ်၍သုံးတတ်သူမှာအသာရစမြဲဖြစ်ကြောင်းသတိပေးထားသောပုံပြင်များ၊ဆုံးမစာများမှာအများအပြားပင်ရှိလေသည်။သာဓကအနေနှင့်အကျဉ်းထုတ်ပြရမည်ဆိုလျှင်ကားဗေဒင်ဆရာကြီးထံမှဗေဒင်ပညာအတူသင်ကြားခဲ့ကြသောသူငယ်ချင်းနှစ်ဦးဗေဒင်ဟောပြောကြရာတွင်ကိုယ်ပိုင်ညဏ်ကိုအခြေခံ၍ဗေဒင်ပညာကိုချဲ့ထွင်ဟောကြားသူကသာလွန်ပေသည်။ဟူသောအချက်ကိုဖော်ကျူးသည့်ပုံပြင်မှာထင်ရှား၏။ဤပုံပြင်သည်ကားလူအများသိရှိပြီးကြားဖူးပြီးဖြစ်မည်ဖြစ်သောကြောင့်အကျယ်ကိုမဖော်ပြလိုတော့ပါ။
မိမိအလွတ်ကျက်ရသည်ကိုဖော်ပြထားရုံသာမကတပါးသူများပါအလွတ်ကျက်ကြလိမ့်မည်ဟုလွဲမှားစွာထင်မြင်ခြင်းမှာပုစ္ဆာများကိုကိုယ်ပိုင်ညဏ်နှင့်ဆင်ခြင်ခြင်းဟူသောအခန်းဂဏမည်မျှလျော့နည်းကြောင်းသိနိုင်ပေသည်။ဆရာများသင်ပြထားသောပုစ္ဆာများကိုနားလည်သဘောပေါက်စွာနှင့်တွက်တတ်ရန်မကြိုးစားဘဲအလွတ်ကျက်မှတ်ခြင်း၏အကျိူးကိုထိုဆောင်းပါးရှင်ခံစားရမည်မှာမလွဲနိုင်ပေ။ဆရာသင်ထားသောSeenပုစ္ဆာများကိုပင်အလွတ်ကျက်မှတ်ရသည်ဆိုခြင်းကြောင့်Unseenပုစ္ဆာများအပေါ်၎င်း၏စိုးရိမ်မှူများပြားခြင်းမှမထူးဆန်းလှပေ။ထို့ကြောင့်ထိုဆောင်းပါးရှင်အားအကြံပေးလိုသည်မှာTheoremမှစ၍ဇစ်မြစ်ကိုသေချာစွာမိမိကိုယ်ပိုင်ညဏ်ဖြင့်ကြိုးစားဖြေရှင်းရင်းAppliedMatheအပေါ်လွဲမှားစွာနားလည်မူများတဖြေးဖြေးပပျောက်သွားနို်င်မည်ဟုဖြစ်ပါသည်။ကိုယ်ပိုင်ညဏ်အသုံးချမူနည်းခဲ့မည်ဆိုပါကဦးနှောက်ပြပွဲကြီးတွင်မိမိ၏ဦးနှောက်မှာစျေးအကြီးဆုံးတန်ဖိုးကပ်ထားခြင်းခံရမည်ဖြစ်ကြောင်းသိပေးပါရစေ။
(……………………………………………
ဘာသာရပ်များAppliedMathsနှင့်Pureအကြောင်းရှင်းလင်းချက်များဖြစ်၍ကျော်လိုက်ပါသည်။…….)
…………………………………………)
ပုစ္ဆာတစ်ပုဒ်ကိုအနည်းဆုံး၄မျက်နှာ၅မျက်နှာရှိတတ်ရာသဘောတရားနားမလည်ပဲ၎င်းဘာသာရပ်များကိုလွန်စွာကြောက်သည်ဆိုသည်ကားအပြစ်မပြောလိုပေ။
“နောက်ဆုံးနှစ်ဂုဏ်ထူးတန်းတွင်အလွတ်ကျက်ရမှာကြောက်သောကျွန်မသည်PureMathsကိုပဲယူဖို့ဆုံးဖြတ်”(စာမျက်နှာ၅၈၊စာ၄၊ပထမကော်လံ)ဤအကြောင်းအရာအရAppliedMathsဆိုသည်မှာကျက်စာအဖြစ်၎င်းခံယူကြောင်းအပေါ်လွင်ဆုံးဖြစ်သည်။Appliedပဲဖြစ်ဖြစ်Pureပဲဖြစ်ဖြစ်သချင်္ာသည်ကျက်စာမဟုတ်ပါ။Theoremများ၊Defnများကိုပဲကျက်ထားသဘောပေါက်ထားရန်လိုသည်။ပုစ္ဆာတစ်ပုဒ်ခြင်းကိုလိုက်ကျက်နေမည်ဆိုလျှင်မဖြစ်နိုင်သလိုစာမေးပွဲ၌Unseenပုစ္ဆာနှင့်တိုးလျှင်အဖြေလွှာပေါ်ပုစ္ဆာကူးပြီးပြန်ပေးလိုက်ရုံမှတပါးမရှိနိုင်ပါ။ပုစ္ဆာများ၏သဘောအဓိပ္ပါယ်ကိုနားလည်အောင်ပြုလုပ်၍အထပ်ထပ်လေ့ကျင့်ထားခြင်းဖြင့့်Unseenပုစ္ဆာများကိုလည်းရင်ဆိုင်နိုင်မည်ဖြစ်သည်။
Unseenဟူသောအသံကြားရုံမျှနှင့်စိုးရိ်မ်စိတ်သိပ်ကြီးရန်မလိုလှပေ။Unseen၏သဘောကိုပြောပါဦးအံ့။
(…ရှင်းလင်းချက်များကိုကျော်လိုက်ပါသည်…………………………..)
Unseenပုစ္ဆာဟူသည်ကားSeenပုစ္ဆာများအဝတ်လဲလာခြင်းဖြစ်သည်။စာမေးပွဲမတို်င်မီသင်ခန်းစာများအပေါ်သေချာစွာလေ့လာသဘောပေါက်ထားခြင်း၊စာမေးပွဲခန်းထဲ၌ဦးနှောက်အနည်းငယ်သုံးစဉ်းစားခြင်းတို့သည်ကားUbseenပုစ္ဆာဖြေရှင်းနည်းအခြေခံနည်းလမ်းပင်ဖြစ်သည်။
(…ရှင်းလင်းချက်များ……)
(ရှင်းလင်းချက်များပါသည်များကျော်လိုက်ပါသည်)
(…….)
သချင်္ာသည်ကျက်စာမဟုတ်ပါ။AplpliedMathsdသည်ကျက်စာမဟုတ်ပါ။ကြက်တူရွေးကျက်ကျက်ခြင်းကင်းနိုင်ကြပါစေဟု….။
လင်းခိုင်
………………………………………………………………………………………………………………..
Letter 2
ဒုတိယရရှိတဲ့စာကတော့မန္တလေးကဘုရားကြီးတိုက်ချမ်းမြေ့သာစည်မြို့နယ်ကအရှင်သာဂရ။ဦးညာဏောဘာသကျောင်းလို့ရေးထားပါတယ်။ဒီစာဟာလည်းအတွေးအမြင်တိုက်ကိုရောက်လာတဲ့စာပါ။၂၀၀၁ခုနှစ်ဂျွန်လ၂၄ရက်စွဲနဲ့ပါ။ရေးသူဦးပုဇဉ်းကကျွန်မရဲ့ဆယ်နှစ်လရာသီဘာသာပြန်ကိုနှစ်သက်ကြောင်းရယ်၊အင်္ဂလိပ်စာတိုးတက်ဖို့အတွက်အကြံညဏ်များတောင်းထားပါတယ်။အသက်၂၃နှစ်အရွယ်ဦးပုဇဉ်းရဲ့စာကိုကျွန်မကစာတိုက်ကနေပဲRegisteredလုပ်ပြီးပြန်ခဲ့ပါတယ်။စာထဲမှာတော့ကျွန်မကိုအထင်တကြီးမေးထားတဲ့အင်္ဂလိပ်စာနဲ့ပတ်သက်လို့အကြံညဏ်တချိူ့ကိုရှာဖွေကြိုးစားကာပေးလိုက်တာပါပဲ။အသုံးဝင်မလားဆိုတာတော့မသိဘူးပေါ့လေ။စာရမယ်လို့မျော်လင့်ပါတယ်ရှင်။
……………………………………………………………………………………………………………
တတိယစာကတော့English for All မဂ္ဂဇင်းမှာကဗျာတွေဘာသာပြန်တဲ့ကျွန်မဆီကိုမဂ္ဂဇင်းအယ်ဒီတာက
တဆင့်ပေးပို့လိုက်တာပါ။၂ဝဝရလောက်ကထင်ပါတယ်။ရေးသူကသန်းဦးတောင်တွင်းကြီးကဖြစ်ပါတယ်။အဓိကအချက်ကတော့ဘဘကြီးမေမေကြီးတို့ရဲ့အရင်ကဆောင်းပါးများကိုလည်းEFAမှာထည့်ပေးဖို့အကြံပေးထားပါတယ်။အထူးသဖြင့်WPDကဆောင်းပါးများပေါ့။ဘဘကြီးမေမေကြီးတိုိ့ရဲ့လေးစားချစ်ခင်သူဆီကစာဖြစ်လို့ဝမ်းသာမိပါရဲ့။သူပေးတဲ့အကြံညဏ်များအရစာရေးဆရာများဟာငွေကြေးချမ်းသာသူများမဟုတ်လို့ထုတ်ဝေသူများကိုမှီခိုကာစာအုပ်ထုတ်နေရတဲ့ဘဝကိုနားလည်ထားပုံရတယ်လို့ယူဆမိပါတယ်။ဒါ့အပြင်ဘဘကြီးမေမေကြီးတို့ရဲ့စာပေအမွေကိုဆက်ခံသူတစ်ယောက်အဖြစ်အသိအမှတ်ပြုပေးတဲ့စာဖတ်သူတစ်ဦးမို့လေးစားနေမိပါတယ်။ စာရေးဆရာဖြစ်လာဖို့ဟာထင်သလောက်မလွယ်သလိုစာရေးဆရာတွေရဲ့ဘဝဟာစာဖတ်သူများရှိမှရှင်သန်နိုင်တယ်ဆိုတာကိုလက်ခံထားတဲ့ကျွန်မအတွက်တော့သည်လိုစာလေးဟာအားဆေးတစ်ခွက်ဖြစ်ခဲ့ရပါတယ်ရှင်။
Letter 3
ဆရာမဂျူနီယာဝင်းခင်ဗျား
ဆရာမထုတ်ဝေခဲ့သောစာအုပ်များဝယ်ယူဖတ်ရူပါသည်။ဖတ်ပြီးအများ(လူများများ)ဖတ်နိုင်ရန်စာကြည့်တိုက်သို့ပုံမှန်လှူပါသည်။
EforAllတွင်ဆရာမလစဉ်ရေးသောကဗျာကြိုက်ပါသည်။ကဗျာသီးသန့်စာအုပ်ထုတ်ဝေပေးပါကမဂ္ဂဇင်းတွင်ပြန့်ကျဲနေသည်ထက်လှပချစ်စဖွယ်ဖတ်သူအများအကျိူးရှိမည်ဟုထင်ပါသည်။
စာအုပ်ထုတ်ရန်မလွယ်မှန်းသိပေမယ့်ထုတ်ဝေသူများကိုအပူကပ်ပေးပါ။
ဥပမာ-မုံရွေး-ဒေါင်း-လောကသစ်
ဘဘဦးခင်မောင်လတ်ရဲ့EFAပါကဗျာများ၊ဘဘနှင့်ဖွားဖွားဟိုးအရင်ကဂါးဒီယန်းWPDတွင်ရေးခဲ့သောဆောင်းပါးများကိုပြန်ထုတ်ပေးပါ
လွယ်တော့မလွယ်ဘူးပေါ့ဗျာ
ဘဘဖွားဖွားရဲ့မိသားစုများဖြစ်လို့လေးစားချစ်ခင်ပါတယ်
အောင်မြင်ပျော်ရွှင်ပါစေ
သန်းဦး(တောင်တွင်းကြီး)
……………………………………………………………………………………
နောက်ပိုင်းမှာတော့တိုးတက်နေတဲ့အင်တာနက်ခေတ်ထဲမှာဘလော့တွေဖေ့ဘွတ်များကြောင့်စာဖတ်သူများနဲ့ရင်းနှိးခွင့်များပိုရလာတယ်။လူချင်းမမြင်ဘူးကြပေမယ့်လို့ကျွန်မကိုအဘိုးအဘွားများသံယောဇဉ်နဲ့ခင်မင်လာကြရတာတွေရှိလာပါတယ်။
ဒီတော့ရောက်လာတဲ့စာတွေထဲကအခုမကြာသေးခင်ကပဲကျွန်မရဲ့“စာဖတ်သောအကျင့်”ဆောင်းပါးဖတ်ပရိသတ်ညီမငယ်တစ်ဦးဆီကစာတစ်စောင်ကိုဖော်ပြပေးလိုက်ပါတယ်။သူကကျွန်မကိုစိ်တ်ဆိုးမှာစိုးရိမ်တဲ့ကြားကနေရေးလိုက်တာပါပဲ။
အေရာမေရေ……စိတ်မဆိုးရပါဘူး။စိတ်ဆိုးစရာလို့လည်းမမြင်မိပါဘူး။အခုလိုပရိသတ်ဆီကစာများဖတ်ရလို့ဝမ်းသာတန်ဖိုးထားမိပါတယ်။နောင်လည်းစိတ်ထဲရှိတာများရေးသာရေးပါ။ကျေးဇူးတင်ပါတယ်။
Letter 4
မမဝင်းရေ
စိတ်မဆိုးဖို့ကြိုတောင်းပန်ပြီး ဖတ်ရတာ တစ်မျိုးကြီးဖြစ်နေကြောင်းပြောလိုပါတယ်ရှင်။
ကိုယ်တိုင် စာဖတ်ဖို့ဝါသနာအပါကြီးမဟုတ်လှပဲ စာဖတ်တဲ့အကျိုးကိုလည်းတစ်စွန်းတစ်စ ရိပ်မိထားပြီး သိနားလည်သလိုလိုဖြစ်နေကာ မိမိအတွက် လေ့ကျင့်ကြိုးပမ်းထူထောင်ရင်း ကိုယ်လို ဘဝတူများကိုပါ လက်တွဲခေါ်လိုတာများလားဟုတွေးတောမိပါတယ်။
အလွတ်ကျက်ထားသည့်အလားဆိုတဲ့ နှိုင်းယှဉ်တင်ပြမှုအပေါ်လည်းအတွေးချဲ့မိပါတယ်။
"တစ်စုံတစ်ဦးက အကြောင်းအရာတစ်ခုခုကို ပြန်လည်ပြောဖို့ကြုံလာတိုင်း အချက်အလက်တွေ ပြည့်စုံမှန်ကန်တိကျစွာပြောနိုင်တဲ့အပြင် အစီအစဉ်လည်းကျန နေစေတယ်" ဆိုတာမျိုးက စိတ်ဝင်တစားသိရှိပိုင်နိုင်နေတဲ့သဘောပိုဆောင်မယ်လို့တွေးမိတာပါ။ အလွတ်ကျက်မှတ်ထားတဲ့စာတစ်ပိုဒ်/ စာတစ်အုပ် စသည်တို့ကို အထစ်အငေါ့အလွဲအမှားလုံးဝမရှိစေပဲ ရွတ်ဆိုပြနိုင်တာထက် သာလွန်ကွာခြားတယ်လို့လည်းတွေးမိပါတယ်။
မိမိစိတ်ပါဝင်စားအမြဲမှတ်မိနေတဲ့အကြောင်းအချက်တွေထဲက တစ်ပါးသူတို့ အကျိုးရှိမယ့်တစ်ခုခုကို ထုတ်နှုတ်ယူပြီး ပြန်လည်ဝေမျှပေးနိုင်တာမျိုးဆိုလျှင်တော့ ကျက်မှတ်နိုင်သူတစ်ဦး၏ရွတ်ဆိုနိုင်မှုထက် အတိုင်းထက်အလွန် ကွာခြားတန်ဖိုးထားဂုဏ်ယူသင့်တယ်လို့ မြင်မိပါတယ်ရှင်။
ဥပမာ မမရဲ့အဘိုးအဘွားတို့ဟာ သူတို့ပြောချင်တဲ့ သမိုင်းဆိုင်ရာ အကြောင်းအရာတစ်ခုကို သက်တောင့်သက်သာလက်တန်းပြောနိုင်အောင် သိရှိမှတ်မိနေတဲ့အပြင် လေ့လာ နားထောင်သူများစိတ်တွင် ပါဝင်ပတ်သက်နေသူများအပေါ် လေးစားမြတ်နိုးတန်ဖိုးထားတတ်လာအောင်/ဂုဏ်ယူတတ်အောင်ပြော/ဟော နိုင်သူများဖြစ်တယ်ဆိုလျှင် သူတို့ရဲ့စွမ်းရည်ထူးကို အလွတ်ကျက်နိုင်လို့အလွတ်ရွတ်ပြနိုင်တဲ့ ဖြောင့်ဖြူးညီညာ အထစ်အငေ့ါမရှိတာမျိုးလောက်နှင့် ထင်ဟပ်နှိုင်းယှဉ်မပြစေချင်မိတာပဲဖြစ်ပါတယ်။
လေးစားစွာဖြင့်
အေရာမေ
……………………………………………………………………….
နောက်ဆက်တွဲအနေနဲ့တင်ပြချင်တဲ့စာတွေကတော့ကျွန်မရဲ့ဖေ့ဘွတ်ဖန်ပိတ်ချ်ကနေဝင်လာတဲ့စာများဖြစ်ပါတယ်။ကျွန်မတင်လို်က်တဲ့စာများကိုချက်ချင်းဆိုသလိုတုန့်ပြန်ရေးသားသူများရှိလာတာကိုမြင်ရတွေ့ရတာရင်တုန်စရာကောင်းပါရဲ့။သို့သော်လည်းLikeတွေနဲ့Commentsများကတော့ကျွန်မစိတ်တိုင်းကျမရရှိသေးပါဘူး။ရလာသမျှများကိုလည်းကျေနပ်ပျော်ရွှင်စွာလက်ခံထားပါတယ်။ဒါတွေကိုတော့ကျွန်မရဲ့ဖန်ပိတ်ချ်ကနေသာရှာဖတ်လိုက်ပါတော့နော်။