Friday, February 1, 2008

Invitation Letter from U Phay Thein(Cartoonist)


ကာတွန်းဆရာကြီး ဦးဖေသိန်း

(၈၄)နှစ်ပြည့်မွေးနေ့မင်္ဂလာ ဖိတ်ကြားလွှာ

တို့များမွေးနေ့“လာကြဟေ့” လို့

အူလှိုက်သည်းလှိုက်ခေါ်လိုက်သည်နှင့်

ကျွန်တော့်ကိုချစ်သော

ကျွန်တော့်ကာတွန်းပညာကိုလေးစားသော

မိတ်ဆွေသူငယ်ချင်းရောင်းရင်းများနှင့်ကာတွန်းဆရာကြီးငယ်ကာတွန်းဆရာလူမမယ်

ကာတွန်းဖူးပွင့်စအရွယ်တို့ ကျွန်တော့်အိမ်ကိုရောက်လာကြတယ်။

စကားကြွယ်ကြွယ်အသွယ်သွယ်ပြောကြ၊ကာတွန်းလက်ဆောင်လေးတွေရေးကြနဲ့

မနက်စာစားသူစား၊ခြံထဲမှာလမ်းသလားသူကသလား

ကျွန်တော်လဲပျော်၊အားလုံးလဲပျော်ကြ၊ဒါမှအသက်ရာကျော်ရှည်မယ်နော်

မွေးနေ့တိုင်းလာစေချင်တယ်

လက်ဆောင်ပေးခြင်းလည်းသည်းခံကွယ်

ဒီလိုပဲမွေးနေ့တိုင်းမှာထားတယ်

အားလုံးအားလုံးလွတ်လွတစွာလာစေချင် ပျော်စေချင်လို့ မွေးနေ့ရှင်ကျွန်တော်လုပ်တဲ့ပွဲကလေးပါနော်

၂၀၀၈ ခုနှစ် ဖေဖော်ဝါရီ ၃ရက် မှာ

အချိန်ကတော့ နံနက် ၉ နာရီ မှစ၍ ၁၂ နာရီအထိပါ

နေအိမ်ကတော့ ၅၆၈ ဓမ္မာရုံလမ်း ၆မိုင် ပါကွယ် ၁၀ ရက်ကွက်မှာရှိပါတယ်

လှိုင်မြို့နယ် ရန်ကုန်မြို့ကို ကြွခဲ့ကြပါ

No comments: