Thursday, February 28, 2008

Burma Poet - Min Thu Wun

တပို့တွဲလဖွား ဆရာကြီး မင်းသုဝဏ်

၁၉၀၉ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ဗုဒ္ဓဟူးနေ့ဖွား ကဗျာဆရာကြီး မင်းသုဝဏ်

ကိုအမှတ်တရအဖြစ် ကဗျာတစ်ပုဒ်ကိုတင်ဆက်လိုပါ၏။မတင်ဆက်မီမှာ...

ဆရာကြီး၏အကြောင်းအနည်းငယ်

ရန်ကုန်တိုင်းကွမ်းခြံကုန်းမြို့တွင်အဖကုန်သည်ဦးလွမ်းပင် အမိ ဒေါ်မိ

တို့မှမွေးဖွားခဲ့ရာမွေးချင်း ၇ ယောက်တွင်ဒုတိယဖြစ်သည်။မွန်မြန်မာမျိုးရိုးဖြစ်ကာ

အမည်ရင်း ဦးဝန်ဖြစ်သည်။

ဆရာကြီးသည် ၁၉၃၃ တွင်ဝဇ္ဖာဂုဏ်ထူးတန်းကိုမြန်မာစာပထမအဆင့်ဖြင့်အောင်၊

၁၉၅၃ တွင်မဟာဝိဇ္ဖာမြန် မာစာဂဲုဏ်ထူးတန်းကိုဒုတိယအဆင့်ဖြင့်အောင်၊

၁၉၃၆ တွင်အင်္ဂလန်အောက်စဖို့တက္ကသိုလ်တွင်ပညာတော်သင်၊

၁၉၃၈ တွင်လန်ဒန်တက္ကသိုလ်အရှေ့တိုင်းနှင့် အာဖရိကဘာသာရပ်များလေ့လာရေး ကျောင်းတွင်ပညာသင်၊၁၉၃၉ တွင်အောက်စဖို့တက္ကသိုလ်မှစာပေ၀ိဇ္ဇာဘွဲ့ရခဲ့ပါသည်။

၁၉၂၆ တွင်ဒဂုန်မ၈္ဂဇင်းတွင်ပထမဆုံးကဗျာဖော်ပြခြင်းခံခဲ့ရပါသည်။

ကဗျာ၏အမည်က မိုးရာသီဘွဲ့ လေးဆစ်သဖြန် တဲ့။

ထင်ရှားသောစာအုပ်များမှာ ၁၉၄၀ မောင်ခွေးဖို့ကဗျာ၊၁၉၄၁ သပြေညိုနှင့်အခြားကဗျာ၊

၁၉၄၈ စာပေလောက(ဇော်ဂျီနှင့်တွဲ)၊၁၉၅၂-၆၄ မြန်မာအဘိဓာန်(၅ ပိုင်း)၊

၁၉၅၅ သုံးပွင့်ဆိုင်ခေတ်စမ်းစာပေ(သိပ္ပံမောင်ဝ ဇော်ဂျီ တို့နှင့်တွဲ)၊၁၉၆၃ ကဗျာပရိ ယာယ်(မင်းယုဝေ နှင့်တွဲ)၊ ၁၉၇၀ ရေချမ်းစင်၊၁၉၇၄ အင်းယားကန်သို့ အို ကူးတို့၊

၁၉၈၄ လီယာမင်းကြီး စသည်မျှမကရှိပါသည်။(၂၀ရာစုမြန်မာစာရေးဆရာ၁၀၀၊

နှင့်မင်းသုဝဏ် ကဗျာပေါင်းချူပ်စာအုပ်များမှ အချက်အလက်များကိုရယူပါသည်)

ဆရာကြီးသည် ၁၉၈၄တွင် လီယာမင်းကြီး စာအုပ်ဖြင့်အမျိုးသားစာပေဆုကို၎င်း၊ ၁၉၅၀တွင် ၀ဏ္ဏကျော်ထင် ၊၁၉၆၂တွင် သီရိပျံချီ ဘွဲ့များရရှိခဲ့သည်။

၂၀၀၄ ခုနှစ် သြဂုတ်လ ၁၅ ရက် တနင်္ဂနွေနေ့တွင်ရန်ကုန်မြို့ကမာရွတ်နေအိမ်၌ ကွယ်လွန်ခဲ့သည်။

၁၉၃၅ ခုနှစ်က ဆရာကြီး ၏ကဗျာကိုအလွမ်းပြေတင်ဆက်လိုက်ရပါသည်။

ငွေစင်ရော်သို့

မြစ်ယံမှာ ချစ်သံတေးတွေနဲ့

ဌက်ကလေး ငွေစင်ရော်တဲ့

ရွှေဖော်ဖော် မခေါ်ရသော်လဲ

စာဆိုကို နှူတ်ချို “သ“ လေပေါ့

ချမ်းမြမြ ကြည်စရာ။

အစာတောင်းရော့သလား

ကောင်းပါပြီ စင်ရော်ပျိုရဲ့

စာဆိုမှာ လိုမပြည့်သော်လဲ

ဖြည့်ဖို့ရန် အဆင်သင့်ပါကွဲ့

စေတနာ သဒ္ဒါပွင့်တွေက

လန်းတင့်ကြူစွာ။

ရော့ပါမောင် စိတ်ရှိစားပေရော့

မုန့်သား ချိုလို့သင်းပါရဲ့

ကြည့်ရင်းပင် သဒ္ဒါပိုပေါ့

စာဆိုမှာ အဖော်နဲ့သာဖြင့်

တစ်ဖဲ့စီ ဝေလို့ကျွေးချင်ရဲ့

အေးမြတဲ့ စေတနာငယ်

ဧရာမြစ် နဒီလမ်း။

သို့ကတဲ

လက်ဝဲစာဆိုပေါ့

လင်္ကျာကို ဆွေးအမှတ်ကယ်နဲ့

ဖြူဆွတ်သည် စေတနာပ

ကြည်နူးစွာ စာဆိုကျွေးပြီကွဲ့

ကိုယ်စားတော် သူနှင့်အေးပေဦး

ဝေတဲ့စခန်း။

No comments: