Sunday, August 24, 2008

Biography of U Khin Maung latt

ဆရာကြီးဦးခင်မောင်လတ် မွေးနေ့အမှတ်တရ

(၁၉၁၅ - ၁၉၉၆)

အင်္ဂလိပ်စာဆရာကြီးဦးခင်မောင်လတ်ကို ၁၉၁၅ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့တွင်

ဖခင် ဦးညွှန့် မိခင် ဒေါ်ခင်သွဲ့တို့ကမုံရွှာမြို့၌မွေးဖွားပါသည်။ ၁၉၂၀ ပြည့်နှစ်

ယူနီဗာစတီအက်ဥပဒေကိုကန့်ကွက်သောကျောင်းသားများ သပိတ်ကြီးမှပေါက်ဖွား

သည့် "နေရှင်နယ်ကျောင်း"ခေါ် အမျိုးသားကျောင်းများပေါ်ပေါက်လာသောအခါတွင်

မုံရွာမြို့ဆရာကြီးဦးဖေကြီးမှူးသောနေရှင်နယ်ကျောင်းတွင် ၉ တန်းအထိပညာသင်

ကြားခဲ့သည်။၁၀ တန်းရောက်သောအခါဆရာကြီးဦးခ ကြီးမှူးသောမုံရွာမြို့ဗုဒ္ဓဘာ

သာအထက်တန်းကျောင်းသို့ပြောင်းရွှေ့၍ပညာသင်သည်။ထိုကျောင်းမှ ၁၀ တန်း

အောင်မြင်ခဲ့သည်။

၁၉၃၆ ခုနှစ်တွင် ဘုံဘေဘားမားသစ်ကုမ္ပဏီတွင်အလုပ်စတင်လုပ်ခဲ့သည်။ထို့နောက်

စီအိုင်ဒီ စုံထောက်ရုံးတွင်မြန်မာ-အင်္ဂလိပ်ဘာသာပြန်အလုပ်ကိုလုပ်ခဲ့သည်။ဒုတိယကမ္ဘာ

စစ်ကြီးအတွင်း ဂျပန်ကပေးသောမြန်မာ့လွတ်လပ်ရေးခေတ်တွင်နိုင်ငံခြားရုံး၌နိုင်ငံခြား

ရေးလက်ထောက်အတွင်းဝန်အဖြစ်ဆောင်ရွက်ခဲ့သည်။စစ်ကြီးအပြီးတွင်အင်္ဂလိပ်

လူမျိုးများအုပ်ချူပ်သော(Civil Supplies Board)(ပြည်သူ့ရိက္ခာ ထောက်ပံ့ရေး အဖွဲ့)

တွင်သတင်းဆက်သွယ်ရေးအရာရှိအဖြစ်တာဝန်ထမ်းသည်။၁၉၄၈ ခုနှစ်တွင်သက်ကြီး

တက္ကသိုလ်တက်၍ဘီအေ(B.A)စာမေးပွဲကိုဖြေဆိုအောင်မြင်ခဲ့သည်။

ရန်ကုန်တက္ကသိုလ်တွင်အင်္ဂလိပ်စာနည်းပြဆရာလုပ်ရင်း အမ်အေ(M.A)ဘွဲ့ရရှိခဲ့သည်။

လက်ထောက်ကထိကအဖြစ်မှအလုပ်ထွက်၍ပြင်ပအဂ်လိပ်စာသင်တန်းများကိုဖွင့်လှစ်

ပို့ချခဲ့သည်။

၁၉၆၄ မှ ၁၉၆၈ ခုနှစ်အထိ "လုပ်သားပြည်သူ့နေ့စဉ်"အင်္ဂလိပ်သတင်းစာ

"The Working People's Daily" တွင်အယ်ဒီတာချူပ်အဖြစ်အမူထမ်းခဲ့သည်။

ရေးသားခဲ့သောစာအုပ်များမှာ

၁။၁၉၅၀တွင် တို့တိုင်းပြည်(စာပေဗိမာန်)

၂။Everyday Expression in English

၃။အင်္ဂလိပ်စာတတ်လိုသောနှင့်စာအုပ်စင်ကျေးဇူး(ဒေါ်ခင်မျိုးချစ်နှင့်တွဲလျက်)

၎။Exercises on Everyday Expression in English

၅။Current Essays(1987)

တို့ဖြစ်ကြကာဆရာကြီး၏စာအုပ်များမှာအကြိမ်ကြိမ်ရိုက်နှိတ်ထုတ်စေနေရဆဲဖြစ်ပါသည်။

ဆရာကြီးသည် ၁၉၉၆ ခုနှစ်သြဂုတ်လ ၁ ရက်နေ့တွင်ရန်ကုန်မြို့၌ကွယ်လွန်ခဲ့ပါသည်။

No comments: