Tuesday, August 19, 2008

Book Advertisement

တက္ကသိုလ်ရွှေရီဝင်း ရေးသားသော

ထူးဆန်းသောကမ္ဘာလိပ် နှင့် နိုင်ငံတကာပုံပြင်များ

စာအုပ် စိတ်ကူးချိုချို စာအုပ်တိုက်မှ ဖြန့်ချီလိုက်ပါပြီ။

 

ပုံပြင်ပေါင်း ၂၇ ပုဒ်ပါဝင်သည်။

 

ဖီဂျီ ဟန်ဂေရီ အာလစကာ နယ်သာလန် မလေးရှား

မြန်မာ ပြင်သစ် အင်္ဂလန် ထရီပူရ နော်ဝေး အိန္ဒိယ မီဇူး မဏိပူရ

အာရပ် ဖင်လန် မက္ကစီကို ဂရိ….

အစရှိသောနိုင်ငံတကာကပုံပြင်တွေစုစည်းထားတာတွေ့ရသည်။

 

"ဟိုး ရှေးရှေးတုန်းက…………ဟုအစချီသောပုံပြင်များကိုစာရေးသူငယ်စဉ်

ဘ၀ကပင်မိဘဘိုးဘွားတို့ထံမှကြားနာပျော်ပိုက်ခဲ့ရပါသည်။

ကျောင်းနေချိန်ရောက်၍စာဖတ်သည့်အခါတွင်လည်းမိမိကိုယ်တိုင်ပုံပြင်

စာအုပ်များနှင့်ဖတ်ရူမွေ့လျော်ခဲ့ရပါသည်။

ထို့အပြင်သူငယ်ချင်းများနှင့်ကြားဖူးမှတ်ဖူးရာပုံတိုပတ်စများအပြန်အလှန်

ပြောကြရင်းနှင့်ပုံပြင်ကိုမေ့မရခဲ့ပါ။

အိမ်ထောင်ရက်သားကျသောအခါတွင်လည်းမိမိ၏ရင်သွေးများကို

ဟိုး ရှေးရှေးတုန်းက…ဟုအစချီကာပုံပြင်များကို မှတ်မိ စွဲလန်းစွာ

ပြန်လည်ပြောပြနေရပါပြီ။

ထိုကဲ့သို့ပင် ပုံပြင်များသည် အစဉ်နုပျိုလန်းဆန်းစွာခေတ်အဆက်ဆက်

လူကြီး၊လူငယ်၊ကလေးများ၏ရင်ထဲတွင်အဆင့်ဆင့်ကူးပြောင်းရှင်သန်

မြဲရှင်သန်လျက်ရှိပါသည်။

သို့ရာတွင်တဆင့်စကား တဆင့်နားနှင့် ခရီးဆက်လာခဲ့သောပုံပြင်များ

စွာတို့သည်အချိန်ကြာညောင်းလာသည်နှင့်အမျှပျောက်ကွယ်မှိန်ဖျော့သွား

မည်ဆိုလျှင်အလွန်နှမျောဖွယ်ရာဖြစ်ပါသည်။နိုင်ငံတကာတွင်ကလေး၊လူကြီး

ဖတ်ချင်စဖွယ်ပုံပြင်စာအုပ်များစွာကိုထုတ်ဝေဖြန့်ချီလျက်ရှိသောလည်းစာရေးသူ

တို့နိုင်ငံမှာမူပုံပြင်စာအုပ်မျာအခန်းဂဏကိုကျယ်ပြန့်စွာမတွေ့ရနိုင်သေးပါ။

ယခုစုစည်းထားသောပုံပြင်များမှာစာရေးသူကြားဖူးဖတ်ဖူး၍မှတ်သားထား

သမျှကိုစုဆောင်းထားသောပုံပြင်များဖြစ်ပါသည်။…………………"

 

အစရှိသဖြင့် တက္ကသိုလ်ရွှေရီဝင်းက သူ၏ပုံပြင်စာအုပ်

အမှာစာတွင်ရေးသားထားသည်ကိုတွေ့ရပါသည်။

 

ပုံပြင်လေးတွေဖတ်ရင်းစိတ်ကူးဖြင့်ပျော်ရွှင်စွာမွေ့လျော်ကြည့်ရအောင်။

ဆန္ဒသုံးခု တဲ့။နှူတ်မလုံတာဘယ်သူလဲ တဲ့။ သဲကျူံးရွှေဖြစ်သူ တဲ့။

စိတ်ဝင်စားစရာခေါင်းစဉ်များဖြင့်ကလေးတွေကိုဖတ်ခိုင်းကြည့်ကြပါစို့။

 


No comments: