Sunday, February 10, 2008

Selection 16

ဂျူနီယာဝင်း ရေးသားသော ”အရင်ဦးဆုံးအဖြစ်များ” အတွေးအမြင်ဆောင်းပါး ထဲမှ

စာစဉ် ၁၆၉ တွင် ပါရှိသော ဗယ်လန်တိုင်း Valentine နေ့အကြောင်းကို

ကောက်နှူတ်တင်ပြလိုက်ရပါသည်။

vanentine လက်ဆောင်ပစ္စည်းများပေးပို့ခြင်းအလေ့အထသည်၃ရာစုလောက်က

သူတော်စင် Valentine သည်ခရစ်ယာန်ဘာသာရေးကြောင့်အင်ပါယာအရှင်

Claudres 2 လက်ထက်တွင်အသက်ပေးခဲ့ရသည်ကိုအကြောင်းပြု၍ထိုနွေဦးရာသီ ရောက်တိုင်းရောမရိုးရာစားသောက်ပွဲများကျင်းပခဲ့သည်မှစသည်ဟုဆိုပါသည်။

ထဖန် AD 270 ကာလတုန်းကအမည်တူသူတော်စင်နှစ်ဦး၏အမည်ကိုကိုယ်စား

ပြုခဲ့ကြသည်ဟုလည်းဆိုကြပါသည်။

ဒဏာရီအဆိုအရတစ်ဦးမှာရောမခရစ်ယာန် ဖြစ်ပြီးင်္

Flaminaway တွင်အရှင်သခင်Claudius လက်ထက်

ခရစ်ယာန်များကို

အစွမ်းကုန်နှိမ်နင်းနေသောကာလအတွင်းမီးရှူံ့အသက်ခံခဲ့ရသူဖြစ်သည်။

နောက်တစ်

ဦးမှ interamma (termi)ခရစ်ယာန်ဂုဏ်းအုပ်ဆရာဖြစ်ပြီးရောမမြို့တွင်ခရစ်ယာန် ဘာသာယုံကြည်မူကြောင့်အသက်ခံခဲ့ရသူဖြစ်၏။၎င်းတို့နှစ်ဦးသေဆုံးခဲ့သောနေ့က

ဖေဖော်ဝါရီလ ၁၄ ရက်နေ့ဖြစ်ပါသည်။သူတော်စင် valentine နှစ်ဦးအမှတ်တရ အဖြစ်ထိုမှစတင်ခဲ့သည်ဟုဆိုပါသည်။

ရောမရိုးရာစားသောက်ပွဲကိုနှစ်စဉ်နှစ်တိုင်းကျင်းပရာမှသူတော်စင်valentine ဟု လူသိလာကြပါသည်။

မူလပထမvalentineလက်ဆောင်များမှာလက်ကိုင်ပုဝါများ၊ လည်စီးပုဝါများ၊လက်အိတ်များကိုစာမျက်နှာများအဖြစ

်အထူးချူပ်ထားသောစာအုပ် များဖြစ်သည်။

နောက်ဒီဲဇိုင်းတစ်မျိုးမှာလက်ပတ်နာရီများ၊စီးကရက်မီးခြစ်များ၊

ဆွဲကြိုး များပါရှိသောပို့စကပ်များဖြစ်သည်။

valentineပစ္စည်းများပေးပို့ခြင်းအလေ့အထ သည်ရာစုလိုက်လက်ဆင့်ကမ်းလာခဲ့ရာယနေ့တိုင်ဖြစ်သည်။


ဗြိတိသျှပြတိုက်တစ်ခုတွင်duke of orlean က၁၄၁၅-ခုနှစ်လန်ဒန်မျှော်စင်တွင် အကျဉ်းချခံရစဉ်ကပေးပို့ခဲ့သောvalintineပို့စကပ်များရှိသည်။

၇-ရာစုလောက်က

mr Samuel Prpys၏မှတ်တမ်းစာအုပ်ထဲတွင်yorkမြို့စားကlady arabelle

atuart ကိုvalentine လက်ဆောင်အဖြစ်လက်စွပ်တစ်ကွင်းပေးခဲ့သည်ဟုရေး

မှတ်ထားသည်။mr pepys သည် sir williwm pattern ထံမှ valentine လက်ဆောင်အဖြစ်လက်အိတ်များ၊ခြေအိတ်များ၊ခြေစွပ်များရရှိခဲ့သည်ဟုဆိုပါသည်။

၁၉-ရာစုတွင်ချစ်ခြင်းမေတ္တာကိုဖော်ညွှန်းသောထိုအလေ့အထသည်ဟာသလူပြောင် များကြောင့်ပျက်ဆီးတော့မည့်အန္တရယ်ကြုံခဲ့ရသည်။၁၉-ရာစုအလယ်လောက်က

rowland hillကစာပို့ခကြိုတင်ပေးရသောစနစ်ကိုစတင်မိတ်ဆက်လိုက်သည်။ ပစ္စည်းရရှိသူကစာအတွက်ပေးပို့ခကိုပေးရမည် သို့မဟုတ် စာကိုလက်ခံဖို့ငြင်းရ မည်ဟူ၍ဖြစ်သည်။

(မိန်းခလေးတစ်ယောက်သည် သိချင်စိတ် စိတ်ဝင်စားမည့်valentine အမှတ်တရဖြစ်ချင်မှဖြစ်လိမ့်မည်)

မိန်းခလေးတစ်ယောက်သည်ဤစာသည်သူမ သိချင်စိတ် စိတ်ဝင်စားမည့်

valentine အမှတ်တရဖြစ်ချင်မှဖြစ်လိမ့်မည်။သူမကို လိမ်လည် နောက်ပြောင်ကြံစည်ပေးပို့သောစာများလည်းဤနည်းဖြင့်ရောက်လာနိုင်လေသည်။

ထို့ကြောင့် ၁၉-ရာစုအကုန်ပိုင်းလောက်တွင်ထိုပျော်ရွှင်ဖွယ်အမှတ်တရသည်မေ့

လျော့လုနီးပါးဖြစ်ခဲ့ရပါသည်။

အခုတော့ထိုvalentineကပြန်လည်အသက်ဝင်လာရပြန်လေပြီ။valentine ကဒ်ကိုခင်မင်သူ၊ကတ်ပေးပို့ခြင်း၊ချစ်သူအမှတ်တရပွဲတို့သည်သူတော်စင် valentine နှင့်ပတ်သက်ခြင်းလုံးဝမရှိဟုလည်းကောင်း၊သူတို့ဖြစ်ပျက်ခဲ့သည် တို့နှင့်ဘယ်လိုမှမသက်ဆိုင်ဟုလည်းကောင်းဆိုကြပါသည်။သို့ရာတွင်အမည်တူ၊

ရည်ရွယ်ချက်တူ၊ သူတော်စင်နှစ်ဦကောင်းကင်ရံမှာတွေ့ဆုံခဲ့ကြသည့်အမှတ်တရ အဖြစ်ဟုလက်ခံလိုက်လျှင်တော့အဓိပ္ပါယ်တွေရှိနေပါသည်။

No comments: