အမှတ်၁၇၃။အောက်တိုဘာလ၂၀၀၅ခုနှစ်အတွေးအမြင်မဂ္ဂဇင်းတွင်ဖော်ပြခဲ့ဘူးသောဆောင်းပါး။
ဂျူနီယာဝင်း
စာဖတ်ခြင်းနှင့်ပတ်သက်၍ပြောဆိုရလျှင်အပြောလွယ်သလောက်လိုက်နာဖို့ခက်လေသည်။သို့သော်စာဖတ်တာကိုစွဲလျှင်လည်းတော်တော်အကျိူးပြုပါသည်။အဲဒီအတွက်စာဖတ်သောအကျင့်ကိုစလုပ်ပါမည်။စာဖတ်တာတွေနှင့်ပတ်သက်သမျှတွေကိုလိုက်ရှာကြည့်ပါမည်။
စာအုပ်ဆိုတာသစ္စာအရှိဆုံးမိတ်ဆွေကောင်းတွေဟုညွှန်းဆိုထားပါသည်။ကိုယ့်မိတ်ဆွေသူငယ်ချင်းတွေဆိုတာဟာပြောင်းလဲနို်င်သည်။ကိုယ့်ဘေးမှာအစဉ်ထားဝရမရှိနို်င်ပါ။သို့သော်စာအုပ်တွေကတော့သင့်နှင့်စကားပြောဖို့စိတ်ရှည်ရှည်နှင့်အမြဲစောင့်လျက်ရှိနေပါသည်။စာအုပ်တွေကသင့်ကိုမလှည့်စားပါ။မကာက်ကျစ်ပါ။သင့်နှင့်လည်းမဆန့်ကျင်ပါ။သို့သော်သင့်မိတ်ဆွေတွေကတော့သင့်အပေါ်အမြဲမကောင်းနိုင်။ဒီတော့စာအုပ်တွေကိုချစ်လာရတာမဆန်းပေ။
အသက်ငယ်ရွယ်စဉ်မှာစာဖတ်သောအကျင့်ကိုစလုပ်ဖို့ကောင်းလှသည်။ယင်းသည်ဘဝ၏အဓိပ္ပါယ်နှင့်ဘဝအတွက်နေထိုင်အသက်ရှင်ခြင်းအကြောင်းတွေကိုသင်ပေးပါလိ်မ့်မည်။ဘဝတစ်သက်တာလုံးပျော်ရွှင်စွာနေထိုင်အသက်ရှင်ဖို့စာအုပ်ဖတ်သောအကျင့်ကိုလုပ်ရပါမည်။စာအုပ်တွေကိုချစ်နေသ၍တစ်ကိုယ်တည်းအထီးကျန်သောအဖြစ်မျိူးမရှိနို်င်ပေ။လူတစ်ဦးတစ်ယောက်မှာအချိန်ပိုတွေရှိနေသောလည်းသူဘယ်တော့မှမပျင်းပါ။အကြောင်းမှာသူ့ကိုစာအုပ်တွေကအဖော်ပြုနေသောကြောင့်ဖြစ်သည်။ထိုစာအုပ်တွေကိုရွှေတွေငွေတွေနှင့်မလဲနိုင်ပါ။စာအုပ်ချမ်းသာခြင်းဖြင့်သူ့ဘဝကပြည့်စုံနေလေပြီ။
စာအုပ်တွေကို“ရတနာသိုက်”ဟုခေါ်ဝေါ်တင်စားပါသည်။ထိုရတနာသိုက်ကရွှေတွေ၊ငွေတွေ၊ကျောက်သံပတ္တမြားတွေမဟုတ်ပါ။ထို့ထက်မကတန်ဖိုးရှိသောအသိပညာ၊အတွေးအခေါ်မြင့်မားသောစိတ်ဓါတ်ကိုပေးသည့်စာအုပ်စာပေတွေဖြစ်ပါသည်။ထို့ကြောင့်စာဖတ်ဖို့တိုက်တွန်းချင်ပါသည်။ဘာစာတွေဖတ်ရမည်နည်းဟူသည်ကနောက်ဆက်တွဲမေးခွန်းဖြစ်ပါသည်။ဒီ့အတွက်စာတွေများများဖတ်ပြီးအဖြေကိုရှာကြည့်ရပါမည်။
လက်လှမ်းမီသမျှစာအုပ်တွေကိုဖတ်ပါ။ထိုမှတဆင့်စာဖတ်သောအကျင့်ကိုမွေးယူရပါမည်။ထိုအခါတစ်ချိူ့သောစာအုပ်တွေကအပျင်းပြေရုံ၊ပျော်ရွှင်ရုံသက်သက်ဖြစ်ပါသည်။ထိုစာအုပ်တွေသည်လူတိုင်းလူတိုင်းအားစာဖတ်ခြင်းနေရာကိုပေးလိုက်သောအရာတွေဖြစ်လာပါသည်။ပျင်းရိနေသောအချိန်တွေ၊စာတွေကျက်မှတ်ရ၍ခေါင်းမကြည်လင်သောအချိန်တွေမှာဦးနှောက်ကိုပြန်လည်ဖွ့ံဖြိုး၍ကြည်လင်လာစေဖို့ပညာရှင်ပုဂ္ဂိုလ်ကြီးတွေရေးထားသောစာအုပ်စာပေတွေကိုဖတ်ကိုဖတ်ကြရပါမည်။
စိတ်ကူးယဉ်ဝတ္ထုတွေကိုချည်းပဲဖတ်ခြင်းသည်မုန့်အချိူတွေ၊ကိတ်မုန့်တွေကိုချည်းပဲစားနေတာနှင့်တူပါသည်။ကိုယ်ခန္ထာကျမ်းမာသန်စွမ်းဖို့အစာစားရန်လိုအပ်သလိုဦးနှောက်အတွက်လေးနက်သောစာအုပ်စာပေတွေကိုဖတ်ရမည်။အဲဒီအတွက်ကိုယ့်အကြိုက်နှင့်ကိုက်ညီဖို့ရွေးချယ်နို်င်ရပါမည်။သမိုင်းဝင်စာအုပ်တွေ၊အတ္ထုပတ္တိစာပေတွေ၊အတွေးအခေါ်စာတမ်းတွေ၊ဘာသာရေး၊ခရီးသွားမှတ်တမ်းများနှင့်သိပ္ပံပညာရပ်စာအုပ်တွေသည်စိတ်ပျော်ရွင်ရုံသာမကပညာကိုပါပေးပါသည်။ဝတ္ထုတွေ၊စိတ်ကူးယဉ်စာပေတွေကပေးတာတွေထက်သာလွန်သောခိုင်မာသည့်စိတ်ပျော်ရွှင်မူကိုရရှိစေပါသည်။စာဖတ်မည့်အတူတူတော့ကိုယ့်စိတ်ကိုခွန်အားပေးမည့်စာပေမျိူးကိုရွေးချယ်ဖတ်ရူသင့်လှပါသည်။
ကဗျာတွေကတော့လှပသောအတွေးစိတ်ကူး၊မြင့်မြတ်သောအတွေးအခေါ်နှင့်အကောင်းဆုံးသောစိတ်ကူးဝတ်စုံကိုဆင်မြန်းထားသည့်ချစ်စရာကောင်းသောတေးဂီတဘာသာစကားတစ်ခုဖြစ်သည့်ဟုတင်စားထားပါသည်။ကဗျာတွေကိုချွင်းချက်မရှိဖတ်ပြီးခံစားကြည့်ဖို့အားပေးသည့်သဘောဖြစ်ပါသည်။
ကျွန်မ၏ကိုယ်တွေ့အမြင်ဖြင့်ဆိုရလျှင်တွေ့သမျှစာတွေဖတ်လာရင်းကဘယ်စာကဖြင့်အချိန်ကုန်ပြီးကိုယ့်အတွက်ဘာမှမကျန်ဆိုတာကိုသိလာရခြင်း၊ဘယ်လိုစာပေမျိူးကဖြင့်စိတ်အသိညဏ်ဖွ့ံဖြိုးတိုးတက်စေခြင်းဆိုတာကိုသိလာနို်င်ပါသည်။အဲဒီလိုအသိအမြင်မျိူးရလာဖို့လနှင့်ချီပြီးကြာနိုင်ပါသည်။နှစ်နှင့်လည်းချီနို်င်ပါသည်။ကျွန်မအဖို့တော့အဲဒီအတွက်နှစ်နှစ်လောက်ကြာခဲ့ရပါသည်။ကျွန်မထက်ညဏ်ပိုကောင်းသူကတော့တစ်လလောက်နှင့်လည်းဘယ်စာမျိူးကိုဖတ်သင့်သလဲအကျိူးရှိသလဲဆိုတဲ့အမြင်ရလာနို်င်ပါသည်။
အဲဒီအတွက်စာဖတ်သောအကျင့်ကိုစလုပ်ဖို့တွေ့သမျှစာကိုဖတ်ကြည့်ဖို့တိုက်တွန်းချင်ပါသည်။ထိုကမှတစ်ဆင့်စိတ်အသိညဏ်တိုးတက်မြင့်မားလာစေဖို့ဘယ်လိုစာမျိူးတွေဖတ်သင့်သလဲဆိုတာကိုယ့်ဘာသာကိုယ်ရွေးချယ်တတ်သွားနိုင်ပါသည်။တစ်ပါးသူပြောတာကိုနားဝင်ဖို့ခက်ပါသည်။ထို့ကြောင့်ကိုယ့်ဘာသာကြိုးစားပြီးစာဖတ်သောအကျင့်ကိုမွေးယူစေချင်ပါသည်။
ထိုမှတစ်ဖန်စာဖတ်သောအကျင့်ကိုမပျောက်ပျက်သွားအောင်ထိန်းသိ်မ်းဖို့အရေးကြီးပြန်ပါသည်။ကျွန်မအတွက်တော့ကြိုးစားနေဆဲသာဖြစ်ပါသည်။ကျွန်မအဘိုးအဘွားတွေလိုရှိတ်စပီးယားကဗျာတွေနှူတ်တိုက်ရွတ်ဆိုနို်င်လောက်အောင်၊ရှေးရိုးရာပုံပြင်သမိုင်းတွေကိုအလွတ်ကျက်ထားသည့်အလားအချိန်မရွေးဂုဏ်ယူစဖွယ်ပြောပြနိုင်လောက်အောင်မစွမ်းဆောင်နိုင်သေးပါ။အဲဒီအတွက်ကိုယ့်ကိုယ်ကိုယ်ကြိုးစားဖို့လိုသေးကြောင်းအမြဲတစေအမှတ်ရနေရပါတော့သည်။
1 comment:
မမ၀င်းရေ
စိတ်မဆိုးဖို့ကြိုတောင်းပန်ပြီး ဖတ်ရတာ တစ်မျိုးကြီးဖြစ်နေကြောင်းပြောလိုပါတယ်ရှင်။
ကိုယ်တိုင် စာဖတ်ဖို့ဝါသနာအပါကြီးမဟုတ်လှပဲ စာဖတ်တဲ့အကျိုးကိုလည်းတစ်စွန်းတစ်စ ရိပ်မိထားပြီး သိနားလည်သလိုလိုဖြစ်နေကာ မိမိအတွက် လေ့ကျင့်ကြိုးပမ်းထူထောင်ရင်း ကိုယ်လို ဘ၀တူများကိုပါ လက်တွဲခေါ်လိုတာများလားဟုတွေးတောမိပါတယ်။
အလွတ်ကျက်ထားသည့်အလားဆိုတဲ့ နှိုင်းယှဉ်တင်ပြမှုအပေါ်လည်းအတွေးချဲ့မိပါတယ်။
"တစ်စုံတစ်ဦးက အကြောင်းအရာတစ်ခုခုကို ပြန်လည်ပြောဖို့ကြုံလာတိုင်း အချက်အလက်တွေ ပြည့်စုံမှန်ကန်တိကျစွာပြောနိုင်တဲ့အပြင် အစီအစဉ်လည်းကျန နေစေတယ်" ဆိုတာမျိုးက စိတ်ဝင်တစားသိရှိပိုင်နိုင်နေတဲ့သဘောပိုဆောင်မယ်လို့တွေးမိတာပါ။ အလွတ်ကျက်မှတ်ထားတဲ့စာတစ်ပိုဒ်/ စာတစ်အုပ် စသည်တို့ကို အထစ်အငေါ့အလွဲအမှားလုံးဝမရှိစေပဲ ရွတ်ဆိုပြနိုင်တာထက် သာလွန်ကွာခြားတယ်လို့လည်းတွေးမိပါတယ်။
မိမိစိတ်ပါဝင်စားအမြဲမှတ်မိနေတဲ့အကြောင်းအချက်တွေထဲက တစ်ပါးသူတို့ အကျိုးရှိမယ့်တစ်ခုခုကို ထုတ်နှုတ်ယူပြီး ပြန်လည်ဝေမျှပေးနိုင်တာမျိုးဆိုလျှင်တော့ ကျက်မှတ်နိုင်သူတစ်ဦး၏ရွတ်ဆိုနိုင်မှုထက် အတိုင်းထက်အလွန် ကွာခြားတန်ဖိုးထားဂုဏ်ယူသင့်တယ်လို့ မြင်မိပါတယ်ရှင်။
ဥပမာ မမရဲ့အဘိုးအဘွားတို့ဟာ သူတို့ပြောချင်တဲ့ သမိုင်းဆိုင်ရာ အကြောင်းအရာတစ်ခုကို သက်တောင့်သက်သာလက်တန်းပြောနိုင်အောင် သိရှိမှတ်မိနေတဲ့အပြင် လေ့လာ နားထောင်သူများစိတ်တွင် ပါဝင်ပတ်သက်နေသူများအပေါ် လေးစားမြတ်နိုးတန်ဖိုးထားတတ်လာအောင်/ဂုဏ်ယူတတ်အောင်ပြော/ဟော နိုင်သူများဖြစ်တယ်ဆိုလျှင် သူတို့ရဲ့စွမ်းရည်ထူးကို အလွတ်ကျက်နိုင်လို့အလွတ်ရွတ်ပြနိုင်တဲ့ ဖြောင့်ဖြူးညီညာ အထစ်အငေါ့မရှိတာမျိုးလောက်နှင့် ထင်ဟပ်နှိုင်းယှဉ်မပြစေချင်မိတာပဲဖြစ်ပါတယ်။
လေးစားစွာဖြင့်
အေ၇ာမေ
Post a Comment